Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday, 4 November 2010

Press Release: ‘Binning the Election’

Press Release: ‘Binning the Election’

05 Nov 2010

Date: Friday 5 November 2010, 1:30 PM to 2:30 PM

Venue: Richmond Terrace, White Hall, LONDON SW1

The Democratic Party for a New Society (DPNS – UK) in cooperation with the Burma Democratic Concern (BDC) holds a boycott 2010 Elections in Burma campaign under the banner ‘Binning the 2010 Elections’.

The campaign travels today outside the Prime Minister’s Office at Downing Street London, welcoming the UK government’s decision not to recognise the upcoming fake election and highlighting the Burmese people's aspiration for a real parliamentary democracy like the Westminster democracy. It also demonstrates a real consensus against the continuing "bonfire of oppression" in the country. It urges the UK government to continue to pressure the regime. It requests the UK government to take a lead in EU and UN in sending a stern message to the regime in Burma. It requests the Prime Minister David Cameron to discuss about Burma's situation with the China's President Hu Jintao during his meeting with him next week.

The launch of a series of weekly ‘Binning the 2010 Elections’ campaign began in a form of protest outside the Burmese Embassy in London on 8 October with each participant binning the voting paper titled ‘2010 Elections’ in the litter bin in silence or with a short speech - to symbolise their disapproval of the elections on 7 November. It will represent the opinion of thousands of Burmese people inside the country who will boycott the election. The ‘Binning 2010 Election’ travelled outside the Department for International Development (DFID) and European Union (EU) and European Commission (EC) office to highlight concerns of the Myanmar Egress, an entity which promotes the unfair election and the rubber stamp 2008 constitution.

Background: 7 November will see Burma having its first 'general elections' in 20 years. Unfortunately, this will be a sham election designed to legitimise the current military rulers. The consequence of this election for Burma will be the entrenchment of the ruling military elite that has presided over widespread human rights abuses, including arbitrary detentions, enforced disappearances, rape and torture.

For more info:

Ko Myo Thein: 07877882386

Ko Aung: 07762094562

Zin Khine: 07904393457

Binnign 2010 Election in Burma - Boycott Election

Date: Friday 5 November 2010, 1:30 PM to 2:30 PM

Venue: Richmond Terrace, White Hall, LONDON SW1

The Democratic Party for a New Society (DPNS – UK) in cooperation with the Burma Democratic Concern (BDC) holds a boycott 2010 Elections in Burma campaign under the banner ‘Binning the 2010 Elections’.

The campaign travels today outside the Prime Minister’s Office at Downing Street London, welcoming the UK government’s decision not to recognise the upcoming fake election and highlighting the Burmese people's aspiration for a real parliamentary democracy like the Westminster democracy. It also demonstrates a real consensus against the continuing "bonfire of oppression" in the country. It urges the UK government to continue to pressure the regime. It requests the UK government to take a lead in EU and UN in sending a stern message to the regime in Burma. It requests the Prime Minister David Cameron to discuss about Burma's situation with the China's President Hu Jintao during his meeting with him next week.

The launch of a series of weekly ‘Binning the 2010 Elections’ campaign began in a form of protest outside the Burmese Embassy in London on 8 October with each participant binning the voting paper titled ‘2010 Elections’ in the litter bin in silence or with a short speech - to symbolise their disapproval of the elections on 7 November. It will represent the opinion of thousands of Burmese people inside the country who will boycott the election. The ‘Binning 2010 Election’ travelled outside the Department for International Development (DFID) and European Union (EU) and European Commission (EC) office to highlight concerns of the Myanmar Egress, an entity which promotes the unfair election and the rubber stamp 2008 constitution.

Background: 7 November will see Burma having its first 'general elections' in 20 years. Unfortunately, this will be a sham election designed to legitimise the current military rulers. The consequence of this election for Burma will be the entrenchment of the ruling military elite that has presided over widespread human rights abuses, including arbitrary detentions, enforced disappearances, rape and torture.

For more info:

Ko Aung: 07762094562, Ko Myo Thein: 07877882386, Zin Khine: 07904393457

ရယကများကြံ့ဖွံ့ပါတီအတွက်မဲဆွယ်စည်းရုံးရေးဆင်းနေ

မော်လမြိုင်မြို့အတွင်းရှိ ရယကရုံးများတွင် မဲနံပါတ်သွားရောက်ကြည့်ရှုတောင်းခံသူများကို ကြံ့ဖွံ့ပါတီ
ထောက်ခံဖို့စာရွက်များပေးဝေခဲ့ကြောင်းသိရသည်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက (ကျွန်တော်တို့အိမ် အတွက်မဲနံပါတ်စာရင်းသွားယူတုန်းရယကတာဝန်ရှိသူတစ်ဦးက ကြံ့ဖွံ့ပါတီထောက်ခံဖို့မဲဆွယ်စာရွက်တစ်ဦး
တစ်စောင်စီပေးခဲ့တယ်)ဟုပြောကြားပါသည်။ အခုလိုရွေးကောက်ပွဲကျင်းပမည့်နီးကပ်လာသည်နှင့်အမျှကြံ့ဖွံ့
ပါတီကစည်းရုံးရေးလုပ်ငန်းများကိုတရားမျှတသည်ဖြစ်စေ၊မမျှတသည်ဖြစ်စေတိုးမြှင့်လုပ်ဆောင်နေကြောင်း
ရပ်ကွက်ရှိပြည်သူတစ်ဦးကပြောပါသည်။ ယခုကဲ့သို့အာဏာပိုင်များကတဆင့်စည်းရုံးရေးဆင်းခိုင်းခြင်းသည်
ရွေးကောက်ပွဲဆိုင်ရာပြစ်မှုမြောက်ကြောင်းရှေ့နေတစ်ဦးမှပြောဆိုကြောင်းသိရသည်။

အရွယ်မရောက်သောကလေးများကိုအသုံးချပြီးကြံ့ဖွံ့ပါတီစည်းရုံးရေးဆင်း
မော်လမြိုင်မြို့၊ကျောက်တန်းကျေးရွာအတွင်းတွင် ကြံ့ဖွံ့ပါတီမှ ခုနှစ်တန်း၊ရှစ်တန်းမိန်းကလေးများကို
အသုံးပြုပြီးမဲဆွယ်စည်းရုံးရေးဆင်းနေကြောင်းသိရသည်။ ရွာခံတစ်ဦးက ကျွန်တော်ကလေးတွေနဲ့မဲဆွယ်နေ
တာကိုမြင်တော့မေးကြည့်ဖြစ်ပါတယ်။ သမီးတို့ဘာကြောင့်စည်းရုံးရေးဆင်းရသလဲဟုမေးမြန်းရာ လူကြီးများက
အတင်းအကြပ်ခိုင်းသောကြောင့်လုပ်ရပါသည်ဟုပြောကြားခဲ့သည်။ အခုလိုအရွယ်မရောက်သေးသောကျောင်း
နေအရွယ်ကလေးများကိုအတင်းအကြပ်စည်းရုံးရေးဆင်းခိုင်းနေသည်မှာ ရွေးကောက်ပွဲကိုလက်တလုံးခြားပြု
လုပ်နေသကဲ့သို့ ပြစ်မှုများကိုကျူးလွန်နေခြင်းလည်းဖြစ်ပါသည်။ လက်ရှိဝန်ကြီးများပါဝင်သောကြံ့ဖွံ့ပါတီသည်
ယခုရွေးကောက်ပွဲတွင်မနိုင်မနေရသဘောမျိုးလုပ်ဆောင်နေသဖြင့် ပြည်သူများဒေါသတကြီးဝေဖန်နေကြသည်
လွန်ခဲ့သည့်နှစ်ရက်ခန့်ကလည်း ကြံ့ဖွံ့ပါတီမဲဆွယ်စာစောင်တွင် ညစ်ညမ်းသောစာသားများရေးသားပြီးမော်လ
မြိုင်မြို့အနှံကြဲခဲ့ကြောင်းမျက်မြင်သက်သေတစ်ဦးကပြောဆိုခဲ့ပါသည်။

အတင်းအကြပ်မဲဆွယ်
မွန်ပြည်နယ်၊ချောင်းဆုံမြို့တွင် ကြံ့ဖွံ့ပါတီကအိမ်တိုင်းအိမိတိုင်းတွင် စတေကာများလိုက်လံကပ်ပြီး
စည်းရုံးရေးဆင်းခဲ့ကြောင်းသိရသည်။ မွန်ပြည်နယ်အတွင်းကားဖြင့်လှည့်လည်စည်းရုံးခွင့်၊စတေကာများကပ်
ခွင့်များကိုပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကလုံးဝခွင့်မပြုသော်လည်းကြံ့ဖွံ့ပါတီကဆက်လက်လုပ်ဆောင်
နေကြောင်းသိရသည်။ ဒေသခံတစ်ဦးက ကျွန်တော့်အိမ်မှာလာမကပ်ဖို့ပြောတာကို စည်းရုံးရေးမှူးတစ်ဦးက
တစ်နိုင်ငံလုံးရှိအိမ်တိုင်းမှာကပ်ထားကြောင်းအိမ်တိုင်းကိုလည်းကပ်ရကြောင်းပြောကြားပြီးအတင်းအကြပ်ကပ်
သွားခဲ့သည်။ အထက်ကအမိန့်အတိုင်းလုပ်တာပါ။ ဒါကြောင့်မို့လို့ကပ်တာပါဟုပြောကြားသွားခဲ့ပါသည်။

တိုက်ပွဲခေါ်သံ

ကျွန်ူပ်တို့ တိုင်းပြည်၏ လူမျိုးဘာသာ ၊ သာဿနာသည် မသမာသူ လူ့မိစ္ဆာတို့၏ ယုတ်မာပက်စက်သော
အကြံဆိုးများ ၏ နှိပ်စက်မှု အောက်တွင် အဖက်ဖက်က ဆုတ်ယုတ်နေသည် ။ ယခုမျက်မှောက်ခေတ် ကမ္ဘာအလယ့်အတွင် မြန်မာနိုင်ငံသည် နံမည်ဆိုး အမျိုးမျိုးဖြင့် ကျော်ကြားလျှက် ရှိသည့် အပြင် မြန်မာလူမျိုးတို့၏ ကိုယ့်ကျင့်သီလ တို့သည်လည်း ငွေကြေးနှင့် လဲစားခံလိုက်ရသည် ။
အသိညဏ်ကို သစ္စာစောင့်သိသည့် မိုးခါးရေ မသောက်ချင်သည့် ပညာရှင် အများစုကလည်း လက်ရှိအာဏာရှင်များ နှင့် မဆက်ဆံလိုကြတော့ ။ မှားနေတာကို မှားပါလို့ ထောက်ပြသူများကို နေရာပေးလေ့ မရှိကြ ၊ ပညာရှင် အဖြစ် အသုံးမချ လို ၊ ထိုအခါ ပညာရှင်တို့၏ နေရာတွင် ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာလိုသူများက လက်ရှိစစ်အာဏာရှင်တို့ ဘာလုပ်လုပ် အဟုတ်ဟု မြှောက်ပေးကာ
နေရာ ယူလာကြသည် ၊ အာဏာရှင်တို့ နှစ်ပေါင်း နှစ်ဆယ်ကျော် တိုင်းပြည်ကို မတရားစိုမိုး အနိုင်ကျင့်ဗိုလ်ကျ ပြည်သူ့ဘဏ္ဍာတွေ သိမ်းပိုက်ထားတဲ့ အကျိုးဆက်ကတော့ ယနေ့ လက်ရှိ ကျွန်ူပ်တို့ နိုင်ငံအခြေအနေကို တွေ့ရှိရမှာပါ ။

မြန်မာနိုင်ငံ တိုင်းတပါး နယ်ချဲ့တို့ လက်အောက်တွင် သူ့ကျွန် ဘ၀ သို့ရောက်ရှိခဲ့ရသည့် အကြောင်းတရားမှာ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်သည့် ခေါင်းဆောင်များ ပညာ အားနည်းသော ကြောင့် ဖြစ်သည် ။ ထိုအချိန်မှ စ၍ မြန်မာနိုင်ငံကြီးသည် သည် နယ်ချဲ့တိုင်းတပါးတို့ လက်အောက်တွင် နှစ်ပေါင်းများစွာ သူ့ကျွန်အဖြစ် နွံနစ်ခဲ့ကြရပြီး ပျော်ရွှင်ဖွယ်ကောင်းနေ့များကို အဆုံးသတ်ခဲ့ရသလို အာဇာနည် သူရဲကောင်းမှန်သမျှ အကျိုးခံစားခွင့်ကို မခံစားရဘဲ တစ်ယောက်ပြီး တစ်ယောက် ရင်နင့်ဖွယ်ရာ တိုင်းပြည် အတွက် စတေးခံသွား ခဲ့ရရှာသည် ။ သူရဲကောင်းတွေက စွှန့်ပြီး မစားခဲ့တော့ ကိုယ်ကြိုးရှာလိုသူ တစ်စု က မစွှန့်ဘဲ စားနေကြရတယ် ။ ဒီလို မတရားသိမ်းပိုက်ပြီး တိုင်းပြည်ရဲ့ အဆီအနှစ်ကို စားရတာ လူတွေ လက်မခံနိုင်မှန်းသိတော့ ၊ သူတို့ကိုယ်သူတို့ ရွေးကောက်ပွဲ အမည်ခံ ကျင်းပပြီး လူထုဆီက အုပ်ချုပ်ရေးအာဏာကို တပါတ်ရိုက်ပြီး ရယူဖို့ကြံစည်တာ ဖြစ်တဲ့အကြောင်း ပြည်သူလူထု သိရှိအောင် အဆိပ်ရှိတဲ့မြွေဟာ အရေခွံလည်းလိုက်ပေမယ့် သူ့အဆိပ်က သတ္တ၀ါတွေ သေကြေစမြဲ ဆိုတာကို သိရှိအောင် ရှင်းပြဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။


သူရဲကောင်းတွေသာ ကျဆုံးခဲ့ရတယ် တိုင်းပြည်ကတော့ အကျိုးမခံစားရဘဲ လူမိုက်တွေက ပိုပြီး ကောင်းစားလာကြတယ် ။ ဒီလို အမှန်တရားရဲ့ ဘက်တော်သားတွေ ကျရှုံးလာတဲ့ အရင်းအမြစ်ကို လိုက်ရှာကြည့်တော့ သူရဲကောင်းကိုသာ အားကိုးပြီး ကိုယ်တိုင်သူရဲကောင်း ဖြစ်ချင်တဲ့လူတွေ နည်းပါးနေသေး တဲ့အပြင် ကြားနေ၀ါဒကို ကျင့်သုံးတဲ့ လူတွေများလာလို့ဆိုတာကို သိမြင်လာတယ် ။ ဒါကြောင့် သူရဲကောင်း စိတ်ဓါတ်များ မွေးမြူပေးကြပါဆိုတဲ့ စကားလုံးလေးကို လက်ကိုင်ထားပြီး လူထုကို တတ်နိုင်သမျှ လိုက်လံ ရှင်းပြခဲ့တယ် ၊ သူရဲကောင်း ဖိတ်စာတွေပို့ပေးခဲ့တယ် ။

သူရဲကောင်း ဖိတ်စာကို ရရှိတဲ့ လူတွေထဲက သူရဲကောင်း စိတ်ဓါတ်ကို ကိုယ်တိုင်မွေးမြူကြတဲ့ လူနည်းစုက ပြည်သူလူထုကို တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ဆိုတဲ့ မေးခွန်းလေးများကို လိုက်လံမေးခဲ့ကြတယ် ။ တိုင်းပြည်ကို ဘယ်လို ချစ်သင့်တယ်ဆိုတာ လမ်းပြပေးခဲ့တယ် ။ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် သင့်တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာကို လိုက်လံ ညွှန်ပြ ပေးကြပြန်တယ် ။ အဲဒီ အချိန်မှာ သူတို့ သုံးတဲ့ စကားလုံးလေးတွေမှာ ဒီမိုကရေစီ ဆိုတဲ့စကားလုံးလေး ပါလာတော့ လူထုက အဲဒီ စကားလုံးကို သိပ်နားလည် ချင်လာကြတယ် ။

အဲဒီခါမှာ ဒီမိုကရေစီ နှင့် လက်ရှိ မြန်မာပြည် အကြောင်းကို နှိုင်းယှဉ်ပြီး ရှင်းပြခဲ့တယ် ။ ဘာကြောင့် လက်ရှိ အစိုးရက ဒီမိုကရေစီ နိုင်ငံ မတည်ဆောက်စေချင်တယ် ဆိုတာကို အရိုးရှင်းဆုံး စကားလုံးလေးတွေ သုံးပြီး လူငယ်တွေ သဘောပေါက်အောင် ရှင်းပြခဲ့ပါတယ် ။ လူငယ်တွေ ကို ဒီမိုကရေစီ နိုင်ငံကို မြင်ယောင်လာအောင် လမ်းပြခေါ်ဆောင်ဖို့ အတွက် ကကြီး ခခွေး နိုင်ငံရေး သမားလေးတွေ ဖြစ်အောင်
အရင် လမ်းညွှန်ခဲ့ပါတယ် ။ ဒါ့အပြင် ကကြီးခခွေး နိုင်ငံရေး သမားလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်လို့ အားလုံးဝိုင်းဝန်း စောင့်ရှောက်ကြဖို့ သက်ဆိုင်ရာ ပညာရှင်များကို မေတ္တာရပ်ခံခဲ့ပါတယ် ။ ဒီလိုလုပ်ဆောင်ချက်လေးတွေ ကြောင့် အမှန်တရားကို ချစ်မြတ်နိုးကာ မဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန်လိုသည့် သွေးမျိုးဆက်များ ရှင်သန် ပေါက်ဖွားလာခဲ့ပါသည် ။

သွေးမျိုးဆက်တွေရဲ့ ခွန်အားကို အသုံးချပြီး တပ်မတော်နဲ့ ပြည်သူလူထု ကြားက ဆက်နွယ်မှုကို လူတိုင်း သိရှိနားလည်စေလိုတဲ့စေတနာနဲ့ တပ်မတော်နဲ့ ပြည်သူလူထု ရဲ့ဆက်စပ်ပုံ ၊ ဟိုယခင်က တပ်မတော်သားတွေနဲ့ ယခုတပ်မတော်သားတွေ ကွာခြားပုံတွေကို ဥပမာလေးများနှင့် ရှင်းပြပေးခဲ့တယ် ။ ဒီလို ကွာခြားတဲ့ အမူအကျင့်စရိုက်တွေကြေင့် ပြည်သူလူထုက တပ်မတော်ကို သဘောထား အမြင်များ ပြောင်းလာခဲ့ပုံ ၊ လက်ရှိတပ်မတော်သားတွေ ခံစားနေရတဲ့ ဒုက္ခတွေက လွတ်မြောက်ဖို့ ပြည်သူလူထုနဲ့ လက်တွဲသင့်တဲ့ အကြောင်းကို အားလုံး နားဝင်အောင် ထပ်မံကြိုးစား ပြခဲ့ပါတယ် ။

ဒီနေ့ နိုင်ငံရေးသမား တွေ တင် မကဘူး ပြည်တွင်းက လူတွေက ပြည်ပကလူတွေကို အမြင် သိပ်မကြည်လင်ကြဘူး ။ ကိုယ့်တိုင်းပြည်မှာ အလုပ်အကိုင် ရှားပါးလို့ ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်နေကြတာကို အပြစ်မြင်နေကြတယ် ။ ဒါတင် မကသေးဘူး ပြည်ပကို ရောက်မှ နိုင်ငံရေး လုပ်တာကို အပြစ်ပြောချင်ကြတယ် ။ ပြည်ပရောက် နိုင်ငံရေး သမားတွေကို ၀ါးလုံးရှည်နဲ့ ပတ်သိမ်း ပြီး ရမ်းယုံသာ မကဘူး ၊ သမိုင်း အမှားတွေကို လူငယ်တွေ ထွေပြားအောင် လမ်းမှားကြီးကို ညွှန်ပြနေကြတယ် ။ ဒါကြောင့် လူရယ်လို့ ဖြစ်လာရင် လူပီသအောင် နေထိုင်ဖို့သာ အဓိက ဆိုတာကို လိုက်လံ နိုးဆော်ပေးခဲ့ပါသေးတယ် ။

တကယ်တော့ လက်ရှိ ရွေးကောက်ပွဲကို သဘောထားတွေ ကွဲလွဲနေတယ်ဆိုတာ အမြင်မှားတွေ လက်ခံထားကြလို့ပါ ။ ဘာကြောင့် အမြင်တွေ မှားနေရတယ်ဆိုတာကို သေချာစွာ ရှင်းပြခဲ့ပါ ယုံသာမက ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာကို သဘာဝ အမှန်ရှုထောင့်က လူတိုင်း နာလည်းလာအောင် တင်ပြပေးခဲ့ပြီး အမြင်မှားကိုလက်ခံထားကြသူများရဲ့ အကြောင်းကို ဝေဖန် ပိုင်းခြားပြခဲ့ပါတယ် ။
ဒီလို အမြင်မှားတွေကို လက်ခံထားကြတဲ့လူတွေဟာ သူတို့ အသိညဏ်ကို ငါဆိုတဲ့ အတ္တ မျက်မှန်နဲ့ တပ်ပြီး ကြည့်လေ့ရှိတော့ သဘာဝ အမှန်တရားကို မမြင်နိုင်ကြဘူးပေါ့ ။ သူတို့တွေကို အမှန်နဲ့အမှားကြားက ကာခြားထားတဲ့ နံရံပါးပါးလေးကို ဖောက်ထွက်ဖို့ အတွက် ကိုယ့်ရဲ့ အသိညဏ်ကို အားမနာတမ်း ကိုယ်တိုင် ကိုယ်ကျ သုံးသပ်သင့်ကြောင့် အကြံပြု တင်ပြ ပေးခဲ့ ပါသေးတယ် ။

နောက်ဆုံး အနေနဲ့ လူပီသတဲ့ လူသားတစ်ယောက် အနေနဲ့ လုပ်စရာက တစ်ခုတည်း ရှိပါတယ် ။ အများကောင်းစားရေးကို ရှေှးရှု တိုင်းပြည် အကျိုးကို ရည်မျှော်လို့ တိုက်ပွဲခေါ်ရာကို တစ်စိုက်မတ်မတ် လိုက်ကြရအောင် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် တစ်ခုတည်းသော လမ်းစဉ်နောက်ကို စွဲစွဲမြဲမြဲ လိုက်ကြမှာ သာလျှင် စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို ဖော်ဆောင် နိုင်မှာ ဖြစ်ပါတယ် ။
မြန်မာနိုင်ငံက ရဟန်းရှင်လူ ပြည်သူထု နှင့် ကျောင်းသား များပါ မကျန် တိုင်းပြည်ချစ်စိတ် ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ကာ သူရဲကောင်း စိတ်ဓါတ်များ ကိုယ်တိုင် မွေးမြူကြ၍ ကျရာ အခန်းဂဏ္ဍကနေ နိုင်ရာ တာဝန်ထမ်း ကြလျှင် မကြာခင် ကျွန်ူပ်တို့ တိုင်းပြည် အာဏာရှင် စနစ်ဆိုးအောက် လွတ်မြောက်၍ ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နိုင်မည်မှာ အသေအချာပါဟု စွဲမြဲ ယုံကြည်လျှက် တိုက်ပွဲဝင်ကြပါရန် လေးစားစွာ တိုက်တွန်း နိုးဆော်လိုက်ရပါသည် ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

ကျွန်တော်ရေးခဲ့သမျှ ဆောင်းပါး ခေါင်းစဉ်တွေကို အနှစ်ချုပ်လိုက်တော့ တိုက်ပွဲခေါ်သံ တပုဒ် ဖြစ်သွားတာပေါ့ ။ မိတ်ဆွေ သင်မြန်မာနိုင်ငံသား တစ်ယောက်ဟု ခံယူထား၍ တိုင်းပြည်ကို တကယ်ချစ်ခဲ့လျှင် သင့်မိတ်ဆွေများကို ဆက်လက် ဖြန့်ဝေပေးပါလို့ လေးစားစွာ မေတ္တာရပ်ခံ
အပ်ပါတယ်ခင်ဗျာ ။ တိုင်းပြည်ကို ချစ်သည့် စိတ်ဖြင့် အများသူငါ သိရှိလာအောင် ဖြန့်ဝေပေးကြည့် သူရဲကောင်း အပေါင်း နှင့်တကွ မြန်မာနိုင်ငံ ဒီမိုကရေစီ တိုက်ပွဲဝင်ရင် အသက်စွှန့်သွားကြရရှာသော အာဇာနည် သူရဲကောင်းများ ကို ဒီနေရာလေးကနေ လေးစားစွာ ဂါဝရ ပြုလိုက်ပါတယ် ။

( အရေခွံ လဲပွဲ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=149402008410788

( သူရဲကောင်း စိတ်ဓါတ်များ ကိုယ်တိုင် မွေးမြူပေးကြပါ )
http://www.facebook.com/permalink.php?story_fbid=170825766276673&id=100000010222133#!/note.php?note_id=148736711810651

( သူရဲကောင်း ဖိတ်စာ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=157833757567613

( တိုင်းပြည်ကို တကယ်ချစ်ရဲ့လား )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=150529104964745

( သင့်တိုင်းပြည် အတွက် သင်ဘာလုပ်ပေးနိုင်သလဲ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=153022268048762

( ဒီမိုကရေစီ နှင့် မြန်မာပြည် )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=158459620838360

( ကကြီး ခခွေး နိုင်ငံရေး သမား )
http://www.facebook.com/note.php?note_id=166265806724408&comments&ref=notif¬if_t=note_comment#!/note.php?note_id=164952436855745

( သွေးမျိုးဆက်တို့ ရှင်သန်လာပြီ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=162961487054840

( တပ်မတော်နှင့် ပြည်သူလူထု )
http://www.facebook.com/permalink.php?story_fbid=170825766276673&id=100000010222133#!/note.php?note_id=162083837142605

( လူပီသအောင် နေထိုင်ကြစို့ )
http://www.facebook.com/note.php?note_id=166265806724408&comments&ref=notif¬if_t=note_comment#!/note.php?note_id=163817656969223

( အမြင်မှားကို လက်ခံထားကြသူများ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=165211453496510

( တစ်ခုတည်းသော လမ်းစဉ် )
http://www.facebook.com/note.php?note_id=166265806724408&comments&ref=notif¬if_t=note_comment#!/note.php?note_id=167058313311824

( တမျိုးသားလုံး လွတ်မြောက်ရေး )
http://www.facebook.com/permalink.php?story_fbid=170825766276673&id=100000010222133#!/note.php?note_id=150168401667482

( တိုက်ပွဲဝင် ဖို့ အသင်ပြင်ထားကြပါစို့ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=155423274475328

( တိုက်ပွဲသာ ၀င်လိုက်ကြပါစို့ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=157178350966487

အကျင့်သီလ


လူတွေက သီလကို အကျင့်နဲ့ တွဲခေါ်တယ်. . . အကျင့်သီလလို့ပြောကြတယ်. . . အဲသည်တော့ သီလဆိုတာ အကျင့်ပါပဲ . . ကောင်းမွန် မြင့်မြတ်တဲ့ အကျင့်ကို သီလလို့ခေါ်ပါတယ်. . . ရိုးသားခြင်းဟာ အကျင့်သီလဖြစ်တယ်.. . သီလရဲ့ တန်ခိုး ၊ သီလရဲ့ တန်ဖိုး မည်မျှကြီးကြောင်းကို ဟိန္ဒူ ပုံပြင်ကလေး တစ်ပုဒ် ကို နဲ့ ဖော်ပြပါ့မယ်

ရှေးအခါက ဇမ္ဗူဒီပါ တစ်ကျွန်းလုံးက ရိုသေလေးစားရတဲ့ ပြဟလားဒ် အမည်ရှိတဲ့ မင်းတစ်ပါးရှိတယ်. . . အဲသည်မင်းရဲ့ ဘုန်းတန်ခိုးဟာ တက်နေအလား တဖြည်းဖြည်း နတ်မင်းကြီး အရှင်အိန္ဒရာ သိကြားမင်းကတောင် သူ့ကို လေးစားရတယ်တဲ့ . .ပြဟလားဒ် မင်းဟာ နတ်ဘုံကိုတောင် သိမ်းပိုက်စိုးစံရန် စီစဉ်တဲ့အထိပဲ . . . . သိကြားမင်းက သည်အကြံကိုတားဖို့ ပုဏ္ဏားငယ်ယောက် ဆောင်တယ် . . ပြီးတော့ ပြဟလားဒ်ကို ဖူးမြော်တယ်.

"အသင်ပုဏ္ဏား ဘာအလိုရှိ၍ ရောက်လာသလဲ "

"ကျွန်တော်မျိုးရောက်လာခြင်းက အရှင်မင်းကြီးသည် ဘယ်သို့သော အကျင့်မြတ်ကို ၍ ဤသို့ ဘုန်းတန်ခိုးကြိးသလဲ ဆိုသည်ကို သိလိုသဖြင့် ရောက်လာခဲ့ခြင်းဖြစ်ပါတယ်. . . ထိုအကျင့်ကိုလဲ သင်ကြားတတ်မြောက်လိုပါတယ်. . . . "

"အိုပုဏ္ဏား သင့်ကိုပေးရအောင် ကျွန်ုပ်မှာ မအားပါ. . . . . တိုင်းနိုင်ငံ အုပ်ချုပ်ရေး ကိစ္စက များတယ်. . . "

"အိုအရှင်မင်းကြီး ၊သင့်ကို အာစရိယ ဆရာလို့မှတ်ပါတယ်. . . ကျွန်ုပ်ကို တပည့်အဖြစ်သင်ပေးပါ. . ."

"ကဲ သည်မျှထိ ဖြစ်နေတော့လဲ သင့်ကို ပြောကြားနားလည် စေရတော့မှာပေါ့ . . ငါသင်ကြားတာကို မှတ်လော့ . ."

"ကောင်းပါပြီ အရှင်"

"ငါကား လောကအားလုံးကို အုပ်ချုပ်ရသော မင်းဧကရာဇ် ဖြစ်ပါလျက်နှင့် မင်းဟူသော အမှတ်ဖြင့် မည့်သည့်အခါမှ မာန်မာန မထား ၊ မာနကို ချိုးနှိမ်ပါတယ်. . ဒေါသအမျက်ကိုလဲ နှိမ်န်င်းသိမ်းဆည်းရတယ်. . ကာမဂုဏ်အာရုံကို လဲ ချုပ်ထိန်းရတယ်. . . . ရသေ့၊ရဟန်း ၊ ပညာရှိနဲ့ သက်ကြီး ရွယ်အိုတွေကိ ၀စီကံ၊ ကာယကံ၊ မနောကံနဲ့ စော်ကားခြင်း မပြုဘူး ၊ သူတို့ညွန်ပြတဲ့ ဓမ္မလမ်းကြောင်းအတိုင်း သာ လိုက်နာ ကျင့်ဆောင် တယ် . . ငါ့ရဲ့ ကျင့်ဆောင်ခြင်းက သီလပဲ ပုဏ္ဏားငယ်"

"သြော် သီလရဲ့ တန်ခိုး ၊ သီလရဲ့ တန်ဖိုးပါလား . . အရှင်မင်းကြီးရဲ့ ရိုးသားခြင်း၊ အကျင့်သီလသည် ထိပ်ဆုံးရောက်အောင် ပို့တာပဲ . . "

"ကဲ ပုဏ္ဏားငယ် သင်သိပြီမို့ ပြန်ပေတော့ . . . "

"ကျွန်တော်မျိုး မပြန်လိုသေးပါ. . . အရှင်မင်းကြီးထံက တစ်စုံတစ်ခု တောင်းလိုပါတယ်. . . "

"တောင်းပါ ရွှေလား ၊ ငွေလား သင်ဆင်းရဲသလား . "

"ဆင်းရဲသော်လည်း ရွှေငွေမတောင်းလိုပါ. . . "

"ဟဲ့ ဘာများတုံး ၊ တောင်းစမ်း ငါပေးမယ်. . "

"ကျွန်တော်မျိုးလိုချင်တာ မင်းကြီးရဲ့ သီလပါ. . . "

"အဲဒါတော့ ပေးလို့ဘယ်ဖြစ်မှာလဲ"

"အဲဒီသီလကို သာ လိုချင်ပါတယ် ၊ ရိုးသားခြင်း သီလကိုသာ ကျွန်တော်မျိုးကို ပေးလိုက်ပါ. ."

"အင်း. . ငါပေးမယ်ဆိုတဲ့ ကတိအတိုင်း သင့်ကို ပေးလိုက်မယ်. . ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်တယ် မရှိရဘူးလေ. . ငါ၏ သီလအား ယနေ့ သင့်ကိုပေးပါတယ်. . . "

"ပုဏ္ဏားငယ်ယောင်ဆောင်တဲ့ နတ်မင်းကြီး ဟာ မင်းကြီးသီလကိုလည်းရရော ရတနာတွေရသလို ၀မ်းသာသွားပြီး နန်းတော်က ထွက်ခွာသွားတော့တယ်. . ."

မင်းကြီး ဟာ အဲသည်မှာ စိတ်မချမ်းမြေ့စွာ တစ်ယောက်တည်း ထိုင်မှိုင်နေတယ်. . တိတ်ဆိတ်စွာ ထိုင်နေစဉ်မှာပဲ သူ့ကိုယ်ထဲက သူနဲ့တူတဲ့ ကိုယ်ပွား တစ်ခု ထွက်လာတယ် . .

"အိုသင်ဘယ်သူလဲ. . . ငါ ဟာ သီလပါ . . သင့်ရဲ့ သီလပါ. . သင်က ပုဏ္ဏားငယ်ကို ငါ့အား ပေးလိုက်တဲ့အတွက် ငါသွားရပါတော့မယ်. . သင့်ကို ငါနှုတ်ဆက်တာပါ. .

အဲသည်လိုပြောပြီး ကိုယ်ပွား ပျောက်သွားတယ်. . .

မင်းကြီး ဟာ တွေတွေဝေေ၀ ဖြစ်သွားတယ် . . ရင်ထဲမှာလည်း ၀မ်းနည်းနေတယ်. . . အဲသည်အချိန်မှာ နောက်ထပ် ကိုယ်ပွား ပေါ်လာပြန်တယ်. .



မင်းကြီး ဟာ တွေတွေဝေေ၀ ဖြစ်သွားတယ် . . ရင်ထဲမှာလည်း ၀မ်းနည်းနေတယ်. . . အဲသည်အချိန်မှာ နောက်ထပ် ကိုယ်ပွား ပေါ်လာပြန်တယ်. .

"သင်ဘယ်သူလည်း . . "

"ကျွန်ုပ်ကို ဓမ္မဟု သိရှိပါ. . သီလရှိရာတွင် ကျွန်ုပ်နေနိုင်တယ်. . . သီလကိုယူသွားသော ပုဏ္ဏား နောက်သို့ ကျွန်ုပ်လိုက်ရပါတော့မယ်. . . "

"အို. . . ဓမ္မရယ်. . "

တစ်ဖန်မကြာခင်မျာပဲ ပြဟလားဒ်မင်းရဲက ခန္ဓာကိုယ် အတွင်းက အလျှံ တပြောင်ပြောင် တောက်လောင်တဲ့ တတိယ ကိုယ်ပွား တစ်ခု ထွက်လာတယ်. .

"အို . . .သင်ကရော. . . ဘယ်သူလဲ. . . . "

"ကျွန်ုပ်က သစ္စာလို့လဲ ခေါ်တယ်. . . အမှန်တရားလို့လည်းခေါ်ကြပါတယ်. . . ဓမ္မတည်ရာမှာသာနေပါတယ်. . . "

"သင် က ဓမ္မနောက်ကို လိုက်မှာပေါ. . . . "

"ဟုတ်ကဲ့ပါအရှင်. . . . "

တစ်ဖန် စတုတ္ထမြောက် ကိုယ်ပွား တစ်ခု ပေါ်လာပြန်ရော. . . ဘုရင်ကြီးမမေးခင်မှာ သူက ဖြေတယ်. .

"ငါကား စာရိတ္တဖြစ်တယ်. . . "

"သင်ကော ဘယ်သို့သွားမည်လဲ. . . "

"ငါက သစ္စာ အမှန်တရားနောက် ကိုလိုက်မယ်. . . . "

ပဉ္စမကိုယ်ပွား ပေါ်ပေါက်လာချိန်မှာ ပြင်းထန်တဲ့ အသံကြီး ပေါ်လာတယ်. .

"ငါသည်ကား ဗလခေါ် အင်အားပဲ၊ သင်နှင့် ငါမနေ စာရိတ္တနောက်သို့ ငါလိုက်သွားမယ်. . . "

အဲသည်လို သီလ၊ ဓမ္မ၊ သစ္စာ ( အမှန်တရား ) ၊ စာရိတ္တ၊ ဗလ တို့ ထွက်သွားပြီးချိန်မှာ ကိုယ်ရောင် ကိုယ်ဝါ အသွင် ထွန်းလင်းတောက်ပလျက် ကောင်းခြင်း မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံတဲ့ နတ်ဒေ၀ီတစ်ပါးဟာ မင်းကြီးရဲက ကိုယ်တွင်းက ထွက်ပေါ်လာပြန်တယ်. .

"ကျွန်ုပ်သည်. . ရှရီ (လက်ချမီး ) နတ်သမီးဖြစ်တယ်. . ကျွန်ုပ်သည် သင့်ရဲ့ ကျက်သရေနဲ့ ချမ်းသာ သုခ အဖြာ ဖြာကို တိုးပွားစေခဲ့တယ်. . နှစ်ပေါင်းများစွာ သင့်ထံမှ တည်နေခဲ့သော်လည်း ယနေ့တော့ သင့်ကို ငါ စွန့်ခွာရတော့မယ်. . .သီလ၊ ဓမ္မ၊ သစ္စာ ( အမှန်တရား ) ၊ စာရိတ္တ၊ ဗလ တို့ရှိရာ. ငါလိုက်ပါရမှာ အမှန်ဖြစ်တယ်. . အဲဒီငါးဦး ငါးမျိုးထံမှာ သာ ကျွနု်ပ် တည်တယ်. . ."

"အိုဒေ၀ီမြတ် ခေတ္တနေပါဦး၊ ကျွန်ုပ်မှာ ဘယ်လိုမှားယွင်းမှုပြုခဲ့ပါပြီလဲ ပြောပြပါ. . . ကျွန်ုပ်ထံလာသော ပုဏ္ဏား က ဘယ်သူလဲ . . "

"အသင်မင်းကြီး၊ ပုဏ္ဏားငယ်ကား နတ်ဒေ၀တို့ရဲ့ အရှင်သခင် အရှင် အိန္ဒရာ သိကြားမင်းဖြစ်ပါတယ်. . . သင့်ရဲ့ ဘုန်းတန်ခိုးလျော့သွားအောင်. . နတ်ဘုံကို မသိမ်းသွင်း မတိုက်ခိုက်နိုင်အောင် သိကြားမင်း ဟာ သင့်ထံမှာ သီလကို တောင်းခံသွားခြင်းဖြစ်ပါတယ်. . . . . အို ပြလဟား . . ဒီလောကမှာ ကြီးကြယ် မြင့်မြတ်တဲ့ အကျိုးတရားတွေ ဖြစ်ထွန်းစေနိုင်တဲ့ အရာတွေဟာ ဤတရားတွေပဲ . . အဲဒီတရားတွေကို အခြေပြုတာ ရိုးသားခြင်း အကျင့်သီလပဲ. . . ."

မင်းကြီး ဟာ နောင်တကြီးစွာ ရတယ်. . လူ့ဘ၀မျာ ရိုးသားသော အကျင့်သီလ ရှိတဲ့ သူတွေမှာသာ မြဲတဲ့ ချမ်းသာ သုခ ဖြစ်လေ့ရှိပါတယ်. . . သီလနဲ့ ကင်းကွာ တဲ့ ချမ်းသာ သုခဟာ မတည်မြဲပဲ ပျောက်ကွယ် သွားတတ်ပါတယ်. . .

လောကကြီးမှာ မိမိကိုယ်ကို ထိန်းသိမ်းမှု အကျင့်သီလဟာ တန်ခိုးနဲ့ တန်ဖိုးအကြီးဆုံးပါပဲ. .
သူပျက်ရင် အရာ အားလုံးပျက်တာမို့ မိမိကိုယ်မိမိ ထိန်းသိမ်းမှု အကျင့်သီလကို နည်းနည်းလေးမှ မပျက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်. .

လူဆိုတာ ခန္ဓာကိုယ်ကို ရေမိုးနဲ့ သန့်စင်နိုင်ပါတယ်. . ရိုးသားခြင်းနဲ့ စိတ်ဓာတ်အား မှန်ကန်ခြင်းကိုတော့ သစ္စာတရားနဲ့ သာ သန့်စင်နိုင်ပါတယ်. .

ဘုရားတည်ခြင်းနှစ်မျိုး

ဘုရားတည်ခြင်းသည်မြေပြင်မှာတည်ခြင်းနှင့် လူများ၏ နှလုံးတွင် ဘုရားတည်ခြင်းဟု နှစ်မျိုးရှိပါသည်၊ ၊
မြေပြင်မှာတည်ခြင်းသည် ရာသီဥတု ဒဏ်ကြောင့်ပျက်ဆီးတက်သလို့ တကယ်ဘေးတကယ်အရေးနှင့် ကြုံရသောအခါ သာသနာမကွယ်ပျောက်အောင် တားဆီးကာကွယ်နိုင်စွမ်းမရှိပေ၊ ၊ ထိုအချက်ကို ဗုဒ္ဓဘာသာဝင်များကွယ်ပျောက်သွားသော နိုင်ငံများမှဘုရားစေတီများမှ သက်သေပြလျှက်ရှိသည်၊ ၊ အင်ဒိုနီးရှား နိုင်ငံတွင် `ဗောဓောဗုဓု´ အမည်ရှိကျောင်စေတီကြီးတည်ရှိနေ၏၊ ထိုအတူ အာဖဂန်နစ္စတန်နိုင်ငံတွင်လည်း ပေ `၁၀၀´မြင့်မားသော ကျောက်ဆင်တုတော်ကြီး ( ယခု ဖျက်ဆီးခံရ ) wတည်ရှိနေ၏ ။
သို့သော်ထိုင်နိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်များ တစ်ဦးတယောက်မျှမရှိပေ၊
`ဥာဏ်ပညာကြီးမားသူတို့သည်သူတပါး၏အမှားကိုကြည့် ပြီး သင်္ခန်စာယူတက်ကြ၏ ဥာဏ်ပညာနည်းသောသူတို့သည်
ကိုတိုင်မှားမှ သင်္ခန်စာယူတက်ကြ၏ ဥာဏ်ပညာ မရှိသူတို့သည်ကိုတိုင်မှားသော်လည်း သင်္ခန်စာမယူတက်ကြပေ´ ၊
ဟူသောဒဿနအတိုင်းမြန်မာဗုဒ္ဓဘာသာဝင်များသည် သူများနိုင်ငံမှ အမှားကိုကြည်ပြီး မိမိနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များမ ကွယ်ပျောက်အောင် သင်္ခန်စာယူပြီး ကာကွယ်ကြရမည်၊ ။၊ ထိုသို့ ကာကွယ်လို့လျှင် လူသားတို့၏နှလုံးသားများတွင်
ဘုရားစေတီများ များသည်ထက်ပိုပြီး များအောင်တည်ပေးကြရမည်၊ ၊ ထိုသို့တည်ပေးနေသူများမှာ ဗုဒ္ဓဘာသာ ပရဟိတ အသင်းများ ဗုဒ္ဓဘာသာစာပေပိုချနေသော စာသင်တိုက်များ ဗုဒ္ဓဘာသာမိဘမဲ့ ဂေဟာများ ဗုဒ္ဓဘာသာစာပေပိုချနေသော ဆရာတော်များ ဖြစ်ကြပါသည်
မျော်လင့်ချက်ဖြင့် ပေးကန်းလျှင်အရောင်အ၀ယ် လုပ်ချင်တမျိုးဖြစ်၏ ။ ။
မျော်လင့်ချက်မပါဘဲ ပေးကန်လျှင် ကိလေသာ ကုန်ရာ နိဗ္ဗာန်ရဖို့ ဒါနပါရမီ ဖြည့်ဆည်းခြင်းဖြစ်၏၊ ။
မြတ်သောဒါန ဖြင့် လုဒါန်းနိုင်ကြပါစေ။ ။

သူတစ်ပါးကို သူများခိုင်း၍သတ်သည်ရှိသော်

အရှင်ဘုရား တပည့်တော် မရှင်းတာလေးရှိလို့မေးပါရစေဘုရား။ တပည့်တော် ကတော့ ၀န်ထမ်းတစ်ယောက်ပါ။ တပည့်တော်တို့သိချင်တာက သူတစ်ပါး၏အသက်ကို မိမိရဲ့စိတ်မပါဘဲ သူများခိုင်း၍ သတ်ရလျှင် ဘယ်သူ့မှာ အပြစ်ရှိပါသလဲဘူရား။ ကိုယ်ကိုယ်တိုင်က
မလုပ်ချင်ပေမယ့်လည်း တာဝန်အမိန့်အရလုပ်ရတာတွေရှိပါတယ်။ အဲဒီအကြောင်းအရာ လေးကိုဖြေကြားပေးတော်မူပါဘုရာ။

နောက်ထပ်တစ်ခုအနေနဲ့ အရှင်ဘုရားဖြတ်သန်းလာခဲ့ရတဲ့ဘ၀အတွေ့ အကြုံလေးတွေ တပည့်တော်တို့ ဘယ်လိုနေဘယ်လိုထိုင်ရမယ်ဆိုတာလေးတွေကိုပါ ပြောကြားပေးတော်မူပါဘုရား။ အရှင်ဘုရားရဲ့ ဘလော့လ်မှာအမြဲလာရောက် ဖတ်ရှု့သူ တစ်ဦးပါ။

ဟုတ် ဒကာ။ ဒကာမေးတဲ့မေးခွန်းမျိုးကို သီဟိုဠ်ဘုရင်တစ်ပါးဖြစ်သော ဒုဋ္ဌဂါမဏီမင်းကြီးကလည်း အဘယရဟန္တာမထေရ်မြတ်ကို လျှောက်ဖူးတယ်။ ဘုရင်က သူလည်း တိုင်းပြည်အတွင်းသို့ကျူးကျော်လာတဲ့ ရန်သူတွေကို တိုင်းပြည်နှင့်လူမျိုးဘာသာ
အတွက် မသတ်ချင်သော်လည်း သတ်ခဲ့ရသည့်အတွက် သူ့မှာပါဏာတိပါတကံတွေ များနေပြီလို့တွေးပြီး
စိတ်မချမ်းမြေ့ဖြစ်နေပါတယ်။ အဲဒါနဲ့ ရှင်အဘယရဟန္တာမထေရ်ကို မေးခဲ့တာပါ။
ရဟန္တာမထေရ်မြတ်က သီလလုံခြုံတဲ့ပုဂ္ဂိုလ်၊ သူတော်ကောင်းစိတ်ရှိသော ပုဂ္ဂိုလ်၊
(ယခုခေတ်အလို သဘောကောင်းသောပုဂ္ဂိုလ်ကို) သတ်မိရင် လူတစ်ယောက်ကို သတ်တာနဲ့တူပါသည်။
စိတ်ထားမကောင်းသော လူယုတ်မာကိုသတ်မိလျှင် တိရစ္ဆာန်ကို သတ်တာနဲ့တူတယ်ဟု
မိန့်ကြားပေးခဲ့ပါသည်။

သူတစ်ပါးကို ကိုယ်စားသတ်ခိုင်းသော ပုဂ္ဂိုလ်မှာ အပြစ်ပိုမိုရှိပါသည်။ ကိုယ်စားသတ်ပေးသောပုဂ္ဂိုလ်မှာလည်း သူများခိုင်း၍သတ်ရပါသည် မိမိစိတ်ထဲ၌ သူတစ်ပါးကို သေစေလိုသော စေတနာမပါဘူးဆိုလျှင် အပြစ်နည်းပါသည်။
အပြစ်ကတော့ နည်းနည်းရှိပါသည်။

အဘယ့်ကြောင့်ဆိုသော် ဘုရားလောင်းပါရမီဖြည့်စဉ်အခါက ရှင်ဘုရင်လုပ်ရ မည်ကို အင်မတန်ကြောက်ရွံ့၍ စကားမပြောခဲ့သော တေမိဇာတ်ဆိုတာ ရှိခဲ့ပါတယ်။ ရှင်ဘုရင်ဖြစ်လျှင် အများကိုမသတ်ချင်သော်လည်း သတ်ရမည့်အလုပ်သည်
ဧကန်ပင် ရှိနေပါသည်။ သူတစ်ပါးကိုသတ်လျှင် မိမိစိတ်ပေါ်နှင့်သတ်ခံရသောပုဂ္ဂိုလ်ပေါ်မှာ
မူတည်ပြီး အကျိုးပေးအနည်းအများကွာခြားသော်လည်း မိမိ၏ ကာယကံလုပ်ဆောင်မှု ပါနေသောကြောင့်
အပြစ်တော့ရှိနေပါသည်။

မိမိသည်လည်း နောက်ဘ၀များ၌ သူများသတ်ခံရသလို မိမိကိုယ်ကိုလည်း သူတစ်ပါးက မိမိသတ်ခဲ့သလို သူများခိုင်း၍ သတ်ခြင်းများကို ခံရပေလိမ့်မည်။ ထို့ကြောင့် ဘုရားလောင်းသည် ရှင်ဘုရင်လုပ်ရမည်ကို
အင်မတန်မှ ကြောက်ရွံ့ခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ မိမိသည်မလွဲသာ၍ သူများအသတ်ကို သတ်ခဲ့ရသည်ရှိသော် ကောင်းမှုကုသိုလ်များဖြင့် အစားထိုး၍ ဖြေဖျောက်ပါလေ။

ဝါလကင်းလွတ်သီတင်းကျွတ်…



မေထုန်ငယ်(၇)ပါး

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ကုသိုလ် တရားတို့၏
အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော
အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့။

(မဟာဝဂ္ဂသံယုတ်၊ ဗာဟိယသုတ်)

သီလ ပန်းတစ်ပွင့်ရဲ့ သဘောတရားတွေကို အဖြူဖက်ကနေ ချဉ်းကပ်ပြီး
တင်ပြခဲ့တယ်၊ ဒီနေ့တော့ အမည်းရောင်ဖက်နေ ချဉ်းကပ်ပြီး ဖော်ပြလိုတယ်၊
စိတ်အဆင့်ဆင့် မြင့်တက်ရေး သစ္စာတရားကို ဥာဏ်နဲ့ရှာဖွေရေး လမ်းစဉ်မှာ
သီလပန်းတစ်ပွင့် အမြဲလန်းဆန်းဖို့ တကယ့်ကို အရေးကြီးလှပါတယ်၊ ကိုယ်
စောင့်ထိန်းထားတဲ့ သီလ ညှိုးနွမ်း ပေါက်ပျက် ကြောင်ကြားသွားပြီဆိုရင်
သီလပျက်စီးဖို့ သေချာသလောက် ရှိပါပြီ။

ဒီနေရာမှာ ကိုယ် စောင့်ထိန်းထားတဲ့ သီလ သိက္ခာပုဒ်တွေ အားလုံးကို
လွန်ကျူးဖောက်ဖျက်မှ သီလ ညှိုးနွမ်းတယ်လို့ ခေါ်ဆိုတာ မဟုတ်ဘဲ အစ
သိက္ခာပုဒ်နဲ့ အဆုံးသိက္ခာပုဒ်ကို လွန်ကျူးရင်ပဲ ဖြစ်ဖြစ် အလယ်
သိက္ခာပုဒ်တွေကို ဖောက်ဖျက်ရင်ပဲ ဖြစ်ဖြစ် ကွက်ကျော်လွန်ကျူးမိရင်ပဲ
ဖြစ်ဖြစ် အစဉ်အတိုင်း နှစ်ပါး သုံးပါးကို လွန်ကျူးရင်ပဲဖြစ်ဖြစ် ကိုယ်
စောင့်ထိန်းနေတဲ့ သီလဟာ ညှိုနွမ်းသွားပါတယ်၊ ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာ
တွေကို မစောင့်စည်းဘဲ အရှက် အကြောက်ကင်းမဲ့စွာ ဒုစရိုက်တွေကို ပြုမိ
ပြီဆိုရင်တော့ သီလဟာ လုံးဝ ပျက်စီးတော့မှာပါ။

ဒီလို သီလ ညှိုးနွမ်းစေတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး စာပေတွေမှာ ဖော်ပြတဲ့
မေထုန်ငယ်(၇)ပါး ကိုပြောပြလိုတယ်၊ သစ္စာရှာပုံတော် ခရီးမှာ ကိုယ့်ကိုယ်ကို
မလိမ်တမ်း မညာတမ်း စစ်တမ်းထုတ်သင့်တဲ့ အချက်တွေလို့လဲ ပြောနိုင်ပါတယ်၊
အခုဖော်ပြတဲ့ (၇)ချက်ဟာ ကိုယ်စောင့်ထိန်းနေတဲ့ သီလ သို့မဟုတ် ကို
ညစ်နွမ်းစေတဲ့ အရာတွေပါ၊ ဒါတွေကတော့

၁။ ရေမွှေးဆွတ်ဖြန်းခြင်း သနပ်ခါးလိမ်းခြင်း ပေါင်ဒါမုန့် စတဲ့
အမွှေးအကြိုင်တွေနဲ့ ပွတ်သပ် လိမ်းကျံရတာကို သာယာ ကြည်နူး ကျေနပ်ခြင်း၊
၂။ ရယ်ရွှင်စရာ ဟာသများနဲ့ ရယ်မော ပျော်ရွှင် မြူးတူး ကစားခြင်း၊
၃။ဆန့်ကျင်ဘက် လိင်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အသံကို နားထောင် သာယာခြင်း၊
၎။ စောင့်စည်းဆင်ခြင်မှု မရှိဘဲ ဆန့်ကျင်ဘက် လိင်ရှိတဲ့ ပုဂ္ဂိုလ်ကို ကြည့်ရှုခြင်း၊
၅။ အရင်ခံစားခဲ့ဖူးတွေ ကာမဂုဏ်ကို အာရုံပြုပြီး သာယာခြင်း၊
၆။ သူတစ်ပါးတို့ ခံစားနေသည့် ကာမဂုဏ်အမှုများကို အာရုံပြုပြီး သာယာခြင်း၊
၇၊ မိမိကျင့်တဲ့ သီလအကျင့်မြတ်ဟာ နတ်ဘ၀ နတ်စည်းစိမ် မင်းဘ၀ မင်းစည်းစိမ်
ရမှာပဲလို့ တောင့်တ သာယာခြင်း တို့ပဲဖြစ်ပါတယ်။

ဒီမေထုန်ငယ် ၇ ပါးဟာ သီလဖြူစင်ရေး သစ္စာရှာဖွေရေးမှာ အလွန် သတိထားသင့်သလို
တရားကို လက်တွေကျကျ ကျင့်ကြံနေသူ လူဖြစ်စေ ရဟန်း သီလရှင်ဖြစ်စေ
ကိုယ့်သီလလေး မညှိုးနွမ်းဖို့ ဂရုစိုက်ရမယ့် အချက်တွေလည်း ဖြစ်ပါတယ်၊
ကိုယ့်စိတ်ကို အကောင်းဆုံး အရည်အသွေး ရအောင် ပြုစုလေ့ကျင့်တဲ့နေရာမှာ
မထင်မှတ်တာလေး တွေကလည်း အတားအဆီး ဖြစ်နေတတ်တယ် ဆိုတာကို ဘုရားရှင်က
မီးမောင်းထိုးပြတာပါ၊ မိမိတို့ ရဟန်းတော်များ သီလရှင်များအနေနဲ့ကတော့
သီလနဲ့ပတ်သက်ပြီး အထူးထူး ဆင်ခြင် သတိပြုရပါတယ်၊ စောင့်ထိန်းစရာ စည်းကမ်း
သိက္ခာပုဒ်တွေ များပြားရုံသာမက အာရုံတွေအပေါ် စောင့်စည်းမှု
စားသုံးဆင်ခြင်ရာမှာ စောင့်စည်းမှုစတဲ့ သီလတွေကလဲ ရှိနေပြန်တာမို့ ပိုလို့
သတိထားကြရပါတယ်၊ ဒီနေရာမှာ ရဟန်းတစ်ပါး (သီလရှင်တစ်ပါးက) လူတွေအထင်ကြီး
အံ့ဩလာအောင် ကြည်ညိုစရာလေး နေပြတာ၊ ဒကာ ဒကာမတွေကို မြှောက်ပင့်
ပြောဆိုတာ၊ ကိုယ်လိုချင်တာကို အရိပ်အရောင်ပြ ပြောဆိုတာ၊ ဒကာ ဒကာမတွေ
ကြောက်ရွံ့ပြီး ပေးလှူလာအောင် ဖိနှိပ်ပြောဆိုတာ ကဲ့ရဲ့တာ တွေဟာလည်း သာသနာ
့ဝန်ထမ်းများရဲ့ သီလ ညှိုးနွမ်းကြောင်းတွေ ဖြစ်လို့ သတိထားသင့် ပါတယ်၊
ဒါကြောင့် ဘုရားရှင်က သီလဟာ သတိပဋ္ဌာန်တရား အားထုတ်ရာ သစ္စာရှာဖွေရာမှာ
ဘယ်လောက် အရေးကြီးလဲဆိုတာ သိစေချင်လွန်းလို့ ဗာဟိယကို မိန့်တော်မူတာက

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ ကုသိုလ်တရားတို့၏
အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော
အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန် လေးပါးကို ပွားများလေလော့။

လို့ မိန့်တော်မူတာပါ၊ အလယ်အလတ် လမ်းစဉ်လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးရဲ့
ခေါင်ချုပ် သတိပဋ္ဌာန်တရား ကျင့်ကြံပွားများရာမှာ ညစ်နွမ်းခြင်းမရှိ
လန်းဆန်းခြင်း ပကတိရှိတဲ့ သီလပန်းတစ်ပွင့် ပန်ဆင်နိုင်အောင်
ကြိုးစားကြပါစို့။ ။

အရှင်တိက္ခဉာဏာလင်္ကာရ

***ကိုးကွယ်တယ်ဆိုတာဘာလဲ(၁) ***

ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။
ကျမ်းဂန်စကားနဲ့ပြောရင် သရဏဂုံတည်ရတယ်။

‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ်ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ်ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။
‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ခေါ်တယ်။

အဲဒီ ‘သရဏဂမန’ကနေ ‘သရဏဂုံ’လို့ ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေက ပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြောတယ်။

‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။
‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကား သုံးကြတာ။ မြန်မာမှုပြုကြတာပဲ။

အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအတိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ကတော့ ‘သရဏ’ပဲ။
‘သရဏဂမန’လို့ မခေါ်ဘဲနဲ့ ‘သရဏဂုံ’လို့ လွယ်လွယ် ခေါ်ကြတယ်။


သရဏဆိုတာ

‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?
‘သရဏ’ဆိုတာ ‘ဘုရားကို ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း’ပဲ။

‘သရဏ’ကို ကျမ်းဂန်တွေက ဘယ်လို ဖွင့်ပြထားသလဲဆိုတော့ ‘အပါယ်လေးပါး၌ဖြစ်သော ဆင်းရဲမှုကို သတ်တတ် ညှဉ်းဆဲတတ် ပယ်သတ်တာ’ကို ‘သရဏ’လို့ ခေါ်တယ်။

‘သရဏ’ဆိုတာ ရှင်းရှင်း ပြောရင် ‘ညှဉ်းဆဲတတ်တာ၊ ပယ်သတ်တတ်တာပဲ’။
ဘာကို ညှဉ်းဆဲတတ်တာလဲ?
ဒုက္ခကို ညှဉ်းဆဲတတ်တာ၊ ဒုက္ခကို ကာကွယ်ပေးတာပဲ၊ ဒုက္ခမရှိအောင် လုပ်ပေးတာ။

ဘုရား တရား သံဃာ ရတနာသုံးပါးဟာ တို့ကို ဘေးရန်တွေ ကာကွယ်ပေးတယ်။ ဆင်းရဲဒုက္ခမှ ကာကွယ်ပေးတယ်။ အပါယ်ကျတဲ့ ဒုက္ခမှ ကာကွယ်ပေးတယ်။

ကာကွယ်ပေးတယ်လို့ သုံးကြစို့။
တိုက်ရိုက်ပြောရင် ပယ်သတ်တယ်၊ ညှဉ်းဆဲတယ်လို့ ဒီလို သုံးရမယ်။
မြန်မာလို ပြန်ရင်တော့ ‘ကိုးကွယ်ရာ’လို့ ပြန်ထားတယ်။


ဗုဒ္ဓသရဏဂုံ

မြတ်စွာဘုရားက မင်းတို့ အကုသိုလ်တွေ မလုပ်ကြနဲ့။ ဒီလို ဟောတယ်။
ကုသိုလ်ကို လုပ်ကြ။
အကုသိုလ်တွေ မလုပ်ကြနဲ့ဆိုတာ မကောင်းမှုတွေ ဖြစ်မှာ စိုးလို့ ပြောတာ။ အကျိုးစီးပွားတွေ ပျက်စီးမှာ စိုးလို့ မလုပ်ကြနဲ့လို့ ပြောတာနဲ့ အတူတူပဲ။
ကုသိုလ်ကို လုပ်ကြလို့ ပြောတာဟာ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ ပြောတာနဲ့ အတူတူပဲ။

ဒါကြောင့် မြတ်စွာဘုရားဟာ သတ္တဝါတွေမှာ ဖြစ်မည့် ဘေးရန်တွေကို ကာကွယ်တယ်။ နှိပ်စက်တယ်။ ညှဉ်းဆဲတတ်တယ် ဆိုပြီး မြတ်စွာဘုရားကို သရဏလို့ ခေါ်တယ်။


ဓမ္မသရဏဂုံ

တရားတော်ကို သရဏလို့ ခေါ်တာကျတော့ တရားတော်ဆိုတာ မဂ် ဖိုလ် နိဗ္ဗာန် ပရိယတ်တရားကို ခေါ်တယ်။
မဂ်ဖိုလ်ရလိုက်ရင် ဒီပုဂ္ဂိုလ်ဟာ အပါယ်မကျတော့ဘူး။
အပါယ်ကျမည့် ဘေးမှ စောင့်ရှောက်တတ်တယ်။

အဲဒီလို တရားထူးလေး တစ်ခါ ရလိုက်ရင် မိမိတို့အဖို့ သက်သာရာ ရတယ်လို့ ဆိုလိုတယ်။

လောကဆင်းရဲ ဒုက္ခကြားမှာ နေရပေမယ့် တရားထူးလေး ရလိုက်တဲ့အခါ အပါယ်လေးပါး ကင်းဖို့ သေချာသွားပြီပေါ့။
သက်သာရာ ရတယ်လို့ ကျမ်းဂန်က သုံးတယ်။

အဲဒီလို သက်သာရာကို ရစေခြင်းဖြင့် သတ္တဝါတို့မှာ ဖြစ်မည့် ဘေးရန်ကို တားဆီးတတ်တယ်။ ဖျက်ဆီးပေးတတ်တယ်။
ဒါကြောင့် တရားတော်ကို သရဏလို့ ခေါ်တယ်။


သံဃသရဏဂုံ

သံဃာကို သရဏလို့ ခေါ်တာကျတော့ သံဃာဆိုတာ နည်းနည်းလေး လှူလည်း အကျိုး အများကြီး ရတယ်။
သံဃာကို လှူတာနဲ့ ပုဂ္ဂိုလ်ကို လှူတာ မတူဘူး။

ပုဂ္ဂိုလ်ကို လှူတာက အဲဒီပုဂ္ဂိုလ်က ကောင်းရင် အကြောင်း မဟုတ်ဘူး။ မကောင်းရင် အလှူမှာ အကျိုး အရနည်းတယ်။ ကောင်းရင် အကျိုး အရများတယ်။

ကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာနဲ့ မကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာ ကွာတယ်။

ဒါကြောင့် သံဃာလို့ ဆိုလိုက်တာနဲ့ မကောင်းတဲ့ သံဃာလို့ ဘယ်တော့မှ မရှိဘူး။ ကောင်းတဲ့ သံဃာချည်းပဲ။
နည်းနည်းလေး လှူသော်လည်းပဲ အများကြီး အကျိုးပေးတဲ့အနေနဲ့ သတ္တဝါတွေရဲ့ အကျိုးမဲ့ဖြစ်စေမည့် ဘေးရန်ကို ပယ်ဖျက် တားဆီးတတ်သောကြောင့် သံဃာကို သရဏလို့ ခေါ်တယ်။

နောက်ပြီး သံဃာကလည်း ဘုရားရှင်ရဲ့ တရားကို လိုက်နာ ကျင့်သုံးပြီး ဘုရားရှင် ဟောကြားတဲ့အတိုင်း လူနတ်ဗြဟ္မာ သတ္တဝါများအား အကုသိုလ် မလုပ်ကြနဲ့။ ကုသိုလ်ကို လုပ်ကြလို့ ဟောတယ်။
လိုက်နာ ကိုးကွယ်သူများမှာ ဘေးရန် ဆင်းရဲ ကင်းပြီး ကောင်းကျိုးချမ်းသာကို ရစေတယ်။

ဒါကြောင့် သံဃာကလည်း ကိုးကွယ်သူများအား ဆင်းရဲ ကင်းပျောက်၊ ချမ်းသာ ရောက်အောင် စောင့်ရှောက်တတ်လို့၊ ဆင်းရဲ ဘေးရန်တွေကို ပယ်သတ်တတ်လို့ သံဃာတော်ကို သရဏလို့ ခေါ်တာ။


သရဏဂမန = သရဏဂုံ

သရဏဆိုတာ ဘာလဲ?
ဘုရား တရား သံဃာပဲ။
မကောင်းမှုကို တားမြစ်တယ်။ ကောင်းမှုကို လုပ်အောင် အားပေး တိုက်တွန်းတတ်တယ်။

ဂမနဆိုတာ ပါဠိစကား၊ သွားခြင်းဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။
ဒီနေရာမှာတော့ အဋ္ဌကထာဆရာက ‘သိခြင်း’ဆိုတဲ့ အဓိပ္ပာယ်ကို ယူပါတဲ့။

ဒါကြောင့် ‘သရဏဂမန’ဆိုတာ မြန်မာလိုတော့ ‘ကိုးကွယ်ခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ သိခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ အသိအမှတ် ပြုခြင်း’ကို ‘သရဏဂုံ’လို့ ခေါ်တယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ သိမှတ်ပါ၏။

ရိုးရိုး အဓိပ္ပာယ်နဲ့ ပြောရင် -
မြတ်စွာဘုရားကို ကိုးကွယ်ပါ၏
တရားတော်ကို ကိုးကွယ်ပါ၏
သံဃာတော်ကို ကိုးကွယ်ပါ၏။

အဲဒီလို ဆိုလိုက်တော့ မင်းတို့ရဲ့ စိတ်ထဲမှာ ဘာဖြစ်သွားသလဲ။
ဒါကတော့ အဘိဓမ္မာဆန်သွားပြီ။ ကုသိုလ်စိတ် ဖြစ်တယ်။

ဘုရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
တရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
သံဃာအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။

အဲဒီလို ယုံကြည်မှုကို ပါဠိလို ‘သဒ္ဓါ’လို့ ခေါ်တယ်။

တို့အခုလူတွေ သုံးနေတာတော့ ရက်ရောတာကို သဒ္ဓါလို့ သုံးနေကြတယ်။
ဒီပုဂ္ဂိုလ်က သဒ္ဓါတရား ကောင်းတယ်ဟေ့၊ များများ လှူတယ်၊ ခဏ ခဏ လှူတယ်ဟေ့လို့ ဒီလို သုံးတတ်တယ်။

တကယ်တော့ သဒ္ဓါတရား ကောင်းတယ်ဆိုတာ ‘ဘုရား တရား သံဃာတွေရဲ့ အပေါ်မှာ မှန်ကန်တဲ့ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်’ကို သဒ္ဓါတရားကောင်းတယ်လို့ ခေါ်တာ။
အဲဒီ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်ဟာ အလှူအတန်းလည်းပဲ လက်မနှေးဘူး။ ဒါကြောင့် ရက်ရောတဲ့ ပုဂ္ဂိုလ်ကိုလည်း သဒ္ဓါတရားကောင်းတယ်လို့ မြန်မာစကားမှာ သုံးတာ။


သမ္မာဒိဋ္ဌိ

ဘုရား တရား သံဃာကို ယုံကြည်လာပြီဆိုတော့ အဲဒီ သဒ္ဓါတရားတွေကို အကြောင်းပြုပြီး ကိုယ့်မှာ မှန်ကန်တဲ့ အယူတွေ ဖြစ်လာတယ်။

ဘုရားနဲ့ ပတ်သက်ပြီးတော့ ဘုရားဟာ တကယ် ရှိတယ်။
အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

တရားဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်။

သံဃာ့ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်။

အဲဒီ ဘုရား တရား သံဃာကို ယုံကြည်တဲ့အတွက် မှန်ကန်တဲ့ အယူအဆတွေလည်း ကိုယ့်မှာ ရလာတယ်။
အဲဒါ သမ္မာဒိဋ္ဌိပေါ့။

အဲဒီလို ဖြစ်တဲ့ စိတ်ကို သရဏဂုံယူခြင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းကို အတိအကျ ပြောစမ်းပါဆိုရင် ဘုရား တရား သံဃာကို ကိုးကွယ်နေတယ်၊ အာရုံပြုပြီးတော့ ယုံကြည်တဲ့ စိတ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ခေါင်းထဲမှာ …. ဘုန်းကြီးတွေကတော့ ခေါင်းထဲမှာလို့ မသုံးဘူး။ နှလုံးထဲမှာလို့ သုံးတယ်။ …. နှလုံးထဲမှာ ဖြစ်တယ်။
အဲဒီစိတ်ကလေး ဖြစ်တာကို သရဏဂုံယူတယ်လို့ ခေါ်တယ်။

သရဏဂုံယူရင်လည်း ဒီစိတ် တကယ် ဖြစ်တယ်။


နားလည်မှုပါမှ သရဏဂုံ စစ်

ဒါဖြင့် မင်းတို့ ခုနက သရဏဂုံယူခဲ့ကြတယ် ….. ဟုတ်ရဲ့လား?
သရဏဂုံ တည်ခဲ့ကြတာ ဟုတ်ရဲ့လား?
ဖြေရ … ခက်နေပြီ။

ဒါပေမယ့် ငါတို့ … ဘုရား တရား သံဃာကို ကိုးကွယ်နေတယ် … ရှိခိုးနေတယ်လို့ အသိလေးတော့ ရှိနေမှာပေါ့။
အေး … ဒီကနေ့က စပြီး မင်းတို့ သရဏဂုံ အစစ်ရပြီ … မှတ်ထားပါ။

သရဏဂုံယူတဲ့အခါ နားလည်မှု ရှိပါမှ သရဏဂုံ အစစ် ရတယ်။

‘သိတဲ့စိတ် မပါဘဲနဲ့ ရွတ်တာ’၊ ‘ကိုယ့်အစား သူများက ယူပေးတာ’၊ သရဏဂုံအစစ် မရဘူးတဲ့။

မြတ်စွာဘုရားလက်ထက်တော်က ဗောဓိမင်းသားဆိုတာ ရှိတယ်။ ဒီမင်းသား သူ့အမေဝမ်းမှာ ကိုယ်ဝန်ရှိတဲ့အခါ သူ့အမေက မြတ်စွာဘုရားထံ သွားပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ ယခု တပည့်တော်မမှာ ကိုယ်ဝန် ရှိနေပါတယ်။ ယောက်ျားလေးဖြစ်လား၊ မိန်းကလေးဖြစ်လား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒီကလေးဟာ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ အသိအမှတ်ပြုပါတယ်ဘုရား”လို့ လျှောက်တယ်။

မွေးလာပြီးတဲ့နောက် ကလေးဘဝမှာပဲ မသိတတ်သေးတဲ့အရွယ်မှာ အထိန်းတော်က မြတ်စွာဘုရားဆီ ခေါ်သွားပြီးတော့ လျှောက်ပြန်တယ်။ ဒီကလေးဟာ အရှင်ဘုရားကို ကိုးကွယ်ပါတယ်၊ ဆည်းကပ်ပါတယ်။

တစ်နေ့မှာ မြတ်စွာဘုရား သူ့ဆီကြွလာပြီးတော့ တရားဟောတယ်။
တရားဆုံးတော့ မြတ်စွာဘုရားကို သူ သဘောကျတယ်။ သူ့သူငယ်ချင်းကလည်း အနီးအနားမှာ ရှိနေတော့ ပြောတယ်။
မင်းက ဘုရားကိုတော့ ချီးမွမ်းနေတယ်။ ဒါပေမယ့် သရဏဂုံလည်း မယူဘူးလို့ ပြောတယ်တဲ့။

ဒီတော့ သူက ပြန်ပြောတယ်။
ဟေ့ … ငါက အမေ့ဗိုက်ထဲမှာ နေကတည်းက သရဏဂုံ ယူခဲ့တာကွ။ ကလေးဘဝတုန်းကတည်းက သရဏဂုံ ယူခဲ့တာ။ မင်းပြောလို့ အခုလည်း ငါ ထပ်ယူပါတယ်လို့ ပြောတယ်။

အဲဒီမှာ အဋ္ဌကထာက ဖွင့်တယ်။
ဟိုတုန်းက ဗိုက်ထဲမှာ သရဏဂုံယူတာ မရဘူးလို့ ပြောတယ်။
သရဏဂုံဆိုတာ စိတ်အသိဉာဏ် ပါမှ ရတယ်။

ကလေးဘဝက ယူတာလည်း မရဘူးတဲ့။

သို့သော် သူသိတတ်တဲ့ အရွယ်ရောက်တဲ့အခါ အမေက ပြောတယ် ဆိုပါတော့။ ငါ မင်းကို ကိုယ်ဝန်ရှိတုန်းက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။ အထိန်းတော်ကလည်း ပြောတယ်။ မင်းကလေးဖြစ်စဉ်တုန်းက ငါက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။
သြော် … ဟုတ်ပေသားပဲလို့ သူက အသိအမှတ် ပြုလိုက်ရင် သရဏဂုံ ရမယ်။
ဒီလိုမှ မဟုတ်ရင် သရဏဂုံ မရဘူးတဲ့။

ဒါကြောင့် ငါတို့ မြန်မာလူမျိုးတွေ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ဆိုနေရင် အဲဒီ အသိလေး ပါနေစေချင်တယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ”ကတော့ နေ့တိုင်းလောက် ဆိုနေမယ် ထင်တယ်နော်။

ဒီနေ့က စပြီး အဲဒီ အသိကလေးပါနေရင် နေ့တိုင်း သရဏဂုံ အပြည့်အဝ တည်နေပြီလို့ မှတ်ရမယ်။
ဒီမတိုင်ခင်ကဆိုရင် မင်းတို့ ရချင်မှ ရမယ်။ အတိအကျ မသိနိုင်ဘူး။

အေး … သရဏဂုံ-ကိုးကွယ်ရာလို့ ဆိုပြီး ဆည်းကပ်တာက ဘာလဲလို့ မေးရင်တော့ တိတိကျကျ ပြောရရင် ကိုးကွယ်တဲ့အခါ ခေါင်းထဲမှာ နှလုံးထဲမှာ ဖြစ်တဲ့ ကုသိုလ်စိတ်ကို ခေါ်တယ်။

မြတ်စွာဘုရားကို ကိုးကွယ်ပါတယ်လို့ ဆိုတဲ့အခါမှာ မင်းတို့ စိတ်ထဲမှာ မကောင်းတာတွေ ရှိသေးလား? လောဘတို့ ဒေါသတို့ ရှိသေးလား?

မရှိဘူး။ အဲဒီ အချိန်အခါမှာ လောဘ ဒေါသ အစရှိတဲ့ ကိလေသာတွေ ကင်းနေတယ်ပေါ့။
အဲဒီလို ကိလေသာတွေ ကင်းပြီးတော့ ဘုရားကို ကိုးကွယ်တဲ့ စိတ် မိမိသန္တာန်မှာ ဖြစ်နေတယ်။
အဲဒါကို သရဏဂုံလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ သိတယ်၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်တယ်။
အဲဒါကြောင့် ငါတို့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ မကောင်းမှုမှ တားမြစ်တယ်။ ကောင်းမှုကို တိုက်တွန်းပေးတတ်တယ်ဆိုတဲ့ အနေနဲ့ အသိအမှတ်ပြုတာကို ကိုးကွယ်တယ် ဆိုတယ်။


ကိုးကွယ်တယ်ဆိုတာ တရားကို ကျင့်တာ

တို့ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာဟာ ဟောကြားရုံပဲ ရှိတယ်။
ကိုယ် ကိုယ်တိုင်က ကျင့်ရတယ်။

မြတ်စွာဘုရား ကိုယ်တော်တိုင်က ပြောထားတယ်။ ငါကိုယ်တိုင် ဒီတရားကို သိပြီးလို့ ခုမင်းတို့ကို ဟောတာ။ အခု မင်းတို့က ကိုယ့်ဟာကိုယ် ဝီရိယစိုက်ပြီး ကျင့်ရမယ်တဲ့။

တို့ ဘုရားဆိုတာ ဟောကြားရုံပဲ ဟောကြားနိုင်တယ်။ ဆိုလိုတာကတော့ ‘ရော့ မင်းတို့အတွက် နိဗ္ဗာန်’လို့ မပေးနိုင်ဘူး။
သွားတောင်းလည်း အလကားပဲ။

ဘုရားဆီမှာ နိဗ္ဗာန်ကို တောင်းလို့ ဘုရားကလည်း ပေးနိုင်တာမှ မဟုတ်တာ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ကျင့်ရမယ်။ ကိုယ်ကိုယ်တိုင် ကောင်းတာလုပ်ရင် အဲဒီ ကောင်းတဲ့အကျိုးကို ကိုယ်ကိုယ်တိုင် ရမယ်။ ကိုယ် မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ကိုယ်ပဲ ရမယ်။ သူများက ကိုယ့်အတွက် တာဝန်ခံတာမျိုး မရှိဘူး။

ဘုရားကို ကိုးကွယ်ပါ၏။
တရားကို ကိုးကွယ်ပါ၏။
သံဃာကို ကိုးကွယ်ပါ၏လို့ ဘယ်လောက် ဆိုနေ ဆိုနေ၊ မကျင့်ရင် မရဘူး။

တစ်ဖက်မှာ ကိုယ်တိုင် ကျင့်မှ ရတယ်ဆိုတဲ့ စကား ရှိတယ်။
ဒီဘက်ကျတော့ တို့က ဘုရားကို ကိုးကွယ်နေတယ်၊ အားထားနေတယ်ဆိုတော့ အဓိပ္ပာယ်ရှိရဲ့လား။
ဘုရားကို အားကိုးတယ်ဆိုတာ ကျောင်းသားက ဆရာကို အားကိုးနည်းမျိုး အားကိုးတာ။ ကျောင်းမှာ ဆရာက ကျောင်းသားအတွက် စာမကျက်ပေးနိုင်ဘူး၊ သင်ပြပေးတယ်။
မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို ကျင့်ကြလို့ပဲ ညွှန်ပြပေးနိုင်တယ်။ မင်းတို့ သွားကစားနေကွာ၊ မင်းတို့အတွက် ငါကျက်ထားပေးမယ်၊ ဒီလို လုပ်လို့ မရဘူး။

အဲဒီလိုပဲ မြတ်စွာဘုရားက မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို နေကြ၊ ဘယ်လို တရားကျင့်ကြ၊ အဲဒီလို လေ့ကျင့်ပေးတယ်။ ဟောကြားပေးတယ်။ အဲဒီလိုသာ လုပ်ပေးနိုင်တယ်။

ဒါကြောင့် ဘုရား တရား သံဃာ ကိုးကွယ်တယ်ဆိုတာ မြတ်စွာဘုရားကို လမ်းကောင်း လမ်းမှန် ညွှန်ပြပေးနိုင်တဲ့ ဆရာအဖြစ် အသိအမှတ် ပြုတယ်၊ အားထားတယ်။ တရားကိုလည်း ဆရာအဖြစ် အသိအမှတ် ပြုတယ်။ အဲဒါကိုပဲ ကိုးကွယ်တယ်လို့ ဆိုတာ။
ကိုးကွယ်တယ်ဆိုတာ ကလေးက အမေကို အားကိုးတာမျိုး မဟုတ်ဘူး။ ငါကိုးကွယ်ရင် ပြီးရော၊ ကျန်တာတွေ ဘုရားက အကုန်လုံး လုပ်ပေးလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက်နဲ့ အားကိုးတာလည်း မဟုတ်ဘူး။ အဲဒါကို နားလည်ပါ။


ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှ

ကွန်နက်ရှင်ကြီး စိတ်ကောက်နေလို့ အပိုင်း (၂) ကို နောက်ရက်များမှာ ..ဖတ်ရှကြပါရှင်


အားလုံးကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်

တလွဲဆံပင်ကောင်းကြသော ဗုဒ္ဓ ဘာသာဝင်များ

ဗုဒ္ဓဘာသာဝင်များဟာဘုရားကျောင်း၊ကန်၊ဇရက် ဒါကာ ဒါကာမ အဖြစ်အရမ်းကိုရပ်တည်လို့ကြပါတယ်
ဘုရား၊ကျောင်း၊ကန်၊ဇရက် ဒါကာ ဒါကာမ ဖြစ်ဖို့ဆိုရင် သိန်း ၁၀၀ လုတန်းဖို့ဝန်မလေးကြပါဘူး
ဒါကောင်းသောအလုပ်ပါ။ ။
ဒါပေမဲ့ရှိပြီးသားဘုရား၊ကျောင်း၊ကန်၊ဇရက် နာမည်ကြီးသောဆရာတော်များထံမှာသာလုးဒ်ါန်းပါတယ်
ကျနော်ပြောချင်တာက ယခုအချိန်မှာ ဗုဒ္ဓ ဘာသာဝင်းများဟာအမြင် ကြယ်ဝင်းသင့်ပါပြီး
ရဟန်းတော်များ သီလှရှင်များဟာ အနယ်နယ်အရပ်ရပ်မှာ ပရဟိတ မိဘမဲ့ဂေဟာများ စာသင်တိုက်များ ဗုဒ္ဓ စာပေပိုချသော နွမ်းပါသောဆရာတော်များ ဆပ်ကပ်လူးဒါန်သင့်ပါတယ် ။
၊ ထိုကျောင်းများမှာ အလူငွေလူဒါန်းသူနည်းပါးလှသဖြင့် ကလေးသူငယ်များမ၀ရေစာ စားသုံးနေကြရပါတယ် ရှိပြီးသားဘုရား၊ကျောင်း၊ကန်၊ဇရက် ဆရာတော်များထံတွင် ထက်ကာလူဒါန်နေကြမည်အစား ထိုကဲ့သို့ လိုအပ်သောနေရာများတွင် လူဒါန်သင့်ပါသည် ။ ။ ဘာလို့လဲဆိုတော့ ဘာသာချားများဟာ သူတိုဘာသာအတွက် ၀န်ခြံကြယ်ကြီးများတွင် ကားဝက်ရှာ့များ ကားဘော်ဒီးရုံကြီးများတည်ဆောက်ကြပြီး ရာပေါင်းများစွာသော ဗုဒ္ဓ ဘာသာဝင်ကလေများကို ထမင်ကျွှေး အသက်မွှေးဝမ်ကြောင်းသင်ပေနေတဲ့ အပြင် လစာပါပေးနေသောကြောင့် ရာပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်ကလေများဟာ တဖွဲ့ဖွဲ့ ၀င်ရောက်လာပြီး
နောက်ဆုံတော့ သူတိုဘာသာဝင်များအဖြစ်သွတ်သွင်ချင်ခံလိုက်ရပါတော့တယ် ၊
ဘုရား၊ကျောင်း၊ကန်၊ဇရက် များ များပြားလာသည်နှင့်အမျှ ဗုဒ္ဓ ဘာသာဝင်များနည်းပါလာသည်ကို သတိပြုသင့်လှပေ၏ ဒါကြောင့် ကျနော်ပြောချင်တာက ဗုဒ္ဓ ဘာသာဝင်များဟာဒီအတိုင်ဆက်သွားမယ် ဆိုရင် ဗုဒ္ဓ ဘာသာဟာ နောင်နှစ်အနည်းငယ် အတွင်းမှာ ကျောင်းကန်ဇရက် တို့သာတည်ရှိပြီး ဗုဒ္ဓ ဘာသာဝင်များဟာ မရှိသလောက်ကို နည်းပါးသွားပြီး ပြောက်ဆုံးသွားမှာပါ ။ ။
ဒါကြောင့် အလူဒါန တွင် အသိနှင့် သတိရှင်ပြီး အမှန်တကယ် လိုအပ်သောနေရာများတွင် လူဒါန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်

မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင်။

တစ်ခါက အလွန့်အလွန် နာမည်ကြီးတဲ့ ကျမ်းပြု ဆရာတော် တစ်ပါးက တရားဟောရင်း
စကားတစ်ခွန်း ထည့်ပြော သွားပါတယ်။
“မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အာဖရိကနိုင်ငံတွေနဲ့ သူမသာ ကိုယ်မသာဖြစ်မှာပဲ” ဆိုတဲ့ စကားလေ။

ဒါကိုတော့ ခင်ဗျားတို့ သေချာပေါက်ကြားဖူးတယ်။
ရဲလေးနဲ့ ကြက်ဖတို့ဆိုထားတဲ့သီချင်းကို တရားလုပ်ဆိုထားတာ။
စကြားစတုန်းကတည်းက ကျွန်တော် ဒီပိုစ့်ကို ရေးမလို့ပါ။ ဒါပေမယ့်
ဒီတစ်ပုဒ်တည်းနဲ့ ပြီးမယ်လို့ ထင်ခဲ့လို့ပါ။ သိပ်မကြာပါဘူး။
ဂန္ထ၀င်ရည်းစာစာ ဆိုပြီး ထွက်လာပြန်ပါရော။ ဆိုတဲ့သူကလည်း မကြောက်။
နားထောင်တဲ့သူကလည်း မကြောက်။ ကျွန်တော်တို့ ဘုရားရှင်က သိက္ခာပုဒ်တွေကို
ပညတ်ခဲ့ရာမှာ လောကအပြစ်နဲ့ မလွတ်တဲ့ အပြစ်တွေကိုလည်း သိက္ခာပုဒ်အနေနဲ့
သတ်မှတ်ခဲ့ ပါတယ်။ ဒါတွေဟာ ဒီလိုလုပ်တာဟာ လောကအပြစ်ပါ။ ဘာသာခြားတွေ
ဟားတိုက်စရာ။ လှောင်ပြောင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ ကိုယ့်ဘာသာတရားကို
ကပျက်ကချော်လုပ်ရဲတယ်။ ဒီဘာသာဟာ နဂိုရ်ကတည်းက ဘာမှအဓိပ္ပါယ်မရှိ
ဖွဲ့စည်းထားတဲ့ ဘာသာဖြစ်မှာပါပဲလို့ ထင်မြင်သွားစရာဖြစ်ပါတယ်။

အဲဒီသီချင်းတွေက တရားဝင်ဖြန့်တာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။
ဒါပေမယ် တရားဝင်ထွက်လာတဲ့ ခွေက မေတ္တာပို့ ကိုဒီဂျေပွတ်တာပါ။
ရင်နာစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာကသာ ဗုဒ္ဓဘာသာကို ပြန်ဖျက်ဆီး လိုက်ကြပါပြီ။
မာတာပိတု အာစရိယ
ဉာတိမိတ္တသမူဟာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု စတာတွကို
ဒီဂျေပွတ်ပစ်တာပါ။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း။ ဆရာသည်လည်းကောင်း၊
ဆွေမျိုးသည်လည်းကောင်း၊ မိတ်ဆွေသည်လည်းကောင်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဘေးရန်ကင်းပါစေ ဆိုတာကို ခင်ဗျားတို့ ကလို့ရတယ်ပေါ့။
ခပ်မှိန်မှိန်အပြာရောင်မီးအောက်မှာူးမူးရူးရူးတစ်ယောက်ကို တစ်ယောက် လူမှန်းမသိအောင်မူးရင်း ဖက်နမ်းပြီး ကရဲကြတယ်ပေါ့။ အဲဒီသီချင်းကို အနုပညာ
လို့ ခေါ်ရဲတယ်ပေါ့။ အဲဒီပညာတွေကို။ ခေတ်မီတယ်ပေါ့။ ဗုဒ္ဓဘာသာကို
ပြန်ဖျက်ဆီးကြတာ ပျော်စရာကောင်းတယ်ပေါ့။ မစိုးရိမ်ဆရာတော်ဘုရားကြီး
ပြောလေ့ရှိတဲ့ စကားက “မင်းတို့က မတောက်တခေါက် အတွေးအခေါ်တွေနဲ့ ဖင်ခေါင်းက
သိပ်ကျယ်ချင်ကြတာ” လို့ ကျွန်တော် ပြန်ပြောရင်တောင် ကျွန်တော်က
ယဉ်ကျေးပါသေးတယ်။ ခင်ဗျားတို့က မအေကိုင်တုတ်မှ ရိုင်းတယ်လို့
ထင်နေကြတာပေါ့။ မြန်မာနိုင်ငံက အနုပညာရှင်တွေ သူတို့ကိုသူတို့
အနုပညာရှင်လို့ ပြန်ခေါ်ရဲတာ အံ့တယ်။

သီချင်းတစ်ပုဒ်က “ဘုန်းကြီးဝတ်သွား” တဲ့။ ဟုတ်လား။ ဆိုစရာ ရှားနေရင်
သူတောင်းစားလုပ်စားလို့ ရတယ်။ မြန်မာတွေ ထွင်ထားတဲ့ စကားပုံတစ်ပုံရှိတယ်။
“ထမင်းငတ်လို့ မသေပါဘူး” တဲ့။ အရေးထဲ မန္တလေးသင်္ကြန်မှာ ချစ်သုဝေက
ပြောသွားသေးတယ်။ “ကိုယ်တော်တွေ ရရင် လိုက်ဆိုလို့ရတယ်” တဲ့။
စန္ဒီမြင့်လွင်က “အများကြီးပဲ ကိုယ်တော်တွေ” တဲ့။ အများကြီးပဲ အဆိုတော်တွေ
ပြောသွားတဲ့ စကားတွေ။ မြန်မာနိုင်ငံမှာ ရဟန်းပေါင်း ငါးသိန်းကျော်တယ်။
မဟုတ်တာလုပ်နေတဲ့ ကိုယ်တော်တွေ တစ်သောင်း မပြည့်ပါဘူး။ စာသင်နေတဲ့
စာချနေတဲ့ တရားထိုင်နေတဲ့ ကိုယ်တော်တွေကို လိုက်မကြည့်ဘဲ ပုထုဇန်သဘာဝအရ
မရင့်ကျက်သေးတဲ့ ကိုယ်တော်တွေကို လိုက်ကြည့်ပြီး အပြစ်ပြောချင်နေတယ်။
ဆိုစရာသီချင်းမရှိရင် ကျွန်တော့်ဆီလာခဲ့ပါ။ ကျွန်တော်ရေးပေးမယ်။
ဘုန်းကြီးဝတ်သွားဆိုတဲ့ စာသားကို မြန်မာ့ဂီတအစည်းအရုံးကလည်း
ထုတ်ခွင့်ပေးတာ အံ့ပါတယ်။ ဆင်ပေါက်ထက် ဂျောက်ဂျက်ကမှ ယဉ်ကျေးပါသေးတယ်။

ဒီသီချင်းတွေကို ကျွန်တော့်ထက် မိတ်ဆွေတို့ ပိုကြားဖူးမှာပါ။

အထက်ပါ ကျမ်းပြုဆရာတော်ဟာ အထက်ပါစကားကို ပြောသွားခဲ့တာ နှစ်ပေါင်း
ငါးဆယ်ကျော်သွားပါပြီ။ ဆရာတော်ဘုရား သိပ်မှန်တယ်။ “မြန်မာနိုင်ငံကို
ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အာဖရိကနိုင်ငံနဲ့ သူမသာကိုယ်မသာဖြစ်နေမှာပဲ”

ကျွန်တော်ဒီပိုစ့်ကို ဆွမ်းဆန်ထဲ ကြက်ချေးရောသည်ဟု သတ်မှတ်သော်လည်း
အကြာကြီးထိုင်ပြီး အစော်ကား မခံနိုင်တော့သဖြင့် တင်လိုက်ခြင်းဖြစ်ပါသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်

ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင် ဖြစ်ပါ၏ ။

လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်၏ ။

ထို့ကြောင့်လည်း စလင်းကန်လယ်ဆရာတော်ဘုရားကြီးက……

" အိုလူများတို့ ၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ ၀မ်းနည်းစရာရှိသလဲ ၊ ယခုအခါ ဓမ္မက္ခန္ဓာ ဘုရားတွေအများကြီး ရှိသေး၏ ။ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီးနစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည် ။ သို့အတွက် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကိုမေးရန် မလိုပါ ။ ရှင်ဘုရင်သားဖြစ်ပြီးအိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလိုပါ ။မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီးပျားဖွတ်ရန်မလို ၊ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော် ၊ ကံပါရမီချဖွယ်မလို ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော်ရေ၌အပြစ်ဆိုဖွယ်ရာမလို ၊ မိမိကသာဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏ ။ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့ ။ "

..... ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည် ။

မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀မှ အနှစ်သာရထုတ်ခြင်းတစ်ခုပင် ဖြစ်၏ ။ ထိုကဲ့သို့ အနှစ်သာရထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး ၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရန်လိုအပ်ပါသည်

Activists to attempt elections uprising


An activist network will attempt to spark a mass uprising against military rule in Burma on Sunday, the day of the country’s first elections in two decades, DVB has learned.

Moethee Zun, one of the leaders of the 1988 student uprising which was brutally put down by the army, said the People Action Committee (PAC) believed it could succeed where the ‘88 demonstrators failed. “We have no guns or bullets… but we have enough determination to end the dictatorship and restore democracy,” said Moethee Zun, one of the PAC’s seven leading members.

Sunday’s elections will not be free and free and will merely perpetuate the military regime’s rule, said the long-time activist and former deputy chairman of the influential All Burma Students’ Democratic Front (ABSDF). “Major parties such as the National League for Democracy and ethnic ceasefire groups have been purged from the political process… they are being besmirched by the regime’s propaganda machine.”

“Only the USDP [Union Solidarity and Development Party] is campaigning freely, using threats, bribes and violence,” he said. He accused the military of blocking the activities of democratic parties, preventing them from meeting in public and denying them the freedom to promote their policies in the media.

The PAC has a central committee of around 50 members, including ‘88 activists, MPs elected in the 1990 elections and ethnic leaders inside the country, said Moethee Zun. Each committee member has a network of activists within Burma ready to disrupt the polls, he said. The network would distribute leaflets and posters, make speeches, shout slogans, and attempt to start marches in crowded areas, he said.

The PAC has already started its activities. On Wednesday its members gave out leaflets in the Yuzana Plaza shopping mall. Tomorrow activists will campaign in 20 townships in Upper Burma, giving out t-shirts, urging the public not to support the election and demanding the release of political prisoners including Aung San Suu Kyi. Asked whether Suu Kyi would join the government if the uprising succeeded, Moethee Zun said his group had not held discussions with her.

But political analyst Aung Naing Oo, himself a former member of the ABSDF, was sceptical the group would succeed in its goals. “Democracy is a process…. Even if the opposition groups are able to kick out the military, democracy won’t come to Burma overnight,” he said.

In fact, the PAC was putting lives at risk by inviting a violent crackdown by the army, he said. “I have argued with opposition groups, especially people like Moethee Zun… that he is sending people to their deaths… They [the military] didn’t even spare the country’s most revered institution, the monks,” he said, referring to the 2007 Saffron Revolution, when the military brutally suppressed a mass uprising by Burma’s Buddhist clergy.

Asked if the PAC risked provoking violence in Burma, Moethee Zun’s reply was simple. “We are expecting that response,” he said. “We have no choice.”

Source: http://www.dvb.no/elections/activists-to-attempt-elections-uprising/12577

Wednesday, 3 November 2010

မန္တလေးမြို့မှ အိမ်တချို့ကို ထူးကုမ္ပဏီ သိမ်းပိုက်


ပြောင်းရွှေ့ပေးခဲ့ရသော မြေနေရာ

မန္တလေးခရိုင် ချမ်းအေးသာဇံမြို့နယ် ၆၇ လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား အထက(၁၆) အနီးရှိ အိမ်ခြေ ၂၀ ခန့်ကို ဒေသအာဏာပိုင်များက အဓမ္မပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရသည်။

"ကျနော့် မိတ်ဆွေအိမ်လည်းပါသွားတယ်။ ပြီးခဲ့တဲ့လ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီး ပြောင်းခိုင်းလိုက်တာ။ ဦးတေဇပိုင် ထူးကုမ္ပဏီက အဲဒီနေရာကို ယူသွားတာပါ။ ဘာလုပ်မယ်ဆိုတာတော့ မသိရသေးဘူး"ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ဖယ်ရှားပေးခဲ့ရသော အိမ်များသည် ဂရမ်အမည်ပေါက်ရှိပြီး အိမ်များဖြစ်ကာ ၊ ပြောင်းရွှေ့ပေးရခြင်းအတွက် လျော်ကြေးတစုံတရာလည်း မရရှိခဲ့ကြောင်း မန္တလေးမြို့ခံက ဆိုသည်။

ပြီးခဲ့သည့်လပိုင်းများအတွင်းကလည်း ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ ဒေသခံများ ပိုင်ဆိုင်သော လယ်ယာမြေများကို ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက လျော်ကြေးတစုံတရာ မပေးဘဲ သိမ်းပိုက်ခဲ့သဖြင့် ဒေသခံများက ကချင်ပြည်နယ်တရားရုံးတွင် အမှုစွဲဆိုထားသည်။

ချမ်းအေးသာဇံမြို့နယ်ရှိ အိမ်များ ပြောင်းရွှေ့ခံရမှုနှင့်စပ်လျဉ်း၍ သတင်းအပြည့်အစုံကို ဧရာဝတီက ဆက်လက်ဖော်ပြပေးသွားပါမည်။

ပြည်ထောင်စုကြီးမှ တိုင်းရင်းသားများ အမှန်တကယ် ခွဲထွက်ကြမည်လား...

Attach File ဖြင့် ပေးပို့ထားပါသည်။
http://www.irrawaddyblog.com/2010/11/blog-post_8963.html

လူမဆန်မှုသတင်း

/ 11/01/2010 05:20:00 PM /
30-10-2010 နေ့တွင် ကလေဆိုးခီးမှာရှိသော နအဖစစ်သားများသည် ရွာသူ/သား (၁၀)ယောက်ကို ကလေဆိုးခီးမှ မုဒေးရွာအထိ ကားလမ်းမတစ်လျှောက်ကို အတင်း အဓမ္မ ခုတ်ထွင်ရှင်းလင်းစေခဲ့သည်။

၇-၁၀-၂၀၁၀ နေ့တွင် နအဖစစ်တပ် ခလရ(၆၀)မှ တပ်ရင်းမှူးသည် ပါ့တလာ့၊ ၀ါးလတော၊ နို့ဂေါ်၊ အင်းနက်ကျေးရွာရှိ စပါးကြိတ်စက်(ဟာလာ)စက်ပိုင်ရှင်တစ်ဦးလျှင်
(5000)ကျပ်ကောက်ခံပြီး၊ စပါးကြိတ်စက်(၁၀)လုံးစာအတွက် (50000)ကျပ်ကို အတင်းအကြပ် ကောက်ခံခဲ့သည်။

တစ်ဆက်တည်းမှာပင် ရန်သူခလရ(၆၀)သည်၎င်းဒေသရှိ ရွာသူရွာသားများကို ကင်းစောင့်ရန်အတွက် လယ်တဲတစ်လုံးကိုလည်း ဆောက်ခိုင်းပြန်ပါသည်။

ထို့ပြင် နံ့သာကွင်းရှိကျေးရွာအုပ်စု(4)စု၊ ကျောက်ကြီးမှကျေးရွာအုပ်စု(4)စု၊ မူးကဝေါ်ရှိ ကျေးရွာအုပ်စု(4)စု၊ စုစုပေါင်းကျေးရွာအုပ်စု(12)စုကို ၊ အိမ်ထောင်တစ်စုလျှင် (12000) ကျပ်ဖြင့် စုစုပေါင်းငွေ (14400000)ကျပ်ကို 30-10-2010 နေ့အရောက် ပို့ပေးရမည်ဟု ညွန်ကြားကောက်ခံခဲ့ပါသည်။

17-10-2010နေ့တွင် နအဖ၏ စကခ(၆)လက်အောက်ခံ ဖြစ်သော ထဲထူ့ကျေးရွာရှိ ခမ၇(၅၆၇)စစ်ကြောင်းသည် မိမိတို့စစ်စခန်းကို လုံခြုံစိတ်ချသည့်အထိ ပြင်ဆင်နေဆဲမှာပင် စယဖ တပ်ကြပ်ကြီးမျိုးမင်းဦးသည် အပြစ်မရှိအပြစ်ရှာကာ ကိုမော်ခိုနှင့် ကိုတင်အောင်မိုးအား ပဒဲကောရွာတွင်နေစဉ် KNU နှင့် ဆက်သွယ်ခဲ့သည်ဟု စွပ်စွဲအရေးယူပြီး အတင်းအဓမ္မ ဒဏ်ငွေအဖြစ် (1000000)ကျပ် ဆောင်ခိုင်းသော်လည်း ၄င်းတို့က (500000)ကျပ်သာ ပေးဆာင်ခဲ့သည်။

ထို့ပြင် ထို့နေ့မှာပင် ရန်သူ နအဖစစ်တပ်သည် မူသယ်ရွာရှိ အမျိုးသမီး(၂၆)ယောက်နှင့် အမျိုးသား(၅၀)ယောက်ကို ကားလမ်းမကြီး၏ ဘေးဘီဝဲယာ ကိုက်(၅၀)ပတ်လည်ကို ခုတ်ထွင် ရှင်းလင်းစေခဲ့သည်။

http://vansangva.com/vansangva-library/#6

မဲမပေးရေး စာများ ရဲက လိုက်သိမ်း

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် သိန်းဇော် သတင်း - မဇ္ဈိမသတင်းဌာန
ရွေးကောက်ပွဲ မဲမပေးရေး လှုံ့ဆော်သော လက်ကမ်း စာစောင်များအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရန်ကုန်တိုင်း တောင်ဒဂုံမြို့၌ ယနေ့နံနက် ဖြန့်ဝေခဲ့ရာ ရဲက သိမ်းဆည်းကြောင်း လှုံ့ဆော်သူများက ပြောသည်။

’’စာရွက်တွေကို ပြည်သူတွေက တောင်းတဲ့အခါ ပေးတယ်။ ဖြန့်တဲ့စာရွက်တွေကို ရဲတွေက လိုက်သိမ်းတယ်။ ဒီနေ့ ဖြစ်တဲ့နေရာတွေ ကတော့ တောင်ဒဂုံ ၂ဝ ရပ်ကွက်၊ နောက် ဘုန်းကြီးကျောင်းကွေ့မှာ တခါ။ စုစုပေါင်း တောင်ဒဂုံမှာ နှစ်ခါ ဖြစ်တယ်’’ ဟု တောင်ဒဂုံ NLD လူငယ်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ကိုညီညီက မဇ္ဈိမကို ပြောသည်။

တောင်ဒဂုံ ရဲစခန်းမှရဲများ၊ မြို့နယ်ကောင်စီဝင် စုစုပေါင်း ၄ဝ ကျော်က စာဖြန့်သူ တောင်ဒဂုံ NLD လူငယ် ၃ဝ ခန့်နောက်မှ လိုက်ပါလာကာ လက်ခံရယူသူများထံမှ ပြန်လည်သိမ်းခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ A4 side ၃ ခေါက်ချိုးအရွယ် လက်ကမ်းစာစောင်တွင် ရှေ့စာမျက်နှာ၌ ’’ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး’’ ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

အတွင်းစာမျက်နှာ၌ ’’အတင်းအကျပ် ခြိမ်းခြောက်မဲပေးခိုင်းသူသည်သာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျုးလွန်သူ ဖြစ်သည်’’ ဟု စာပိုဒ်ငယ်ဖြင့် ဖော်ပြထားသည်။

တားဆီးမှုများ ကြုံတွေ့ရသော်လည်း နောက်ရက်များတွင် ၎င်းတို့၏ လှုံ့ဆော်စာ ဖြန့်ဝေမှုကို ဆက်လက်ပြုလုပ်မည်ဟု တောင်ဒဂုံ လူငယ်များက ဆိုသည်။

တောင်ဒဂုံကဲ့သို့ပင် စမ်းချောင်းမြို့နယ်၌လည်း မဲမပေးရေး လှုပ်ရှားမှုကို NLD လူငယ်များက ပြုလုပ်ခဲ့ရာ ရဲက တားဆီးခဲ့သေးသည်။

’’ရဲက မလုပ်ရဘူး တားထားလို့ အိမ်တအိမ်မှာ ဝင်နေတယ်တဲ့။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ကြားတယ်။ NLD လူငယ်တွေ ပါတယ်၊ အပြင်က လူငယ်တွေလည်း ပါတယ်’’ ဟု NLD ဗဟို သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးဟန်သာမြင့်က ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ တနာရီခွဲတွင် မဇ္ဈိမကို ပြောသည်။

ယခုလ ၂၇ ရက်နေ့တွင် လှိုင်သာယာမြို့နယ် မီးခွက်ဈေးလမ်းဆုံ၌ ဒေါ်စုပုံပါ တီရှပ်များ ဝတ်ဆင်ပြီး မဲမပေးရေး စာရွက်ဝေနေစဉ် NLD မြို့နယ်စည်းမှ ဦးချစ်လွင်ကို ၅ ထိပ် ရဲစခန်း၌ မြို့နယ် ရဲသတင်းတပ်ဖွဲနှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးက ခေါ်ယူမေးမြန်းခဲ့သေးသည်။

“ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်တာလားဆိုပြီး ပြောတယ်။ ပြီးတော့ ခင်ဗျားကို ဘာလုပ်လို့ ရတယ်၊ ညာလုပ်လို့ ရတယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ ပြန်ပြောပြလို့ သိရတယ်” ဟု လှိုင်သာသာမြို့နယ် မြို့နယ်စည်း အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

၂၇ ရက်နေ့၌ပင် လှိုင်သာယာမြို့ ၁၉ ရပ်ကွက်အတွင်း NLD လူငယ်အဖွဲ့ဝင် ကိုထွေးမောင်က ရပ်ကွက်အတွင်း မဲမပေးရေး စာရွက်များ လိုက်ဝေစဉ် စည်းရုံးရေးဆင်းနေသည့် ကြံ့ခိုင်ရေး ပါတီဝင်စုများက တားမြစ်မှုများ ပြုခဲ့သေးသည်။

http://kanyawpo.blogspot.com/2010/11/blog-post_01.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+KaNyawPo+%28Ka+Nyaw+Po%29

ကြိုတင်မဲ ထည့်မည့် အစိုးရ၀န်ထမ်းတွေ အကြပ်ရိုက်

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် ခိုနူမ်းထုန်သတင်း သတင်း - ခိုနူမ်းထုန် သတင်းဌာန
ရွေးကောက်ပွဲတွင် ကြိုတင်မဲ ပေးရမည့် အစိုးရ၀န်ထမ်းများ ကိုယ်ကြိုက်သည့် ပါတီကို မဲမထည့်ရဲတော့ကြောင်း ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ် မြို့သစ်ရှိ အစိုးရ၀န်ထမ်း တဦးက ပြောသည်။

“လှို့ဝှက်မဲ မဟုတ်တော့ဘူး၊ မည်သူက ဘယ်ပါတီကို ထည့်တယ် ဆိုတာ မဲရုံးတာဝန်ကျတွေက သိထားရမယ်လေ” ဟု ဒေသခံ တဦးက ပြောသည်။

ရွေးကောက်ပွဲ ကာလအတွင်း မဲရုံစောင့်အဖြစ် နယ်များတွင် တာဝန်ပေးခံကြရသည့် မြို့ပေါ်မှ အစိုးရ၀န်ထမ်းများသည် နယ်မဆင်းခင် ကြိုတင်မဲပေးရမည် ဖြစ်ပြီး ယင်း ကြိုတင် မဲပေးရာတွင် ကိုယ်ထည့်ချင်သည့် ပါတီကို နှုတ်ဖြင့် ပြောရမှာ ဖြစ်သော ကြောင့် ယခုကဲ့သို့ အကြပ်ရိုက်နေကြခြင်း ဖြစ်သည်။

“ကျတော်တို့က နယ်မှာ တာဝန်ကျမယ်ဆိုတော့ နယ်မဆင်းခင် ကြိုတင်မဲ ထည့်ရမယ်၊ မဲပြားက မရောက်သေးဘူး၊ ဘယ်ပါတီကို မဲထည့်မည် ဆိုတာကို နှုတ်ဖြင့် ပြောသွားကြမှာ၊ အဲဒါကို သက်ဆိုင်ရာက မဲပြားမှာ ခြစ်ပေးမှာ ဖြစ်တယ်” ဟု အဆိုပါ ၀န်ထမ်းက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်သည် မဲပုံး၊ ကြိုတင်မဲပေးစာရင်းများကိုသာ နယ်သို့ ပို့နိုင်သေးကြောင်း မဲပြားများ ယခုထိ နယ်စွန်နယ်ဖျားသို့ မရောက်သေးကြောင်း သိရသည်။

“လူထုကတော့ အကြောင်း မဟုတ်ဘူး၊ ကျတော်တို့ ၀န်ထမ်းတွေက ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးဘို့ ခက်နေတယ်” ဟု ကျောင်းဆရာ တဦးက ပြောသည်။

အဆိုပါ ကြိတင်မဲ စာရင်းတွင် ကြိုတင်မဲ ပေးသူအမည်၊ အဘမည်၊ မှတ်ပုံတင် နံပါတ်ကိုသာ ရေးရမည် ဖြစ်သည်။

“အခုနေအတိုင်းဆိုယင် ကြိုတင်မဲ့ ထည့်မယ့် ၀န်ထမ်းတွေက ယူအက်စ်ဒီပီပါတီကိုပဲ ထည့်ချင်တယ်လို့ ပြောကြတော့မှဲာ” ဟု ရယက အဖွဲ့ဝင် တဦးက ပြောသည်။

အောက်တိုဘာ နောက်ဆုံးပတ်တွင် ရိဒ်ခေါ်ဒါရ်သို့ ယူအက်စ်ဒီပီပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့ စည်းရုံးဟောပြောကြရာတွင် ယူအက်စ်ဒီပီသို့ လူ ၃၀ ခန့်၊ ချင်းတိုးတက်ရေးပါတီသို့ လူ ၁၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။

http://burmese.bnionline.net/news/mizzima/5577-2010-11-01-08-54-18.html

သျှမ်း/မြောက် ရပ်မိရပ်ဖ အများစု ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် အလားအလာ အလွန်နည်း

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း
သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ နမ္မတူ၊ သီပေါမြို့နယ်များရှိ ရပ်မိရပ်ဖ တချို့နှင့် လူလတ်သက်ကြီးပိုင်း အများစုမှာ ကြံ့ဖွံ့ပါတီကို လုံးဝမဲပေးမည် မဟုတ်ဟု စုံစမ်းသိရှိရပါသည်။

“အကျွတ်ကာလမှာ သျှမ်းထုံးစံအရ သျှမ်းလူမျိုးတွေက ဘုန်းတော်ကြီးကျောင်းတွေကို လိုက်လံကန်တော့ကြတယ်၊ အဲဒီခရီးစဉ်က တဆင့် စစ်တမ်း လိုက်ကောက်ကြည့်တာလေ။ လားရှိုး၊ နမ့်တူ၊ သီပေါ ၃ မြို့နယ်အတွင်း ကျားဖြူပါတီကိုဘဲ မဲပေးဘို့ ဆုံးဖြတ် ထားကြသူတွေ ရာနှုန်း ပြည့်နီးပါးဘဲ။ ခြင်္သေ့ဆိုရင်တော့ ခေါင်းခါတယ်” ဟု လားရှိုးမှ တက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။

လားရှိုးမြို့နယ်၊ နမ့်တူမြို့နယ်၊ သီပေါမြို့နယ်များ အတွင်းရှိ အီနိုင်း၊ မန့်စံ၊ မိန်းမု၊ ပန်လုံ၊ တာ့တေ့၊ ပန်နေ၊ နမ့်ဟူးနွဲ့၊ ကန့်မော်၊ စဥ့်အင်၊ နားနန်း၊ ဟန်နား၊ ဟိန်းလောန့်၊ နောင်ဟိုင်း၊ နောင်မောန်၊ ခေးနင်းမ်၊ နမ့်ခိုက်၊ နားမခေါ် အုပ်စုနှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်း များသို့ ၀ါကျွတ်ကန်တော့ပွဲ လှည့်လည်ခဲ့ကြစဉ် ဒေသခံများအား မေးမြန်းစစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ရပ်မိရပ်ဖများ ထောက်ခံသည်ဟု ဆိုသော ကျားဖြူပါတီ၏ စည်းရုံးရေး လက်ကမ်းစာစောင်ကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏ လားရှိုး မြို့နယ် ပြည်နယ်လွှတ်တော်အမတ်လောင်း ဒေါက်တာ စိုင်းမောက်ခမ်းကလည်း သျှမ်းဘာသာ ကဗျာလင်္ကာ ရေးစပ်၍ စည်းရုံးရေး စာစောင် ထုတ်ဝေ စည်းရုံးရေးဆင်းခဲ့သည်ဟု သိရှိရသည်။

“ဒေါက်တာ စိုင်းမောက်ခမ်းက လားရှိုးမှာ ပြိုင်တော့၊ ကြံ့ဖွံ့အတွက် အလားအလာ မကောင်းဘူး။ တခြားနေရာ သွားပြိုင်ရင် တောင်သူအတွက် ထောက်ခံမှု ရချင်ရဦးမှာ။ ဘာလို့လဲဆိုတော့ လားရှိုးမှာက ဒေသခံသျှမ်းတွေက ကျားဖြူကိုဘဲ ထောက်ခံတယ်။ လူဦးရေ အများဆုံး ရှိတဲ့ ကိုးကန့်တရုတ်တွေကလဲ ကိုးကန့်ပါတီကိုဘဲ ထောက်ခံတယ်” ဟု လားရှိုးမြို့ခံ ရပ်မိရပ်ဖ တဦးက ပြောပါသည်။

မည်သို့ပင်ဆိုစေ လားရှိုးညမြို့တွင် ပြည်ခိုင်ဖြိုးပါတီအတွက် စည်းရုံးရေးမဲဆွယ်ပေးသော ကိုးကန့်ပါတီ KDUP မှာ ကိုးကန့် တရုတ် လူဦးရေအရ ထောက်ခံမှု အများဆုံး ရသည့် ပါတီဟု ၎င်းက ဆက်၍ ပြောပြပါသည်။

http://burmese.bnionline.net/news/khonumthung/5578-2010-11-01-12-15-10.html

ညမထွက်ရ မာရှယ်လောအမိန့် လွိုင်ကော်တွင် ချမှတ်

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် ဒေလီထက် သတင်း - ကန္တာရ၀တီတိုင်း(မ်)
ကရင်နီပြည် လွိုင်ကော်မြို့တွင် ယမန်နေ့ညမှ စတင်၍ ညမထွက်ရ စစ်အုပ်ချုပ်ရေး အမိန့်(မာရှယ်လော) ချမှတ်ထားလိုက်ပြီဟု လွိုင်ကော်ဒေသခံများက ပြောသည်။

“မနေ့က မြို့မရဲစခန်းက ဖုန်းဆက်လာတယ်။ ည ၈ နာရီခွဲပြီဆိုရင် အင်တာနက် ဆိုင် ပိတ်ရမယ်။ ပြီးတော့ ၁၀ နာရီနောက်ပိုင်းဆိုရင် ဘယ်သူမှ အပြင်မထွက်ရ ဘူးလို့ ဖုန်းဆက်လာတယ်လေ။ ဆိုင်တိုင်းကို ဖုန်းဆက်ပြောတယ်” ဟု လွိုင်ကော် မြို့မှ ဆိုင်ရှင်တဦးက ပြောသည်။

ယခုကဲ့သို့ မာရှယ်လော ချထားရခြင်းမှာ ဖောက်ခွဲရေးသမားများ ၀င်ရောက် လာခြင်းကြောင့် ဖြစ်သည်ဟု အကြောင်းပြထားပြီး လိုက်နာမှု မရှိပါက တစုံတရာ ပြုလုပ်မည်ကိုတော့ ပြောကြားထားခြင်းများ မရှိသေးပေ။

“ဟို့အရင်တုန်းက အဲလိုသတ်မှတ်ထားတာ ရှိတယ်။ အဲဒါအပြင် ထွက်တော့ သူတို့နဲ့ တိုးတယ်လေး။ သူတို့က ချက်ချင်း ဖမ်းစစ်ပြီးတော့ မာရှယ်လော ထုတ်ထားတယ်။ ပစ်သတ်လို့ ရတယ်ဆိုတာသိလာ၊ ဘာညာ ပြောတယ်။ ပြီးတော့ လွယ်အိတ်တွေ၊ ဆိုင်ကယ်တွေအားလုံး စစ်ဆေးတယ်” ဟု ယခင်က ကိုယ်တွေ့ကြုံခဲ့ဖူးသည့် လွိုင်ကော် ဒေသခံ တဦးက ပြောသည်။

ဆက်လက်ပြီး ညမထွက်ရ မာရှယ်လော ချမှတ်ထားသည့်အပြင် ဧည့်စာရင်များကိုလည်း ညတိုင်း စစ်ဆေးခြင်း၊ ရဲများနှင့် စစ်တပ်များ မှလည်း ညအချိန် ကင်းလှည့်ခြင်းများ ရှိသည်ဟုလည်း ပြောပါသည်။

ဖယ်ဒရယ်တိုင်းရင်းသား ရေးရာဝန်ကြီး ခွန်းမားကိုဘန်က “မာရှယ်လော ချထားတယ်ဆိုကတည်းက ပထမအချက်က လုံခြုံရေးကို ပိုပြီးတော့ ချထားမယ်။ အကြောင်းအရာက လာမယ့် ရွေးကောက်ပွဲအတွက် သူတို့ လုပ်ထားတာ ဖြစ်မှာပေါ့။ အဲဒါဆို ပြည်သူလူထုရဲ့ စားဝတ်နေရေးတွေ၊ ကုန်ဈေးနှုန်းတွေ တက်လာမှာပဲ” ဟု သုံးသပ်ပြောကြားသွားပါသည်။

ညမထွက်ရအမိန့် မာရှယ်လောကို ယခုလောလောဆယ် ကရင်နီပြည်လွိုင်ကော်မြို့ တနေရာတည်းသာ ချထားကြောင်း သိရသည်။

http://burmese.bnionline.net/news/shan/5580-2010-11-01-12-37-26.html

ရွေးကောက်ပွဲ မဲမပေးရေး NLD လူငယ်များ ဆက်လက်လှုပ်ရှား

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် ဇော်ကြီး သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
ယခုလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ မဲမပေးရေး လက်ကမ်းစာစောင် ဖြန့်ဝေသည့် လှုပ်ရှားမှုများကို NLD လူငယ် အဖွဲ့ဝင်များက ဆက်လက် ပြုလုပ်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် သုံးဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူလူထုထံ ပန်ကြားချက်များနှင့် ဓါတ်ပုံများကို ကော့သောင်းမြို့ရှိ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများ အတွင်း ယနေ့ ဆက်လက်ဝေငှခဲ့သည်ဟု လူငယ်တာဝန်ခံ ကိုမြင့်မောင်က ယခုလို ပြောသည်။

“အဓိကကတော့ Rights ပေါ့နော်။ ကော်မရှင် ဥပဒေရဲ့ အခွင့်အရေးတွေကို အဓိက ထားထားပါတယ်။ အဲဒီမှာ မဲပေးခွင့် ရှိသလို မဲမပေးပဲ နေရင်လည်း ရတယ်ပေါ့နော်။”

လွန်ခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်၍ ယနေ့အထိ သုံးရက်ကြာ ဆက်တိုက် လှုပ်ရှားခဲ့ပြီး ဓါတ်ပုံနှင့် လက်ကမ်းစာစောင် ၃၀၀၀ ကျော်အား လူထုထံ ဝေငှခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် မဟုတ်သော်လည်း ယခင်က အသင်းဝင်တဦး ဖြစ်ခဲ့ဖူးသူ ကော့သောင်း မြို့မှ လူငယ်တဦးက “သူတို့တွေ ဆိုင်ကယ် စီးပြီးတော့ အရှေ့မှာက ဗိုလ်ချုပ်နဲ့ ဒေါ်စုပုံတွေနဲ့ အနောက်မှာက စာတွေနဲ့ တီရှပ်တွေ ၀တ်ပြီးတော့ ဆိုင်ကယ်တွေနဲ့ သွားလာတာ တွေ့တယ်” ဟု ပြောသည်။

မြို့ပေါ်ရှိ လူစည်ကားရာနေရာများ အပါအ၀င် ရပ်ကွက်အတွင်း လူငယ်အင်အား (၁၀)ယောက် ကျော်ဖြင့် အိမ်တိုင်းစေ့ ဝေငှခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တို့၏ နေအိမ် များပါမကျန် လိုက်လံဝေငှခဲ့သည်ဟု ကိုမြင့်မောင်က ပြောသည်။

“ကျနော်တို့ မခွဲခြားတော့ဘူးခင်ဗျ။ သူတို့ ဒီအပေါ်မှာ လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေပေါ့နော် အကုန်လုံးကို ပြည်သူအနေနဲ့ဘဲ မြင်ပြီးတော့ ဝေသွားတာပါ။”

ယခု လှုပ်ရှားမှုနှင့် ပတ်သက်၍ အာဏာပိုင်များဖက်က တစုံတရာ ပြောဆိုပိတ်ပင်မှု မရှိသော်လည်း ဓါတ်ပုံ လိုက်ရိုက်နေသည့်အတွက် အနှောင့်အယှက် ဖြစ်ခဲ့ပြီး လှုပ်ရှားမှု အောင်မြင်သည်ဟု ဆက်ပြောသည်။

ရန်ကုန်ရှိ မြို့နယ်အချို့နှင့် ပဲခူးမြို့တို့တွင်လည်း လွန်ခဲ့သည့် အောက်တိုဘာလ (၃၀) ရက် နေ့မှ စ၍ အလားတူ လုပ်ဆောင်မှုများ ရှိခဲ့ပြီး အာဏာပိုင်တို့ဖက်က လိုက်လံ နှောင့်ယှက်မှုများ ရှိခဲ့သည်ဟု သိရသည်။

စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား အသက်သွင်းပေးမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား သပိတ်မှောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင်များ ဦးဆောင်၍ နိုင်ငံတ၀ှမ်း ရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။

http://burmese.bnionline.net/news/kantarawaddy/5579-2010-11-01-12-34-57.html

အမတ်လောင်းများ လေဘေးကူရန် တိုက်တွန်း

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် မဇ္ဈိမသတင်းဌာန သတင်း - မဇ္ဈိမသတင်းဌာန
ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းသင့်များကို ကူညီရန် ရန်ကုန်တိုင်းရှိ တသီးပုဂ္ဂလ အမတ်လောင်း ၈ ဦးက မြို့နယ် ၃ မြို့နယ်၌ လက်ကိုင် ပိုစတာများ ကိုင်ဆောင်လှည့်လည်ကာ ယမန်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အင်းစိန်၊ လှိုင်နှင့် ကမာရွတ် မြို့နယ်တို့တွင် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါက်တာဖုန်းဝင်း (ကမာရွတ်)၊ ဒေါ်ယူဇာမော်ထွန်း (လှိုင်)၊ ဦးသိန်းနိုင် (သင်္ကန်းကျွန်း)၊ ဦးဝင်းထိန်ဦး (ဗိုလ်တထောင်)၊ ဦးတင်ဆန်း (တာမွေ)၊ ခရမ်းမြို့နယ် အမျိုးသားလွှတ်တော် အမတ်လောင်း မဲဆန္ဒနယ် (၁) ကိုကျော်ကျော်မင်း၊ မဲဆန္ဒနယ် (၆) ဦးစန်းမြင့်နှင့် လွှတ်တော်အမတ်လောင်း ဦးသိန်းတန်တို့ ဖြစ်သည်။

“ဂီရိလေဘေးသင့်တဲ့ ပြည်သူတွေအတွက် ရန်ကုန်က ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ပါဝင်ကူညီကြဖို့ တိုက်တွန်းတာပါ။ ကျမလည်း လှိုင်မြို့နယ်မှာ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး မိတ်ဆက်တာလည်း လုပ်ပါတယ်’’ ဟု ဒေါ်ယူဇာမော်ထွန်းက ပြောသည်။

လှူဒါန်းရေး လှုံ့ဆော်ဆန္ဒပြုမှုကို အင်းစိန်မြို့နယ်၌ အင်းစိန်ဈေးရှေ့မှစ၍ ထောင်ဘူးဝရှေ့အထိနှင့် မီးပွိုင့်များ၌ လှည့်လှည် လမ်းလျှောက်ကာ ပြသခဲ့ကြသည်။ ယင်းလှုပ်ရှားမှုတွင် အင်းစိန်မြို့နယ်မှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးမိုးထွန်း (ခ) ဦးမိုးမြင့်အောင်လည်း ပါဝင်ခဲ့သည်။

“ အဲဒီလူ (ဦးမိုးထွန်း) ကို ကျမတို့ သိတယ်။ သူက ကိုယ်စားလှယ်ဆိုတာထက် ကျူရှင်ဆရာလို့ပဲ သိတယ်။ အခု သူက ပါတီကဆိုတော့ တကယ်ဆိုရင် မဲဆွယ်ရမှာလေ။ အခု သူက လေဘေးသင့်သူတွေအတွက် အလှူခံနေတာ တွေ့တယ်။ အံ့သြစရာပဲ’’ ဟု အင်းစိန်ဈေးမှ ဈေးသည်တဦးက ပြောသည်။

ဒေါက်တာဖုန်းဝင်းနှင့် ဒေါ်ယူဇာမော်ထွန်းသည် မင်္ဂလာမြန်မာ နာဂစ်ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ၂ဝဝ၈ ခု မေလနောက်ပိုင်း ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၌ အခြေစိုက်ကာ လှုပ်ရှားခဲ့သည့် ဇနီးမောင်နှံ ဖြစ်သည်။

“ရခိုင်မှာ အဖွဲ့လေးဖွဲ့ခွဲပြီးတော့ ကယ်ဆယ်ရေးတွေကို ဆောင်ရွက်ဖို့ လွှတ်ထားပါတယ်။ ရန်ကုန်မှာ လုပ်တဲ့ လေဘေးအတွက် လှူနိုင်တယ် ဆိုတဲ့ လှုံ့ဆော်မှုနဲ့ ပတ်သက်ပြီး လေဘေး ကယ်ဆယ်ရေး လှူချင်သူတွေကို ကျမတို့နဲ့ ဆက်သွယ်ပြီးတော့ လှူနိုင်တယ်လို့ အသိပေးလိုက်ပါတယ်’’ ဟု ဒေါ်ယူဇာမော်ထွန်းက ပြောသည်။

တသီးပုဂ္ဂလိက အမတ်လောင်း ၈ ဦးသည် ဦးသုဝေ ခေါင်းဆောင်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် ပူးပေါင်းလက်တွဲရန် ရန်ကုန်တိုင်း ဗဟန်းမြို့ ရွှေဂုံတိုင်တာဝါ၌ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့တွင် နားလည်မှု လက်မှတ် ရေးထိုးခဲ့သူများ ဖြစ်သည်။

http://burmese.bnionline.net/news/nmg/5581---nld--.html

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက်ဖြစ်ပွား

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် စောသိန်းမြင့် သတင်း - ကေအိုင်စီ
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ်ဒေသများတွင် နအဖ စစ်အစိုးရ ဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယနေ့မနက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း ၅ ရွာမှ ဒေသခံ လူထု ၂၀၀ ကျော်က မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲကို မလိုလားသည့် ဆန္ဒထုတ်ဖော်ချက် ဆိုင်းပုဒ်များကို ကိုင်ဆောင်ကာ တစ်နာရီခန့် ငြိမ်းချမ်းစွာ စု ပေါင်းဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု ကိုယ်တိုင်ဦးဆောင်ခဲ့သူ စောတာပစဲက ယခုလို ပြောသည်။

သူက “ဒီနေ့မနက် ၉ နာရီကနေ ၁၀ နာရီအထိ ကျနော်တို့ ရွာငါးရွာက ရွာသူကြီး အပါအ၀င် ရွာသူရွာသား ၂၀၀ ကျော် စုပေါင်း ပြီးတော့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာနဲ့ပဲ ဆန္ဒပြပွဲတရပ် ပြုလုပ်တယ်။ ဆိုင်းပုဒ်တွေမှာတော့ တရားမျှတမှု မရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ တိုင်းရင်းသား ပြည်သူလူထု အားလုံးမဲပေးနိုင်ရေး၊ စစ်မှန်သော ပြည်ထောင်စု ဖြစ်ပေါ်လာရေး၊ စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေး ဆိုပြီး ရေးထားတဲ့ ဆိုင်းပုဒ်တွေနဲ့ ဆန္ဒပြကြတာပါ။ ရည်ရွယ်ချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ အလိုမရှိတဲ့အကြောင်း ထုတ်ဖော်ဆန္ဒပြတာပါ” ဟု ကေအိုင်စီကို ပြောသည်။

၎င်းဆန္ဒပြပွဲကို သူးလေကုန်းနှင့် တခါ့ချောင်းကျေးရွာစပ်ကြား နအဖ ခလရ (၂၈၄) တပ်စခန်းနှင့် (၂) မိုင် အကွာအဝေးတွင် ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး သူးလေကုန်းကျေးရွာ အထက်နှင့် အောက် (တခါ့ခီး)၊ တခါ့ချောင်း (တခါ့ကလိုး)၊ မီးလောင်ချောင်း (ပိုပေါ်ကလိုး)၊ တကေး (တကုခီး)နှင့် ကြာအင်းရွာကြီးတို့ ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။

ယမန်နေ့ မနက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်နှင့် ရေးမြို့နယ်ကြားတွင် ရွာပေါင်း ၁၀ ရွာမှ ဒေသခံ လူထု ၅၀၀ ကျော်က ဆိုင်းပုဒ်နှင့် ပိုစတာ စာရွက်များ ကိုင်ဆောင်ပြီး နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအထိ အလားတူ စုပေါင်းဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအတွက် ဦးဆောင်ခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“မနေ့က လုပ်တဲ့ ဆန္ဒပြပွဲမှာ လူထု ၅၀၀ကျော် ပူးပေါင်းပါဝင်တယ်။ ဆိုင်းပုဒ်မှာ ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရေး ဆိုတဲ့ ခေါင်းစဉ်ကြီးကြီးနဲ့ စာတန်း ရေးထားတယ်။ နောက်ပြီးတော့ ပိုစတာတွေမှာကျတော့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ညီညွှတ်သော ဒီမိုကရေစီ တည်ဆောက်ရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေး ဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီးတော့ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်” ဟု ပြောသည်။

အဆိုပါ ဆန္ဒပြပွဲ နှစ်ခုစလုံးတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် အလှမ်းဝေးသောကြောင့် အကြမ်းဖက်နှိမ်နင်းမှုများ မခံရ သော်လည်း ဆန္ဒပြမှု အပြီးတွင် နအဖ စစ်တပ်များ တက်ရောက်လာသည့် သတင်းကြောင့် ဆန္ဒပြသူတချို့ လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခင်လ ၂၂ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နှင့် ကျေးရွာအချို့ရှိ အစိုးရဌာနဆိုင်ရာ ရုံးများ၊ ဆေးရုံ၊ စာသင်ကျောင်းများရှေ့တွင် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် စာရွက်စာတမ်း ဖြန့်ဝေသည့် လုပ်ဆောင်မှုများ ရှိခဲ့သလို ၂၀၀၈ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲတွင် အလားတူ ဆန္ဒပြပွဲပြုလုပ်ခဲ့ရာ အာဏာပိုင်စစ်တပ်များ၏ ၀င်ရောက်ဖြိုခွဲမည့် သတင်းကြောင့် ဆန္ဒပြ နေချိန်အတွင်းပင် လူစုခွဲခဲ့ရသည်။

http://burmese.bnionline.net/news/mizzima/5582-2010-11-01-14-17-58.html

ဒုက္ခိတ အဆောင်အတွက် ပြည်သူများ စစ်တပ်ထံ အချိန်မီ ငွေပို့ခဲ့ရ

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် စောခါးစူးညား သတင်း - ကေအိုင်စီ
ကရင်ပြည်နယ် အနောက်မြောက်ပိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ခံ နအဖ ခလရ (၆၀)က ဒုက္ခိတ အဆောက်အအုံ တည်ဆောက်ရေးအတွက် ကုန်ကျသည့် ငွေများကို အဆိုပါ ဒေသရှိ ကျေးရွာအုပ်စု (၁၂) ခုမှ ရွာသားများထံ ကျပ်ငွေ (၁) သန်းကျော် အဓမ္မ တောင်းယူခဲ့သဖြင့် အောက်တိုဘာလ ၃၀ ရက်နေ့က အချိန်မီ ပို့ပေးခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။

ကျောက်ကြီးမြို့နယ်ရှိ နံ့သာကွင်း၊ ကျောက်စရိတ်၊ ဒေါင်းမု၊ ဂမုန်းအိုင်၊ အင်းနက်၊ ၀က်လာတော၊ ပတ္တလား၊ နို့ဝေါ်၊ တခေါ်ပွာ၊ ဝေ့သွဲ၊ ကိုနီ၊ နို့ညာ့လာ့ စသည့် ကျေးရွာအုပ်စုတို့မှ အိမ်တအိမ်လျှင် ၁၂,၀၀၀ ကျပ်စီ ပေးရကာ ကျပ်ငွေ (၁၄,၄၀၀,၀၀၀) ကို ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က စစ်တပ်က တောင်းယူခဲ့ခြင်း ဖြစ်သည်။

ပြည်သူများထံ ယခု တောင်းခံသည့် ငွေသည် ယခင်တောင်းဆိုခဲ့ဖူးသည်ထက် အလွန်များပြားနေသည့်အတွက် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP) အဖွဲ့ဝင်တဦးဖြစ်သူ စောဘယ်ထူးက “သူတို့ ပြောတာက ဒဏ်ရာရတဲ့ ခြေပြတ် လက်ပြတ် ရဲဘော်တွေကို ဒီဒုက္ခိ အဆောက်အအုံမှာ ထားမယ်လို့ ပြောတာပဲ။ ဒါ သူတို့စစ်တပ်ရဲ့ ကိစ္စကို ကိုယ်တိုင် မရှင်းဘဲ ပြည်သူတွေကို ဒုက္ခပေးတဲ့ သဘောပဲ” ဟု ကေအိုင်စီကို ပြောသည်

ကျောက်ကြီးမြို့အတွင်းတွင် ဒုက္ခိတ အဆောက်အဦး (၄) လုံး တည်ဆောက်ရေးအတွက် လိုအပ်သည့် ငွေများကို ကျောက်ကြီးမြို့နယ် ဥက္ကဌ (နအဖ ဘက်) ဦးဇော်မျိုးညွှန့်က မပေးမနေရ စနစ်ဖြင့် တာဝန်ယူကောက်ခံပေးခဲ့သည်ဟု ဒေသခံ ပြည်သူတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

သူက “သူက ကောက်ပေးတာပေါ့နော်။ သူတို့ (နအဖ) တွေ သေနတ်တွေ ကိုင်ထားတယ်ဆိုတော့ မပေးနိုင်လည်း ပေးရတာပဲ။ နှိပ်စက်တဲ့အထိ မရှိပေမဲ့ ကြောက်လို့ ပေးရတဲ့သူတွေချည်းအါပဲ။ တချို့သူတွေဆိုရင် ကျွဲ၊ နွား စတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ အရာတချို့ကို ပစ္စည်းတမျိုးမျိုး ရောင်းပြီးမှ ပေးရတာတွေလည်း ရှိတယ်” ဟု ကေအိုင်စီကို ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့တွင် အဆိုပါ ဒေသရှိ နအဖ စစ်တပ် ခလရ (၆၀)သည် ပတ္တလား၊ နို့ဝေါ်နှင့် အင်းနက် ကျေးရွာအုပ်စုအတွင်းရှိ စပါးကြိတ်စက်ရှိသူ ရွာသားများထံမှ ဆန်စက်တလုံးလျှင် ကျပ်ငွေ ၅ ထောင်ကျပ် တောင်းခံ ခဲ့သည့်အတွက် စုစုပေါင်း စပါးကြိတ် စက် ၁၀ လုံးအတွက် ကျပ်ငွေ ၅ သောင်း ကောက်ခံရရှိခဲ့သည် သိရသည်။

နအဖ စစ်တပ်များသည် ရွာသားများထံ ယခုလို ငွေများ မကြာခဏ တောင်းခံခြင်းသည် ၎င်းတို့၏ တပ်ရင်းများအတွက် အသုံးပြုရန် ဖြစ်သည်ဟု အကြောင်းပြလေ့ရှိကြောင်း ဒေသခံပြည်သူများက ဆိုသည်။

ကျောက်ကြီးမြို့နယ်အတွင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ (၆၀)၊ ခလရ (၄၈)၊ ခလရ (၅၃) ခမရ (၃၅၁)၊ ခမရ (၅၉၉)၊ ခမရ (၅၉၀)၊ ခမရ (၇၃)နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း (၉)၊ ကေအဲန်ဒီအိုတပ်အချို့ ပုံမှန်လှုပ်ရှားလျှက် ရှိသည်။


http://burmese.bnionline.net/news/kic/5584-2010-11-01-14-40-27.html

ကြံ့ဖွံ့က ကြိုတင်မဲ ကောက်နေ

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် ဆလိုင်း ဟံသာစန်း သတင်း - မဇ္ဈိမသတင်းဌာန
ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲများ ကောက်ခံနေစဉ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ရန်ကုန်တိုင်း မြို့နယ်အချို့တွင် အိမ်တိုင် ယာရောက် လိုက်လံ ကောက်နေကြောင်း ဒေသခံများ အဆိုအရ သိရသည်။

အင်းစိန်နှင့် တောင်ဒဂုံ မြို့နယ်အတွင်း ပြီးခဲ့သည့်တပတ်မှစ၍ ကြံ့ဖွံ့ပါတီဝင်များက တအိမ်တက် တအိမ်ဆင်းဖြင့် ၎င်းတို့ပါတီကို အမှန်ခြစ်ပြီး မဲထည့်ရန် လိုက်လံကောက်ခံနေကြောင်း သိရခြင်း ဖြစ်သည်။

“ကျမတို့အိမ်ကို လာကောက်တယ်။ ကြံ့ဖွံ့ပါတီ မဲပေးရမယ်ဆိုပြီး အမှန်ခြစ်ဖို့လာတာ။ အိမ်ကလူတွေက တယောက်မှ မပေးတော့ စိတ်ညစ်ပြီး ပြန်သွားတယ်” ဟု အင်းစိန်မြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အင်းစိန်တွင် အမျိုးသားလွှတ်တော်အတွက် ဆိုလျှင်ပင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ကြံ့ဖွံ့၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင် ကြမည်။

တောင်ဒဂုံ ဒေသခံတဦးကလည်း “ကျနော်တို့ ရပ်ကွက်ထဲမှာ မနေ့က လာကောက်တယ်။ သူတို့က ကြံ့ဖွံ့ပါတီဘေးက အကွက်ထဲမှာ အမှန်ခြစ်ခိုင်းတာ။ အတင်းကို ခြစ်ခိုင်းတာ။ ဒါပေမဲ့ မထည့်ကြတာ များတယ်” ဟု ပြောသည်။

၎င်းတို့၏ ပါတီဝင်များ၊ မဲဆန္ဒရှင်ပြည်သူအချို့နှင့် အမတ်လောင်းများက ကြံ့ဖွံ့ပါတီ ကြိုတင်မဲကောက်ခံနေကြောင်း ပါတီရုံးချုပ်သို့ အကြောင်းကြားကြသည်ဟု ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းက ဆိုသည်။

သူက ဆက်ပြီး “ပါတီတွေက ကြိုတင်မဲကောက်ခွင့် မရှိပါဘူး။ အခုလိုလုပ်တာဟာ ဥပဒေနဲ့ မညီပါဘူး” ဟု ပြောသည်။

ချင်းပြည်နယ် ဖလမ်းမြို့မှနေ၍ ရန်ကုန်တိုင်း ကျောက်တံတားမြို့ရှိ ဆွေမျိုးအိမ်သို့ လာရောက်နေထိုင်ကာ တက္ကသိုလ် တက်သူ ချင်း အမျိုးသား လူငယ်တဦးကလည်း ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ယင်းမြို့နယ် ကော်မရှင်ရုံးသို့ ကြိုတင်မဲသွားပေးခဲ့ရာ တာဝန်ရှိသူ များက ၎င်းကိုယ်စား ကြံ့ဖွံ့ပါတီကို မဲပေးခဲ့ကြောင်း ပြောသည်။

“ကြိုတင်မဲကို ကိုယ့်ဆန္ဒနဲ့ကိုယ်ပေးလို့ မရဘူးဗျတဲ့။ ဘာကြောင့်လဲမေးတော့ အထက်က ညွှန်ကြားတာလို့ ရုံးစောင့်တဲ့သူတွေက ပြောတယ်။ အဲဒါနဲ့ ကျနော်က မပေးတာ့ဘူးလုပ်တော့ သူတို့က ကျနော့်ကိုယ်စား အစိုးရပါတီကို ကျနော့်ရှေ့မှာတင် အစားထိုး မဲပေးလိုက်တယ်” ဟု သူက ပြောသည်။

ထို့ပြင် တနင်္သာရီတိုင်း ကော့သောင်းမြို့၌ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ကြမည့် ရေလုပ်သားများကို ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် ရုံးများနှင့် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကြိုတင်မဲများကို ယခုလ ၂၇ ရက်နေ့မှစ၍ အဓမ္မ ထည့်ခိုင်းနေသည်။

ရေလုပ်သားများသည် ယခင်က မြို့နယ် ငါးဦးစီးရုံး၌ လက်မှတ်ထိုးကာ ပင်လယ်ထွက်နိုင်သော်လည်း ယခုအခါ ပင်လယ်ထွက်လိုပါက ရပ်ကွက်ကော်မရှင်ရုံး၌ ဦးစွာကြိုတင်မဲပေးရသည်။

ထို့နောက် ကော်မရှင်ရုံးက မဲပေးပြီးကြောင်း ထောက်ခံစာထုတ်ပေးပြီး ၎င်းစာပါမှသာ ငါးဦးစီးက ပင်လယ်သို့ ထွက်ခွင့်ပြုသည့်နည်းဖြင့် ရေလုပ်သားများထံမှ ကြိုတင်မဲများကို အဓမ္မ ကောက်ခံနေခြင်း ဖြစ်သည်။

“ပင်လယ်ထဲ လှေလိုက်မယ့်လူတွေကို ၂၇ ရက်နေ့စပြီး မဲထည့်ခိုင်းနေတာ။ အခုလည်း ထည့်မယ့်လူတွေလည်း ထည့်သေးတယ်။ မပြီးသေးဘူး။ မထည့်ဘဲနေရင် မလိုက်ရဘူး။ ထည့်မှ လိုက်ရတယ်” ဟု ကော့သောင်းမြို့မှ စက်လှေပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

ကော့သောင်းဆိပ်ကမ်းအနီးမှ ကုန်စုံဆိုင်ပိုင်ရှင်တဦးက “ဒီမှာက ပါတီက ပြည်ခိုင်ဖြိုးနဲ့ တစည ၂ ခုပဲ ရှိတာလေ။ ဒီ ၂ ခုထဲက တခုခုကို မဲပေးပြီးမှ လှေထွက်ခိုင်းတယ်” ဟု ပြောသည်။

ကော့သောင်းမြို့တွင် ပြည်သူ့လွှတ်တော်၌ ကြံ့ဖွံ့ပါတီမှ ဦးမြင့်ထွန်းနှင့် တစည ပါတီမှ ဦးသောင်းရှိန်၊ အမျိုးသား လွှတ်တော်၌ ကြံ့ဖွံ့ပါတီမှ ဦးလှစိုးနှင့် တစညပါတီမှ ဦးညွန့်တင်အေးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အကယ်၍ မဲမပေးဘဲ ငါးဖမ်းစက်လှေ ထွက်ခွါခဲ့ပါက ပင်လယ်ဝတွင် စောင့်ကြပ်နေသည့် ရေလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က စက်လှေကို ကော့သောင်းမြို့သို့ ပြန်ဝင်ပြီး မဲပေးကာ ထောက်ခံစာယူခိုင်းကြောင်း မြို့ခံများက ပြောသည်။

“သူငယ်ချင်းတယောက်ဆိုရင် ကျနော်က ဒီပါတီ ၂ ခုစလုံးကို မကြိုက်ဘူး။ ဘယ်လိုလုပ်ရမလဲလို့ ကော်မရှင်ရုံးက လူတွေကိုမေးတော့ အဲလိုတော့ မရဘူး။ ၂ ခုထဲက တခုတော့ ရွေးရမယ်လို့ ပြောတယ်” ဟု ရွှေပြည်သာရပ်ကွက်မှ မြို့ခံတဦးက ပြောသည်။

ငါးဖမ်းသည့်အလုပ်ဖြင့် အသက်မွေးကြသည့် ကော့သောင်းမြို့ရှိ ထောင်နှင့်ချီသော ရေလုပ်သားများသည် ပင်လယ်ထွက်ခွင့် ရရေး အတွက် ပါတီများ၊ လွှတ်တော်အမတ်လောင်းများနှင့် ရွေးကောက်ပွဲအကြောင်း မသိသော်လည်း ကြိုတင်မဲ ပေးခဲ့ကြကြောင်း မြို့ခံများက ဆိုသည်။

“ဒီထောက်ခံစာမရရင် လုပ်ငန်းက ဆက်လုပ်လို့ မရဖြစ်သွားပြီ။ သူတို့အတွက်က အလုပ်လုပ်ရဖို့ အရေးကြီးတယ်လေ။ အဲတော့ မဲပေးခဲ့ကြတာပေါ့” ဟု ရွှေပြည်သာရပ်ကွက်မှ မြို့ခံက ပြောသည်။

ရေလုပ်သားများကို ကြိုတင်မဲကောက်ခံခြင်းနှင့် ပတ်သက်၍ ကော့သောင်းမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာနသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့ရာ ဒု - ဦးစီးမှူးဖြစ်သူက ဖြေဆိုရန်ငြင်းဆန်ခဲ့ပြီး ရေလုပ်ငန်းကုမ္ပဏီများကိုသာ မေးမြန်းရန် ပြောဆိုခဲ့သည်။

မဲဆန္ဒရှင်၏ ဆန္ဒမပါဘဲ ရွေးကောက်ပွဲ ကော်မရှင်ရုံးများနှင့် အာဏာပိုင်များက ယခုလို အတင်းအကျပ် မဲပေးခိုင်းခြင်းသည် ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဥပဒေပညာရှင် ဦးအောင်သိန်းက ပြောသည်။

“ရွေးကောက်ပွဲ ဥပဒေမှာ ကြိုတင်မဲ ပေးလိုက ပေးနိုင်တယ်။ မပေးလိုဘူး၊ မဲမပေးဘူးဆိုရင် မပေးဘဲ နေပိုင်ခွင့် ရှိတယ်။ မဲပေးပြီးမှ သွားရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် မရှိဘူး။ ကျနော်တို့ ဘယ်သူ့ကိုမှ မဲမပေးလိုဘူးဗျာလို့ ပြောရင်လည်း သူတို့ဘာမှ ပြောပိုင်ခွင့် မရှိဘူး” ဟု သူက ပြောသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁ ၊ အပိုဒ် ၂ ၊ အပိုဒ်ခွဲ (ဎ) တွင် မဲဆန္ဒရှင်တဦးသည် ရွေးကောက်ပွဲ၌ မဲပေးနိုင်သော အခွင့်အရေး (သို့မဟုတ်) မဲမပေးဘဲ နေနိုင်သော အခွင့်အရေးရှိကြောင်း ဖော်ပြထားသည်။

ယခုလို ကြိုတင်မဲ အဓမ္မထည့်ခိုင်းခြင်းသည် ရွေးကောက်ပွဲ ဥပဒေချိုးဖောက်ခြင်း ဖြစ်သဖြင့် မဲဆန္ဒရှင်များက မြို့နယ်ကော်မရှင်ရုံးသို့ လိပ်မူတိုင်တန်းနိုင်ကြောင်း ဦးအောင်သိန်းက ပြောဆိုသည်။

“ကျနော်တို့မှာ မဲပေးလိုတဲ့ ဆန္ဒမရှိဘူး။ ၂ ဖွဲ့လုံးကို အယုံအကြည်မရှိဘူး။ ဘယ်သူ့ကိုမှ မဲမပေးလိုဘူး။ ဒါကြောင့် ကျနော်တို့ ဘာသာ သွားတယ်။ အဲဒါကို သွားခွင့်မပြုဘဲ မဲပေးပြီးမှ သွားရမယ်လို့ ပြောတယ်။ ဒါဟာ ကျနော်တို့ကို အဓမ္မ မဲထည့်ခိုင်းတာဖြစ်တဲ့အတွက် တိုင်တန်းပါတယ်ဆိုပြီး မြို့နယ်ကော်မရှင်ကို တိုင်လို့ရပါတယ်” ဟု သူက ပြောသည်။

ရေလုပ်သားများသည် မိုးလေကင်းလွတ်သည့် သီတင်းကျွတ်လပြည့်ကျော်ကာလ (အောက်တိုဘာလကုန်ပိုင်း) မှ မိုးဦးကျကာလ (ဧပြီလကုန်ပိုင်း) အထိ ပင်လယ်ပြင်သို့ ၁၅ ရက်တကြိမ် ငါးဖမ်းထွက်လေ့ရှိကြသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ယခုလ ၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၅ တွင် အကျုံးဝင်သူများ ကြိုတင်မဲဆန္ဒပေးဖို့ စီစဉ်ပေးရန် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ ပြီးခဲ့သည့်လကုန်ပိုင်းက အကြောင်းထားကြောင်း သိရသည်။

http://burmese.bnionline.net/news/kic/5587-2010-11-01-16-48-17.html

Tuesday, 2 November 2010

ရေးမြို့နယ်တွင် ဒုတိယအကြိမ် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

တနင်္လာနေ့၊ နိုဝင်ဘာလ 01 ရက် 2010 ခုနှစ် အာကာ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲရှိ ကလို့တုတ်ရွာတွင် ယမန်နေ့က ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဒုတိယအကြိမ် ဆန္ဒပြခြင်း ဖြစ်သည်။

ဆန္ဒပြပွဲတွင် ၎င်းမြို့နယ်ခွဲရှိ ကရင်တိုင်းရင်းသား ကျေးရွာပေါင်း (၁၀) ရွာမှ ရွာသူရွာသားများ၊ ပညာရေး ကျန်းမာရေး ဝန်ထမ်းများနှင့် ကျောင်းသူ ကျောင်းသားများ အင်အား (၅၀၀) ကျော် တက်ရောက်ကြပြီး နံနက် (၇) နာရီခွဲမှ (၉) နာရီခွဲထိ ဆန္ဒပြခဲ့ကြသည်ဟု ဆန္ဒပြ ပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ကျင်းပတဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေတာ ဖြစ်တဲ့အတွက် ကျနော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဆန္ဒပြခြင်းကြောင့် ယနေ့တွင် ခလရ (၁၀၆) တပ်ရင်းနှင့် ခလရ (၆၁) တပ်ရင်းတို့က ဆန္ဒပြသူများကို လိုက်လံစုံစမ်းနေပြီး ရေးမြို့နယ် မယကမှ ၎င်းမြို့နယ်ခွဲအတွင်းရှိ ရယက ဥက္ကဌများကို နိုဝင်ဘာလ (၄) ရက်နေ့တွင် ဆင့်ခေါ်ထားကြောင်း ရယက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆန္ဒပြပွဲတွင် “နအဖ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဒို့အရေး” “စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ဒို့အရေး” “ဒီမိုကရေစီ တည်ဆောက် ရေး ဒို့အရေး” “သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဒို့အရေး” ဟု ကြွေးကြော်ခဲ့ကြကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောသည်။

အောက်တိုဘာလ (၂၅) ရက်နေ့တွင်လည်း မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာ အထက်ပိုင်းတွင် ပထမအကြိမ် ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

ဆန္ဒပြသည့် နေရာများမှာ စစ်အာဏာပိုင်များနှင့် အလှမ်းဝေးပြီး ကေအန်ယူ သြဇာသက်ရောက်သည့် နယ်မြေများ ဖြစ်သည်လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အကြားရှိ ကားလမ်းတလျှောက်တွင် NO 2010 ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာများကို လိုက်လံဖြန့်ဝေ ကပ်ထားခဲ့ပြီး စစ်အာဏာပိုင်များက လိုက်လံသိမ်းဆည်းနေသည်ဟု ဒေသခံများက ပြောသည်။

http://burmese.bnionline.net/news/mizzima/5586-2010-11-01-15-24-38.html

တောင်ဒဂုံမြို့နယ်မှာ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များအား အာဏာပိုင်များမှ တားဆီးပိတ်ပင်နေပုံ သတင်း၊ ဓာတ်ပုံ.....








သတင်းဓာတ်ပုံ။ ။ ကိုဒီမိုဝေယံ
http://hotfile.com/dl/79741214/8b39e5b/Microsys.A1.Website.Download.v2.3.8.Multilingual._ed-DJiNN.rar.html
http://burmese.bnionline.net/news/imna/5585-2010-11-01-14-48-28.html

Monday, 1 November 2010

Buddhist monks’ role in Burma’s National Reconciliation by Nai Banya Hongsar

NOVEMBER 1, 2010
by peacerunning

Nai Banya Hongsar : Editor’s Note: We would like to introduce our readers to the third installment in our “Burma Tranformed”. In this installment our writer discusses the role of Burmese monks in Burma’s future national reconciliation process.
Buddhist monks played central roles in Burmese history both before and after the country became independent from colonial rule; for this reason Burma’s military junta’s appalling treatment of monks should be reviewed by the international community. Many monks have been killed and imprisoned in recent years for their political opinions. Nation-building in Burma cannot be accomplished without the contribution of religion leaders like Buddhist monks. Buddhist monks are the sons of million of Burmese parents. They have the right to have their own opinions on the social issues that impact their parents and siblings and they also have the moral responsibility as monks to protect private citizens from wrong doing.
This essay will examine the military junta’s treatment of monks, many of whom have been vibrant political activists in Burma, between 1988 and 2010. The appropriate role of monks in Burmese politics will be covered. I will explore the role of Buddhist monks as mediators during a reconciliation between democratic forces, including ethnic leaders and the ruling military junta, the State Peace and Development Council (SPDC).
Monks have long held an important role in Burma’s politics. Buddhist monks served the best interests of kings and the nation as far back as the 10th century. Burma became a Buddhist community under Mon monks in the 7th century. Monks have a long history of being victims of political strife in Burma. In 1757 Burmese kings overthrew the Mon empire, and brutally slaughtered over three thousand Mon monks in a ‘Fire Burn”, in a group near Rangoon. The current name of the location is called ‘Thin Gyun Chun – the island of burning robes”.
In the old days, the monks who rose against the king could be disrobed or deported to a rural place as punishment. In these modern days, the Burmese government views monks as enemies of the state, and has treated them accordingly. Despite the fact that the majority of monks have been monks since childhood, the military junta seems to regard them as political activists, rather than disciplined monks who have been learning and teaching the Buddhist religion for many years. Rangoon and Mandalay -based senior monks have been playing two roles in Burmese society. The roles they occupy are that of the heads of the Buddhist religion in Burma, and as mentors to young monks those who see themselves as part of a democratic change in the country. The disciplined monks have many times keep silent about the military government’s abuse of monks, due to fear of losing their positions and status. The current military junta has appointed local and national representatives of the monks, who oversee the daily business of the monks and temples. In other words, the ruling military has ‘shut the mouths’ of these senior monks who have moral authority in Burmese society.
Monks have held key roles in mediation since ancient times. When national reconciliation in Burma does occur, senior monks, along Burmese leaders and ethnic minority leaders will play key roles in the reconciliation process.
The Monks and a Deeper National Reconciliation:
In the time of a reconciliation, Burma’s monks can play key roles, if they subscribe to the laws of Buddha that mandate that monks serve the people, not just the government. The senior monks could play central roles in reconciliation by not siding with any political groups. The western leaders and policy makers for a new Burma need to review the implications of showing disrespect to the monks when they begin engaging in a future national reconciliation in Burma. Transitional justice in Burma cannot get very far unless good relations between political forces, both internationally and inside Burma, and senior monks are maintained
The main issue that will confront pro-democracy forces in Burma in a time of reconciliation is whether the Burmese community can grant amnesty to the cruel military leaders who have killed so many of their countrymen in the last 20 years, and imprisoned over 3 thousand political activists, including junior and senior monks. This confronting issue must be addressed by the monks. The monks must protect all the lives of current leaders in Burma if a true national reconciliation is sought in the future; the foundations of Buddhism dictate that the military leaders alone must bear the penance for the wrongdoing of the last sixty years. Therefore, all political leaders are encouraged to acquire a sound knowledge of Buddhist principles from the senior monks for better relations among them during and after the national reconciliation.
The United Nations and its good office and staff who are working on Burma should be proud to be supporters of Burma to transit a democratic nation. The International Centre for Transitional Justice or (ICTJ) has also earned some credits on its legal frameworks to solve Burma’s crisis. However, both agencies have failed to acknowledge the potential role of the senior monks in a reconciliation process; the monks are the ones who have access to the senior military leaders and top leaders within the National League for Democracy. Some foreign policy makers and even the UN’s Special Envoy on Burma have under-estimated the political capacities of senior monks and their ability to convince the senior military leaders to begin national reconciliation and mature trust. UN Secretary-General Ban Ki-moon has outlined his vision of a stronger UN for a better world, saying “I am determined to make progress on the pressing issues of our time, step by step, by building on achievements along the way, working with Member States and civil society.” He can embrace his vision in Burma by joining forces with the country’s monks who are the leaders in Burma’s civil society in terms of education, community development, and cultural orientation.
In March 2003, representatives from ICTJ, Louis N. Bickford held a forum on Burma’s national reconciliation in Bangkok with representatives from democratic forces and ethnic minorities. This writer raised the key question of whether the ICTJ would engage with the senior monks’ community for this reconciliation process. It has been nearly 10 years, and the role of monks in the process of national reconciliation has not yet bee further explored.
Potentially, monks who take an active role in Burmese politics will be seen as hypocrites by the traditional Buddhist community. Such a change will be un-welcomed by conservatives but appreciated by progressive leaders. The monks could use different languages and creative methods for dealing with non-religious affairs. As part of their vows, monks already serve the best interests of the nation and the people, and move peace to end the suffering of all human beings. The monks understand the concept of social and political conflicts in Burma. They have been maintaining the Buddhist pratices for over 2 thousand years in Burma, despite the plights of past and present political crises. The British attempted to dismantle the roles of the monks in social and political life in the country in the 18th century, but they resisted to the British by non-violent means. The role of the monks in social, political and religious affairs cannot be separated from nation-building in Burma. It is time for Burma’s policy makers reassess their strategy.
National reconciliation is a healing process. The monks would be the best counselors, who are the experts in healing in the Burmese community. Political healing is not strange field to the monks. The issues are on the mental side. They monk can treat the country’s mental health better than the layman. Political reconciliation would be a test for the monks, whether they are the masters of peace and reconcilability. After twenty years of stalemate, Burma deserves a chance to solve its own problems with its own methods. At the same time, international leaders from each country must guarantee that they will be supportive of this internal movement towards a peaceful Burma and a prosperous nation in the 21st century, post-reconciliation.
The State Peace and Development Council, the current military junta, must cease any oppression of the junior monks who express their opinions under the rule of laws. The government must cease to use troops against monks, and stop giving orders to kill monks who dare to protest in the street, as it did during the Saffron Revolution. The monks’ community will be the community most likely to grant amnesty to the cruel military junta. They military generals must pay any sufficient compensation for those who lost lives during twenty years of democratic movements by the monks and other activists. A common principle of truth and reconciliation must be upheld by both sides. The monks’ community and other democratic forces, especially students’ leagues, should compromise with the military general under the guidance of the senior monks for this process. It is a painful journey for all parties. Forgiveness is the highest quality of mankind. The Buddhist community in Burma will be the champion on the world’s stage if they bring about an endpoint to the country’s suffering by solving Burma’s issues without violence. Violence is a sin that Buddhist community does not accept.
In conclusion, the role of the Buddhist monks in preparation for, and engaging in, the national reconciliation process is crucial for the future progression of Burmese politics. The political participation of monks would be mutually beneficial for all stakeholders in the reconciliation process, including the military ruling elites. The monks’ role is vital in this critical time of mental and political reconciliation and transition.
Short URL: http://monnews.org/?p=1244
http://democracyforburma.wordpress.com/2010/11/01/buddhist-monks%E2%80%99-role-in-burma%E2%80%99s-national-reconciliation-by-nai-banya-hongsar/