Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 25 April 2009

Statement From Nay Myo Wai[1]

Statement From Nay Myo Wai[1]


၂၀၀၉ ခုနှစ် အဆိုးဝါးဆုံး အာဏာရှင် ၁၀ ဦး

1. Robert Mugabe
Zimbabwe
Age: 85
In power since: 1980
Last year's rank: 6
-တီကေ-

ဒီနှစ် ကမ္ဘာအဆိုးဝါးဆုံးအာဏာရှင် ၁၀ ဦးစာရင်းကိုထုတ်ပြန်ရာ
နံပါတ်တစ်အနေဖြင့် ဇင်ဘာဘွေ မှ မူဂါဘီက ပထမ နေရာယူခဲ့ပါသည်။ ယမန်နှစ်
တွင်မူ မူဂါဘီသည် နံပါတ် ၆ သာ ချိတ်ခဲ့ပြီး ဤနှစ်၌ ပထမစွဲခဲ့သည်။ မူဂါဘီ
သည် ၁၉၈၀ မှစတင်၍ အာဏာယူခဲ့ပြီး နောက် ငွေကြေးဖောင်းပွနှုံး
အဆိုးဝါးဆုံးသို့ရောက်ခဲ့သည်။ သန်း၅သောင်း တန် ငွေစက္ကူကို
ပှုံနှိပ်သုံးစွဲ သည့်အထိ ဖြစ်နေခဲ့ပြီး အလုပ်လက်မဲ့နှုံးမှာလည်း
၈၅ရာခိုင်နှုံးထိ တိုးတက်မြင့်မားလာခဲ့သည်။ ၎င်းအစိုးရ၏ နှိပ်ကွပ်မှုကြောင့်
အတိုက်အခံ ၁၆၃ယောက်သေဆုံးခဲ့ပြီး လူ၅၀၀၀ ကျော်ဖမ်း ဆီးညှမ်းပန်း
ခံခဲ့ရသည်။ အစိုးရ၏မျက်ကွယ်ပြုမှုကြောင့် ၀မ်းရောဂါဖြင့် လူပေါင်း ၄၀၀၀
နီးပါး လွန်ခဲ့သည့် နှစ် သြဂုတ်လမှ စတင်၍ သေဆုံးခဲ့ရသည်။ မကြာခဏ
အတိုက်အခံများ နှင့် အာဏာခွဲဝေ အုပ်ချုပ်ရန် သဘောတူညီ ဆိုင်းထိုးမှုများ
ရှိခဲ့သော်လည်း မူဂါဘီသည် အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပါသည်။

2. Omar al-Bashir
Sudan
Age: 65
In power since: 1989
Last year's rank: 2

အဆိုးဝါးဆုံး အာဏာရှင် ဒုတိယဆုကို ဆူဒန်မှ အိုမာအယ်ဘရှား
ကိုပေးအပ်ခဲ့ပါသည်။ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (International Criminal
Court) မှ အယ်ဘရှား ကို ဖမ်းဆီးရန် ဒီလအတွင်း ၀ရမ်း ထုတ်ခဲ့ပါသည်။ ၎င်း၏
ပြစ်မှုများမှာ လူသတ်မှု၊ မုဒိန်းမှု၊နှိပ်စက်ညှင်းပန်းမှု၊ အတင်းရွေ
့ပြောင်းနေရာချမှု၊ ပြည်သူပစ္စည်းများ ကို အဓမ္မ သိမ်းဆည်းမှု တို့ဖြင့်
ဝရမ်းထုတ်ခြင်းခံခဲ့ရပါသည်။ ယမန်နှစ်ကလည်း ဒုတိယနေရာမှာသာ ချိတ်ခဲ့ပါသည်။
အိုမာ၏ အာဏာရှင်သက်မှာ အနှစ် ၂၀ ရှိပါသည်။

3. Kim Jong-Il
North Korea
Age: 67
In power since: 1994
Last year's rank: 1

တတိယ အဆိုးရွားဆုံး အာဏာရှင် မှာမူ ယမန်နှစ်က ပထမစွဲ ခဲ့သော
မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီး အား ပေးအပ်ခဲ့ပါသည်။ ကင်ဂျုံအီး မှာ
ဤနှစ်အတွင်း ကျမ်းမာရေး သိတ်မကောင်းလှဟု နိုင်ငံတကာမှ
ခန့်မှန်းကြသော်လည်း ၎င်း၏ ဖိနှိပ်မှုများမှာ ပုံမှန်အတိုင်း ဖြစ်နေခဲ့ပါသည်။
ကင်၏ အာဏာရှင်သက်မှာ ၁၅ နှစ်ရှိပါသည်။

4. Than Shwe
Burma (Myanmar)
Age: 76
In power since: 1992
Last year's rank: 3

စတုတ္ထ အဆိုးဝါးဆုံး အာဏာရှင် အဖြစ် မြန်မာကို ကမ္ဘာသိအောင်(
အဆိုးနည်းဖြင့်) လုပ်ပေးနေသူ သန်းရွှေ အား တံဆိပ်ကပ်ခဲ့သည်။ သန်းရွှေ၏
ဤနှစ် ပုဒ်မ မှာ နာဂစ်မုန်တိုင်း ကြောင့် လူပေါင်း တသိန်း၎သောင်းကျော်
သေကြေပျောက်ဆုံးမှုနှင့် အိုးမဲ့အိမ်မဲ့ ၂သန်းကျော် အား နိုင်ငံတကာမှ
ဝိုင်းဝန်းကူညီရန်ကြိုးပမ်းခဲ့
မှုကို အချိန်ဆွဲဖင်နှေးခဲ့ခြင်း နှင့်
တချိန်တည်းမှာ ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုမူ မြန်မာသမိုင်းတွင် အဆိုးဝါးဆုံး
မှတ်တမ်းဝင်ခဲ့သော နာဂစ်မုန်တိုင်း ကြီး ကြားမှပင် ဗန္ဓုလ မိုးတွင်းကြီး
ရခိုင်ရိုးမကိုဖြတ်ကာ ဓနုဖြူဆင်းသကဲ့သို့ ပြီးမြောက်အောင်
လုပ်ပြခဲ့ခြင်းအတွက် နိုင်ငံတကာမှ ရင်သပ်ရှုမော အံ့သြ အောချခဲ့ရသည်။
သန်းရွှေသည် ယမန်နှစ် လည်း ငြိမ်းချမ်းစွာ သပိတ်မှောက်သော ရွှေဝါရောင်
ကိုယ်တော်များအား သုတ်သင်ချေမှုန်းမှု့ကြောင့် အဆိုးဆုံး အာဏာရှင် တတိယနေရာ
ရခဲ့ပါသည်။

5. King Abdullah
Saudi Arabia
Age: 85
In power since: 1995
Last year's rank: 4

ပဉ္စမ အာဏာရှင်ဆိုးကြီး အဖြစ် ဆော်ဒီအာရေးဗီးယားမှ ဘုရင် အဗ္ဗဒူလာ အား
သမုတ်ခဲ့ပါသည်။ ဆော်ဒီ ဘုရင်ကြီးသည် အမျိုးသမီးအခွင့်အရေးများ ကို ဆက်လက်
ပိတ်ပင် တားမြစ်နေခြင်း ကိုခွင့်ပြုထားသဖြင့် အာဏာရှင်ဆိုးတဦး
စာရင်းဝင်ခဲ့ခြင်းဖြစ်ပါသည်။ ဆော်ဒီအမျိုးသမီးများမှာ
မှတ်ပုံတင်ကိုင်ဆောင်ခွင့်ပင် မရကြဘဲ ဘယ်သွားသွား၊ဘယ်လာ လာ၊ဘာလုပ်လုပ်
အမျိုးသား များ၏ အုပ်ထိန်းမှုအောက်မှသာ လုပ်ခွင့် ရကြပါသည်။
အမျိုးသမီးများ အတွက် လူအခွင့်အရေး ကော်မရှင် တခု ကို ဆော်ဒီအစိုးရမှ
ဖွင့်လှစ်ပေးခဲ့ သော်လည်း ထိုရုံး၌ အလုပ်လုပ်သူအားလုံးမှာ
အမျိုးသားများသာလျှင်ဖြစ်ပါသည်။ ဆော်ဒီဘုရင် အဗ္ဗဒူလာ သည် ယမန်နှစ်ကလည်း
အာဏာရှင်ဆိုး အဖြစ် စတုတ္ထချိတ်ခဲ့ ပါသည်။

6. Hu Jintao
China
Age: 66
In power since: 2002
Last year's rank: 5

ဆဌမ အဆိုးဝါးဆုံး အာဏာရှင်အား တရုပ်မှ ဟူဂျင်းတောင် အား ပေးအပ်ခဲ့ပါသည်။
ဟူဂျင်းတောင် သည် ၂၀၀၈ အိုလံပစ်ပွဲ ကံထရိုက် ဆွဲနိုင်ရန်အတွက်
အခြေခံလူအခွင့်အရေး များ မြှင့်တင် သွားမည် ဟု နိုင်ငံတကာ နှင့်
အိုလံပစ်ကော်မတီကို နားလှည့် ပါးရိုက် ဂတိပေးခဲ့သော်လည်း လက်တွေ့တွင်မူ
လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့်နှင့် ပြောဆိုပိုင်ခွင့် တို့အား
ပိုမိုတင်းကြပ် ချုတ်ချယ်လာခဲ့ပါသည်။ တိဘက်နှင့် တခြား လူနည်းစု
တိုင်းရင်းသား အပေါ် ပိုမိုဖိနှိပ်လာပြီး နိုင်ငံရေး၊ဘာသာရေး အတိုက်အခံ
များအား တရားစီရင်ချက် မချဘဲ “အလုပ်ကြမ်းမှပြန်လည်ပညာပေးခြင်
း” ရဲဘက်
စခန်းများသို့ ၄နှစ်ထိတိုင်ပို့၍ မောင်းခြင်းများ ပြုလုပ်ခဲ့ ပါသည်။
ဟူဂျင်းတောင် သည် ယမန်နှစ်က အဆိုးဝါးဆုံး အာဏာရှင် နံပါတ် ၅
ချိတ်ခဲ့ပါသည်။

7. Sayyid Ali Khamenei
Iran
Age: 69
In power since: 1989
Last year's rank: 7

သတ္တမ အဆိုးဝါးဆုံး အာဏာရှင်အဖြစ် အီရန် မှ ဆာရဒ် အာလီ ခါမေနီ မှ
ရရှိခဲ့ပါသည်။ ယမန်နှစ် က ခါမေနီသည် သတ္တမပင် ချိတ်ခဲ့ပါသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ အမျိုးသမီးအခွင့်အရေးတိုက်ပွဲဝင်သူများ၊
လူနည်းစုတိုင်းရင်းသား များ နှင့် ဘာသာရေး အစုအဖွဲ့လေးများ၊ သတင်းဂျာနယ်
သမားများကို ဖိနှိပ်ညှင်းပန်းမှု များ ကြောင့် ဟုစွဲချက်တင်ကြပါသည်။ ၂၀၀၈
ခုနှစ်အထိ တကမ္ဘာလုံးတွင် အီရန်တနိုင်ငံတည်းသာ ကလေး များ အား
သေဒဏ်အပြစ်ပေးခြင်း ကို လက်ခံကျင့်သုံးနေဆဲဖြစ်ပါသည်။ အီရန်ဥပဒေမှ
ယောင်္ကျားလေး ၁၅ နှစ်နှင့်အထက်၊ မိန်းခလေး ၉နှစ်နှင့်အထက်အား
သေဒဏ်အပြစ်ပေးနိုင် သည်ဟု သတ်မှတ်ထားပါသည်။

8. Isayas Afewerki
Eritrea
Age: 63
In power since: 1991
Last year's rank: 10

အဌမ အဆိုးဝါးဆုံး အာဏာရှင်အဖြစ် အီယစ်တရီယား (၁၉၅၂ခုနှစ်တွင်
အီသီယိုပီးယားမှ ခွဲထွက်လာသော နိုင်ငံငယ်) မှ အိုင်စာရစ် အဖီဝါကီ အား
ပေးခဲ့ပြီး ၎င်းသည် မနှစ်က အဆင့်၁၀ ချိတ်ခဲ့ပါသည်။ အဖီဝါကီ သည် ၂၀၀၈ မေလ
တွင် ရွေးကောက် ပွဲ ပြုလုပ်ခြင်းကြောင့် တိုင်းပြည်အတွင်း
ကွဲပြားခြားနားမှုများ ပေါ်ပေါက် လာစေနိုင်သည် ဟူသော အကြောင်းပြချက်ဖြင့်
ရွေးကောက်ပွဲအား အနဲဆုံး အနှစ် ၃၀ မှ ၄၀ ကျော်မှသာ၊ သို့မဟုတ်
ဤထက်ပိုမိုကြာမြင့်မှသာ ပြုလုပ်မည် ဟု ကျေညာခဲ့သည်။ သတင်းဌာနများကို
၎င်းအစိုးရမှသာ တိုက်ရိုက်ချုပ်ကိုင်ခဲ့ပြီး အနည်းဆုံး သတင်းသမား
၁၀ယောက်ကျော်အား ၂၀၀၁ ခုမှ စတင်ထိန်းသိမ်းခဲ့ပါသည်။

9. Gurbanguly Berdymuhammedov
Turkmenistan
Age: 51
In power since: 2006
Last year's rank: Unranked

န၀မ အဆိုးဝါးဆုံးအာဏာရှင် အဖြစ် တာခ်မန်းနိစတင်မှ ဂါဘန်ဂူလီ
ဘာဒီမူဟာမက်ဒေါ့ ဤနှစ်မှ စတင် ရရှိခဲ့ပါသည်။
နိုင်ငံရေးအတိုက်အခံများ၊သတင်းသမားများ၊ ဘာသာရေး သမား များအား
ဖိနှိပ်ညှင်းပန်းခဲ့ပြီး မတ်၊ဧပြီ အစရှိသော လ နံမည်များအား သူနံမည် နှင့်
သူအမေ နံမည် ပေး၍ ခေါ်ဝေါ်စေခဲ့ခြင်းများ အစရှိသည့် အလားတူ အာဏာရှင်ရူးများ
ပြုလုပ်နေကျ အူကြောင်ကြောင် အပြုအမူများကိုပြုလုပ်ခဲ့ပါသည်။

10. Muammar al-Qaddafi
Libya
Age: 66
In power since: 1969
Last year's rank: 11

ဒဿမ အဆိုးဝါးဆုံးအာဏာရှင်ကြီး အဖြစ် အနှစ် ၄၀ အာဏာသက်
ပြည့်လုခါနီးဖြစ်သော လစ်ဗျား မှ ကဒါဖီ အား ပေးအပ်ခဲ့ပါသည်။
သက်ဦးဆံပိုင်ရာဇသွေး မပါ သော အုပ်ချုပ်သူများ အနက် ဂါဘွန် ရှိ အိုမာ
ဘွန်ဂို တယောက်သာ ကဒါဖီ ၏ ရှေ့၌ နှစ်အများဆုံး အာဏာရှင်သက်တမ်း
ချိုးထားနိုင်ခဲ့ပါသည်။ လစ်ဗျားအစိုးရ၏ သတင်းများကို ဖြန့်ချိပါက
လစ်ဗျားနိုင်ငံ၏ ဂုဏ်သိက္ခာ ကို ဖျက်ဆီးစေသည် ဟူသော စွဲချက်များ ဖြင့်
ထောင်ဒဏ်အပြစ်ပေးနိုင်ပါသည်။ ကဒါဖီ သည် ယမန်နှစ်က အဆင့် ၁၁ သာ
ချိတ်ခဲ့ပါသည်။

PARADE's annual World's Worst Dictators list:2009.

အဆိုးဝါးဆုံး အာဏာရှင်ဖြစ်စေနိုင်သည့် အမှတ်ပေးစည်းမျည်းများမှာ
လူအခွင့်အရေးချိုး ဖောက်မှုများ၊ ၎င်းတို့အုပ်ချုပ်မှုလက်အောက်၌
ပြည်သူပြည်သားများ ခံစား နေရသော ဒုက္ခအ၀၀များ၊ အာဏာကို
တဦးတည်းလက်ဝါးကြီးအုပ်ချယ်လှယ်မှုများ အစရှိသည် တို့ပါဝင်ပါသည်။
အချက်အလက်များကို အမေရိကန်နိုင်ငံခြားရေးဌာန၊ လူအခွင့်အရေးစောင့်ကြည့်မှု
ကော်မရှင်၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေး အဖွဲ့၊ နယ်နိမိတ်မဲ့
သတင်းထောက်များ အဖွဲ့တို့ မှ ရရှိပါသည်။

--~--~---------~--~----~------------~-------~--~----~