Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 16 October 2010

ဝေဖန်သူ တပ်သားကို တပ်ရင်းမှူးက အသေပစ်သတ်ပြီး ကိုယ်ဝန်ဖြင့် ကျန်ခဲ့သူ ဇနီးကို တပ်ရင်းမှ နှင်ထုတ်

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ တပ်ရင်းမှူးသည် သူ့အား ဝေဖန်သူ တပ်သား တစ်ဦးကို သေနတ်ဖြင့် အသေပစ်သတ်ပြီး နောက်တန်းတွင် ကိုယ်ဝန်ဖြင့် ကျန်နေခဲ့သူ ဇနီးကိုလည်း တပ်ရင်းမှ နှင်ထုတ်လိုက်ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပစ်သတ်ခံရသူ တပ်သား၏ ဆွေမျိုး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ ဖြစ်တာက ပုဏ္ဍားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အေးနိုင်နဲ့ တပ်စု တစ်စု အိန္ဒိယ နယ်စပ် ရှေတန်းကို သြဂတ်စ်လ အတွင်းက သွားရောက်တဲ့ အခါ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရှေ့တန်းကို သွားတဲ့ အခါ တပ်ရင်းမှူးက ကျေးရွာသားတွေကို အထမ်းသမား ပေါ်တာ ဆွဲသလို တချို့ကျေးရွာတွေက သမီးပျိုတွေဟာ တပ်ရင်းမှူးကို ပျိုတော် ဆက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲသလို လုပ်တဲ့ အပေါ် တပ်သား ဦးရွှေသိန်းက တပ်ရင်းမှူးကို ဝေဖန်တဲ့ အတွက် တပ်ရင်းမှူးက မကျေနပ်တာကြောင့် သူနဲ့ အတူ ရှိနေတဲ့ တပ်သား ၁၀ ဦးကို မသေမချင်း ရိုက်သတ်ခိုင်းခဲ့တယ်။ တပ်သားတွေ ရိုက်သတ်တဲ့ အတွက် သေလု မျောပါး ဖြစ်နေတဲ့ အခါ တပ်ရင်းမှူးက သူ့ကို သေနတ်နဲ့ အသေပစ် သတ်ခဲ့ပါတယ်။”

ဦးရွှေသိန်းကို သတ်ပြီးနောက် အလောင်းကို ဖျောက်ဖျက်ပစ်ကာ ဦးရွှေသိန်းမှာ လက်နက်ဖြင့် ထွက်ပြေးသွားကြောင်း အထက်သို့ အစီရင်ခံထားသည်ဟု သိရသည်။ ၎င်းပြင် ဦးရွှေသိန်းအား သတ်ရာတွင် ပါဝင်ခဲ့သူ ရဲဘော် ၁၀ ဦးကိုလည်း အဆိုပါ သတင်း လုံးဝ မပေါက်ကြားရန် တပ်ရင်းမှူး အေးနိုင်က သစ္စာရည် တိုက်ထားသည်ဟု သူက ပြောသည်။

“ အဲသလို သတ်ပစ်ခဲ့တာကို မကျေနပ်တဲ့ စစ်သားတွေက သူတို့ရဲ့ ဇနီးမယားတွေကို ပြောရာကနေ ဒီသတင်း ထွက်လာတာ ဖြစ်ပါတယ်။ အခုက ဒီသတင်းက တအားကို ပျံ့နေပါပြီ။ လူတိုင်းလိုလို သိနေကြတော့ စိတ်မကောင်း ဖြစ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ဦးရွှေသိန်းမှာ ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာ ဇာတိ ဖြစ်ပြီး သူ့တွင် ၂ နှစ်အရွယ် သမီး တစ်ဦးနှင့် ဇနီး မဌေးဌေးဝင်း ကျန်ရစ်ခဲ့ပြီး မဌေးဌေးဝင်းမှာလည်း ကိုယ်ဝန် လွယ်ထားရသည်ဟု သိရသည်။



များမကြာမှီက အဆိုပါ တပ်ရင်းမှူး ဦးဆောင်သည့် တပ်စု ပုဏ္ဍားကျွန်း တပ်ရင်းသို့ ပြန်ရောက်လာပြီးနောက် တပ်ရင်းတွင် ကျန်နေခဲ့သူ ဦးရွှေသိန်း၏ ဇနီး မဌေးဌေးဝင်းကို စခန်းမှ နှင်ထုတ်လိုက်သည်ဟု သူက ဆက်ပြောသည်။


“ နှင်ယောင်္ကျားက သေနတ်ယူပြီး ထွက်ပြေးသွားတဲ့ အတွက် နှင်ကိုလည်း စခန်းထဲမှာ မထား နိုင်တော့ဘူး ဆိုပြီး နှင်ထုတ်လိုက်ပါတယ်။ အခု မဌေးဌေးဝင်းက ယိုးတရုတ် ကျေးရွာကို ပြန်ရောက်ရှိနေပါတယ်။”


ဦးရွှေသိန်း သတ်ဖြတ်ခံရသော သတင်းမှာ ယိုးတရုတ်၊ ပုဏ္ဍားကျွန်းနှင့် အဆိုပါ ဒေသအတွင်း ပျံ့နှံ့နေပြီး ဦးရွှေသိန်း၏ ဆွေမျိုးများကလည်း အဆိုပါ ဖြစ်ရပ်ကို တတ်သိ နားလည်သူများနှင့် တိုင်ပင်ပြီး နေပြည်တော်အထိ တိုင်းတန်းရန် စီစဉ်နေကြောင်း စုံစမ်း သိရှိရသည်။
Source: http://www.narinjara.com/detailsbur.asp?id=2797

သူတို့တွေ ကို အမြန်ဆုံး ကူညီပေးကြပါ

မိတ်ဆွေအပါင်းတို့ ခင်ဗျာ

ညဏ်အမြော်အမြင် နည်းတဲ့ စစ်အာဏာရှင် အစိုးရက ပညာမတတ်တဲ့ နောက်လိုက်များကို မွေးမြူ ထားခြင်းရဲ့ အဖြစ်အပျက်ကို ခါးသီးရင့်နင်စဖွယ် ပထမဆုံး ခံစားရတာက ပြည်သူလူထုပါ ။ လူတစ်စုက ဆင်ခြင်တုံးတရား ကင်းမဲ့မှု နဲ့ အတွေးအခေါ် အမြာ်အမြင် အားနည်းမှုက လူပေါင်းများစွာ ဆင်းရဲဒုက္ခ ရောက် ကြရတဲ့ အပြင် အချို့တွေမှာ တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရ ပြန်ပါပြီ ။
ဒီစစ်အာ ဏာ ရှင်တွေ အုပ်စိုးသမျှတော့ ကျွန်တော်တို့ တိုင်းပြည်က ပြည်သူလူထု ဟာ ဆင်းရဲဒုက္ခ အဖုံဖုံကို ဆက်လက် ခံစားနေရအုံးမှာ အသေအချာပါဘဲ ။

အခုလည်း မန္တလေးမြို့မှာ ဆည်တော်ကြီးနှင့် ဆည်တော်လေး ရေလှောင်တမံမှ ရေများ ဖောက်လွှတ်လိုက်တဲ့အတွက် ရေဘေးဒုက္ခ ကြုံတွေ့နေရပါတယ်။ ဖြစ်ပုံမှာ ပြီးခဲ့တဲ့ ၁၁ရက်နေ့ညက ဆည်ကျိုးတယ် ဆိုပြီး အာဏာပိုင်တွေက အနီးအနားရွာများအား တမင်သတင်းလွှင့် ကြေငြာပါတယ်... အမှန်တကယ်မှာ ဆည်ကျိုးခြင်းမဟုတ်ပဲ ဆည်တော်ကြီးမှ ရေကိုဖောက်လွှတ်လိုက်တဲ့ အတွက်ကြောင့်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုပါတယ်.. ကြိုတင် အကြောင်းကြားခြင်းမရှိပဲ ဆည်ကျိုးသွားပြီဆိုပြီး အာဏာပိုင်တွေမှ တမင်သတင်းလွှင့်ပါတယ်..အမှန်မှာ ဆည်ရေလျှံတဲ့ အတွက်ကြောင့် ဆည်ရေကို တမင် ဖောက်လွှတ်လိုက်တာလို့ ဆိုပါတယ်..

ယနေ့နောက်ဆုံးရ သတင်းများအရ သေဆုံးသူ အလောင်း ၁၁လောင်းရရှိထားပြီး ရေမှာ ၆၂လမ်းထိ ပြန်လည် ကျဆင်းနေပြီ ဖြစ်ကြောင်း ဆိုပါတယ်.. ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအနီး ဘီလူးကျေးရွာမှ အိမ် ၂၂အိမ် ရေထဲ မျောပါသွားပြီး လူ၎ဦး ပျောက်ဆုံးနေကြောင်း အလောင်း၂လောင်းသာ ပြန်လည် ရရှိတယ်လို့ဆိုပါတယ်..။ ယခုအချိန်ထိ ရေဘေးသင့် ကျေးရွာများသို့ ထမင်းထုတ်နှင့် ဆေးဝါးပစ္စည်းများ ဝေငှမှု မလောက်မငှ ဖြစ်နေပြီး.. ကလေးငယ်များ ဝမ်းရောဂါ စတင်ဖြစ်ပွားနေပြီ ဖြစ်ကြောင်းသိရှိရပါတယ်..။

သူတို့တတွေ ကျွန်တော်တို့ ရဲ့ အကူအညီကို အထူး လိုအပ် နေပါတယ် ။
ရာထူးနဲ့အာဏာ ကလွဲပြီး တာဝန်ဝတ္တရား ဆိုတာကို နားမလည်တဲ့ အစိုးရက ထိုင်ကြည့်နေကြတော့ တာဝန်သိတဲ့ ပြည်သူလူထုကဘဲ တတ်နိုင်သမျှ နိုင်ရာ တာဝန် ထမ်းပြီး မန္တလေးက မှာ ရေဘေးဒုက္ခ ခံစားနေရ သူများကို အမြန်ဆုံး ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံ အပ်ပါတယ်ခင်ဗျာ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

သတင်း..နှင့်ဓါတ်ပုံ ဒီမိုဝေယံ

ကြိုးနီစနစ် ဟူသည်

ကျွန်တော့်အား မိတ်ဆွေတစ်ဦးက မေးခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော်သည် မိတ်ဆွေ၏ အမေးကို မဖြေခဲ့ရသေး။ သာမန်အားဖြင့် သူ့အမေးကို သူနားလည်အောင်
ကျွန်တော်ဖြေနိုင်ချင်မှ ဖြေနိုင်ပေမည်။ သို့ကြောင့်လည်း ဥပမာတစ်ခုလောက်ပြနိုင်ရန် ကျွန်တော်စောင့်နေခြင်း ဖြစ်သည်။ သူ့အမေးမှာ "မင်းတို့ ပြောပြောနေတဲ့ ကြိုးနီစနစ်ဆိုတာ ဘာလဲကွ" ဟူ၍ ဖြစ်၏။
မနေ့ကတော့ သူ့ကို ဥပမာပေးရန် အဖြစ်အပျက်တစ်ခုကို တွေ့လာခဲ့သည်။ အစိုးရဌာနနှစ်ခုမှ ရုံးနှစ်ရုံးသည် အဆောက်အဦကြီး တစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ ထိုရုံးနှစ်ခုအနက်မှ တစ်ခုသောရုံးတွင် ခွေးတစ်ကောင်မွေးထား၏။ တစ်နေ့သောအခါ ထိုခွေးသည် ကပ်လျက်ရုံး ၏ အခန်းတွင်းသို့ သွား၍ နောက်ဖေးယိုခဲ့၏။ ဤသို့ပြုလုပ်ခြင်းသည် တစ်ကြိမ်မဟုတ် ကြိမ်ဖန်များလာသောအခါ နောက်ဖေးယိုခံရသောရုံးက ခွေးမွေးထားသောရုံးသို့ "လူကြီးမင်းတို့ရုံးမှ မွေးထားသောခွေးသည် ကျွန်တော်တို့၏ ဧည့်ခန်းနှင့် ရုံးခန်းအတွင်းတွင် မကြာခဏလာရောက်၍ နောက်ဖေးယိုနေသောကြောင့် နောက်နောင် ထိုသို့ မဖြစ်စေရေးအတွက် အရေးယူဆောင်ရွက်ပါရန် မေတ္တာရပ်ခံအပ်ပါသည်" ဟူသော စာကို ပို့လိုက်၏။
ယင်းစာသည် ခွေးမွေးထားသောရုံး၏ စာလက်ခံရာဌာနမှ "အဆင့်ဆင့် ဆက်လက် တင်ပြသည်၊ဆက်လက်တင်ပြပါသည်" ဟူသော မှတ်ချက် ဆယ်ခုလောက်ဖြင့် နောက်ဆုံး ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်ထံသို့ ရောက်သွား၏။ ထိုပုဂ္ဂိုလ်က "ယင်းကိစ္စ ဟုတ်၊ မဟုတ်စုံစမ်းတင်ပြပါ" ဟူသော မှတ်ချက်တွင် "အရေးယူဆောင်ရွက်ရန်၊ အရေးယူဆောင်ရွက်ရန်" ဟူသော ထပ်ဆင့်မှတ်ချက်များနှင့်အတူ အောက်သို့ ပြန်ကျလာ၏။
ထိုအခါ ယင်းကိစ္စကို ဟုတ်၊ မဟုတ် စုံစမ်းရေးအတွက် ရုံးအုပ်အဆင့်ရှိသူများက အဖွဲ့ဖွဲ့ကာ တစ်ပတ်ကျော်မျှ စုံစမ်းပြီး "စာအမှတ် မည်မျှဖြင့် တစ်ဖက်ရုံးမှ ပေးပို့သောကိစ္စသည် မှန်ကန်ပါသည်"ဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ရှိပုဂ္ဂိုလ်ဆီသို့ ရောက်သွားပြန်၏။ ထိုအခါ ယင်းပုဂ္ဂိုလ်က "ယင်းကိစ္စ မှန်ကန်လျှင် မည်သို့ အောက်သို့ ပြန်ချပေးလိုက်ပြန်၏။ အောက်သို့ ကျလာသောအခါ ရုံးအုပ်နှင့် အဖွဲ့သည် မည်ကဲ့သို့ဖြေရှင်းရမည်ကို အချိန်ယူ၍ ဆွေးနွေးတိုင်ပင်ကာ နောက်ဆုံး၌ ရုံးအုပ်နှင့်အဖွဲ့က လူကြီးမင်း၏ မှတ်ချက်အမိန့်အရ နည်းလမ်းများကို ရှာဖွေရာ အောက်ပါနည်းလမ်းများကို တွေ့ရှိပါသဖြင့် တင်ပြအပ်ပါသည်ဟု ဆိုကာ အောက်ဖော်ပြပါ နည်းလေးနည်းကို တင်ပြခဲ့သည်။
(က) ယင်းခွေးကို သတ်ပစ်ခြင်း၊
(ခ) ယင်းခွေးကို အဝေးသို့ပို့ခြင်း၊
(ဂ) ခွေးဝင်သော အပေါက်ကို လုံးဝပိတ်ထားခြင်း၊
(ဃ) ခွေးမ၀င်ရန် စာကပ်ထားခြင်း။
ထိုအခါ တာဝန်ရှိပုဂ္ဂိုလ်က အောက်မှတင်ပြသော နည်းလေးနည်းကို အောက်ပါအတိုင်း မှတ်ချက်ရေးကာ အဆင့်ဆင့် ပြန်ချပေးလိုက်၏။
(က)နည်းမှာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်၍ မရွေးချယ်နိုင်။ (ခ)နည်းမှာ ယင်းခွေးတွင် သားသမီးငယ်များ ရှိနေသည်ဟု သိရ၍ (က)နည်းတူ မရွေးချယ်နိုင်။ (ဂ)နည်းမှာ ရုံးနှစ်ရုံး၏ ဆက်သွယ်ရေးကိစ္စများကို ထိခိုက်စေသောကြောင့် ယင်းနည်းကို ရွေးချယ်ရန် ကျွန်ုပ်ငြင်းဆို၏။ (ဃ)နည်းမှာမူ မည်သူကိုမှလည်း မထိခိုက် မဇ္ဈိမပဋိပဒါလည်း ကျသောကြောင့် ယင်းနည်းကို ကျွန်ုပ်ကိုယ်တိုင် ရွေးချယ်လိုက်သည်။
အထက်ပါမှတ်ချက်ဖြင့်စာသည် ရုံးထုံးစံအတိုင်း အဆင့်ဆင့်ကျလာပြီး အောက်ပိုင်းမှ စာတစ်စောင် ပြန်၍တက်လာပြန်၏။ ယင်းစာမှာ "လူကြီးမင်း ရွေးချယ်သော (ဃ)နည်းကို အသုံးပြုရေးအတွက် ခွေးမ၀င်ရဟူသော စာကပ်ရန် မည်သည့်ပန်းချီဆရာဖြင့် ရေးရမည်ကို အမိန့်တောင်းခံပါသည်" ဟူ၍ ဖြစ်၏။ ထိုအခါ အထက်လူကြီးက "သင့်လျော်သော ပန်းချီဆရာနာမည်များ တင်ပြပါ"ဟု မှတ်ချက်ဖြင့် ပြန်ကျလာ၏။ အောက်ပိုင်းမှ တဖန်
ပန်းချီဆရာလေးဦး၏ အမည်များကို ယင်းတို့၏ အရည်အချင်း၊ အရည်အသွေးများနှင့်အတူ တင်ပြရာ အထက်မှ "ဖော်ပြပါ အရည်အချင်းများအရဆိုမူ ကျွန်ုပ်တို့သည် နံပါတ် (၂)ပန်းချီဆရာကို ရွေးသည်"ဟူသော မှတ်ချက်ဖြင့် ပြန်ကျလာ၏။
ရုံးအုပ်နှင့်အဖွဲ့သည် ရုံးထုံးစံအတိုင်း နံပါတ်(၂) ပန်းချီဆရာဖြင့် ခွေးမ၀င်ရဟူသော စာတန်းကိုရေးဆွဲကာ ရုံးနှစ်ရုံး၏ အ၀င်အထွက် တံခါးဝတွင် ချိတ်ဆွဲထားလိုက်၏။သို့သော် မကြာမီ တစ်ဖက်ရုံးမှနေ၍ လွန်ခဲ့သော (၁၂)လက စာအမှတ် ဘယ်လာက်ဘယ်လောက်ဖြင့် "လူကြီးမင်းတို့ရုံးမှ ခွေးတစ်ကောင် ၀င်ရောက်နောက်ဖေးယိုနေ၍ အရေးယူဆောင်ရွက်ပါရန် စာပို့ခဲ့သော်လည်း ယခုတိုင် ယင်းခွေးသည် နောက်ဖေးယိုနေဆဲဖြစ်၍ ထပ်မံအကြောင်းကြားအပ်ပါသည်" ဟူသောစာသည် အတွင်းရေးဟူသော ထိပ်စည်းနှင့်အတူ ရောက်လာပြန်၏။
ထိုစာသည် ထုံးစံအတိုင်း စာလက်ခံရာဌာနမှတဆင့် အထက်လူကြီးဆီသို့ တင်ပြရာ အထက်လူကြီးက "မိမိသည် ဤကိစ္စကို အသေအချာ အရေးယူဆောင်ရွက်ပါလျက် ယခုကဲ့သို့ အဘယ်ကြောင့် ဆက်လက်ဖြစ်နေရသည်ကို ချက်ချင်းစုံစမ်းတင်ပြပါ" ဟူ၍ မှတ်ချက်ဖြင့် အောက်သို့ ပြန်ချလိုက်၏။ ထိုအခါ ရုံးအုပ်သည် အဖွဲ့တစ်ခု ချက်ချင်းထပ်ဖွဲ့ကာ အဘယ်ကြောင့် ယင်းခွေးသည် ဆက်လက် နောက်ဖေးယိုမြဲသည်ကို အရေးတယူ စုံစမ်းကြပြီးနောက် အောက်ပါအတိုင်း အဆင့်ဆင့် တင်ပြလိုက်ပြန်၏။
စာအမှတ် မည်မျှဖြင့် "လူကြီးမင်း၏ ချက်ချင်းအရေးယူဆောင်ရွက်ရန် မှတ်ချက် အမိန့်အရ ကျွန်တော်များ ချက်ချင်းအလျင်အမြန် စုံစမ်းကြည့်ရာ ယင်းခွေးသည် စာမတတ်ကြောင်း တွေ့ရှိရပါသည်။"
အထက်ပါ စုံစမ်းတင်ပြချက်စာသည် တစ်ဆင့်ပြီးတစ်ဆင့် ရုံးထုံးစံအတိုင်း အထက်သို့ တက်လျက်ရှိနေ၏။ ယင်းတင်ပြချက်အပေါ် အထက်လူကြီးက မည်သို့ မှတ်ချက်ရေးဦးမည်ကို မသိရသေး။ သို့သော် တစ်ခုသေချာသည်ကတော့ ယင်းခွေးသည် အခြားဟိုဖက်ရုံး၏ ဧည့်ခန်းတွင် နောက်ဖေးယိုမြဲ ယိုနေဦးမည်ကတော့ သေချာနေပေသတည်း။
ချစ်စံဝင်း
(၉-၈-၁၉၆၉)
[မော်နီတာဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၁၊ ၂၀၁၀ ဇူလိုင် ၁၈၊ စာမျက်နှာ-၂၁
ဒီမိုဝေယံ ဆိုဒ်မှ ကူးယူဖော်ပြပါသည် ။

Everyone United Against Junta's Planned 2010 Sham Election

Burma Democratic Concern (BDC) is embarking on media campaign so as to encourage everyone's participation working for democratisation of Burma. I'm pleased to inform you that Burmese song "SHOCK Shi-Tae" for the "Ar-Yone-Oo-Mar SHOCK Shi-Tae" campaign video has been released on facebook and on you tube. Please see the links at

http://www.youtube.com/watch?v=ycQyF...

http://www.facebook.com/video/video....

Our main intention is to share the video with the people inside Burma in order to inform them of:
• why we should boycott junta's planned sham elections,
• junta's unilaterally adopted sham constitution and why we must collectively lobby international governments including UNSC to to declare military entrenching constitution as NULL & VOID,
• why we must work implementing 1990 election results
• life of the political activists

Please enjoy the following music video and ads. The following is the video link at the dailymotion

http://www.dailymotion.com/video/xf3...

It is also available free MP3 download at the following link since you may wish to use as the telephone ring tone.

http://bdcburma.org/mp_3/Shock%20mas...

I am also pleased to inform you that the full length video with ENGLISH and CHINESE subtitles approximately 90 minutes will be out very soon.

You may wish to see following ads for the boycott junta's sham 2010 election.

http://www.youtube.com/watch?v=biRw3...

http://www.youtube.com/watch?v=fnFys...

http://www.youtube.com/watch?v=AXUwQ...

http://www.youtube.com/watch?v=Xuy0Z...

Thank you very much in advance and looking forward to seeing you all.

Please forward this message to everyone you know. Thank you very much.

Yours faithfully,

Burma Democratic Concern (BDC)

15th Oct 2010–MoeMaKa Daily Newsletter

http://www.scribd.com/doc/39377419/15th-Oct-2010%E2%80%93MoeMaKa-Daily-Newsletter