Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 6 October 2011

China wants its companies’ interests respected after Myanmar halts dam projects

By Associated Press, Updated: Saturday, October 1, 7:38 AM

BEIJING — China urged Myanmar on Saturday to protect Chinese companies’ interests after the usually pliant Southeast Asian country surprisingly suspended a jointly backed, but much criticized, $3.6 billion dam project.

Chinese Foreign Ministry spokesman Hong Lei called on Myanmar to hold consultations to handle any problems with the Myitsone dam and reminded the Yangon government that both countries agreed to the project after rigorous reviews.

“The Chinese government ... urges the relevant government to protect the legal and legitimate rights and interests of Chinese companies,” Hong said in a statement carried on the ministry’s website.

Myanmar President Thein Sein’s Friday announcement of the suspension of the dam project, which has started construction, came after the dam project drew strong opposition from environmental activists and ethnic groups living near the site.

It was a turnabout in relations with China, which has poured billions of dollars of investment into the country to operate mines, extract timber and build oil and gas pipelines.

Some of China’s biggest companies are involved in the Myitsone project, among them China Power Investment Corp., which is providing financing; China Gezhouba Group Corporation, which is building the dam; and China Southern Power Grid Corp., which expects to buy most of the power generated.

Copyright 2011 The Associated Press. All rights reserved. This material may not be published, broadcast, rewritten or redistributed.

source: The Washington Post
Honouring Steve Jobs

Apple ကိုတည်ထောင်သူ Steve Jobs သေဆုံးသွားပီ။Steve Jobs, co-founder and former chief executive of US technology giant Apple, has died at the age of 56.
US President Barack Obama said that with his death, the world had "lost a visionary".
"Steve was among the greatest of American innovators - brave enough to think differently, bold enough to believe he could change the world, and talented enough to do it," said Mr Obama.

http://ping.fm/DagUN

Amazing speech by Steve Jobs with the transcript 1/3



http://ping.fm/BFyqQ
တောင်အာဖရိက ရုန်းကန်မှု အတုယူကြဖို့ ဒေါ်စုပန်ကြား(Message)
အင်္ဂါ, 04 အောက်တိုဘာ 2011 By ခင်မျိုးသက်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စဘတ် တက္ကသိုလ် (University of Johannesburg) က အင်္ဂါနေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ လိုချင်ကြတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို သတ္တိရှိရှိ ကြိုးပမ်းရင် ရနိုင်တယ်လို့ သင်ကြားပေးတဲ့ တောင်အာဖရိကနိုင်ငံရဲ့ တက္ကသိုလ်ကပေးအပ်တဲ့ ဘွဲ့ကိုရတာဟာ ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ချက်တွေရှိတဲ့ အသိုက်အ၀န်းက လက်ခံမှုကို ရရှိလိုက်တာမျိုးလို့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားကို ဗွီဒီယို မိန့်ခွန်းပေးပို့ ပြောကြားခဲ့ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

နိုင်ငံရေး အစဉ်အလာကြီးမားတဲ့ ဂျိုဟန်းနက်စဘတ် တက္ကသိုလ်ရဲ့ လူမှုဘာသာရပ်များ ဆိုင်ရာဌာနက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြှင့်ပေးအပ်ခဲ့တာပါ။

“ဂျိုဟန်းနက်စဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရရှိတာဟာ ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ချက်တွေရှိတဲ့ အသိုက်အ၀န်းတခုကနေ လက်ခံမှုကို ရရှိလိုက်တာပါပဲ။ သင်တို့ရဲ့ တက္ကသိုလ်ကြီးဟာ ကမ္ဘာတလွှားက လူ့အခွင့်အရေး လှုပ်ရှားသူတွေအတွက် ခိုင်မာတဲ့ ထောက်ပံ့မှုတွေပေးတဲ့ ကျောင်းကြီးအဖြစ် ထင်ရှားပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကလည်း သင်တို့ကျောင်ကြီးရဲ့ ပံ့ပိုးမှုအသီးအပွင့်ကို ခံစားကြရပါတယ်။”

ဘွဲ့ပေးအပ်တဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ ထောင်နဲ့ချီတဲ့ ပရိသတ်ကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို ရုပ်သံကနေ ပြောကြားခဲ့တာပါ။ တောင်အာဖရိက နိုင်ငံဟာ အသားရောင်ခွဲခြားမှု ပပျောက်ဖို့ ၁၉၄၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ ၄၆ နှစ်ကြာ ရုန်းကန်ခဲ့ရတဲ့နိုင်ငံတခု ဖြစ်ပါတယ်။

“တောင်အာဖရိကက ကျမတို့ မြန်မာနိုင်ငံကို သင်ကြားပေးတာ အများကြီးပါ။ ဘယ်လို ရုန်းကန် ကြိုးစားရမယ်။ သွေးစည်း ညီညွတ်မှုဟာ ဘယ်လောက်အရေးကြီးတယ်၊ ဘယ်လို သွေးစည်း ညီညွတ်အောင် လုပ်ရမယ်ဆိုတာတွေကို သင်ပေးခဲ့သလို ဆက်ပြီး သင်ယူနိုင်မယ် လို့လည်း မျှော်လင့်ထားပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားကြိုးစားမှုဟာ ကာလကြာရှည်နေပါပြီ။ ဒါပေမဲ့ တောင်အာဖရိက လောက်တော့ မကြာသေးပါဘူး။ ကျမတို့လည်း ဒီမိုကရေစီ ပန်းတိုင်ကို သိပ်မကြာခင်မှာပဲ ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။”

တောင်အာဖရိကနိုင်ငံရဲ့ တကယ့် ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ နယ်လ်ဆင် မန်ဒဲလားနဲ့ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး တို့ကို မြန်မာနိုင်ငံသားတွေက အတုယူကြရသလို မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်ကို ရောက်တဲ့အထိ ပံ့ပိုးပေးမယ်လို့ မျှော်လင့် ထားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးကို လိုချင်တယ်။ လွတ်လပ်မှုကို ရချင်တယ်။ လုံလုံခြုံခြုံ စိတ်ချလက်ချ နေချင်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို လိုချင်ကြပါတယ်။ ဒါတွေအားလုံးကို ရဲစွမ်းသတ္တိ ရှိရှိနဲ့ ကြိုးပမ်းရင် ကျမတို့လည်း ရနိုင်တယ်ဆိုတာ တောင်အာဖရိက က သင်ပေးခဲ့တာပါ။ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးဟာ မြန်မာနိုင်ငံသားတွေ အတွက် အားကျစေယုံတင် မကဘဲ နှစ်ပေါင်းများစွာ ကူညီ ထောက်ပံ့မှုတွေ ပေးခဲ့တာမို့ မြန်မာနိုင်ငံ ဒီမိုကရေစီရတဲ့ အထိလည်း ဆက်ပြီး ကူညီမယ်လို့ ယုံကြည်ထားသလို အမြဲလည်း အမှတ်ရနေမှာပါ။”

ဒါ့အပြင် ဒီမိုကရေစီ ရခဲ့ပြီးတဲ့နောက်မှာလည်း တောင်အာဖရိကမှာ အခုဆက်ပြီး ကြိုးစားနေရသလို ကိုယ်မျှော်မှန်းထားတဲ့ လူမှုအသိုက်အ၀န်းတခုကို ရဖို့ မြန်မာနိုင်ငံသားတွေလည်း ဆက်ပြီး ကြိုးစားရဦးမယ် ဆိုတာ သိထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုရဖို့ ကြိုးစားရတာဟာ ကြောက်ရွံ့စရာမဟုတ်ကြောင်း တောင်အာဖရိကက သင်ကြားပေးတယ်လို့ ဆိုပါတယ်။

“ရုန်းကန်ကြိုးစားမှု ဆိုတာဟာ ကြောက်စရာမဟုတ်ဘဲ လူတိုင်းအတွက် အကောင်းဆုံး ဖြစ်လာဖို့ စိန်ခေါ်မှု တခုဆိုတာကို တောင်အာဖရိကနိုင်ငံက ကမ္ဘာကို သင်ကြားပေးတာပါ။ အခု သင်တို့ရဲ့ တက္ကသိုလ်က ပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ရှေ့ဆက် ကြိုးပမ်းနိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ သင်တို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်ဝတဲ့ အသိုက်အ၀န်းထဲမှာ ကျမကို လက်ခံတာအတွက် ကျေးဇူးတင်ပါတယ်။”

ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ကိုယ်စား တက်ရောက် ယူပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုတ၀မ်းကွဲ ဒေါက်တာ စိန်ဝင်းကတော့ ဒါဟာ တတိယ အကြိမ်မြောက် တောင်အာဖရိကနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုခဲ့တာ ဖြစ်ပြီး ဒီလိုနိုင်ငံမျိုးက ပေးခဲ့တဲ့အတွက် ဂုဏ်ယူသလို ဆက်ပြီး ကူညီဖို့လည်း ပြောပါတယ်။

“ဒီကနေ့ ကမ္ဘာ့နိုင်ငံတွေလိုပဲ အသားရောင်မခွဲတဲ့ နိုင်ငံဖြစ်မြောက်သွားတယ် ဆိုတာက လွယ်လွယ်နဲ့တော့ ဖြစ်တာမဟုတ်ဘူး။ ဒါတွေကို ကျတော်တို့ မျက်မြင်တွေ့တယ်။ နယ်လ်ဆင် မန်ဒဲလားကနေ တိုင်းပြည်ကို သွေးထွက်သံယို မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် လုပ်တယ်။ နှစ်ပေါင်း ၂၆ နှစ် ထောင်ကျပြီး နောက်ဆုံးတော့ ဒီ Apartheid (အသားရောင် ခွဲခြားမှု) ကို ကျင့်သုံးတဲ့ လူတွေရဲ့ ခေါင်းဆောင် ကိုယ်တိုင်ကနေပြီးတော့ လက်ခံလာရတာပေါ့။ သူတို့တိုင်းပြည်မှာ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ သေတာတွေရှိတယ်။ အင်မတန်မှ ခက်ခဲတဲ့နေရာကနေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ကို ပြန်ပြီးတော့ အခြေကျအောင် လုပ်တာပေါ့။ မြန်မာပြည်မှာ ဒီကနေ့ အခြေအနေကတော့ လွတ်လပ်မှု မရသေးဘူး။ ဒီမိုကရေစီမရသေးဘူး။ အဲဒီတော့ ဆက်လက်ပြီး ကူညီဖို့ လိုတယ်လို့ ပြောတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၇ ခုနှစ်တုန်းကလည်း အလားတူ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို တောင်အာဖရိကနိုင်ငံ နာတဲလ် တက္ကသိုလ် (University of Natal) က ပေးအပ် ချီးမြှင့်တာကို ခံခဲ့ရပါတယ်။


http://ping.fm/nvzyd
Five political prisoners to receive a ‘Nonentity Hero Award’
New Delhi (Mizzima) – Five political prisoners including a Buddhist monk have been chosen to receive a “Nonentity Hero Award” presented by Burmese residents living in Japan.


Former political prisoner and senior NLD leader Win Tin. Photo: Mizzima

Oo Wira Thu (aka) Win Khine Oo, Zeya Aung (Myitkyina Prison), Thant Zaw (Thayat Prison), Swan Hla Aung (Kyaukphyu Prison) and Mar Mar Oo (Bhamo Prison) were named to receive the awards on Tuesday.

Min Htet Zaw, one of the organizers of the award committee, told Mizzima: “We need to respect the value of these people. They are an invaluable ‘human treasure’ for our country.”

The objective of the award is to honour pro-democracy activists who are “nonentities,” or not well known by the general public, to promote the cooperation between pro-democracy activists living both inside and outside the Burma.

The “Nonentity Hero Award” was given for the first time during the Burmese New Year [in April]. Maggin Monastery abbot U Eindaka (Lashio Prison), Bodaw Khin Win (aka) Khin Win and Than Naing (Ma-ubin Prison) received the first awards.

Former political prisoner Win Tin, who is a member of the award selection committee, said, “People usually recognize only famous people. We will also recognize nonentity activists who have made sacrifices. We must show that those people are important too, and their sacrifices for democracy are very great.” The National League for Democracy coordinated the award selection process.

Among the award-winning activists, Masoeyain New Monastery Abbot U Wira Thu was arrested during the “Saffron Revolution” and sentenced to 25 years in prison; Mar Mar Oo was arrested in 2008 for protesting against a fuel price hike in 2007 and sentenced to 65 years in prison.

Zeya Aung was arrested for distributing a poem titled “Peacock’s Pride” in 2006 and sentenced to 26 years in prison. When he was arrested, he was 21 years old and a final year student of law.

Win Tin said: “Rather than death sentences, some prisoners have to serve long prison terms frequently. For instance, Boedaw Khin Win has had to serve frequent prison terms since 1978.”

Swan Hla Aung has been a prisoner of conscience since 2002. He was sentenced to 79 years in prison; Thant Zaw was arrested in 1989 in connection with a bomb blast and received a death sentence.

The award ceremony will be held at NLD headquarters in Rangoon on October 12. Each winner will receive 1 million kyat (about US$ 1,240) and a medal. The committee is also preparing a logo design to represent sacrifice and equality. Fifty donors contributed a total of 560,800 yen (about US$ 7,000). The program may also donate to released political prisoners who need help returning to a normal life.

“They need to be rehabilitated to become leaders of their communities, activists who can cooperate with the public,” said Win Tin.
http://ping.fm/F9O2Z

အမျိုးသားခေါင်းဆောင်ကြီး သို့မဟုတ် နှလုံးသားလှပတဲ့ သူရဲကောင်း

အမျိုးသားခေါင်းဆောင်ကြီး သို့မဟုတ် နှလုံးသားလှပတဲ့ သူရဲကောင်း



တိုင်းပြည် တာဝန် အမြင့်မားဆုံး စွမ်းဆောင်ကာ မိမိတို၏ အသက်ကို ပဓါန မထားဘဲ တိုင်းပြည် အတွက် ဆောင်ရွက်ရင်း ကျဆုံးခဲ့ရလို့ အာဇာနည်လို့ သတ်မှတ်ကာ တတိုင်းပြည်လုံးက အမြတ်တနိုးနဲ့လေးစားချစ်ခင်ကာ ပြည်သူလူထုနှလုံးသားမှာ ကဗ္မည်းမော်ကွန်း တင်ထားခဲ့တဲ့ သူရဲကောင်းတွေရဲ့ ပုံရိပ်တွေက ကမ္ဘာတည်အောင် တည်တံ့နေမှာ အမှန်ပါဘဲ ။ ထိုအထဲကမှ သူရဲကောင်းတို့ အခေါင်ထွဋ်ဖျား ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် တပ်မတော်သားတို့ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဘာကြောင့် သူတပါးတွေထက် ပိုမို ကျော်ကြားကာ ထင်ရှားနေရသလည်း ဆိုတာကို အဖြေရှာကြည့်ရင် သူရဲ့ လှပသော နှလုံသား အကြောင်းကိုလည်း မေ့ထားလို့ ရမယ် မထင်ပါဘူး ။


တိုင်းတပါးကျွန် ဘ၀မှာ နေရတာထက် သေရတာ ပိုမြတ်ပါတယ် ခံယူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရာထူးကိုလည်း မမက် အာဏာကိုလည်း မခင်တွယ် ၊ အခွင့်အရေးမှန်သမျှကိုလည်း ရှောင်ရှားကာ တိုင်းပြည် အတွက် ကြိုးစားပုံလေးများထဲက ကျနော် ကြားနာ မှတ်သား ဖူးတာလေးများကို ပြန်လည် ဝေမျှလိုက်ပါတယ် ။

1940 ပြည့်နှစ် ဇန်န၀ါရီလ မှာ ဒို့ဗမာ့ အစည်းအရုံးရဲ့ အလုပ်မှုဆောင် အစည်းအဝေးကို မန္တလေးမြို့မှာ ကျင်းပလေသည် ။ ထိုအချိန်မှာ ဗြိတိလျှ လေဘာပါတီ ခေါင်းဆောင် ဆာ စတက်ဖို့ကရစ် က ဗမာနိုင်ငံ အခြေအနေကို လေ့လာဖို့ ရောက်လာခိုက်နဲ့ ကြုံလို့ ဒို့ဗမာ့အစည်းအရုံးဝင် များနဲ့တွေ့ဆုံခဲ့စဉ်က ထိုလေဘာပါတီ ခေါင်းဆောင်က သခင်အောင်ဆန်းတို့ အဖွဲ့ကို အခုလို ပြောပါတယ် ။

ဗမာပြည်ကို မရောက်ခင်က ခင်ဗျာတို့ အစည်းအရုံးဟာ လူရမ်းကားလေးတွေ ၊ ဆင်ခြင်တုံတရား ကင်းမဲ့ကာ သူပုန်ထဖို့ ကြိုးစားနေသူတွေ ၊ ပညာလက်မဲ့ အလုပ်လက်မဲ့တွေ စုပေါင်းနေတဲ့ အဖွဲ့အစည်းကြီးလို့ သိထားရတာ ။ ဒီကိုရောက်မှ အားလုံး အမြီးနဲ့ခေါင်း လွဲနေသလို ဖြစ်နေတယ် ဆိုတာကို ပြောရင်း သဘောကျစွာ ဟားတိုက် ရီနေပါတယ် ။

ထိုအခါ သခင်အောင်ဆန်းက ရယ်မောလျှက် ဒါက ဓမ္မတာပါဘဲ ။ အုပ်စိုးသူ အစိုးရ ဆိုတာ အုပ်ချုပ်ခံ လူတန်းစား အပေါ်မှာ အခုလို သဘောထားလေ့ရှိပါတယ် ။ အထူးသဖြင့် ကျနော်တို့က အတိုက်အခံ လုပ်နေတော့ သူတို့တွေ ဒီလို သတင်းလွှင့်ကြမှာပါဘဲ ။
တခုပြောချင်တာက ဗမာပြည်မှာ ရှိတဲ့ လူငယ်လူရွယ်တွေ ပညာမဲ့ အလုပ်လက်မဲ့ လူပေလူတေ လေးတွေ ဖြစ်ရတယ် ဆိုရင် ဘယ်သူ့ အပြစ်လည်း ။
ဗြိတိသျှ အုပ်စိုးခြင်း အောက်မှာ ဖြစ်ရတဲ့ အခုလို အဖြစ်အပျက် အတွက် ဗြိတိသျှ လူမျိုးတွေ ရှက်စရာ ကောင်းတာပေါ့ လို့ပြန်ပြောပါတယ် ။


ကရစ်ပ် ။ ။ တခုလောက် မေးစမ်းပါရစေ ၊ စပ်စုတယ်လည်း သဘောမထားပါနဲ့ ၊ ရင်းနှီးလို့ အခုလို မေးရဲတာပါ ။ ခင်ဗျာတို့က
အင်္ဂလိပ် လက်အောက်ခံ ဘ၀က လွတ်မြောက်ဖို့ ကြိုးစားနေကြတယ် ။ ဘယ်လိုနည်းနဲ့လွတ်မြောက်အောင် လုပ်ကြမှာလည်း ။

သခင်အောင်ဆန်း ။ ။ နည်းကတော့ ကျန်ာတို့ တရားတယ် ထင်တဲ့ နည်းလမ်းနဲ့ ရအောင် ပြန်ယူမှာပါဘဲ ။

ကရစ်ပ် ။ ။ မစ္စတာ အောင်ဆန်း ပြောတာ သိပ် နားမလည်ဘူး ၊ ထပ်ရှင်းစမ်းပါအုံး ။

သခင်အောင်ဆန်း ။ ။ ရှင်းပါတယ် ။ တရားတယ် ထင်တဲ့ နည်းလမ်း ဆိုတာ ရရာ နည်းလမ်းနဲ့ လုပ်ရမယ်လို့ ဆိုတာပါဘဲ ။ ဥပမာဗျာ ခင်ဗျား အိပ်ထဲက ဖောင်တိန်လေးဟာ ကျနော်ပိုင်တဲ့ ဖောင်တိန် ဆိုပါတော့။ ခင်ဗျားက ကျနော့်ဆီက အနိုင်ကျင့်ပြီး လုယူသွားတယ် ထားပါတော့ ။ ဒီတော့ ကျန်ာက ခင်ဗျားကို ပြန်လည် တောင်းပန်ပြီး ပြန်ပေးပါလို့ ချော့တောင်းမယ် ၊ မရရင် နောက်တနည်းနဲ့ ပြန်တောင်းမယ် ။ ဒီလိုမှ မရတဲ့ အဆုံးကျတော့ မပေးဘူးလား ပေးမလား ဆိုပြီး ခြိမ်းခြောက်တောင်းမယ် ။ ဒါနဲ့မှ မရရင် ဟောဒီလို အတင်းလုမယ် ။


သခင်အောင်ဆန်းသည် ပြောပြာဆိုဆို ကရပ်စ်ဖို့ ၏ အိပ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရပ်စ်၏ ကုတ်အကျီ်အိပ်ကပ်ကြီးပါ ပြဲ၍ ပါလာတော့သည် ။

သခင်အောင်ဆန်းမှာ ဧည့်သည်တယောက်၏ အကျိံင်္ီ ပြဲသည်ကိုပင် အားမနာတတ် ၊ အလိုက်မသိတတ်ဘဲ ဆက်ပြောလိုက်သေးသည် ။ ကဲ အဲဒီနည်းဟာ ကျနော်တရားတယ် ထင်တဲ့နည်းဘဲ ။ ကျနော့် ဖောင်တိန်ပြန်ရတာ လိုရင်းဘဲ ။ ကရပ်စ်မှာ ဘာမှ မပြောနိုင်ဘဲ အားရပါးရ ဟားတိုက်၍ ရယ်မောနေတော့သည် ။

သခင်အောင်ဆန်းက ဆက်ပြီး ကဲ . အခုလို လုပ်ယူရတော့ ကောင်းသေးရဲ့လား ။ ကျနော့်မှတော့ ဖောင်တိန်ပြန်ရပါရဲ့ ခင်ဗျားမှာတော့ အင်္ကျီအိပ်ကပ် အပြဲခံရတာသာ အဖတ်တင်သာပေါ့ ။ စောစောကသာ ပေးလိုက်ရင် အင်္ကျီလည်း မပြဲဘူး ။ ကျနော့်လက်တောင် တော်တော် နာသွားတယ်။ ခု ကျနော် ပြောနေတာတွေက အပိုပြောတာလည်း မပါဘူး ။ ခြိမ်းခြောက်တာလည်း မဟုတ်ဘူး ။ တကယ်ဖြစ်လာနိုင်တာကို ပြောပြတာဘဲ ။

ကရပ်စ်မှာ ဘာမှ မပြောနိုင် ။ အူတတ်မတတ် ဖြစ်နေရှာသည် ။ နောက် အတန်ကြမှာ အို ချစ်စရာ ကောင်းတဲ့ အောင်ဆန်း ၊ ချစ်စရာ ကောင်းတဲ့ အောင်ဆန်းဟူ၍သာ ထပ်ကာထပ်ကာ ရေရွတ်၍ နေရှာပါတော့သည် ။

၎ရက် ၁ရက်၁၉၆၃ ခုနှစ် ကြေးမုံ သတင်းစာ ပါ သခင်တင်မောင် ( ကျုမငေး ) တင်ပြထးတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာမှ ကောက်နူတ်ချက်



ကိုယ်ပိုင် အုပ်ချုပ်ရေး နှင့် လွတ်လပ်သော တိုင်းပြည် အဖြစ်သို့ ရောက်ရှိစေရေး အတွက် ရန်သူကို ထိုသို့ သဘောထားကာ သံမဏိ စိတ်ဓါတ်ဖြင့် ဆက်ဆံခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် တကယ်တော့ နှလုံးသား လွန်စွာ လှပကာ ကိုယ်ချင်းစာ တရားဖြင့် လွန်စွာမှ ဂရုဏာ အားကြီးသည့် ပုဂ္ဂိုလ်ပင် ဖြစ်လေသည်။



စစ်သေနာပတိကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်သူတွေနဲ့ ဆက်ဆံတဲ့ အခါ ကြမ်းတမ်းခက်ထန်သလောက် သူ့ရဲ့ နှလုံးသားက ဘယ်လောက် နူးညံ့သလည်း ဆိုတာကို ထိုစာလေးက ဖော်ပြနေတယ် ။


တိုင်းပြည်ရဲ့ အကြီးမားဆုံး ရာထူးကို ယူထားတဲ့ ဗိုလ်ချုပ်ဟာ ပဲပြုတ်နဲ့ နံပြားစားချင်တာကို အိပ်ပျော်နေတဲ့ သူ့ရဲ့ ချစ်ဇနီး အိပ်ရေးပျက်မှာ စိုးလို့ မနိုးရက်ဘဲ စာတိုလေးရေးပြီး မှာကြားထားတာလေးက တကယ့်ကို လေးစားဖွယ် ကောင်းတဲ့ နှလုံးသား အလှပိုင်ရှင်ပါဘဲ.....။ ငါက အိမ်ထောင်ဦးစီး ၊ တိုင်းပြည်ရဲ့ အကြီးအကဲ ဆိုတာတွေ မေ့ဖျောက်ပြီး အာဏာပါဝါ ကို အသုံးမချဘဲ ချစ်ဇနီးကို ချစ်ခင်မြတ်နိုးသည့် စိတ်ထဲက ဆန္ဒကို ရိုးသားစွာ ဖော်ပြထားတဲ့ ထိုစာလေးကို မြင်တိုင်း ကျနော် မျက်ရည်ဝဲခဲ့ရလို အိမ်ထောင်ဖက် အပေါ်ကို ထားရှိတဲ့ စေတနာက ယောက်ျားလေးတိုင်း အတုယူသင့်တယ်လို့ထင်မြင်ယူဆ မိပါတယ် ။


ကျနော်တို့ ဗိုလ်ချုပ် ရဲ့ လုပ်ဆောင်ချက်များကို ကြည်ညိုလေးစားလွန်းသေားကြောင့် စားဝတ်နေရေး ကြပ်တည်းနေတဲ့ သခင်အောင်ဆန်းကို အကူအညီပေးချင်လို့ ဒီရွှေထုပ်လေးကို အပ်နှံလာတဲ့ လူကို လုံးတီးဆန်ကို စုံကန်မြောနေရတဲ့ သခင်အောင်ဆန်းက ကျနော့် အတွက်က သိပ်အရေးမကြီးမလှပါ ။ အဖွဲ့ချုပ်မှာ ရန်ပုံငွေ လိုအပ်နေလို့ အဖွဲ့ချုပ်ကိုသာ သွားလှူလိုက်ပါလို့ အကြံပေးတော့ ရွှေထုပ်လာပေးတဲ့ ပုဂ္ဂိုလ်က သိပ်သဘောမကျပေမယ့် ဗိုလ်ချုပ်ကို ချစ်တော့ သူ့စကားကို မဆန့်ကျင်ဘဲ အဖွဲ့ချုပ်ကိုဘဲ သွားလှူပေးလိုက်ပါတယ်တဲ့ ။ အဲဒီအချိန်က သခင်အောင်ဆန်းအိမ်မှာ ဘယ်လို ဖြစ်ပျက်နေလည်း ဆိုတာ အောက်က အဖြစ်အပျက်လေးကို ဖတ်ကြည့်လိုက်ရင် ခင်ဗျားတို့ ပိုမို နားလည်သွားကြမှာပါ ။

ဗိုလ်ချုပ်အလုပ်သွားခါနီး သူ့ဇနီးသည်က သူ့အတွက် ပြင်ဆင်ပေးထားတဲ့ ထမင်းဖြူလေးနဲ့ ၀က်အူချောင်း ငါးတုံး လောက် မနက်စာကို စားတော့မယ့် အချိန်မှာ ဗိုလ်ချုပ်ရဲ့ အနားကို သူရဲ့ ရင်သွေးငယ် နှစ်ဦးက လာထိုင်လို့ ဗိုလ်ချုပ်ကိုယ်တိုင် ထမင်းခွန့်ကျွေးခဲ့ဘူးတယ်.....။
သားကြီးကို ခွန့်လိုက် သားငယ်ကို ခွန့်လိုက်နဲ့ သူ့ကိုယ်တိုင်တော့ တလုပ်မှ မစားရသေးပါဘူး ။ ရှိနေတဲ့ ဟင်းက ၀က်အူချောင်းလေး ငါးတုံး သူ့အတွက် ဆိုတာ ဘာမှ မကျန်တော့ပေမယ့် မိဘမေတ္တာကြောင့် ဗိုလ်ချုပ်ဟာ သူ့အတွက်ကို မေ့ထားပုံရပါတယ် ။ ဒီမြင်ကွင်းကို ကြည့်ရင်း သူ့ဇနီးသည်က အရမ်းကို ၀မ်းနည်းလို့ မျက်ရည်ရွှဲလဲ နဲ့ ငိုချင်နေပေမယ့် သူ့ ခင်ပွန်းသည် သိမှာ စိုးလို့ လိုက်ကာလေး အကွယ်က တိတ်တိတ်လေး ငိုကြွေးရင်းက အဖေ့အလုပ်သွားတော့မှာ သားတို့ရယ် .....မင်းတို့ အဖေကို မနှောက်ယှက်ပါနဲ့လို့ လှမ်းပြောလိုက်တယ်တဲ့.။


အဲဒီအချိန်မှာ သူတို့ မိသားစု ဖြစ်ပျက်နေပုံလေးကို အစ်ကိုကြီး အရင်းဖြစ်တဲ့ ကိုအောင်သန်းက သူတို့ အိမ်ကို ရောက်အလာမှာ မြင်တွေ့ရလို့ချုံးပွဲချကာ ငိုကြွေးပြီး ညီငယ်မိသားစုကို ကူညီဖို့ အရေး အတွက် သူ့ဇနီးသည်ကို ငွေမှာပြီး ပေးခဲ့ပြန်တယ် ။

တနိုင်ငံလုံးရဲ့ စစ်သေနာပတိ ရာထူးကို ယူထားကာ အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်တဲ့ ညီငယ်ဟာ ထမင်းတောင် တူတူတန်တန် မစားရဘဲ ဖြစ်သလို စားနေရတာကို မြင်ရတော့ သူ့ရင်မှာ မချိခံစားရတယ်တဲ့ဗျာ.။ ကျနော်တို့သာ ဗိုလ်ချုပ်နေရာမှာ ဆိုရင် အဲဒီလို နေနိုင်ပါ့မလား လို့ တွေးမိရင်းက လေးစားလွန်းလှသလို ဒီလို စိတ်ရင်းစေတနာနဲ့ ပြည့်စုံတဲ့ ကျွန်ူပ်တို့ ဗိုလ်ချုပ်ဘ၀ ကို သနားချစ်ခင်ကာ ကျနော်လည်း မျက်ရည်တွေ ကျဆင်းခဲ့ရဘူးပါတယ် ။



လက်နက်တိုက်ထဲက လက်နက်တွေ ထုတ်သွားလို့ စိတ်ပူနေတဲ့ လူအများက ဗိုလ်ချုပ် လုံခြုံရေး အတွက် စိတ်ပူလို့ လုံခြုံရေး ပေးတော့ ကျနော်တို့ ဗိုလ်ချုပ်က သူ့အတွက် အပန်းမကြီးစေချင်လို့ ပြန်လည် ရုပ်သိမ်းခိုင်းတယ်ဗျာ.....။ ငါက မဟုတ်တာ မလုပ်တော့ လုပ်ကြံသူ ရှိမှာ မဟုတ်ပါဘူး တဲ့ ငါ့ကလေးတွေ အတွက် တော့ ငါစိတ်ပူတယ်ကွာ ဆိုပြီး ညီငယ်တစ်ယောက်လို ချစ်ခင်တဲ့ ကိုနေ၀င်းကို ဖွင့်ပြောတယ်တဲ့.။

သူ့မိသားစု အတွက် ၊ အထူးသဖြင့် သူ့ကလေးတွေ အတွက် တော့ စိတ်ပူရှာလို့ သူ့အိမ်မှာ လုံခြုံရေး ယူထားတဲ့ သူတွေကို လက်နက်ထုတ်ပေးဖို့ စီစဉ်ခိုင်းတယ်ဗျာ.....။ ကိုယ့်အတွက်တော့ မစဉ်းစားဘဲ သားသမီးတွေ အတွက် တွေးပူတတ်တဲ့ သူရဲကောင်းကြီးက ဖခင်ပီသတဲ့ စိတ်ဓါတ်လေးနဲ့ သူ့မိသားစု အပေါ်မှာတော့ အင်မတန်မှ ချစ်ခင်တဲ့ ယောက်ျားကောင်း ယောက်ျားမြတ်ကြီးပါလားဆိုပြီး အရိုအသေပေးမိပြန်ပါသေးတယ် ။


ကိုယ့်အသက်ထက် သားသမီးအရေး စဉ်းစားပေးခဲ့တဲ့ နှလုံသားလှတဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တကယ်ဆို သူသေမှာကို သိနေခဲ့သူဆိုတာ အောက်ပါ အဖြစ်အပျက်လေးက သက်သေခံထားပါတယ် ။


တိုင်းပြည်အတွက်နောက်ဆုံး အကြိမ် အရေးဆိုဖို့ အင်္ဂလန်ကို ရောက်နေတုန်း ညတညမှာ ဗိုလ်ချုပ်ဟာ ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အရေးတကြီး တွေ့ခွင့်တောင်းခဲ့ပါတယ် ။ တိုင်းပြည် အရေးကို ဆွေးနွေးဖို့ ထင်မှတ်တဲ့ ဒေါ်မန်စမစ်က လက်ခံ တွေ့ဆုံတဲ့ အခါ ဗိုလ်ချုပ်က ဘာပြောသလည်း ဆိုတော့... ကျနော် အထီးကျန် ဖြစ်လွန်းလို့ ခင်ဗျားနဲ့ စကားပြောချင်လို့ပါ ပြောတဲ့ အခါ ဆာဒေါ်မန်စမစ် က အံ့သြသွားတယ် ။



တိုင်းပြည် တပြည်လုံးရဲ့ မျက်စိမျက်ဆန်လို ဖြစ်နေတဲ့ ခင်ဗျားလို့ အမျိုးသား ခေါင်းဆောင်ကြီးက အထီးကျန်ဆန်တယ်လို့ ပြောတော့. ကျနော်စိတ်ထဲမှာနားလည်လို့ မရဘူးလို့ ဆာဒေါ်မန်စမစ်က ပြန် ပြောတဲ့ အခါ့  ဗိုလ်ချုပ်အောင်ဆန်းက မျက်နှာက ချက်ချင်း တင်းသွားပြီး ကျနော် တိုင်းပြည်ကို လွတ်လပ်စေချင်လို့ နိုင်ငံရေးလုပ်ခဲ့တာပါ အမျိုးသားခေါင်းဆောင် ဖြစ်ချင်လို့ နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ဘူး ၊

ကျနော်တို့ တိုင်းပြည်ရဲ့ အမျိုးသားခေါင်းဆောင်ဘ၀ဟာ ဒီလောက် အထီးကျန်ဖြစ်လိမ့်မယ်လို့ တခါမှ မထင်ထားခဲ့ဘူး ။ ဒီမယ် ကျုပ်တို့ တိုင်းပြည်ရဲ့ အမျိုးသား ခေါင်းဆောင် ဘ၀က သက်တမ်း ဘယ်လောက် ရှိလိမ့်မယ် ထင်လည်း ။ အလွန်ဆုံး သုံးနှစ်ဘဲ ၊ အခု ကျနော် ၁၈ လ ရှိပြီ နောက်နေရလှ ၁၈လ ပါဘဲ လို့ ပြောရင်း ဗိုလ်ချုပ်က မျက်ရည်တွေ ကျဆင်းလာတယ် ။


ဆာဒေါ်မန်စမစ်က ဘာပြောသလည်း ဆိုရင် တကယ်ဆို သူဟာ သေမှာကို အတိအကျနီးပါး သိနေခဲ့သူပါ ။ ဗိုလ်ချုပ် မန္တလေးကို စည်းရုံးရေး ဆင်းသွားတော့ ရဟန်းပညာ ရှိ ၊ လူပညာရှိတွေက ဗိုလ်ချုပ်ဇာတာကို တွက်ချက်ကြည့်တဲ့ အခါ မကြာခင် လုပ်ကြံခံရလိမ့်မယ်လို့ တညီတညွတ်တည်း ထွက်ဆိုထားတာရယ် ၊ သူ့ရဲ့ ပင်ကိုယ် ဗီဇ ကြောင့်ရယ်လို့ သိနေရတဲ့ အကြောင်းအရင်း နှစ်ခု ရှိနိုင်တယ်တဲ့ ။

တကယ်ဆို ဗိုလ်ချုပ် မျက်ရည် ကျတာဟာ သူသေမှာကို ကြောက်လို့ မဟုတ်ပါဘူး ၊ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ရှေ့မှာ ရင်ဖွင်ပြတဲ့ သဘောနဲ့ မျက်ရည်ကျသွားတာပါလို့ ဆာဒေါ်မန်စမစ်က သူရေးထားတဲ့ စာအုပ်ထဲမှာ ရှင်းလင်းပြခဲ့ဘူး တယ်.....။

ဗိုလ်ချုပ်ဟာ သူသေရမှာကို သိနေပေမယ့် တိုင်းပြည်အရေး ဆောင်ရွက်စရာ တွေ နှောင့်နှေးကုန်မှာ စိုးလို့ လွတ်လပ်ရး ဆိုတဲ့ ပန်းတိုင်အတွက် အရာအားလုံးကို ဥပက္ခပြုပြီးချီတက်သွားတဲ့ အမြင့်မြတ်ဆုံး သူရဲကောင်း တစ်ယောက်ပါ ။ ကျနော်တို့ တတွေ ဗိုလ်ချုပ်ကို တကယ်ချစ်တယ် ဆိုရင် ဗိုလ်ချုပ် ဖြစ်စေချင်တဲ့ ဆန္ဒများကို အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်အောင် ကြိုးစားကြရလိမ့်မယ် ။


ကျနာ် စဉ်းစားမိတာ တခုက ဗိုလ်ချုပ်လို ရဲရဲတောက် သူရဲကောင်းကြီး တစ်ယောက်ကို တောင် မျက်ရည်ကျလောက်အောင် အတိုက်အခံ လုပ်ကြတဲ့ လူအများက ယခင်က ရှိခဲ့ကြ ပေမယ့် သူ့ရဲ့ ဦးတည်ချက် ဖြစ်တဲ့ လွတ်လပ်သော နိုင်ငံ အဖြစ်သို့ ရောက်အောင် ချီတက်သွားတာပါဘဲ ။ အတိုက်အခံများက နောက်ဆုံးနည်းလမ်းကို ကျင့်သုံးကာ လုပ်ကြံသတ်ဖြတ်ခဲ့လို့ မြန်မာနိုင်ငံ အတွက်ဆိုတာ အသာထား ကမ္ဘာမှာတောင် နှစ်တရာ အတွင်းမှာ တကြိမ်သာ ပေါ်ထွန်းနိုင်တဲ့ ကြယ်တပွင့် ရင်နင့်ဖွယ်ရာ ကြွေကျခဲ့ရပါတယ် ။



ယခုလည်း သူ့ရဲ့ ရင်နှစ်သည်းချာ တိုင်းပြည်ရဲ့ ရတနာတပါးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး ၀ိုင်းဝန်း ထိုးနှက်နေကြတာဘဲ ။ ဒါတွေကို ကြည့်ပြီး တကယ် စိတ်မကောင်း ဖြစ်မိပါတယ် ။ ကိုယ့်အမှားကို ကိုယ်သိပြီး ပြင်ကြရင် အချိန်မှီတန် ကောင်းပါ့ရဲ့ဗျာ.။


ဗိုလ်ချုပ်အောင်ဆန်းက ပြောထားတဲ့ စကားလေး

တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာ ကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်မှာသာ အကျိုးရှိ နိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်”


ဒါပေမယ့် အခုချိန်မှာ လူတစုက ပြည်တွင်းပြည်ပလည်း ခွဲခြား ၊တိုင်းရင်းသား မျိုးနွယ်စုများကိုလည်း မသိမသာ သွေးခွဲနဲ့ စိတ်ပျက်စရာ သိပ်ကို ကောင်းတယ်ဗျာ.........။ အဲဒီလူတွေကဘဲ တော်လှန်ရေး ဆိုတဲ့ အသံကို လူတွေက မုန်းတီးနေကြကာ ပြည်သူလူထု နစ်နာပါတယ်လို့ အကြောင်းပြပြီး လက်ရှိအစိုးရ လုပ်ရပ်များကို မသိမသာ အားပေးကြပြန်တယ် ။ ။တကယ်ဆို တော်လှန်ရေး ဆိုတာ လူ့သမိုင်းတလျှောက်မှာ အင်မတန်မှ အရေးပါတဲ့ အခန်းဂဏ္ဍက ရပ်တည်ခဲ့တယ် ဆိုတာ သမိုင်းမှာ အထင်အရှားပြခဲ့ပါတယ် ။


မဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန် ၊ ဖိလျှင် ကြွမည် ၊ ထိလျှင် ချမည် ဟူသော အမှန်တရားဘက်က ရဲရဲရင့်ရင့် ရပ်တည်ကာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် ကျနော်တို့ တိုင်းပြည်မှာ ကြီးစိုးနေတဲ့ အာဏာရှင် စနစ်ဆိုးကို ၀ိုင်းဝန်းတိုက်ထုတ်ကြပါစို့လို့ အသိပေးရင်း လေးစားစွာ နိုးဆော် တိုက်တွန်းရင်း ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွှတ်ကာ ဂါရ၀ပြုလျှက် ...။



http://www.facebook.com/note.php?note_id=244031608947827


ဒီဆောင်းပါးလေးနဲ့ပါသက်ပြီး ပြောကြားစရာ များရှိခဲ့ရင် အောက်ပါလင့်လေးကို နှိပ်ကာ လာရောက် ရင်ဖွင့်ကြဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ် ခင်ဗျာ ။



ခင်မင်လေးစားလျှက်
ဗမာ့သွေး