Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 31 December 2009

Burma's Independence Day

Ian Kelly
Department Spokesman
Washington, DC
December 30, 2009
Monday, January 4, 2010, marks the 62st anniversary of Burma’s independence from British rule. We wish to express our warmest wishes to the people of Burma on this occasion.
In recent meetings with Burma's leaders, the United States reaffirmed its unwavering support for an independent, peaceful, prosperous, and democratic Burma. The United States stands ready to take steps to improve bilateral relations based on reciprocal and meaningful efforts by the Burmese government to fulfill the Burmese peoples' democratic aspirations.
We support the peaceful efforts of people everywhere to exercise freely their universal human rights, and we look forward to the day when Burma’s citizens will be able to do so. We hope that day will come soon.

http://www.state.gov/r/pa/prs/ps/2009/dec/134581.html

Wednesday 30 December 2009

နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း

“တချို့လူတွေ တချို့လူတွေကို အားကျပြီး........ အားကျပြီး
ရှိစုမယ့်စုတွေ ရောင်းချပြီး.......
လေယာဉ်ပျံပေါ်တတ်တော့ ကျွန်တော် ခန့်ခန့်ကြီးတဲ့ဗျ.................။”
ကိုအရိုးသီချင်းလေးက နားထဲမှာ အားအင်အပြည့်နဲ့ ဝင်ရောက်လာတယ်။ ကျွန်တော်
တွေးထင်ထားတယ်........ အိမ်မက်တွေ မက်ဘူးတယ်။ ကိုအရိုးသီချင်းလိုပဲ
တချို့လူတွေကို အားကျတယ်။ စင်္ကာပူကိုရောက်အောင်လာတယ်။
ဖာတစ်လုံးခေါင်းကြားနဲ့ပေါ့။ တောသားမြို့ရောက်ပါပဲ။ ကျွန်တော့်မိတ်ဆွေ
တစ်ယောက်က ပြောတယ် သူ့အိမ်က ကလေးလေးကပြောတယ်တဲ့ “ဦးဦးရယ် သမီးက
နိုင်ငံခြားဆိုတာ ဟိုးနတ်ပြည်ကြီး ရောက်သွားတယ်ထင်တာ။ ခုတော့လဲ
မြေကြီးပေါ်မှာပဲနော်တဲ့”။ ဟုတ်ပါတယ် ကျွန်တော်လဲ
နိုင်ငံခြားမရောက်ခင်ကတော့ ကလေးတွေးသလောက်တော့ မဟုတ်ပါဘူး ကျွန်တော့်
အတွေးက နိုင်ငံခြားဆိုတာကိုရောက်တာနဲ့ အဲ့ဒိလူရဲ့ ဘဝဟာ အရှင်လတ်လတ်
နတ်ရေကန်ထဲ ကျသွားသလိုပဲနေမှာနော်လို့ တွေးမိတယ်။ နိုင်ငံခြားမှာ
အလုပ်လုပ် အိမ်က မိဘ၊ မိသားစု၊ မိန်းမနဲ့ကလေး ဒါတွေကို လူတစ်လုံး
သူတစ်လုံးဖြစ်အောင် ထားနိုင်တယ်ပေါ့လေ။ အိုးအိမ်မရှိရင် ဝယ်ပေးမးယ်
ကားမရှိရင်ကားဝယ်ပေးမယ် စတာတွေပေါ့ဗျာ။ အားလုံးပြီးပြည့်
စုံတယ်ဆိုပါတော့။ ကျွန်တော် ကိုယ့်အတွေးနဲ့ ကိုပါပဲ။ ကျွန်တော်တင် ဒီလို
တွေးတာလား။ မဟုတ်ပါဘူး။ ခိုင်ခိုင်မာမာ ပြောနိုင်တာက အခု
နိုင်ငံရပ်ခြားကို ရောက်နေတဲ့ သူတွေအားလုံးရဲ့ ၉၅ရာခိုင်နှုန်းအထက်ဟာ
ဒီလို တွေးကျတာပါပဲ။ ဒီလိုတွေးလို့လဲ ဒီနေရာကိုရောက်လာကျတာပေါ့။
နိုင်ငံခြားကို သွားတာ တွေထဲမှာ အမျိုးမျိုး ရှိပါတယ်။ တချို့က
အလုပ်လာလုပ်တယ်၊ တချို့ကတော့ ကျောင်းလာတတ်တယ်၊ တစ်ချို့ကတော့ မိမိ
ယောက်ကျား (သို့မဟုတ်) မိန်မ တစ်ယောက်ယောက်က အဆင်ပြေလို့
မိသားစုလိုက်နေရန် လိုက်လာကြတယ် စသည်ဖြင့်ပါပဲ။
အားလုံး ထင်ထားသော ထင်မြင်ချက်တစ်ခုဖြစ်သည့် နိုင်ငံခြားရောက်လျင်
အားလုံးအဆင်ပြေပြီဆိုသော ထင်မြင်ချက် လုံးဝမှားယွင်းပါတယ်။ ဟုတ်ပါတယ်
ရဲရဲဝံ့ဝံ့ ကြီးကို ကျွန်တော် ပြောရဲပါတယ်ဗျာ။ ကျန်တဲ့ နိုင်ငံတွေရဲ့
ဒေတာတွေကို ကျွန်တော်မသိပါဘူး။ အဲ့ဒိတော့ ကျွန်တော်ခုနေနေတဲ့ စလုံးခေါ်
စင်္ကာပူက အကြောင်းတွေကိုပဲ ကျွန်တော်ပြောမယ်ဗျာ။ စလုံးမှာ S'pass ကိုင်တဲ့
ဝန်ထမ်းတစ်ယောက်ဆိုပါတော့။ သူ့ရဲ့တရားဝင်လစာဟာ S$၁၈၀၀ ပါ။ အများကတော့
ရမယ်ထင်တာပါပဲ။ ဒါပေမယ့် လစာ အပြည့် မရသူတွေမရှိဘူးဆိုရင် အနည်းဆုံး
၁၅ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ အခုလို စီးပွားရေးကျနေချိန်မှာ
ပိုလို့တောင်ဆိုးပါသေးတယ်။ တစ်ချို့များ အင်ဂျင်နီယာပါ လစာ S$၉၀၀
ပဲရပါတယ် S'pass ကိုင်ရပါတယ်။ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေဆိုရင်
တစ်နေ့ကို S$၁၈ ပဲရပါတယ်။ တစ်ပတ်တစ်ရက်နား တစ်လမှ S$၄၇၀
နီးပါးပဲရကျပါတယ်။
S'pass သမားက အလုပ်က နေစရာ မပေးပါဘူး။ အိမ်ငှားနေရပါတယ်။ အိမ်လခက
အနည်းဆုံး S$၂၈၀ မှ S$၄၀၀ ထိကုန်ပါတယ်။ သွားလာရတဲ့ ကားခ၊ စားစရိတ်၊
အထွေထွေ အသုံးစရိတ် အားလုံးပေါင်း အနည်းဆုံး လူတစ်ယောက်ဟာ S$၆၀၀
ကုန်ပါတယ်။ နောက်တော့ သံရုံးမှာ အခွန်က တစ်လကို S$၈၀ ပါ။ အဲ့ဒိတော့
S'pass နဲ့ အလုပ်လုပ်သူ တစ်ယောက်ဟာ လွန်ရောကျွန်ရော တစ်လကို အသတင် S$၁၀၀၀
သာကျန်ပါတယ်။ တစ်လကို ၇သိန်းခွဲနဲ့ ၈သိန်းကြားပေါ့ဗျာ။ ရန်ကုန်မှာ
မိသားစု ရှိမယ်။ တစ်ချို့ဆို မိန်မတင်မဟုတ် ကလေးပါရှိတယ်။ ကိုယ့်
မိဘရှိတယ်။ မိဘနဲ့ မိမိ မိသားစု နှစ်စု ရန်ကုန်မှာ တစ်လ တစ်လ အထွေထွေ
အသုံးစရိတ်က တစ်အိမ်ထောင်ကို ၄သိန်း မလောက်ပါဘူးဗျာ။ အဲ့ဒိကြားထဲ အိမ်က
မိန်းမက ဟိုဟာလေး လိုချင်တယ် ယောက်ကျားရေ နင်က စင်္ကာပူမှာ S'passနဲ့
အလုပ်လုပ်နေပြီး ငါက ဒီမှာ လူတန်းစေ့မနေနိုင်ဘူးလား။ သူများသားသမီး
ယူထားပြီး ရှာမကျွေးနိုင်ဘူးလား ဆိုပြီး ရန်ရှာသေးတယ်။
အဲ့လိုတွေဝင်လာပြီဆိုရင် ဒီကယောက်ကျား သေပြီသာမှတ်။ နောက်ရှိသေးတယ်
ယောက်ကျားရေ ကျုပ်တို့ အိုးပိုင် အိမ်ပိုင်လေးနဲ့နေချင်လှပြီတော် ရှင်လဲ
နိုင်ငံခြားသွားတာ ကြားလှပြီ ကျုပ်ကို အိမ်လေး တစ်လုံးလောက်ဝယ်ပေးပါလား
ဆိုတာ ပါသေးတယ်။ ဒီက ယောက်ကျား လုပ်တဲ့ သူ ဓါးပြထွက်တိုက်ရတော့မယ်။
ဘယ်လိုရှင်းပြရှင်းပြ နားမလည်တဲ့ သူတွေ များပါတယ်။ နိုင်ငံခြားရောက်တယ်
လစာ S'pass S$၁၈၀၀ ရတယ်။ ငါ့ကို ၄၀၀၀၀၀ ပဲပို့တယ်။ ဒင်း
ဘယ်မယားငယ်ကိုထောက်ပံ့နေလဲ မသိဘူး။ ဒီလိုပဲတွေးနေကျပါတယ်။ ပြီးတော့
ပြောလိုက်သေးတယ် ရှင့်တစ်ယောက်ထဲ သုံးတာ မြန်မာငွေ ၆၀၀၀၀၀
နီးပါးကုန်သလားတဲ့။ ကျုပ်တို့ တစ်မိသား စုလုံး သုံးဖို့ ရှင်ပို့တာတောင်
၄၀၀၀၀၀ ထဲတဲ့။ ကဲ စဉ်းစားကျပါအုံး အရပ်ကတော်တို့ ရေ။ တစ်လကို ၃ခါလောက်မှ
ဖုန်းမဆက်ရင်လဲ ရန်တွေ့ခံရသေးပါတယ်တဲ့နော်။ အော်အော် ဒါနဲ့ ဒါတောင်
မိန်းမပဲရှိသေးတာနော်။ တစ်ချို့ မိဘတွေများ ပါပါသေးတယ်။ မိဘကို စော်ကားတာ
မဟုတ်ပါဘူး။ မိဘတွေနားလည်ပေးနိုင်အောင် ထည့်ရေးပေးတာပါ။ မိဘတွေကလဲ
ထင်တာပဲ။ သားလေး နိုင်ငံခြား သွားအလုပ်လုပ်တယ် တစ်လ မြန်မာငွေ ၁၃၅၀၀၀၀
လောက်ရတယ် ငါတို့ ဆီပို့တာ ၄၀၀၀၀၀၊ သူ့မိန်းမဆီပို့တာ ၄၀၀၀၀၀ အင်း
ငါ့သားလေးတော့ တော်တော် စုမိမှာပဲလေ ဆိုပြီး ဟိုဆွေမျိုးလာ
ထောက်ပံ့ချင်တာနဲ့ ဒီဆွေမျိုးတာ ပေးကမ်းချင်တာနဲ့။ မင်းဦးလေး ဘာဖြစ်လို့၊
မင်းအကို ဘယ်နှစ်ဝမ်းကွဲမှန်းမသိ ဆုံးလို့၊ မင်းတူလေး ဆယ်တန်းတတ်လို့၊
မင်းဘကြီး ဆေးရုံတတ်လို့ အားပါးပါး စုံလို့ပါဗျာ။ ဒီက သားကတော့ မိဘ
စိတ်ဆင်းရဲမှာ ဘယ်နေနိုင်ပါမလဲ လုပ်ပေါ့ အမေ အဖေတို့ သဘော ပါလို့ပဲ
ပြန်ပြောရတာပေါ့။ ဒါက S'passသမားတွေ ဒုက္ခပါ။
အော်ခုတစ်ခါ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ကလဲ သူတို့ ရင်ဆိုင်ရတဲ့
ဒုက္ခ မသေးလှပါဘူးနော်။ နေစရာ ကို အလုပ်ကပေးပါတယ်။ တစ်ချို့အလုပ်တွေက
ခရီးသွားလာရေးအတွက် မထောက်ပံ့ပါဘူး။ ခရီးစရိတ်ကုန်ပါတယ်။
စားစရိတ်ကုန်ပါတယ်။ သူတို့တွေက အိုတီကို မြော်ကိုးပြီး အလုပ်လုပ်ရတာပါ။
ခုလို အလုပ်ပါးတဲ့ အချိန်ဆိုတော့ အိုတီ မရပါဘူး။ ခရီး စရိတ်၊ စားစရိတ်
အထွေထွေ အသုံးစရိတ် အားလုံးပေါင်းရင် စုစုပေါင်း S$၂၅၀ နဲ့ S$၃၀၀ ကြားမှာ
ရှိပါတယ်။ ပိုငွေက S$၁၇၀ ပါ မြန်မာငွေ အလွန်ဆုံး ၁၅၀၀၀၀ လောက်ပါပဲ။
ဘယ်လိုမှ အိမ်က မိသားစုကို လုံလောက်အောင် မပို့နိုင်ပါဘူး။ ဒီကြားထဲ
သူတို့မှာ အင်မတန် ဒုက္ခရောက်တာက အလုပ်ရှင်က ပတ်စ်စပို့ သိမ်းထားပါတယ်။
ပြန်ချင်တိုင်း ပြန်လို့မရပါဘူး။ အလုပ်ကမကောင်း အိမ်ကမိသားစုက အဆင်မပြေ
အိမ်ပြန်လို့မရ သူတို့ဘဝ အင်မတန် သနားစရာကောင်းပါတယ်ဗျာ။ ဒီကြားထဲ အိမ်က
မိန်းမတို့ ခုဏကလို မိဘတို့က အပူကပ်ရင် အဲ့ဒိလူခမျာ ကိုယ့်ကိုကို
သက်သေချင်လောက်အောင် စိတ်ဓါတ်ကျပါတယ်။ ဒါကတော့ WP လို့ခေါ်တဲ့ အထွေထွေ
အလုပ်သမားတွေ ရဲ့ ဒုက္ခပေါ့။
ခုပြောခဲ့တာ နှစ်မျိုးစလုံး အလုပ်သမားတွေချည်းပါပဲ။
အမျိုးသားများတင်မဟုတ်ပါဘူး အမျိုးသမီးများပါ ပါဝင်ပါတယ်။
နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းလာနေကျ မိသားစုနဲ့ ဝေး။ ကြင်နာမဲ့သူမရှိ
နွေးထွေးမဲ့သူမဲ့ မိသားစုကပေးတဲ့ Pressure နဲ့ အလုပ်က ရတဲ့ Pressure
နဲ့တော်တော် မလွယ်ပါဘူးဗျာ။

နောက်တစ်မျိုးကတော့ ကျောင်းလာတတ်ကျသူတွေပါ။ ကျောင်းတတ်တယ်ဆိုတာ
အမျိုးမျိုးရှိပါတယ်။ တချို့ကတော့ Poly တတ်တယ်၊ တချို့ကတော့ ITE တတ်တယ်
တချို့ကတော့ NUS တို့ NTU တို့လို တက္ကသိုလ်တွေတတ်ကျတယ်။ ဒါတွေကတော့
အစိုးရကျောင်းတွေပေါ့။ Part Time လုပ်လို့ရကျတယ်။ Part Time ဆိုတာတောင်
တရားဝင်ဆိုရင် တစ်နေ့ကို ဘယ်နှစ်နာရီ ဆိုတဲ့ သက်မှတ်ချက်ရှိတယ်။
ပိုလုပ်လို့မရဘူး။ အားလုံး ခိုးလုပ်ကျတာပဲ။ ရတယ်သိပ်ပြဿနာ မရှိဘူး
လုပ်နိုင်သလောက်လုပ်။ ဒါပေမယ့် ပြဿနာက လုပ်ချင်တာတောင် အလုပ်ကမရှိပါဘူး။
ဒီလို စီးပွားရေးကျနေချိန်မှာ အလုပ်တွေက Part Time ခိုင်းရလောက်အောင်
မကောင်းလို့ပါပဲ။ အဲ့ဒိတော့ အိမ်ကပြန်တောင်းရတော့တာပေါ့။ တချို့ကတော့
ပိုက်ဆံချေးကြတယ်။ ဒါက အစိုးရကျောင်းတတ်သူများရဲ့ ဒုက္ခပေါ့။
နောက်တစ်မျိုးကျပြန်တော့ Private ကျောင်းတတ်သူများပါ။ အခြေအနေ
အမျိုးမျိုးကြောင့် စင်္ကာပူမှာ Private ကျောင်း လာတတ်ကျပါတယ်။ တစ်ချို့က
တကယ်ကို ကိုယ်အထူးပြုချင်တဲ့ ဘာသာရပ်ကို တကယ်ကြိုးစားပန်းစား လာတတ်တာပါ။
တချို့ကျတော့လဲ အလုပ်လာရှာပါတယ် အလုပ်မရလို့ ကျောင်းအပ်ပြီး
အလုပ်ဆက်ရှာကျရင်း တတ်ကျတာပါ။ ဒါပေမယ့် ကျောင်းတတ်တာက Private ဆိုတော့
Part Time လုပ်လို့မရပါဘူး။ အလုပ်ခိုးလုပ်ရပါတယ်။ မိရင်ဖမ်းတယ် ရဲက
သတိပေးတာ နှစ်ကြိမ်လောက်ထိတော့ လုပ်တယ်။ အဲ့ဒါမှ ထပ်မိရင် ကိုယ့် အထုပ်
ကိုဆွဲ ရွာပဲပြန်တော့ပေါ့။ ရင်ဆိုင်ရတဲ့ ဘဝ ကြမ်းပါတယ်။ မိဘဆီက ပိုက်ဆံ
ပြန်တောင်းဖို့ကလဲ ခတ်တော့ ရတဲ့ အလုပ်ကို လုပ်ရတာပေါ့။ အရင်ကတော့
မဆိုးဘူးလို့ပြောတာပဲ ခုချိန်မှာတော့ Part Time က အစိုးရကျောင်းတောင်
မသေချာတာ Private ဆိုတော့ စဉ်းသာ စဉ်းစားကြည့်ပါတော့ဗျာ။ အလုပ်က မလွယ်
ကျောင်းလခက သွင်းရ၊ အိမ်လခပေးရ၊ စာမေးပွဲကြေးပေးရနဲ့ ကျောင်းတတ်ရင်း
ရပ်တည်ဖို့ ဘယ်လို ရင်ဆိုင်မလဲ။ ဒီတော့ ကျောင်းသားတွေကတော့ သိပ်ကြာကြာ
မခံပါဘူး ရပ်တည်လို့မရ ပြန်ကျတာပဲ။ ကျောင်းသူတွေ ခင်ဗျာမှာတော့ ပြန်တဲ့
သူရှိသလို အရပ်အခေါ် စပွန်စာရှာကျသူများလဲရှိလာပါတယ်
။ စလုံးမှာ ရပ်တည်နိုင်အောင် အိမ်က တောင့်တောင့်တင်းတင်း
ထောက်နိုင်ရင်ထောက် မထောက်နိုင်လို့ကတော့ မိန်းကလေး ဆိုရင် ဒီစပွန်စာ
ရှာတဲ့ သံသရာထဲ ရောက်သွားကျတာ က ၅၀ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။
ကျွန်တော် ဟိုတလောက အိုင်တီရှိုးမှာ အဒေါ်ကြီးတစ်ယောက် နဲ့ စကားပြောရင်းကနေ
သူ့အနေနဲ့ စပွန်စာရှာတဲ့ ကျောင်းသူတွေကို မြင်တဲ့ အမြင်ကို
ကျွန်တော့်ကိုပြောတာများ ကျွန်တော် ခုချိန်ထိ နားထဲ ကြားနေတုံးပဲဗျာ။
သူပြောတာက ကျောင်းသူလေးတွေ ဒီမှာ အဆင်မပြေကျ စပွန်စာတွေရှာကျ နောက်တော့
ရန်ကုန်ကိုပြန်ပြီး ရေဆေးကျတယ်တဲ့။ တော်တော် ရင့်သီးတဲ့ စကားလုံးပါနော်။
ဒါတွေကတော့ ကျောင်းလာတတ်သူတွေရဲ့ ဒုက္ခပါပဲ။

ကဲနောက်ဆုံးကျတော့ ကျွန်တော်တို့ အိမ်မက်ထဲမှာ ပုံဖော်ထားတဲ့
နိုင်ငံခြားဆိုတာ ဟိုကလေးလေး ပြောသလို နတ်ပြည်လဲမဟုတ်ပါဘူး။ ကျွန်တော်
တွေးထားသလို နတ်ရေကန်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆိုလိုတာ
အားလုံးကို မဟုတ်ပါဘူး။ နိုင်ငံခြားမှာ တော်တော် အဆင်ပြေနေကျတဲ့
မိသားစုတွေ ရှိပါတယ်။ အဆင်ပြေနေတဲ့ ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။
အားလုံးကို သိမ်းကြုံးပြီး ဝါးလုံးနဲ့ သိမ်းရိုက်တာမဟုတ်ပါဘူးနော်။
ကျွန်တော် ဒီပိုစ်လေးမှာ ပြောချင်တဲ့ အဓိက အကြောင်းက မြန်မာပြည်က မိဘ၊
ဆွေမျိုး၊ မိသားစု(အထူးသဖြင့် မိန်းမပေါ့နော်) အဲ့ဒါတွေကို ပြောချင်တာပါ။
နိုင်ငံခြားကို ထွက်သွားတိုင်း အဆင်မပြေနိုင်ပါဘူး။ ပိုက်ဆံရှာနေတဲ့
သူကို စိတ်ဆင်ရဲအောင် မလုပ်ကျပါနဲ့။ အခြေအနေမှန်ကို သိအောင် သေသေချာချာ
မေးကျပါ။ ဘာဖြစ်လို့ ငွေမပို့နိုင်တာလဲဆိုတာကို နားလည်ပေးနိုင်အောင်
ကြိုးစားကျပါ။
နောက်တစ်ခုက ကျောင်းလာတတ်သော သူများပါ။ မိမိသားသမီး နိုင်ငံခြားမှာ
ကျောင်းတတ်နေတယ် Part Time လုပ်ရင်းတတ်တာ အဆင်ပြေနေတယ်ဆိုပြီး တရားသေ
မတွေးပါနဲ့။ အရင်တချိန်ကတော့ ဖြစ်နိုင်မယ်ထင်ပါတယ် ကျွန်တော်
မရောက်သေးလို့ မသိပါဘူး။ ဒီအချိန်မှာတော့ ဘယ်နိုင်ငံမှာမှ
မဖြစ်နိုင်တော့ပါဘူး။ အဲ့ဒိတော့ မိမိသားသမီးကို တကယ်
ကျောင်းတတ်စေချင်တယ်ဆိုရင် လုံလောက်အောင် ထောက်ပံ့ပါ၊ ဒါမှမဟုတ်
အလုပ်ရှာရအောင် သက်သက်ဆိုလဲ အချိန်အတိုင်းအတာ တစ်ခုထိ အခွင့်အရေးပေးပြီး
မိမိမတတ်နိုင်တော့ရင် ပြန်ခေါ်နိုင်အောင် ကြိုးစားပါ။ ဒီလိုမှမဟုတ်ရင်
မိမိသားသမီးများ ကျွန်တော် ဆုံဖူးသော မိန်းမကြီးပြောသလို
ရေဆေးနေရပါအုံးမယ်။
ကျွန်တော် ခရောင်း ရေးချင်တာကြာလှပါပြီ။ ရေးသင့် မရေးသင့် စဉ်းစားနေတာပါ။
ခုတော့ အမိမြန်မာပြည်မှ ကျန်နေသေး သောသူများ သိစေရန် ရေးသားလိုက်ရပါသည်။
ကို..ရီး..ဆိုဒ်ထဲကပါ။
သိသင်တယ်ထင်လို့ဝေမျှတာပါ။

Posted on: http://chocolatemyotaw.ning.com/profiles/blogs/3019402:BlogPost:711231
စစ်အစိုးရကို ဒီမိုကရေစီသို့ တွန်းပို့ခြင်း
Monday, 28 December 2009 12:36 ကျော်စွာမိုး

မြန်မာ စစ်အစိုးရက ရှေ့နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အစီအစဉ်များကို ထုတ်ဖော် ကြေညာခြင်း မရှိသေးသော်လည်း ထိုရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရား မျှတမှု ရှိမရှိ၊ ထိုသို့ ကျင်းပပေးရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ် စသည်တို့နှင့် ပတ်သက်၍ မေးခွန်းထုတ်ရတော့မည် ဖြစ်သည်။

ယခုအချိန်ထိ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သို့မည်ပုံ ကျင်းပမည်၊ မည်သည့် အချိန်တွင် ကျင်းပမည် စသည့် အသေးစိတ် အချက်အလက်များကို စစ်ဗိုလ်ချုပ်များက ထုတ်ပြန်ခြင်း မရှိသေးပါ။ ရွေးကောက်ပွဲ ကျင်းပမည့် ရက်စွဲနှင့် ပတ်သက်၍ အမျိုးမျိုး ခန့်မှန်းကြသော်လည်း ယခင်အတွေ့အကြုံများအရ ၂ဝ၁ဝ ပထမနှစ်ဝက်အတွင်း ကျင်းပနိုင်သည်ဟု ယူဆကြသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲတို့ကို မေလတွင် ပြုလုပ်ခဲ့သောကြောင့် လာမည့် ရွေးကောက်ပွဲကိုလည်း မေလတွင် ကျင်းပဖွယ်ရှိသည်ဟု ယူဆနေကြသည်။ ထိုအချိန်တွင် စာသင်ကျောင်း အများစု ပိတ်ထားသဖြင့် မြန်မာအာဏာပိုင်များက ပြဿနာဖန်တီးသူများဟု ယူဆထားကြသည့် ကျောင်းသားများ လူစုကွဲနေချိန်လည်း ဖြစ်သည်။

နောက်ဆုံးတွင် ဆုံးဖြတ်ချက်များ ချမှတ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကသာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ သူ၏နည်းဗျူဟာနှင့် ပတ်သက်၍လည်း အမျိုးမျိုး ခန့်မှန်းနေကြသည်။ သို့သော် သူက လိုချင်သည့် ရလဒ် ထွက်ပေါ်လာရေးအတွက် ပြီးခဲ့သည့် ဆန္ဒခံယူပွဲကဲ့သို့ပင် ဤရွေးကောက်ပွဲတွင်လည်း လိမ်လည်လှည့်ဖျားမှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။ ထိုအချိန်က အခြေခံဥပဒေ ဆန့်ကျင်သူများကို ဖမ်းဆီးနှောင့်ယှက်ခဲ့သည်။ စစ်အစိုးရ ဘက်တော်သားများကလည်း ထောက်ခံမဲများ ရရှိစေရန် ဆောင်ရွက်ခဲ့ကြသည်။ ဆန္ဒခံယူပွဲအပြီးတွင် အခြေခံဥပဒေကို ထောက်ခံသူ ၉၂ ရာခိုင်နှုန်းကျော်ရှိသည် ဟူသော ရယ်စရာကောင်းသည့် ရလဒ် ထွက်ခဲ့လေသည်။

သို့သော်လည်း ရွေးကောက်ပွဲတွင်မူ ဆန္ဒခံယုပွဲကဲ့သို့ လိုချင်သည့် ရလဒ် ထွက်ပေါ်စေရေးအတွက် အလွယ်တကူ လိမ်လည် လှည့်ဖျားနိုင်မည် မဟုတ်။ စစ်အစိုးရက ၎င်း၏ အဓိကရန်သူဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အပြတ်ရှင်းရန် စိတ်ပိုင်းဖြတ်ပြီးသည့်အပြင် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ဖြင့် ၎င်း၏ လုံခြုံရေးယန္တယား အတွင်းသို့ သွပ်သွင်းရန် ပြင်ဆင်နေခြင်းကြောင့် အခြေအနေများ ပို၍ ရှုပ်ထွေးလာဖွယ်ရှိသည်။

နိုင်ငံတကာက ထပ်မံ ဝေဖန်ရှုတ်ချခြင်း၊ ပြည်တွင်းစစ် ပြန်လည် စတင်ခြင်းတို့ မရှိဘဲ ဤရည်ရွယ်ချက်များ အောင်မြင်မည် မဟုတ်ပေ။ ရည်ရွယ်ချက်များ ပေါက်မြောက်စေရန်အတွက် ဗိုလ်ချုပ်မှူးကြီးသည် အနိုင်ကျင့် ဆောင်ရွက်ခြင်းများ၊ ရွေးကောက်ပွဲတွင် ကလိမ်ကျခြင်းများ သာမကပဲ အခြားသော နည်းနာများလည်း လိုအပ်မည် ဖြစ်သည်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီးက သူ၏ အဓိက အတိုက်အခံများ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အစိုးရ တို့ကို ဆွဲဆောင်နိုင်ခြင်း မရှိပါက ရွေးကောက်ပွဲသည် မြန်မာပြည်သူများနှင့် နိုင်ငံတကာအား လှည့်စားမှုအဖြစ် သမိုင်းတွင်ကျန်ရစ်မည် ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းခဲ့သည်မှာ အနှစ် ၂၀ ကြာလာပြီ ဖြစ်သော်လည်း စစ်အစိုးရ၏ အာဏာ ချုပ်ကိုင်ထားမှု အားလျော့သွားစေရန် လုပ်ဆောင်နိုင်မှုများ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ ပိတ်ဆို့အရေးယူခြင်းက အလုပ်မဖြစ်သကဲ့သို့ “အပြုသဘော ဆက်ဆံရေး” ကလည်း အလုပ်မဖြစ်ခဲ့ပါ။ လူထုအုံကြွ ဆန္ဒပြမှုများကလည်း ရက်စက်စွာ ချေမှုန်းခံရသည်။ စစ်တပ်က အင်အားကြီးထွားရန် တည်ဆောက်နေသဖြင့် လက်နက်ကိုင် တော်လှန်ရေးမှာလည်း အလားအလာ မကောင်းပါ။ တချိန်က မြန်မာပြည်သားတို့ မျှော်လင့်ခဲ့သည့် အမေရိကန်ဦးဆောင်သော ဝင်ရောက်တိုက်ခိုက်မှုမှာလည်း စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ခဲ့သည်။

ဤတွင် အတိုက်အခံများအဖို့ စစ်ခေါင်းဆောင်များနှင့် ထိတွေ့ ဆက်ဆံရုံမှတပါး အခြားနည်း မရှိတော့ပါ။ သို့သော်လည်း ထိုဆက်ဆံရေးမှာ မြန်မာ့သယံဇာတများကို မက်မောသည့် အိမ်နီးနားချင်း နိုင်ငံများ ကျင့်သုံးသည့် ဆက်ဆံရေးမျိုးနှင့်တော့ တူညီခြင်း မရှိပေ။

အမေရိကန်အစိုးရက ဤအခြေအနေကို သဘောပေါက်သဖြင့် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံရေး ဟူသော မူဝါဒအသစ်ကို စက်တင်ဘာလတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော် အမေရိကန်အစိုးရက မြန်မာပြည်အတွင်း နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုကိုသာ ရလဒ်အဖြစ် မျှော်လင့်ထားပုံရသည်။

အမေရိကန်အစိုးရ၏ မူဝါဒအသစ်ကို ကြေညာအပြီးတွင် မြန်မာစစ်ခေါင်းဆောင်များက တွေ့ဆုံ ဆွေးနွေးရန် စိတ်အား ထက်သန်နေကြသည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောဆိုခဲ့သည်။

“မြန်မာခေါင်းဆောင်တွေ အမေရိကန်အစိုးရနဲ့ ထိတွေ့ ဆက်ဆံဖို့ စိတ်ဝင်စားမှု ပြတာဟာ မှတ်မိသမျှတော့ ဒါ ပထမဆုံးအကြိမ်ပဲ” ဟု သူက ပြောသည်။ နိုဝင်ဘာလက သူ ဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်သို့ သွားရောက်ပြီး စစ်ဗိုလ်ချုပ်များနှင့်ရော ဒီမိုကရေစီ အင်အားစုများနှင့်ပါ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အမေရိကန်အစိုးရနှင့် ဆက်ဆံရေးပြန်လည် ကောင်းမွန်ရန် စစ်အစိုးရက ဆန္ဒရှိကြောင်း ထိုခရီးစဉ်က ပြသနေသည်။

မည်သို့မျှ အံ့ဩစရာမရှိပါ၊ စစ်အစိုးရ မတုန်မလှုပ်ဘဲ ဆက်လက် ခိုင်မြဲစွာ တည်ရှိနေခြင်းက ပိတ်ဆို့အရေးယူမှုများ မထိရောက်ကြောင်း သက်သေပြနေသည်။ သို့သော်လည်း အရေးယူမှုများ ပြန်လည် ရုတ်သိမ်းသွားစေလိုသည်မှာ ထင်ရှားနေသည်။ စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောစဉ် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အရေးယူမှုများကို ရှုတ်ချခဲ့ပြီး တရားမျှတမှု မရှိသဖြင့် ရပ်ဆိုင်းပါဟု တောင်းဆိုခဲ့သည်။

ထိုစဉ်အတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း လမ်းကြောင်းပြောင်းရန် အချိန်တန်ပြီဖြစ်ကြောင်း သဘောပေါက် နားလည်လာခဲ့သည်။ အမေရိကန်၏ မူဝါဒအသစ်ကို ထုတ်ဖော် ကြေညာခြင်း မပြုမီကပင် ဗိုလ်ချုပ်မှူးကြီးထံ ပုဂ္ဂိုလ်ရေး စာတစောင် ရေး၍ စစ်အစိုးရနှင့်ရော နိုင်ငံခြားသံတမန်များနှင့်ပါ တွေ့ဆုံပြီး ဒဏ်ခတ်ပိတ်ဆို့မှုများအကြောင်း ဆွေးနွေးလိုသည်ဟု မေတ္တာရပ်ခံခဲ့သည်။ ဗိုလ်သန်းရွှေက အမြန်ဆုံး လိုက်လျောခဲ့ပြီး ဆက်ဆံရေး ဝန်ကြီးဦးအောင်ကြည်နှင့် နှစ်ကြိမ်၊ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ တို့မှ သံတမန်များနှင့် တကြိမ် တွေ့ခွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဥရောပသံတမန် ၂၀ ခန့်ကိုလည်း NLD ခေါင်းဆောင်များနှင့် တွေ့ခွင့်ပြုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး၏ အလျင်အမြန် တုံ့ပြန်ချက်များကို လေ့လာကြည့်ပါက ပိတ်ဆို့အရေးယူခြင်းသည် အပြောင်းအလဲများ မဖြစ်စေသော်လည်း အပေးအယူလုပ်ရန်အတွက်မူ သင့်လျော်သည့်လက်နက် ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် စစ်အစိုးရထံမှ မည်သည့် လိုက်လျောမှုမှ မရမီ ဒဏ်ခတ်မှုများ မရုပ်သိမ်းမိရေးမှာ အရေးကြီးပေသည်။ ဤအချက်သည် ထိတွေ့ဆက်ဆံရေးမူဝါဒ မည်မျှ အလုပ်ဖြစ်သည် ဟူသည့် အချက်နှင့် ပတ်သက်၍ အဆုံးဖြတ်ပေးမည့် အရေးကြီးသော အချက်ဖြစ်သည်။

ယခု စစ်ဗိုလ်ချုပ်များ ဘာလိုချင်သည်ကို သိရှိနေပြီဖြစ်သည်။ အပြန်အလှန်အားဖြင့် သူတို့က မည်သည့်အရာများ ပြန်လည် ပေးအပ်လိုသည် ဆိုသည်ကို မေးမြန်းရန်သာ ကျန်တော့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ရွေးကောက်ပွဲမတိုင်မီ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပွင့်လင်းပြီး လွတ်လပ် မျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရန် အာမခံရေး စသည့် နိုင်ငံတကာ နှင့် ဒီမိုကရေစီ အင်အားစုများ၏ တောင်းဆိုချက်များကို လိုက်လျောမည့်ပုံ မပေါ်ပါ။

အမေရိကန်အစိုးရက အပြောင်းအလဲအတွက် ဆောင်ရွက်နိုင်မည် ဆိုပါက ပိတ်ဆို့ အရေးယူမှုများ ရပ်ဆိုင်းခြင်းကို စစ်အစိုးရက ၎င်းတို့၏ လမ်းကြောင်း ပြောင်းလဲရန် မက်လုံးအနေဖြင့် အသုံးချရန် လိုအပ်ပြီး ထိုအပြောင်းအလဲကို အကောင်အထည် ဖော်ရန် တိကျသော အချိန်ကာလ သတ်မှတ်ချက်လည်း လိုအပ်မည်ဖြစ်သည်။ စစ်အစိုးရက တချိန်တွင် တောင်းဆိုချက် တခုကိုသာ လိုက်လျောနိုင်သောကြောင့် ဦးစားပေး အစီအစဉ်များကိုလည်း သတ်မှတ်ထားရန် လိုအပ်မည် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေးတို့ကို နိုင်ငံတကာက အများဆုံး ပြောဆိုကြောင်း တွေ့ရသည်။ သို့သော် အခြေခံဥပဒေပြင်ဆင်ရေးသည်လည်း ဦးစားပေးအစီအစဉ်တရပ် အဖြစ်ထား ရှိရန် ခိုင်လုံသော အကြောင်းပြချက် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်သော်လည်း အချိန်မရွေး ပြန်ဖမ်းနိုင်သကဲ့သို့ ရွေးကောက်ပွဲက မည်မျှပင် လွတ်လပ်၍ တရားမျှတသည်ဖြစ်စေ ဒီမိုကရေစီ စနစ်ကို အာမခံနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

“လွတ်လပ်ခြင်း၏ အနာဂတ် - ပြည်တွင်းနှင့် နိုင်ငံခြားရှိ လစ်ဘရယ်မကျသော ဒီမိုကရေစီ” ဟူသော စာအုပ်တွင် စာရေးဆရာ
ဖာရိ ဇာကာရိုင်ယာ (Fareed Zakaria) က “အနောက်နိုင်ငံသားများအဖို့ ဒီမိုကရေစီဆိုသည်မှာ လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေး စနစ်တခုကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများဖြင့်သာ သတ်မှတ်၍မရ၊ တရားဥပဒေ စိုးမိုးရေး၊ အာဏာ ခွဲဝေရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ ပစ္စည်း ဥစ္စာပိုင်ဆိုင်ခွင့် စသော အခြေခံ အခွင့်အရေးများ အကာအကွယ်ရှိခြင်းတို့နှင့်လည်း သတ်မှတ်ရသည်။ သို့သော် 'အခြေခံ ဥပဒေအရ သတ်မှတ်ထားသော လစ်ဘရယ်ဝါဒ' ဟု ဝေါဟာရ ပြုထားသော ဤ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များသည် ဒီမိုကရေစီနှင့် အခြေခံအားဖြင့် မည်သို့မျှ မသက်ဆိုင်ပေ။ အနောက်နိုင်ငံများ၌ပင် ၎င်းနှစ်ခုမှာ သဟဇာတ ဖြစ်လေ့မရှိပါ” ဟု ရေးသားထားသည်။

အများစုက အခြေခံဥပဒေတွင် ပြဌာန်းထားသော လွှတ်တော်တွင် စစ်တပ်အတွက် သီးခြား သတ်မှတ်ထားသည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကိစ္စကိုသာ ဖော်ပြကြသည်။ သို့သော်လည်း စစ်တပ်၊ နိုင်ငံတော်၊ နိုင်ငံသားများအကြား လုပ်ပိုင်ခွင့် အာဏာကို ခွဲခြား သတ်မှတ်ထားသည့် အမေရိကန်ပုံစံ လူ့အခွင့်အရေး ကြေညာစာတမ်းမျိုး ကင်းမဲ့နေခြင်းသည်လည်း အရေးကြီးသောအချက် ဖြစ်သည်။ “ဥပဒေအရ သတ်မှတ်ထားခြင်းမရှိလျှင် မည်သည့် စစ်သားမဆို ငြိမ်းချမ်းသည့် အချိန် သို့မဟုတ် စစ်ဖြစ်နေသည့်အချိန်၌ လူနေအိမ်များတွင် အိမ်ရှင်၏သဘော တူညီချက်မပါဘဲ နေထိုင်နိုင်ခွင့်မရှိ” ဟု အမေရိကန် ပြည်ထောင်စု၏ အခြေခံဥပဒေ တတိယ ပြင်ဆင်ချက်တွင် ဖော်ပြထားသည့်အချက်မှာ အကောင်းဆုံး ဥပမာ ဖြစ်သည်။

ဤသို့ ကြီးမား လေးနက်သော မညီမျှမှုများကြောင့်ပင် NLD ခေါင်းဆောင်သော ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ တိုင်းရင်းသား အင်အားစုများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိသားစုတို့က အခြေခံဥပဒေ ပြင်ဆင်ရန် တောင်းဆိုထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲများ မတိုင်မီ အခြေခံ ဥပဒေကို ထိထိ ရောက်ရောက် ပြင်ဆင်ခြင်းမရှိပါက ရှေ့နှစ်ပိုင်းများအတွင်း အဓိပ္ပာယ်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်နိုင်ခြေမရှိ ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးက ဤအချက်ကိုပင် လိုက်လျောမှု မပေးရန် ဆုံးဖြတ်ထားဖွယ်ရှိသည်။

သူက နေပြည်တော်တွင် ပြုလုပ်သည့် အောက်တိုဘာလ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံတွင် “အခြေခံဥပဒေကို ပြည်သူလူထု အများစုက အတည်ပြုထားခြင်း ဖြစ်ကြောင်း၊ ဤ အခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပသွားမည် ဖြစ်ကြောင်း” ပြောကြားသွားခဲ့သည်။ အမေရိကန်တို့နှင့် စကားပြောပွဲများ စတင်ပြီး မကြာခင်မှာပင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဤအဆင့်တွင် ဗိုလ်ချုပ်မှူးကြီး လမ်းကြောင်း ပြောင်းလဲသွားစေရေး ပြုလုပ်ရန် လွယ်ကူမည် မဟုတ်ပါ။ သို့သော် အတိုက်အခံ အဖွဲ့များ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို မှန်ကန်သော လမ်းကြောင်းပေါ် ရောက်ရှိစေရန် တွန်းအားပေးနိုင်သော အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ မတိုင်မီ လွတ်မြောက်လာခြင်း သို့မဟုတ် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိလျှင်ပင် စစ်အစိုးရနှင့် ပြုလုပ်သည့် ပိတ်ဆို့ အရေးယူမှုများ အဆုံးသတ်ရေးဆိုင်ရာ ဆွေးနွေးပွဲများမှတဆင့် နိုင်ငံရေး ဖြစ်စဉ်များကို သြဇာလွှမ်းမိုးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံရန် ပြင်ဆင်ထား သင့်သည်။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာသည့် ဗိုလ်ချုပ်ကြီးများကို ညှိနှိုင်းနိုင်သည့်အဆင့် ရောက်ရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။


http://www.irrawaddy.org/bur/index.php/special/2009-10-12-04-13-58/2349-2009-12-28-05-37-32
Gordon Brown Letter to Aung San Suu Kyi
သိန်းတင်အောင်နဲ့ ဖြိုးမင်းသိန်း တို့က မနက်ဖြန် ( 30-12-2009)မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်လိမ့်မယ်။ နေ့လည် ၁ နာရီကနေ ၃ နာရီအတွင်း။ နေရာက အမှတ် ၁၂၃၊ ဘီ (၃)၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်ပါ။ မြန်မာ့အရေးဆွေးနွေးပွဲကော်မတီဆိုပြီး နာမည်ခံထားတယ်။ သူတို့ ရဲ့ backup က ၀န်ကြီး အောင်သောင်းရဲ့ PA ဗိုလ်ကြီး ကိုကိုနိုင်ပါ။ သူတို့ထဲမှာ ကျောင်းသားအမည်ခံပြီး ၈၈ တုန်းက ဗိုလ်ခင်ညွန့်တို့နဲ့ ပူးပေါင်းသွားတဲ့ ဖောက်ပြန်ရေးသမား ဘီဘီစီ ကိုကိုလတ်ရဲ့ အပေါင်းအပါတွေပါတယ်။ ကြားထဲက ပွဲစားလုပ်နေသူက အေးလွင်ရဲ့ အလိုတော်ရိ တင်မောင်အေးပါ။ အစီအစဉ်တွေအားလုံးကို မြို့နယ် မ-ယ-က နဲ့ရော၊ SB သတင်းတပ်ဖွဲ့ရော၊ တာမွေ ကြံ့ဖွတ်နဲ့ရော ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။ mizzima သတင်းဌာန အပါအ၀င် နိုင်ငံခြားသတင်းဌာနများကို ၈၈ ကျောင်းသားခေါင်းဆောင်တွေက လုပ်သယောင်ယောင် သတင်းလွှင့်ပြီး ဖိတ်ထားပါတယ်။ သူတို့အားလုံးဟာ အေးလွင်နဲ့ မတည့်သယောင်ယောင် ဟန်ပြပြီး အေးလွင် မြောင်းထဲရောက်နေရာကနေ ပြန်ဆယ်တင်ဖို့ စနစ်တကျ ဗျူဟာဆွဲပြီး လှုပ်ရှားနေကြပါတယ်။ အေးလွင်ဟာ စစ်အစိုးရရဲ့ ဗျူဟာမြောက် ၈၈ရဲ့ ဂုဏ်သိက္ခာကို ဖြိုခွဲပေးသူဖြစ်ပါတယ်။ အောက်ပါအချက်တွေကို မှတ်သားပြီး သင့်လျော်သလို propaganda အလုပ်များမှာ သတိထားသင့်ပါတယ်။
(၁) သိန်းတင်အောင်ဟာ အေးလွင်နဲ့အတူတူ ၀န်ကြီးအောင်သောင်းရဲ့ favour ကိုရဖို့ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း မဟုတ်တရုတ်တွေ စာထုတ်ပြီး ဖော်ပြခဲ့တယ်။ သူ့ကိုယ်သူ 141 ခေါင်းဆောင်လိုလို ၈၈ ကို အရောင်အသွေးမှိန်အောင် လုပ်ခဲ့ပါတယ်။
(၂) ဘီဘီစီ ကိုကိုလတ်ဟာ ခင်ညွန့်တို့ ထောက်လှမ်းရေး မရှိတော့တဲ့နောက်ပိုင်း စ-အ-ဖ နဲ့ SB တို့နဲ့ အလုပ်လုပ်နိုင်ဖို့ ပြန်ကြိုးစားလာပါတယ်။ သူက အခု သိန်းတင်အောင်တို့နဲ့ ပူးပေါင်းထားပါတယ်။ ( ဒါပေမယ့် အပြမှာတော့ မတူသယောင် လုပ်ထားတယ်။)
(၃) ဖြိုးမင်းသိန်းရဲ့ ကျောထောက်နောက်ခံက ဒေါ်ချိုချိုကျော်ငြိမ်းပါ။ သူက ကိုဌေးကြွယ်နှမကို ရအောင်ချိုင်ပြီး NLD နဲ့လည်း မရအရ ပူးကပ်နေပါတယ်။ သူ့ဆောင်ရွက်ချက်တွေကို သန်လျင် SB က ထောက်ပံ့ပါတယ်။
(၄) တင်မောင်အေးက အမည်မထင်မရှားနေပြီး internet ဆက်သွယ်မှုတွေ ဆောင်ရွက်ပေးပါတယ်။ အေးလွင်နဲ့တုန်းကလည်း ဒီလို အလုပ်လုပ်ပေးလို့ GSM ဖုန်းတစ်လုံး အမြတ်ထွက်ခဲ့ပါတယ်။ နောက်ပိုင်း ဝေစု မတည့်တော့လို့ သိန်းတင်အောင်လိုပဲ အေးလွင်က ဖယ်ထုတ်ထားတာပါ။
(၅) နေမျိုးဝေက ဘလော့ဂ်တစ်ခု ပြုလုပ်ပြီး SB ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားမှာ အလုပ်လုပ်နေသူပါ။ သူက ရှမ်းပြည် ခွဲထွက်ရေး စိတ်ကူးယဉ် ဦးရွှေအုန်းကို ချဉ်းကပ်ပြီး အလုပ်လုပ်ဖိုပ ကြိုးစားနေပါတယ်။ သူက အဲဒီသိန်းတင်အောင်တို့ရဲ့ ဒိုင်ခံ ၀ါဒဖြန့်ချိရေးဆောင်ရွက်သူပါပဲ။
(၆) နေမျိုးဝေ၊ တင်မောင်အေးတို့ဟာ UDP အတွင်းရေးမှူး ကျော်မိုးနဲ့ ဆက်သွယ်ပြီး ပြည်တွင်း မှာ ပါတီဖွဲ့စည်းခွင့်ရရင် တစ်နည်းတစ်ဖုံ UDP အဖြစ် ရပ်တည်ဖို့ ဆောင်ရွက်နေပါတယ်။

playsharp

အောင်သောင်း ရဲ့  လောက်ကောင်တွေကို သတိထားကြ
သိန်းတင်အောင်နဲ့ ဖြိုးမင်းသိန်း တို့က မနက်ဖြန် - ၃၀-၁၂-၂၀၀၉ မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်လိမ့်မယ်လို့ စီစဉ်နေပါတယ် ။ နေ့လည် ၁ နာရီကနေ ၃ နာရီအတွင်း ဖြစ်ပါတယ်။ နေရာက အမှတ် ၁၂၃၊ ဘီ (၃)၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်ပါ။ မြန်မာ့အရေးဆွေးနွေးပွဲကော်မတီဆိုပြီး နာမည်ခံထားတယ်။ သူတို့ က ၀န်ကြီး အောင်သောင်း ရဲ့  တိုက်ရိုက့် ညွန် ကြားချက် နဲ့ လှုပ်ရှားဆောင်ရွက်နေသူတွေဖြစ်ပါတယ်။ သူတို့ ကို လိုအပ်တာတွေကို အကူညီပေးဖို့  အောင်သောင်းက သူရဲ့  ပီအေ - ကိုကို နိင် ( ဗက) ကို ထည့် ပေးထားပါတယ်။
ဒီ လူတွေက လူရှုပ်တွေဖြစ်ပါတယ်။ သမိုင်းကြောင်း မကောင်းသူတွေဖြစ်ပါတယ်။ ၈၈ တုံးက ခရစ်စတိုဘာကိုကိုလတ် ရဲ့  တပည့် တွေဖြစ်ဘူးပါတယ်။ သူတို့ ဆရာကြီး ခရစ်စတိုဘာကိုကိုလတ်က
၈၈ တုံးက ထောက်လှမ်းရေးခင်ညွန့် လူဖြစ်သွားပြီး ဖေါ်ကောင်၊ သပိတ်ငွေများကို ဘုန်းသူ၊ မူးယစ်ဆေးဆွဲ နေသူ စသဖြင် နာမည်ပျက် နေတဲ့ သူဖြစ်ပါတယ်။
သူတို့ ကို အောင်သောင်းနဲ့  တွေ့ ပေးလိုက်သူကတော့ တင်မောင်အေး ဖြစ်ပါတယ်။ တင်မောင်အေး က
အေးလွင်ရဲ့ လူဖြစ်ပါတယ်။ သူတို့ ရဲ့  လှုပ်ရှားမှုတွေကို တာမွေမြို့ နယ် မယက နဲ့ ကြံ့ဖွတ်တွေ က စီစဉ်ဆောင်ရွက်ပေးနေပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ သူတို့ ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံကြဖို့ ၊ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့  ကြိုးပန်းကြမှာဖြစ်ပါတယ်။ သူတို့ ဟာ ပါတီတခုထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ကြံစည်နေပါတယ်။ ရည်ရွယ်ချက်ကတော့ ၈၈ မျိုးဆက်တွေက ၂၀၁၀ ရွေးကောက်ပွဲကိုလက်ခံတယ်ဆိုတဲ့
အောက်လမ်းဝါဒဖြန့် မှု - Black Propaganda - လုပ်ဖို့  ပြင်ဆင်နေကြခြင်းဖြစ်ပါတယ်။
ဖြိုးမင်းသိန်းဟာ အတော့ကိုအောက်တန်းကျသူလည်းဖြစ်ပါတယ်။ ကိုဌေးကြွယ်ဒုက္ခရောက်နေချိန်မှာ
သူရဲ့ ညီမ ကို ကူညီသလိုလို နဲ့ အရခြိုင်သွားသူလည်းဖြစ်ပါတယ်။ ဖြိုးမင်းသိန်းရဲ့ လုပ်ရပ်တွေကို
>ကို ဌေးကြွယ်က ရှုတ်ချပြီး လက်မခံ ဘူးလို့ သိရပါတယ်။ ဒါကြောင့် အောင်သောင်းရဲ့ လောက်ကောင်တွေဖြစ်တဲ့ သိန်းတင်အောင်၊ ဖြိုးမင်းသိန်း၊ အေးလွင်၊တင်မောင်အေးတို့ ကိုသတိထားကြဖို့  တင်ပြလိုက်ပါတယ်။ သူတို့ ဟာ ကနေဒါက ရောင်နီ နဲ့ ကျော်မိုးတို့ နဲ့ ဆက်သွယ်မှုရှိနေပါတယ်။
ကနေဒါ နိင်ငံသားခံယူထားတဲ့  လူလိမ် ကျော်မြင့် ( ၀-တရုတ်) ရဲ့  ပါတီ ဖြစ်တဲ့ UDP ပါတီနဲ့ ဆက်သွယ်မှုရှိနေပါတယ်။ ကနေဒါဖက်က တာဝန်ခံကတော့ ကျော်မြင့် ရဲ့  လူဖြစ်တဲ့ လူလိမ်ကျော်မိုး က
ဆောင်ရွက်ပေးနေပါတယ်။ အလားတူပဲ သူတို့ ဟာ နိင်ငံတကာမှာ သူတို့ ကိုယ်စားလှယ်အဖြစ် ရောင်နီကို
တာဝန်ပေးထားကြောင်းသိရပါတယ်။ ရောင်နီကိုတော့ နအဖ လူ ဖြစ်သွား ပြီဆိုတာကိုရန်ကုန် ကျောင်းသားလောက က သတိနေပါတယ်။

http://komoethee.blogspot.com/2009/12/blog-post_29.html

ONGC to Lend $857 Million to Unit for Myanmar Project

ONGC to Lend $857 Million to Unit for Myanmar Project
29-Dec-2009
http://www.bloomberg.com/apps/news?pid=20601207&sid=afm6mwUhUZBo
News, Gas
Dec. 29 (Bloomberg) -- Oil & Natural Gas Corp. will lend 40 billion rupees ($857 million) to its overseas unit investing in a gas project off Myanmar’s coast as India’s biggest explorer seeks to meet rising fuel demand at home. “For us it makes more sense to invest in assets through ONGC Videsh Ltd. than put the money in banks,”
ONGC Chairman and Managing Director R.S. Sharma said in a telephone interview today. The interest-free loan has no maturity date, Sharma said. ONGC, the New Delhi-based producer of almost 25 percent of the crude oil used by Asia’s third-largest energy consuming nation, is seeking to diversify its supplies and keep pace with India’s growing fuel needs. The company plans to get the equivalent of 60 million metric tons of oil, or more than double its output in India, from overseas fields by 2025. “There are limited number of opportunities at home,” said Apurva Shah, head of
research at Prabhudas Lilladher Pvt. in Mumbai. “Given that there is going to be some serious growth in domestic demand in the years to come, ONGC needs to get its hands on whatever assets it can get.”India is competing with China for energy assets worldwide as output from domestic fields declines. ONGC bought Imperial Energy Plc for 1.4 billion pounds ($2.2 billion) this year to gain access to oilfields in Russia.Chinese companies have announced plans to spend at least $16 billion on oil and gas fields in Africa.ONGC declined 1.3 percent to close at 1,181.55 rupees in Mumbai trading, compared with a 0.2 percent gain inthe benchmark Sensitive Index of the Bombay Stock Exchange. The stock has climbed 77 percent this year.
ONGC has a 17 percent stake in the Shwe, Shwe-Phu and Mya areas in the A-1 and A-3 blocks in Myanmar,estimated to hold between 4.5 trillion and 7.7 trillion cubic feet of natural gas.Daewoo International Corp. is the leader of the group that’s developing the fields and owns a 51 percent stake.Myanmar Oil & Gas Enterprise holds a 15 percent share, while GAIL India Ltd. and Korea Gas Corp. have 8.5
percent each.The group will supply 500 million cubic feet of gas a day from the fields to China National Petroleum Corp., Daewoo International said on Aug. 25. The venture plans to start deliveries in May 2013.
“ONGC Videsh will start repaying the loan when they start generating cash from the project,” Sharma said. The loan requires the approval of the Cabinet, he said. The group is in talks with China National Petroleum to build an 825-kilometer (513-mile) overland pipeline to transport the cleaner-burning fuel to the world’s fastestgrowing
major economy. ONGC has the “option” to buy a share in the pipeline, R.S. Butola, managing director of ONGC Videsh, said on Oct. 6. Daewoo International awarded a $1.4 billion contract to Hyundai Heavy Industries Co. to build an offshore production platform, offshore pipelines and a land terminal at the Myanmar fields by 2012, the South Korean company said on Nov. 2. Proven reserves in the country formerly known as Burma reached 17.5 trillion cubic feet at the end of last year, equivalent to a fifth of Australia’s reserves, according to the BP Statistical Review.

Ko Yar Pyae Funeral Photos




Tuesday 29 December 2009

မျိုးချစ် သူရဲကောင်းများ


ကျွန်တော်စဉ်းစားရမိသော အကြံဥာဏ်များ ပေးပါရစေ။
စစ်ပွဲတပွဲကို ရှေ့မှတိုက်နေရုံနှင့် မရပါ။ ဘေးတွေ အနောက်တွေမှလည်း ထိရောက်တဲ့ တိုက်စစ် လိုအပ်ပါတယ်။ ရှေ့မှရင်ဆိုင်တဲ့ NLD ကိုပဲအပြစ်မဖို.ပါနဲ.။ ကျန်တဲ့သူတွေက နောက်ကနေ ဝင်တိုက်ပါ။ စွမ်းအားရှင်တွေ ကြံဖွံအဖွဲ.ဝင်တွေကို တိုက်နေလို. ထူးခြားမလာပါ။ သူတို.သေလို. စစ်ခေါင်းဆောင်တွေ မတုန်လှုပ်ပါ။ သူတို. ပိုင်ဆိုင်မှု အနည်းငယ်လောက် ဖျက်ဆီးရုံနှင့် မလုံလောက်ပါ။ ဒါကြောင့် ကျွန်တော်တို.ရဲ. ပစ်မှတ်က ဗိုလ်ချုပ်တွေ ဗိုလ်မှူးချုပ်တွေရဲ. သားသမီးတွေ ဖြစ်ရမယ်။ သူတို.တွေကို တိုက်ခိုက်ပါ။ ဘာကြောင့်သူတို.ကို ရွေးရလဲ။

ဗိုလ်ချုပ်ကြီးတွေရဲ. သားသမီးတွေမှာ လုံခြုံရေးအလုံအလောက် ရှိနိုင်တယ်။ သူတို.တွေမှာ မရှိနိုင်ပါ။ ချဉ်းကပ်ရလွယ်နိုင်တယ်။ သူတို.သားသမီးတွေ ထိလာမှတုန်လှုပ်လာမယ်။ ပထမဆုံး ၄၊၅ ယောက်လောက် လုပ်ကြံပါ။ ပြီးရင် ကျန်တဲ့ဗိုလ်ချုပ်တွေကို ဖိအားပေးပါ။ တွေ.ဆုံဆွေးနွေးပွဲ တွေလုပ်ဖို.၊ နိုင်ငံရေးအကျဉ်းသား တွေလွှတ်ဖို. ဗိုလ်ချုပ်ကြီးတွေကို တောင်းဆိုခိုင်းပါ။ အဲလိုမှမလုပ်ရင် မင်းတို.သားသမီးတွေ အလှည်.ရောက်လာမယ် လို. ခြိမ်းခြောက်ပါ။ ဗိုလ်ချုပ်တွေကို လုပ်ကြံရန် မလိုပါ။ ဘာကြောင့်လဲဆိုတော့ သူတို.ကို ချဉ်းကပ်ဖို. ခက်တယ်။ သူတို.သေလဲ နောက်တယောက် တက်လာမယ်။ သူတို.သားသမီးတွေ ထိလာနိုင်မှ သူတို.လုပ်ပိုင်ခွင့် ထဲကနေ တို.လိုချင်တာ တောင်းလို.ရမယ်။

ထောင်ထွက်တွေ ဆေးသမားတွေ လူဆိုးများကို ငွေကြေးအလုံအလောက်ပေးပြီး ခိုင်းနိုင်တယ်။ သူတို.သားသမီးတွေ သွားတတ်တဲ့ ကလပ်တွေ နေရာတွေကို သွားခိုင်းပြီး ဓားတလက်နဲ.လုပ်ကြံရင် လုံလောက်ပြီ။ ဒီမိုကရေစီအင်အားစုများက နောက်မှစနစ်တကျကြိုးကိုင်ရန်လိုအပ်တယ်။ Blogger များ၊ သတင်းမီဒီယာများ၊ ပြည်သူများက တို.ပစ်မှတ်တွေရဲ. သတင်းတွေကို စုစည်းဖို. တာဝန်ယူရမယ်။

နိုင်ငံခြားရောက်နေတဲ့ သူတို.သားသမီးတွေကိုလည်း ပစ်မှတ်ထားဖို.လိုမယ်။

ကိုယ့်အချင်းချင်း အပြစ်မဖို.ကြပါနဲ.။ အားလုံးက နိုင်ငံအတွက် ကိုယ်နိုင်သလောက် လုပ်နေကြတာပဲ။ ဒီထက်ပိုထိရောက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှာကြပါ။ ဒီနည်းနဲ.လဲ လုပ်ငန်းစကြပါ။

ကောက်ကျစ်တဲ့သူတွေကို ကောက်ကျစ်စွာနဲ.ပဲ တုံ.ပြန်ရမယ်။

Thanks to the sender - Do Must Do
Freedom Journal (January, 2010)


http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=49

Monday 28 December 2009

Current State of Affairs, BURMA
Kyat Pyay Stories
MaTinTinHtwe


ဦးသုဝေဦးဆောင်သော ဒီမိုကရက်တစ် ပါတီမှ မြန်မာ့ အရေးဆွေးနွေးပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲကို လာ မည့် ၃၀ရက်နေ့တွင် နေ့လည် ၁နာရီမှ ၃နာရီအထိ ဦးချစ်မောင်လမ်း ဗဟန်းမြို့နယ်တွင် ကျင်းပမည် ဖြစ် ကြောင်း ဖိတ်စာများပေးပို့၍ ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များကို ဖိတ်ခေါ်ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ထိုသို့ အလားတူ မြန်မာ့နိုင်ငံရေး ဆွေးနွေးကြရန်ဟူသော ဖိတ်စာဖြင့် သတင်းထောက်များ ကိုဖိတ်ကြား၍ ဦးသုဝေ၊ အမျိုး သားရေး ဦးဝင်းနိုင်တို့က “၂၀၁၀ မြန်မာ့နိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲ” အမည်ဖြင့် ရှင်းလင်း ဆွေးနွေး ပွဲကို ရန်ကုန်မြို့ ဒေါ်လ်ဖင် စားသောက်ဆိုင်၌ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့က ပြုလုပ်ပြီး အမျိုးသား ဒီမိုကရေစီ ပါတီကို ထူထောင်ကြောင်း ကြေငြာခဲ့ဘူးပါသည်။
ထိုကိစ္စနှင့် ပါတ်သက်ပြီး ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့အား ကြိုတင်အကြောင်းမကြားဘဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သဖြင့် အာဏာပိုင်များက ခေါ်ယူသတိပေးခြင်းကို ခံခဲ့ရပြီး ဝန်ခံ ဂတိပြု လက်မှတ် ရေးထိုး ခဲ့ရကြောင်းကို အင်တာဗျူး တခုတွင် ဦးသုဝေက- “အဲဒီ သတင်းစာရှင်းလင်းပွဲက ဗဟန်း မြို့နယ်ထဲ ပါတယ်လေ။ ဒီနေ့ မယက ဥက္ကဋ္ဌက ကျနော်တို့ကို ခေါ်မေးတယ်။ ခေါ်တွေ့တယ်။ သူတို့က ဘာပြောလဲဆိုတော့ ဥပဒေအရ လူ ၅ ယောက်ထက် ကျော်ပြီး မတွေ့ရဘူး။ သူတို့ကို ကြိုတင်မပြောတဲ့ အတွက်ကြောင့် ဥပဒေအရ ကျနော်တို့ ဖောက်ဖျက်တယ်။ နောက်နောင် ၅ ဦးထက်ကျော်၍ စုဝေးမည်ဆိုလျှင် ကြိုတင်အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် အမိန့်ကြိုတင် ရထားမှသာ စုဝေးမှုများပြုလုပ်မည်ဖြစ်ကြောင်း လက်မှတ် ထိုးခဲ့ရသည်ဟု ပြောပြခဲ့ဘူးပါသည်။

ထိုသို့ထူထောင်သော ဒီမိုကရက်တစ်ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဦးသုဝေက တာဝန်ယူပြီး ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီး ဒေါ်နေရီဗဆွေ၊ ဒုဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချို ကျော်ငြိမ်းတို့ ဦးဆောင်ပါဝင်ကြမည်ဟု ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
“တိုင်းပြည် ကိုယ်စားလှယ်တွေ အနေနဲ့ တိုင်းပြည်လူထု သဘောထားတွေကို ကျနော်တို့က တင်ပြနိုင်အောင်၊ ပြောနိုင်အောင် ကိုယ်က အာဏာရှိရင် ပိုပြီးလုပ်နိုင်အောင်၊ ကျနော်တို့ ကြိုးစားမှာပါ။ အာဏာရှိအောင် ကျနော်တို့ ကြိုးစားမှာပါ” ဟု ဦးသုဝေက မဇ္ဇိမ သတင်းဌာနနှင့် အင်တာဗျူးတခုတွင် ပြောပြသွားခဲ့ပါသည်။
ဦးသုဝေသည် ဖဆပလခေတ်တွင် ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ဖဆပလ ပါတီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ငြိမ်း၏ ကိုယ်ရေး အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့်အပြင်၊ UPI ခေါ် ကမ္ဘာ့သတင်းဌာန၏ အရှေ့တောင် အာရှရုံးချုပ် သတင်းအယ်ဒီတာ၊ Morning Express နေ့စဉ်သတင်းစာ လက်ထောက် အယ်ဒီတာနှင့် Bankkok World နေ့စဉ်သတင်းစာ အယ်ဒီတာ အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။
ဦးသုဝေနှင့် သူ၏ ပါတီသည် ၂၀၁၀ တွင် ပြုလုပ်မည်ဟု နအဖတို့ ကြေငြာထားသော ရွေးကောက်ပွဲကို ဝင်နိုင်ရေး အတွက် ပြင်ဆင်မှုများလုပ်နေပြီး ထိုရွေးကောက်ပွဲတွင် အနိုင်ရလျှင် အပြောင်းအလဲများ ဖြစ်နိုင်သည်ဟု ယုံကြည်ကြောင်းကိုလဲ “နိုင်ငံရေး ပါတီတွေရယ်၊ ပြည်သူတွေရယ်က တက်တက်ကြွကြွနဲ့ တကယ်ပဲ ကြိုးစားပြီး လုပ်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကနေ အများကြီး လုပ်နိုင်တာပေါ့။ အများကြီးလုပ်နိုင်ရင် ဘာဖြစ်လို့ အုပ်ချုပ်မှုအာဏာအချိုးကို မရရမှာလဲ၊ ရနိုင်တာပေါ့။ မကြိုးစားရင် မရဘူးပေါ့” ဟု ဒီပီ - ဥက္ကဋ္ဌ ဦးသုဝေက ပြောပြသွားခဲ့သည် ဟု မဇ္ဇိမ သတင်းဌာနက ဖေါ်ပြခဲ့ဘူးပါသည်။

ယခုအခါတွင် ကိုအေးလွင်ဦးဆောင်သည့် နအဖတို့ နှင့် ရင်းနှီးပါတ်သက်မှုရှိသော ပါတီ၏ စည်းဝေးပွဲများကိုပင် ကြံဖွံ့နှင့် စွမ်းအားရှင် များ၏ ဝင်ရောက် ရိုက်နှက်ခံရ မှုများရှိနေရာ ယခုအချိန်တွင် တရားဝင်ဖိတ်စာကမ်းပြီး ထိုသို့ သတင်းထောက်များအား ဖိတ်ကြားကာ အကြို သတင်းစာ ရှင်းလင်းပွဲ လုပ်မည့် ကိစ္စသည် လွန်စွာ စိတ်ဝင်စား စရာဖြစ်နေကြာင်း တင်ပြလိုက်ရ ပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

From saffrontoward blogspot

BDC: "I Can Do 12 Simple Things To Help BURMA"

Reviewing junta's 2008 constitution is a MUST before playing into the illegal 2010 election

BURMESE SAYS NO

Sunday 27 December 2009

Please click on the picture to read

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၂)

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၂)
(Choosing Right Path and Real Politics)


ကျုပ်တို့လူမျိုးတွေက မင်းလောင်းမျှော်တတ်ပါတယ်။ ဒဏ္ဍာရီတွေထဲမှာ မျှော်တတ်သလို ရာဇ၀င် သမိုင်းတွေမှာလည်း မျှော်ခဲ့ပါတယ်။ မင်းလောင်း၊ မင်းကောင်းကို မျှော်တာက အပစ်မဟုတ်ပါဘူး။ အထူးသဖြင့် မင်းဆိုးမင်းညစ်များ ကာလရှည်ကြာစွာ အဓမ္မမင်းမူအုပ်ချုပ်နေတဲ့ကာလမျိုး၊ သေသူကို ရှင်သူက တရတဲ့ကာလမျိုးမှာ မင်းကောင်းတို့၊ ခေါင်းဆောင်ကောင်းတို့ကို ပိုလို့တောင် မျှော်မိတတ်ကြပါတယ်။

ကျုပ်တို့တတွေ မျှော်တတ်တဲ့ ခေါင်းဆောင်ကောင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းလိုမျိုးပေါ့ဗျာ။ ဗိုလ်ချုပ်ရဲ့ ကျောင်းသားဘ၀၊ သခင်ဘ၀၊ အင်္ဂလိပ်တိုက်၊ ဂျပန်တိုက်၊ စစ်ပြီးခေတ် လွတ်လပ်ရေး လှုပ်ယှားမှုကြီးကို ပုံဖေါ်ပုံမှုမှအစ၊ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် ထင်ရှားပြတ်သားသောအမြင်၊ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခြေခံအုပ်မြစ်ချမှတ်ပုံအထိ၊ တစ်ဖန် လူထုလှုပ်ယှားမှုကို ဦးဆောင်သွားစဉ်ကာလအတွင်းမှာ အင်အားစုတွေ၊ အတိုက်အခံတွေ၊ မိတ်ဖက်တွေ၊ ရန်ဖက်တွေကို စည်းရုံးပုံ၊ ကိုင်တွယ်ပုံစသဖြင့်တွေကို ကျုပ်တို့အားကျကြပါတယ်။ သို့သော် ထိုင်ပြီး အားကျနေရုံလောက်နဲ့တင် မလုံလောက်တော့ပါဘူး။ အဲဒီကာလက ဖြစ်ရပ်၊ ဖြစ်စဉ်တွေထဲက ယနေ့ကာလအခြေအနေတွေနှင့် ကိုက်ညီနိုင်တဲ့ သင်္ခန်းစာတွေကို ရဲရဲကြီး ထုပ်နှုပ်ကျင့်သုံးနိုင်ဖို့လိုအပ်နေပါပြီ။ ဒီသင်္ခန်းစာမျိုးတွေကို လိုအပ်တဲ့နေရာတွေမှာ အလျဉ်းသင့်သလို ထဲ့သွင်းဆွေးနွေးသွားပါ့မယ်။

သာမန်စီးပွါးရေး၊ လူမှုရေး လုပ်ငန်းစဉ်တစ်ခုမှအစ လူထုလှုပ်ယှားမှု၊ တော်လှန်ရေးတစ်ရပ်၊ ခေတ်ပြောင်းအရေးတော်ပုံအထိ အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ဖို့က ရည်မှန်းချက်(Objective)နှင့် လုပ်နည်းလုပ်ဟန်(Way) နှစ်ခုလုံးက အရေးကြီးပါတယ်။ သို့သော် အရေးကြီးအဆင့်ပုံချင်းက မတူပါဘူး။ ရည်မှန်းချက်ရဲ့ အရေးကြီးပုံအဆင့်နေရာကို လုပ်နည်းလုပ်ဟန်က ဘယ်လိုနည်းနဲ့မှ အစားဝင်ယူလို့မရပါဘူး။ ရည်မှန်းချက် ရှိနေလို့သာ၊ ရည်မှန်းချက် အောင်မြင်ဖို့အတွက်သာ လုပ်နည်းလုပ်ဟန်တွေ၊ အလုပ်တွေ လိုအပ်နေရတာမို့ ရည်မှန်းချက်က အလုပ်၊ လုပ်နည်းလုပ်ဟန်ရဲ့ အထက်မှာ အစဉ်ရှိနေရပါမယ်။ လုပ်နည်းလုပ်ဟန်က ရည်မှန်းချက်ကို မလွှမ်းမိုးစေရပါဘူး။ ရည်မှန်းချက်အောင်မြင်ဖို့ လိုအပ်ရင် လုပ်နည်းလုပ်ဟန်ကို ပြောင်းလဲရဲရပါမယ်။ သို့သော် လုပ်နည်းလုပ်ဟန်နှင့် ကိုက်ညီအောင် ရည်မှန်းချက်ကို မပြင်နိုင်ပါဘူး။ ရည်မှန်းချက်သည် ခြေထောက်ဖြစ်ရင် လုပ်နည်းလုပ်ဟန်သည် ဖနပ်ဖြစ်ပါတယ်။ ခြေထောက်နဲ့ မတော်ရင် ဖနပ်ကို ပြောင်းရပါမယ်။ ဖနပ်နှင့်တော်အောင် ခြေထောက်ကို မလှီးဖြတ်နိုင်ပါဘူး။ အဲဒီလိုမှ အမြင်မရှင်းဘူးဆိုရင် လုပ်နည်းလုပ်ဟန် ပြောင်းတာကို ရည်မှန်းချက် ပြောင်းတာလို့ ထင်မိပြီး အသည်းအသန်ဖြစ်ကာ အဓိကနှင့် သာမညမကွဲဘဲ အမြင်ရှုပ်ထွေးသွားတတ်ပါတယ်။ ဗိုလ်ချုပ်က နိုင်ငံ့လွတ်လပ်ရေးဆိုတဲ့ ရည်မှန်းချက်အတွက် လုပ်နည်းလုပ်ဟန်တွေကို လိုအပ်သလို ရဲရင့်ပြတ်သားစွာ ပြောင်းလဲကျင့်သုံးခဲ့တာတွေကို နောက်ပိုင်းမှာ ထဲ့သွင်းရေးသားသွားပါ့မယ်။

ရည်မှန်းချက်နှင့် လုပ်နည်းလုပ်ဟန် မတူတာ၊ ရည်မှန်းချက်က လုပ်နည်းလုပ်ဟန်ထက် ပိုအရေးကြီးတာက ခင်ဗျားပြောမှ မဟုတ်ပါဘူး။ ကျုပ်တို့အားလုံးသိပြီးသားပါ။ ခင်ဗျားက လေကြီး မိုးကြီးလုပ်ပြီး အလုံးကြီးကြီးတွေနဲ့ ပစ်မနေပါနှင့်။ ခင်ဗျားဘာသိထားလို့ ဘာပြောချင်သလဲဆိုတာကိုသာ ၀ိုက်မနေဘဲ လိုရင်းတိုရှင်းသာ ပြောလိုက်ပါလို့ စာဖတ်သူတချို့ ပြောလိုက်တာကို ကျုပ်အခုဘဲ ကြားလိုက်မိပါတယ်။

ကောင်းပါပြီ။
ရည်မှန်းချက်ကို လုပ်နည်းလုပ်ဟန်ရဲ့အထက်မှာ၊ ကျုပ်တို့တစ်ကယ်ဘဲထားတယ်ဆိုတာ သေချာပါရဲ့လားလို့ ထပ်မေးပါရစေ။ မိမိလုပ်ဖေါ်ကိုင်ဖက်အချင်းချင်းကြားမှာ ရည်မှန်းချက်အတွက် ဘယ်ကာလတုန်းက သဘောကွဲလွဲမှုတွေ ဖြစ်ခဲ့ဘူးသလဲဆိုတာကို ပြန်မှတ်မိနိုင်သေးပါလား။ ရည်မှန်းချက်အတွက် သဘောကွဲလွဲတာ ရှိကော ရှိဖူးပါရဲ့လား။ ဒါမှမဟုတ် လုပ်နည်းလုပ်ဟန်အတွက် သဘောကွဲလွဲခဲ့ရတဲ့ အကြိမ်ပေါင်းကိုကော ရေတွက်နိုင်ပါသလား။

ဒီနေ့ ကျုပ်တို့တစ်တွေ ငြင်းခုန်နေကြတာ၊ ခေါင်းခဲနေကြတာ ရည်မှန်းချက် မတူလို့လား။ လုပ်နည်း လုပ်ဟန် မတူလို့လား။ ဒီနေ့ အတိုက်အခံအုပ်စုတွေ မညီညွတ်နိုင်ကြတာ၊ တဇောင်းနှင့် မျက်ချေးဖြစ်နေကြတာ ရည်မှန်းချက်ပေါ် အခြေခံသလား။ လုပ်နည်းလုပ်ဟန်အပေါ် အခြေခံသလား။ ဒီနေ့ အရေးတော်ပုံ ကြန့်ကြာနေရတာ လုပ်နည်းလုပ်ဟန် ကွဲလွဲမှုကြောင့်လား။ ရည်မှန်းချက် ကွဲလွဲမှုကြောင့်လား။

တစ်ကယ်တော့ ကျုပ်တို့တတွေဟာ ရည်မှန်းချက်ကို ဆုပ်ကိုင်ထားသလိုဘဲ၊ လုပ်နည်းလုပ်ဟန်ကိုလည်း ရည်မှန်းချက်နှင့် တန်းတူထားပြီး အသေဆုပ်ကိုင်ထားကြဆဲ ဖြစ်နေပါတယ်။ ကျုပ်တို့ဟာ နှစ်လရှည်ကြာစွာ ကိုင်ဆွဲထားတဲ့ ပုံစံခွက်ကလေး(လုပ်နည်းလုပ်ဟန်)ကို အသုံးချစရာ ကရိယာဘဲလို့ မမြင်နိုင်တော့ဘဲ၊ တဖြေးဖြေးနှင့် ကိုးကွယ်စရာလို့ မြင်လာနေကြပါပြီ။

နောက်တစ်ခုဖြစ်တဲ့ လိုရင်း တိုရှင်း တင်ပြခြင်းဆိုတာကို ဒီနေရာမှာ နဲနဲလောက် ၀ိတ္တာချဲ့ပြီး ဆွေးနွေးဖို့ လိုလာပါတယ်။

၁၉၄၅ခု၊ မတ်လ (၁၇)ရက်နေ့ ရွှေတိဂုံဘုရား အနောက်မြောက်ရှိ ကွင်းပြင်ကြီးတွင် စစ်ရေးပြအခမ်းအနားနှင့် တပ်ထွက်ပွဲမှာ ဗိုလ်ချုပ်က စကားလုံး (၁၁၈)လုံးသာပါတဲ့ အတိုဆုံးမိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ အဲဒီအတိုဆုံးမိန့်ခွန်းရဲ့ အနှစ်ချုပ်ဖြစ်တဲ့ “ဗမာ့ရန်သူကို ချေမှုန်းကြ။ အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ။ ဒါဘဲ” ဆိုတဲ့ စကားစုမှာ စကားလုံး (၂၁)လုံးသာ ရှိပါတယ်။

ဒီလိုရင်း တိုရှင်းပြောလိုက်တဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတိုလေးသက်သက်က ဂျပန့်တော်လှန်ရေး ဖြစ်စဉ်ကြီးတစ်ခုလုံးကို ဦးဆောင်ပုံဖေါ်သွားတာလား။ အန္တရာယ်များ၊ ကြမ်းတမ်းခက်ခဲပြီး ရှည်လျားတဲ့ တော်လှန်ရေးပြင်ဆင်မှု(process)ကြောင့် ဒီအတိုဆုံး မိန့်ခွန်းကို တော်လှန်ရေးတပ်ဗိုလ်၊ တပ်သားတွေ အတိအကျ နားလည်အကောင်အထည် ဖေါ်နိုင်တာလားဆိုတာ ကျုပ်တို့အားလုံးသိကြပါတယ်။

နိုင်ငံရေးသည် အနုပညာတစ်ရပ်ဖြစ်တယ်လို့ ဆောင်းပါး (၁)ရဲ့ အစမှာ ဆိုခဲ့ပြီးပါပြီ။ နိုင်ငံရေးမှာ လုပ်ရမဲ့ လုပ်ငန်းစဉ်တွေက ဒါတွေဘဲဟေ့ဆိုပြီး လိုရင်း တိုရှင်းနှင့် အမိန့်ပေးညွှန်ကြား(Dictate)စေခိုင်းလို့ ရတတ်တာမျိုး မဟုတ်ပါဘူး။ အမိန့်ပေး၊ ညွှန်ကြားချက်ပေး အကောင်အထည်ဖေါ်ရအောင် ပေးသူဟာ စစ်ဗိုလ်၊ အလုပ်ရှင် မဟုတ်သလို အပေးခံရသူတွေကလည်း စစ်သားတွေ၊ စက်ရုံ အလုပ်ရုံက အလုပ်သမားတွေလည်း မဟုတ်ကြပါဘူး။ ကျုပ်တို့ဒီမိုကရေစီအင်အားစုအချင်းချင်းကြားမှာ ဘက်ပေါင်းစုံ၊ ရှုဒေါင့်ပေါင်းစုံက ကြေကြေလည်လည် ခြုံငုံသုံးသပ်ပြီးမှ တိကျတဲ့ လုပ်နည်းလုပ်ဟန်တွေကို အများသဘောတူ ချမှတ်နိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် ကျုပ်အနေနှင့် လိုရင်း တိုရှင်း မပြောနိုင်ပါဘူး။ ပြောနိုင်တဲ့ အခွင့်အာဏာရှိသူလည်း မဟုတ်ပါဘူး။ ကျုပ်က ဗိုလ်ချုပ်အောင်ဆန်းလဲ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်လဲ မဟုတ်သူမို့ ကျုပ်အယူအဆကို လိုရင်း တိုရှင်းပြောလို့ အရာရောက်လိမ့်မယ်လို့လဲ မထင်မိပါဘူး။ ကျုပ်လုပ်နိုင်တာက အခုလုပ်နေတာမျိုးပါ။ ကျုပ်အမြင်ကို ခင်ဗျားတို့လက်ခံလာအောင် အကျိုး အကြောင်း၊ အချက် အလက်၊ ဥပမာ ဥပစာနှင့်သာ တင်ပြနေရတာပါ။

ယနေ့ကာလကို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဝင်လာစ ကာလနှင့် နှိုင်းယှဉ်လိုပါတယ်။ အင်္ဂလိပ်အပါအ၀င် မဟာမိတ်နိုင်ငံများ ယိမ်းယိုင်အားနည်းလာသလို ဂျပန်အပါအ၀င် ၀င်ရိုးတန်းနိုင်ငံများ အားကောင်းလာတော့၊ အင်္ဂလိပ်အခက်၊ မြန်မာ့အချက်ဆိုတဲ့ မြန်မာ့နိုင်ငံရေး လှုပ်ယှားမှုကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးဆိုတဲ့ အန္တိမရည်မှန်းချက်ချင်းတူကြသော်လည်း လုပ်နည်းလုပ်ဟန် မတူတဲ့ အင်အားစုကြီး (၃)ခု ဖြစ်ထွန်းလာပါတယ်။

ပထမအုပ်စုက အင်္ဂလိပ်ကော၊ ဂျပန်ပါ နယ်ချဲ့တွေဖြစ်တဲ့အတွက် နှစ်ခုစလုံးကို တစ်ပြိုင်နက် ဆန့်ကျင်ရေးဖြစ်ပါတယ်။

ဒုတိယအုပ်စုကတော့ ဖက်ဆစ်နယ်ချဲ့ဖြစ်တဲ့ ဂျပန်က အရင်းရှင်နယ်ချဲ့ဖြစ်တဲ့ အင်္ဂလိပ်ထက် လူတန်းစားလက္ခဏာအရ ပိုဖေါက်ပြန်တဲ့အတွက် အင်္ဂလိပ်နယ်ချဲ့နှင့် ပေါင်းပြီး ဖက်ဆက်နယ်ချဲ့ကို တိုက်ရေးဖြစ်ပါတယ်။

တတိယအုပ်စုအမြင်က လောလောဆယ် ကိုယ့်ကို ကျွန်လုပ်နေတဲ့ အင်္ဂလိပ်ကို ဂျပန်နှင့်ပေါင်းပြီး အရင်တိုက်ထုတ်။ နောက်မှ အခွင့်အလမ်းရှာပြီး လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းရန် ဖြစ်ပါတယ်။

ဒီလုပ်နည်း လုပ်ဟန် (၃)ခုကို စင်ပြိုင်တင်ပြီး အဲဒီကာလရဲ့ မြန်မာ့နိုင်ငံရေးမြေငလျင်ကြီး(Political Earthquake)ကြီးတွေ တုန်လှုပ်ခဲ့စေသူတွေဟာ မြန်မာ့နိုင်ငံရေးလောကရဲ့ ပုရွက်ဆိတ်တွေ၊ နှံပြည်စုတ်တွေ မဟုတ်ပါဘူး။ သခင်လေးမောင်၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်ကျော်စိန်၊ သခင်မြ၊ သခင်ချစ်၊ ရဲဘော်ဂိုရှယ်တို့လို ထိုကာလရဲ့ နိုင်ငံရေးဆင်ကြီး၊ ဂေါ်ဇီလာကြီးတွေ ဖြစ်ပါတယ်။ ဒီအယူအဆကြီး (၃)ခု ကွဲပြားမှုကြောင့် အင်မတန် အန္တရယ်ကြီးမားသော နိုင်ငံရေး အားပြိုင်မှုကြီးတွေ၊ ရှုပ်ထွေးမှုကြီးတွေ၊ အုပ်စုဖွဲ့မှုကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ခေါင်းဆောင်များ၏ နိုင်ငံရေး အမျှော်အမြင်ကြီးမားမှုကြောင့်သာ တတိယအုပ်စု ဖေါ်ဆောင်လိုက်သော လမ်းကြောင်းပေါ်မှတဆင့် အင်အားစုများ ပေါင်းစည်းမှုကို အချိန်မီ အလျင်အမြန် ပြန်လည်တည်ဆောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ အကယ်၍များ ခေါင်းဆောင်အသီးသီးက မိမိအယူအဆလုပ်ဟန်ကို အသေဆုပ်ကိုင်ပြီး သီးခြားစီဆက်လှမ်းနေကြမည်ဆိုပါက နောက်ပိုင်း ဖက်ဆစ်တော်လှန်ရေး အောင်မြင်စွာ အကောင်အထည်ဖေါ်ခြင်းကို အန္တရာယ်ကြီးစွာ အကြပ်ရိုက်စေမှာဖြစ်တဲ့အပြင် လွတ်လပ်ရေးကြိုးပမ်းမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်နည်းလုပ်ဟန် ကွဲပြားမှုကြီးလေ၊ ရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ရေးကို ပိုမိုခက်ခဲစေ၊ နှောင့်နှေးစေတယ်ဆိုတာကို ကျုပ်တို့သိပြီးသားပါဆိုတဲ့ ခရီးသွားဟန်လွှဲသဘောမျိုး ပေါ့ပေါလေးမဆိုဘဲ အချိန်မနှောင်းခင် လေးလေးနက်နက်ကြီး တန်ဖိုးထား သင်္ခန်းစာထုတ်ယူကြဖို့ အခြေအနေက တောင်းဆိုနေပါပြီ။ ဒီပြသနာကို မဖြေရှင်းနိုင်သရွေ့ ညီညွတ်မှုကို ဘယ်လိုမှ မတည်ဆောက်နိုင်ပါဘူး။ ညီညွတ်မှုမရှိရင် အောင်ပွဲ မရှိပါ။

ယနေ့အကြပ်အတည်း(Crisis)သည် ရည်မှန်းချက် ပြသနာမဟုတ်ဘဲ လုပ်နည်းလုပ်ဟန်ကို လုပ်နည်းလုပ်ဟန်အဖြစ် ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့(Illusion) ပြသနာဖြစ်ကြောင်းနှင့် ယနေ့စိန်ခေါ်မှု(Challenge)သည် အခြေအနေသစ်တွေနှင့်အညီ ဖြစ်ထွန်းလာတဲ့ လုပ်နည်းလုပ်ဟန်သစ်တွေကို ဟန်ချက်ညီညီ ကျင့်သုံးရဲဖို့ ဖြစ်ကြောင်းပါဗျာ။

လုပ်နည်းလုပ်ဟန်သစ်တွေအကြောင်း ဆက်လက်ဆွေးနွေးသွားပါမည်။


အောင်ထီ ဒီဇင်္ဘာလ ၂၆၊ ၂၀၀၉
(မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။ ခွင့်ပြုချက် တောင်းရန် မလို။)

Saturday 26 December 2009

2008 Constitution must be revised until it is Done!

2008 Constitution must be revised until it is Done!

UN General Assembly Resolution Condemns Burma

The United Nations General Assembly on Thursday strongly condemned “the ongoing systematic violations of human rights” in Burma and called on the military regime to undertake a transparent and inclusive review of the 2008 Constitution.

A UN press release said the non-binding resolution expressed deep concern at restrictions on effective and genuine participation of all stakeholders in the country, including the representatives of the National League for Democracy (NLD), in a genuine process of dialogue and national reconciliation. It also noted that the procedures established for the drafting of the Constitution resulted in a de facto exclusion of the opposition from the process.

The 192-member General Assembly adopted the resolution by a vote of 86-23 with 39 abstentions. While the United States, the United Kingdom, Germany, South Africa and Switzerland were among the countries in favor of the resolution, China, India, Russia and North Korea, together with Association of Southeast Asian Nations (Asean) members Malaysia, Laos and Vietnam, voted against it.

Four other Asean countries—Cambodia, Indonesia, Singapore and Thailand—abstained, as did Norway.

The resolution also urged the Burmese regime to immediately and unconditionally release opposition leader and Nobel peace prize laureate Aung San Suu Kyi from house arrest and free more than 2,000 other prisoners of conscience.

The Burmese ambassador to the UN, Than Swe, rejected the resolution, calling it highly politicized. He said Burma was on track towards a “smooth transition” to democracy and was actively preparing for multi-party elections next year.

In two visits to Burma, Tomas Ojea Quintana, the UN human rights special rapporteur for Burma, has urged the military regime to complete four core human rights elements before the elections in 2010. They are the release of all prisoners of conscience; the review and reform of national legislation that is not in compliance with international human rights standards; the reform of the judiciary to assure independence and impartiality; and the reform of the military, which needed to respect international humanitarian law in conflict areas, as well as the rights of civilians.

Since his appointment in May 2008, Quintana has made two visits to Burma, the second one in February.

The special rapporteur receives his mandate from the UN Human Rights Council. A UN source said Quintana is expected to visit Burma twice a year.

Although Thursday's resolution stated that a date has now been established for a follow-up visit by Quintana, he said in a recent interview with a Burmese radio station that the Burmese government had rejected for the second time his request to travel there. The regime had given no reason, apart from saying it was not ready to receive him.
http://www.irrawaddy.org/article.php?art_id=17466
aung san oo
http://drlunswe.blogspot.com/

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ပြည်သူတွေဟာ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေကြတယ်လို့ ဆိုပါတယ်။ အထူး သဖြင့် စစ်အာဏာရှင်စံနစ်အောက်မှာ မြန်မာပြည်သူတွေဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး အစရှိတဲ့ လူ့အခွင့်အရေး တွေအားလုံးချိုးဖေါက်တာခံခဲ့ပြီး လူ့ဂုဏ်သိက္ခာတွေလည်းဆုံးပါးနေတယ်လို့ ဆိုပါတယ်။ ပြည်သူတွေအားလုံး လူ့အခွင့် အရေးအကြောင်းသိရှိနားလည်ပြီး လူထုစွမ်းအားနဲ့ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် အာဏာကိုလက်နက်နဲ့ထိမ်းချုပ်တဲ့ အစိုးရတရပ်အနေနဲ့ ပိုပြီးတော့အားနဲလာပြီး မတရားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အကုန်လုံးရပ်တန့်သွားမယ်လို့ လူ့အခွင့်အရေးပညာရှင်များကဆိုပါတယ်။ လူထုကိုယ်တိုင်ကိုက လူ့အခွင့်အရေးလှုပ်ရှားမှုတွေကိုဘယ်လိုနည်းလမ်းနဲ့ လုပ်ဆောင်သင့်သလဲဆိုတာ လူ့အခွင့်အရေးပညာပေးဌာန မြန်မာန်ုင်ငံရဲ့ ဒါရိုက်တာကိုအောင်မျိုးမင်းကို ကောင်းဝါ သတင်းဌာနကဆက်သွယ် မေးမြန်းထားပါတယ်။

ကမ္ဘာ့တဝှမ်းလုံးမှာရှိတဲ့ နိုင်ငံအများအပြားဟာ ကုလသမဂ္ဂ ကနေပြဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းအရ အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူသားမျိုးနွယ်အားလုံးအကြား ဂုဏ်သိက္ခာနဲ့တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားခြင်းဟာ လူ့အခွင့်အရေးရဲ့အနှစ် သာရလို့ဆိုပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စံနစ်အောက်မှာ အုပ်ချုပ်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် နည်းအမျိုး မျိုးနဲ့ လူ့အခွင့်အရေးပညာပေးသင့်တယ်လို့ လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံရဲ့ဒါရိုက်တာကိုအောင်မျိုးမင်းက အခုလိုပြောခဲ့ပါတယ်။

ကျွန်တော်တို့ ဒီမြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးအကြောင်းပညာပေးဖို့ဟာပွင့်ပွင့်လင်းလင်း ဘယ်လိုမှပေးလို့မရ ပါဘူး။ တခြားနိုင်ငံမှာတော့လူ့အခွင့်အရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲဝံ့ဝံ့ပြောပြ လို့ရတယ်။ ဆွေးနွေးတင်ပြ လို့ရတယ်။ လူထုကို အတုံးလိုက်အတစ်လိုက် လူ့အခွင့်အရေးအကြောင်း ရှင်းပြတာမဟုတ်ဘဲနဲ့ သူတို့သက်ဆိုင်နေတဲ့ ဖြစ်ပျက်နေတဲ့အကြောင်း အရာတွေကို လူ့အခွင့်အရေးရှု့ဒေါင့်ကနေမြင်လာဖို့အတွက် ဆက်စပ်ပြီးပညာပေးရတယ်။ အဲဒီလိုမြင်လာယင်းနဲ့ သူတို့ကိစ္စကိုပြုပြင်ပြောင်းလဲအောင် လုပ်ဆောင်ခြင်းကလည်း သူတို့ရဲ့ဘဝရဲ့လူ့အခွင့်အရေး အခြေအနေတိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ပြည်ပမှာလွတ်လွတ်လပ်လပ်ပေး လို့ရတာရှိသလို ပြည်တွင်းမှာလည်း လူထုကြားထဲမှာလူတွေရဲ့ပြဿနာကို သူတို့သိလာအောင် နည်းအမျိုးမျိုးနဲ့လုပ် ဆောင်ပြီးတော့ လူ့အခွင့်အရေးချဉ်းကပ်မှုပုံစံနဲ့လုပ် ဆောင်ရတဲ့ဟာကလည်း လူထုစည်းရုံးရေးနည်းလမ်းတစ်ခုဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ဒီမိုကရေစီလှုပ်ရှားမှုတွေ အများအပြားရှိခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့တဲ့အားနည်းချက်အပေါ် ကိုအောင်မျိုးမင်းက အခုလိုထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လှုပ်ရှားမှုတွေကြည့်ခဲ့မယ်ဆိုလို့ရှိယင် နိုင်ငံရေးအရနိုးကြားတက်ကြွတဲ့သူတွေ နောက်တခါ ပညာတတ်တဲ့ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသား ဒီလိုလူတွေကဦးဆောင်ပါဝင်ပြီးတော့ သူတို့ကနေ လူထုကြားထဲမှာ ဘယ်လိုလုပ် ပါ၊ ဘယ်လိုလုပ်ပါဆိုတဲ့အကြောင်းအရာနဲ့ သူတို့နှိုးဆော်ပြီးတော့လုပ်ခဲ့တယ်။ အဲဒီတော့ နိုင်ငံရေးအကြောင်းသိတဲ့ လူတွေ လူ့အခွင့်အရေးကိစ္စကို နားလည်တဲ့သူတွေကတော့ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ဒါပေမဲ့တတိုင်းတပြည်လုံးမှာ ရှိတဲ့ပြည်သူလူထုတွေရဲ့ ပါဝင်မှုတော်တော်အားနည်းတယ်။ ဒီဟာတွေ ကောင်းကောင်းမွန်မွန်သိတဲ့လူလောက်ကဘဲ ဒါမဖြစ်သင့်ဘူးဆိုပြီး ပါဝင်ခဲ့တယ်။ ဘာကြောင့်အဲဒီလို ကျွန်တော်တို့ကြည့်လဲဆိုတော့ တချို့လူတွေရဲ့လှုံ့ဆော်မှုတွေက နိုင်ငံရေးသဘောတရား အရမ်းဆန်ပြီးတော့ ပြည်သူလူထုနစ္စဓူဝ လုပ်ဆောင်နေရတဲ့ ခံစားနေရတဲ့ တကယ့်အဖြစ် အပျက်တွေနဲ့ တိုက်ဆိုင်မှုမရှိတာ ကျွန်တော်တို့တွေ့ရတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပါလို့ ကျွန်တော် တို့ပြောတဲ့အခါ လူတိုင်းကတော့သနားတယ်။ ဒါပေမဲ့ ဒီဟာက ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့စိတ်ဓါတ်မျိုးရှိနေတဲ့ပြည်သူလူထု တွေအများကြီး ရှိတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းကျပါလို့ လှုံ့ဆော်တဲ့အခါမျိုးမှာကျတော့ ကုန်ဈေးနှုန်း ဒါဏ်ကြောင့်ခံနေ ရတဲ့ သူတွေအားလုံးက ဒါငါတို့နဲ့ဆိုင်တဲ့ကိစ္စပါလားဆိုပြီး လူတိုင်းကပိုမိုတက်ကြွစွာပါဝင်လာခဲ့တာကို တွေ့ရတယ်။

လူ့အခွင့်အရေးပညာပေးနိုင်တဲ့ အချို့နေရာဒေသတွေမှာဆိုရင် လူမှုအဖွဲ့အစည်းတွေက တက်တက်ကြွကြွပါဝင်ပူးပေါင်း လုပ်ဆောင်လာတယ်လို့ဆိုပါတယ်။

အရင်တုန်းက အိမ်တွင်းအကြမ်းဖက်မှုတွေ အများအပြားဖြစ်ခဲ့တဲ့ ဒုက္ခသည်စခမ်းတွေ ရွှေ့ပြောင်းအလုပ် သမားတွေ ကြားထဲမှာ အိမ်တွင်းအကြမ်းဖက်မှုဆိုတာက လူ့အခွင့်အရေးချိုးဖေါက်မှုတရပ်အနေနဲ့ သူတို့သိလာတယ်။ ဒါကို တားဆီးတဲ့လုပ်ငန်းတွေပေါ်လာတယ်။ တချိန်ထဲမှာဘဲကလေးစစ်သားအသုံးပြုမှုကို အရင်တုန်းကလက်ခံထားတဲ့ အသိုင်းဝိုင်းကြားထဲမှာ ကလေးစစ်သားအသုံးပြုမှု မသင့်ဘူးဆိုတဲ့အသိ စိတ်ဓါတ်မျိုးတွေပေါ်လာပြီးတော့ ကလေး စစ်သားတယောက်ကိုတွေ့လို့ရှိရင် ဘယ်ကိုတိုင်ကြားရမလဲ ဆိုတဲ့လုပ်ငန်းစဉ်တွေ သူတို့စပြီးတော့ပေါ်လာတယ်။ တချိန်ထဲမှာဘဲ ကလေးကူးသန်းရောင်းဝယ်မှုတွေ အများဆုံးဖြစ်တဲ့ မဲဆောက်လိုဒေသမျိုးမှာ အဖွဲ့အစည်းတော်တော် များများက ကလေးကူးသန်းရောင်းဝယ်မှုကို တားဆီးဘို့အတွက် အစုလိုက်အဖွဲ့လိုက်နဲ့ စည်းရုံးလှုပ်ရှားမှုမှာပါဝင် လာတယ်။

ပြည်သူတွေရဲ့စုစည်းညီညွတ်မှုစွမ်းအားဟာ အရာရာကိုပြောင်းနိုင်စွမ်းရှိတယ်ဆိုတဲ့ ကိုအောင်မျိုးမင်းရဲ့ အမြင်ကတော့ ဒီလိုပါ။
ပြည်သူလူထုကြားထဲမှာ ငါတို့တွေဟာ ခံရမယ်စိတ်မျိုး ရှိနေသမျှကာလပါတ်လုံး ဘယ်သူမှဒါကို တွန်းလှန်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီနေရာမှာ လူ့အခွင့်အရေးသဘောတရားကအရမ်းအရေးကြီးပါတယ်။ အခုဖြစ်ပျက်နေတဲ့အကြောင်း အရာတွေဟာ လူတိုင်းရဲ့မွေးရာပါအခွင့်အရေးကို ထိခိုက်တာဖြစ်တဲ့အတွက် မတရားတဲ့ အရာဖြစ်တယ်။ ငါတို့ရဲ့မွေး ရာပါအခွင့်အရေးကို ငါတို့ကိုယ်တိုင်ရယူသင့်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုးရှိလာမှ ပြည်သူလူထုက အမှန်တရားအတွက် တိုက်ပွဲဝင်လာမှာဖြစ်ပါတယ်။ အဲဒီကြောင့်မို့လို့ လူ့အခွင့်အရေးဆိုတာ ရအောင်ပြန်ယူရနဲ့ဟာဖြစ်တယ်။ ဒီလိုမျိုးလူ့ အခွင့်အရေးချိုးဖေါက်ခြင်းဟာ မတရားတာဖြစ်တဲ့အတွက် ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့ လိုအပ် တယ်။ တစ်ဦးချင်း ပြုပြင်ပြောင်းလဲမှုကနေပြီးတော့ အစုလိုက်အဖွဲ့လိုက်ပြုပြင်ပြောင်းလဲမှု ဒေသတခုလုံး တနိုင်ငံလုံး မှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့စိတ်ဓါတ်အတူတူနဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာယင်တော့ စစ်အစိုးရကကျဆုံးမှာဘဲ။ မတရားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အကုန်လုံးရပ်တန့်မှာဘဲ။

ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေနဲ့ မြန်မာနိုင်ငံလိုအာဏာရှင်နိုင်ငံတွေမှာဆိုရင် လူ့အခွင့်အရေးတွေကိုချိုး ဖေါက်ပိတ်ပင် တားမြစ်လေ့ရှိပြီး ခံနေရတဲ့ပြည်သူတွေဟာ အခြေခံလူ့အခွင့်အရေးပညာပေးမှုအပိုင်းမရှိလေတော့ အသားသေပုံစံနဲ့ အခွင့်အရေးချိုးဖေါက်ခံနေဆဲလို့ဆိုပါတယ်။ ပြည်ပမှအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေ ပညာပေးမှုအပိုင်း လုပ်ဆောင်နေပေမဲ့ ထိရောက်မှုအားနည်းနေသလို လူ့အခွင့်အရေးကိုချိုးဖေါက်နေတဲ့ မြန်မာစစ်အစိုးရအပေါ် အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂကနေ ပြစ်တင်ဝေဖန်နေပေမဲ့ စစ်အစိုးရအနေနဲ့ တစုံတရာ အပြောင်းအလဲလုပ်ဆောင်မှုမရှိသေးဘူးလို့ လူ့အခွင့်အရေးဆိုင်ရာလေ့လာသူများက ဆိုပါတယ်။



ကောင်းဝါ


http://www.kaowao.org/b/art09-dec25.php

Thursday 24 December 2009

Wednesday 23 December 2009

Burma Constitutional PR (Burmese)
24041462 Burma or Myanmar

http://www.yeyintnge.com/
People


http://burmese.dvb.no/news.php?id=9349

Burma Constitutional Conference Held In London


22 December, 2009: A two-day seminar entitled 'Burma Constitutional Conference' was held at South Bank University in London on 19 and 20 December 2009, discussing on the unilaterally adopted junta's 2008 constitution and its consequences.

The seminar also looked into possibilities and ways for ending impunity in Burma and seeking criminal accountability to bring Burma's regime to International Criminal Court.

The event, organised by FBE (Forum of Burmese in Europe) in partnership with UK-based Burma Democratic Concern (BDC) and Burma Initiative Coordination Committee (BICC), had General Secretary of Burma Lawyers' Council (BLC), U Aung Htoo, as its special speaker.

A seminar paper by U Aung Htoo said the SPDC will be transformed into the NDSC (National Defense and Security Council), which is a new bottle with the old wine, and it will endeavour to rule the country indefinitely in accordance with the constitution.

About 70 people including representatives of various political organisations and Burma's ethnic nationalities attended the seminar.

Chin pastor Rev. Shwekey Hoipang said: "This conference is very informative and helpful in order to have a better understanding of the SPDC's 2008 constitution and its consequences. The speaker makes a clear comparison and explanation on the previous constitutions drafted in 1947 and 1974. The seminar has an insighful analysis and discussion on the 2008 constitution and also highlights the negative impacts of the constitution and how they can poison the future of our country."

"There is a serious concern for all the ethnic nationalities in Burma because the 2008 constitution is lack of equality, self-determination and federalism. It is not a constitution that protects and promotes the rights, identities and religions of the ethnic nationalities," added the Christian pastor of Southern Chin State.

The Forum of Burmese in Europe (FBE), founded in the 1990s by senior Burmese exiles from Germany and the UK, represents a network of Burmese communities across Europe and is advocating for democracy, social justice and human rights in Burma. It strongly rejects the military dictatorial rule in Burma and has been working closely with the democratic forces around the world.
နယူးဒေလီ (မဇ္စျိမ)။ ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းရန် လုပ်ဆောင်သွားမည်ဟု ဗြိတိန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ပြောဆိုသည်။

သူတို့က ယခုလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တွင် ‘မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ညီလာခံ’ ကို ကျင်းပခဲ့ပြီးနောက်၊ စစ်အစိုးရ ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုဥပဒေသည် တိုင်းရင်းသား လူမျိုးများ၏ အခြေခံ ရပိုင်ခွင့်နှင့် တန်းတူညီမျှမှု မရှိခြင်း၊ နိုင်ငံတကာ ဥပဒေများနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ညီလာခံတက်ရောက်သည့် Burma Democratic Concern (BDC) မှ ဒါရိုက်တာ ဦးမျိုးသိမ်းက ပြောသည်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရရအောင် ကျနော်တို့ ဖျက်ရမယ်။ ဘယ်လို အတိုင်းအတာပဲဖြစ်ဖြစ် မရရအောင် ဖျက်ကိုဖျက်ရမှာက ကျနော်တို့ တာဝန်ဖြစ်တယ်” ဟု သူက ဆိုသည်။

“ဒီဥပဒေကို အတည်ပြုလိုက်ပြီး အသက်သွင်းလို့ရှိရင် ပြည်သူတွေ စစ်အာဏာရှင် စနစ်အောက်မှာ တသက်လုံး ကျွန်ဆက်ခင်းသွားရမယ် ဆိုတဲ့ဟာကို ပြည်သူတွေ အားလုံး ပိုမိုသိရှိပြီးတော့ ကိုယ့်အခွင့်အရေးကို ပိုပြီး တိုက်ယူရဲလာအောင်၊ တောင်းယူရဲအောင် သတင်းတွေကို ဖြန့်ဖြူး လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု သူက ဆိုသည်။

ဗြိတိန် အခြေစိုက် ချင်းလူမျိုးများနှင့် မြန်မာခရစ်ယာန် ဘာသာဝင်များကို ကိုယ်စားပြု တက်ရောက်ခဲ့သည့် သိက္ခာတော်ရ ရွှီကီးဟွေပန် (Rev. Shwekey Hoipang) ကလည်း တိုင်းရင်းသား လူမျိုးများကို မကာကွယ်နိုင်သဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြုပြင်သင့်ကြောင်းနှင့် မပြုပြင်လျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ပြောသည်။

"ဒီဖွဲ့စည်းပုံက ကျနော်တို့ ချင်းတိုင်းရင်းသားများပါမက တိုင်းရင်းမျိုးနွယ်စုတွေကို လုံခြုံမှု၊ ကာကွယ်မှု မပေးနိုင်ဘူး။ ဒါကြောင့် မြန်မာပြည်အတွက် အကျိုးမရှိတဲ့အတွက် ပြုပြင်ရမယ်။ မပြုပြင်ရင် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး" ဟု သူက မဇ္စျိမကို ပြောသည်။

ညီလာခံကို ဗြိတိန် အခြေစိုက် ဥရောပနိုင်ငံများရှိ မြန်မာလူမျိုးများဖိုရမ် (Forum of Burmese in Europe - UK) မှ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုဖိုရမ်ထဲတွင် BDC လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

BDC သည် လန်ဒန်အခြေစိုက် အဖွဲ့တခုဖြစ်ပြီး၊ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ၊ ကျောင်းသားများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နာယကများအဖြစ် ဆရာတော် ဦးဥတ္တရ၊ ဒေါက်တာ ဆလိုင်း ထွန်းသန်း၊ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန်၊ ကချင်အမျိုးသား ဒူးဝါး M Zaw Aung ၊ ဒေါက်တာ ခင်ဝင်းနွယ်၊ ဒေါက်တာ ခင်စိန် စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

ညီလာခံသို့ Burma Campaign UK ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB (ဥရောပ) ၊ မြန်မာမူဆလင်အဖွဲ့ BMA ၊ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ IBMO ၊ မြန်မာရိုဟင်ဂျာအဖွဲ့၊ မြန်မာအမျိုးသမီးများ (ဗြိတိန်) စသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ဗြိတိန်အခြေစိုက် တိုင်းရင်းသား ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ရာ လူအင်အား ၆၀ ခန့် ရှိသည်။

၂၀၀၈ အခြေခံ ဥပဒေတွင် အုပ်ချုပ်ရေး ကဏ္ဍတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံးပါက စစ်တပ်ကြီးစိုးသည့် နိုင်ငံရေး စနစ်မျိုးကိုသာ ဖော်ဆောင်လိမ့်မည်ဟု ညီလာခံ တက်ရောက်သူများက ယုံကြည်ကြသည်။ ထို့ပြင် နိုင်ငံတကာ ဥပဒေများနှင့်ပါ ကိုက်ညီမှု မရှိသဖြင့် ပြန်လည် ပြုပြင်သင့်ကြောင်း သုံးသပ်ခဲ့ကြသည်။

“အခြေခံ ဥပဒေကြီး ဒီအတိုင်းဖြစ်နေရင် ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုမှ မဝင်သင့်ဘူးဆိုတဲ့ အခြေခံမူက ရှိတယ်ခင်ဗျ။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေက တညီတညွတ်တည်း သဘောတူထားတယ်ခင်ဗျ။ ပြည်သူတွေဘက်ကလည်း ဒီကိစ္စတွေဟာ တရားသလား၊ မတရားဘူးလားဆိုတဲ့ အချက်အပေါ် သေချာ ဆုံးဖြတ်နိုင်အောင် ကျနော်တို့ သတင်းစကား ပေးသွားမှာပါ” ဟု ဦးမျိုးသိမ်းက ပြောသည်။

ယခုလ ၂၁ နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင်မူ လာမည့်နှစ်တွက် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည် မဟုတ်ကြောင်း ရေးသားထားသည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း လမ်းပြမြေပုံပါ ၇ ချက်အတိုင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု မကြာသေးခင်က ထပ်မံပြောဆိုခဲ့သည်။ သို့သော် မည်သည့်အချိန်တွင် ကျင်းပမည်ကို သူက အတိအကျ မပြောသည့်အပြင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေများလည်း ထုတ်ပြန်ခြင်း မရှိသေးပါ။

၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးဆုံးလျှင် စစ်တန်းလျား ပြန်မည်ဟု ကတိပြုခဲ့သည့် စစ်အစိုးရ၏ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ရန် ဦးမျိုးသိမ်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်တို့ အနိုင်ရတော့ အာဏာ လွှဲမပေးတော့ဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့ဆက်လုပ်ဖို့ လုပ်နေတာဟာ အဓိပ္ပာယ်ရှိပါသလား၊ ပြောနေတဲ့လူတွေရဲ့ စကားကရော Credibility (ယုံကြည်လက်ခံနိုင်စွမ်း) ရှိပါသလား၊ accountability (တာဝန်ခံမှု) ရှိပါရဲ့လားဆိုတာ ဒါကို ပြန်သုံးသပ်ဖို့ လိုပါမယ်” ဟု သူက ဆိုသည်။

ထိုညီလာခံကို လာမည့်လအတွင်း ဥရောပနိုင်ငံများရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံကာ လုပ်ငန်းများ ခွဲဝေပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး လှုပ်ရှားမှုကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

http://www.mizzimaburmese.com/news/regional/4428-2009-12-22-12-33-06.html

Tuesday 22 December 2009

An Analysis of the Forthcoming 2010 Election in Burma
vcd

Monday 21 December 2009



http://komoethee.blogspot.com/

2009-12-20 Free Zay Yar Thaw Thaw

UN asked not to recognise 2010 Myanmar election

UN asked not to recognise 2010 Myanmar election
Follow us on Twitter | Share This | RSS | Font Problem?

Lalit K Jha

Washington, Dec 11 Three dissident Burmese groups have asked the United Nations and the international community not to recognise the scheduled 2010 elections in Myanmar unless all political prisoners including Aung San Suu Kyi are released by the country' military junta.

On the occasion of International Human Rights Day, the groups- All Burma Monks' Alliance, 88 Generation Students, and All Burma Federation of Student Unions - have asked the international community to put more pressure on junta leader to hold a meaningful dialogue with the democratic opposition.

"We urge the international community to not recognise the 2010 election, if there is no release of all political prisoners, including Aung San Suu Kyi, no sustainable political dialogue with democratic opposition and ethnic minorities, and no national reconciliation first," they said in a joint statement.
- (Agencies)
Dec 11, 2009

Sunday 20 December 2009

VOB741KK
KyaukKwin1
U Thant Funeral Uprising

Thursday 17 December 2009

Moe Thee Zun on 2010 Elections

၂၀၁၀ရွေးကောက်ပွဲ သုံးသပ်ချက်

မိုးသီးဇွန်
Thursday, December 17, 2009
နိဒါန်း
၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို ဦးတည်နေပြီလို့ ကျနော် မယုံကြည်ပါဘူး။ ဒါဟာ အဆိုး မြင်နဲ့ ပြောနေတာမဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲက ဒီမိုကရေစီ အင်အင်အားစုများအတွက် ထွက်ပေါက်မဟုတ်သလို တပ်မတော်အ တွက်ရော တိုင်းရင်သားလူမျိုးစုတွေအတွက်ပါ ထွက်ပေါက် မဟုတ် ဘူး ဆိုတာပါပဲ။ ဒါဖြင့်ရင်ဘယ်သူအတွက် လည်းဆိုတဲ့အမေးအ တွက်အဖြေကတော့....
တစ်- သန်းရွှေအတွက်
နှစ်- သန်းရွှေအတွက်
သုံး-သန်းရွှေအတွက် လို့ပဲပြောပါရစေတော့။
၂၀၁၀ ရွေးကောက်ပွဲထက်ပိုပြီးအလေးထား ဆောင်ရွက်ရမှာကတော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီပြုပြောင်းလဲမှုတွေဖြစ်ပါ တယ်။

၂၀၁၀ ဝေစု
၂၀၁၀ မှာစစ်တပ်က ရွေးကောက်ပွဲပြုလုပ်ပေးမယ်။ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲစည်းတော့မယ်ဆိုတဲ့ သတင်းထွက်နေတယ်။ ဒီမိုက ရေစီအင်အားစုများ ကြားမှာစိုးရိမ်ပူပန်မှုတွေ တိုးပွားနေတယ်။ တချို့ကတော့ ဒါကိုထွက်ပေါက်တခုလို့ တိုးတိုးတမျိုးကျယ်ကျယ်တမျိုး ဆိုသလိုပြောနေကြတယ်။ ရွေးကောက်ပွဲကိုထွက်ပေါက်လို့ပြောပြီး ၀င်ဖို့တာစူနေကြတယ်။ ဒီလူတွေထဲမှာ အပစ်အခတ်ရပ်စဲရေးလုပ် ထားတဲ့တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ ကိုယ်ကျိုးရှာသူတွေလည်းပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ငကြင်းငါးလိုဆူဖြိုးနေတဲ့ မြန်မာပြည်ကို စားပွဲတင်ပြီးမြေးခွေးက ဝေခွဲပေးမှာဖြစ်ပါတယ်။ ဒီတော့ ဝေစုအကြီးအသေးကိုကြည့်ရင် သန်းရွှေက ဗိုက်သားကိုယူ မယ်။ တခြားကိုယ်ကျိုးရှာ အဖွဲ့တွေကိုဝေစုခွဲပေးမယ်။ ကုန်သည်ပွဲစားတွေနဲ့ လုပ်စားနိင်ငံရေးသမားတချို့က အတွက်ဝေစုတစုရမယ်။ သူများမြောက်ပေးလို့ ရွေးကောက်ပွဲဝင်မိတဲ့ ခပ်အအနိင်ငံရေးသမားတွေကတော့ ထောင်မကျရင် ကံကောင်းလို့ မှတ်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့  ၂၀၁၀ ရွေးကောက်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်ကတော့ကနေ့အထိ ၂၀၁၀ ရွေးကောက်ပွဲကိုဘယ်လို သဘောထားမလဲဆိုတာ ရှင်းရှင်းလင်း လင်းပြောနိုင်တဲ့ အနေထားမှာမရှိသေးဘူး။ တကယ့်ကိုပေါ်လစီ အကြပ်အတည်း (Policy Dilemma ) ဖြစ်နေပုံရတယ်။ အခြေခံဥပဒေ ကိုပြန်လည်ပြင်ဆင်ပေးပါလို့ပါလို့ လေသံခပ်လျောလျောပြောနိင်တဲ့ အနေထားကိုရောက်နေတယ်။၂၀၁၀ ရွေးကောက်ပွဲကို ၀င်မိရင် တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပုလင်းထဲထည့်ပြီး ရေစုံမျှောပေးလိုက်ရသလို ဖြစ်သွားမယ်။ ၂၀၁၀ ကို မ၀င်ဘူးဆိုရင်တော့ ဘေးကတတ်ယောင်ကား နိုင်ငံရေးသုတေသီတွေပြောနေတဲ့ "နိုင်ငံရေးဘေးရောက်မှု'' ဆိုတာကို စိုးရိမ်နေပုံရတယ်။ ဒီတော့ ၁၉၉၀ တုန်းက ဦးနုလုပ်သလိုများ လုပ်လာနိင်တယ်လို့လဲ ယူဆနိင်တယ်။ (ဦးနုက သူကိုယ်တိုင် ရွေးကောက်ပွဲမ၀င်တော့ပဲ သူလူများကို ဒီငြိမ်းနာမည်နဲ့ ၀င်စေခဲ့တယ်။ )

ခုလည်း ဒီချုပ်အနေနဲ့မဟုတ်ဘူး။ ဒီချုပ်ထဲကခေါင်းဆောင်တချို့ကို ခွဲထုတ်ပြီးရွေးကောက်ပွဲ ကံစမ်းမဲထိုးသလို ထိုးလာနိင်ခြင်းဖြစ် ပါတယ်။ ဒါကြောင့် ဒီချုပ်အနေနဲ့ကတော့ လက်ရှိအနေထား အတိုင်းရပ်ခံသွားတော့မဲ့ အခြေအနေမှာရှိပါတယ်။ ဒါတွေကတော့ ၉၀ ရွေးကောက်ပွဲကို ဆုတ်ကိုင်ရုံဆုတ်ကိုင် အသက်သွင်းနိင်အောင်မကြိုးစား၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိုတောင်းဆို အနေထားတက် ပိုမိုတိုးတက်တဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်လာမဲ့ အနေထားမရှိတော့ဘူးလို့ ဆိုချင်ပါတယ်။ ဒီအခြေအနေကိုကျရောက် စေတာကတော့.....
• ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးက အထိန်းသိမ်းခံနေရတယ်။
• လက်ရှိအဖွဲ့ ချုပ် အလုပ်အမှုဆောင်တွေက အသက်အရွယ်ကြီးရင့်မှု ၊ သူတို့ နေရာကို လူငယ်ခေါင်းဆောင်တွေနဲ့ အစားမထိုးကြတာ။
• နအဖ က အောက်တန်းကျကျ ဖိနှိပ်ထားတာတွေကြောင့် ဖြစ်ပါတယ်။

အပစ်ရပ်အဖွဲ့များနဲ့  ၂၀၁၀ ရွေးကောက်ပွဲ
အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသားခေါင်ဆောင်တချို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်ကျင့်သုံးတဲ့ ပေါ်လစီကတော့ ရေလိုက် ငါးလိုက် ပေါ်လစီ ဖြစ်လာလိမ့်မယ်။
• သူတို့ ဟာ ရွေးကောက်ပွဲပေါ်ယုံကြည်မှုမရှိဘူး။
• ရွေးကောက်ပွဲမှာ မဖြစ်မနေပါရမယ်လို့ နအဖ က ဖိအားပေးလာရင် ရွေးကောက်ပွဲကိုတချို့က ၀င်ကြလိမ့်မယ်။ ပါတီနာမည်တွေအ သစ်နဲ့ဝင်တာမျိုးတွေလည်း ရှိလာနိင်တယ်။
• သူတို့ကို လက်နက်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်ဖို့ ဖိအားပေးလာနိင်တယ်။
အဖွဲ့ငယ်တွေက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်သွားလိမ့်မယ်။ အဖွဲ့ကြီးတွေအတွက်တော့ ဘေးကြပ်နံကြပ်စတင်ဖြစ်လာလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ အပစ်ရပ်အဖွဲ့ တွေအတွင်းမှာ ဆက်တိုက်သူ၊ ရာသက်ပန်လက်နက်ချမဲ့သူ၊ အနားယူသွားမဲ့သူတွေ နဲ့ရှုပ်ရှက်ခတ်နေအောင်ရှိမှာပါ။ ပြန်လည်တိုက်ပွဲ ဆင်လာမဲ့အနေထားကတော့ အနည်းတက အနည်းဆုံးပဲဖြစ်လာလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ပေါ်မှာ တိုင်းရင်းသားလူမျိုးစု ဒေသတွေရဲ့ဖွံ့ဖြိုးရေးကိုရော လုံခြုံရေးကိုပါဘာမှ သိသာတဲ့ပြောင်းလဲတိုးတက်မှု တွေဖြစ်လာမှာမဟုတ်ပါဘူးလို့ ကျနော်ပြောချင်ပါ တယ်။

၂၀၁၀ မျက်နာသစ်များ
၁၉၉၀ ရွေးကောက်ပွဲတုန်းကတော့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေရှိတယ်။ ၀င်မယ့်ခါင်းဆောင်တွေရှိတယ်။ သူတို့မှာ Transparency and Accountability တွေရှိခဲ့တယ်။ ဆိုလိုတာကတော့ သူတို့ကဘယ်သူတွေလည်း ဘာတွေလုပ်ခဲ့လဲဆိုတာကို လူထုကသိခွင့်မြင်ခွင့် ရှိခဲ့တယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေဝင်မှာလဲ၊ သူတို့ကဘယ်သူတွေလဲ၊ သူတို့ပေါ်လစီတွေက ဘာလဲဆိုတာကိုခု ထိလူထုက မသိရသေးဘူးဖြစ်ပါတယ်။ ဒါကလဲ နအဖရဲ့ အကွက်ဖြစ်ပါတယ်။ ပါတီနဲ့ခေါင်းဆောင်တွေကို လူထု ရင်းနှီးမိတ်ဆက်ခွင့်ကို ကြာကြာမပေးလေ ကောင်းလေဆိုတာကို၊ ပူတင်လက်ထက် ရုရှားရွေးကောက်ပွဲများ၊ မဟာသီယာလက်ထက်မလေးရှား ရွေးကောက် ပွဲများ၊ ထိုင်းနိင်ငံ တပ်ဆင်လက်ထက် ကြားဖြတ်ရွေးကောက်ပွဲ သင်ခန်းစာတွေက ရှိထားပါတယ်။

ရွေးကောက်ပွဲတွေဆိုတာကလည်း လူသစ်တွေထွက်ပေါ်လာတတ်တဲ့ အစဉ်အလာကလဲ ရှိထားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာထူး ခြားတာတခုကတော့ ကိုလိုနီခေတ် နိုင်ငံရေးလှုပ်ရှားမှု တွေမှာပါဝင်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေနေရာမှာ လူသစ်တွေအစား ထိုးရွေးချယ်ခံခဲ့ရပါတယ်။ ဒါကတော့မဟာ ၈၈ လှုပ်ရှားမှုကြီးရဲ့အရှိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်တို့ကြောင့်ဖြစ်တယ်။ လူထုက ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးလိုက်တယ်။ ဒါပေမယ့် ကိုယ်စားလှယ်တွေက လူထုကိုငရဲနဲ့နိဗ္ဗာန်မှာ ဘယ်လမ်းကိုသွားရမယ်ဆို တာကို မရွေးချယ်ပေးနိင်ခဲ့ပါဘူး။ ဒီတော့လူထုက ၂၀၁၀ ရွေးကောက်ပွဲကို ထွက်ပေါက်တခုဖြစ်လာနိင်မလားဆိုတဲ့ မျှော်လင့်ချက်က တော့ ၉၀ တုန်းကလို အားကောင်းကောင်းရှိမှာ မဟုတ်တော့တာသေချာနေပြီ။ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲဝင်မဲ့သူတွေဟာ မျက်နာ သစ်တွေဖြစ်လာနိင်ပါတယ်။ သူတို့က ၁၉၉၀ တုန်းကမျက်နာသစ်တွေလို မဟုတ်တော့ပါဘူး။ သူတို့ကတော့ပြည်တွင်းရှိ ပညာတတ် လူငယ်တချို့နဲ့  ကုန်သည်အသိုင်းဝိုင်း တချို့ ဖြစ်တယ်။ သူတို့တွေရွေးကောက်ပွဲကိုဝင်မယ်။ လက်ရှိအခြေအနေပေါ်မှာသူတို့ ရူမြင်ပုံက

• သူတို့ကလက်ရှိမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ သန်းရွေစစ်အုပ်စုရဲ့ အုပ်ချုပ်ရေးညံဖျင်းမှုကြောင့်လို့မြင်တယ်။
• လက်ရှိနိင်ငံရေးပြဿနာကို အကောင်းဆုံးဖြေရှင်းနိင်တာက အာဏာကိုစစ်တပ်ကကိုင်ထား၊ အုပ်ချုပ်ရေးနဲ့စီးပွားရေးကို ငါတို့ကိုပေး ကိုင်မယ်။
• ဒီမိုကရေစီ တဖြည်းဖြည်းတော့ ဖြစ်လာမယ်ဆိုတဲ့ပေါ်လစီ။

ဒီလူတွေက လူတွေနဲ့တွေ့ရင် သန်းရွေမကောင်းဘူး၊ ဒီချုပ်ကလည်း အရည်အချင်းမရှိဘူးလို့ ပြောလေ့ရှိကြတယ်။ သန်းရွေနဲ့တွေ့ရင် တော့ရနိင်သမျှ အခွင့်အရေးတွေကိုတောင်းယူလေ့ရှိကြသူတွေပါ။ ဒေါ်စုကိုတော့တခါမှ တွေ့ဖို့မကြိုးစား၊ လွှတ်ပေးပါလို့မတောင်းဆို၊ နအဖရဲ့ လူအခွင့်အရေးချိုးဖေါက်မှုနဲ့ လာဘ်စားမှုတွေအပေါ်မှာ တုံနိဘာဝေ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ လေသံတောင်မဟဘူး သူတွေပါ။ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ဖင်တကြွကြွအဖြစ်ဆုံးကသူတို့ ဖြစ်နေတာတော့ ဆိုးတာပဲ။

သန်းရွှေခေါင်းမာဂိုဏ်းရဲ့အကြံ
သန်းရွှေခေါင်မာဂိုဏ်းရဲ့ အမြင်က ဒီနေ့ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းဟာ တရားဝင်မှု ( Legitimate Crisis ) လို့ယူဆကြတယ်။ စစ်တပ်အနေနဲ့ နိုင်ငံတော်အာဏာကို တရားဝင်ရယူနိင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခြေခံဥပဒေကိုအသက်သွင်းတယ်။ နောက်ဆုံးအဆင့် ကတော့ တရားဝင်ရွေးကောက်ပွဲနဲ့ အာဏာရတဲ့ပုံစံကို ဖန်တီးဖို့လိုလာပါတယ်။ စစ်တပ်ကို ကြိုးကိုင်ခြယ်လှယ်နေတာ သန်းရွှေ ဖြစ်ပါ တယ်။ ဒီနေ့ နအဖပြောနေတဲ့  လမ်းပြမြေပုံ ၇ ဆင့်ဆိုတာတွေဟာ သန်းရွှေရဲ့အကြံတွေသာဖြစ်တယ်။ ဒီနေ့ရွေးကောက်ပွဲနဲ့ပတ်သက် ပြီး သန်းရွှေ လုပ်မှာကတော့.....
၁- သူဟာ တပ်ထဲမှာတပ်ချုပ်ကြီးရာထူးကိုဆက်ယူထားမယ်။
၂- ၂၀၁၀ ရွေးကောက်ပွဲကိုလုပ်ပေးမယ်။ ( သူကိုယ်တိုင်ကတော့  ယူနီဖေါင်းချွတ်ပြီး ရွေးကောက်ပွဲကိုဝင်မှာ မဟုတ်ဘူး။ )
၃- စစ်တပ်က ပါတီတခုကိုဖွဲ့ပေးမယ်။ ဒီပါတီကိုယ်စားလှယ်တွေအဖြစ် လက်ရှိအစိုးရထဲက ၀န်ကြီးတချို့နဲ့ စစ်တပ်ထဲကတချို့ကိုရွေး ကောက်ပွဲဝင်စေမယ်၊ ( ပါတီနာမည်တောင်မှန်းလို့ရသေးရဲ့။ ဖွံ့ဖြိုးရေးတို့၊ တိုင်းရင်းသားညီညွတ်ရေး စတဲ့စာလုံးတွေပါတဲ့ နာမည်မျိုး တွေပါပါလိမ့်မယ်။ )
၎- အရပ်သားတွေထဲ ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ရွေးကောက်ပွဲပေးဝင်မယ်။
၅- စစ်ဗိုလ်ထဲကထောင်နဲ့ချီပြီး အထက်အမိန့်နဲ့ ယူနီဖေါင်းချွတ်ခိုင်းပြီး ပုလိပ်ဖက်၊ မ၀တ ဖက်တွေစတဲ့အရေးမပါတဲ့ နေရာတွေကိုအ စားထိုးမယ်။ သူတို့ က ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေ လုပ်ပေးရဦးမယ်။
၆- အပစ်အခပ်ရပ်စဲထားတဲ့ တိုင်းရင်းသားပါတီတွေကို လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင်စွန့် ခိုင်းမယ်။ လူမျိုးစုတွေထဲက တချို့ ခါင်းဆောင်တွေက ဘာညာကွီကွ နာမည်တွေနဲ့ ရွေးကောက်ပွဲကိုဝင်လာကြလိမ့်မယ်။
၇-ရွေးကောက်ပွဲမှာ စစ်တပ်က ကျောထောက်နောက်ခံပြုတဲ့ပါတီကို အနိင်ရစေမယ်။
၈- ယူနီဖေါင်းချွတ်များ၊ နိင်ငံရေးလူပြက်များတွေနဲ့ ညောင်စေးကျအောင် ရောသမမွေပြီးတဲ့အခါမှာ အတုအယောင်လွှတ်တော်ခေါ် ရုပ် သေးအစိုးရကိုဖွဲ့ စည်းစေမယ်။
၉- ပြီးတဲ့အခါမှာ တော့ သူက ၂၀၀၉ ခုနစ်အခြေခံဥပဒေအရ နိင်ငံတော်သမ္မတဟာ တပ်မတော်အကြီးအကဲ ဖြစ်ရမယ်ဆိုတဲ့မူနဲ့ သူဟာ ရုပ်သေးဆရာကြီးအဖြစ် နဲ့  အစိုးရအဖွဲ့ ရော စစ်တပ်ကိုပါ ကြိုးကိုင်နိင်ဖို့ ကြိုးပမ်းမှုမျှသာတည်း။

၂၀၁၀ နဲ့  ဒီမိုကရေစီမရနိင်
ဆရာကြီး ဦးဝင်းတင်ပြောသလို ၂၀၁၀ လမ်းကိုလိုက်ရင် ငရဲပဲရောက်မယ်ဆိုသလိုပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ့်ဖက်က နိုင်ခြေမရှိ ပါ။ ဘာဖြစ်လို့လဲ ဆိုတာကတော့ရှင်းတယ်။ ခေါင်းဆောင်တွေထောင်ထဲမှာ၊ အောက်ခြေကလှုပ်လို့မရဘူးဖြစ်နေတယ်။ ဒီတော့စစ်တပ် က လက်ကိုင်ဒုတ်ပါတီ နိုင်မယ်။ ဒီတော့သူတို့ဟာ တရားဝင်မှုရသွားပြီ။ ငါတို့တော့သွားပါပြီလို့ ယူဆချင်သူတွေရှိတယ်။ ဒါဆိုမှားမယ်။ အဖြေက စစ်တပ်က ခုလည်းနိုင်နေတာပဲမဟုတ်လား။ ခုလည်းနိင်ငံတော်အာဏာ သုံးရပ်စလုံးကို ချုပ်ကိုင်ထားတာပဲမဟုတ်လား။ သူတို့ကနိုင်လိုက်လို့ ဥုံဖွဆိုပြီး အရာခပ်သိမ်း တိုးတက်ပြောင်းလဲမှုတွေဖြစ်မလာပါဘူး။ နိုင်ငံတကာက ထောက်ခံမှုတွေရလာဖို့ကတော့ အတွက်စံနှုန်းတွေရှိပါတယ်။
• ရွေးကောက်ပွဲဟာ တရားမျှတမှုရှိရဲ့ လား
• လူအခွင့်အရေး ချိုးဖေါက်ခံရမှုတွေဘယ်လောက် တိုးတက်လာသလဲ။
• နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီလား
• စီးပွားရေးတိုးတက်မှုတွေဘယ်လောက်အထိရှိလာသလဲ
စတဲ့စံနှုန်းတွေကို ပြည့်မီအောင် ၂၀၁၀ မှာဘာမှမပါလာဘူး။ ၂၀၀၈ အခြေခံဥပဒေမှာ ဘာမှပြဋ္ဌာန်းမထားဘူး။ စစ်တပ်ကနိုင်ပြီလို့ နိုင်ငံ တကာကထောက်ခံလိုက်ပြီလို့ ကျနော်လုံးဝမယုံပါဘူး။

ကျနော်တို့ ဘာလုပ်ကြမလဲ
ကျနော်တို့လုပ်ရမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုပြတ်ပြတ်သားသား သပိတ်မှောက်ဖို့ဖြစ်ပါတယ်။ စီးပွားရေးမှာတင်မမြင်ရတဲ့ လက် ရှိနေတာမဟုတ်ဘူး။ နိုင်ငံရေးမှာလည်း မမြင်ရတဲ့ လှိုင်းလုံးကြီးရှိနေတတ်ပါတယ်။ မင်းကိုနိုင်နဲ့ ၈၈ ကျောင်းသားတွေ ဓါတ်ဆီဈေးကျဖို့ ချီတက်ဆန္ဒပြကြတော့ သံဃာလှုပ်ရှားမှုကြီးဖြစ်လာမယ်လို့ မတွက်ခဲ့ကြပါဘူး။ သံဃာလှုပ်ရှားမှုကြီးကို နအဖက နှိမ်နင်းလိုက်တော့ နာဂစ် မုန်တိုင်းကြီးဖြစ်လာမယ်လို့ ဘယ်သူကမှ မစဉ်းစားမိခဲ့ကြဘူး။ နအဖကို ပွဲသိမ်းစေတဲ့လှိုင်းလုံးကြီးတွေပါ။ ကျနော်တို့လက်ဦးမှု ကင်းမဲ့ခဲ့တယ်။

ဒီတခါလည်း ဧရာမလှိုင်းလုံးကြီးကလာနေပါပြီ။ လှိုင်းလုံးကြီးကတော့ စီးပွားရေးပျက်ကပ်လှိုင်းလုံးကြီးဖြစ်ပါတယ်။ အမေရိကန်နယူး ယောက်မြို့က စတော့ရှယ်ရှာဈေးကွက် ပျက်ရာကစလိုက်တဲ့ ငွေကြေးအကြပ်ရိုက်မှုကတကမ္ဘာလုံးကို အပြင်းထန်ရိုက်ခတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီလှိုင်းကအမေရိကန်ကိုလည်း မညှာသလို တရုတ်ကိုလည်းအလွတ်မပေးပါဘူး။ အမေရိကန်ဈေးကွက်ကိုရော၊ တရုတ် ဈေးကွက်ကိုလည်း မညှာပါဘူး။ အမေရိကန်ဈေးကွက်ဝယ်လိုအား ကျဆင်းမယ်။ တရုတ်ပြည်မှာစက်ရုံတွေ ထုတ်လုပ်မှုကျဆင်းလာ နိုင်တယ်။ မြန်မာပြည်လို ကုန်ကြမ်းပို့စားနေတဲ့ နိုင်ငံတွေရဲ့ကုန်ကြမ်းတွေ (သစ်၊ဆန်၊ ပဲ၊ ရေနံ၊ သဘာဝဓါတ်ငွေ့) ဒလဟောဈေးကျ ဆင်းလာတာတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ရလဒ်ကတော့အာရှမှာ အလုပ်လက်မဲ့ပြသာနာက နိင်ငံရေးမတည်မငြိမ်မှုတွေ အဆက်မ ပြတ်ဖြစ်လာမှာပဲဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်ကနိင်ခြင်းမနိင်ခြင်းကို ကျနော်စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားတာကတော့ မဟာစီးပွားပျက်ကပ် အတွက် နအဖ မှာ ဘာအစီစဉ်မှာ မရှိဘူးဖြစ်နေခြင်းဖြစ်ပါတယ်။ နပိုလီယံပြောခဲ့သလိုပဲ စစ်တပ်က အစာအိမ်နဲ့ချီတက်တာဆိုတာကို ဒီနေ့ဗိုလ်ချုပ်တွေမေ့နေပါတယ်။ နအဖ ၀န်ကြီးချုပ်သိန်းစိန်ကတော့ မြန်မာပြည်မှာအလုပ်အကိုင်တွေ အများကြီးရှိတယ်။ အလုပ်သ မားတွေပြန်လာနိင်တယ်လို့ ဆိုပါတယ်။ အလုပ်တွေပေါတာသေချာတယ်။ ဒါပေမဲ့အလုပ်ထက်ပိုပေါတာကတော့ လုပ်အားခဖြစ်နေခြင်း ဖြစ်ပါတယ်။ တနေကုန်လုပ်လို့ ထမင်းတနပ်ဖိုး မရတဲ့လုပ်ခဖြစ်နေပါတယ်။ ဒီတော့ သိန်းစိန်ပြောသလို့ အလုပ်သမားတွေပြန်လာမှာပါ။ ရိုးရိုးလာမှာတော့မဟုတ်ဘူး။ သူခေါင်းကိုရိုက်ခွဲဖို့ ပေါက်တူးတွေ၊ တူးရွင်းတွေကိုင်ပြီးပြန်လာခဲ့တော့မှာ မဝေးတော့ဘူးလို့ဆိုပါရစေ တော့။

မမြင်ရတဲ့ လှိုင်းကြီးလုံးကြီးက ပစိဖတ်သမုဒ္ဒရာကိုဖြတ်ပြီး မြန်မာပြည်ကိုဦးတည်နေပါပြီ။ ဒီလှိုင်းကြီးကြွလာမယ်။ ဒီလှိုင်းကြီးကိုပစ် မှတ်ကိုထိအောင် ကျနော်တို့ ဦးတည်ပေးရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝမဲမပေးကြနဲ့အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ ကျနော်တို့ လှုံ့ဆော်ရမှာဖြစ်ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ထွက်ပေါက်မဟုတ်။ ထွက်ပေါက်အမှန်ကတော့ စစ်အာဏာရှင်စနစ် ကိုဖြိုချပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုတဲ့ လူထုလှုပ်ရှားမှုအတွက် ကျနော်တို့ အစွမ်းကုန် ကြိုးပမ်းကြရမယ်။

မိုးသီးဇွန်
(ဒီဇင်ဘာ၊ ၂၀၀၈)
လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့ E Book မှ