Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 4 June 2009

Global Action For Burma Statement

SOSAungSanSuuKyi_TakingConcreteAction_

Global Action for Burma Statement

SOSAungSanSuuKyi_TakingConcreteAction_
အဆက်မပြတ်ထိုးစစ်ဆင်နိုင်ရေး နှင့် အပြီးသတ်ထိုးစစ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားခြင်းမှ လွှတ်ပေးရမည့်အချိန် နီးလာ သောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ဒီမိုကရေစီအင်အားစုများ၊ မြန်မာပြည်တွင် စစ်မှန်သောဒီမိုကရေစီ ထွန်းကားရေးကိုလိုလားသော မြင်တွေ့လိုသောနိုင်ငံတကာအသိုင်းအ၀ိုင်းကပါ သူမကိုလွှတ်ပေးရန်တောင်းဆိုသံများ ကျယ်လောင်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏နိုင်ငံရေးအရှိန်အ၀ါ လွန်စွာကြီးမားသည်ကို ကောင်းစွာသိသော မြန်မာစစ်အာဏာပိုင်များသည် သူမကိုလွှတ်ပေးရမည်ကို ကြောက်ရွံ့စိုးရိမ်နေသည်။ ထို့ကြောင့် သူမအား ဆက်လက်ဖမ်းချုပ်နိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်လာခဲ့သည်။

ထိုအတွက်ပေါ်လာသည့်အကြောင်းတရပ်မှာ အမေရိကန်နိုင်ငံသားတဦးကို နေအိမ်တွင်ခေတ္တခိုလှုံခွင့်ပြုခဲ့သည့် ဒေါ် အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ကန့်သတ်ချက်ကိုချိုးဖောက်သည့်အမှုဖြင့် နအဖစစ်အာဏာပိုင်များက တရားရုံးတင်စစ်ဆေးခြင်းပင်ဖြစ်သည်။

စစ်အာဏာပိုင်များက ထိုသို့ပြုလုပ်လိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် တစိုက်မတ်မတ်တောင်း ဆိုနေသူများ၏အသံ ပိုမိုကျယ်လောင်လာခဲ့သည့်အပြင် တောင်းဆိုမှုအရေအတွက်ပင် ပိုမိုများပြားလာခဲ့သည်။ တနည်း ဆိုရသော် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ဖိအားပေးမှု တိုးတက်လာခဲ့လေသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက နိုင်ငံတကာအသိုင်းအ၀ိုင်း၏ဖိအားသည် မြန်မာစစ်အာဏာပိုင်များအပေါ် ယခုလို ပြင်းပြင်းထန်ထန်ကျရောက်ခဲ့ခြင်းမျိုးမရှိခဲ့ပေ။ သို့သော်လက်ရှိအခြေအနေသည် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် ရေးမျှော်လင့်ချက်များသည် ယခင်ကထက်စာလျှင် ပိုမိုမြင့်မားလာပြီဟု တွက်ဆနိုင်ပေသည်။

ထို့ကြောင့် ယခုအချိန်တွင် ထိုကဲ့သို့သောမြင့်မားလာနေသည့်မျှော်လင့်ချက်များ လက်တွေ့ဖြစ်မြောက်လာရေးအတွက် ပြည်တွင်းပြည်ပအင်အားစုအားလုံး (မြန်မာ့ဒီမိုကရေစီအင်အားစုများရော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ) ၀ိုင်းဝန်း ကြိုးပမ်းကြရမည်ဖြစ်သည်။

သို့ဆိုလျှင် မည်သို့လုပ်ဆောင်ကြရမည်နည်း ဆိုသည့် မေးခွန်းထွက်ပေါ်လာပေသည်။

ပြည်တွင်းရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် တရားရင်ဆိုင်နေရမှုကို ဥပဒေ ရေးရာရှုထောင့်မှကြည့်ကာ ပြတ်ပြတ်သားသားလုပ်ဆောင်ကြိုးပမ်းရမည်ဖြစ်သည်။ တချိန်တည်းမှာပင် နိုင်ငံရေးပါတီဖြစ် သည့်အတွက် နိုင်ငံရေးနည်းအရလှုပ်ရှားမှုများကို ဆထက်ထမ်းပိုးဆောင်ရွက်ရန် လိုအပ်ပေသည်။ မိမိတို့ပါတီခေါင်း ဆောင်အား မတရားအကွက်ဆင်ကာ ဖမ်းဆီးထောင်ချရန်ကြိုးပမ်းမှုများမှလွတ်မြောက်လာစေရေးအတွက် တောင်းဆို လှုပ်ရှားမှုနှင့် ထိုတောင်းဆိုမှုများကို ပြည်သူလူထုက ထောက်ခံမှုပိုမိုပြုလုပ်လာရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ရမည်ဖြစ် သည်။ တနည်းဆိုလျှင် မြန်မာစစ်အာဏာပိုင်များအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖိအားစတင်ပေးလိုက်ခြင်းပင်ဖြစ် သည်။

အခြားဒီမိုကရေစီရေးအင်အားစုများနှင့် ပြည်သူလူထုတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချ ရန် စစ်အာဏာပိုင်များ၏ကြိုးပမ်းချက်များကို မကျေနပ်ကြောင်း လက်မခံကြောင်းကို ဖမ်းဆီးခြိမ်းခြောက်နှိပ်စက်ခံရမှု အနည်းဆုံးဖြင့် လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ လူထုက ထိုသို့လုပ်ဆောင်နိုင်ရေးကို နိုင်ငံရေးလှုပ်ရှားသူများက အကြမ်း မဖက်သော လူထုလှုပ်ရှားမှုအသွင်ဖြင့် နည်းလမ်းပြဦးဆောင်နိုင်ရမည်ဖြစ်သည်။ ထိုအတွက် နည်းဗျူဟာ၊ လုပ်ငန်းစဉ်၊ ငွေကြေး၊ ဆက်သွယ်ရေး စသည့် လိုအပ်ချက်များကို ပံ့ပိုးပေးရန် စီစဉ်ပေးရမည်။

ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုအသီးသီးကလည်း မိမိတို့ရောက်ရှိရာ နိုင်ငံများတွင် စစ်အာဏာပိုင်များ၏ တရားမဲ့လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရုံမက၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အလွန်အမင်းအလိုရှိကြောင်းကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှ အာဏာပိုင်များသိရှိစေရန် အင်နှင့်အားနှင့် ဆန္ဒထုတ်ဖော် ရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ရုံဖြင့် မလုံလောက်သေးပါ၊ သက်ဆိုင်ရာအစိုးရအသီးသီးသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် မြန်မာ့အနာဂတ်နိုင်ငံရေး၊ ဒေသတွင်းတည်ငြိမ်ရေး၊ ဒီမိုကရေစီရေး။ လူ့အခွင့်အရေးများ တိုးတက် လာစေရေးအတွက် မည်မျှအကျိုးသက်ရောက်မှုရှိစေသည်ကို ခိုင်ခိုင်မာမာပြောဆိုသုံးသပ်ဆွေးနွေးမှုများပြုလုပ်ကာ စည်းရုံးလှုံ့ဆော်ရန်လိုအပ်ပါသည်။ ထိုမျှမကသေး ပြည်တွင်းရှိ အင်အားစုများ၏ အကြမ်းမဖက်သောအောက်ခြေလူထု လှုပ်ရှားမှုများအတွက် လိုအပ်သော ငွေကြေး၊ နည်းလမ်းနှင့် အခြားအထောက်အကူပြုအရာများပံ့ပိုးပေးနိုင်ရေးကို စနစ် တကျလုပ်ဆောင်ရန်လိုအပ်သည်။ ယခုကဲ့သို့သောအခြေအနေအချိန်အခါမျိုးတွင် မိမိတို့အင်အားစုများအတွင်းနားလည် မှုအပြည့်အ၀ပေးကာ ဟန်ချက်ညီညီလုပ်ဆောင်နိုင်ရေးသည် အထူးအရေးကြီးသောလိုအပ်ချက်တရပ်ဖြစ်ပေသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း မိမိတို့၏နိုင်ငံရေးသြဇာအရှိန်အ၀ါ၊ သံတမန်ရေးအဆက်အသွယ်၊စီးပွားရေးလက်နက် စသည်တို့ဖြင့် မြန်မာစစ်အာဏာပိုင်များအပေါ် ဖိအားဆက်တိုက်ပေးနိုင်ရန်လည်းလိုအပ်သည်။ ထို့အပြင် မြန်မာပြည်သို့ လက်နက်မရောင်းချရေးပိတ်ပင်တားမြစ်မှုများကိုလည်း တကမ္ဘာလုံးအတိုင်းအတာဖြင့် ၀ိုင်းဝန်းလုပ်ဆောင်လာရန်ကြိုးပမ်း လှုပ်ရှားနိုင်ရေးသည် အရေးကြီးသည်။ ကြေညာချက်များထုတ်ပြန်နေရုံဖြင့် မြန်မာအာဏာပိုင်များအပေါ် ထိရောက်သော ဖိအား ကျရောက်နိုင်မည်မဟုတ်ပေ။ လက်တွေ့ကျသည့်လုပ်ရပ်များ အထူးလိုအပ်နေသောအချိန်ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသည့်ထိရောက်သောလုပ်ရပ်များကို နိုင်ငံတကာအသိုင်းက မြန်မြန်ဆန်ဆန် ဖော်ဆောင်လာရေးအတွက် ပြည်ပရောက်အင်အားစုများက အချိန်ကိုက် ၀ိုင်းဝန်းကြိုးပမ်းရမည်ဖြစ်သည်။

ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများကို ရင်ဆိုင်နေရသည့် မြန်မာစစ်အာဏာပိုင်များသည် ဒေါ်အောင် ဆန်းစုကြည်အား ဆက်လက်ဖမ်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ချိန်မှစတင်ကာ ပြည်တွင်းပြည်ပ မျက်နှာစာအသီးသီးတွင် ခံစစ် အနေအထားသို့ ရောက်ရှိသွားခဲ့ပေသည်။

၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့်အချိန်မှစတင်ကာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ဖိနှိပ်အုပ်ချုပ်နေခဲ့သည့်အတွက် မြန်မာပြည်သူလူထုမှာ အကြောက်တရားအောက်တွင် နေထိုင်နေရခဲ့ရသည်။ စစ်အာဏာရှင်များက မြန်မာပြည်တွင်းတွင် စိတ်ထင်တိုင်းချယ်လှယ်နိုင်နေပြီဟု ယူဆချက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်၊။ ထိုယူဆချက်သည် လက်တွေ့ကျ သည့်ယူဆချက်ဖြစ်သည်ကို အငြင်းပွားရန် မလိုအပ်ပေ။ သို့သော် မှန်ကန်သည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ ဒေါ်အောင် ဆန်းစုကြည်နှင့်ပတ်သက်သော တရားစီရင်ရေးတွင် ကြားနာချက်များကို အဆုံးသတ်ကာ ဇွန်လ ၅ ရက်နေ့တွင် စီရင်ချက် ချမှတ်မည်ဟု ပထမတကြိမ်ရက်ရွှေ့ခဲ့သည်။ တဖန် နောက်ထပ်သက်သေများကို ကြားနာရန်ငြင်းပယ်ခဲ့ပြီးမှ လက်ခံ သဘောတူခဲ့ခြင်းကြောင့် စီရင်ချက်သည် ဇွန်လ ၅ ရက်နေ့တွင် မဖြစ်နိုင်တော့ဆိုသည်မှာ ခိုင်မာလာခဲ့ပေပြီ။


ယူဆချက်တရပ်မှာ နိုင်ငံတကာ၏ဖိအားသည် မိမိတို့အပေါ်ကျရောက်နေမှု မလျော့ကျသေးသည့်အတွက် မြန်မာစစ် အာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်မချရဲသေးခြင်းဖြစ်သည်။ ထိုယူဆချက်အတိုင်း ဆက်လက် စဉ်းစားတွေးတောကြည့်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီးတွင် အကျပ်အတည်းပေါင်းစုံ နှင့်ရင်ဆိုင်နေရသည့်ဖိအားများကို ခံနိုင်သည့်အနေအထားတွင် မရှိ ဆိုသည်ကို တွေ့လာရပေသည်။

ထိုအခြေအနေတွင် ပြည်တွင်းပြည်ပအင်အားစုများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအတွက် လုပ်စရာနည်းလမ်းမှာ တခု တည်းပင်ရှိတော့သည်၊ မြန်မာစစ်အာဏာပိုင်များအပေါ် နယ်ပယ်အသီးသီးမှ ဖိအားများဆက်တိုက်ပေးရေးပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထောင်ချရန် အကွက်ချစီစဉ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒီမိုကရေစီ အင်အားစုများအား ထိုးစစ်ဆင်ခဲ့သော်လည်း တန်ပြန်ထိုးစစ်ကြောင့် စစ်အာဏာရှင်နအဖသည် ယခုအခါတွင် တိုက်စစ် အနေအထားမှ ခံစစ်အနေအထားကို ရောက်နေပေသည်။ ထို့ကြောင့် စစ်အာဏာရှင်နအဖအပေါ် ဖိအားဆက်တိုက်ပေး နေပါက အာဏာရှင်များ၏ခံစစ်ကျိုးပေါက်ကာ ပြိုလဲရမည့်အခြေဆိုက်လာနိုင်ပေသည်။

ထို့ကြောင့် စစ်အာဏာရှင်နအဖကို ယခုအခါ အဆက်မပြတ်ထိုးစစ်ဆင်မှုများဖြင့် အပြီးသတ်တိုက်ပွဲကို မည်သို့ဖော် ဆောင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ပြည်တွင်းအင်အားစုများ၊ ပြည်ပနိုင်ငံအသီးသီးရောက် မြန်မာ့ဒီမို ကရေစီအင်အားစုများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတို့ အလေးထားစဉ်းစားလုပ်ဆောင်ကြရန် အထူးလိုအပ်နေပြီဖြစ်ပေ သည်။

ကျော်ကျော်စိုး
(ဂျပန်)
ဇွန်လ ၅ ရက်။ ၂၀၀၉ ခုနှစ်


မီးထဲကကြာ ပေး မေတ္တာစာ


မို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။

ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။

တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။

၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။

ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။

မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီ ဟ။

မောင်လွမ်းဏီ
၂၈-၅-၀၉

Copy from http://aungthange.blogspot.com/search/label/အခြားကဗျာများ

US Urged To Engage More In Burma's Issues

Van Biak Thang
Chinland Guardian
03 June, 2009

Three representatives of the Chin National Front (CNF) met with official from the Department of State and Senior Professional Staff Members of the Senate Relations Committee in a 4-day trip to the US from 29 May to 2 June 2009.

The delegation urged the US government to take a leading role in bringing China, India and ASEAN to support the political dialogue, to keep on pressurizing for the immediate release of Aung San Suu Kyi and other political prisoners, and to provide financial assistance to Burma's democratic movements and ethnic armed resistance groups as they thanked the US government and its people for their supports in Burma' issues.

In a statement issued last week, the team led by CNF Chairman, Mr. Zing Cung, Joint General Secretary-1, Dr. Sui Khar, and Deputy Secretary of External Affairs Department, Salai Thla Hei, said: "Burma’s political crisis is the product of more than just a lack of democracy and human rights. It stems as much from the military regime’s systematic deprivation of the rights of Burma’s ethnic nationalities."

"This fundamental problem has its roots in the failure to implement the 1947 Panglong Agreement, which was the agreed basis for the establishment of the Union of Burma just before the end of British rule. Military rule, brought about by the military coups of 1962 and 1988, has only exacerbated the marginalization of Burma’s ethnic nationalities and led, in more recent years, to their systematic persecution and alienation."

The CNF strongly rejected both the new constitution and 2010 election, saying the constitution will not solve the crisis of Burma, instead will provide legitimacy to the current military dictatorship, and that the 'tripartite dialogue' is crucial to a durable peace in Burma.

The triplet also highlighted the ongoing bamboo-and-rat-related 'food crisis' that has been facing the Chin people since late 2006, making no less than 100,000 people in starvation and in need of further assistance for their survival.

After five decades of systematic human rights violations, with ever increasing conflict, growing narcotics and human trafficking and ongoing persecution of Burma’s ethnic nationalities and opposition groups, the political crisis in Burma is no longer seen just as a domestic issue, but rather as a threat to international peace and security and as a matter of serious concern for both regional states and the international community, the statement added.

The team called on the US government for increasing its efforts to bring Burma issues to the UN Security Council till legal binding resolution is passed.

The delegation also met with Chin Communities and Burmese opposition groups in Washington DC Area to discuss the current political situation and develop action plans.

The Chin National Front was formed on 20 March, 1988, dedicated to securing the self-determination and rights of the Chin people, to restoring democracy, and to establishing federal Union of Burma. CNF, actively working together with Ethnic Nationalities Council (Union of Burma) and a member of Chin National Council, is not only a member of the National Council of Union of Burma but also the National Democratic Front, which has been fighting against the military regime for 33 years. CNF is an only armed group of Chin people and represents the Chin people in international political arena.

မြန်မာပြည်စစ်အာဏာရှင် ကျဆုံးစေဖို့ သံဃာတော်များ ရွတ်ဆိုသောမြတ်စွာဘုရားရှင်၏ အမှန်ကန်ဆုံး ကမ္မ၀ါစာ ဖြစ်ပါတယ်။ သံဃာတော် အရှင်သူမြတ်များနှင့်တက်ကြွလူငယ်များ၊အား အမြန်ဆုံး ဖြန့်ဝေပေးကြပါ။ မြန်မာပြည်တွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ အမြန်ဆုံး ရောက်ရှိအောင် ပို့ဆောင်ပေးကြပါ။



ပါဠိဘာသာဖြင့် ရွတ်ဆိုသောကမ္မ၀ါစာ
သုဏာတု မေ ဘန္တေ သံဃော ။ စဏ္ဍာ ရုဒ္ဓါ ရဘသာ ၀ိဟေသကာ အဒယလုကာ မဟာစောရယောဓရာဇာနော မရမ္မရဋ္ဌေ ဘိက္ခူနံ မာရေန္တိ သံဃဉ္စ ဗန္ဓန္တိ ၀ိဟေဌေန္တိ အက္ကောသန္တိ ပရိဘာသန္တိ ၊ ယဒိ သံဃဿ ပတ္တကလ္လံ သံဃော စဏ္ဍာ ရုဒ္ဓွါနံ ရဘသာနံ ၀ိဟေသကာနံ အဒယာလုကာနံ မဟာစောရယောဓရာဇူနံ ပတ္တံ နိုက္ကုဇ္ဇေယျ ၊ အသမ္ဘောဂံ သံဃေန ကရေယျ ၊ ဧသာ ဉတ္တိ။ ။
သုဏာတု မေ ဘန္တေ သံဃော ။ စဏ္ဍာ ရုဒ္ဓါ ရဘသာ ၀ိဟေသကာ အဒယလုကာ မဟာစောရယောဓရာဇာနော မရမ္မရဋ္ဌေ ဘိက္ခူနံ မာရေန္တိ သံဃဉ္စ ဗန္ဓန္တိ ၀ိဟေဌေန္တိ အက္ကောသန္တိ ပရိဘာသန္တိ ၊ သံဃော စဏ္ဍာနံ ရုဒ္ဓွါနံ ရဘသာနံ ၀ိဟေသကာနံ အဒယာလုကာနံ မဟာစောရယောဓရာဇူနံ ပတ္တံ နိုက္ကုဇ္ဇတိ ၊ အသမ္ဘောဂံ သံဃေန ကရောတိ ၊ ယဿာ ယသ္မတော ခမတိ ၊ စဏ္ဍာနံ ရုဒ္ဓွါနံ ရဘသာနံ ၀ိဟေသကာနံ အဒယာလုကာနံ မဟာစောရယောဓရာဇူနံ ပတ္တံ နိုက္ကုဇ္ဇနာ ၊ အသမ္ဘောဂံ သံဃေန ကရဏံ ၊ သော တုဏှဿ ၊ ယဿ နက္ခမတိ ၊ သော ဘာသေယျ။ ။
နိုက္ကုဇ္ဇိတော သံဃေန ၊ ခမတိ သံဃဿ ၊ တသ္မာ တုဏှီ ဧ၀မေတံ ဓာရယာမိ ။ ။