Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 27 January 2009

NCGUB appoints three new ministers


DVB
26 Jan 2009

Jan 26, 2009 (DVB)–The exiled Members of Parliament Union of Burma has appointed three new ministers to the National Coalition Government of Burma and reappointed Sein Win as prime minister at its fourth conference in Dublin.

The new appointments on 24 January bring the number of cabinet ministers in the government in exile to seven.

Thaton MP Khun Myint Tun, Tatkon representative Win Hlaing and Tun Win of the Arakan League of Democracy will join Sein Win and current ministers Bo Hla Tint of Moegok, Dr Tint Swe from Pale and Khoo Marko Ban from Pekon.

The individual responsibilities of the new ministers have not yet been outlined.

Sein Win said the decision to expand the cabinet was based on the policy of standing firm to uphold the result of the 1990 elections, and called for inclusive activities and public movements to take place before the junta’s planned 2010 elections.

He also said that ethnic national groups and the National Council of the Union of Burma would be consulted on the NCGUB’s future activities in the upcoming strategic meeting, also to be held in Dublin.

Former minister Maung Maung Yae was appointed the new joint secretary of the MPU, alongside the organisation’s chair Khoo Teddy Buri, vice-chair San San and secretary Thein Oo.

A dispute arose between the NCGUB and the NCUB earlier this month after the latter declared on 1 January that it planned to form a new national unity government in exile.

Khun Myint Tun, secretary of the NCUB and former joint secretary of the MPU, explained that the NCUB's statement was based on the MPU's policy of expanding the NCGUB with ethnic national leaders and appropriate persons, which was set out in February 2008.

"We have been unable to implement the policy yet,” Khun Myint Tun said.

“We are going to form a negotiation committee to do it."

Senior National League for Democracy member Win Tin said he supported all efforts for democracy in Burma but warned that the establishment of a new government in exile could prove divisive.

"The new rival government divides us into two groups, so we could end up with two governments and two nations,” he said.

“If we are divided in this way, history will judge the person who started it."

ကြိုး

ကြိုး

ကိုယ့်အသားကိုယ်ဆိတ်ကြည့်နေဖို့ မလိုတော့ဘူး

တကယ်ဖြစ်နေတဲ့ အိပ်မက်ဆိုးကြီးမှန်းငါသိတယ်။


ကိုယ့်ဦးနှောက်တံခါးကိုယ်ခေါက်ကြည့်နေဖို့ မလိုတော့ဘူး

စိတ်ကူးတွေ အိပ်ပျော်ပြီး ဟောက်နေကြမှန်း ငါသိတယ်။


အီလက်ထရွန်းနစ် ကြေးမုံချပ်တွေပေါ်က

မြင်နေကျ မြစ်ကြီးကို

အလျားလိုက် ဖတ်နေဖို့ လည်းမလိုတော့ဘူး။

မုဆိုးဆိုတာ ရက်စက်တတ်မှန်း နဂိုကတည်းက ငါသိတယ်။


လူဆိုတဲ့ စက်တွေကို နှိုးဖို့ 

စိတ်ကြွဆေးအတင်း ထိုးမပေးချင်တော့ဘူး။

ယဉ်ပါးသွားတဲ့ ရောဂါဟာ

ထိုးနေကျ ဆေးတွေ မတိုးတော့မှန်းနဲ့ 

ကိုယ့်ကိုယ်ကို ထည့်မပေးနိုင်တဲ့ လောင်စာဟာ

ကောက်ရိုးထက်တောင်ညံ့မှန်း ငါသိတယ်။


ငါ့လက်ချောင်းတွေကိုကွေး

မျက်ရည်ကိတ်(ခ်)တွေကိုတော့ ဆက်ကျွေးနေဦးမယ်။

ငါဧည့်ခံထားတဲ့ သစ်သီးတွေကို ဘယ်မျက်လုံးတွေများ လာခူးမလဲ။

ကဆုန်စိုင်းလာတဲ့ မုန်တိုင်းတစ်ရာကို ကြံ့ ကြံ့ခံဖို့

အမှောင်ရက်ကြီးစိုးတဲ့

ခုလိုတောင်တက် ခရီးမျိုးမှာ

တစ်ယောက်စိတ်နဲ့ တစ်ယောက်စိတ်

ကြိုးတွေနဲ့ မြဲမြဲ ချိတ်ထားဖို့ လိုတယ်။


ကဗျာ - ကောင်းကင်ကို

ရိုဟင်ဂျာကိစ္စ မြန်မာ ကူညီမည်

ရိုဟင်ဂျာ ပြဿနာများကို ဖြေရှင်းရန် အတွက် မြန်မာ စစ်အစိုးရက ထိုင်းအစိုးရကို အကူအညီ ပေးလိမ့်မည် ဖြစ်ကြောင်း ထိုင်းဘုရင့် တပ်မတော် စစ်သေနာပတိချုပ် Songkitt Jaggabatara က ယနေ့ ပြောကြား လိုက်သည်။

မြန်မာစစ်သားများ လက်ချက်ဖြင့် ဒဏ်ရာရလာသော ရိုဟင်ဂျာများကို ထိုင်းသူနာပြုများက ကုသပေးနေစဉ် (ဓာတ်ပုံ - အေပီ)

ထိုင်း စစ်သေနာ ပတိချုပ်သည် မြန်မာစစ်အစိုးရ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဖိတ်ကြားချက်အရ ၂၆ ရက်နေ့က နေပြည်တော်သို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ရိုဟင်ဂျာ ကိစ္စများကို ဖြေရှင်းရာတွင် မြန်မာ စစ်အစိုးရက ပါဝင်ကူညီမည်ဟု အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနှင့် ရိုဟင်ဂျာများမှာ တရားဝင် မြန်မာတိုင်းရင်းသား မျိုးနွယ်စု ၁၂၀ အတွင်း မပါဝင်သည့် တိုင်အောင် ယင်းကိစ္စရပ်ကို ဖြေရှင်းရာတွင် ပါဝင်ကူညီသွားမည် ဖြစ်ကြောင်း ထိုင်း စစ်သေနာပတိချုပ် က TNA သတင်းဌာနသို့ ပြောသည်။

မြန်မာပြည်မှ လှေဖြင့် ထွက်လာကာ ထိုင်းနိုင်ငံ တောင်ပိုင်း ကမ်းခြေများသို့ အဆက်မပြတ် ဝင်ရောက်နေသည့် ရိုဟင်ဂျာများ၏ ပြဿနာကို မြန်မာ စစ်အစိုးရ အနေနှင့် ရေရှည်အတွက် မည်သို့ မည်ပုံကူညီ ဖြေရှင်းပေးမည် ဆိုသည်ကိုမူ ထိုင်းစစ်သေနာပတိက ပြောကြားခြင်း မရှိပေ။

မြန်မာနှင့် ထိုင်းနိုင်ငံနယ်စပ် ဒေသများတွင် ရွှေ့ပြောင်း အခြေချသူများ များပြားနေသည်မှာ ထူးခြားထင်ရှားသည့် ဖြစ်ရပ်မဟုတ်ဘဲ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တခုသာ ဖြစ်ကြောင်း နှစ်နိုင်ငံ စစ်ဗိုလ်ချုပ်များက လက်ခံ ကြသည်။

ထိုပြဿနာကို နှစ်နိုင်ငံ ဒေသအာဏာပိုင်တို့ ညှိနှိုင်း ဖြေရှင်းလိုက်လျှင် ပြေလည် သွားမည်ဟုလည်း ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ထိုင်း စစ်သေနာပတိ နှစ်ဦးစလုံး ယုံကြည်နေကြကြောင်း TNA တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းသို့ နောက်ဆုံး ရောက်လာသည့် လှေပေါ်၌ ရိုဟင်ဂျာ ၇၈ ယောက်ပါလာပြီး ၎င်းတို့ကို ထိုင်းရေတပ်က ထိန်းသိမ်းထားသည်။ ထိုအထဲမှ အများစုတွင် အရှိုးရာများ၊ မီးလောင် ဒဏ်ရာများနှင့် တခြား ဒဏ်ရာဒဏ်ချက်များ တွေ့ရပြီး မြန်မာစစ်သားတို့၏ လက်ချက်ကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ဟု ရုပ်မြင်သံကြား သတင်းများတွင် ဖော်ပြထားသည်။

မြန်မာ စစ်သားများက ၎င်းလှေကို ပင်လယ်ထဲ မောင်းထုတ်ရုံမျှမက ပါလာသည့် ရိုဟင်ဂျာတို့ကို ရိုက်နှက်ခြင်း အရည်ပြားများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းစာမျက်နှာက ရိုဟင်ဂျာတို့၏ ပြောပြချက်များကို ကိုးကား ရေးသားထားသည်။

ယခုအခါ ဒဏ်ရာ ဒဏ်ချက်များ ရရှိထားသော ရိုဟင်ဂျာများကို ထိုင်းအာဏာပိုင်များက ပင်လယ်ထဲ ပြန်မလွှတ်သေးဘဲ ဆေးမှူးများနှင့် ကုသပေးလျှက် ရှိသည်ဟု သိရသည်။

ရိုဟင်ဂျာများမှာ မြန်မာပြည်က ထွက်ခွာလာခဲ့သူများ ဖြစ်သော်လည်း မြန်မာစစ်အစိုးရက ၎င်းတို့ကို တိုင်းရင်းသားများအဖြစ် အသိအမှတ် မပြုချေ။

မြောက်မြား လှစွာသော ရိုဟင်ဂျာများသည် မြန်မာပြည် ရခိုင်ကမ်းရိုးတမ်း ဒေသမှတဆင့် နှစ်စဉ် လှေများဖြင့် တခြားဒေသများသို့ အလုပ်အကိုင် ရှာဖွေရန် ထွက်လာကြမြဲ ဖြစ်သည်။

ယခုအခါ ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသများသို့ ရိုဟင်ဂျာများ ဝင်ရောက်လာမှုမှာ တဖြည်းဖြည်း မြင့်တက်လျှက်ရှိပြီး ထိုင်းဝန်ကြီးချုပ်ကလည်း ရွှေ့ပြောင်း နေထိုင်သူများကို နှိမ်နင်းတော့မည်ဟု မကြာသေးမီက ကြေညာခဲ့သည်။

ယခုလက်ရှိ အနေအထားအရ ထိုင်းရေတပ်သည် ရိုဟင်ဂျာ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ပြစ်တင် ဝေဖန်မှုများကို ပြင်းထန်စွာ ခံနေရသည်။

ဒီချုပ်တွင် ဟောပြောပွဲလုပ်

ကိုဝိုင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် ရုံးချုပ်တွင် နှစ်ပတ်တကြိမ် လူငယ်ဟောပြောပွဲ တခုကို ယနေ့မွန်းလွဲက ပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွှန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးသိန်းညွန့်က "မြန်မာနိုင်ငံ ဥပဒေနှင့် လက်တွေ့ ပြဿနာများ" ဆိုသည့် ခေါင်းစဉ်နှင့်
ရှေ့နေ ဦးသိန်းညွန့် ဦးဆောင်ဟောပြော ဆွေးနွေးနေစဉ်

ဦးသိန်းညွန့် ဦးဆောင်ဟောပြော ဆွေးနွေးနေစဉ်

သွားခဲ့သည်။

ရှေ့နေ ဦးသိန်းညွန့်က အန်အယ်ဒီ၏ မဟာဗျူဟာဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး။ နည်းဗျူဟာများဖြစ်သည့် တရားဥပဒေဘောင်အတွင်းမှ ပါဝင်ရေး၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရေး အပေါ်အခြေခံ၍ ဥပဒေအကြောင်းအရာများ ပါဝင်ကြောင်း ဟောပြောပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်က "အန်အယ်ဒီက တလျှောက်လုံး နိုင်ငံရေး ပြဿနာတွေကို ဥပဒေကြောင်းအရ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းခဲ့ပါတယ်။ အခုလည်း လုပ်နေတယ်ပေါ့ဗျာ။ အဲဒါကို ဥပဒေလမ်းကြောင်းတွေ အတွေ့အကြုံတွေနဲ့ ရှင်းပြသွားတာပေါ့ဗျာ" ဟု ပြောသည်။

မေးဖြေကဏ္ဍတွင် တောင်အာဖရိကနိုင်ငံတွင် ပြုလုပ်ခဲ့သော အသားရောင် ခွဲခြားအုပ်ချုပ်ခဲ့သော လူဖြူအစိုးရကို ဖြုတ်ချခဲ့သူများက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြုလုပ်ခဲ့သည့် Truth Commission အကြောင်းလည်း ပါရှိသည်။ ၀န်ခံမှုပြုလျှင် အပြစ်ကျူးလွန်ခဲ့သူများကို ခွင့်လွှတ်သည့် အစီအစဉ် ဖြစ်သည်။

ဟောပြောပွဲကို အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝင်းတင်၊ ဦးညွန့်ဝေ၊ သခင်စိုးမြင့်၊ ဦးခင်မောင်ဆွေတို့ အပါအ၀င်၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၅၀) ကျော် တက်ရောက်ခဲ့သည်။

ယနေ့ ဟောပြောပွဲသည် ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေး အဖွဲ့နှင့် မြို့နယ်လူငယ်များ ပူးပေါင်းဆောင်ရွက်သည့် လူငယ်ပညာပေးရေး အစီအစဉ်အရ ကျင်းပခြင်း ဖြစ်သည်။

မြန်မာပြည်တွင်း ပထမဆုံး နိုင်ငံရေးဂျာနယ် ထွက်မည်ဟုဆို

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဆင်ဆာဖြတ်တောက်မှုဆိုးရွားလှသည့် မြန်မာပြည်တွင် နိုင်ငံရေးအကြောင်းအရာများ ဖော်ပြမည်ဆိုသော ဂျာနယ်တခုကို လာမည့် ကြာသာပတေးနေ့တွင် ထုတ်ဝေသွားမည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအမှီ နိုင်ငံရေးအမြင်၊ သုံးသပ်ချက်နှင့် ဆောင်းပါးများ အဓိက ဖော်ပြမည်ဆိုသော Northern Star ဥတ္တရအလင်းဂျာနယ်ကို စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာ ဒုတိယအယ်ဒီတာချုပ်ဟောင်း ဦးသီဟအောင်က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမှာဖြစ်သည်။

"မြန်မာနိုင်ငံ ဒီမိုကရေစီကို သွားနေတယ်လေ။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလမှာ သတင်းစာဆရာ၊ စာရေး ဆရာတွေ ရေးသားခဲ့တဲ့ အမှတ်ရစရာလေးတွေ၊ တိုင်းပြည်အတွက် အကျိုးရှိမဲ့ဟာတွေ ပြန်ရီဗျူးလုပ်ပြီးတော့၊ နောက်ပိုင်း ပါတီတွေ ဖွဲ့တော့မယ်။ စည်းရုံးရေးတွေ လုပ်တော့မယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်။ အတိတ်ကို နည်းနည်းပြန်တည်ပြီး လမ်းမှန်ပေါ့နော်။ အန်ကယ်တို့ မြင်တဲ့ ပုံစံအတိုင်း သွားသင့်တယ်ဆိုတဲ့ အယူအဆနဲ့ ထုတ်ဝေမှာပါ"ဟု ဦးသီဟအောင်က ပြောသည်။

"၈၈ကနေ ၂၀၀၈ထိ နှစ်ပေါင်း ၂၀ထိ ဖြတ်သန်းခဲ့ရပြီလေ။ တိုင်းပြည်တွင်းမှာ ပြည်သူတွေက သိတာလည်း ရှိတယ်၊ မသိတာတွေလည်း ရှိတယ်။ တချို့က သိပေမယ့် မေ့သွားတာတွေရှိတယ်။ သမိုင်းထဲမှာ မှတ်တိုင်တွေ ဆိုတာ ရှိတယ်လေ။ အဲဒီအရေးကြီးတဲ့ ကာလတွေကို ပြည်သူလူထုက ပြန်လည် သိရှိ၊ မှတ်မိပြီးတော့ ခုဖြစ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို ပေါင်းစပ်ပြီးတော့ လေ့လာသုံးသပ်နိုင်အောင် တင်ပြမှာပါ"ဟု သူက ဆက်ပြောသည်။

ပထမဆုံးထွက်ရှိမည့် စာစောင်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် စာနယ်ဇင်းသမားများ၏ အခန်းဏ္ဍ၊ မောင်ဝံသ၊ မောင်စူးစမ်း၊ ကျော်ဝင်းတို့၏ ဆောင်းပါးများ ပါဝင်မည်ဟု သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ အခုအများအားဖြင့် အန်ကယ်တို့မှာ အားနည်းနေတာက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာ အပြည့်အ၀ ပေးတဲ့ ဂျာနယ်မရှိဘူး။ ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ကြတာလေ။ ၂၀၀၉- ၂၀၁၀က ဒီအချိန်မှာ နိုင်ငံရေးနှင့် ပတ်သက်တဲ့ အသိပညာ၊ အတွေ့အကြုံတွေ၊ အယူအဆတွေ ချပြဖို့ ဆိုတာ နည်းနည်းနဲ့ ချပြဖို့ ဆိုတာ မလွယ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တာ တော်များများပါပြီးတော့ ပြည်သူလူထု စဉ်းစားလာနိုင်အောင် သမာသမတ် ကျကျနဲ့ ချပြမယ်။ တိုင်းပြည်ကောင်းစေချင်လို့ပါပဲ။ ဒီတခုပါပဲ"ဟု ဦးသီဟအောင်က ပြောသည်။

သို့သော် စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်အစိုးရ၏ ဆင်ဆာဘုတ်အောက်မှာ ပေးဖြတ်ခွင့် မရှိသလောက် နည်းပါးလှသော နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည့်နှင့် သူမ၏ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့် ခေါင်းဆောင်အများအပြား ထောင်ကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားများအကြောင်းကိုမူ အကြောင်းတစုံတရာ တိုက်ဆိုင်မှသာလျှင် ရေးသားဖော်ပြဖြစ်ပါလိမ့်မည်ဟု သူက ပြောသည်။

ဦးသီဟအောင်သည် ဗိုလ်မှူးအဖြစ် ၁၉၇၂ခုနှစ်မှ ၁၉၉၁ခုနှစ် တပ်မတော် တာဝန်ထမ်းဆာင်ခဲ့သူဖြစ်သည်။ ထို့နောက် ပြန်ကြားရေးဌာနသို့ ပြောင်းရွှေ့ကာ မြန်မာ့အလင်းတွင် ဒုတိယ အယ်ဒီတာချုပ်မှ ညွန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာ ရာထူး တာဝန်များယူခဲ့ပြီး ၂၀၀၇ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

သတင်းစာဆရာဘ၀မှ နိုင်ငံရေးထဲ ၀င်ရောက်လာခဲ့ပြီး ဆိုးရွားလှသော စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် နှစ် ၂၀ ခန့်နေခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူက "ကောင်းပါတယ်၊ ခုလို ထုတ်ဝေမယ်ဆိုရင် ဘာပဲ ထုတ်ထုတ်၊ အမှန်တရားကို အခြေခံထားဖို့ ရေးသားကြဖို့ သတင်းစာ ကျင့်ဝတ် သိက္ခာနဲ့အညီ တည်းဖြတ်ဖို၊့ ဖော်ပြဖို့ပါပဲ။" က မဇ္ဈိမသို့ ပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ ၂၀၀၈ခုနှစ် အောက်တိုဘာလတွင်း ဂျာနယ် ၆စောင်နှင့် မင်္ဂဇင်း ၆စောင်တို့အား ထုတ်ဝေခွင့် ချပေးခဲ့သည်။ ထုတ်ဝေခွင့်မှတ်ပုံတင်ထားသည့် အပတ်စဉ် ဂျာနယ်သည် အနည်းဆုံး ၁၃၀ ထက်ရှိသည်။

ပြည်တွင်း အယ်ဒီတာတဦးကမူ ဆင်ဆာဖြတ်တောက်မှု ပိုမိုဆိုးရွားလာသော လက်ရှိအခြေအနေတွင် နိုင်ငံရေးအကြောင်းဆိုလျှင် ပြည်ပနိုင်ငံရေးသာ ပိုမိုရေးခွင့်ရပြီး ပြည်တွင်းနိုင်ငံရေးအတွက်မူ အကန့်အသတ်များလွန်းလှ၍ သိပ်မျှော်လင့်မထားဟု ဆိုသည်။

စာမျက်နှာပေါင်း၂၀ ရှိ Northern Star ဂျာနယ်အား ယခုတပတ် ကြာသာပတေးနေ့တွင် စောင်ရေ ၃ထောင် အနည်းဆုံး ဖြန့်ချီမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် တစောင်လျှင် ၃၀၀ကျပ်ဖြင့် စတင် ရောင်းချမည်ဟု သိရသည်။