Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 23 November 2010

ပြည်သူတွေ လုပ်ရဲကိုင်ရဲ ရှိလာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2010-11-23
ပြည်သူတွေဟာ အရင်က နဲ့မတူဘဲ နိုင်ငံရေး ကိစ္စတွေမှာ လုပ်ရဲကိုင်ရဲ ရှိလာတယ်လို့ RFA နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပါတီ ရပ်တည်ခွင့် တရားဝင်လာအောင် ဆက်လက် ကြိုးပမ်းသွားမယ့် အကြောင်း၊ ပြည်သူ အများရဲ့ ထောက်ခံမှု ရလာအောင် ဆက်လက် ကြိုးပမ်းရမှာ ဖြစ်သလို တဖက်မှာ အရင် နေအိမ် အကျယ်ချုပ် လွတ်မြောက်စဉ် တွေတုန်းကလို မတူဘဲ လူငယ်တွေ အများကြီး နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်တရက် နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်း ပြောဆိုနေစဉ်။ ဓါတ်ပုံ - RFA

NLD ပါတီ ဆက်လက် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး ပါတီ အထွေထွေ အတွင်းရေးမှူးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို တရားစွဲဆို အမှုဖွင့်ခဲ့ရာမှာ အမူကို ဗဟို တရားရုံးချုပ်က လက်ခံကြားနာခဲ့ပေမဲ့ ဆက်လက် ကြားနာဖို့ကို မနေ့က ပယ်ချခဲ့ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် NLD ပါတီ ဘယ်လို ဆက်လက် ရပ်တည်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို RFA ၀ိုင်းတော်သား ဦးတင်အောင်ခိုင် ဘန်ကောက်မြိုံ့ကနေ ဒီကနေ့ ညနေပိုင်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်ကို အပြည့်အစုံ နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/interview_with%20assk-11232010120647.html

နိုင်ငံစီးပွားရေး နဲ့ အိုဘားမား ရဲ့ ကကြမ္မာ

လွန်ခဲ့သောနှစ် နှစ်က ဘားရပ်အိုဘားမား အမေရိကန်သမ္မတ ဖြစ်လာစဉ်တွင် ကမ္ဘာတစ်ဝန်းမှ ပြည်သူအများအပြားအပါအဝင် အမေရိကန် ပြည်သူအများစုက စိတ်အားထက် သန်စွာ အားပေးခဲ့ကြသည့် ပထမဆုံးလူမည်း အမေရိကန်သမ္မတတစ်ဦးဖြစ်သည်။ အိုဘားမား သည် နိုင်ငံ၏ပြည်တွင်းရေးပြဿနာများကို ဖြေ ရှင်းပေးပြီး နိုင်ငံတကာတွင်လည်း အမေရိကန်၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်ပေးလိမ့်မည်ဟု မျှော် လင့်ခဲ့ကြသည်။ သို့သော် သမ္မတသက်တမ်း ၂နှစ်ပြည့်ခါနီးအချိန်တွင်ပင် အိုဘားမားအပေါ် လူထုထောက်ခံမှုသည် အနိမ့်ဆုံးအမှတ်သို့ တောက်လျှောက်ကျဆင်းလျက် ရှိသည်။ အို ဘားမားဘာကြောင့် ယခုကဲ့သို့ လူထု၏ ဆန့် ကျင်မှုမျိုးနှင့် ရင်ဆိုင်ရတာလဲဟူသော အချက် သည် စိတ်ဝင်စားဖွယ်ကောင်းလှ၏။ သူ့ကိုအပြစ် တင်နေကျသော ပြည်သူများမှာ စီးပွားရေးနှေး ကွေးလေးလံနေမှုကို ထောက်ပြကြ၏။ အလုပ် လက်မဲ့နှုန်းမြင့်မားနေမှုကို အပြစ်တင်ကြ၏။

သို့သော်စီးပွားရေးသည် နှစ် ၈ဝအတွင်း အဆိုး ဝါးဆုံး ဘဏ္ဍာရေးအကျပ်အတည်းမှ ရုန်းထွက် လာခါစဖြစ်သည်။ စရိတ်စကကြီးမားသော စစ်ပွဲကြီးနှစ်ခုကိုလည်း အမွေဆက်ခံခဲ့ရသေးသည် ထို့ပြင် အမေရိကန်၏ နိုင်ငံရေးစနစ်ဖွဲ့စည်းပုံအ ရ ကြီးကြီးမားမားအပြောင်းအလဲလုပ်ရန် အ ချိန်ကြာမြင့်တတ်သည်။ ထိုသို့သော အခြေအ နေအောက်တွင် သမ္မတအိုဘားမားအနေဖြင့် မျက်လှည့်ပြသလို ပြောင်းလဲတိုးတက်မှုမျိုးကို ပြုလုပ်ဖန်တီးနိုင်ပါမည်နည်း။

သူ့ကိုထိုကဲ့သို့ မျှော်လင့်ခဲ့သည်ဆိုလျှင် မျှော်လင့်ခဲ့သည်မဲဆန္ဒ ရှင်များ၏ အားနည်းချက်သာ ဖြစ်လိမ့်မည်။ သမ္မတအိုဘားမားက မဲဆွယ်စည်းရုံးစဉ်တွင် အလွယ်ကတိများ ပေးခဲ့သည်ကြောင့်လည်း ဖြစ်နိုင်သည်။ အိုဘားမားက အမေရိကန် စီး ပွားရေးတစ်ခုလုံးနှင့်ဆိုင်နေရသော ပြဿနာ၏ အတိမ်အနက်ကို လျော့တွက်ခဲ့ဟန်တူသည်။ ဒါမှမဟုတ်အကောင်းမြင်လွန်းသွားလို့လဲ ဖြစ်နိုင် သည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကာလ တွင် ပေးခဲ့သော စကားများအကောင်အထည် မဖော်နိုင်သည့်အတွက် ပြည်သူများကစိတ်ပျက် နေကြခြင်း ဖြစ်နိုင်သည်။
အလယ်အလတ်လမ်းစဉ်သမား
အိုဘားမားကို ဝေဖန်ကြသည့်သူများမှာ ဘက်ပေါင်းစုံကဖြစ်သည်။ လက်ဝဲကလည်း ဝေဖန်သည်။ လက်ယာသမားများကလည်း ဝေဖန်သည်။ Economist သတင်းစာအပါအဝင် အလယ်အလတ်သဘောထားရှိသူများကလည်း ဝေဖန်ကြသည်။ တကယ်တော့ အိုဘားမားသည် သမ္မတမဖြစ်မီကတည်းကပင် ပါတီကြီးနှစ်ခုညီ ညွတ်ကြရန် တောင်းဆိုခဲ့သူဖြစ်သည်။ သမ္မတ ဟောင်းဂျော့ဘု(ရှ်)၏ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်(စ်)ကိုပင် ဆက်လက်၍ ကာ ကွယ်ရေးဝန်ကြီးနေရာကိုပေးခဲ့သည်။ ဒီမိုက ရက်တစ်ပါတီအတွင်း စည်းလုံးမှုရှိစေရန်အတွက် လည်း ပြိုင်ဘက်ဟောင်းဖြစ်သူ ဟီလာရီက လင်တန်ကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေး အပ်ခဲ့သည်။ စီးပွားရေးနှိုးဆွအစီအစဉ်တွင်လည်း ရီပတ်ပလင်ကန်များ ထောက်ခံကြစေရန် အခွန် ဖြတ်တောက်မှု (Tax cut) ကြီးမားစွာထည့်သွင်း ပေးခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှု အစီအ စဉ်တွင်လည်း အာမခံကုမ္ပဏီကြီးများ၊ သမဂ္ဂ များ၊ ပါတီနှစ်ခုစလုံးမှ အမတ်များထောက်ခံမှု ရရှိစေရန် သတိထားရေးဆွဲခဲ့သည်။ သို့သော် အိုဘားမား၏ပြဿနာမှာ ထိုကဲ့သို့ အလယ်အ လတ်ကျသော ပေါ်လစီများကို ကျင့်သုံးနေမှုပင် ဖြစ်သည်။ လက်ဝဲလက်သမားများက သူ့ကို သတ္တိမရှိသောညှိနှိုင်းရေးသမားဟုစွပ်စွဲကြသည်။

သတ္တိမရှိသောညှိနှိုင်းရေးသမားဟုစွပ်စွဲကြသည်။ ကြီးကျယ်သော အပြောင်းအလဲများပြုလုပ်ရန် မဲပေးလိုက်သော ပြည်သူကို သစ္စာဖောက်ခြင်း ဖြစ်သည်ဟု သူတို့ကယူဆကြသည်။

http://ecovisionjournal.com/coverstory/images/coverstory-171-02.jpg

လက်ယာ သမားများကတော့ အစိုးရအရွယ်အစားကို ကြီးမားအောင်လုပ်ပြီး အခွန်ထမ်းပြည်သူတွေ၏ ဘဏ္ဍာငွေများကို ဖြုန်းတီးပစ်နေသည်ဟု ပြော ဆိုကြသည်။ အစိုးရ ဗျူရိုကရေစီယန္တရားကြီး မားလာပြီး ငွေတွေ တလွဲသုံးပစ်နေသည်ဟု ယူဆကြသည်။ သဘောထားပျော့ပြောင်းသည် မဲဆန္ဒရှင်မျာကပင် အိုဘားမားသည် သမ္မတတစ် ယောက်နေဖြင့် ကျွမ်းကျင်မှုမရှိဘဲ မဲဆွယ်စည်း ရုံးရေးတွင်သာ ကျွမ်းကျင်မှုရှိသည်ဟု ထင်မြင် လာကြသည်။ မဲဆွယ်စည်းရုံးရာတွင်တော့ အိုဘားမားသည် ပါရမီရှင်တစ်ဦးဖြစ်သည်ကို ငြင်းစရာမရှိပေ။ လူထုထောက်ခံမှုကျဆင်းနေ သည့် ယခုအချိန်တွင်ပင် အိုဘားမားမဲဆွယ်စည်း ရုံးသည့် ဟောပြောပွဲများတွင် လူများကြိတ် ကြိတ်တိုးစည်ကားလျက်ရှိသည်။ အိုဘားမား သည် သူ၏လူကြိုက်များမှု ရာခိုင်နှုန်းကိုထိန်း သိမ်းရန်အတွက်အလယ်အလတ်လမ်းစဉ်ကို လိုက်ခါမှပင် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဝေဖန်မှုကို ခံစားနေရသည်။
အိုဘားမား၏နိုင်ငံခြားရေးရာပေါ်လစီ
ယခုလွှတ်တော်ရွေးကောက်ပွဲတွင် နိုင်ငံ ခြားရေးမူဝါဒများက အဓိက မကျဘဲစီးပွားရေး ကသာ မဲဆန္ဒရှင်တို့၏ ဆန္ဒကို ဆွဲဆောင်နေဟန် တူသည်။ လွှတ်တော်အမတ်များက အီရတ်နှင့် အာဖဂန်အကြောင်း ဘယ်သူမှ မပြေကြ၊ တရုတ်နှင့်ကုန်သွယ်ရေးပြဿနာသည်ပင် နိုင်ငံ ရေးထက်စီးပွားရေး သဘောကို ပို၍အာရုံစိုက် ကြသည်။. အကောက်ခွန်များတိုးသင့်မတိုးသင့် သည်အရေးကြီး ပြဿနာဖြစ်နေသည်။

http://ecovisionjournal.com/coverstory/images/coverstory-171-03.jpg

အိုဘားမား၏ နိုင်ငံခြားရေးပေါ်လစီမှာ မတင်းလွန်းမပျော့လွန်းသော ပုံစံသာဖြစ်သည်။ အီရန်၊ မြောက်ကိုရီးယားတို့ကို စီးပွားရေးပိတ် ဆို့မှုအသစ်များ တိုးမြှင့်ချမှတ်သည်။ သို့သော် ထိထိရောက်ရောက်ကြီး ပြုလုပ်ခြင်းတော့ မဟုတ်။ အာဖဂန်သို့ စစ်တပ်များစေလွှတ်ရန် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။ ရီပတ် ပလင်ကန်များက အပြင်းအထန် ဝေဖန်လာ သည့်အခါမှ စစ်တပ်များ ထပ်မံလွှတ်ခဲ့သည် သို့သော် ထိုသို့စေလွှတ်မှုက သူ၏ဒီမိုကရက် တစ်ပါတီဝင်အချို့နှင့် နိုဗယ်ကော်မတီဝင်တို့ ကို စိတ်ပျက်စေခဲ့သည်။

နိုဗယ်ဆုပေးသည့် ကော်မတီမှာ စစ်တပ်များစေလွှတ်သင့်မသင့် အိုဘားမားစဉ်းစားနေချိန်တွင် ငြိမ်းချမ်းရေး နို ဗယ်ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အိုဘားမားအနေဖြင့် ထိုဆုကြောင့် စစ်တပ်များအာဖဂန်နစ္စတန်သို့ထပ်မပို့ရန် မျှော်လင့်ခဲ့ပုံရသည်။ အိုဘားမား သည် ပြည်တွင်းရေးနှင့်နိုင်ငံတကာရေးရာပြဿ နာများကို ဖြေရှင်းရာတွင် အဓိကပေါ်လစီမျှကို သာ ဆုံးဖြတ်ချက်ပေးပြီး အသေးစိတ်အချက် များကို သူ့ ဒီမိုကရက်တစ်ပါတီဝင်များကို လွှဲအပ်ပေးခဲ့သည်။ ဒေါ်လာ ၇၈၇ ဘီလီယံ (သန်းပေါင်း ၇၈၇ဝဝဝဒေါ်လာ)တန်စီးပွားရေးနိုး ဆွ အစီအစဉ်အသေးစိတ်ကို အိုဘားမားက သူ၏လွှတ်တော်အမတ်များကို လွှဲအပ်ပေးခဲ့ သည်။

သူ၏ ရွေးကောက်ပွဲကာလ အရေးကြီး ကတိတစ်ခုဖြစ်သောကျန်းမာရေးစောင့်ရှောက် မှုအစီအစဉ်ကိုလည်း ဒီမိုကရက်တစ်ခေါင်း ဆောင်များက စိတ်ကြိုက်ရေးဆွဲခဲ့ကြသည်။ အ ကယ်၍ အိုဘားမားသာ ထိုအစီအစဉ်များကို အသေးစိတ်ထိန်းချုပ်လမ်းကြောင်းပေးနိုင်ခဲ့လျှင် လူထုထောက်ခံမှု ယခုလောက်ကျဆင်းလိမ့်မည် မဟုတ်ချေ။ ယခုတော့ အိုဘားမား၏ စီးပွားရေး နိုးဆွအစီအစဉ်မှ ဒေါ်လာသန်းပေါင်းများစွား သည် ဒီမိုကရက်တစ်ပါတီ၏ အမာခံ Lobby သဘဘပ အဖွဲ့များဖြစ်သော သမဂ္ဂများ စိတ်ကြိုက်တွေ့မည့်လမ်းကြောင်းထဲသို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့်ကိန်း(စ်)ဘောဂဗေဒသဘောအရ စီးပွားရေးကျဆင်းမှု(Recession) ကိုတုန့်ပြန်ဖြေ ရှင်းသည် စီးပွားရေးနိုးဆွအစီအစဉ်မှာ သဘော တရားရေးအရ လုံးဝမှန်ကန်သော်လည်း ဖြစ်သင့် သလောက် မထိရောက်ခဲ့ဟု ပြောနိုင်ပေသည်။ ထို့ကြောင့်ပင် အလုပ်လက်မဲ့ရာခိုင်နှုန်းမှာ ၁ဝရာခိုင်နှုန်းနီးပါးတွင် ရပ်တန့်နေပြီး ကျဆင်း သွားခြင်း မရှိဘဲဖြစ်နေသည်။

အိုဘားမားမှာ သူ၏ စီးပွားရေးနိုးအစီအ စဉ်သည် အလုပ်အကိုင်ပေါင်း သုံးသန်းခန့်ဖန် တီးပေးနိုင်လိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ခဲ့ဖူးရာ လက်တွေ့ဖြစ်ရပ်နှင့် ကွာဟနေသည်။ အမေရိကန်စီးပွားရေးမှာ ၂ဝ၁ဝပြည့်နှစ်တွင် ပြန်လည်မြင့်တက်လာပြီးဖြစ်သော်လည်း အိမ်ခြံ မြေဈေးနှုန်းများမှာ ဆက်လက်ကျဆင်းနေပြီး ဘဏ်များကလည်း အလွယ်တကူငွေချေးငှား ခြင်း မပြုလုပ်ကြသေးချေ။


အီလီနွိုက်ပြည်နယ်မှ လူငယ်နိုင်ငံရေးသမား
ယခုလွှတ်တော်ရွေးကောက်ပွဲတွင် ဒီမိုက ရက်တစ်ပါတီတို့ရှုံးနိမ့်ခဲ့သော်လည်း အိုဘားမား ကတော့ နောက်ထပ်နှစ်နှစ်ဆက်လက်၍ သမ္မတဖြစ်နေဦးမည်ဖြစ်သည်။ အချို့က ဆိုလျှင် ၂ .၁၂ရွေးကောက်ပွဲ၌တွင်ပင် အိုဘားမားပြန် လည်အရွေးခံရဖွယ်ရှိသည်ဟုပင် ယူဆကြသည် အဘယ်ကြောင့်ဆိုသော် အိုဘားမားမှာ လူကြိုက် များမှုကျဆင်းနေသော်လည်းပြိုင်ဘက် ရီပတ်ပ လင်ကန်မှာလည်း အစားထိုးစရာနည်းလမ်း ကောင်းမရှိချေ။ ထို့ပြင်ရီပတ်ပလင်ကန်ပါတီမှာ ကာကွယ်ရေးနှင့်လုံခြုံရေးကို ပို၍အလေးထား သော စစ်တိုက်ခိုက်ရန် ပို၍စိတ်အားထက်သန် သောပါတီဟု ပြည်သူများက ယူဆထားရာ ယခုအချိန်တွင် စီးပွားရေးသာ အဓိကဖြစ်ရာ ရီပတ်ပလင်ကန်သမ္မတတစ်ယောက်ပေါ်လာရန် မလွယ်သေးဟု ပညာရှင်များက ယူဆကြသည်။

သမ္မတအိုဘားမားကို ကံကောင်းသော နိုင်ငံရေးသမားဟု အချို့ကသတ်မှတ်ကြသည်။ အီလီနွိုက်ပြည်နယ်မှ မထင်မရှားလူငယ်နိုင်ငံ ရေးသမားတစ်ဦး၊ ၂ဝဝ၅ခုနှစ်တွင်မှ လွှတ်တော် အမတ်ဖြစ်လာသူတစ်ယောက်သည် ၂ဝဝ၈တွင် သမ္မတဖြစ်လာရန် မလွယ်ကူလှချေ။ သို့သော် ကံကြမ္မာက အိုဘားမားကို မျက်နှာသာပေး ခဲ့သည်။ ၂ဝဝ၈ခုနှစ်တွင် လီမန်ဘရားသားဘဏ် ကြီးပြိုကျပြီး နှစ် ၈ဝအတွင်း အဆိုးဝါးဆုံးစီးပွား ရေးကျဆင်းမှုဂယက်နှင့် ကြုံတွေ့ခဲ့ရသည်။ ပြိုင်ဘက်ဂျွန်မက်ကိန်းမှာလည်း အသက်အရွယ် ကြီးရင့်နေပြီး စီးပွားရေးကျွမ်းကျင်သူမဟုတ် သော ဗီယက်နမ်စစ်ပြန်ကြီး တစ်ယောက်သာ ဖြစ်သည်။ ထိုအခါ ငယ်ရွယ်ပြီးတည်ငြိမ်အေး ဆေးပုံရသော၊ အာဝဇ္ဇန်းရွှင်ပြီး အလုပ်ကြိုးစား မည့်ပုံပေါ်သော လူမည်းကိုယ်စားလှယ်လောင်း လေးမှာ မဲဆန္ဒရှင်ပြည်သူများအမြင်တွင် အသင့် တော်ဆုံး လူတစ်ယောက်ဖြစ်လာခဲ့သည်။ ၂ဝဝ၈တွင်ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ပြည်သူများက မျှော် လင့်ခဲ့ကသည်။

အခြေအနေဆိုးတွေများပြားသောနှစ် နှစ်တာကာလ
အားလုံးသိကြသည့်အတိုင်း အိုဘားမား သမ္မတဖြစ်ချိန်သည် စီးပွားရေးအကျပ်အတည်း ကာလဖြစ်သည်။ အမေရိကန်နိုင်ငံနှင့် မိုင် ထောင်ပေါင်းများစွာ ဝေးကွားသောနေရာတွင် စစ်ပွဲကြီးနှစ်ခုဖြစ်နေပြီး အမေရိကန်စစ်သားများ ထိခိုက်သေဆုံးလျက်ရှိသည်။ ထိုကြားထဲတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ကမ္ဘာကြီးပူ နွေးမှုတို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် သဘာဝကပ် ဘေးများ ပိုမိုကျရောက်နေသည်၊ အပူလိုင်းဖြတ် ခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းနှင့် ရေကြီးခြင်း တို့သည်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး၊ အ ပြင်းထန်ဆုံးများကိုစံချိန်ချိုးး၍ ၂ဝဝ၉-၂ဝ၁ဝပြည့် နှစ်များတွင် ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် အိုဘား မားကြိုတင် မျှော်လင့်မထားသော ဖြစ်ရပ်တစ် ခုကလည်း ပေါ်ပေါက်လာပြီး သူ့ကိုခေါင်းကိုက် စေခဲ့သည်။ အမေရိကန်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ရေနံယိုဖိတ်မှုသည် မက္ကဆီကို ပင်လယ်ကွေ့တွင် ဖြစ်ပွားခဲ့ပြီး ရက်သတ္တပတ် ပေါင်းများစွာအထိ အမေရိကန်ပြည်သူတွေကို ထိတ်လန့်စေခဲ့သည်။ ပင်လယ်ထဲတွင် ရေနံယို ဖိတ်ခြင်းသည် သမ္မတအိုဘားမားနှင့်ဘာမျှသက် ဆိုင်မှု မရှိသော်လည်း ထုံးစံအတိုင်း အမေရိ ကန် ပြည်သူတို့မှာ အစိုးရအပေါ်သို့ အပြစ်ပုံချ ကြတော့သည်။ အိုဘားမားက ရေနံယိုဖိတ်မှု အတွက် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း ပြည်သူတွေက အိုဘားမားသည် လုံလောက် အောင် ဂရုစိုက်မှုမရှိဟု ဝေဖန်ကြသည်။

http://ecovisionjournal.com/coverstory/images/coverstory-171-04.jpg

ပြည်သူ့ဆန္ဒနှင့်ကင်းကွာနေသလော
သမ္မတအိုဘားမားအပေါ် ဝေဖန်မှုအား လုံးသည် အပြစ်တင် ဝေဖန်မှုချည်းသက်သက်ပဲ မဟုတ်ကြချေ။ အိုဘားမားကို ဆက်လက် ထောက်ခံလိုသော အင်အားစုများကို ကိုယ်တိုင် က ၄င်းတို့အားမလိုအားမရဖြစ်ရသော အချက် များကို ထောက်ပြဝေဖန်ကြခြင်းဖြစ်သည်။ တနည်းပြောရလျှင် အိုဘားမား၏ ပေါ်လစီများ ယခုထက်ပို၍ အောင်မြင်မှုရရှိစေရန် သတိပေး နေကြခြင်းသာဖြစ်သည်။ သို့သော်ပြဿနာမှာ သမ္မတအိုဘားမားသည် သူ့အပေါ်ဝေဖန်မှုများ အပေါ် ဂရုစိုက်နားထောင်ခဲ့မှုမရှိခြင်းဖြစ်သည်။ အိုဘားမားသည် သူ၏ဘဝတစ်လျှောက်လုံး ဒီမိုကရက်တစ်ပါတီများနှင့်သာ ဆက်ဆံထိတွေ့ ခဲ့ရပြီး စီးပွားရေးလောကနှင့် အခြားအရေးကြီး သော အင်စတီကျူးရှင်းများနှင့် ထိတွေ့မှုနည်း ပါးခဲ့သည်။ သမ္မတအိုဘားမားမှာ အမေရိကန် တို့မှာ ကျန်းမာရေးစနစ်တွင် ပြဿနာရှိနေ ကြောင်း ပြုပြင်ဖို့လိုအပ်ကြောင်း နားလည်ကြ သည်။ကမ္ဘာကြီးပူနွေးမှုကိုလည်း ဂရုစိုက်သင့်သ လောက်စိုက်ကြသည်။ သို့သော် လတ်တလော တွင် အမေရိကန်တို့ အစိုးရိမ်ဆုံးကိစ္စမှာ စီးပွား ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းပျက်စီးဆုံး ရှုံးမှုတို့သာဖြစ်သည်။ အမေရိကန်ပြည်သူတို့မှာ သမ္မတထံမှ ထိုအရေးကိစ္စများနှင့်ပတ်သက်၍ ဂရုစိုက်မှု၊ အလေးထားမှုကို ရရှိလိုကြခြင်းသာ ဖြစ်သည်။ သမ္မတ အိုဘားမားက နယူးယောက် တိုင်း(မ်)သတင်းစာနှင့်အင်တာဗျူးဖြေကြားရာ တွင် ယခုကဲသို့ ဖြေကြားခဲ့သည်။

''ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဂုဏ်ယူ စရာကောင်းတဲ့တစ်ခုက နိုင်ငံအတွက်လိုအပ်တဲ့ အရေးကြီးကိစ္စတွေကို ဆောင်ရွက်နိုင်ခဲ့တာပါပဲ လောလောဆယ်အခြေအနေမှာ ပြည်သူတွေ က မကြိုက်နှစ်သက်ကြသော်လည်းပေါ့လေ'' ဟု သူက ပြောကြားခဲ့သည်။

အိုဘားမားက သူ၏ကျန်းမာရေးစောင့် ရှောက်မှုအစီအစဉ်နှင့်ပတ်သက်၍ ပြောကြား ခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတအဆက် ဆက်ကကြိုးပမ်းခဲ့သော ကိစ္စကို သူကအောင် မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည့်အ တွက် ဂုဏ်ယူပြီးပြောဆိုနေခြင်းဖြစ်သည်။ သို့ သော်သဘောထားစစ်တမ်းတစ်ခုအရ ပြည်သူ ၁ဝ ရာခိုင်နှုန်းသာ ကျန်းမာရေး စောင့် ရှောက်မှုက ယခုလာမည့်ရွေးကောက်ပွဲအတွက် အရေးပါသည်ဟု ဖြေကြားခဲ့ကြသည်။ နိုင်ငံ ရေးခေါင်းဆောင်များသည် သူတို့၏ပေါ်လစီများ ကို လူအများက ဆန့်ကျင်ကြသောအခါ ရေတို တွင် ဆန့်ကျင်မှုများရှိသော်လည်း ရေရှည်တွင် သူ၏ပေါ်လစီများကို လူတွေလက်ခံလာကြမည် ဟုပြောဆိုတတ်ကြသည်။ တစ်ခါတစ်ရံတွင် ထို အချက်သည် မှန်ကန်မှုရှိတတ်ပါသည်။ သို့သော် များသောအားဖြင့် ပြည်သူလူထုကသာ ၄င်းတို့ အမှန်တကယ်လိုအပ်သောအရာကို နားလည် သဘောပေါက်၏ကြပြီး နိုင်ငံခေါင်းဆောင်များက နားလည်မှုလွဲနေကြတာများသည်။ သမိုင်းတွင် အမေရိကန်သမ္မတ ထရူးမင်းက ကိုရီးယားစစ် ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည့်အတွက် ထိုအချိန်က အမေရိကန်များက မကြိုက်ကြချေ၊ သို့သော် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အောင်မြင်မှုအရှိ ဆုံး စစ်ပွဲတစ်ပွဲအဖြစ် အမေရိကန်ပြည်သူတို့က သတ်မှတ်ကြပြီး သမ္မတထရူးမင်းကို အကောင်း ပြန်မြင်လာကြသည်။

သမ္မတအိုဘားမားအပေါ်လည်း ထိုကဲ့သို့ ပြန်လည်အကောင်းမြင်လာနိုင်ကြပါသည်။ သိပ်တော့ဖြစ်နိုင်ချေမရှိလှပါ။ ဘာပဲပြောပြော အမေရိကန်နိုင်ငံရေးသဘောသဘာဝအရ ယနေ့ ပြည်သူတို့၏ အချစ်တော်သည် နောက်နေ့တွင် လူဆိုးတစ်ယောက်ဖြစ်သွားနိုင်သလို လူမုန်း များခံရသည့် သမ္မတသည်လည်း တစ်ချိန်တွင် သူရဲကောင်းများဖြစ်လာနိုင်ပေသည်။ ကမ္ဘာ့အ ကောင်းဆုံး တက္ကသိုလ်ကြီးများတည် ရှိနေပြီး မည်သို့သော အလှုပ်အယမ်းများ ရှိနေသည့် တိုင်အောင် အမေရိကန်သည် တီထွင်ဖန်တီးမှု အရှိဆုံး စီးပွားရေးနိုင်ငံတစ်နိုင်ငံဖြစ်နေဦးမည် သာဖြစ်သည်။ ထိုအချက်က ဒီမိုကရက်တစ်အ မတ်များကို ကယ်တင်နိုင်ခဲ့မည်မဟုတ်သော် လည်း သမ္မတအိုဘားမားအတွက်တော့ မျှော် လင့်ချက်ပေးစွမ်းနိုင်ပါသေးသည်။ ၂ဝ၁၂အ ရောက်တွင် စီးပွားရေးပြန်ကောင်းလာနေပါက ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သမ္မတအိုဘားမားကို ထောက်ခံအားပေးမှု ပြန်ရလာနိုင်သည်။ ရွေးကောက်ပွဲများတွင် အမေရိကန်ကို အဓိက အာရုံစိုက်ကြသည်မှာ လတ်တလောစီးပွားရေး အခြေအနေပင်ဖြစ်နေသည် မဟုတ်ပါလား။

Printer ၏ ဆက်စပ်ပစ္စည်း ဖြစ်သော Cartridge အတွင်း ဖေါက်ခွဲရေးပစ္စည်းထည့်သွင်းကာ သယ်ဆောင်လာသည်ကို ယူကေ လေဆိပ်တွင် ဖမ်းဆီးရမိ

http://mmdailynews.com/news_images/article-1324948-0BD44B63000005DC-352_468x238.jpg

အယ်လ်ကေဒါ အကြမ်းဖက်သမားတို့ ဖန်တီးလိုက်သော ဗုံးတစ်လုံးကို ဗြတိသျှလေဆိပ်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲစေတတ်သော ကိရိယာတစ်ခုကို ကုန်တင် လေယာဉ် ခရီးစဉ်နှင့်အတူ ယီမင်နိုင်ငံမှ ပါလာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သောညက အန္တလန်တိတ် ဒေသမှ လုံခြုံရေး စောင့်ကြည့်သူများ၏ နှစ်ဖက် အချိတ်အဆက်များမှ တဆင့် ဗြိတိသျှ လေဆိပ်တစ်ခုတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခု သယ်ဆောင်လာသည် ဆိုသည့် သတင်းအရ ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ၏ သတိပေး ခဲ့ရာတွင် မယုံနိုင်လောက်အောင် ရည်ရွယ်ချက် ကြီးကြီးမားမားဖြင့် အခြေအနေဆိုး တစ်ခုဖြစ်ပေါ်လာစေနိုင်သည့် ပစ္စည်းထုပ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကွန်ပျူတာမှ စာရွက် ပုံနှိပ်ထုတ်ပေးနိုင်သော Printer ၏ အပိုပစ္စည်းတစ်ခု ဖြစ်သော မှင်ထည့်သည့် အစိတ်အပိုင်း (Cartridge) အတွင်းတွင် အထူးစီမံ ပြုလုပ်ထားသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းကို ထည့်သွင်း သယ်ဆောင်လာသည်ကို အရှေ့ပိုင်း မစ်ဒ်လန်း လေဆိပ်တွင် ရှာဖွေ တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

ဒူဘိုင်း လေဆိပ်တွင်လည်း အလားသဏ္ဍန်တူသော ဖေါက်ခွဲရေး ပစ္စည်းတစ်ခုကို ကုန်သည် လေယာဉ်တစ်ခုပေါ်မှာ ရှာဖွေတွေ့ရှိခဲ့သဖြင့် ယီမင်မှ ချီကာကိုသို့ သယ်ဆောင်မည့် ခရီးစဉ်ကို ရပ်တန့်ပစ်ခဲ့ရသည်။

သယ်ဆောင်လာသော ဖေါက်ခွဲရေး ပစ္စည်းသည် အယ်လ်ကေဒါ များ၏ လုပ်ဆောင်မှု ဖြစ်သည်ဟု မှတ်ထင်ရပြီး ပစ္စည်းပေါ်တွင် ပို့ဆောင်ရမည့် လိပ်စာမှာ လိပ်စာတုတစ်ခုသာ ဖြစ်ပြီး အမေရိကန်၏ မြို့တော် တစ်ခုကို လိပ်မူထားခြင်း ဖြစ်သည်။ ဗြိတိသျှ လုံခြုံရေး ဌါနများမှ အဆိုပါ ရက်မတိုင်မီ အာရေးဘီးယန်း နိုင်ငံများမှ အခြေခံပြီး M16 မောင်းပြန်ရိုင်ဖယ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များကို အမြင့်ဆုံး အဆင့်အထိ တပ်လှန့် ထားခဲ့သည်။

ပထမဦးဆုံး ပို့ဆောင်လိုက်သော ပစ္စည်းထုပ်ကို မနေ့ အစောပိုင်းက ရှာဖွေ ဖမ်းဆီးခဲ့ပြီး ယူနိုက်တက် ပါဆယ် ဆားဗစ် နှင့် အရှေ့ပိုင်း မစ်ဒ်လန်း လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သော ပစ္စည်းထုပ်ဖြစ်သည်။ အဆိုပါ လေဆိပ်သည် ပြည်နယ် ၂ ခု ဖြစ်သော ဒါဘီရိုင်းယားနှင့် လန်းကတ်ရှိုင်းယား နယ်စပ်တွင် တည်ရှိသည်။ အဆိုပါ လေဆိပ်သို့ UPS ကုန်သည် လေယာဉ်၏ ပစ္စည်း သိုလှောင်ခန်းထဲတွင် စစ်ဆေးပြီး လေဆိပ်အဆောက်အဦးနှင့် ပေ ၃၀၀ အကွာတွင် ရောက်ရှိကာမှ မသင်္ကာသောကြောင့် လိုက်လံစစ်ဆေးခဲ့ရာမှ ဖေါက်ခွဲရေး ပစ္စည်းတစ်ခုဖြစ်နေကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ လေဆိပ်၌ တစ်နှစ်လျှင် သယ်ယူပို့ဆောင်ရေး ခရီးစဉ် ငါးသန်းခန့် ပျံသန်းဆောင်ရွက်နေသော လေဆိပ်ကြီး တစ်ခုလည်း ဖြစ်သည်။

ရှာဖွေ မတွေ့ရှိမီက သင်္ကာမကင်းဖြစ်နေသော စာရွက်စာတမ်းများကို စစ်ဆေးလျက် ရှိနေပြီး ပစ္စည်းထုတ်ကိုလည်း ဖေါက်ကြည့် စစ်ဆေးရာတွင် ပိတ်ထားသော နေရာများမှ ၀ါယာနှင့် အဖြူရောင် အမှုန့်များ ပေါက်ထွက်လာခြင်းမှ အစပြုပြီး ရှာဖွေ တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ အစောပိုင်း စုံစမ်းစစ်ဆေးချက်များကို မည်သို့သော မှတ်ချက်များမှ ကောက်ချက်ဆွဲ မရနိုင်ဘဲ လွန်ခဲ့သော ညကမှသာ စကော့တလန် ယာဒ့် အဖွဲ့သို့ အခြားသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ပေးပို့ရာမှ အဖြေထွက်လာခြင်း ဖြစ်သည်။

ဖေါက်ခွဲရေး ပစ္စည်းသည် မိုဘိုင်းဖုန်းမှတဆင့် ထိန်းချူပ်ဖေါက်ခွဲရန် စီစဉ်ထားကြောင်း တွေ့ရှိရသည်။၂၀၀၁ တစ်ခုနှစ်မှ ရှူးဖိနပ်ကို အသုံးပြုဖောက်ခွဲခဲ့သူ ရစ်ချက်ရီးဒ် အသုံးပြုခဲ့သော ယမ်းပျော့ အမျိုးအစားဖြစ်သည်။ တစ်ရာဂရမ်ခန့် ရှိသော ယမ်းပျော့သည် ကားတစ်စီးကို အလျင်အမြန် ဖျက်စီးပစ်နိုင်သော ပေါက်ကွဲအားပြင်းထန်သည့် ယမ်းအမျိုးအစား ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆက်တွဲသတင်း

စီအန်အန် ယနေ့ သတင်းများအရ အသေခံဗုံးခွဲသူများ၏ ဆောာင်ရွက်မှုကြောင့် အီရတ်နိုင်ငံကော်ဖီဘားတွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီး လူ၂၅ဦး သေဆုံးခဲ့ကြောင်းသိရသည်။

http://i.dailymail.co.uk/i/pix/2010/10/29/article-1324948-008DC5211000044C-844_468x286.jpg

Alps တောင်တန်း၏ အလှသစ်တစ်ခု ဖြစ်လာမည့် ကမ္ဘာ့အရှည်ဆုံး မြေအောက်ဥမင်

ဆွစ်ဇာလန်နိုင်ငံတွင် Alps တောင်တန်းများကိုဖြတ်ကာ ကမ္ဘာ့အရှည်ဆုံး မြေအောက်ရထားသွား ဥမင်လိုဏ်ခေါင်းကြီးကို ဖောက်လုပ်လာခဲ့သည်မှာ ၁၄ နှစ်ရှိခဲ့ပြီဖြစ်ပြီး ယခုအခါ ၃၅ ဒသမ ၄ မိုင်အထိ ဖောက်လုပ် ပြီးစီးသွားပြီဖြစ်သည်။ Gotthard Base လိုဏ်ခေါင်းကြီးသည် အီတလီနှင့် ဆွစ်ဇာလန်ကြား ခရီးသည်များနှင့် လေးလံလှသော ကုန်စည်များကို ရထားဖြင့် တစ်နာရီအတွင်း ခရီးနှင်စေနိုင်မည့် ဥမင် ဖြစ်သည်။ နှစ်ပေါင်း ၂၃ နှစ်ကြာမည့် ထိုစီမံကိန်းသည် ၂ဝ၁၇ ခုနှစ် တွင် အပြီးသတ်နိုင်ရန် မသေချာ သေးပေ။ ထိုမြေအောက်ရထားလမ်း ဥမင် ပြီးသွားပါက လက်ရှိအသုံးပြု နေသည့် ဂျပန်နိုင်ငံမှ ၃၃ ဒသမ ၅ မိုင်အရှည်ရှိ ဆဲအိခန်း ကမ္ဘာ့အရှည်ဆုံး မြေအောက်ဥမင်ထက် သာလွန်သော ကမ္ဘာ့အရှည်ဆုံးဥမင် ဖြစ်လာမည်ဖြစ်ပြီး အီတလီကို တစ်နာရီလျှင် ၁၅၅ မိုင်နှုန်းဖြင့် မြန်နှုန်းမြင့်ရထားများ ခရီးနှင်နိုင်မည် ဖြစ်သည်။ အီတလီကို ရထားဖြင့် နာရီပိုင်းအတွင်း ရောက်ရှိနိုင်မည်ဖြစ် သဖြင့်နှစ်ပေါင်း ၂ဝ ကျော်သုံးခဲ့ရ သည့်ငွေနှင့် လူအင်အားသည် တန်သည်ဟု ယူဆနိုင်သည်။ လတ်တလောတွင် နိုင်ငံခြားမှ ကုန်တင်ယာဉ်ကြီးပေါင်း ၁ ဒသမ ၂ သန်းခန့်ကို Alps တောင်တန်းမှ ဖြတ်သန်းခွင့်ပြုနေရခြင်းမှာ အပင်နှင့် တိရစ္ဆာန်များကို ထိခိုက်စေသဖြင့် ယင်းသို့ ဥမင်ဖောက်လုပ်ရန် စီစဉ်ခဲ့ ပြီးနောင်တွင် ထိုဥမင်မှ ဖြတ်သန်း စေမည်ဖြစ်သည်။ ဥမင်ဆက်လက် ဖောက်လုပ်ရန် ပေါင်ငွေ ၈ ဒသမ ၇ ဘီလျံကို ဆက်လက်သုံးစွဲနေရ သည်။

http://popularmyanmar.com/mpaper/wp-content/uploads/2010/10/world-longest-tunnel-2-300x243.jpg

အမေရိကန် အစိုးရ ၀ဘ်ဆိုဒ်များ တရုတ် ပြန်ပေးဆွဲ

http://i.cdn.turner.com/cnn/2010/US/11/17/websites.chinese.servers/t1larg.jpg

အမေရိကန်အစိုးရ ၀ဘ်ဆိုဒ်များရဲ့ အင်တာနက် လမ်း ကြောင်းကို တရုတ်ဆာဗာများမှ ပြောင်းပစ်ခဲ့ကြောင်း အမေရိကန်ကွန်ဂရက်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးမှ တွေ့ရှိကြောင်း ကြေငြာလိုက်သည်။

အမေရိကန် ကြီးတပ်၊ လေတပ်၊ ရေတပ်၊ မရိန်းတပ်၊ လေတပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆီးနိတ်နှင့် နာဆာ တို့အပါအ၀င် အမေရိကန် အရေးကြီးဆုံးဝဘ်ဆိုဒ် ၁၅ ရာခိုင်နှုန်းကို ၁၈ မိနစ်တာ လမ်းကြောင်းသွေဖီသွားအောင် လုပ်ပစ်ခဲ့ ကြောင်း ပြီးခဲ့သောရက်ပိုင်း ကွန်ဂရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးမှုများအရ တရုတ်အစိုးရပိုင် China Telecom မှ ၀ဘ်လမ်းကြောင်းများပြောင်းပစ်ကြောင်း တွေ့ရှိခဲ့သည်။ ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး လက်တနင်ကာနယ် ဧပရယ်ကန်နင်ဂန်မ် ကတော့ အမေရိကန် ကာကွယ်ရေးဌာနအနေဖြင့် စိုးရိမ်မှုများ အထူးရှိခဲ့ကြောင်း၊ သို့သော် ၁၈ မိနစ်တာ အင်တာနက် လမ်းကြောင်းပြောင်းမှုကနေ ဆိုးရွားသော မည်သည့်အကျိုးသက်ရောက်မှုမျှ မတွေ့ခဲ့ရကြောင်း၊ ပင်တဂွန်အနေဖြင့် အနာဂတ် အင်တာနက် တိုက်ခိုက်ခံရမှုများအတွက် မိမိဖာသာ အလိုလို ပြုပြင်သွားရေး အစီအစဉ်များ ပြုလုပ်ထားကြောင်း ပြောကြးခဲ့သည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် Larry Wortzel ကတော့ ကွန်ပျုတာဆိုင်ရာ နည်းပညာကောင်းများဖြင့် ၁၈ မိနစ်အတွင်း အင်ဖော်မေးရှင်း အချို့ရရှိသွားနိုင်ကြောင်း တင်ပြခဲ့သည်။ တရုတ်အစိုးရသည် စပိုင်ဆော့ဝဲလ် နည်းပညာများ အကြီးအကျယ်သုံးနေကြောင်း ကွန်ဂရက်ကို သတိပေးခဲ့သည်။

သတင်း CNN

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ၂၆ ထပ်တိုက် မီးလောင်မှု ၅၃ ဦးထက်မနည်းသေဆုံး

မီးလောင်ကျွမ်းမှု ဖြစ်ပွား​နေ​စဉ် © dailychilli

နိုဝင်ဘာ ၁၅ ရက်နေ့က တရုတ် နိုင်ငံ၊ စီးပွားရေး အချက်အခြာမြို့ ရှန်ဟိုင်းတွင် ၂၆ ထပ်တိုက် တစ်လုံး မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၅၃ ဦး ထက်မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။

ဆေးရုံတွင် ဒဏ်ရာများ ရရှိသဖြင့် တင်ပို့ခဲ့သူ ၁၀၀ မျှရှိပြီး အချို့မှာ အခြေအနေ ဆိုးကြောင်းလည်း တာဝန် ရှိသူများက ဆိုသည်။ စွမ်းအင် ခြွေတာသည့် အပူပေး စနစ် တပ်ဆင်ရာမှ စတင်သည်ဟု ယူဆရသော မီးလောင် ကျွမ်းမှုသည် နေ့လယ်ပိုင်းတွင် စတင် ဖြစ်ပေါ်ခဲ့ပြီး တိုက် တစ်ခုလုံး မီးသင့် လောင်ပြီးမှ ငြိမ်းသွားခြင်း ဖြစ်သည်။ မျက်မြင်များက မီး အပူရှိန်ကြောင့် ပြူတင်းပေါက်များမှ ခုန်ချကာ သေဆုံး ခဲ့သူများလည်း ရှိကြောင်း ပြောကြား ခဲ့သည်။ မီးကို မီးသတ်ကား အစင်း ၁၀၀ မျှဖြင့် ငြှိမ်းသတ် ခဲ့သော်လည်း မီးညွန့် ကျိုးအောင် မလုပ်ဆောင် နိုင်ဘဲ တိုက် တစ် တိုက်လုံး မီးလောင်ခဲ့ခြင်း ဖြစ်သည်။

လူနည်းစု ကိုသာ ရဟတ်ယာဉ်များ အသုံးပြုပြီး ကယ်တင် နိုင်ခဲ့ ပြီး လွတ်မြောက် လာသူ အများစုမှာ သံငြမ်းများမှ တွယ်ဆင်းကာ ထွက်ပြေး လာခြင်းဟု ဆိုသည်။ ထို့အပြင် ရှန်ဟိုင်း မြို့ခံများက မီးသတ် ဌာန၏ နှေးကွေးမှုကို ပြစ်တင် ပြောဆို နေပြီး ပထမဆုံး မီးသတ်ကားသည် မီးစလောင်ပြီး ၂၅ မိနစ်ကြာမှ ရောက်လာကြောင်း ပြောကြား ခဲ့ကြသည်။ ယခု ကိစ္စနှင့် ပတ်သက်ပြီး ရှန်ဟိုင်း အုပ်ချုပ်ရေး အဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေကြောင်း ကြေညာ ထားသည်။

ရှန်ဟိုင်း သည် မိုးပျံတိုက်များနှင့် စည်ကား လှသည့် မြို့ကြီး တစ်မြို့ ဖြစ်သော်လည်း အဆောက်အအုံများ၏ ခံနိုင်ရန် စံနှုန်းနှင့် ပတ်သက်ပြီး မေးခွန်း ထုတ်စရာ အခြေအနေများ ရှိနေသည်။ ပြီးခဲ့သည့် နှစ်က ဆောက်လုပ် ပြီးစီး လုနီးပါး တိုက် တစ်လုံး ပြိုကျမှု ဖြစ်ခဲ့ရာ လူတစ်ဦး သေဆုံး ခဲ့ဖူးကြောင်း သိရှိ ရသည်။

ကိုယ်လုံးပေါ် Scan ဖတ်မှုတွင် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန် ပြည်တွင်းလုံခြုံရေး အကြီးအကဲတိုက်တွန်း

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲ ဂျာနဲ နာပိုလီတာနို © upi

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲ ဂျာနဲ နာပိုလီတာနိုက အမေရိကန်ရှိ လေကြောင်း ခရီးသည်များ အနေနှင့် ကိုယ်လုံးပေါ် Scan ဖတ် စစ်ဆေးမှုတွင် ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း တိုက်တွန်း ပြောကြား လိုက်သည်။

နိုင်ငံတကာတွင် Privacy ချိုးဖောက်ကြောင်း ဝေဖန်မှုများ မြင့်တက် နေသော်လည်း လုံခြုံရေး အရ ပိုမို စိတ်ချရသော Scan ဖတ် စစ်ဆေးမှုသည် အကြမ်းဖက်မှုကို တားဆီးရာတွင် အရေးပါသော ပန်းတိုင် တစ်ခု ဖြစ်ကြောင်း ဂျာနဲက ထောက်ခံ သွားသည်။ USA Today တွင် ဖော်ပြခဲ့သည့် သတင်း အရ ကုန်တင် လေယာဉ်များတွင် ထည့် ပေးလိုက်သော ဖောက်ခွဲရေး ပစ္စည်း နှစ်ခုကို အမေရိကန် လေဆိပ် တစ်ခုတွင် တွေ့ရှိ ခဲ့ပြီးနောက် ကိုယ်လုံးပေါ် Scan စစ်ဆေးမှုကို ပိုမို အရှိန်မြှင့်ရန် အမေရိကန် အစိုးရက လုပ်ဆောင် လာကြောင်း သိရသည်။ ဂျာနဲက Scan ဖတ် စစ်ဆေးသော စက်များသည် လုံခြုံ စိတ်ချရပြီး အကျိုးသက်ရောက်မှု ကောင်းမွန်ကြောင်း၊ ကျန်းမာရေး အရ ထိခိုက်မှုများ မရှိကြောင်း ပြောဆိုခဲ့သည်။

အချို့သော သုတေသီများက Scan ဖတ် စစ်ဆေးမှုကြောင့် အရေပြားကို ထိခိုက် နိုင်ကြောင်း ပြောဆို ထားသော်လည်း ဂျာနဲက ယင်းမှာ မဟုတ်မှန်ကြောင်း အာမခံခဲ့သည်။ သတင်းများအရ အမေရိကန် လေဆိပ် အတော် များများတွင် ကျေးဇူးတော် ချီးမွမ်း မည့်နေ့ မတိုင်မီ တစ်ရက်ဖြစ်သည့် နိုဝင်ဘာ ၂၄ တွင် Scan ဖတ်စက်များ တပ်ဆင်ရန် စီစဉ် ထားကြောင်း သိရှိရသည်။

အာဟာရ စာစောင်

AaharaSazaungNO-111

Boycott 2010

Boycott 2010

Boycott 2010

Boycott 2010

Suu Kyi, Son, Reunited after 10 Years Apart

23 November 2010
Photo: AFP
Burma's pro-democracy leader Aung San Suu Kyi holds the hand of her younger son Kim Aris after his arrival at Rangoon airport, 23 Nov 2010

Burmese opposition leader Aung San Suu Kyi has been reunited with her younger son for the first time in 10 years after an emotional scene at Rangoon airport.

The pro-democracy activist was waiting at the airport Tuesday morning when 33-year-old Kim Aris arrived on a flight from Thailand, where he had waited two weeks for a visa. The two posed arm-in-arm for photographers and Aung San Suu Kyi said she was "very happy."

Aris showed his mother a tattoo on his right arm with the symbols of his mother's National League for Democracy party.

The Nobel Peace laureate, who married and had her two children in Britain, has been largely cut off from her family since she returned to Burma in 1988. She has spent 15 of the last 21 years in prison or under house arrest.

Aris was repeatedly denied permission to visit Burma during his mother's latest house arrest, which ended 10 days ago.

Through her lawyer, Aung San Suu Kyi thanked authorities for granting the visa on this occasion.

Aung San Suu Kyi also has an older son, Alexander, who is reportedly living in the United States.

http://www.voanews.com/english/news/asia/

ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင် သမတ နှုတ်ဆက်စကားဆို

2010-11-22



မြန်မာ့ ဒီမိုကရေစီရေးအတွက် ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ဖိလစ်ပိုင် သမ္မတ မစ္စတာ အာကွီနိုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ကတိပေး ပြောဆိုလိုက်ကြောင်း သိရပါတယ်

HIV-AIDS ဝေဒနာရှင်တွေကို ကူညီဖို့ ဆွေးနွေး



NLD လူငယ်တွေ ဦးစီးစောင့်ရှောက် နေတဲ့ HIV-AIDS ဝေဒနာရှင် တွေကို အကူအညီ ပေးနိုင်ဖို့ အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တွေကို မေတ္တာရပ်ခံတဲ့ အစည်းအဝေး တခုကို ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တသီးပုဂ္ဂလ အမတ်တွေက ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် ဒဂုံတာဝါမှာ ပြုလုပ်ခဲ့သလို ဦးကျော်သူ ဦးဆောင်တဲ့ အနုပညာရှင် တွေကလည်း အဲဒီ စောင့်ရှောက်ရေး ဂေဟာမှာရှိတဲ့ AIDS ဝေဒနာရှင် တွေကို ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ခွဲလို့မရနိုင်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောဆို

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမှုဟာ ခိုင်ခိုင်မြဲမြဲ ရှိနေတာ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် Mrs. Nirupama Rao က ပြောလိုက်ပါတယ်။ နိုဝင်ဘာလ (၂၂) ရက်နေ့ ည အိန္ဒိယနိုင်ငံက လွှင့်ထုတ်တဲ့ CNBC ရုပ်မြင် သံကြား လိုင်းအမှတ် (၁၈) ရဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။

ရထားလမ်းကြောင့် ရခိုင် အမွေအနှစ်တွေ ဆုံးရှုံး

ရခိုင်ပြည်နယ် စစ်တွေ-အမ်း -မင်းဘူး ရထားလမ်းကို (၁၀) နှစ် စီမံကိန်းနဲ့ ဖေါက်လုပ်လျှက် ရှိရာမှာ ရခိုင် ရှေးဟောင်း မြို့တော် မြောက်ဦးမြို့မှာ ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေ ဆုံးရှုံး ပျက်စီးနေတာနဲ့ ပတ်သက်လို့ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ရခိုင် အဖွဲ့အစည်း တွေက ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တွေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

http://www.rfa.org/burmese/

ဦးဉာဏ်ဝင်း လက်ကိုင်ဖုန်း ဖြတ်တောက်ခံရ



NLD ပါတီပြောခွင့်ရရှေ့နေ ဦးဉာဏ်ဝင်း၏ GSM တယ်လီဖုန်းကို ယမန်နေ့မှစ၍ ဆက်သွယ်ရေးမှ ဖြတ်တောက်ထားကြောင်း သိရသည်။

"မနေ့က ဦးဉာဏ်ကို မေးကြည့်တော့ သူလည်း တယ်လီဖုန်းခွန် ဆောင်ထားပါတယ်လို့ ပြောတယ်။ ဒီကိစ္စကို သူ ဒီနေ့ စုံစမ်းလိမ့်မယ် ထင်ပါတယ်"ဟု ဦးဉာဏ်ဝင်း၏ မိသားစုဝင်တဦးက ပြောသည်။

နေပြည်တော်တရားရုံးချုပ်မှ NLD ပါတီရပ်တည်ခွင့်လျှောက်ထားမှုကို ပယ်ချလိုက်ကြောင်း သတင်းများပေါ်ထွက်ခဲ့အပြီး ဦးဉာဏ်ဝင်း လက်ကိုင်ဖုန်း ဖြတ်တောက်ခံရခြင်းဖြစ်သည်။

တရားရုံးမှ ပယ်ချမှုဟုတ်မဟုတ်ကို ပါတီမှ အတည်မပြုနိုင်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

"တရားဝင် ပယ်ချရင် တရားဝင်ထုတ်ပြန်ရမှာပေါ့။ အခုဟာ အဲလိုမဟုတ်ဘဲ အမည်မဖော်တဲ့ အရာရှိဆိုတာတွေကို ကိုးကားပြီး သတင်းဌာနတွေက ရေးတာတွေကို ပြန်ကြားနေရတာပဲရှိတယ်။ အစိုးရဘက်က သတင်းထုတ်ပေးပြီး တဘက်က ဘယ်လို တုန့်ပြန်မလဲ ၊ ဘာပြောမလဲဆိုတာကို သွေးတိုးစမ်းတဲ့သဘောပဲ ထင်ပါတယ်"ဟု NLD ပါတီဝင်တဦးက သုံးသပ်သည်။

http://www.irrawaddyblog.com/2010/11/blog-post_4608.html

**

ရွေးကောက်ပွဲ ကော်မရှင် ရယကများကြွေးကို ပြန်ဆပ်ရန် ပျက်ကွက်


တနင်္လာနေ့၊ နိုဝင်ဘာလ 22 ရက် 2010 ခုနှစ် မင်းဆက်ခိုင် သတင်း - နိရဉ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကာလအတွင်း ကျေးရွာ ရယက ဥက္ကဌများနှင့် ရယက စာရေးများ အသုံးပြုခဲ့သော ငွေများကို ပြန်လည် ပေးဆပ်ရန် ပျက်ကွက် နေသဖြင့် ရယကများမှာ ကြွေးတင်ပြီး ဒုက္ခ ရောက်နေ ကြရကြောင်း သတင်း ရရှိသည်။

ထိုကဲ့သို့ ကြွေးတင် ဒုက္ခရောက်နေကြောင်းကို ရယက ဥက္ကဌ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ရပ်ကွက် ကျေးရွာ အလိုက် ကုန်ကျတာမူက မတူကြပါဘူး။ လူဦးရေ များရင် များသလို နည်းရင် နည်းသလိုပါ။ တချို့ကျေးရွာကြီးတွေမှာ ဆိုရင် မြို့ပေါ်တက်ပြီး ကွန်ပျူတာ စာစီ စာရိုက်ရတာတို့၊ မိတ္တူကူး တာတွေ လုပ်ရတဲ့ အတွက် ခရီးစရိတ်တွေ အပါအ၀င် ဆိုရင် ကျပ် ၄သိန်းလောက် ကုန်ကျ ခဲ့ပါတယ်။ ခုလို ကုန်ကျခဲ့တဲ့ ငွေတွေကို အခုအချိန်ထိ ရွေးကောက်ပွဲ ကော်မရှင်က ပိုက်ဆံ တပြားမှ မပေးသေးတဲ့အတွက် ကျွန်တော်တို့မှာ ကြွေးတင်ပြီး ဒုက္ခရောက်နေကြရပါတယ်။” ရပ်ကွက် ကျေးရွာ အလိုက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ မဲစာရင်း တင်သွင်းရန် အတွက် မိမိထံမှ ငွေစိုက် ပြုလုပ်ခဲ့ရခြင်းနှင့် ပတ်သက်၍ သူက ယခုကဲ့သို့ ဆက်ပြောသည်။

“ ရွေးကောက်ပွဲ မတိုင်မှီက ရွေးကောက်ပွဲ ကော်မရှင်ကို ရပ်ကွက်ကျေးရွာ အလိုက် မဲစာရင်းတွေ တင်သွင်း ခဲ့ရပါတယ်။ မဲစာရင်း တစောင်ကို ၁၂ စောင်စီ မိတ္တူ ကူးခဲ့ရပါတယ်။ မဲစာရင်း စာအုပ်က ၁၂ အုပ် လုပ်ရပါတယ်။ ကွန်ပျူတာ စာစီ စာရိုက်ခတွေ၊ မိတ္တူခတွေနဲ့ ဆိုရင် ကျွန်တော်နဲ့ ရယက စာရေးဆီက ကျပ်ငွေ ၂သိန်းလောက် ကုန်ကျခဲ့ပါတယ်။ လက်နှိပ်စက်နဲ့ ရိုက်တာတောင် စာရွက် တမျက်နှာကို ၂၅၀ကျပ်ပေး ရပါတယ်။ ခရီး စရိတ် တွေပါ ပေါင်းရင် ကျပ် ၄ သိန်းခန့် ကုန်ကျ ခဲ့ပါတယ်။” ရွေးကောက်ပွဲ မတိုင်မှီ နိုဝင်္ဘာလ ၄ရက်နေ့က ရွေးကောက်ပွဲ နေ့တွင် ကုန်ကျမည့် နေ့တွက် ကုန်ကျ စရိတ် စာရွက်တွင် ထုတ်ပေးငွေ ကိန်းဂဏန်းကို ရေသားဖေါ်ပြထားခြင်း မရှိဘဲ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ စာရေးများမှ လက်မှတ်ရေးထိုးခဲ့ကာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပေး ခဲ့ကြရသည်ဟု အမည် မဖေါ်လိုသူ စာရေးတဦးက ပြောသည်။

“ရွေးကောက်ပွဲနေ့မှာ ကုန်ကျတဲ့ငွေစာရင်းဆိုပြီးတော့ လက်မှတ် ရေးထိုး ပေးခဲ့ရပါတယ်။ ပုံစံ(၄)နဲ့ ပုံစံ(၈) စာရွက်တွေ ဖြစ်ပါတယ်။ ပုံစံ (၄)ကတော့ ရွေးကောက်ပွဲနေ့မှာ ရပ်ကွက်- ကျေးရွာ ကော်မရှင်တွေ အတွက် ကုန်ကျငွေ ဖြစ်ပါတယ်။ ပုံစံ(၈) ကတော့ ရပ်ကွက် ကျေးရွာတွေမှာ ကုန်ကျတာနဲ့ သက်ဆိုင်ပါတယ်။ ဥပမာ ရပ်ကွက် တခုမှာ မဲရုံ (၅) ရုံရှိတယ် ဆိုရင် ပုံစံ(၈) စာရွက်က ၅ ရွက်ပေါ့။ မဲရုံမှူးတွေနဲ့ တခြား သူတွေ အတွက် ကုန်ကျ စရိတ်နဲ့ တခြား ကုန်ကျ စရိတ် တွေကို တင်ရတဲ့ ပုံစံ ဖြစ်ပါတယ်။ အဲဒီ စာရွက်တွေမှာ လက်မှတ် ထိုးပေးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ စာရွက် တွေမှာ ကုန်ကျငွေ ပမာဏ ဘာမှ ရေးမထားပါဘူး။ ကျနော်တို့ကို ရွေးကောက်ပွဲနေ့ အတွက် ကြိုင်တင် ငွေ ဆိုပီး ၁၀၀၀ ကျပ်စီထုတ် ပေး ပါတယ်။ အဲဒီငွေ တစ်ထောင် အပြင် တခြား ဘာငွေကိုမှ ကျွန်တော်တို့ကို ထုတ်ပေးတာ မရှိသေးပါဘူး။”
ထုတ်ပေးငွေ ပမာဏကို စာရွက်တွင် ရေးမထားပဲနဲ့ လက်မှတ် ထိုးခိုင်းခြင်း မှာ ငွေကြေး မသမာမူ လုပ်လို၍ ဖြစ်နိုင်ကြောင်း သူက ခန့်မှန်း ပြောဆို သည်။
အဆိုပါ ကြွေးတင်ငွေများကို ယခုအချိန်ထိ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးခြင်း မရှိသေးသည့် အပြင် အဆိုပါ ငွေများကို ကျေးရွာများမှ ကောက်ခံပြီး ပေးဆပ်ရန် အထက် အာဏာပိုင်များက ညွှန်ကြားလာမည်ကို ရယကများနှင့် စာရေးများမှ အထူး စိုးရိမ် ပူပန်နေကြသည်ဟု သိရသည်။

**

စစ်ခေါင်းဆောင် သန်းရွှေ၏ အတ္ထုပတ္တိ စာအုပ် အိန္ဒိယနိုင်ငံတွင် ထုတ်ဝေ


တနင်္လာနေ့၊ နိုဝင်ဘာလ 22 ရက် 2010 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန



“Than Shwe- Unmasking Burma’s Tyrant (မြန်မာ စစ်အာဏာရှင် သန်းရွှေ အကြောင်း)” အမည်ရှိ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အတ္ထုပတ္တိစာအုပ် ကို နိုဝင်ဘာ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံတွင် ထုတ်ဝေခဲ့သည်။
စာရေးဆရာ ဘင်နီဒစ်ရောဂျာစ် မှ အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာ ၁၆ နေ့က ထုတ်ဝေလိုက်တဲ့ မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အတ္ထုပတ္တိ စာအုပ်။စာရေးဆရာ ဘင်နီဒစ်ရောဂျာစ် မှ အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာ ၁၆ နေ့က ထုတ်ဝေလိုက်တဲ့ မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အတ္ထုပတ္တိ စာအုပ်။


အင်္ဂါနေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ဘင်နီဒစ်ရောဂျာစ်က ထုတ်ဝေခဲ့သည်။ စာရေးသူသည် အင်္ဂလန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီ လူ့အခွင့်အရေး ကော်မရှင်၏ ဒု-ဥက္ကဋ္ဌနှင့် စီအက်စ်ဒဗလျူ ကမ္ဘာ့ခရစ်ယာန် ၀ံဿနု၏ အရှေ့အာရှရေးရာ အသင်း ခေါင်းဆောင်လည်း ဖြစ်သည်။

“သူ (သန်းရွှေ) ဒီစာအုပ်ကို ကြိုက်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ မကောင်းတဲ့ အကြောင်းအရာ အများအပြား ပါနေလို့ပါ” ဆိုပြီး စာရေးသူက ပြောသည်။

အာဏာရှင်သန်းရွှေကြောင့် မြန်မာပြည်သူများ ဒုက္ခပေါင်းစုံခံစားနေရသည့် အကြောင်းကို နိုင်ငံတကာမှ ပိုသိမြင်လာစေရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ရေးရခြင်းဖြစ်သည်ဟု စာရေးသူ ရော်ဂျာစ် က ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ ပြောသည်။

“မြန်မာပြည်ကို ကူညီမှုပေးချင်ရင် စစ်အာဏာရှင်သန်းရွှေအကြောင်း သိဖို့လိုတယ်” ဟု စာရေးသူ က ပြောသည်။

မြန်မာ့အရေး ၁၀ နှစ်ကျော်လေ့လာခဲ့သူ စာရေးသူ ရော်ဂျာစ်က သန်းရွှေနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အဓိက အရင်းအမြစ် ၃ ခုမှ စုစည်းရယူခြင်းဖြစ်သည်။ပထမ သတင်းအရင်းအမြစ်သည် သန်းရွှေနှင့် ပုဂ္ဂိုလ်ရေးအရခင်မင်ရင်းနှီးခဲ့သူများနှင့် ဗိုလ်ချုပ်မှူးကြီးနှင့် စစ်သင်တန်းအတူတက်ရောက်ခဲ့သည့် တပ်ထွက်များထံမှဖြစ်သည်။

ဒုတိယ သတင်းအရင်းအမြစ်သည် နိုင်ငံတကာသံတမန်များမှဖြစ်ပြီး ၎င်းတို့ထဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (၂၀၀၀-၂၀၀၈) ရာဇာလီအစ်မေးလ်နှင့် သန်းရွှေနှင့်တွေ့ဆုံခဲ့ဖူးသည့် နိုင်ငံတကာ သံတမန်များပါဝင်သည်။တတိယ သတင်းအရင်းအမြစ်မှာ အာဏာရှင်သန်းရွှေ၏ ရက်စက်စွာအုပ်ချုပ်မှုအောက်၌ အသက်ရှင်နေထိုင်ရသော ပြည်သူများထံမှဖြစ်သည်။“သူ့အတွက်အရမ်းဝမ်းနည်းတယ်။ ဒီကနေ့မြန်မာပြည်မှာ ဖြစ်ပျက်တဲ့ပြဿနာအားလုံးအတွက် တာဝန်အရှိဆုံး ဆိုတာကို သူ (သန်းရွှေ) လက်ခံရမယ်” ဟု မြန်မာ့အိမ်နီးချင်း ထိုင်း၊ တရုတ် နှင့် အိန္ဒိယ နယ်စပ်တစ်လျှောက် တိုင်းရင်းသားဒေသများသို့ အကြိမ်ကြိမ်ရောက်ရှိလေ့လာခဲ့သူ ရော်ဂျာစ် ပြောသည်။“လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်သူဟာ တရားခံပဲ၊ တရားမျှတမှုတွေရှိလာ မယ်လို့မျှော်လင့်တယ်” ဟု ဆက်ဆိုသည်။

ရော်ဂျာစ်၏စာအုပ်တွင် သန်းရွှေ နှင့် အောင်ဆန်းစုကြည်အကြား အဓိကကွာခြားချက်များကိုပါ နှိုင်းယှဉ်ရေးသားထားသည်။ နိုဘယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ခေါင်းဆောင် သန်းရွှေ က ဆယ်နှစ်ကျော်ထိန်းသိမ်းခဲ့သည်။လတ်သလောရွေးကောက်ပွဲရလဒ်ကို “လုံးဝ လက်ခံနိုင်ဖွယ်မရှိသည့်အပြင် ရှက်ဖွယ်ရာရွေးကောက်ပွဲသာ ဖြစ်ကြောင်း” ရော်ဂျာစ်ကဆိုသည်။သူဆက်ပြီး “နိုင်ငံတကာက ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုသည့်အပြင် မြန်မာစစ်ခေါင်းဆောင်များကို တိုးပြီးဝေဖန်နေပါတယ်” ဟု ပြောပါသည်။“တကယ်လို့ တိုင်းရင်းသားများ ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာမယ်ဆိုရင် ဒါဟာအပြုသဘော ဆောင်တဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာမှာပါ” ဟု စာရေးသူ ဘင်နီဒစ်ရော်ဂျာစ်က ပြောသည်။

**

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သားငယ် ကိုထိန်လင်းတို့ ပြန်လည်ဆုံတွေ့ပြီ.. (ဓာတ်ပုံ)




[slideshow]

၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ လူထုခေါင်းဆောင် အမေစုနဲ့ သားငယ်ကိုထိန်လင်း ခေါ် Kim Aris တို့ ယနေ့မနက် ၉နာရီခန့်က ရန်ကုန်လေဆိပ်မှာ ပြန်လည်ဆုံတွေ့ကြပါပြီ..(ဓာတ်ပုံ AP) ဒီမိုဝေယံမှ ကူးယူဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်စ်သည် ယနေ့နံနက် ၉ နာရီက ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး မိခင်ဖြစ်သူနှင့် ပြန်လည် ဆုံတွေ့ခဲ့ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီ အရေးကို ဆောင်ရွက် နေရသဖြင့် သားဖြစ်သူနှင့် ၁၀ နှစ်ကြာ ခွဲခွာနေခဲ့ရာမှ ယခု ပထမဆုံးအကြိမ် ပြန်လည် ဆုံတွေ့ရခြင်းဖြစ်သည်။

MM

သျှမ်းသူပုန်နှင့် ဆက်သွယ်သည်ဟု ဆိုပြီး ကျားဖြူပါတီဝင် တချို့အား ဖမ်းဆီးရိုက်နှက်

တနင်္လာနေ့၊ နိုဝင်ဘာလ 22 ရက် 2010 ခုနှစ် မွေခေါဝ် သတင်း - သျှမ်းသံတော်ဆင့်သတင်း

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုရှိ ကျားဖြူပါတီဝင်များအား သျှမ်းသူပုန်နှင့် အစည်းအဝေး ပြုလုပ်သည်ဟု စွပ်စွဲပြီး စရဖ တပ်ကြပ်ကြီး အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။“မိုင်းပါးကျားဖြူပါတီက သျှမ်းသူပုန်နဲ့ အစည်းအဝေး လုပ်တယ်လို့ စွပ်စွဲပြီး ကျားဖြူပါတီဝင်တွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတယ်။ ကြံ့ဖွံ့ပါတီဝင် တစ်ယောက်လဲ ပါတယ်၊ သူ့ကို ကြံ့ဖွံ့မှန်း မသိလို့” ဟု သိန္နီသား တစ်ဦးက ပြောပါသည်။
သိန္နီမြို့နယ် စရဖတပ်ကြပ်ကြီး မိုးကျော်မောင်၊ ရဲတပ်ဖွဲ့တစ်ဖွဲ့နှင့် လားဟူပြည်သူ့စစ်တို့ ပူးပေါင်းတပ်ဖွဲ့က နောင်တော်ရွာနေ ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းစံမွန်းနေအိမ်သို့ နိုဝင်ဘာ ၁၃ ရက် နံနက် ၄း၀၀ နာရီ၌ ရောက်ရှိလာကာ ရှာဖွေမွှေနှောက်ကြကြောင်း၊ စိုင်းစံမွန်းအိမ်၌ မအိပ်သည့်အတွက် ညီဖြစ်သူ စိုင်းဆိုင်ထီးအား ၀မ့်လုံရှိ နအဖ တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိန္နီဒေသခံ နောက်တစ်ဦးက ပြောပါသည်။

“အဲဒီနေ့ နံနက်ပိုင်းမှာဘဲ မောက်စလီကျေးရွာအုပ်စု နောင်ကော်ကျေးရွာနေ ကြံ့ဖွံ့ပါတီဝင် စိုင်းကျော်စံကို သွားဖမ်းလာတယ်။ သူက ကြံ့ဖွံ့ပါတီဝင်ကဒ် ပြပေမဲ့ သူတို့ အဖွဲ့က ဂရုမစိုက်ဘူး။ သူ့ကိုတိုင်မှာ ကြိုးနဲ့ တုတ်ပြီး ရိုက်နှက်စစ်ဆေးလို့ ငိုသံတွေတောင် ကြားရတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။ထိုနေ့ နေ့လည်ပိုင်း၌ စိုင်းစံမွန်းနှင့် ကျားဖြူပါတီဝင် ၂-၃ ယောက်အား လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းကြောင်း၊ နောက်တစ်နေ့၌ ဝမ့်လုံတပ်စခန်းမှ ပိန်းဆာကျေးရွာ နမ့်အွန်ဂိတ် အနီးရှိ လားဟူပြည်သူ့စစ် တပ်စခန်းသို့ ပြောင်းရွှေ့ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းကြောင်း သိရှိရသည်။အကြောင်းရင်းမှာ နိုဝင်ဘာ ၂ ရက် ကျားဖြူအလုပ်အမှုဆောင်အဖွဲ့ မဲရုံစောင့်ရှာရန်အတွက် အစည်းအဝေး ပြုလုပ်နေချိန် တစ်ရွာတည်းသား စိုင်းငဲ (သီပေါကုန်သည်)နှင့် တပည့်တစ်ယောက်တို့က ထော်လာဂျီ ဝယ်ယူရန် DT ဆိုင်ကယ်ဖြင့် ရွာသို့ ရောက်လာခဲ့သည်ဟု လားရှိုးတက္ကသိုလ်ကျောင်းသား သိန္နီဒေသခံ နောက်တစ်ဦးကလည်း ပြောပါသည်။

“စိုင်းငဲတို့ နှစ်ယောက်က စိုင်းစံမွန်းနဲ့ လုံးခမ်းတို့ အိမ်မှာ တည်းတယ်။ ဒါကို ရွေးကောက်ပွဲပြီး ၂-၃ ရက်အကြာ ဝမ့်လုံရွာမှာ နေတဲ့ မိုင်းပါး ရယကဥက္ကဋ္ဌ လုံးဆန်ထွန်းနဲ့ ဇနီး ပါ့ရွှေလင်း (အမျိုးသမီးရေးရာ အဖွဲ့ဝင်) တို့က ကျားဖြူပါတီက သျှမ်းသူပုန်လို့ ထင်ရတဲ့ မျက်နှာစိမ်း နှစ်ယောက်နဲ့ အစည်းအဝေး လုပ်တယ်။ မျက်နှာစိမ်းနှစ်ယောက်မှာ သေနတ်လဲ ပါလာတယ်။ စိုင်းစံမွန်းတို့ အိမ်မှာ ဝှက်ထားတယ်လို့ ပုလိပ်ကို မဟုတ်မမှန်ဘဲ သွားတိုင်တယ်။ ဒါကြောင့် ပုလိပ်တွေလဲ လာဖမ်းတာပေါ့” ဟု ၎င်းက ဆက်လက်ပြောပါသည်။စိုင်းကျော်စံ ဖခင်က မျက်နှာစိမ်းနှစ်ယောက်မှာ သျှမ်းသူပုန် မဟုတ်ကြောင်း၊ ကုန်သည်သာ ဖြစ်ကြောင်းကို သက်သေပြရန် စိုင်းငဲကို ခေါ်လာခဲ့ရကြောင်းကို ၎င်းနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ဤကဲ့သို့ ပြောပါသည်။“စိုင်းကျော်စံရဲ့အဖေက စိုင်းငဲကို သွားခေါ်လာပြီး လားဟူပြည်သူ့စစ်တပ်စခန်းမှာ သက်သေပြ အာမခံချက် ပေးရတယ်။ စိုင်းငဲကိုလဲ တစ်ညဖမ်းဆီးမေးမြန်းတယ်။ သူတို့ ထင်သလို ကျားဖြူပါတီဟာ သျှမ်းသူပုန်နဲ့ အစည်းအဝေး လုပ်တယ်ဆိုတာ မဟုတ်မှန်း သိသွားတော့ အားလုံးကို နိုဝင်ဘာ ၁၆ ရက် မှာ ပြန်လွှတ်ပေးခဲ့တယ်”

“ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း လုံးစိုင်းစံအေး (ရယကဥက္ကဟောင်း) ကို မိုင်းပါးပြည်သူတွေက ထောက်ခံမဲ မပေးချင်ကြဘူး။ ကျားဖြူပါတီကိုဘဲ ပေးချင်ကြတယ်။ ဒါကြောင့် လုံစိုင်းစံအေးက ကျားဖြူပါတီကို အပြစ်ရှာချင်တဲ့အတွက် တပည့် ဖြစ်တဲ့ လက်ရှိ ဥက္ကဋ္ဌကို အသုံးချလိုက်တာ ဖြစ်မယ်လို့ ပြည်သူတွေက ထင်ကြေး ပေးနေကြတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်း ခံရသူများမှာ ကျားဖြူပါတီမှ စိုင်းစံမွန်း၊ စိုင်းဆိုင်ထီး၊ လုံးခမ်း၊ အမည်မသိ ကျားဖြူပါတီ ၀င်တစ်ဦးနှင့် ကြံ့ဖွံ့ပါတီဝင် စိုင်းကျော်စံတို့ ဖြစ်ကြသည်။အမည်မဖေါ်လိုသည့် သျှမ်းပြည်မြောက်ပိုင်းနေ နိုင်ငံရေးသမားဟောင်း တဦးက ယခုလုပ်ရပ်ပေါ် “အစိုးရသစ် တက်လာလဲ ဘာမှ ထူးလာမှာ မဟုတ်ဘူးဆိုတာ ဒါသက်သေဘဲ။ ထင်တိုင်း ထပ်ကျဲနေဦးမှာဘဲ။ ဒါကြောင့် ဒီရွေးကောက်ပွဲက အလကားဘဲ၊ ဘာအပြောင်းအလဲမှ မရှိပါဘူး” ဟု သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။ထိုင်းနယ်စပ်တွင် လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုသာ လက်ခံကြောင်း မေလ ၂၆ ရက်ကတည်းက ကြေငြာခဲ့ပြီး ဖြစ်သည်။
**

KIO ဆက်ဆံရေးရုံး ပိတ်ရန် မြန်မာစစ်အစိုးရ သတိပေး


တနင်္လာနေ့၊ နိုဝင်ဘာလ 22 ရက် 2010 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

စစ်အစိုးရမှ မြန်မာ တစ်နိုင်ငံလုံးရှိ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နှုတ်ဖြင့် သတိပေးပြီးနောက် KIOမှ နိုဝင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထားကာ ၎င်း၏ ဆက်ဆံရေးရုံးများ ပိတ်ရန် အမိန့်ထုတ်လိုက်သည်။


ကချင်ပြည်နယ် KIO ဌာနချုပ် လိုင်ဇာအ၀င်ပေါက်တံခါးဝ လဂျားယန်ဂိတ်တွင် မြန်မာစစ်တပ်မှ စစ်ဆေးမှု တင်းကြပ်ထားပါတယ်။ ပုံ-ကချင် သတင်းဌာန


မြန်မာ စစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ မြစ်ကြီးနား ဆက်ဆံရေးရုံး၊ ဘူးဂါးကုမ္ပဏီရုံး၊ ဘူးဂါးလျှပ်စစ်ရုံး သုံးခုမှလွဲ၍ ကျန်သည့် KIO ဆက်ဆံရေးရုံး အားလုံးရုပ်သိမ်းရန် နိုဝင်ဘာ ၂၀ ရက်နေ့တွင် KIO ဗဟိုကော်မတီမှ အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။

“နေ့စွဲက သူတို့ မသက်မှတ်ဘူး၊ ကျတော်တို့ကိုယ်တိုင် သတ်မှတ်လိုက်တာ၊ ပြင်ဆင်စရာတွေ အများကြီးရှိသေးတယ်ဆိုတော့ ဒီနိုဝင်ဘာ ၂၅နောက်မကျအောင် ဆိုတာက ကျတော်တို့ သက်မှတ်ယူတာပါ၊” ဟု အမည်အဖော်လိုသူ KIO အရာရှိကြီးတစ်ဦးမှ ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ ယခုလ နိုဝင်ဘာလဆန်းမှစကာ မြစ်ကြီးနားအခြေစိုက် KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး (ဒူကဘား) ဂျီးနောင်အား KIO ဆက်ဆံရေးရုံးများအား ချက်ခြင်းရုပ်သိမ်းပေးရန် ဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု ဗိုလ်မှူးကြီး ဂျီးနောင်မှ ပြောသည်။

“သူတို့ဘက်က အမိန့်လိုမျိုးဟုတ်နေတယ်။ အမိန့်ဟုတ်တယ်၊ အမိန့်ပေးတာ၊ အဲ့….စကားနဲ့ အကြောင်းကြားပြီဆိုတော့ ကျတော်တို့ ငြင်းဆန်နေရင် ပြန်ခံရနိုင်တယ်” ဟု KIO အရာရှိကြီးမှ ဆက်ပြောသည်။KIO ရုံးများအား ရုပ်သိမ်းခြင်း၊ ပိတ်ပင်ခြင်း မလုပ်ခဲ့လျှင် စစ်အစိုးရဘက်မှ နည်းလမ်းအမျိုးမျိုးနဲ့ ရုပ်သိမ်းအောင် အစီအစဉ်ရှိနေသဖြင့် ဒဲ့မျက်နှာချင်းဆိုင် ဆက်လက်တိုင်ပင်ဆွေးနွေးနေခြင်း မလုပ်တော့ကြောင်း KIO အရာရှိကြီးမှပဲ ပြောသည်။

ရုမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ KIO ဆက်ဆံရေးရုံးကိုလည်း နိုဝင်ဘာလ ၂၀ရက်နေ့တွင် တရားဝင် ပိတ်ပင်လိုက်ပြီဖြစ်သည်။KIO မှ တစ်စုံတစ်ရာ ပြဿနာဖြစ်လာနိုင်သဖြင့် ပိတ်ပင်လိုက်ရခြင်းဖြစ်ပြီး တင်းမာနေသည့် ဆက်ဆံရေးမှာလည်း ပို၍ တင်းမာသွားခဲ့သည်ဟု KIO အရာရှိကြီးတစ်ဦးမှပင် ဆိုသည်။
လွန်ခဲ့သည့် သြဂုတ်လ ၂၂ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ စစ်အစိုးရနှင့် KIO တွေ့ဆုံစဉ် စစ်ဖက်ရေးရာလုံခြုံရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်မှ စက်တင်ဘာလဆန်းမှစ၍ လက်နက်ချရန်နှင့် အကယ်၍ လက်နက်မချပါက ယခင် အပစ်အခတ် မရပ်စဲမီ ၁၉၉၄ ခုနှစ်မတိုင်ခင် အခြေအနေတရပ်တို့ ရောက်ရှိသွားနိုင်သည်ဟု ပြောဆိုခဲ့သည်။သို့သော် KIO မှ လက်နက်ချရန်ငြင်းဆန်ခဲ့ခြင်းကြောင့် နှစ်ဘက်ကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။

အောက်တိုဘာ ၁၅ရက်နေ့ အစိုးရပိုင် သတင်းစာတွင်လည်း KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အား “သောင်းကျန်သူများ” ဟု တရားဝင်ခေါ်ဆိုလိုက်ပြီးနောက် KIO မှလည်း “ကျတော်တို့ဘက်က ငြိမ်းချမ်းရေးလည်းရုပ်သိမ်းပြီ။ တိုင်းပင်ဆွေးနွေးတာလည်း မရှိတော့ဘူးလို့ ကျတော်တို့က အဲလို သက်မှတ်ယူလိုက်တယ်” ဟု KIO အရာရှိကြီးမှ ဆက်ပြောသည်။ယခုလို နှစ်ဘက်ကြားဆက်ဆံရေးတင်းမာမှုရှိသော်လည်း KIA မှ မြန်မာစစ်အစိုးရအား စတင်ပစ်ခက်ရန် အကြောင်းမရှိသေးကြောင်း KIO အရာရှိကြီးတစ်ဦးမှပင် ပြောသည်။
**

လူငယ် ဒီမိုကရေစီ ကွန်ယက် တည်ဆောက်ရန် ဒေါ်စုညွှန်ကြား



တနင်္လာနေ့၊ နိုဝင်ဘာလ 22 ရက် 2010 ခုနှစ် မဇ္ဈိမသတင်းဌာန သတင်း - မဇ္ဈိမသတင်းဌာန

မဇ္ဈိမသတင်းဌာန။ ။ လူငယ် ဒီမိုကရေစီ ကွန်ယက်တခု တည်ဆောက်သွားရန် NLD လူငယ်များအား အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ညွှန်ကြားလိုက်ကြောင်း မကွေးတိုင်း မြို့သစ်မြို့နယ် လူငယ် တာဝန်ခံက ဆိုသည်။

ကယားနှင့် ချင်းပြည်နယ်မှလွဲ၍ တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ လူငယ်ခေါင်းဆောင် ၁၃ဝ ကျော် NLD ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၃ နာရီကြာ ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူ မြို့သစ်မြို့နယ် လူငယ်တာဝန်ခံ ကိုအောင်ကျော်က ပြောသည်။“NLD လူငယ်တွေရယ် NLD မဟုတ်သော်လဲ လူငယ် ခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်သို့ တက်ကြွတဲ့ လူငယ်တွေ ပူးပေါင်းပြီးတော့ လူငယ်ကွန်ယက်တခု ဖြစ်ဖို့၊ ကျနော်တို့ လူငယ်တွေကနေတဆင့် ပြည်သူတွေရဲ့ အသံတွေကို လူထုခေါင်းဆောင်ကို ပြန်တင်ပြဖို့ ညွှန်ကြားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟို လူငယ်ဖော်ဆောင်ရေး ခေါင်းဆောင် ၈ ဦးတို့ တွေ့ဆုံပြီး တပတ်ခန့်အကြာတွင် တိုင်းနှင့်ပြည်နယ်မှ လူငယ်ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံသည်။ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ပြီး ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုလူငယ်အကြံပေး ဦးအုန်းကြိုင်တို့လည်း တက်ရောက်သည်။
ကလေးမြို့တွင် ချမှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဦးဆောင်ရန် တာဝန်နှင်းလိုက်ပြီးဖြစ်သည့် ၂၁ ရာစု ပင်လုံညီလာခံ ဖော်ဆောင်ရေးအား လူငယ်များ တက်တက်ကြွကြွ “ဝန်းရံ” ပေးကြရန်လည်း ဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးနှင့်ပတ်သက်၍ ဗိုလ်ကြီးဝင်းထိန်ကို ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ပေးထားပြီး တိုင်းနှင့်ပြည်နယ်များမှ လူငယ်များကို လုံခြုံရေး သင်တန်းငယ်များ ပို့ချပေးသွားရန်လည်း သဘောတူကြကြောင်း ဆွေးနွေးပွဲတက်ခဲ့သူ ဗဟိုလူငယ်ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ ၂ ကိုလှဦးက မဇ္ဈိမကိုပြောသည်။
မြန်မာတနိုင်ငံလုံးတွင် ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူငယ် ခေါင်းဆောင် ၈ ဦးရှိပြီး ယင်းတို့မှတဆင့် လူငယ်အကူအညီပေးရေး ခေါင်းဆောင် ၁၄ ဦးကို ဖွဲ့စည်းထားသည်။အသက် ၁၈ နှစ်မှ ၃၅ နှစ်အောက် လူငယ်များသာမက အသက် ၁၂ နှစ် အထက် လူငယ်များကိုလည်း စုစည်းနိုင်ရန် ကြိုးစားကြမည်ဟု လူငယ်ခေါင်းဆောင်များက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်နှင့် NLD စုစည်းရေးအတွက် ဗဟိုအလုပ်အမှုဆောင်များ၊ NLD လူငယ်များနှင့် ဆက်တိုက် တွေ့ဆုံ လျက်ရှိသည်။ သန်ဘက်ခါတွင် အမျိုးသမီးအထောက်ကူပေးရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံမည်။
ယခုလ ၁၉ ရက်ကလည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် တသီးပုဂ္ဂလ တချို့နှင့် NLD အကြား ကွန်ယက် စတင်တည်ဆောက်ရန် သဘောတူခဲ့သေးသည်။

**

Interview with Pho Than Chaung about 2nd Pin Lon Nyilar Kan

Interview with Pho Than Chaung about 2nd Pin Lon Nyilar Kan

BaHtoo Issue

Bahtoo+ Issue+5+++

The Voice

The+Voice+6-51