Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 10 May 2009

ထောက်ခံကြေညာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်အား ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများမှ စုပေါင်း၍ သဘောတူညီကြကြောင်း ထောက်ခံကြေညာမှုအား အင်အားစုပေါင်း (၆၀) ခန့် မှ မေလ (၈) ရက်နေ့  နေ့ စွဲဖြင့် ထုတ်ပြန်ကြေညာပါသည်။

ယခုကဲ့သို့  ပြည်တွင်းပြည်ပအင်အားစုများ၏ နိုင်ငံတကာလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဆောင်ရွက်သည့် စုပေါင်းကြေညာချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်အား ထောက်ခံရန် သဘောတူညီကြသော နိုင်ငံရေးအင်အားစုများအားလုံးအား ဆက်လက်ဖိတ်ခေါ်လျက်ရှိပြီး အဆိုပါအဖွဲ့ အစည်းများ၏ အမည်များနှင့် ဆက်သွယ်ရန်လိပ်စာတို့ အား ထပ်မံ၍ ဖြည့်စွက် ဖေါ်ပြပေးသွားမည် ဖြစ်ပါသည်။
ဆက်သွယ်လိုသော အဖွဲ့ အစည်းများအနေဖြင့် Global Action for Burma (GAB) http://gab-burma.weebly.com/ သို့ လည်းကောင်း (သို့ မဟုတ်) -
စိုင်းမျိုးဝင်း (ပြည်ထောင်စုလူ့ အခွင့်အရေးကောင်စီ) ida0072@gmail.com
နန်းသီတာအေး (ဓနုအမျိုးသမီးအဖွဲ့ ) ntda.dwg@gmail.com သို့ လည်းကောင်း ဆက်သွယ်ရန် လေးစားစွာ အကြောင်းကြား ဖိတ်ခေါ်အပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်အား သဘောတူညီကြောင်း ကြေညာချက်နှင့် နိုင်ငံရေးအင်အားစုများ၏ အမညစာရင်းအား အသေးစိတ် ကြည့်ရှူနိုင်ပါသည်။

From - http://komoethee.blogspot.com/


Polishing away a big blemish

WEEKEND BRUNCH
Polishing away a big blemish
By Nophakhun Limsamarnphun
The Nation
Published on May 9, 2009

Anthony Brooke, a veteran in the Thai gem and jewellery industry, is trying really hard to alleviate the negative impact the US Tom Lantos Block Burmese JADE Act is having on local exports


Anthony Brooke, 49, deputy director for public relations of the Thai Gem and Jewellery Traders Association, is working alongside other associations and government officials to mitigate the negative impact of a US law banning Burmese gemstones on Thai exports.
A 28-year veteran in the industry with his own jewellery trading business in Thailand, Brooke says the US is currently one of the largest importers of Thai gems and jewellery, accounting for 13 to 25 per cent of total shipments over the last three years.

However, the US economic recession and recent enforcement of the Tom Lantos Block Burmese JADE (Junta's Anti-Democratic Efforts) Act has led to a 40-per-cent year-on-year plunge in Thai shipments in the first quarter of this year.

The Foreign Ministry is working closely with the association to help negotiate a review of the law, which was put into force in September last year, since it is having a negative impact on the export of Thai gems and jewellery to the American market.

"Besides the US economic recession, the export slump has been compounded by the ban on [Burmese] ruby," says Brooke, who also runs a gem and jewellery outlet in Bangkok.

Rubies and other Burmese gemstones account for about 20 per cent of the raw materials used by the Thai jewellery industry.

"There is also a big impact on employment in Thailand as many operators have had to lay off workers. Since last year, up to 100,000 people have lost their jobs, with significant losses in Mae Sot and other border towns where there used to be large numbers of gem-cutters, polishers etc," he adds.

According to Brooke, the industry in Thailand employs 1.1 million people, with more than 700,000 working in the upstream sector.

Exports of gems and jewellery totalled US$8 billion (Bt279 billion) in 2008, making the industry one of the country's top-three foreign-exchange earners.

"Though many members of our association have had to lay off staff [as a result of the export slump], they are still trying to keep as many skilled workers as possible.

"Given the Burmese-ruby ban [in the US market], there remains the negative impact on Thai exporters: there is no alternative source of raw materials yet," he says.

However, Chinese traders will gain, because they have become more active in buying rough gemstones from Burma such as rubies and jade as raw materials for domestic sales.

Brooke is concerned the European Union may also consider slapping a ban on Burmese gemstones in its vast market.

"This kind of economic sanction is similar to what the US did to Cuba, aiming for a regime change, but it has yet to see results after 47 years," he says.

In addition, the United States' Tom Lantos law is not consistent with the World Trade Organisation's provisions on the origin of products since Burmese gemstones used in Thai jewellery undergo substantial transformation and therefore should be regarded as Thai products.

In his opinion, the US law is aimed at punishing the Burmese junta but has in fact hurt underprivileged Burmese people working in the jewellery industry near the Thai border.

"Small Burmese gem-traders have decided to sell more rough gemstones to their government, which then auctions them off to foreign buyers. In other words, the ban has had an opposite effect.

"It is depressing the prices for small Burmese operators while the Chinese are gaining from the situation. Politically, the ban has pushed the Burmese regime closer to China, both economically and militarily," he says.

In coming years, however, China is expected to be the next big market for precious stones and jewellery due to its unrelenting economic growth and fast-expanding middle class. With the world's largest population at 1.3 billion, China will soon be trailing closely behind the US and European markets in terms of demand for gems and jewellery, he adds.

၂ဝ၁ဝ စိန်ခေါ်မှုများနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

မိုးမခ သတင်း

“- - သူနဲ့ ဒေါ်စုတို့ သက်ရှိ ထင်ရှား ရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူတဲ့ ညီညွတ်မှုတစ်ခုကို အရယူနိုင်တယ် - - ”

၂ဝဝ၉ခုနှစ်ရဲ့ ရက်တွေလတွေ တရွေ့ရွေ့ တိုက်စားလို့ ခရစ်နှစ် ၂ဝ၁ဝ ဆိုတာကို ချဉ်းကပ်လို့နေပါပြီ၊ မြန်မာ့နိုင်ငံရေး ၂ဝ၁ဝ ပန်းချီကားလည်း တဖြည်းဖြည်း ပီပီပြင်ပြင်ဖြစ်လို့လာနေပါပြီ၊ အချို့ နိုင်ငံရေး အကဲခပ်သမားများကတော့ နိုင်ငံအရေး ဆွေးနွေးစရာ အခင်းအကျင်း အသစ်တွေ ပေါ်ထွက်လာတော့မယ်၊ နိုင်ငံရေးပါတီများ အတွက် ပြောရေး ဆိုခွင့်တွေ ပိုမို ရရှိလာတော့မယ် စသည်ဖြင့် အကောင်းမြင် အတွေးများလည်း ရှိနေသလို အချို့ကလည်း ပေါ်ထွက်လာမယ့် နိုင်ငံရေးစနစ်သစ်ဟာ မြန်မာပြည်အတွက် စစ်အုပ်ချုပ်ရေးကို တရားဝင် အသက်သွင်းတဲ့ စနစ်ပါလို့ ဆိုကြ ပြန်ပါတယ်။ ဒီတော့ ၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်းအကျင်းအသစ်က ယူဆောင်လာနိုင်တဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ပတ်သက်လို့ Scenario လေးတစ်ခု ဖန်တီးပြီး တွေးကြည့်ကြရအောင်။

Xxx - - - - xxX

၂ဝ၁ဝ ပြည်ထောင်စုလွှတ်တော်

၂ဝ၁ဝပြည့်နှစ်အလွန်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ ပြည်ထောင်စု လွှတ်တော်ထဲက မြင်ကွင်း တစ်ခုပေါ့၊ ပြည်ထောင်စု လွှတ်တော်နာယကရဲ့ ရှေ့မှောက်မှာ ရွေးကောက် တင်မြောက်ခံ လွှတ်တော် အမတ်တစ်ဦးက ပြည်ထောင်စုအစိုးရ တင်ပြလာတဲ့ နှစ်စဉ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို အတည်ပြုပေးရမယ့် ကိစ္စအတွက် အရေးပါတဲ့ အစီရင်ခံစာ တစ်ခုကို တင်သွင်းနေပါတယ်၊ လွှတ်တော်အတွင်းက လူထု ကိုယ်စားလှယ်၊ တပ်မတော် ကိုယ်စားလှယ်များလည်း နားအစွင့်သားနဲ့ စိတ်ဝင်တစား နားထောင်နေကြပါတယ်။ အစီရင်ခံစာ တင်သွင်းတဲ့ ကိုယ်စားလှယ်က ဘာတွေ တင်ပြနေသလဲ ဆိုတော့ -

- “လွန်ခဲ့တဲ့ အနှစ် ၂ဝ အတွင်း အစိုးရ အသုံးစရိတ်များကို လေ့လာတဲ့အခါမှာ ကာကွယ်ရေးကဏ္ဍ အတွက် အသုံးစရိတ်ဟာ နှစ်စဉ် အစိုးရ အသုံးစရိတ် စုစုပေါင်းရဲ့ ၄ဝ% မှ ၅ဝ% အတွင်း ရှိနေတာကို လေ့လာ တွေ့ရှိရပါတယ်၊

- ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂ဝ ကာလတလျှောက်လုံး ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့ အစိုးရရဲ့ နှစ်စဉ် အသုံးစရိတ် သတ်မှတ်မှုဟာ အစိုးရအသုံးစရိတ် စုစုပေါင်းရဲ့ ၁% မှ ၂% အတွင်းသာ ရှိခဲ့ ပါတယ်၊

- အဲဒီ အသုံးစရိတ်ဟာ ကျန်းမာရေးကဏ္ဍမှာ အသုံးပြုရမယ့် ပမာဏရဲ့ ၁ဝ% မှ ၁၈% နဲ့သာ ညီမျှခဲ့ပြီး အသုံးပြုမှုကို လေ့လာတဲ့ အခါမှာလည်း ဆေးရုံ/ ဆေးခန်းများ ဆောက်လုပ်ခြင်း စတဲ့ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး အပိုင်းမှာ အားလုံး နီးပါး သုံးခဲ့တာ ဖြစ်ကြောင်း ထပ်တွေ့ရပါတယ်၊

- ဒါကြောင့် လိုအပ်နေတဲ့ ၈၂% မှ ၉ဝ%သော ကျန်းမာရေးကဏ္ဍ အသုံးစရိတ်တွေ အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးမှု အကူအညီ ပေးရေး အဖွဲ့ အစည်းများနဲ့ လူထုရဲ့ ကိုယ်ပိုင် စုဆောင်းငွေများ အပေါ်မှာသာ အမှီပြု ဆောင်ရွက်ခဲ့ရတာ တွေ့ရပါတယ်၊

- ဒီငွေများနဲ့ လိုအပ်နေတဲ့ ဆေးရုံ ဆေးခန်းများအတွက် လူထု ကျန်းမာရေး ကုသမှု အသုံးစရိတ်၊ ကာကွယ်ဆေးထိုးလုပ်ငန်းလို လူထု ကျန်းမာရေး မြင့်တင်မှုလုပ်ငန်းများ အတွက် အသုံးစရိတ်၊ HIV/ AIDS နဲ့ တီဘီရောဂါ စီမံချက်များလို ရောဂါဘေး ကာကွယ် တားဆီးမှု လုပ်ငန်းများ အသုံးစရိတ်၊ ဆေးသုတေသန လုပ်ငန်းများအတွက် အသုံးစရိတ်နဲ့ လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ အသုံးစရိတ်များကို အထောက်အပံ့ ပေးနေခဲ့ရပါတယ်၊

- ကျန်းမာရေးကဏ္ဍ အသုံးစရိတ်များ ပြည်ပ အထောက်အပံ့ကို အထူး မှီခိုနေခဲ့ရတဲ့အတွက် ပြည်သူ့ ကျန်းမာရေး လုပ်ငန်းတွေလို လုပ်ငန်းတွေမှာ ဆောင်ရွက်သင့်သလောက် မဆောင်ရွက်နိုင်တဲ့အပြင် ၂ဝဝ၅ခုနှစ် မှာ Global Fund အဖွဲ့ရဲ့ ထောက်ပံ့မှုဖြတ်တောက်ခံရစဉ်က ပြည်သူ့ကျန်းမာရေးမှာ အဓိကပြဿနာ ကြီး (၃)ခုဖြစ်တဲ့ HIV/AIDS၊ တီဘီနဲ့ ငှက်ဖျားရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများအတွက် အထူး စိုးရိမ်စရာ အခြေအနေများ ကြုံတွေခဲ့ရတာ အားလုံးသိကြမှာ ဖြစ်ပါတယ်၊

- ယခု ပြည်ထောင်စုအစိုးရက တင်ပြလာတဲ့ အရအသုံး ခန့်မှန်းခြေငွေစာရင်းကို လေ့လာကြည့်တဲ့ရာမှာ ယခင် အနှစ် (၂ဝ)ကာလရဲ့ လျာထားသုံးစွဲမှုပုံစံအတိုင်း ဖြစ်နေပြန်တာ တွေ့ရပါတယ်၊

- ကျန်းမာရေးဟာ လူထုအတွက် အခြေခံလိုအပ်ချက် တစ်ခု ဖြစ်တာကြောင့် ယခု ပြည်ထောင်စု အစိုးရရဲ့ အရအသုံး ခန့်မှန်းခြေငွေစာရင်းမှာ ကာကွယ်ရေးကဏ္ဍ အသုံးစရိတ် သတ်မှတ်မှုကို နဲနဲလျော့ကာ ၃ဝ% သာ ထားပြီး ကျန်းမာရေးကဏ္ဍအတွက် ၁ဝ% သတ်မှတ်မယ်ဆိုရင် လက်ရှိ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်များ အတွက် အတော် ပြည့်စုံသွားစေမှာဖြစ်ပါတယ်၊

- ဒါကြောင့် ပြည်ပ အထောက်အပံ့များကို ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးဖို့ အတွက် လိုအပ်တဲ့ နေရာများမှာ ရယူ အသုံးချသွားနိုင်ကြောင်း၊ ကျန်းမာတဲ့ မိသားစုဘဝကို ပိုမို ပိုင်ဆိုင်လာကြတဲ့ နိုင်ငံသားများ အနေနဲ့ မိသားစု စုဆောင်းငွေ ပိုရှိလာကြမယ်၊ စုဆောင်းငွေကို အခြား လိုအပ်တဲ့ကဏ္ဍတွေမှာ ပိုသုံးလာနိုင် ကြမယ်ဆိုရင် တိုင်းပြည်လည်း ပိုမို ဖွံ့ဖြိုးတိုးတက် လာစေမှာဖြစ်ပါတယ်” စသည်ဖြင့် ကျန်းမာရေး ကဏ္ဍနဲ့ တိုင်းပြည်တစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ဆက်စပ်ကာတင်ပြရင်း ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ် ပိုမိုလျာထားဖို့ စည်းရုံးပြောဆိုသွားပါတယ်။

ဒီတင်ပြမှုအပြီးမှာ ပြည်ထောင်စုလွှတ်တော်နာယကမှ အထွေထွေဆွေးနွေးဖို့ သတ်မှတ်ထားတဲ့ အစီအစဉ် အတိုင်း လမ်းဖွင့်ပေးလိုက်ပါတယ်။ ထောက်ခံဆွေးနွေးသူ အတော်များပါတယ်၊ ကြည့်လိုက်တော့လည်း လူထုက ရွေးကောက် တင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတာကို တွေ့ရပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် စေလွှတ်ပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကတော့ -

“လူထုရဲ့ ကျန်းမာရေး အခြေအနေ ပိုမို တိုးတက်ကောင်းမွန်လာစေဖို့၊ နိုင်ငံတော် ပိုမို ဖွံ့ဖြိုးတိုးတက် လာစေဖို့ တင်ပြဆွေးနွေးသွားတာ ဖြစ်လို့ ဂုဏ်ယူပါကြောင်း၊ လေးစားပါကြောင်း၊ ဒါပေမယ့် ကိုယ်စား လှယ်ကြီးများကို အသိပေးလိုတဲ့ အချက်တစ်ခု ရှိပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း(၁)၊ ပုဒ်မ (၂ဝ) အပိုဒ်(ခ)မှာ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိသည် လို့ ဖေါ်ပြထားကြောင်း၊ ယခုကိုယ်စားလှယ်ကြီး တင်ပြလာတဲ့ ကိစ္စဟာ ဒီအချက် နဲ့ ငြိနေကြောင်း၊ ဝိုင်းဝန်း စဉ်းစားကြဖို့ လိုကြောင်း” စသည်ဖြင့် ဆွေးနွေးသွားပြန်ပါတယ်။

တပ်မတော် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များမှ နှစ်ဦးကလည်း ဒီအချက်ကို ထောက်ခံဆွေးနွေး သွားပြန်ပါတယ်။ ကျန်တဲ့ တပ်မတော် ကိုယ်စားလှယ်များကတော့ ငြိမ်ချက်သား ကောင်းနေကြပါတယ်။ စီးပွားရေး လုပ်ငန်းတွေ နောက်ခံရှိကြတဲ့ လုပ်ငန်းရှင် လွှတ်တော် ကိုယ်စားလှယ်ကြီးများကတော့ တပ်မတော် ကိုယ်စားလှယ်ကြီးများနဲ့ ထိပ်တိုက် မတွေ့လိုတဲ့သဘော ရေငုံနှုတ်ပိတ်ကာ ဘာမှတ်ချက်မှ မပေးကြပါဘူး။ ဆွေးနွေးချိန်သာ ကုန်သွားပါတယ်၊ နိုင်ငံတော် သမ္မတက တဆင့် ပြည်ထောင်စု အစိုးရက တင်ပြလာတဲ့ နှစ်စဉ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို ဆုံးဖြတ်ပေးနိုင်ဖို့အရေး တိကျတဲ့ အဖြေတစ်ခု ထွက်မလာတဲ့အတွက် အဆုံးမှာတော့ ပြည်ထောင်စု လွှတ်တော် နာယကကြီးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၄)၊ ပုဒ်မ ၈၆ (က)ပါ အချက်အရ ပြည်ထောင်စု လွှတ်တော်မှာ ဆန္ဒမဲပေး ဆုံးဖြတ်ကြဖို့ ကြေညာလိုက်ပါတော့တယ်။

“ - - - လုပ်ငန်းရှင် လွှတ်တော် ကိုယ်စားလှယ်ကြီးများကတော့ တပ်မတော် ကိုယ်စားလှယ်ကြီးများနဲ့ ထိပ်တိုက် မတွေ့လိုတဲ့သဘော ရေငုံနှုတ်ပိတ်ကာ ဘာမှတ်ချက်မှ မပေးကြပါဘူး - - ”

လူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် (၄၉၈)ဦးနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ရွေးချယ် စေလွှတ်ပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် (၁၆၆)ဦး၊ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် (၆၆၄)ဦး ရှိတဲ့၊ နိုင်ငံတော်ရဲ့ ဥပဒေပြုအာဏာ အရာမှာ အမြင့်ဆုံး အဆင့် ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကြီးက အခြေခံဥပဒေ အခန်း (၄)၊ အပိုဒ် ၁ဝ၃ (င) မှာ ဖေါ်ပြ ပေးအပ်ထားတဲ့ အခွင့်အာဏာကို အသုံးပြုပြီး ပြည်ထောင်စုအစိုးရရဲ့ နှစ်စဉ် အရအသုံး ခန်းမှန်းခြေ ငွေစာရင်းမှာ ကျန်းမာရေး အသုံးစရိတ်ကို နဂိုတင်ပြစဉ်အတိုင်း ၂% ထားမှာလား၊ ကာကွယ်ရေး အသုံးစရိတ်ကို လျော့ပြီး ကျန်းမာရေးစရိတ်ကို ၁ဝ% ထားမှာလား ဆိုတာ မဲခွဲဆုံးဖြတ် လိုက်တဲ့ အခါမှာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ၇၈%က ကျန်းမာရေးစရိတ်ကို ၁ဝ% ထားဖို့ သဘောတူတဲ့ အဖြေ တစ်ခု ထွက်လာပါတော့တယ်။ ပေါ်ထွက်လာတဲ့ ထောက်ခံမှု ရာခိုင်နှုန်းကို ကြည့်ရင် တပ်မတော် ကိုယ်စားလှယ် အချို့လည်း ထောက်ခံမှုမှာ ပါဝင်ကြောင်း အထင်အရှား သိနိုင်တာမို့ လူထုက ရွေးချယ် တင်မြောက်ပေးလိုက်တဲ့ ကိုယ်စားလှယ်များ အတွင်းမှာ အထူးကို ဝမ်းသာကြေနပ် ပီတိဖြစ်နေကြတာပေါ့။

Defult ခလုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်

အဲဒီ ပီတိတွေ ကြာကြာမခံလိုက်ပါဘူး၊ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ အတည်ပြုချက် ရေးသား ပြင်ဆင်နေချိန်မှာ ကာကွယ်ရေး ဦးစီးချုပ်ထံမှ လွှတ်တော် နာယကကြီးထံ စာတစ်စောင် ဝင်လာပါတယ်။ ယခုအတည်ပြုချက် တောင်းခံထားတဲ့ အစိုးရရဲ့ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းမှာ ကာကွယ်ရေးကဏ္ဍ အသုံးစရိတ်ကို လျှော့လိုက်ရင် တပ်မတော်အတွက် စီစဉ် ဆောင်ရွက်ရန် ပြင်ဆင်ထားသည့် လုပ်ငန်းများမှာ ထိခိုက် နှောင့်နှေးသွားစေမှာ ဖြစ်ပြီး အခြေခံဥပဒေရဲ့ အခန်း(၁)၊ ပုဒ်မ (၂ဝ) အပိုဒ်(ခ)တွင် ဖေါ်ပြထားချက်နဲ့လည်း မကိုက်ညီရာလည်း ရောက်ကြောင်း၊ ဒီအတွက်ကြောင့် ကာကွယ်ရေး ကဏ္ဍအသုံးစရိတ် လျော့ချခြင်းကို လက်မခံနိုင်ပါကြောင်းနဲ့ ကျန်းမာရေးကဏ္ဍ အတွက် လိုအပ်ချက်ကို အခြားနည်းလမ်းများနဲ့ လွှတ်တော်မှာ အဖြေရှာကြရန် ရေးသားထားပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာ ပြည်ထောင်စု လွှတ်တော် နာယကကြီးထံ ကာကွယ်ရေး ဦးစီးချုပ်ထံမှ စာတစ်စောင် ထပ်ဝင်လာပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် စေလွှတ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အနက်မှ (၁ဝ)ဦးကို ပြောင်းလဲ တာဝန်ပေးအပ်တဲ့ အကြောင်းပါ။

Xxx - - - - xxX

ဇာတ်လမ်းကတော့ ဒီမျှသာ ဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ပြီးတဲ့နောက် မြင်ယောင်မိတဲ့ အတွေး မြင်ကွင်းတစ်ခုပါ။ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တစ်ခုကို ဆွဲထုတ်လို့ တွေးမိတာ ဖြစ်ပါတယ်၊ အင်မတန် အရေးကြီးတဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကြောင်းအရာတွေသာ တွေးမိရင် ဒီ Scenario ထဲမှာ မအောင်မြင်တဲ့ အဆိုပြုမှုတွေ၊ အဆိုပြုမှုအောင်မြင်သော်လည်း ရှုံးနိမ့်သွားတဲ့ မဲခွဲဆုံးဖြတ်မှုတွေ၊ မဲခွဲ ဆုံးဖြတ်မှုအောင်မြင်သော်လည်း အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့ လူထုဆန္ဒခံယူပွဲတွေ၊ လူထုဆန္ဒခံယူပွဲ အောင်မြင်သော်လည်း ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အာဏာသိမ်းမှုတွေနဲ့ စာမျက်နှာ အတော်စားသွားပါလိမ့်မယ်။ ထူးခြားတာ တစ်ခုတော့ မြင်သာထင်သာ ဖြစ်လာပါလိမ့်မယ်၊ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ အာဏာတည်ပြီးတဲ့နောက်ပိုင်း စစ်တပ်က အာဏာသိမ်းမှုများဟာ အခြေခံဥပဒေပါ အခွင့်အာဏာအရ လုပ်တဲ့ အာဏာသိမ်းမှုများ ဖြစ်လာမှာကြောင့် ယနေ့ခေတ် နဝတ၊ နအဖ တို့လို ကြုံတွေ့နေရတဲ့ တရားဝင်မှု Legitimacy ပြဿနာမျိုး အဲဒီခေတ် စစ်အစိုးရတွေ ရင်ဆိုင်စရာ မရှိနိုင်တော့ပါ။ ဒီအတွက်ကြောင့် အတိုက်အခံများက စင်ပြိုင်အစိုးရဖွဲ့စည်းတာ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ကန့်ကွက်ဖယ်ရှားဖို့ ကြိုးစားတာတွေဟာ နောင်လာမည့် နိုင်ငံရေးစင်မြင့်မှာ မြင်တွေ့စရာ မရှိတော့ပါဘူး။

“ - - စစ်တပ်က အာဏာသိမ်းမှုများဟာ အခြေခံဥပဒေပါ အခွင့်အာဏာအရ လုပ်တဲ့ အာဏာသိမ်းမှုများ ဖြစ်လာမှာကြောင့် ယနေ့ခေတ် နဝတ၊ နအဖ တို့လို ကြုံတွေ့နေရတဲ့ တရားဝင်မှု Legitimacy ပြဿနာမျိုး အဲဒီခေတ် စစ်အစိုးရတွေ ရင်ဆိုင်စရာ မရှိနိုင်တော့ပါ - -”

ဒီအတွေးထဲက ရလိုက်တဲ့ သင်ခန်းစာက အဲဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ကာကွယ်ရေးဦးစီးချုပ် အတွက် Defult ခလုပ်ကလေးတွေ တပ်ထားတာ တွေ့လိုက်ရပါတယ်။ ကွန်ပြူတာသုံးနေရင်းနဲ့ setting တွေ မကြိုက်တော့ ဘူးဆိုရင် နဂို စက်ရုံထုတ် setting အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးတဲ့ ခလုပ်လေး တွေလိုပေါ့။

ရင်နင့်စရာ ဖြတ်သန်းမှုတစ်ခု

တကယ်တော့ အဲဒီ Default ခလုပ်များ၊ တနည်းအားဖြင့် လူထိုယ်စားလှယ်များရဲ့ဆန္ဒ မည်သို့ပင်ဖြစ်စေ ကာကွယ်ရေီးးစီးချုပ်ဆိုသူ လူတစ်ဦးရဲ့ ဆန္ဒအတိုင်း ဖြစ်စေဖို့ စီမံထားတဲ့ ဖွဲ့စည်းပုံဥပဒေပါ ချက်များကို အတိုက် အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပက ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံးက သတိပြုမိကြလို့ ၂ဝဝ၈ လူထု ဆန္ဒခံယူပွဲမှာ ဆန္ဒမဲ သွားမပေးကြဖို့၊ ကန့်ကွက်မဲ ပေးကြဖို့ ဆော်သြ ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဖွဲ့စည်းပုံဥပေဒနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ၂ဝဝ၈ခုနှစ်၊ မတ်လအတွင်းမှာ အချက်(၅) ချက်ပါတဲ့ အဆိုပြုချက် တစ်ရပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးခဲ့ပါသေးတယ်။ သူ့ရဲ့ အထူးသံတမန် ဂမ်ဘာရီအတွက် မြန်မာပြည်မှာ ရုံးစိုက် ဆောင်ရွက်ခွင့်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့၊ တိတိကျကျ ဖေါ်ပြထားတဲ့ အချိန် ဘောင်တစ်ခုအတွင်းမှာ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးဖို့၊ အခြေခံဥပဒေမူကြမ်း ရေးဆွဲမှုကို NLD အပါအဝင် ၂ဝဝ၄ခုနှစ် အမျိုးသားညီလာခံမှာ မပါဝင်နိုင်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များနဲ့အတူ ပြန်လည်သုံးသပ် ရေးဆွဲဖို့၊ စီးပွားရေး၊ လူမှုရေးနဲ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ဆွေးနွေး နိုင်ရေးအတွက် အမျိုးသား စီးပွားရေး ဖိုရမ်တစ်ခု တည်ထောင်ဖို့ စတဲ့ အချက်(၅)ချက် ဖြစ်ပါတယ်။ နအဖ က ဒီ အဆိုပြုချက်များ အားလုံးကို လက်မခံခဲ့ပါဘူး၊ လူထုဆန္ဒခံယူပွဲကို နည်းမျိုးစုံနဲ့ အထမြောက်အောင် လုပ်ခဲ့ပြီး ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုဖြစ်သွားအောင် ဆောင်ရွက်ခဲ့တာ အားလုံး သိပြီးဖြစ်ပါတယ်။

NLD ဟာ နအဖက အခြေခံဥပဒေရေးဆွဲဖို့ စီစဉ်ပေးခဲ့တဲ့ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံမှာ ပူးပေါင်း ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ၁၉၉၆ ခုနှစ် ဆဋ္ဌမ အကြိမ်မြောက် အစည်းအဝေးမှာတော့ ဒီညီလာခံရဲ့ ဆောင်ရွက်မှုများဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူး၊ ဖွဲ့စည်းပုံရေးဆွဲမှုမှာ နအဖ အလိုကျ ရေးဆွဲနေရပြီး ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို လစ်လှူရှုနေတယ်။ ဒီတော့ အမျိုးသားညီလာခံက ပြဌာန်းပေးမယ့် အခြေခံဥပဒေမူကြမ်းဟာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ်ပေးမယ့် အရာတစ်ခု ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုပြီး ထောက်ပြခဲ့ပါတယ်။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ဒီမိုကရေစီ နည်းလမ်း မကျတဲ့ ဖွဲ့စည်းပုံ ဥပဒေရဲ့ သမိုင်းတရားခံ ဖြစ်တော့မှာမို့ နအဖက ညှိနိုင်း ဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ မရတဲ့အဆုံး ညီလာခံကို မတက်ရောက်ဘဲ ဆန္ဒပြခဲ့ပါတယ်။ ဒါပေမယ့် နအဖကလည်း ညှိနိုင်းဖို့ မကြိုးစားဘဲ ညီလာခံ (၂)ရက် ပျက်ကွက်ရင် ညီလာခံက ရာသက်ပန် ထုတ်ပယ်ပြီးသား ဖြစ်တယ်လို့ အဲဒီအချိန်က ညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွန့်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ၂ဝဝ၄ခုနှစ် ညီလာခံပြန်စတော့လည်း ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။ တကယ်တန်းတော့ NLD လိုပဲ တိုင်းရင်းသား ပါတီများကလည်း ဒီအချက်များကို ညွန်ပြ ထောက်ပြခဲ့ကြပြီးသားပါ။ ဘယ်လိုမှ လုပ်မရတဲ့အဆုံးသပ် ရလဒ်ကတော့ ဒီနေ့မြင်တွေ့နေရတဲ့ ဒီမိုကရေစီ နည်းလမ်း မကျတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။

နည်းလမ်းရှာဖို့ လိုအပ်

မည်သို့ပင်ဖြစ်စေ ၉၂%ထောက်ခံနဲ့ အတည်ပြုထားပါပြီဆိုတဲ့ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးက ကျနော်တို့ ရှေ့မှာ ရောက်နေပါပြီ၊ ဒီဖွဲ့စည်းပုံအရ ဆောင်ရွက်မယ့် အထွေထွေ ရွေးကောက်ပွဲဆိုတာလည်း ၂ဝ၁ဝမှာ ကြုံတွေ့ရ ပါတော့မယ်။ ရှောင်လွဲလို့တော့ မရနိုင်တဲ့အရာ၊ မဖြစ်မနေ ဖြတ်သန်းရမယ့် အရာတစ်ခု ဖြစ်လာနေပါပြီ။ ယခုလက်ရှိ အခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီဆောင်းပါးအစပိုင်းက Scenario အတိုင်း မြင်တွေ့လာရဖို့ကတော့ ဧကန်မုချ ဖြစ်နေပါတယ်။

လက်ရှိအခြေအနေက အပြောင်းအလဲ တစ်ခု ဖန်တီးနိုင်ဖို့ NLD က ကြိုးစားချက်တစ်ခုကို မကြာမှီက ပေါ်ထွက်လာခဲ့ပါတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းပါ။

- အဖွဲ့ချုပ် ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရင်၊

- ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များ ကို ပြင်ဆင်ပေးရင်၊

- အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုရင်

၂ဝ၁ဝရွေးကောက်ပွဲမှာ ပါဝင်ဖို့ ရည်ရွယ်ကြောင်း ဖေါ်ပြထား ပါတယ်။ အဓိက အကျဆုံးဖြစ်တဲ့ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့အတွက်လည်း နအဖအတွက် ရှဥ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ အခြေအနေ တစ်ရပ် ဖန်တီးပေးထားတာ တွေ့ရပါတယ်။

တွေ့ဆုံဆွေးနွေးရေး

NLD က အဆိုပြု ထားတဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ် (၄)ချက်ကို ကြည့်ရင် ၂ဝဝ၈ခုနှစ် အခြေခံဥပဒေမှာ ပြင်ဆင်လိုသည့် အချက်များနဲ့ ပတ်သက်လို့ အပြန်အလှန် လေးစားမှုနှင့် အမျိုးသား ပြန်လည်သင့်မြတ်မှုကို အခြေခံ ထားကာ အဆုံးအဖြတ်ပေးနိုင်သူများအကြား ညှိညှိနိုင်းနိုင်း ဆွေးနွေး သုံးသပ် ပြင်ဆင်ကြမယ်။ ဆွေးနွေးပွဲမှ ထွက်ပေါ်လာမယ့် ရလဒ်တွေကို ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့ လွှတ်တော်မှာ အတည်ပြုချက် ရယူကြမယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် နအဖအနေနဲ့ မိမိရေးဆွဲထားတဲ့ ဥပဒေကို လေးစားလိုက်နာကြပြီး ဆောင်ရွက်ပေးရန် ကျန်ရှိတဲ့ တာဝန်တစ်ရပ်လည်း ပြီးစီးသွားစေမှာ ဖြစ်ပါတယ်။ ဒီနောက် ပြည်သူ့လွှတ်တော်က အတည်ပြု သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေး လမ်းကြောင်းအတိုင်း သက်ဆိုင်သူများ အားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက် ဖော်ဆောင်သွားဖို့ အဆိုပြုထားပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် စေတနာနဲ့ လုပ်နေတာဆိုရင် နအဖ အနေနဲ့ ဒီအဆိုပြုချက်တွေအပေါ် မလိုက်လျောနိုင်တဲ့ အချက် တစ်ခုမှ မတွေ့မိပါဘူး။ ဒီတင်ပြချက်ဟာ နအဖရဲ့ လမ်းပြမြေပုံ (၇)ချက်ကို အတိမ်းအစောင်း မဖြစ်စေပဲ ဥပဒေအရ သူလုပ်ပေးဖို့ ကျန်နေတဲ့ တာဝန်များကို လမ်းပြမြေပုံ အဆင့် (၄)ဖြစ်တဲ့ လူထုဆန္ဒခံယူပွဲနဲ့ အဆင့်(၅) အထွေထွေ ရွေးကောက်ပွဲ အကြားမှာ ဆောင်ရွက်ဖြစ် သွားအောင်၊ လက်ရှိ ဖွဲ့စည်းပုံဥပဒေကိုလည်း ဒီမိုကရေစီ နည်းလမ်းကျတဲ့ ဖွဲ့စည်းပုံ ဥပဒေ တစ်ခု ဖြစ်အောင်၊ လူထု အတွက် လိုအပ်နေတဲ့ အပြောင်းအလဲတစ်ခုကို နအဖက သိက္ခာရှိရှိ၊ အချိန်မှီမှီ ဆောင်ရွက်ပေးနိုင်အောင် လမ်းစ ဖွင့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

“- - သူနဲ့ ဒေါ်စုတို့ သက်ရှိ ထင်ရှား ရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူတဲ့ ညီညွတ်မှုတစ်ခုကို အရယူနိုင်တယ် - - ”

NLD အတွက် စိမ်ခေါ်ချက်များ

ယနေ့ နိုင်ငံရေးအကြပ်အတည်းကို ပြပါဆိုရင် ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်ပါတယ်။ ရွှေဂုံတိုင် ကြေညာ စာတမ်းရဲ့ အချက်အခြာ အကျဆုံးက တွေ့ဆုံဆွေးနွေးရေး အဆိုပြုချက်(၄)ချက်က ဒီ အကြပ်အတည်းကို ဖြေရှင်းဖို့ အကောင်းဆုံး ကြိုးပမ်း အားထုတ်မှုတစ်ခုလို သတ်မှတ်နိုင်ပါတယ်။ ဆွေးနွေးကြဖို့ အစဉ်တစိုက်တောင်းဆိုနေတဲ့ NLD ရဲ့ ထပ်မံ ကြိုးပမ်းမှုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီလို ကြိုးပမ်းအားထုတ်မှုများကို စိမ်ခေါ် နေတဲ့အချက်များ ရှိနေပါတယ်။

ပထမဆုံးစိမ်ခေါ်မှုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဆွေးနွေးပွဲ ကြိုတင် သတ်မှတ်ချက် (၃)ခုပါ။ တွေ့ဆုံ ဆွေးနွေးဖို့ ကိစ္စကို အမြဲ လစ်လျှုရှုနေတဲ့ နအဖ ခေါင်းဆောင်ကြီးက ၂ဝဝ၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုများ ခံစားလာရတဲ့အခါမှာတော့ ကုလသံတမန် ဂမ်ဘာရီကို

- ဒေါ်စုသည် ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အလုံးစုံ ပျက်သုဉ်းရေး ဆောင်ရွက်ခြင်း၊

- မြန်မာနိုင်ငံအပေါ် ပိတ်ပင်တားဆီးမှုများကို အားပေးထောက်ခံခြင်းများကို

မလုပ်တော့ဘူးပြောရင် တွေ့ဆုံမယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ပိတ်ဆို့ တားဆီးမှုများကို ဒေါ်စုက အားပေး ထောက်ခံတာ အားလုံးသိပါတယ်။ ထိပ်တိုက် ရင်ဆိုင်ရေးနဲ့ အလုံးစုံ ပျက်သုဉ်းရေးဆိုတဲ့ ကိစ္စများ မှာတော့ ဝိဝါဒ ကွဲစရာတွေ အများကြီး ရှိပါတယ်။ ဒါတွေကို အသာထားလို့ ကြိုတင်သတ်မှတ်ချက်များကို ပြန်စဉ်းစားမယ်ဆိုရင် မဆွေးနွေးချင်လို့ ညစ်ထားတဲ့ ကိစ္စတစ်ခုလို အထင်အရှား မြင်နိုင်ပါတယ်။ လက်တွေ့ စဉ်းစားကြည့်ရင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကျိုးရှိစေမယ့်ရလဒ်တစ်ခု ထွက်လာတာနဲ့ တပြိုင်နက် ဒီအချက်(၃) ချက်ဟာ ဘယ်ဖက် ကမှ စဉ်းစားစရာ မလိုတော့တဲ့ အရာများပင်ဖြစ်ပါတယ်။ NLD ရဲ့ ကြိုတင် သတ်မှတ်ချက် ဘာမှမရှိတဲ့ ဆွေးနွေးပွဲ စတင်ဖို့နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဆွေးနွေးပွဲ ကြိုတင် သတ်မှတ်ချက်တို့ ထိပ်တိုက်တွေ့မှုကို ညှိပေးမယ့် ကြားခံ ကောင်းကောင်း တစ်ယောက် လိုပါလိမ့်မယ်။ အထူးသဖြင့် ဗိုလ်သန်းရွှေကို သြဇာညောင်းတဲ့သူ တစ်ဦး/တစ်ဖွဲ့ပေါ့။

ဒုတိယ စိမ်ခေါ်မှုက ယုံကြည်မှု ပေါ်ပေါက်ရေးပါ။ ပြောချင်တာက ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့နောက်လိုက်များရဲ့ နိုင်ငံရေး ပါတီများနဲ့ ပါတီစုံ ဒီမိုကရေစီစနစ် အပေါ် ယုံကြည်မှုကို ဆိုလိုပါတယ်။ သူတို့တစ်သိုက်ရဲ့ ယုံကြည်မှု ကင်းမဲ့နေကြပုံကို အနီးစပ်ဆုံး ဥပမာပြရရင်တော့ (၆၄)ကြိမ်မြောက် တပ်မတော်နေ့မှာ ပြောခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် မိန့်ခွန်း ဖြစ်ပါတယ်။ YMBA, BCBA နဲ့ ဒို့ဗမာ အစည်းအရုံးကစ ပြည်သူ့ရဲ့ဘော်၊ ဗမာပြည်ကွန်နစ်ပါတီအလယ်၊ ဖဆပလနဲ့ ပထစအဆုံး အကွဲအပြဲများနဲ့သာ အပြည့် ဖြစ်ကြောင်း အစချီလို့ နိုင်ငံရေးပါတီများကို အယုံအကြည် မရှိဖို့၊ အထင်မကြီးဖို့နဲ့ နိုင်ငံ့အရေးဆိုတာ တပ်မတော်သားတွေကသာ လုပ်ပေးနိုင်တဲ့အရာ ဖြစ်တယ် ဆိုပြီး တပ်မတော်သားတွေကို စည်းရုံး လှုံ့ဆော်တဲ့ မိန့်ခွန်းတစ်ခု ဖြစ်ပါတယ်။

သူ မယုံကြည်ရုံတင်မက တပ်မတော် တစ်ခုလုံးကပါ အယုံ အကြည် မရှိအောင် လုပ်နေတာကတော့ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်ရဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် ရင်လေးစရာ အပြည့်ပဲ ဖြစ်ပါတယ်။ ဆွေးနွေးရေးကို လက်မခံတာ၊ အခြေခံဥပဒေမှာ ကာကွယ်ရေးဦးစီးချုပ်က ထိန်းချုပ်နိုင်တဲ့ ခလုပ်တွေ အဆင့်တိုင်းမှာ ထည့်ထားတာတွေဟာ သူ့ရဲ့ မယုံကြည်မှုတွေကို ပြသနေတာပဲ ဖြစ်ပါတယ်။ ယုံကြည်မှု မပေါ်ပေါက်သရွေ့ ယုံကြည်မှု မတည်ဆောက်နိုင်ပါဘူး။

ဗိုလ်ချုပ်မှူးကြီး သဘောပေါက် ယုံကြည်ရမှာက ဒီနေ့ ဒီအခါလောက် ကောင်းတဲ့ အခွင့်ရေး မရှိဘူး ဆိုတာပါ။ ဆိုလိုတာက သူ တပ်ကိုပိုင်သလို ဒေါ်စုနောက်မှာ လူထုကြီး ရှိပါတယ်။ သူနဲ့ ဒေါ်စုတို့ သက်ရှိ ထင်ရှား ရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်း ဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူတဲ့ ညီညွတ်မှုတစ်ခုကို အရယူနိုင်တယ်၊ နိုင်ငံ ဖွံ့ဖြိုးရေးကို အစွမ်းရှိသလောက် လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ လူထုက မျှော်မှန်း တမ်းတနေတာလည်း ဒီအချက်ပဲ ဖြစ်ပါတယ်။

“- - - ယုံကြည်မှု ကင်းမဲ့နေကြပုံကို အနီးစပ်ဆုံး ဥပမာပြရရင်တော့ (၆၄)ကြိမ်မြောက် တပ်မတော်နေ့မှာ ပြောခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် မိန့်ခွန်း ဖြစ်ပါတယ်။ - - - - - နိုင်ငံရေးပါတီများကို အယုံအကြည် မရှိဖို့၊ အထင်မကြီးဖို့နဲ့ နိုင်ငံ့အရေးဆိုတာ တပ်မတော်သားတွေကသာ လုပ်ပေးနိုင်တဲ့အရာဖြစ်တယ်ဆိုပြီး တပ်မတော်သား တွေကို စည်းရုံးလှုံဆော်တဲ့ မိန့်ခွန်းတစ်ခု ဖြစ်ပါတယ် - - ”

တတိယ စိမ်ခေါ်မှုက NLD နဲ့ လူထုအကြား ဆက်သွယ် ဆက်ဆံရေးကဏ္ဍ ဖြစ်ပါတယ်။ ယနေ့ နအဖက NLD ကို ခြေဖြတ်၊ လက်ဖြတ် လုပ်ထားတဲ့အပြင် ပါးစပ်ကိုပါ အဝတ်နဲ့ ဆို့ထားတာ အားလုံး သိကြပါတယ်။ ဒါပေမယ့် ယခုလာတော့မယ့် အချိန်ကာလတွေမှာတော့ NLD နဲ့ လူထုအကြား ဆက်သွယ် ဆက်ဆံရေး လမ်းကြောင်းတွေ၊ မီဒီယာတွေ ယခု အခြေအနေထက် အများကြီး ကောင်းဖို့ လိုပါလိမ့်မယ်။ အနှစ် (၂ဝ) ကျော်ကြာလာတဲ့ တိုက်ပွဲအတွင်း လူထုအတွင်းမှာ အားမလို အားမရမှုတွေ ရှိနေတဲ့အပြင် ခေါင်းဆောင် မဲ့နေသလို ခံစားနေကြရသူတွေ ရှိနေပါတယ်။ အခက်အခဲတွေ ကြားက အကောင်းဆုံးဖြစ်မယ့် ဆက်သွယ် ဆက်ဆံရေး နည်းလမ်းများ တီထွင် ကြံဆရပါမယ်။ NLD လူထုထံ ချပြစရာတွေ၊ ချပြသင့်တာတွေကို လူထုထံ အရောက်ပို့နိုင်ဖို့ လိုပါလိမ့်မယ်။

စတုတ္ထ စိမ်ခေါ်မှုက အချိန်ပါ။ ၂ဝ၁ဝဆိုတာ ခဏလေးနဲ့ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ယခုတည်းက NLD တောင်းဆိုချက်များအတွက် ဖြစ်လာနိုင်ခြေ အားလုံး တွက်ဆပြီး Contingency plan များ ရေးဆွဲ ချမှတ်ထားမှ နအဖရဲ့ လှုပ်ရှားမှုများနဲ့ ထပ်ချပ်မကွာ လိုက်နိုင်မှာ ဖြစ်ပါတယ်။ နအဖက ဒီမိုကရေစီရေး လုပ်ငန်းတိုင်းမှာ အချိန် ဇယားကို ရည်ရွယ်ချက် ရှိရှိနဲ့ ဖျောက်ထားပြီး အလုပ်လုပ်နေတာပါ။ ၂ဝဝ၈ဆန္ဒခံယူပွဲတုန်းက ဖွဲ့စည်းပုံဥပဒေကို လေ့လာချိန် ကောင်းကောင်းမရနိုင်အောင် ဆောင်ရွက်ခဲ့တာလည်း သတိချပ်ဖို့လိုပါမယ်။ ယခုလည်း NLD ကို ပြင်ဆင်ချိန် မရနိုင်အောင် အချိန်တွေကို ကစားပါဦးမယ်။

“ - - - နအဖက ဒီမိုကရေစီရေး လုပ်ငန်းတိုင်းမှာ အချိန် ဇယားကို ရည်ရွယ်ချက် ရှိရှိနဲ့

ဖျောက်ထားပြီး အလုပ်လုပ်နေတာပါ - - - - ”

ပဉ္စမ နဲ့ နောက်ဆုံးစိမ်ခေါ်ချက်ကတော့ နအဖရဲ့ မရိုးသားမှု ဖြစ်ပါတယ်။ ကိုယ်ထုတ်ပြန်ခဲ့တဲ့ ဥပဒေမှ ကိုယ်ပြန်မလိုက်နာ၊ ကိုယ်ထုတ်ပြန်ခဲ့တဲ့ အမိန့်ကို ကိုယ်ပြန်မေ့၊ လူ သိန်းသောင်းချီ သေဆုံးကြရတဲ့ အရေးတောင် မငဲ့ကွက် ကိုယ်လိုချင်တဲ့ ရလဒ် အတင်း ယူခဲ့သူတစ်ဦးက ဒီနေ့ကျမှ NLD ရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့ ဆိုတာ အိမ်မက်တောင် မမက်ရဲတဲ့ အခြေအနေ ရှိပါတယ်။ ဒီအတွက် ကောင်းဆုံးကို မျှော်လင့်ပေမယ့် အဆိုးဆုံးကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားရမယ်လို့ ထင်မြင်မိပါတယ်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်

နိဂုံးချုပ်ရရင် NLD က ရှေ့ဆက်ရမယ့် ခရီးကို စိမ်ခေါ်မှု အပြည့်နဲ့ ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နအဖ ခေါင်းဆောင်ကြီးများရဲ့ အပြုအမူနဲ့ အကျင့်အကြံတွေ နေ့ခြင်းညခြင်း ပြောင်းလဲသွားဖို့က NLD ရဲ့ ကြိုးပမ်း အားထုတ်မှု တစ်ခုတည်းနဲ့ ဖြစ်ပေါ်လာဖို့ အလွန် ခဲယဉ်းပါတယ်။ ဒါပေမယ့် ယခုစဉ်းစားခဲ့တာ နအဖနဲ့ NLD နှစ်ဦးကိုသာ ထည့်တွက်ထားတာ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်

- နအဖနဲ့ အခြား နိုင်ငံရေးပါတီများ၊

- နအဖနဲ့ ငြိမ်းချမ်းရေး အဖွဲ့များ၊

- နအဖနဲ့ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊

- နအဖနဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံ၊ အီးယူနဲ့ ပြည်ပအစိုးရများ၊

- နအဖနဲ့ သူ့စီးပွားရေး၊

- နအဖနဲ့ သူ့လူမှုရေးအသိုင်းအဝန်း၊

- နအဖနဲ့ တရုပ်အစိုးရ၊ ရုရှအစိုးရ၊ ထိုင်းအစိုးရ

စတဲ့ နအဖရဲ့ အခြားမျက်နှာစာများကို ထည့်သွင်းစဉ်းစားရပါဦးမယ်။ အဲဒီမျက်နှာစာများမှာလည်း နအဖကို လက်ရှိ အပြုအမူ အကျင့်အကြံတွေ ပြောင်းလဲ သွားစေဖို့ တူညီတဲ့ ဦးတည်ချက်တစ်ခုအပေါ် သင့်လျော်တဲ့ ချဉ်းကပ်မှု အမျိုးမျိုးနဲ့ ဆောင်ရွက်ကြမယ်ဆိုရင်၊ တပ်မတော် အတွင်းမှာလည်း နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများဟာ တို့လိုပဲ လူထုအတွက်၊ တိုင်းပြည်အတွက် လုပ်နေကြသူတွေပါလား ဆိုတာ သိမြင် လက်ခံလာကြမယ်ဆိုရင် ဒီဆောင်းပါးအစမှာ စဉ်းစားခဲ့တဲ့ Scenario ကို အသစ် ပြန်ပြင်ရေးရတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အကောင်းဆုံးတွေကို စဉ်းစား ဆုံးဖြတ်ရာ၊ အပေးအယူ မျှမျှတတနဲ့ ကမ္ဘာအလယ်မှာ မျက်နှာမငယ်ရတဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ် ဖြစ်လာမှာ ဧကန်မုချလို့ ထင်မြင်မိပါကြောင်း။

မောင်ရွှေ

၂ဝဝ၉ခုနှစ်၊ မေလ (၉)ရက်၊ စနေနေ့