ချီဖွေ ရေကာတာ စီမံကိန်း စတင်
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၇ မိနစ်
ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ပြည်နယ် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုမှ ဒုတိယအကြီးဆုံး ချီဖွေရေကာတာ စီမံကိန်း ဖွင့်ပွဲ ယနေ့ကျင်းပသည်။ချီဖွေမြို့မြောက်ဘက် ၁ဝ မိုင်ကွာ မန်ဒုံကျေးရွာအနီး မေခမြစ်တွင် တည်ဆောက်နေသော ချီဖွေရေကာတာ စီမံကိန်း လုပ်ငန်းစတင်သည့် အခမ်းအနားသို့ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင်တို့ တက်ရောက်ခဲ့သည်ဟု ကေအိုင်အို အသိုင်းအဝိုင်းမှ သိရသည်။
တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံ့မှု ကော်ပိုရေးရှင်းနှင့်
asiaworlddam1
ချီဖွေရေကာတာ စီမံကိန်း မြေပုံ
အေးရှားဝေါ ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည် ဖော်နေသော စီမံကိန်းအတွင်း မေခမြစ်ပေါ်တွင် တံတားဆောက်ရန် ရှိသဖြင့် စစ်အစိုးရနှင့် ကချင်လွတ် မြောက် ရေး အဖွဲ့တို့ ညှိနှိုင်းဆွေးနွေးကာ လက်ရှိ ချီဖွေလုံခြုံရေးကို ပူးတွဲ တာဝန်ယူထားသည်ဟု ကချင်အဖွဲ့ သတင်းရင်းမြစ်တခုက ပြောသည်။မေခမြစ် အနောက်ဘက်ခြမ်းသည် ကေအိုင်အို၏ တပ်မဟာ ၁ လက်အောက် တပ်ရင်း ၁ဝ အုပ်ချုပ်သည့် နယ်မြေဖြစ်ပြီး မေခမြစ် အရှေ့ဘက်ခြမ်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲလိုက်ပြီ ဖြစ်သော ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် ထိန်းချုပ်နယ်မြေ ဖြစ်သည်။
ချီဖွေရေကာတာ စီမံကိန်းကြောင့် လယ်ဧကပေါင်း ၁ဝဝ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ယမန်နှစ် အောက်တိုဘာလက ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ KDND ၏ “ရေဖုံးလွှမ်းမှုကို ခုခံ တွန်းလှန်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။ကေအိုင်အို အုပ်ချုပ်သည့် နယ်မြေမှ ညော်မောပါ၊ ကျန်နောင်ရွာကြီးများ အပါအဝင် ရွာငယ် အနည်းဆုံး ၃ဝ ကျော် ယင်းစီမံကိန်းကြောင့် ရွှေ့ရမည် ဖြစ်သော်လည်း ယနေ့ထိ ပြောင်းရွှေ့ရန် မပြောသေးကြောင်း သိရသည်။
asiaworlddam
ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း စတင်ခြင်းအခမ်းအနား ဖိတ်ကြားလွှာ
ဧရာဝတီ၊ မေခ၊ မလိခမြစ်ကြောင်းတလျှောက်ရှိ မြစ်ဆုံ၊ ချီဖွေ၊ ခေါင်လံဖူး၊ ပရှီး၊ ဖီဇော၊ လဇာ၊ လကင် စသည့် ဒေသများ၌ အများဆုံး ၃,၆ဝဝ မဂ္ဂါဝပ်မှ အနည်းဆုံး ၁,၄ဝဝ မဂ္ဂါဝပ် စုစုပေါင်း ၁၃,၃၆ဝ မဂ္ဂါဝပ် ထုတ်လုပ်မည်ဟု စစ်အစိုးရက ၂ဝဝ၇ မေ ၆ ရက်က ထုတ်ပြန်ထားသည်။
ကျေးရွာ ၆ဝ ခန့်က လူပေါင်း ၁၅,ဝဝဝ ခန့် ပြောင်းရွှေ့ခံရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံသို့ ရောင်းချရန် ဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ ဆိုသည်။
ဒုတိယ အကြီးဆုံး ချီဖွေ ရေကာတာ စီမံကိန်းမှ မဂ္ဂါဝပ် ၂ဝဝဝ ထုတ်လုပ်မည်ဖြစ်ပြီး ဧရာဝတီမြစ်ပေါ်မှ မြစ်ဆုံရေကာတာ စီမံကိန်းက ၃၆ဝဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ထိုရေကာတာ စီမံကိန်း နှစ်ခုကို ပထမဆုံး အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
မြစ်ဆုံအောက်ဘက် မြစ်ကြီးနားမြို့မှ မိုင် ၂ဝ အကွာ ကျိန်ခရန်နှင့် လုံကာဇွပ်ရွာကြားတွင် အောင်မြင်သာ စံပြကျေးရွာဟု အမည်ပေးကာ မနေ့ကအပ်နှင်းပွဲ ကျင်းပခဲ့သည်။ ၁၆ ဦးဆံ့ တိုက်နယ်ဆေးရုံ၊ ကွန်ကရစ်လမ်းနှင့် တံတား ဖွင့်ပွဲ အခမ်းအနားပါ ပြုလုပ်ခဲ့သည်။
မန္တလေး စိမ်းရောင်စို ဟောပြောပွဲ လူ ၃၀၀ တက်
အောင်မြတ်စိုး | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်
ဘန်ကောက် (မဇ္ဈိမ) ။ ။ မန္တလေးဆင်ခြေဖုံးတွင် စိမ်းရောင်စိုအဖွဲ့က ယမန်နေ့က ပထမဆုံးကျင်းပသော ပတ်ဝန်းကျင် ဟောပြောပွဲသို့ လူ ၃ဝဝ ခန့် တက်ပြီး ပရိသတ်များကို ထမင်းကျွေး ဧည့်ခံခဲ့သည်ဟု သိရသည်။ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်တွင် ကျင်းပသော “ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝ ဝန်းကျင်နှင့် ကျွန်ုပ်တို့၏တာဝန်” ဆိုသောခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲကို မန္တလေး စာရေးဆရာများ ဦးဆောင်သော စိမ်းရောင်စိုအဖွဲ့က ကျင်းပသည်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ရာသီဥတု
utunlwin
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်
အပြာင်းအလဲကို အဓိကထားဟောကာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးဝင်းမျိုးသူက ကမ္ဘာကြီး၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှင့် အိုဇုန်းလွှာ အကြောင်းများ ဟောသည်ဟု တက်ရောက်ခဲ့သူတဦးက ဆိုသည်။“အကျိုးအမြတ်ကတော့ အများကြီး ရလိုက်ပါတယ်။ ဟောပြောပွဲ တက်လာကြသူတွေမှာ စာရေးဆရာ တော်တော်များများ ပါဝင်ပါတယ်။ သူတို့ တတွေရော တက်ရောက်လာကြတဲ့သူတွေရော ရာသီဥတုဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိတွေ သိကြရပါတယ်” ဟု အခမ်းအနား တက်ရောက်သူ တဦးက မဇ္ဈိမသို့ ပောသည်။
စိမ်းရောင်စိုအဖွဲ့ကို ယခုနှစ်မေလ(၂၁)ရက်တွင် စာရေးဆရာများ၊ သစ်ပင်ချစ်သူများဖြင့် စတင် တည်ထောင်ခဲ့ပြီး သစ်ပင်စိုက်ပျိုးခဲ့သည်မှာ (၁၈)ကြိမ်ရှိခဲ့ကာ အပင်ရေအားဖြင့် (၅,ဝဝဝ) ကျော်ကို မန္တလေးနှင့် အနီိးတဝိုက်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် စိုက်ပျိုးပေးခဲ့သည်ဟု အဖွဲ့ဦးဆောင်သူတဦးက ပြောကြားသည်။
greentree
စိမ်းရောင်စို အဖွဲ့သားများ
ထို့ပြင် မန္တလေးရေဘေး၊ ရခိုင်ပြည်နယ်လေဘေး ကူညီရေးနှင့် စာသင်ကျောင်းဆောင်များ ဆောက်လုပ်မှုတို့ကိုလည်း အဖွဲ့က ပြုလုပ်နေသည်။
မန္တလေးတွင် ယခုနှစ်မေလက အပူလှိုင်း ဖြတ်ခဲ့၍ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ သေဆုံးခဲ့ကြရသည်။ သို့အတွက် စိမ်းရောင်စို ပေါ်ပေါက်လာရသည်ဟု သူကဆိုသည်။“လူတွေကို ပတ်ဝန်းကျင်ရာသီဥတု ပြောင်းလဲ လာ တာနဲ့အမျှ ဖြစ်လာမယ့် သဘာဝ အသိပညာ ပေးချင်တာရယ် သိပြီးတော့ လိုက်ပါ ဆောင်ရွက်ချင်စိတ် ရှိလာအောင်ရယ် ရည်ရွယ်ပါတယ်” ဟု စိမ်းရောင်စိုအဖွဲ့မှ ကိုမောင်မောင်ဦးက မဇ္ဈိမသို့ပြောသည်။
နောက်ထပ်လည်း ဟောပြောပွဲများ ဆက်လုပ်သွားမည်ဟု ကိုမောင်မောင်ဦးက ဆိုသည်။ ကုန်ကျစရိတ် အစုစုအတွက် မြို့ခံ ရပ်မိရပ်ဖများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည်။
ကျောင်းက ကောက်ခံသည့် ငွေမထည့်နိုင်သူများကို ဆရာမက ရိုက်နှက်
အတန်းပိုင်ဆရာမက ကျောင်းသားများထံ ငွေကြေးကောက်ခံရာတွင် မထည့်နိုင်သည့် ကျောင်းသားများအား ရိုက်နှက်မှုကို ပြုလုပ်နေသည့်အတွက် ကျောင်းသားမိဘများ မကျေမနပ်ဖြစ်နေကြသည်။ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အထက (၂) ပဉ္စမတန်း (F)မှ အတန်းပိုင်းဆရာမ ဒေါ်စန်းစန်းဝင်းက ငွေကြေးမထည့်နိုင်သည့် ကျောင်းသားများကို ရိုက်နှက်ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။“ကျောင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကလေးတယောက်ကို ၁၅၀၀ ကျပ် ကောက်ပါတယ်။ အဲဒါကို (၅) တန်း (F) အခန်းက အတန်းပိုင် ဆရာမက အတင်းကောက်ခံပြီး ပိုက်ဆံမပေးနိုင်တဲ့ ကလေးတွေအားလုံးကို ရိုက်တာ၊ အဲဒီအတွက် မိဘတွေက မကျေနပ်ကြဘူး” ဟု ပြောသည်/ ကျောင်းသားများထံမှ ကျောင်းသားစုံညီပွဲတော်အတွက် (၅၀၀) ကျပ်၊ ပြက္ခဒိန်ကြေး (၅၀၀) ကျပ်၊ ကျောင်းဆရာမတစ်ယောက် ပင်စင်ယူသွားသည့်အတွက် ကျောင်းသားတဦးလျှင် (၃၀၀) ကျပ်၊ စာမေးပွဲကြေး (၂၀၀) ကျပ် အသီးသီးကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ပိုက်ဆံကောက်တာက သဒ္ဒါကြေးအနေနဲ့ မကောက်ခံဘဲ အတင်းဓါးမြတိုက်သလို ကောက်ခံနေတာ၊ ကျောင်းစတက်ကတည်းက ကောက်ခံနေတဲ့ အခွန်ခတွေက အရမ်းများလွန်တဲ့အပြင် ဘာကြေးကို ဘယ်လိုပေးနေရမှန်း မသိအောင် ခဏခဏပေးနေရတယ်” ဟု ကျောင်းသားမိဘတဦးက ဆက်ပြောသည် ကျောင်းသားမိဘများ အနေဖြင့် ယင်းကဲ့သို့ ကျောင်းဆရာ၊ ဆရာမများ၏ လုပ်ရပ်ကို အထက်ပညာရေး အာဏာပိုင်များထံ တိုင်တန်းလိုသော်လည်း သက်ဆိုင်ရာအာဏာပိုင်များက လာရောက်စစ်ဆေးမှုသာရှိပြီး အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၎င်းက ဆက်ပြောသည်။“တိုင်ရင်လည်း သူတို့လူနဲ့ သူတို့ဆိုတော့ အချည်းနှီးဖြစ်မှာဆိုတာကြောင့် မတိုင်ဖြစ်တာ၊ တိုင်လည်း အထက်ကလာစစ်တာဘဲရှိတယ် အရေးယူတာ တခါမှမတွေ့ဘူးသေးဘူး” ဟု ပြောသည်။မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် အကျင့်ပျက်ခြစားမှုများစွာရှိပြီး ပညာရေးကို ငွေဖြင့်ပေးဝယ်နေရကာ ငွေကြေးမတတ်နိုင်သည့်အတွက် ကျောင်းထွက်ရသည့် ကျောင်းသားပေါင်းများစွာရှိကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။
more
more
more
more
more
more
more
more
more
more
more
more
more
more
more
more
more
more
more
more
ဒီကေဘီအေနှင့် ၄ ရက်မြောက် တိုက်ပွဲ
ကျော်ခ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်ပြောင်းရေး လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေ နှင့် စစ်အစိုးရတပ်များ ၄ ရက်မြောက် တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း ဒီကေဘီအေ ဗဟို ဌာနချုပ်က ယနေ့မနက်ကပြောသည်။ယနေ့မနက်ပိုင်း မြဝတီမြို့နယ် ဖလူးလေး ဘုရားကုန်းတွင် ဗိုလ်မှူးကြီးကျော်သက် ဦးစီးသည့် ဒီကေဘီအေ ကလို့ထူးဖော အမှတ် ၂ ဗျူဟာ တပ်ရင်းများနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် ၁၂ လက်အောက်ခံ ခမရ ၅၄၇၊ ၃၅၆၊ ခလရ ၂၃ဝ တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။“ကျနော်တို့ ဘက်က ဗျူဟာမှူး ဗိုလ်ကျော်သက် လက်အောက်ခံ တပ်ရင်းတွေနဲ့ စစ်တပ်နဲ့ ဒီနေ့မနက်ပိုင်း ဘုရားကုန်း မှာ ပစ်နေကြပြီ။ အခုအချိန်ထိ တိုက်နေတုန်းပဲ ထိခိုက်၊ အသေအပျောက်ကတော့ ဘာစာရင်းမှ မရသေးဘူး” ဟု ဒီကေဘီအေ ဗဟိုဆက်သွယ်ရေးဌာနချုပ်မှ ဗိုလ်မှူး ချစ်စရာက မဇ္ဈိမကို ပြောသည်။
ယနေ့မနက် ၁၁ နာရီ ၂၅ မိနစ်က စတင်ပစ်ခတ်ခဲ့ပြီး မဇ္ဈိမက ဒီကေဘီအေ ဗဟို ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းချိန် ထိုင်းစံတော်ချိန် ၁ နာရီ ခွဲထိ တိုက်ခိုက်နေသေး ကြောင်း သိရသည်။မြဝတီမြို့နယ်တွင် တိုက်ပွဲဖြစ်နေချိန် ကော့ကရိတ်မြို့နယ်ေ ဝါလေဒေသ ကနဲလေးတွင်လည်း ၉ဝ၉ တပ်ရင်းနှင့် ကလို့ထူးဘော ဗဟို လုံခြုံရေး တပ်ခွဲတို့ ပူးပေါင်း၍ ဗိုလ်မှူး ဗညားဝင်း ဦးစီးသည့် ခလရ ၄ဝ၉ စစ်ကြောင်း ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒီကေဘီအေဘက်က ပြောသည်။“ဒီနေ့မနက် ၇ နာရီလောက်က ကနဲလေးဂွင်မှာ နှစ်ဖက်ပစ်ခတ်တုန်း ပြေးလွှားရင်းနဲ့ ကျနော်တို့ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရသွားတာ။ မနေ့ကလဲ အဲဒီမိုင်းဂွင်ထဲမှာပဲ ဗိုလ်မှူးဗညားဝင်းတပ်ကပဲ ၂ ယောက် မိုင်းနင်းမိပြီး ခြေထောက်တွေ ပြတ်ကုန်တယ်” ဟု ဗိုလ်မှူး ချစ်စရာက ပြောသည်။စစ်အစိုးရက နယ်စပ်တွင် ပြန်လည်ပေါ်ပေါက်နေသောတိုက်ပွဲများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။
အဆိုပါ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကြီး၊ ဖလူးလေးနှင့် ကော့ကရိတ် ဝေါလေဒေသတွင် ယခုလ ၁၈ ရက်ကစ၍ဖြစ်ပွားသော တိုက်ပွဲများကြောင့် လူ ၅ဝဝ ကျော် စစ်ဘေးတိမ်းရှောင်ကာ ထိုင်းနိုင်ငံဘက် ရောက်ရှိလာကြောင်း ထိုင်းနယ်စပ်မြို့ မဲဆောက်အခြစိုက် မယ်တော်ဆေးခန်း ကျန်းမာရေးမှူး ဦးသာဝင်းက ပြောသည်။
ဒုက္ခသည်များ ထိုင်းအာဏာပိုင်များထံ တရားဝင်ခိုလှုံခွင့် တောင်းဆိုပါက သေနတ်သံများ ငြိမ်သွားလျှင် ချက်ချင်းပြန်ပို့မည်ကို စိုးရိမ်ကြသဖြင့် မဲဆောက်မြို့၊ ဖုတ်ဖရာ့၊ မဲ့ကိုကင်းရွာရှိ အသိအိမ်များနှင့် လယ်တဲများ၊ စိုက်ပျိုးရေးခြံများ၊ သစ်ပင်များနှင့် သောင်ရင်း ချောင်းဘေးများတွင် မိုးကာစများခင်း၍ ပုန်းအောင်း ခိုလှုံနေကြသည်ဟု ဦးသာဝင်းက ပြောသည်။အကယ်၍ နအဖ စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပါက အင်အား ၁ဝဝဝ ကျော်သာရှိသည့် ဒီကေဘီအေ အနေဖြင့် ပြန်လည် ခုခံနိုင်စွမ်းမရှိပေမည့် နိုင်ငံရေးအရ မဖြေရှင်းမချင်း ပြောက်ကျားစနစ်ဖြင့် စစ်အစိုးရကို လက်နက်ကိုင်တိုက်သွားမည်ဟု ဗိုလ်မှူးစောအေဝမ်းက ပြောသည်။
1. ချီဖွေ ရေကာတာ စီမံကိန်း စတင်
2. မန္တလေး စိမ်းရောင်စို ဟောပြောပွဲ လူ ၃၀၀ တက်
3. သီရိမင်္ဂလာဈေး ပြောင်းရမည်
4. မြန်မာသင်္ဘောသား ၂၃ ဦး မိသားစုနှင့် အဆက်အသွယ်ရ
5. ဂီရိအကူ ၄၅ ရာနှုန်းသာ ပေးနိုင်သေးကြောင်း ကုလပူးပေါင်းအဖွဲ့ ပြော
6. အသင်းအဖွဲ့ ဥပဒေပြင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးထံ တောင်းဆို
7. ဒီကေဘီအေနှင့် ၄ ရက်မြောက် တိုက်ပွဲ
8. ကရင်ပြည်နယ်တွင်း တိုက်ပွဲများ ဆက်ဖြစ်
9. မြဝတီနှင့် ကော့ကရိတ်တွင် တိုက်ပွဲများ ဆက်ဖြစ်
10. ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် တိုက်ပွဲဖြစ်
11. မဲဆောက် မီးပန်းဖောက်မှု မြဝတီလန့်
12. DKBA တချို့ KNU နဲ့ပေါင်းဟုဆို
13. ငွေညှစ်ဂိုဏ်းပုံစံ မြန်မာ့အခွန်စနစ်
14. ဗိုလ်နှုတ်ခမ်းမွှေးမှာ အင်အား တထောင်ရှိပါသည်
မြန်မာနိုင်ငံက အာဏာရူးတွေကတော့ သဘာဝ ပတ်ဝန်းကျင်ကို အမြဲထိမ်းသိမ်း နေပါတယ် တဲ့ ... ဖတ်ရှု့ လိုက်ကြပါဦး။
တရုတ်နိုင်ငံသို့ ဖမ်းဆီးသတ်ဖြတ် ပို့ဆောင်ခြင်းခံနေရတဲ့ မြန်မာ့ရှားပါး တိရိစ္ဆာန် ကျားသတ္တဝါများ..
ဟူးကောင်းတောင်ကြား ဒေသမှ မြန်မာကျားတစ်ကောင်.. ယခုအချိန်မှာတော့ ကျားကောင်ရေ ၈၀ကျော်သာ ကျန်ရှိပါတော့တယ်..
တရုတ်နိုင်ငံမှာ ဈေးကောင်းရတဲ့ အတွက် အသတ်ဖြတ်ခံရပြီး ရောင်းစားခံနေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကျားသတ္တဝါတွေပါ..
ပြီးခဲ့တဲ့ ၃ပတ်ခန့်က AFP သတင်းမှာ မြန်မာနိုင်ငံက ကျားရေခွံရောင်းဝယ်တဲ့ ဈေးကွက် အခြေအနေကို ဓာတ်ပုံတွေနဲ့ဖော်ပြထားပါတယ်...။ မြန်မာနိုင်ငံက ကျားရေခွံတွေကို တရုတ်နိုင်ငံက ဝယ်ယူတာဖြစ်ပြီး အရေခွံမပျက် ဦးခေါင်းပါ အပျက်အဆီးမရှိတဲ့ ကျားရေခွံတစ်ခုရဲ့ ရောင်းဈေးဟာ မြန်မာငွေ သိန်းတစ်ရာမှ ၁၅၀ထိ ဈေးရှိကြောင်း ပြည်တွင်းမှ ပေးပို့လာတဲ့ မြန်မာပြည်ကလာတဲ့စာ သတင်းတစ်ပုဒ်မှာ ဖော်ပြဘူးပါတယ်..။ ဒီကျားရေခွံတွေကို တရုတ်နိုင်ငံထဲ အထိသယ်ဆောင်ရာမှာ အကျင့်ပျက် ဝန်ထမ်းအဆင့်ဆင့် ကိုလာဘ်ပေး လ်ာယူ ပြုလုပ်ပြီး ဖမ်းဆီးသယ်ဆောင် ရတာဖြစ်ပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာ သယံဇာတတွေ ပေါများကြွယ်ဝတာတင် မကပဲ သဘာဝကပေးထားတဲ့ ရေမြေတောတောင် သဘာဝအလှတွေ၊ တောရိုင်းတိရိစ္ဆာန်တွေနဲ့ ပြည့်စုံတဲ့ တိုင်းပြည်တစ်ခုပါ..။
တိုင်းပြည်ကို မတရားတဲ့ အမိန့်အာဏာတွေနဲ့ အုပ်ချုပ်မင်းလုပ်နေသူတွေရဲ့ လွဲမှားချွတ်ချော်တဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ တိုင်းပြည်ဟာ တစတစ လုံးပါးပါးလာနေခဲ့ပါပြီ..။ ဆင်းရဲမွဲတေမှုရဲ့ အကျိုးဆက်.. အသိပညာချို့တဲ့မှုရဲ့ အကျိုးဆက်အဖြင့် လတ်တလော စားဝတ်နေရေး တစ်ခုတည်းကိုပဲ ဖြည့်ဆည်းဆောင်ရွက်နေရတဲ့ အခြေအနေအောက်မှာ တိုင်းပြည်ရဲ့ သဘာဝအမွေအနှစ် သယံဇာတတွေကို တန်ဘိုးထားရကောင်းမှန်း မသိတော့ပါဘူး..။
ဆိုင်းဘုတ်သာရှိပြီး အနှစ်သာရ လုပ်ဆောင်ချက် မရှိတဲ့ အခြေအနေတွေပါ..
တရုတ်နိုင်ငံဘက်မှ မြန်မာ့တောရိုင်း တိရိစ္ဆာန် ရောင်းချရာ ဈေးကွက်..
၉ရက် ၉လ ၂၀၁၀ခုနှစ်က France 24 မှာ ရေးသားထားတဲ့ Is the Burmese junta really saving tigers? မြန်မာစစ်အစိုးရ အမှန်တကယ် ကျားသတ္တဝါတွေကို ကယ်တင်ပေးနေလား? ဆိုတဲ့ဆောင်းပါး ပြန်ဖတ်ချင်ရင်နှိပ်ပါ
ယုဇနဦးဋ္ဌေးမြင့်ရဲ့ ဟူးကောင်းတောင်ကြားဒေသမှ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးနေမှုများ..
စစ်အစိုးရရဲ့အကာအကွယ် ရရှိထားတဲ့ စစ်အာဏာရှင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ယုဇနဦးဋ္ဌေးမြင့် (ကြံ့ဖွံ့ မြိတ်မြို့နယ်အမတ်)ရဲ့ ဟူးကောင်းတောင်ကြားဒေသမှာ အရုပ်ဆိုးအကျည်းတန်တဲ့ ရွာတွေပြောင်းရွှေ့ တောတောင်တွေဖျက်ဆီးပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာဟာ ထိုဒေသမှာ နေထိုင်ကျက်စားကြတဲ့ သဘာဝ တောရိုင်းတိရိစ္ဆာန်တွေ လျော့ပါးနည်းပါးလာရတဲ့ အကြောင်းရင်း အချက်တစ်ခုပါပဲ..။
အထက်ပါ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး စစ်အစိုးရဟာ ရှားပါး ကျားဘေးမဲ့တောအဖြစ် သတ်မှတ်လိုက်တဲ့ စတုရန်း မိုင်ပေါင်း ၈၄၀၀ ခန့်ကျယ်ဝန်းပြီး ကမ္ဘာ့အကြီးဆုံး ဆိုပြီး သတ်မှတ်လိုက်တာဟာ အမှန်တကယ် တောရိုင်းတိရိစ္ဆာန် ကျားသတ္တဝါတွေကို ကာကွယ်ပေးချင်လို့ သတ်မှတ်လိုက်တာလား ဒါမှမဟုတ် ကမ္ဘာ့အကြီးဆုံးဆိုတဲ့ နာမည်တစ်ခုကို လိုချင်လို့ သတ်မှတ်လိုက်တာလား ဆိုတာ စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်..။
ယခု လောလောလတ်လတ်မှာတော့ မြန်မာနိုင်ငံက ရှားပါးသတ္တဝါ ကျားသတ္တဝါတွေဟာ တရုတ်ပြည်က လူကုံထုံ အသိုင်းအဝိုင်းတွေရဲ့ အလှဆင်စရာ အဆောင်အယောင် တစ်ခုဖြစ်နေရပါတယ်..။ အားလုံးရဲ့ အခြေခံ အကြောင်းတရားတွေကတော့ စစ်အာဏာရှင်စံနစ်အောက် ဆင်းရဲမွဲတေမှုရဲ့ ရလာဒ်အဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်သူလူထုသာမက သယံဇာတ၊ တောရိုင်းတိရိစ္ဆာန်တွေပါ.. တိုင်းတပါးမှာ ပေးဆပ်နေရပါကြောင်း တင်ပြလိုက်ရပါတယ်။
KACHIN NEWS GROUP မှရိုက်ကူး ဖော်ထုတ် တင်ပြထားတဲ့ ယုဇနကုပ္မဏီမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘေးမဲ့တော မြေနေရာ လုယူမှုရုပ်သံ
http://www.youtube.com/watch?v=FFaqXQLoOSw&feature=player_embedded
ရတနာပုံတယ်လီပို့ အကြောင်း ဖွင့်ဟဝန်ခံချက် (မြန်မာပြည်ကလာတဲ့စာ)
ဓာတ်ပုံ ဒီမိုဝေယံ (ပြည်တွင်း)
မြန်မာပြည်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ရက်များမှ စတင်ပြီး ယခင်ကကတည်းက မမြန်တဲ့ အင်တာနက် ကွန်နက်ရှင်တွေဟာ ကောက်ခါငင်ခါနဲ့ သုံးမရအောင် နှေးကွေးသွားခဲ့ပါတယ်..။ စစ်အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ပြည်ပမှ Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက်ခြင်းခံရတယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြန်မာပြည်တွင်းမှ ပေးပို့လာတဲ့ ရတနာပုံတယ်လီပို့အကြောင်း စာနဲ့ ဓာတ်ပုံ အချို့ကို ဖော်ပြလိုက်ပါတယ်...။
ကိုဒီမိုရေ.. စစ်အစိုးရက ပြည်ပကနေ (DDoS)နဲ့ တိုက်ခိုက်ခံရတယ် ဆိုပြီးလိမ်ညာ သတင်းလွှင့်နေတာပါ.. ။ တကယ်တမ်း အင်တာနက်တွေကို နှေးအောင် ကြည့်မရအောင် လုပ်နေတာ သူတို့ကိုယ်တိုင်ပါပဲ..။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်သိတဲ့ ရတနာပုံတယ်လီပို့က သတင်းတွေအကြောင်း ရေးသား ပေးပို့လိုက်ပါတယ်..။
ရတနာပုံတယ်လီပို့ကို ၂၀၀၇ခုနှစ်ကတည်းက မန္တလေးနဲ့ ၂၄မိုင်ဝေးတဲ့ မန္တလေး မေမြို့သွားတဲ့ လမ်းမှာ ပြင်စာရွာမှာ ဆောက်လုပ်ခဲ့တာပါ...။ ဒီအဆောက်အဦး ပြီးစီးတဲ့အချိန်မှာ ကွန်ပြူတာတက္ကသိုလ်ဆင်း ကျောင်းသား/ကျောင်းသူ အိမ်ထောင် မရှိသူ အပျိုလူပျို၂၀ကျော်ကို ITနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမယ်ဆိုပြီး တေဇရဲ့ ထူးဒရေးဒင်းကုမ္ပဏီက အလုပ်ခေါ်ပါတယ်.. တလ ကျပ်(၁)သိန်းနဲ့ပါ...။ မြန်မာပြည်လို ပညာတတ်တွေ အတွက် အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံမှာ တစ်လ တစ်သိန်းဆိုတော့လည်း လုပ်ကြတာပေါ့...။ ဘာမှန်းညာမှန်းမသိပဲ ၂နှစ်စာချုပ်နဲ့ ဘွန်းထိုးပြီးတဲ့ အချိန်မှာတော့ ၂၀၀၉ခုနှစ် ကုန်ပိုင်းက စတင်ပြီး မန္တလေးနဲ့ ပြင်ဦးလွင်ကြားက ရတနာပုံတယ်လီပို့ ကိုပို့ခံရပါတော့တယ်...၂၀၁၀ခုနှစ် ၄လပိုင်းမှာ စတင်အလုပ်စဝင်ရပါတယ်.. ထမင်းကျွေးတယ်.. အဆောင်ပေးထားတယ်..။ တကယ်တန်းလုပ်ရတဲ့ အလုပ်ကတော့ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံရေး Websiteတွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံရေးဘလော့(ခ်)တွေကို ၂၄နာရီ အချိန်အဆိုင်းအလိုက် အချိန်ပြည့် စောင့်ကြည့်ရပါတော့တယ်.. အခုလက်ရှိ အဆိုပါဋ္ဌာနရဲ့ အကြီးအကဲကတော့ဗိုလ်မှူးကြီးတင်မောင်ဝင်းပါ..။
လုပ်ရတာကတော့ DVB,မဇ္ဈိမတို့,ဧရာဝတီတို့ စတဲ့ သတင်းဋ္ဌာနတွေကို တချိန်လုံး စောင့်ကြည့်ရပါတယ်..။ ပြီးတော့ မြန်မာတွေ အရှိများတဲ့ Facebook တို့ Twitterတို့ စတဲ့နေရာတွေကို နေ့ရောညပါ တစ်ချိန်လုံး စောင့်ကြည့်ရပါတော့တယ်.။ အဲ့ဒီသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတို့ ဘလော့(ဂ်) နာမည်တို့ဘာတို့ပါရင်.. ချက်ချင်းလိုက်တော့တာပဲ ပြီးရင် အစီရင်ခံစာတင်ရတယ်..။ သူတို့ရဲ့ Background မှာ Counter Check လုပ်တာကတော့... ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံးဆိုတာ သီးသန့်ရှိတယ်.. သူတို့က အဲ့ဒီ အဖွဲ့ကလည်း ဒီနိုင်ငံရေး Website တွေ သတင်းဋ္ဌာနတွေ ဘလော့(ဂ်)တွေကို တောက်လျှောက် စောင့်ကြည့်နေတာပါပဲ.။ သူတို့လုပ်ရတာ ဒါပဲရှိတယ် ကျန်တာဘာမှာ မလုပ်ရပါဘူး..။ ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ သတင်းတွေ မဘန်းမိတဲ့ ဘလော့(ဂ်)တွေ ကျန်ခဲ့ပြီ ဆိုရင်သူတို့ ပြသနာရှာခံရတော့တာပါပဲ..။ လစာဖြတ်ခံရတာတို့ နောက်ဆုံး စိတ်မထင်ရင် မထင်သလို ဆူပူကြိမ်းမောင်း ခံရတာတို့ ခံရပါတော့တယ်...။ ပြည်တွင်းကနေ ဆိုဒ်တွေကို ဝင်ကြည့်မယ်ဆိုရင် နိုဝင်ဘာ(၇) ရက်နေ့မတိုင်ခင်ထိ Ultra Subနဲ့ ကျော်ကြည့်လို့ ရတယ် ခုနောက်ပိုင်းလုံးဝကို Ban လိုက်ပါပြီ.. ခုတစ်ချို့တွေ Proxy ၂ဆင့် ကျော်ပြီးကြည့်ကြတယ်..။ နောက်ပိုင်း အဲ့လို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်တွေကို Virus လွှတ်ဖို့အထိ လုပ်နေပါပြီ...။
နိုဝင်ဘာ(၇)ရက်နေ့ မတိုင်ခင် လုံးဝကို တမင်နှေးအောင်လုပ်လိုက်တာပါ.. တမင်ဖြတ်ချလိုက်တာပါ။ ဒီလိုလုပ်တဲ့ဟာ အားလုံးကို တရုတ်က ကွန်ထရိုး ပေးထားတာပါ..။ ခုတရုတ်က ပညာရှင်တွေ ရတနာပုံတယ်လီပို့ကို ရောက်နေပါတယ်..။ ဒီလိုအခြေအနေတွေ အောက်မှာပဲ အလုပ်ကနေ ထွက်ခွာချင်နေတဲ့ လူငယ်တွေက အများကြီးပါပဲ သို့ပေမယ့် မြန်မာပြည်မှာ လက်ရှိခေတ်စားနေတဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေက စာချုပ်နဲ့ ထိန်းချုပ်ထားတဲ့ အကျင့်အတိုင်း အခု လက်ရှိလုပ်နေသူတွေ (၂)နှစ်ပြည့်အောင် လုပ်ရပါမယ်။ မလုပ်ချင်လို့ ထွက်ချင်ရင်တော့ အနည်းဆုံး အောက်ထစ် (၁၅)သိန်းပေးမှ ထွက်လို့ရပါတော့မယ်..။
အဲ့ဒီတော့ ပြည်ပက တိုက်ခိုက်တယ်.. ဆိုတာလုံးဝ မဟုတ်ပါဘူး.. တမင်သတင်းလွှင့်တာပါ.. ဘာ (DDoS) နဲ့မှ တိုက်ခံရတာမဟုတ်ပါဘူး..။ ရတနာပုံ တယ်လီပို့ကသူတွေ အသိဆုံးပါ..။ နောက်ပိုင်းဒီမှာ အင်တာနက် ထိန်းချုပ်ဖို့ အများကြီး ပြင်ဆင်လုပ်ကိုင်နေတဲ့ အကြောင်း ပေးပို့လိုက်ရပါတယ်..။
ရတနာပုံ Virus
ရေးသားပေးပို့ လာတဲ့ စာထဲက ကာယကံရှင် ထိခိုက်စေမယ့် အကြောင်းအရာတစ်ချို့ကို ပယ်ဖျက်ပြီး ပြန်တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ နအဖစစ်အာဏာရှင်တွေရဲ့ မလိုအပ်တဲ့နေရာတွေမှာ တိုင်းပြည် ဘဏ္ဍာငွေတွေ သုံးပြီး မီဒီယာကို မသမာတဲ့နည်းနဲ့ တိုက်နေတာတွေပါ...။ မြန်မာပြည်မှာ အင်တာနက် သုံးတာ နိုင်ငံရေးဆိုဒ်တွေ တခုတည်းကြည့်ဖို့ အတွက်မဟုတ်ပါဘူး ... တခြားစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍများစွာ ရှိပါသေးတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အမြင်တစ်ခုတည်းအတွက် အင်တာနက်ကို နှေးကွေးအောင် လုပ်ဆောင်နေတာဟာ တခြားသော ကဏ္ဍတွေ အသုံးပြုနေသူတွေ အတွက် အင်မတန်မှ နစ်နာလှပါတယ်..။ သို့ပေမယ့် မတရားအုပ်ချုပ်သူ အခွင့်ထူးခံ စစ်အာဏာရှင်များနှင့် ပတ်သတ်သူ လက်တစ်ဆုပ်စာ အတွက်တော့ မြန်နှုန်းမြင့်ပြီး သာမာန်ပြည်သူ လူထုတွေ ကြည့်ခွင့်မရတဲ့ Youtube,Yahoo စတာတွေ ကြည့်လို့ရတဲ့ VIP လိုင်းသီးသန့် လုပ်ပေးထားရကြောင်း အဆိုပါ ပေးပို့လာသူမှ ဆိုပါတယ်..။ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရအတွင်း လွှတ်တော်တွင် အော်ကြမည်ဆိုသည့် အတိုက်အခံ ဆိုသူများမှ လွှတ်တော်အတွင်း တခြားကိစ္စများ အသာထား အနိမ့်ဆုံးအဆင့် သတင်းလွတ်လပ်ခွင့်၊ အင်တာနက် မြန်နှုန်းမြင့်မြင့်နှင့် သုံးစွဲပိုင်ခွင့် ရမရဆိုတာ တောင်းဆိုနိုင်ကြမလား ဆိုတာကို စောင့်ကြည့်ချင်ပါကြောင်း တင်ပြလိုက်ရပါတယ်...။
မြန်မာစစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းများ အကြောင်း.....
မြန်မာစစ်အာဏာရှင်တွေရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခု တည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခုပုံပါ...။ ပြည်တွင်းမှ မျိုးချစ် စစ်သည်တစ်ဦး ပေးပို့လာတဲ့ ဓာတ်ပုံ၊ သတင်းအချက်အလက် များထဲမှ သတင်းဓာတ်ပုံ တစ်ပုံကို တင်ပြပေးလိုက်ပါတယ်...။
ဒီမိုဝေယံ....
အာဏာကို ဘယ်သူပိုင်သလဲ.....?
တပ်မတော်အတွင်းက အလယ်အလတ်တန်းစား အရာရှိများရဲ့ လက်ရှိ စစ်ခေါင်းဆောင်ကြီးများ အပေါ်မှာထားတဲ့ သဘောထားအမြင်များနဲ့ ရပ်တည်ချက်တွေအကြောင်း ကျနော်ရေးသားဖော်ပြခဲ့တဲ့ “မဇ္ဈိမလှိုင်းခတ်သံ” ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူ အချို့ထံမှ သဘောထား ထင်မြင်ချက်များကို လက်ခံရရှိပါတယ်။ သဘောထားထင်မြင် ချက် ပေးပို့သူများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါတယ်။ တပ်မတော်ထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာအဖြစ်သနစ်တွေ၊ တပ်မတော်သား တွေရဲ့ ခံစားချက် ရပ်တည်ချက်တွေကို ကျနော်ရေးသားဖော်ပြနေတာဟာ တပ်မတော် နဲ့ပြည်သူလူထုအကြား အမှန်တရားဆိုတာကို နားလည်မှုရှိရှိ ပုံဖော်သွားနိုင်ဖို့ ရည်ရွယ် ချက်နဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ရေးသားချက်တွေဟာ ကျနော် နေ့စဉ်ဖြတ်သန်း ကြုံတွေ့နေရတဲ့ တပ်ထဲကအဖြစ်အပျက်တွေ၊ ခံစားချက် အမြင်တွေသာ ဖြစ်ပြီး ကျနော် ကိုယ်တိုင်ကလည်း စစ်မှုထမ်းတစ်ဦး ဖြစ်နေတာကြောင့် ပြည်သူလူထု ဘက်က အမြင် မဟုတ်တာ သေချာပါတယ်။
ကျနော်ရေးတဲ့စာတွေကို ဖတ်ပြီး တုန့်ပြန်ရေးသားလာတဲ့ ရှုထောင့်အမြင်တွေကသာလျှင် ပြည်သူလူထုရဲ့ သဘောထားကို သေသေချာချာ ထင်ဟပ်ဖော်ပြနိုင်ပါတယ်။ ဒီအတွက် တုန့်ပြန်လာတဲ့ သဘောထားအမြင်များကို လိုလိုလားလား လက်ခံကြိုဆိုပါ.. တယ်လို့ ပြောလိုက်ရတာပါ။ အမှန်ဆိုရင်တော့ တပ်မတော်နဲ့ ပြည်သူကြားမှာ ရှိနေတဲ့ သံသယတွေကို တပ်မတော်သားတွေနဲ့ ပြည်သူလူထုမျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်း လင်း ဆွေးနွေးပစ်ဖို့ကောင်းတာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုတရပ်လုံးဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် မှာ ရာစုနှစ် တ၀က်လောက် နေထိုင်လာရတာဆိုတော့ စစ်တပ်နဲ့ပတ်သက်ရင် ခံစား ချက်မကောင်းတာ၊ ယုံကြည်မှုမရှိတာ သဘာဝကျပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲခံစားခဲ့ရပါတယ်။ စစ်တပ်ထဲရောက်ပြီးနောက်ပိုင်း စရိုက်အမျိုးမျိုး စိတ်ဓာတ်အမျိုးမျိုး ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံလာရတဲ့ အခါ လူနဲ့လူချင်း ခွဲခြား သိမြင်မှုတွေ ရှိလာတယ်။
အရင်တုန်းကတော့ စစ်ယူနီဖောင်းမြင်ရင်ပဲ စိတ်ထဲမှာ အလိုလိုဒေါသဖြစ်နေမိ တာ။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာ ဒီနေ့အထိ စွဲမြဲနေတဲ့ အချက်ကတော့ စစ်အုပ်ချုပ် ရေး မကောင်းဘူးဆိုတာပါပဲ။ တသွေးတသံတမိန့် အုပ်ချုပ်ရေးအောက်မှာ ပြည်သူလူထု ဘယ်လို လွတ်လပ်မှုရှိပါ့မလဲ။ မြန်မာပြည်သူလူထုအဖို့ ပြောပြစရာမလိုလောက်အောင် ခါးသီးမှုတွေ ခံစားနေရတာ အထင်အရှားပါပဲ။ ဒါကြောင့်မို့ စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်း ပျောက်ကွယ်သွားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတရပ် တော့ မဟုတ်ပါဘူး။ သို့သော်လည်း မဖြစ်နိုင်တဲ့ အရာလည်းမဟုတ်ပါဘူး။ ပြည်သူလူ ထုရော စစ်တပ်ထဲက ပုဂ္ဂိုလ်တွေပါ အတူတကွ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာပါ။ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ ကြံဆလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
ယနေ့တိုင် အောင်မြင်မှု မရသေးတာလည်း အထင်အရှား ပါပဲ။ ဒီလိုဖြစ်နေရတာဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု အခိုင်အမာ မတည်ဆောက် နိုင်သေးလို့ပါပဲ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု ပေါင်းစည်းမိသွားမှာကို စစ် ခေါင်းဆောင်ကြီးတွေ အစိုးရိမ်ဆုံးပါ။ ၁၉၈၈ ဒီမိုကရေစီ အရးတော်ပုံကြီးမှာ လက်နက်ကိုစီနဲ့ ဆန္ဒပြဖို့ ထွက်လာတဲ့ စစ်သည် တွေကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ဖျောင်းဖြပြောဆိုပြီး တပ်မှာသေနတ်တွေ ပြန်အပ်ခိုင်းတာကို မှတ်မိကြမှာပါ။ စစ်တပ်ထဲမှာ အကြပ်အတည်းတွေ့ချိန်၊ ထိန်းသိမ်းရ ခက်ခဲချိန်မှာ ဒီမိုကရေစီရေး ခေါင်းဆောင်တွေက ထွက်ပေါက် ပေးသလိုဖြစ်သွားပါ တယ်။ ၁၉၄၉ ခဝဲခြံ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ဒီအခြေအနေမျိုးဖြစ်ခဲ့ပုံရပါတယ်။ လူထုခေါင်းဆောင်တွေကသာ စစ်ခေါင်းဆောင်တွေအပေါ် မပြတ်သားတာပါ။ စစ်ခေါင်းဆောင်တွေကတော့ ပြတ်သားလွန်းလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု နာလန်မထူနိုင် အောင် ဖြစ်နေရပါတယ်။ တကယ်တမ်းမှာလည်း လူထုအုံကြွမှု အထွတ်အထိပ်ကို ရောက်လာလို့ စစ်တပ်ထဲက မကြေနပ်မှုတွေ လမ်းပေါ်ရောက်လာတာပါ။ ပုံမှန်အခြေအ နေမှာဆိုရင် ကြိတ်မှိတ်ခံစားနေကြတာများပါတယ်။
နောက်တခုကလည်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေဟာ ယူနီဖောင်းဝတ်အချင်း ချင်းထက် လူထုခေါင်းဆောင်တွေပေါ်မှာ ပိုပြီးစိုးရိမ်ထိတ်လန့်တတ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်ဗိုလ်တစ်ဦးရဲ့ အာဏာစက်က အကန့်အသတ်ရှိပြီး လူထုခေါင်းဆောင် တဦးရဲ့ အရှိန်သြဇာကတော့ အတိုင်းအဆမရှိ လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်နဲ့ ပြည်သူလူထု နီးစပ်မှုမရှိအောင် “တပ်မတော်သာ အမိ တပ်မတော်သာ အဖ”ဆိုပြီး အတင်းဝါဒဖြန့် ရိုက်သွင်းနေတာပါ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု အ နေစိမ်းလေ မသင့်မမြတ်ဖြစ်လေ သူတို့ရဲ့အာဏာ ကုလားထိုင် တည်မြဲလေပဲပေါ့။ ဥပမာ-အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကိစ္စကိုကြည့်ပါ။ ယနေ့ထက်တိုင် ပြည်တွင်းပြည် ပမှာ သောသောညံအောင် ပြောဆိုနေကြတာက ပြည်သူလူထု အဓမ္မလုပ်အားပေး စေခိုင်းခံရတဲ့ ကိစ္စပါ။ စစ်တပ်တွင်းမှာလည်း အဓမ္မလုပ်အားပေး ကိစ္စရှိတယ်လို့ပြောရင် ယုံ ကြမှာတောင် မဟုတ်ပါဘူး။ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၃) ရပ် ဆိုတာရှိပါ တယ်။ (၁) စစ်တိုက်ရန် (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရေး ပြုလုပ်ရန် (၃) လေ့ကျင့် ရန်မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းလုပ်ရန်- စတာတွေဖြစ်ပါတယ်။ လမ်းဖောက်၊ ဆည်ဆောက်လုပ်ငန်းတွေမှာ စစ်သည်တွေ ပါဝင်လုပ်အားပေးနေတာ တွေ့ဖူးကြမယ် ထင်ပါတယ်။ အဲဒီအတွက် လုပ်အားခ တပြားတချပ်မှ မရပါ။
ကျနော်တို့နဲ့ သင်တန်းမှာ ဆုံကြတဲ့ အာမီ (ကြည်းတပ်) စစ်သားတွေက “ရှေ့တန်းထွက် နေရတာ၊ သင်တန်းတက်ရတာ ပျော်တယ်။ နောက်တန်းမှာဆိုရင် လုပ်အားပေးသွားရ တာနဲ့ နားရတယ်လို့ မရှိဘူး။” လို့ပြောကြတယ်။ ကျနော်တို့ရေတပ်မှာလည်း ဒီအတိုင်း ပါပဲ။ တပ်သစ်တွေမှာဆိုရင် ပိုဆိုးတယ်။ လမ်းဖောက် မြေညှိတဲ့အလုပ်တွေကို ရဲဘော် လုပ်အားနဲ့ တည်ဆောက်ကြတာ။ တချို့ရဲဘော်တွေဆိုရင် ပင်ပမ်းဒဏ်ပိတာက တမျိုး ငှက်ဖျားကြောင့် တစ်မျိုး သေကြရတယ်။ ကိုယ်တိုင် ပင်ပင်ပမ်းပမ်းလုပ်ထားဖူးတဲ့ စစ်သားက လူထုလုပ်အားပေးကို ဦးစီးကွပ်ကဲရတဲ့အခါ “ငါတောင်လုပ်ခဲ့သေးတာ သူတို့လဲ လုပ်ရမှာပေါ့” ဆိုတဲ့ စိတ်မျိုး ၀င်လာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှိတယ်ဆိုတာက တဦးချင်းအသိနဲ့ ဆိုင်ပါတယ်။ တိုင်းပြည်အတွက် လုပ်ရတာဆိုပြီးတော့ လူထုနဲ့ တပ်မတော်အကြား စိတ်ဝမ်းကွဲသွားတယ်။ တကယ်ကျတော့ သူအကျိုးလည်းမဟုတ်၊ ကိုယ့်အကျိုးလည်းမဟုတ် အားလုံးရဲ့ ဂုတ်ပေါ်မှာ ခွစီးထားတဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ တုပ်တုပ်မှမလှုပ်။ သူတို့မဟုတ်သလို။ သူတို့မလုပ်သလို။ စစ်တပ်အောက်ခြေပိုင်း အရာရှိ/ စစ်သည်တွေကသာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာပါ။ ကျောက်ဖြူမှာ ဓည၀တီ ရေတပ်စခန်း ဌာနချုပ် တည်ဆောက်ခါစတုန်းကဆိုရင် ဒုဗိုလ်မှူးကြီးတွေက သစ်တုံးမ,ပေးရတယ်။ ဗိုလ်ကြီးတွေက ကျောက်ထမ်းရတယ်။ ရဲဘော် တွေဆိုတာ မပြောပါနဲ့တော့။ ကျွန်တော့်သူငယ်ချင်းတယောက်ဟာ အလုပ်ကပင်ပမ်း၊ အစားအသောက်ညံ့လွန်းတော့ အားနည်းပြီး အဖျားဝင်သွားတာ ရောဂါအတော်ကျွမ်းမှ ကျောက်ဖြူဆေးရုံကတဆင့် မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ပေးရတယ်။ ဆေးရုံကဆင်းတော့ သူ့အိမ်မှာ တလလောက်ပြန်နားပြီး အားမွေးယူရတယ်။ အခုတော့ အဲဒီသူငယ်ချင်း တပ်က ထွက်ပြေးသွားပါပြီ။
ဟိုင်းကြီးရေတပ်စခန်းမှာလည်း ရဲဘော်တွေလုပ်အားနဲ့ ပုဇွန်မွေးမြူရေးကန်တွေတူးပြီး ဌာနချုပ်မှူးက ပုဂ္ဂလိက လုပ်ငန်းရှင်ကို ရောင်းစားတာရှိခဲ့ဖူးပါတယ်။ ကျနော်ပြောချင်တာက စစ်တပ်အပေါ် ကောင်းမြင်သက်သက်မဟုတ်သလို အဆိုးမြင် ချည်းလည်း မမြင်မိဖို့ပါပဲ။ စစ်တပ်ထဲမှာ အတန်းအစားအမျိုးမျိုး၊ စရိုက်အမျိုးမျိုး ရှိပါ တယ်။ သေချာတာက တပ်မတော်သား အများစုဟာ ဒီိမိုကရေစီဆိုတဲ့ စကားလုံးနဲ့ အလှမ်းဝေးနေပေမယ့် လွတ်လပ်မှုကိုတော့ နှစ်သက်မြတ်နိုးကြပါတယ်။ ဒီတော့ စစ်တပ်ကိုချဉ်းကပ်တဲ့နေရာမှာ တဦးချင်းဖြစ်ဖြစ်၊ အစုလိုက်ဖြစ်ဖြစ် ကိုယ်နဲ့ နီး စပ်ရာကနေ အစပြုသင့်ပါတယ်။ NLD လူငယ်တွေ အမှတ်(၂) စစ်ဆေးရုံမှာ သွေးလှူ ဒါန်းတာကောင်းပါတယ်။ အဲဒီမှာ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေ တက်ရောက် ကုသတာ မဟုတ်လား။ အပြောင်းအလဲဖြစ်ဖို့အတွက် စစ်တပ်တခုလုံးက ထောက်ခံလာ ဖို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် စစ်တပ်အတွင်းက အစိတ်အပိုင်း တခုနဲ့ ယုံကြည်မှုတည်ဆောက်ထားနိုင်ရင် ရှေ့ခရီးဆက်လို့ရပါပြီ။ အထူးသဖြင့် အင်အားထု ထည်ကြီးမားပြီး ပြည်သူလူထုနဲ့ နီးစပ်မှုရှိတဲ့ အောက်ခြေထုကို ဦးတည်ချက်ထားသင့် ပါတယ်။ အထက်အမိန့်ဆိုတာ နာခံမယ့်သူ ရှိမှ အကျိုးသက်ရောက်ပါတယ်။
ဆိုဗီယက် ပြည်ထောင်စု အာဏာပြိုကွဲသွားပုံကိုကြည့်ပါ။ ကျနော့်အတွေ့အကြုံကိုပြောရရင် စစ်တပ်ထဲမှာ အောက်ခြေထုညီညွှတ်တဲ့အခါ အထက်အရာရှိတွေ အလျှော့ပေးရပါတယ်။ တခါက စစ်ရေယာဉ်တစီးမှာ စစ်သည်တွေ အားလုံးညှိပြီး အိပ်နေကြလို့ ရေယာဉ် စက်နှိုးဖို့ အခက်အခဲရှိပြီး စစ်ရေယာဉ်မှူး အခက် ကြုံရဖူးပါတယ်။ ကိုယ့်ဖက်ကအားနည်းရင် အလျှော့ပေး စေ့စပ်မှုလုပ်တာဟာ စစ်ခေါင်းဆောင်တွေရဲ့ စရိုက်သဘာဝဖြစ်ပါတယ်။ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့ အစိုးရတစ်ရပ်ဟာ စစ်တပ်အောက်ခြေထုကပါ အမိန့်မနာခံတော့ဘူးဆိုရင် ဘယ်လို အာဏာရှိတော့မှာလဲ။ စစ်ဗိုလ်ချုပ်ကြီးတွေ တန်ခိုး ထွားနေတာဟာ အနုမြူလက်နက်ကြောင့် မဟုတ်ဘဲ သူတို့အမိန့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ လက်အောက်ခံ အရာရှိ/စစ်သည်တွေကြောင့်သာ ဖြစ်ပါတယ်။ “ပြည်တင်းမင်းမခံနိုင်” ဆိုတဲ့ မြန်မာဆိုရိုးစကားပုံကိုလည်း ရှိတယ်မဟုတ်ပါလား။
တပ်ကြပ်ကြီး – နေမင်းသူ
၁၇-ဒီဇင်ဘာ-၂၀၁၀
ပေးပို့ပေးတဲ့ ကိုနေမင်းသူအား ကျေးဇူးတင်ပါသည်..။
ဗဒတတပ်ပေါင်းစုလှုပ်ရှားမှု.... (ပြည်တွင်း)
မြန်မာပြည်တွင်းဒီမိုကရေစီရေး လှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသားလူငယ်အဖွဲ့ ခုနှစ်ဖွဲ့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ)မှ တိုင်းရင်းသားဒေသများတွင် နအဖစစ်အစိုးရဆင်နွှဲနေသော ထိုးစစ်များကို ကန့်ကွက်သည့် စာရွက်ကြဲလှုပ်ရှားမှုကို ပြုလုပ် ခဲ့ကြသည်။ ဗဒတတပ်ပေါင်းစု အဖွဲ့ဝင်သံဃာတော်များနှင့် လူငယ်များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိမြို့နယ် ပေါင်း(၂၀)တွင် အဆိုပါလှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀)နှင့် (၂၁.၁၂.၂၀၁၀) ရက်နေ့များတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ဗဒတတပ်ပေါင်းစုမှ ဖြန့်ဝေခဲ့သည့်စာရွက်များတွင် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာ ချက်ချင်းရပ်၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ စစ်ပွဲအလိုမရှိ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ချက်ချင်းဆောင်ရွက်ပေး စသည့်စစ်ဆန့်ကျင် ရေးသားစာများ ပါဝင်ပြီးငြိမ်းချမ်းရေး ဂျိုးဖြူငှက် မြန်မာပြည်မြေပုံဆီသို့ ပျံသန်းနေဟန် သရုပ်ဖော်ထားသောပုံများ ပါရှိသည်။ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ အရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုပြီး မြေပြန့်နေ ပြည်သူများက တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများ တစိတ်တ၀မ်းထဲရှိကြောင်း ပြသခြင်းဖြစ်ကြောင်း သိရှိရသည်။ ဗဒတ၏စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ အင်းစိန်မြို့နယ်၊ တွံ့တေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ သာကေတမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တစ်ထောင်မြို.နယ်၊ ဒေါပုံမြို.နယ်၊ မင်္ဂတောင်ညွန့်ြ
Tuesday, 4 January 2011
Prodding Generals to Negotiating Table
2011-01-03
In a program aired on Dec. 17, Aung San Suu Kyi urges Burma’s military rulers to join talks aimed at national reconciliation and discusses the future of Burmese youth both inside the country and abroad.
Q: The Burma Communist Party (BCP) was founded by General Aung San [Aung San Suu Kyi’s father] himself, who served as its secretary. This organization took a leading role in Burma’s independence movement, but had to go underground in 1948. You have said that you and the NLD are prepared to work together with any party or political organization to achieve democracy. Therefore I would like to know whether you are willing to work with the BCP and whether, after democracy is established, there is any intention of recognizing the BCP as a legal party.
A: At this time, when we are working for internal peace and reunification in our country, it is better to look forward toward the future than to look back to the past. So this is a time to work not just for one group or organization but for everyone, and for all groups and organizations. Therefore, I would like for all groups and organizations to think together about what they can do to help achieve national reconciliation.
When democracy is achieved and human rights have been fully restored, all of the groups and organizations will also gain their appropriate rights and privileges. This would apply not just to the Communist Party but to everyone. I would like to say that democracy and human rights will provide a more secure life for everyone.
Q: I am asking this question from Norway. With regard to the negotiations with the military for national reconciliation, I recall that you have said that there will not be a losing side and a winning side—but that both sides will come out as winners as a result of those talks. At this time, the military has complete control over power in the country. They also have a huge control over economic activities, and they rely on their power for the security of their daily lives. So if, as a result of these negotiations, they have to give up all of their power, or share their power, this would amount to a loss for them. How could one say that they would also be on the winning side?
A: I think that having dignity and a secure life is much better than holding on to power. That kind of a genuine secure life can be achieved only through a political solution. If everyone can agree, through negotiations and discussions, on national reconciliation, the people—including all military personnel—will be able to live a secure life. I do not believe that all of the people in the Tatmadaw [military] government are interested only in power. I think that there are also those who value dignity and living a secure life.
Q: How are you planning to successfully bring the military government to the dialogue table? I would also like to know how those of us who are living abroad can support and help you in your efforts to bring about national reconciliation. [The questioner is calling from London, and is the director of the rights group Burma Democratic Concern.]
A: To persuade the Tatmadaw government to come to the negotiation table, all of us must put our efforts together to make them understand that these talks are in everyone’s interests. Just as we are putting our efforts together, you must also put your efforts together. These negotiations are in everyone’s interest—they are for the whole country. Everyone must work together to make the Tatmadaw government understand that these talks are for the peace of mind, freedom, and secure life of all groups and organizations. All kinds of methods must be used, and I would like to say that we are also looking for new ways all of the time.
Q: Those of us who have watched the people in Burma struggle for many years to achieve democracy want to continue to support them. [The caller is a member of Australia’s parliament.] Would you advise us on ways to continue with our help to them? There are a lot of people in Australia who steadfastly support you and the people of Burma in their struggle for freedom. We heard you very clearly when you said, “Please use your freedom so that we can achieve ours.”
A: May I take this opportunity to say that we are thankful to all of our friends in Australia for the many years of help they have given us in our struggle for democracy in Burma. As to how you can help us more in our efforts: the emergence of an all-inclusive political process is very important at this time. Everyone abroad and in Burma must work together for the emergence of such a political process. So we would like all of our friends in Australia to also put their efforts together, using their own methods, so that the people governing Burma will clearly understand that an all-inclusive political process is needed for our country to really develop and genuinely get on the road toward democracy.
Q: I don’t really have a question, it is actually a request for the benefit of Burmese children and youth now living abroad. They learn about you in their social and political studies in school, and you are always on their minds. I think that they would be very happy if you could write and send some letters from Burma to all of these young people living abroad. Also, can you tell us how the young people of Burma can help and protect our country.
A: Establishing contact with our Burmese children abroad is something that I think about all the time. I would like to write to them. Also, if possible, I would like to get in touch with them on the Internet. I have been planning and making arrangements to do these things, and I hope that I can get in touch with the children of Burma directly. I would also like to ask all parents to encourage and help their children to be interested in Burma.
Q: I fled to Burma’s border while attending first-year classes for my Masters of Science degree. [The caller now lives in a refugee camp.] Now that you have been released from detention, what will you do to help students inside the country? Although there are universities in Burma, they are empty and have no practical equipment. Also, do you have plans to open more schools, computer classes, and English-language classes—not in Rangoon but in the districts and more remote areas that are hard to reach?
A: A foundation has been established with the money I received from my Nobel Prize and from other prizes, and we are helping Burmese students who live abroad through this foundation. But the help we can provide is limited by the foundation’s capabilities. We are trying to expand our activities as much as possible. As for the youth inside Burma, we cannot do as much as we would like, as our organization is a political organization. But we help as much as we can with the education of youth who have been in contact with the National League for Democracy, as well as with the families of political prisoners, and we will continue to do this. We have also arranged English-language and computer classes as much as we can. We will continue to do this as well.
Copyright © 1998-2010 Radio Free Asia. All rights reserved.

Subscribe to:
Posts (Atom)