Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 26 April 2009


ကျော်ဟိန်းက ရဟန်း ဝတ်တော့မယ်ဆိုပြီးတော့ မဝတ်ခင်ကတည်းက တရားပွဲတွေ
လက်ခံပါသတဲ့။ လူမင်းက လသား သမီးကလေးကို သီလရှင် ဝတ်ပေးပါသတဲ့။ ဒါဟာ
မြန်မာပြည် ဘာသာရေးမှာ အနုတ် လက္ခဏာတွေပါ။

ရဟန်းဝတ်ပြီးရင် ငါးဝါတိုင်အောင် ဥပဇ္ဈယ်ဆရာအနီးမှာ နေရပါတယ်။
သင်္ကန်းပတ်ပြီးတာနဲ့ သာသနာပြုတော့မယ်ဆိုပြီး သောက်ရမ်း လျှောက်လုပ်လို့
မရပါဘူး။ အနီးနေဆရာရဟန်း (ဆရာရဟန်း မအားရင် Assign လုပ်ပေး၊ အပ်ပေးတဲ့
ရဟန်းတော်) ထံပါးမှာ နေပြီး အနည်းဆုံးအားဖြင့် ရဟန်းစည်းကမ်းဖြစ်တဲ့
ဝိနည်းကိုလေ့လာရပါတယ်။

ခေါင်းမှာ ဒက်ဗရပွပေါက်လာတဲ့ ကိုရင် ပေါက်စနကနေ ရဟန်းဖြစ်လာတဲ့
ငယ်ဖြူတွေတောင် တရားပွဲ ရင်ဆိုင်ဟောဖို့ဆိုတာ မလွယ်လှသေးပါဘူး။
ကျော်ဟိန်းဆိုတဲ့ သီချင်း၊ သူသရုပ်ဆောင်တဲ့ ဇာတ်ကား၊ သူဒါရိုက်တာ
လုပ်တဲ့ကားတွေ ကောင်းပါတယ်။ ဒါပေမယ့် ဘာသာရေးမှာ စတန့် လုပ်လို့ မရပါဘူး။
ကုသိုလ်မရဘဲ အကုသိုလ်ပဲ သေချာပေါက်ရမှာပါ။ တကယ့် သံဃာလောကက ဒါမျိုးတွေ
လက်ခံမှာ မဟုတ်ပါဘူး။

လူမင်းက စတန့်လုပ်ပြန်တာက ရက် ၁၀၀ သား ကလေးပေါက်စနကို သီလရှင် ဝတ်ပေးတယ်။
သီလပေးတာတောင် လိုက်မဆိုနိုင်သေးတာ ဘယ့်နှယ်လုပ် သီလရှင်
ဖြစ်နိုင်ပါ့မလဲ။ သီလရှင် ဝတ်စုံ ပတ်ပေးတာလောက်ပဲ ရှိမှာပါ။ သာမဏေ
ဝတ်မယ်ဆိုရင်တောင် အနည်းဆုံးအားဖြင့် ကိုယ့်ဆွမ်းကို ကျီးမထိုးအောင်
ခြောက်နိုင်တဲ့ အရွယ်၊ သင်္ကန်းကို နိုင်တဲ့ အရွယ် ဖြစ်ရမယ်လို့ ဘုရားက
သတ်မှတ်ထားပါတယ်။ ဝတ်ပေးတဲ့ ကိုယ်တော်ကို သံဃမဟာနာယ အဖွဲ့တို့၊
ဝိနည်းဓိုရ် အဖွဲ့တို့က ဘာမှ မပြောဘူးလား မသိပါ။ (နှာစေးတော်မူကြထင့်။)

ကံဆောင်တာ၊ ဘုန်းကြီး နိုင်ငံရေးပြော သာသနာ ပျက်စီးကြောင်း
မဟုတ်သေးပါဘူး။ ဒါပေမယ့် ထောင်ထဲရောက် မဲဇာရောက် ဖြစ်ရပါတယ်။ ခုနလို
သာသနာမှာ ထင်ရာလုပ်တာကျတော့ ဘာသံမှ မထွက်ကြပါဘူး။ ဒီလိုလုပ်တာကမှ သာသနာ
သေချာပေါက် ကျဆင်းတော့မှာပါ။

ဆရာတော် ဦးဗုဓ်တို့၊ လယ်တီဆရာတော်တို့၊ မဟာဂန္ဓာရုံဆရာတော်တို့များ
ဒါတွေ သိရ ကြားရတော်မူရင်တော့ဖြင့် ငါတို့ ၂ ခါပြန်တောင်
ပျံလွန်တော်မူချင်တယ်လို့ ငြီးငြူတော်မူကြမှာကတော့ မြင်ယောင်မိပါသေး။

သင်ကာ

ဖေဖော်ဝါရီ၊ ၂၀၀၉