Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 27 September 2011







ရွှေဝါရောင်တော်လှန်ရေးနေ့ ၄နှစ် ပြည့် ဆန္ဒပြပွဲအခမ်းအနားနှင့် ဧရာဝတီမြစ်ဆုံဆည် အမြန်ဆုံးဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနား

အင်္ဂလန်နိုင်ငံ၊ လန်ဒန် မြို့ အခြေစိုက် Burma Democratic Concern( BDC ) အဖွဲ့ကြီးမှ ကြီးမှူး၍ ရွှေဝါရောင်တော်လှန်ရေးနေ့ ၄နှစ် ပြည့် ဆန္ဒပြပွဲအခမ်းအနားနှင့် ဧရာဝတီမြစ်ဆုံဆည် အမြန်ဆုံးဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနား နှစ်ရပ်ပေါင်းကို မနေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန် မြို့ရှိ မြန်မာသံရုံးရှေ့နှင့် တရုတ်နိုင်ငံသံရုံးရှေ့တို့တွင် တစ်နေ့ထဲ ခြိမ့်ခြိမ့်သဲသဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ပထမဦးစွာ မြန်မာပြည် သမိုင်း၌ စစ်အာဏာရှင်တို့၏ အဆိုးသွမ်းဆုံး၊ ကမ်းကုန်အောင် မိုက်ရိုင်း၊ ရက်စက်ခဲ့ကြသော၊ မည်သည့်အခါမှ မေ့ရက်နိုင်စရာမရှိသော ရွှေဝါရောင်တော်လှန်ရေးနေ့ ၄နှစ် ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲအခမ်းအနားကို ၂၆ရက်နေ့၊ စက်တင်ဘာလ၊ ၂၀၁၁ ၌ နေ့လည် ၁နာရီမှ ၂နာရီ တွင် လန်ဒန် မြို့ရှိ မြန်မာသံရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အင်္ဂလန်နိုင်ငံရောက် မြန်မာလူမျိုး၃၀၀ခန့် စည်းလုံးညီညွတ်စွာဖြင့် ဆန္ဒပြပွဲကို တစ်ခဲနက် အားပေးတက်ရောက်ခဲ့ကြပါသည်။ ထိုဆန္ဒပြပွဲအခမ်းအနား၌ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် ကျဆုံးသွားသော အာဇာနည် အပြစ်မဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသားများအား ဦးညွတ်အလေးပြုခြင်း၊ မေတ္တာပို့အမျှပေးဝေခြင်း၊ တက်ရောက်လာသောအဖွဲ့အစည်းအသီးသီးမှ အမှာစကားများပြောကြားခြင်း၊ ကြွေးကြော်သံများဟစ်ကြွေးခြင်း၊ တော်လှန်ရေးသီချင်းများအားဟစ်ကြွေးသီဆိုခြင်းများကို စိတ်အားတက်ကြွဖွယ် စည်းလုံးညီညွတ်စွာဖြင့် ဆန္ဒပြ ပြုလုပ်ခဲ့ကြပါသည်။ အမှာစကားများပြောကြားရာတွင် Burma Democratic Concern( BDC ) ၏ ညွန်ကြားရေးမူး ဦးမျိုးသိမ်းမှ ရွှေဝါရောင်တော်လှန်ရေးနေ့သမိုင်းနှင့် ယနေ့ခေတ်တော်လှန်ရေးတွင် ပြည်တွင်း၊ ပြည်ပမြန်မာလူမျိုးအားလုံး၌ တာဝန်ရှိပုံကို ကျိုးကြောင်းများစွာဖြင့် စိတ်ဓာတ်ခွန်အားတက်ဖွယ် ပြောကြားသွားခဲ့ပါသည်။

ဆန္ဒပြပွဲလာ လူပရိတ်သတ်ကြီးသည် ဆက်လက်၍ ဧရာဝတီမြစ်ဆုံဆည် အမြန်ဆုံးဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနားကို ချီတက်သွားရာ နေ့လည် ၃နာရီ၌ လန်ဒန် မြို့ရှိတရုတ်နိုင်ငံသံရုံးရှေ့တွင် တောင်းဆိုဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ ထို တောင်းဆိုဆန္ဒပြပွဲတွင် အင်္ဂလန်နိုင်ငံရောက် မြန်မာလူမျိုးက တရုတ်နိုင်ငံ၏ မြန်မာပြည်သူ၊ ပြည်သားတို့အတွက် ဒုက္ခရောက်စေမည့် ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ခြင်းကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်၊ရှူပ်ချလိုက်ပါသည်။ အမှာစကားများပြောကြားရာတွင် KNO UK ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုခရစ်စတိုဖာရင်းတုမှ ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ခြင်းကို ကချင်တိုင်းရင်းသားများကမည်သည့်အခါကမှ သဘောမတူခဲ့ကြောင်း၊ ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ခြင်း၏ ဆိုးကျိုးများ၊ သဘာဝဂေဟစနစ်များပျက်ယွင်းနိုင်ပုံ၊ ဒေသခံ ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမူသမိုင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးသွားနိင်ပုံများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားသွားခဲ့ပါသည်။ ။


ကဲကဲလေး
၂၇ရက်၊ စက်တင်ဘာလ၊ ၂၀၁၁

http://www.bdcburma.org/

http://bdcburma.wordpress.com/
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်ပြည့်အခမ်းအနား


ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဒီမိုကရေစီကို
ချစ်မြတ်နိုးသူအားလုံးသို့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင်
စတင် တည်ထောင် ဖွဲ့စည်းခဲ့ရာ ၂၇.၉.၂၀၁၁ ရက်နေ့တွင် ၂၃
နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားကို ရွှေဂုံတိုင်ရှိ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဌာနချုပ် ရုံး၌ နံနက် (၁၁)နာရီတွင် စတင်
ကျင်းပမည်ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၃)
နှစ်ပြည့် အခမ်းအနားကို ဂီတဖျော်ဖြေပွဲများနှင့် နိုင်ငံရေးဆိုင်ရာ
ဆွေးနွေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီခေါင်းဆောင်၊ နိုဗယ်
ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ တည်ကြည် ဖြောင့်မတ်သော
ဦးဆောင်မှုအောက်တွင် စစ်အစိုးရ၏ ကောက်ကျစ် ယုတ်မာမှုမျိုးစုံဖြင့် ပါတီအား
ဖြိုခွင်းရန် ကြိုးပမ်းခဲ့မှုများကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် သန့်ရှင်း၍ တရားမျှတသည်ဟု တကမ္ဘာလုံးက
သတ်မှတ် ထားသော ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင်
မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြန်မာပြည်သူလူထု၏
ထောက်ခံမှုရရှိခဲ့သော ပြည်သူ့ပါတီကြီးဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံပြည်သူ တရပ်လုံး၏
ယုံကြည်ကိုးစားမှုကို ခံယူကာ မြန်မာပြည်သူတရပ်လုံး၏ တာဝန်ပေးချက်ဖြင့်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား
ပြန်လည်သင့်မြတ်ရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ၂၃ နှစ်လုံးလုံး
ကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှာ ယခုဆိုလျှင် အောင်မြင်မှု အလင်းရောင်စကို
စတင် တွေမြင်နေရပြီ ဖြစ်ပါသည်။
ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏
တစ်ခုတည်းသော ဒီမိုကရေစီရေး၊ နိုင်ငံရေး ဦးဆောင်မှုပါတီအဖြစ် ၂၃
နှစ်တိုင်အောင် ရပ်တည်နိုင်ခဲ့ပါပြီ။ မြန်မာဒီမိုကရေစီအရေး၊
လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက်
မြန်မာတမျိုးသားလုံးကို ဦးဆောင်မှု ပေးနေသည့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားကို ဒီမိုကရေစီ
ချစ်မြတ်နိုးသူ ပြည်သူတရပ်လုံးက တက်ရောက်ကြပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။


မြန်မာနိုင်ငံဒီမိုကရေစီကွန်ယက်

Burma Insight: 27 Sep 2011

Yangon, September 26 -- About 150 persons made up of former NLD members and activists for democracy, who planned to stage a mass prayer meeting for the release of political prisoners on the platform of Sule Pagoda right in the center of Yangon this afternoon, got to call off their plan as these persons coming on board three buses were prevented by a large number of security police as they reached Kaba Aye Pagoda road about 8 miles away from their destination.

The standoff, which took place between this crowd and security police armed with battle gear on Kaba Aye road, lasted one hour under heavy rains. Eventually the crowd called off and cancelled their mass prayer meeting without resulting any kind of physical clash.

All of these 150 persons were wearing yellow T-shirts and yellow blouses emblazoned with the picture of iron bars with white dove in the middle signifying the call for the release of political prisoners from behind the iron bars.

On some shirts and blouses worn by these men and women demonstrators, such words as “Anniversary of Saffron Revolution 26.9.2011,” were seen. This meant that some demonstrators were also commemorating the Buddhist monks demonstrations, which engulfed the country in September 2007 entailing casualties among the monks and the people, who came out in support of the monks.

These Buddhist monks demonstrations, which were supported by a large segment of the people took place in 2007 in protest against the high prices.

The presence of over 2000 political prisoners in prisons throughout Myanmar have all along been un-reconcilable problem between the democratic forces led by NLD and the previous government of State Peace and Development Council ( SPDC ) and the current Thein Sein government.

While the democratic opposition has steadfastly maintained and called for the release of over 2000 political prisoners, the SPDC government as well as the current Thein Sein government has contended that in Myanmar there are no political prisoners.

The government side has up to now mentioned that there are only prisoners, who committed crimes and that there are no prisoner of conscience.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်ပြည့်အခမ်းအနား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်ပြည့်အခမ်းအနား


ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဒီမိုကရေစီကို
ချစ်မြတ်နိုးသူအားလုံးသို့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင်
စတင် တည်ထောင် ဖွဲ့စည်းခဲ့ရာ ၂၇.၉.၂၀၁၁ ရက်နေ့တွင် ၂၃
နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားကို ရွှေဂုံတိုင်ရှိ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဌာနချုပ် ရုံး၌ နံနက် (၁၁)နာရီတွင် စတင်
ကျင်းပမည်ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၃)
နှစ်ပြည့် အခမ်းအနားကို ဂီတဖျော်ဖြေပွဲများနှင့် နိုင်ငံရေးဆိုင်ရာ
ဆွေးနွေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သည် ဒီမိုကရေစီခေါင်းဆောင်၊ နိုဗယ်
ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ တည်ကြည် ဖြောင့်မတ်သော
ဦးဆောင်မှုအောက်တွင် စစ်အစိုးရ၏ ကောက်ကျစ် ယုတ်မာမှုမျိုးစုံဖြင့် ပါတီအား
ဖြိုခွင်းရန် ကြိုးပမ်းခဲ့မှုများကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် သန့်ရှင်း၍ တရားမျှတသည်ဟု တကမ္ဘာလုံးက
သတ်မှတ် ထားသော ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင်
မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြန်မာပြည်သူလူထု၏
ထောက်ခံမှုရရှိခဲ့သော ပြည်သူ့ပါတီကြီးဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သည် မြန်မာနိုင်ငံပြည်သူ တရပ်လုံး၏
ယုံကြည်ကိုးစားမှုကို ခံယူကာ မြန်မာပြည်သူတရပ်လုံး၏ တာဝန်ပေးချက်ဖြင့်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား
ပြန်လည်သင့်မြတ်ရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ၂၃ နှစ်လုံးလုံး
ကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှာ ယခုဆိုလျှင် အောင်မြင်မှု အလင်းရောင်စကို
စတင် တွေမြင်နေရပြီ ဖြစ်ပါသည်။
ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏
တစ်ခုတည်းသော ဒီမိုကရေစီရေး၊ နိုင်ငံရေး ဦးဆောင်မှုပါတီအဖြစ် ၂၃
နှစ်တိုင်အောင် ရပ်တည်နိုင်ခဲ့ပါပြီ။ မြန်မာဒီမိုကရေစီအရေး၊
လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက်
မြန်မာတမျိုးသားလုံးကို ဦးဆောင်မှု ပေးနေသည့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားကို ဒီမိုကရေစီ
ချစ်မြတ်နိုးသူ ပြည်သူတရပ်လုံးက တက်ရောက်ကြပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။


မြန်မာနိုင်ငံဒီမိုကရေစီကွန်ယက်

ရွှေဝါရောင် တော်လှန်ရေး (၄) နှစ်ပြည့် လှုပ်ရှားမှု

ရွှေဝါရောင် တော်လှန်ရေး (၄) နှစ်ပြည့် လှုပ်ရှားမှု

2011-09-26

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် ကုသိုလ်ပြုပွဲနဲ့ ချီတက်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Photo: RFA
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် ချီတက်ပွဲမှာ အဝါရောင် အင်္ကျီ ဝတ်ဆင် ချီတက်လာသူ တချို့ကို ရန်ကုန်မြို့ ဆူးလေဘုရားဝန်းကျင်မှာ တွေ့မြင်ရစဉ်။
မနက်ပိုင်း ၉ နာရီဝန်းကျင်က မြောက်ဒဂုံမှာရှိတဲ့ မကွေး ပဋိယတ္တိ စာသင်တိုက်မှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့သလို ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ အတွက် ကုသိုလ်ပြု အမျှပေးဝေ ခဲ့ပါတယ်။
နေ့လည် ၁၂ နာရီခန့် မှာတော့ အထိမ်းအမှတ်ပွဲ တက်ရောက်လာသူ ၁၅၀ ဝန်းကျင်က ဆူးလေဘုရားမှာ ဆုတောင်းပွဲ ကျင်းပဖို့  ရန်ကုန်မြို့ထဲကို ဘတ်စကား ၃ စင်းနဲ့ ချီတက်ခဲ့ပေမယ့် ဘတ်စကားတွေကို ရဲက တားမြစ်ခဲ့သလို ကားသမားတွေကို ထိန်းသိမ်းခဲ့တယ်လို့ ချီတက်ပွဲ ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။
ဒီကနေ့ ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ဆုတောင်းပွဲနဲ့ ချီတက်ပွဲကို မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ စတဲ့ မြို့နယ်အသီးသီးမှာ ကျင်းပခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ခြောက်ဝိုင်း ပစ္စိမာရုံကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ ရွှေဝါရောင် ၄ နှစ်ပြည့် အခမ်းအနားကို သံဃာတော်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦး၊ ဦးဝင်းတင် အပြင် တခြား ပါတီအသီးသီးက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ရွှေ့ဝါရောင် တော်လှန်ရေး ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆိုလွှာတွေကို စတုတ္ထအကြိမ် အဖြစ် နိုင်ငံတော် သမ္မတထံ ပေးပို့ခဲ့ကြောင်း သိရပါတယ်။
ရွှေဝါရောင် ၄ နှစ်ပြည့် လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/saffron-09262011104943.html