Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 29 November 2008

HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ချမှတ်ခံရ

28 November 2008

မြန်မာစစ်အစိုးရ ကနေ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ အနည်းဆုံး အယောက် ၂၂ ကို ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပြန်ပါတယ်။ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူ ဦးမြင့်အေး အပါအ၀င် လှုပ်ရှားသူအချို့ ကိုတော့ ဖောက်ခွဲ ဖျက်ဆီးရေး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တသက်တကျွန်း အပြစ်ဒဏ် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန်ဦး က တင်ပြထားပါတယ်။

ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံရတဲ့အထဲမှာ HRDP လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ က ဦးမြင့်အေး အပါအ၀င် အဖွဲ့ဝင်အချို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်တွေ၊ ၈၈ မျိုးဆက်နဲ့ ၂၀၀၇ မျိုးဆက်သစ် ကျောင်းသားတွေ၊ နောက် စာနယ်ဇင်းဖက်ဆိုရင် မြန်မာနေရှင်း ဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့ အားလုံး စုစုပေါင်း အနည်းဆုံး ၂၂ ဦး ရှိပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးကိုတော့ ဖောက်ခွဲဖျက်ဆီးရေး ပုဒ်မနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး က အခုလို ပြောပါတယ်။

“ဦးမြင့်အေးက ပုဒ်မ ၃/၆ ဖေါက်ခွဲကူညီ ပေါ့နော်။ အဲဒါနဲ့ တသက်တကျွန်း၊ ရန်ရွှေက ဖေါက်ခွဲ နဲ့ တသက်တကျွန်း ပုဒ်မ (၃)။ နောက်တခါ ၁၇/၁ နဲ့ ၃ နှစ်။ ၁၃/၁ နဲ့ ၅ နှစ်၊ ၁၃/၅ နဲ့ ငါးနှစ်၊ ရန်ရွှေက ပေါင်း တသက်တကျွန်းနဲ့ ၁၃ နှစ်။ နောက် ဇော်ဇော်အောင်။ ဖေါက်ခွဲသုံးနဲ့ တစ်သက်တကျွန်း၊ ၁၇/၁ နဲ့ ၃ နှစ်၊ ၁၃/၁ နဲ့ ၅ နှစ်၊ တသက်တကျွန်းနဲ့ ရှစ်နှစ်။”

အခြား HRDP အဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် နောက်ထပ် ၄ ဦး ကိုလည်း ရွှေပြည်သာ တရားရုံးကနေ ထောင်ဒဏ် ၈ နှစ်စီ အမိန့် ချလိုက်တယ်လို့ သိရပါတယ်။ မြန်မာနေရှင်းဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့နှစ်ဦး ကိုတော့ ၁၇/၂၀ ပုံနှိပ်အက်ဥပဒေ နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ က ၁၃ ဦး ကိုလည်း ထောင်ဒဏ် ၆ နှစ်စီ အမိန့် ချခဲ့တယ်လို့ ကိုမောင်မောင်လေး ကပဲ အခုလို ပြောပါတယ်။

“ဒီနေ့ အရှေ့ပိုင်း ခရိုင် ရုံးကပေါ့နော် ကိုသိန်းသန်းထွန်း၊ ဇော်ထက်ကိုကို၊ ချစ်ကိုလင်း၊ မလေးလေးမွန်၊ မနိုဘယ်အေး (ခေါ်) မေဦး၊ မနွဲ့နှင်းရီနိုးနိုး၊ သရဖီသိမ့်သိမ့်ထွန်း၊ မအေးသီတာ၊ ကျော်ဇင်ထွန်း၊ ကိုကြည်သန်း၊ စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ မောင်သိုက်စိုး၊ ဒေါ်စန်းစန်းတင် အဲဒီ ၁၃ ယောက်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ သုံးကြိမ် စွဲပြီးတော့ ထောင်ဒဏ် ၆ နှစ် ချလိုက်တယ်။

အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဖောက်ခွဲရေးပုဒ်မတွေနဲ့ အရေးယူခံရတဲ့ ကိုမြင့်အေး၊ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ မိသားစုဝင်တွေ ကတော့ သူတို့ကို အပြစ်စီရင်ခံတဲ့ တရားရေးစနစ်ဟာ မျှတမှုမရှိသလို၊ အခု အရေးယူခံရတဲ့ ပြစ်မှုတွေမှာလည်း ဘာမှ ထင်ရှားတဲ့ အထောက်အထားတွေ မရှိပါဘူးလို့ ပြောကြပါတယ်။

“ကိုမြင့်အေး ဟာ မြန်မာနိုင်ငံ ကသာမကဘူး ကမ္ဘာကပါ အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးသမား တယောက် ဖြစ်ပါတယ်။ မနှစ်ကတုန်းက (၅၉) နှစ်မြောက် လူ့အခွင့်အရေးနေ့မှာဆိုလို့ရှိရင် လူ့အခွင့်အရေး ကောင်စီကနေ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးဆီက သ၀ဏ်လွှာ ပေးပို့ခြင်းခံရတဲ့သူ ဖြစ်ပါတယ်။ ဒီလို လူတယောက်ဟာ ဒီလို ဖောက်ခွဲပုဒ်မ နဲ့ တသက်တကျွန်း ချခံရတယ်ဆိုတာ မုန်တိုင်းထန်တဲ့ ရက်တွေပြီးလို့ရှိရင် လေပြေလာမယ့် ရက်တွေကို စောင့်မျှော်နေပါတယ် ဆိုတဲ့ စကားပဲ ပြောလိုပါတယ်။”

“တော်တော်ကို နည်းလမ်းမကျတဲ့ ကိစ္စတွေပါ။ ဘယ်ကမှ သတင်းမရဘူး။ ဖမ်းတာဆီးတာလည်း မသိဘူး။ ၂ လလောက် နေမှ သိတာ။ သိတော့ ဖမ်းထားတယ် ဒီလို ဖောက်ခွဲရေး ကိစ္စနဲ့ပတ်သက်ပြီး အဲလို သတင်းကြားလို့လိုက်တော့ ထောင်မှာ ရောက်နေတယ်။ တို့ မိဘတယောက် အနေနဲ့ကတော့ကွာ ဟုတ်တယ်ဆိုရင်တော့ မပြောလိုပါဘူး။ ဘာမှလည်း မသိရတာ၊ ဟုတ်လည်း မဟုတ်ဘဲနဲ့။ နောက်ပြီးတော့ ဦးနဲ့ ကိုယ်တိုင် အလုပ်လုပ်နေရင်းနဲ့ ဖြစ်တဲ့ဖြစ်ရပ်ပဲကွ၊ မမှန်မကန်ဆိုတော့ စိတ်ထိခိုက်ရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ် အမှန်အကန်ဆိုရင် တို့ မပြောလိုပါဘူး။ မခံထိမခံသာ ဖြစ်တယ် ပေါ့ကွာ။ ပြောမယ် ဆိုလို့ရှိရင်တော့ သူတို့အခု လုပ်နေတဲ့ လုပ်ရပ်က အကုန်လုံး ရုံးမှာ ရှေ့နေတွေ မလိုက်နိုင်တဲ့ အဆင့်မှာတောင်မှပဲ တို့ လူစိမ်းတွေတောင်မှပဲ မမှန်ကန်ဘူးဆိုတာ ပေါ်လွင်နေတယ်။”

“ရင်ထဲမှာ ခံစားရတာက အပြင်ဘက်မှာ ထုတ်ဖော်လို့ရှိရင် ရှုံးရာ ကျမှာစိုးလို့ မျက်ရည်တစက်တောင် မကျခဲ့ပါဘူး။ ရင်ထဲမှာတော့ ခံစားရတာ အတိုင်းထက်အလွန်ပေါ့။ မွေးထုတ်ထားတဲ့ မိခင် ပဲ သားရယ်။ အန်တီသား က ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးဘူး။ သူများ သွေး ထွက်သံယိုဖြစ်အောင်လည်း မရိုက်နှက်ခဲ့ဘူး။ အဲဒီတော့ ဒီ ဗုံးကြီးကို သွားထောင်တယ်ဆိုတာ အန်တီ က လုံးဝ မယုံကြည်ဘူး။ ရပ်ကွက်ထဲက သူတွေကလည်း လုံးဝ မယုံကြည်ဘူး။ အန်တီ့သားက ဒါကြောင့်မိုလို့ သူတို့ လာပြောတဲ့အချိန်မှာ ခင်ဗျားသား က ကြံ့ခိုင်ရေး ရုံး ဗုံးဖေါက်တဲ့အထဲမှာ ပါတယ် ဆိုတော့ အန်တီ က မကြားဘူးတဲ့စကား ကြားလိုက်ရတဲ့အတွက် ရင်ထဲမှာ ဆို့ပြီးတော့ ပစ်လဲကျသွားတယ်။”

ဒါကတော့ ဖောက်ခွဲရေးပုဒ်မတွေနဲ့ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုမြင်အေး။ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ရဲ့ မိသားစုဝင်တွေ ပြောသွားတာပါ။ သူတို့ကို တော့ ကြံ့ခိုင်ရေး နဲ့ ဖွံဖြိုးရေးအသင်း ရန်ကုန်တိုင်း မြို့နယ်ရုံးတရုံးကို ဗုံးခွဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တွေ အခုလို ချခဲ့တာပါ။ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး ကတော့ အာဏာပိုင်တွေ အနေနဲ့ ဦးမြင့်အေး ကို လူ့အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ ဖမ်းမရလို့ အခု အမှုနဲ့ အကွက်ဆင် ဖမ်းခဲ့တာလို့ ယူဆပါတယ်။

“ရဲဘော်တွေနဲ့ ကျနော် လုပ်ခဲ့ကိုင်ခဲ့တဲ့တလျှောက် ဒီကိစ္စမျိုးတွေနဲ့ ပတ်သက်တာမျိုး တစုံတရာမှ ကျနော်တို့ စဉ်းစားခြင်း၊ တွေးခေါ်ခြင်းတောင် မရှိဘူး။ ဒါကြောင့် ဒီကိစ္စကို ၁ အချက် လုံးဝ ငြင်းတယ်။ ၂ အချက် - အခုလို စွပ်စွဲတဲ့အချက်တွေက ကျနော်တို့ ဖမ်းဆီးသွားတဲ့ အနေအထားမျိုးမှာ သော်လည်းကောင်း၊ စစ်ကြောရေးကာလမှာ သော်လည်းကောင်း၊ လက်ရှိ တရားရေးအရ တင်လာတဲ့ အခြေအနေတွေအပေါ်မှာ သုံးသပ်လိုက်လို့ရှိရင် ဖမ်းဆီးတဲ့အခါမှာ သူတို့ ဥပဒေနဲ့ မညီမျှပါဘူး။ ဥပဒေနဲ့ မညီစွာ ဖမ်းသွားတယ်ဗျာ။ စစ်ကြောရေး ကာလတွေမှာလည်း ဦးမြင့်အေး ကိုဆိုရင် ၇ ရက် ၇ ည ဆက်တိုက် ပေါ့နော်။ သူ့အသက်အရွယ် ၆၀ နားနီးနဲ့ မတန်အောင် စစ်ဆေးခံရတယ်။ ရန်ရွှေ ဆိုရင် ၈ ရက်နဲ့ ၈ ည ပြင်းပြင်းထန်ထန် စစ်ဆေးခံခဲ့ရတယ်။ မျိုးမင်းတို့၊ သန့်ဇော်မြင့် တို့ ဆိုရင်လည်း အဲဒီလိုပဲ စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် စစ်ဆေးခံရတယ်။ စ ဖမ်းကတည်းက တရားဥပဒေနဲ့ မဆီလျော်တဲ့ကိစ္စတွေကို စလုပ်တာပဲ။ တရားဥပဒေ စိုးမိုးရေး အကြောင်းပြပြီးတော့ ရှေ့မှာ မြန်မာပြည်မှာ ဖောက်ခွဲမှု ဖြစ်စဉ်တွေ အကြိမ်ကြိမ် အခါခါ ဖြစ်ခဲ့ပါတယ်။ တခါမှ စစ်မှန်တဲ့ တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီ ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိတဲ့ကိစ္စအပေါ်မှာ အစားထိုး တရားခံ ရှာလိုက်တယ်ဗျ။ အဲဒီအထဲမှာ HRDB ကို သူတို့ ရှာလို့ ပိုပြီးတော့ အဆင်ပြေသွားတယ်လို့ တွေ့ရပါတယ်။”

HRDP အဖွဲ့က ကိုမောင်မောင်လေးဖြစ်ပါတယ်။ မိသားစုဝင်တွေက အခု ထောင်ချခံရသူတွေကို အရင်လူတွေလိုပဲ နယ်ဝေး ထောင်တွေကို ပို့မှာ စိုးရိမ်နေကြပါတယ်။ မနေ့ကအထိဆိုရင်တော့ တလအတွင်းမှာ နိုင်ငံရေးလှုပ်ရှားသူပေါင်း ၂၀၈ ဦးကို အာဏာပိုင်တွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ခန့်မှန်းချေ ၁၀၀ ကျော်ကိုတော့ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့ ခဲ့ပါတယ်။

VOA news

Friday 28 November 2008

ထေရဝါဒ မြန်မာဘုန်းတော်ကြီးကျောင်း ၂ဝဝ၉ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ပထမဆုံး ပေါ်ထွန်းတော့မည်

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၂၇။
သတင်း-သန့်မျိုးထွေး(မိုးသောက်ကြယ်)၊ ဓါတ်ပုံ-သန်းဝင်း(BDA Group)

ပေါ်ထွန်းလာတော့မည့် ၃ ထပ်တိုက်မြန်မာဘုန်းကြီးကျောင်းပုံစံ

ဂျပန်နိုင်ငံရောက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတို့၏ ထေရဝါဒကိုယ်ပိုင် ဘုန်းတော်ကြီးကျောင်းတခုကို အများ စုပေါင်းလှူတန်းအားထုတ်မှုဖြင့် ၂ဝဝ၉ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တိုကျိုမြို့၌တည်ထောင်နိုင်တော့မည် ဖြစ်ကြောင်း ကျောင်းဖြစ်မြောက်ရေးကော်မတီဝင်များ၏ ပြောပြချက်အရသိရသည်။

''လွန်ခဲ့တဲ့(၆)နှစ်လောက်ကတည်းက တရားပွဲတွေဒီမှာ(တိုကျိုမှာ)ကျင်းပကြရင်း မြန်မာတို့ရဲ့ ထေရဝါဒ ကိုယ်ပိုင် မြန်မာဘုန်းကြီးကျောင်းတခုပေါ်လာ နိုင်ခဲ့ရင်ကောင်းမယ်လို့ ရည်ရွယ်ထားခဲ့ကြတာ...''ဟု ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်သူ ဦးအောင် သက်နိုင်(ခေါ်)ကိုအီးစိန်မှရှင်းပြသည်။

ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ခဲ့သည့် ၂ဝဝ၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ကြွရောက်စဉ် မြန်မာအများက ဆရာတော်ကြီးထံ၌ (၁)နှစ်အတွင်း မြန်မာဘုန်းတော်ကြီးကျောင်း တခုပေါ်ပေါက်အောင် ကြိုးစားကြမည်ဟုကတိခံခဲ့ကြကြောင်း၊ ဆရာတော်ကြီး ကိုယ်တိုင်မှလည်း ကျောင်းဖြစ်မြောက်လာမည်ဆိုပါက အမေရိကန်ဒေါ်လာ(၅ဝ,ဝဝဝ)ငါးသောင်းကို ထောက်ပံပေးမည် ဟု မိန့်ကြားထားခဲ့ခြင်းကြောင့် အားလုံး၏ စေတနာ၊ သဒ္ဒါတရားထက်သန်စွာဖြင့် ကြိုးစားလှူတန်းမှုကြောင့် ကျောင်းဖြစ်မြောက်လာမှာမည်ဖြစ်ကြောင်းသိရသည်။

ကျောင်းတည်နေရာမှာ တိုကျိုမြို့အနောက်ဘက်၊ မြန်မာများနေထိုင်သည့်နေရာနှင့်မနီးမဝေး၊ အီခဲဘုကုရို(Ikebukuro)ဘူတာမှ တိုးဘု တိုးဂျိုး(TobuTojo Line) ရထားဖြင့် (၄)ဘူတာသာစီးရသည့် (Naka Iitabashi)အရပ်တွင်တည်ရှိမှာဖြစ်ကြောင်း၊ ဘူတာမှလမ်းလျှောက် လျှင် (၃)မိနစ်ခန့်သာကြာမြင့်ပြီး အထပ်(၃)ထပ်နှင့် အပေါ်ဆုံး၌ အထပ်ပို(၁)ထပ်ပါရှိသည်ဟုသိ ရသည်။ အကျယ်အားဖြင့် အထပ်တိုင်း သည် (ဂျပန်အခေါ် ဖျာ-၁၂ချပ် အခန်း) ပေ(၂ဝ)ပတ်လည်ခန့် ကျယ်ဝန်းသည်ဟုဆိုကြသည်။

''အခုကျောင်းဖြစ်လာမဲ့အဆောက်အဦက ဂျပန်ယန်း(၃၂)သိန်းအမေရိကန်ဒေါ်လာနဲ့ဆိုရင်(၃၂ဝ,ဝဝဝ)ကျပါတယ်။ ဒါပေမဲ့ ကျမတို့က နိုင်ငံခြားသား တွေဆိုတော့ ဝယ်ယူနိုင်ဖို့အတွက် အဆင်ပြေအောင်ရှေ့နေငှားခ၊ ဝန်ဆောင်ခတွေနဲ့ ဘုန်းကြီးကျောင်းပုံစံဖြစ်အောင် ပြင် ဆင်စားရိတ်နဲ့ပါပေါင်းလိုက်ရင် အားလုံးယန်း(၃၅)သိန်း(ယန်းသောင်း ၃,၅ဝဝ)လောက်ဖြစ်သွားတယ်။ အခုကောက်ခံရရှိထားပြီးတာက ယန်း(၁၅)သိန်းနဲ့ ပီနန်ဆရာတော်ကြီးက ထောက်ပံ့မှာနဲ့ဆိုရင် ယန်းသိန်း(၂ဝ)ပဲရပါသေးတယ်။ နိုဝင်ဘာ(၂၄) ရက်နေ့က ပထမဆုံး ရံအဖြစ် (၁ဝ)ရာခိုင်နှုန်းကိုပေးချေပြီးပါပြီ။ ကျန်တဲ့(၉ဝ)ရာခိုင်နှုန်း ကိုတော့လာမယ့်၂ဝဝ၉ခုနှစ်၊(၂)ပိုင်းထဲမှာ အပြီးပေးချေရပါမယ်။ ဒါကြောင့်နောက်ထပ်ယန်း(၁၅)သိန်း လောက်ကလိုနေပါသေးတယ်...''ဟုဒေါ်ခင်စန်းရီမှ ဆက်လက်ပြောပြသည်။

ထေရဝါဒဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးဖြစ်မြောက်ရေးအတွက် အလှူတော်ငွေများ လှူတန်းလိုပါက

ဦးမောင်မောင်လှ- ၀၉၀ ၉၀၀၈ ၂၁၁၃ ၊ ဦးတင်အောင်- ၀၉၀ ၃၂၁၂ ၈၉၆၃

ဒေါ်ခင်စန်းရီ- ၀၈၀ ၅၅၃၀ ၁၉၈၈ ၊ ဦးမောင်မောင်သန်း- ၀၉၀ ၈၁၀၃ ၉၈၃၄

ဒေါ်ခင်ခင်မိုး- ၀၉၀ ၅၅၅၉ ၇၀၁၇ ၊ ဒေါ်နွဲ့နွဲ့ကျော်- ၀၈၀ ၃၄၅၈ ၀၆၉၇

ဦးအောင်သက်နိုင်(ခ)ကိုအီးစိန်- ၀၇၀ ၆၉၈၃ ၉၀၉၂ ၊ ဦးစိုးမြင့်ရွှေ-၀၉၀ ၃၅၀၂ ၀၀၅၂

အိုးစုခဓမ္မာရုံ- ၀၃ ၃၉၁၆ ၁၉၅၆

ဘဏ်မှတဆင့် အလှူငွေပေးပို့လိုပါက-

MIZUHO BANK

(MCWA)

AC/NO: 193 2115650

Court Adds 14 Years to Comedian's Jail Sentence For Criticizing Government in Burma

27 Nov 2008/ AP news

A court inside Burma's notorious Insein prison sentenced a comedian who has criticized the government's cyclone response to 14 more years Thursday, bringing his total prison term to 59 years, his lawyer said.

Comedian and activist Zarganar was given a 45-year prison sentence last week after he was convicted on charges related to interviews he gave to foreign media outlets. In the interviews, he said the government was too slow in responding to a May cyclone that killed more than 84,000 people.

Burma's military, which has held power since 1962, tolerates no dissent. It frequently arrests artists and entertainers regarded as opposing the regime.

It has further ramped up its crackdown on dissent since Buddhist monks led pro-democracy protests in September 2007.

The government holds more than 2,100 political prisoners, up sharply from nearly 1,200 in June 2007, before the demonstrations, according to international human rights groups.

The military government's wave of harsh sentences has been condemned worldwide by Western governments and human rights groups. They contend that the sentences make a mockery of the ruling junta's professed plan to restore democracy with a 2010 election.

Zarganar's lawyer, Khin Htay Kywe, said he was convicted Thursday for causing public alarm, a reference to his interviews with foreign media, and for communicating with exiled dissidents, among other charges.

Zarganar, whose birth name is Maung Thura, was among at least 100 people to receive sentences of two to 65 years since early November. Many of the trials were held in closed sessions, sometimes without defense lawyers or family present.

He has been imprisoned several times before, including a three-week stint for providing aid to those who demonstrated last year.

Myanmar timber export market declines


Myanmar’s timber export market has apparently declined as international purchase power falls, triggered by the global economic crisis, reported the local Weekly Eleven News Tuesday (November 25, 2008).

Quoting a recent paper reading session involving timber entrepreneurs, the report said that in Myanmar’s legal teak export market, India took up 38 percent, standing atop, followed by Europe with 20 percent and North America 10 percent.

As such countries as India, China and European’s are facing economic crisis, Myanmar’s timber export market are also being impacted, it said.

China stands as Myanmar’s largest consumer of tropical wood, while India lines up as the second.

Some experts also viewed that along with the increased large- scale infrastructural construction in China, demand of timber would certainly be high giving rise to more opportunity to Myanmar’s timber export.

Meanwhile, as the market prices of teak worldwide rises, the inclusion of teak in furniture shows remain with only about 5-10 percent, the paper reading session said, however, adding that the teak prices remain steady at 1.5-2.0 million Kyats (1,250-1,660 U. S. dollars) per ton.

According to market survey, parquet was priced as 4,500 to 5,000 U.S. dollars per ton previously, while it is now quoted at only around 3,500 dollars per ton.

Myanmar held furniture shows occasionally since 2004 to introduce the country’s value-added wood products to the world market since export of wood log is restricted and export of teak log by the private sector also banned since 1992 when the government enacted the Forest law.

According to official statistics, Myanmar exported 399,596 cubic-meters of teak and 1.12 million cubic-meters of hardwood in the fiscal year of 2007-08 which ended in March, gaining a total of 538 million U.S. dollars of foreign exchange.

During the year, timber stood as the country’s fourth largest export goods after natural gas, agricultural produces and mineral products.

Myanmar is rich in forest resources with forest covering about 50 percent of its total land area.

Wednesday 26 November 2008

ကလေး


ကလေး


အနှစ် နှစ်ဆယ်လုံးလုံး
ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာတောင်
ထွက်မလာသေးတဲ့ ကလေး။

အင်္ဂုလိမာလ သုတ်မပြောနဲ့ ၊
ရွှေဝါရောင်လင်းနေတဲ့ ရင်ဘတ်တွေနဲ့ 
မေတ္တာသုတ် အထပ်ထပ်ရွတ်ခဲ့တာတောင်
ထွက်မလာသေးတဲ့ ကလေး။

နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ်
ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့ 
ဆွဲထုတ်ပြီးတော့ မွေးရမလား။
လက်ရုံးတွေကို ဓားလိုသွေး
ခွဲစိတ်ပြီးတော့ မွေးရမလား။

အဖြစ်က
ဇက်သေနေတဲ့ စတီယာရင် တစ်ချောင်းနဲ့
ယာဉ်သုံးစီးကို တစ်ပြိုင်တည်း မောင်းနေရသလိုမျိုး။
ကလေး ထွက်လာဖို့ လည်းလိုတယ်။
မွေးမွေးချင်း သေမသွားဖို့ လည်း လိုတယ်။
မိခင်ရဲ့ အသက် မဆုံးရှုံးဖို့ လည်းလိုတယ်။

နတ်ကြီးတဲ့ ဝိညာဉ်နှစ်ခုမို့
ဘုရားသခင်က အတင်းလာလုနေတာလား။
အသက် နှစ်ချောင်းက ငါတို့ ရဲ့  လက်ထဲမှာ တည်းတည်းကလေး။

မိခင်ရဲ့  ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။
ကလေးရဲ့ ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။

ကလေးရဲ့ ဖခင်လည်း
တမလွန်ကနေ ပူပန်နေတော့မယ်။
ဘောလုံးပွဲကြည့် ပရိသတ်တွေလို
အနှစ် နှစ်ဆယ်လုံးလုံး အားပေးခဲ့ကြတဲ့ သူတွေလည်း
အသံတွေ ဝင်ပြီး မောကုန်ကြပြီ။

ဘာပဲဖြစ်ဖြစ်၊
ဒီကလေးဟာ
ကောင်းကင်ဖျားမှာ တည်းတည်းလေး သီးနေတဲ့ ပတ္တမြားတစ်ပွင့်ကို
ချူပေးနိုင်မယ့် တံချူလေး၊
ငါတို့ ရှင်အောင် မွေးနိုင်ရင်
လာဘ်လာဘ တွေကို ယူဆောင်လာမယ့် ကလေးမို့
အိမ်သားအားလုံးကတော့
ရင်တထိတ်ထိတ်နဲ့ 
အံကိုကြိတ်ပြီး မျှော်နေကြတယ်။

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

ကောင်းကင်ကို

နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်များသို့ ပြောင်းခံရ

25 November 2008/VOA News

အဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ဦးကို ဝေးလံတဲ့ထောင်တွေ ဆီ ဒီနေ့ ဆက်ပြောင်းခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က ချိတ်ပိတ်ခံ ထားရတဲ့ မဂ္ဂင်ကျောင်းတိုက်ရဲ့ ဆရာတော်လည်း ပါဝင်ပါတယ်။ မနေ့တုန်းကလည်း Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက အဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်ဆီ ချမှတ်လိုက်ပါသေးတယ်။ ဒီကိစ္စတွေကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက နေ့စဉ် အသိပေး တိုက်တွန်းနေပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနေ့လည်း ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ယောက်ကို မိသားစု တွေနဲ့ဝေးလံတဲ့ ထောင်တွေဆီ ပြောင်းရွှေ့လိုက်တဲ့အကြောင်း အန်န်အယ်လ်ဒီပါတီ လူငယ်အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

"ဒီနေ့ ၂၇ ဦးပြောင်းတယ်။ ကျနော်တို့ အန်န်အယ်လ်ဒီကရော၊ သံဃာတော်တွေလည်း ပါတယ်၊ အခြားဆိုက်ကလည်း ပါတယ်။ အီစမိုင်က ဘားအံကိုပြောင်းတယ်၊ အန်န်အယ်လ်ဒီက ကိုတင်ဝင်းနဲ့ ကိုအောင်မြင့် မြစ်ကြီးနား၊ ဦးဣိန္ဒကခေါ် အောင်သန်းမြင့် သူက မဂ္ဂင်ဆရာတော် လားရှိုး၊ ဦးအိန္ဒရိယ (ခ) ဂျောင်းဂျောင်းခေါ် ကိုအေးမောင်ကြီးက သီပေါ၊ ဦးပဏ္ဍ၀ံသခေါ် ဦးဖေကျော် စစ်တွေ၊ ကိုသိုက်မင်း

အန်န်အယ်လ်ဒီက သီပေါ၊ ကိုအောင်သန်း သံတွဲ၊ ခင်မောင်လတ် ကျောက်ဖြူ၊ ညီညီမင်း အန်န်အယ်လ်ဒီက သံတွဲ၊ ဦးဖိုးကြွယ် မြစ်ကြီးနား၊ အောင်သိန်းလွင် ဗန်းမော်၊ အန်န်အယ်လ်ဒီလူငယ် နေဇာမျိုးဝင်း ရမည်းသင်း၊ ထွန်းဝေထွန်း လားရှိုး၊ ကိုအုန်းကျော် အန်န်အယ်လ်ဒီ ဒေါပုံ လားရှိုး၊ အောင်ကျော်ဦး အန်န်အယ်လ်ဒီလူငယ်

လားရှိုး၊ ကိုကျင်လှိုင် အန်န်အယ်လ်ဒီ ပခုက္ကူ၊ ကိုသန့်ဇော် အန်န်အယ်လ်ဒီလူငယ် ဟင်္သာတ၊ ကိုဇော်မင်း အန်န်အယ်လ်ဒီ သံတွဲ၊ ဇော်ဇော်အောင် အန်န်အယ်လ်ဒီ သာယာဝတီ၊ ခင်မိုးအေး သရက်၊ အောင်ကျော်မိုး အန်န်အယ်လ်ဒီ မြင်းခြံ၊ ဒေါ်ခင်အေး ကုန်ဈေးနှုန်းကျဆင်းရေးက မြောင်းမြ၊ ၈၈ မျိုးဆက်လူငယ်ထဲက စည်သူမောင်ရဲ့အဖေ ကိုပီတာ လွိုင်ကော်၊ လှိုင်မင်း သီပေါ၊ မင်းမင်းစိုး မြင်းခြံ၊ မပဲ သာယာဝတီ၊ အဲဒီလူတွေအားလုံးကို ဒီနေ့ပို့တယ်။"

မနေ့တုန်းကလည်း Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်း အရုံးက ပုဂ္ဂိုလ် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်စီ ချမှတ်လိုက်တဲ့အကြောင်း သူကပဲ ဆက်ပြီးရှင်းပြပါတယ်။

"မနေ့တုန်းက အမိန့်ချလိုက်တာ Generation Wave က စောမောင်ရယ်၊ ကျော်ဦးရယ် ကို ၈ နှစ်စီချလိုက်တယ်။ ကြည့်မြင်တိုင်တရားရုံးကနေ ချတယ်။ သူတို့ကို ၅/၆ နဲ့ ချတယ်။"

အေအေပီပီဘီလို့ခေါ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံက အခုလို မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံ တကာအဖွဲ့အစည်းတွေက အရေးယူဆောင်ရွက်နိုင်ဖို့ သူတို့တွေ နေ့စဉ်နဲ့အမျှ အသိ ပေးနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ အေအေပီပီအဖွဲ့က ကိုလေးလွင်က အခုလိုရှင်းပြပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ စာရင်း ဇယားတွေ ပြုစုပေးတယ်။ ဘယ်သူတွေကို ဘယ်ထောင်ပို့လိုက်တယ်၊ ဘယ်သူတွေက ထောင်ဘယ်လောက်ကျတယ်၊ အဲဒါတွေကို ကျနော်တို့က နေ့စဉ်နဲ့အမျှ ပြုစုပြီးထားတဲ့ စာရင်းဇယားတွေကို နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ဥပမာ ဟောင်ကောင်မှာရှိနေတဲ့ အဖွဲ့အစည်း AHRC၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ Amnesty International ပြီးရင် လူ့အခွင့်အရေးကောင်စီ ဒါတွေကို အချက် အလက်တွေ စုဆောင်းပြီး ပေးပို့တယ်။

"သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကနေ ဒါတွေကို အရေးယူဆောင်ရွက်နိုင်အောင် တဖက်မှာ သူတို့ကလည်း လုပ်ဆောင်နေကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူအန်ကနေ ပြီး ဒီကိစ္စတွေအပေါ်မှာ အရေးယူဆောင်ရွက်ဖို့၊ ဒါတွေဟာ မသင့်တော်တဲ့အကြောင်း ပူးတွဲကြေညာချက်တစောင် ထွက်လာတာရှိပါတယ်။"

မြန်မာစစ်အစိုးရဘက်က အခုလိုမျိုး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဝေးလံတဲ့ ထောင်တွေကို ပို့ပစ်တဲ့အတွက် မိသားစုတွေအနေနဲ့ သွားရောက်တွေ့ဆုံဖို့ အခက်အခဲ တွေ ကြုံနေရတဲ့အပြင် ဘယ်သူတွေက ဘယ်ထောင်မှာရောက်နေတယ်ဆိုတာကို အတိအကျ စုံစမ်းလို့မရတဲ့အတွက်လည်း သူတို့ရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။

Monday 24 November 2008

Freedom from Fear

This short film (10 min.) is a poetic and political essay about the beauty and tragedy of Burma. It is inspired by the book "Freedom From Fear" by Nobel Peace Laureate and Burmese opposition leader Daw Aung San Suu Kyi, who has been under house arrest for 12 of the last 18 years.

The narrator is 81 year old Burmese spiritual leader the Venerable U Kovida, who was once arrested and tortured by the Burmese regime. He is the founder of Sasana Moli, The International Burmese Monks Organization (IBMO), and one of the leaders of the peaceful "Saffron Revolution". This is a film about "Metta Sutta", the Buddhist prayer of loving-kindness and its power.

THE LONG VERSION OF THE FILM IS NOW IN PRODUCTION. LOOK AT TRAILER 4min.

ဇာတ်တူသားစား မြန်မာ စစ် အစိုး ရ

Click to enlarge

ကျ နော်တို့ ၏ ဘိုးဘေး များ မြန်မာ နိုင်ငံ တွင် ကျွန်ဖြစ် ခဲ့ကြ ရသည့် ဗြိတိသျှ ကိုလိုနီခေတ် ၌ တမျိုးသားလုံး လွတ်လပ်ရေး လိုချင်၍ နိုင်ငံရေး လုပ် ကြသည်။ တိုင်းတပါးသား တို့၏ ကျွန်ဘဝမှ လွတ်မြောက်ရန်

မျိုးချစ်စိတ်များ အလွန်ထက်သန်ကြသည်။ မိမိကိုယ်ကို “သခင်”၊ “သခင်မ”ဟု အမည်တပ်ကာ နယ်ချဲ့ကို တော်လှန်သည်။ အုပ်စိုးသူ ဗြိတိသျှ အစိုးရ၏ အာဏာကို ဖီဆန်ကြသည်။


အာဏာဖီဆန်သူ မြန်မာတို့အား တိုင်းတပါးသား နယ်ချဲ့အစိုးရက နိုင်ငံရေးပြစ်မှုဖြင့် ထောင် (၆)လ ပြစ်ဒဏ်ချမှတ်သည်။ မျိုးချစ်စိတ်ထက်သန်သူ မြန်မာတို့ကလည်း “သခင်ပေါက်စ ထောင်(၆)လ” ဟူ၍ပင် သရော်ကာ မကြောက်မရွံ့ ထောင်ကျခံပြီး နိုင်ငံရေး လုပ်ကြသည်။


လက်နက်ကိုင် နည်းလမ်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြသည်လည်း ရှိသည်။ သို့သော် နောက်ဆုံးတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး လွတ်လပ်ရေး ရရှိလာခဲ့ သည်။ တမျိုးသားလုံး ကျွန်သဘောက်ဘဝမှ လွတ်မြောက်ခဲ့လေတော့သည်။

(မှတ်ချက်။ အထက်ပါ သမိုင်းကြောင်း အစစ်အမှန်ကို နောင်လာနောက်သားတို့ သိရှိအောင် မပျောက် မပျက် ထိန်းသိမ်းပေးနိုင်ခဲ့ကြသည့် ကျေးဇူးရှင်များကြောင့်သာ ယခုကဲ့သို့ ဖော်ပြနိုင်ခြင်း ဖြစ်သည်။ ကျနော်တို့ခေတ်တွင်လည်း မျိုးဆက်သစ်များအား သမိုင်းကြောင်း အစစ်အမှန်များကို ဖော်ထုတ် လက်ဆင့်ကမ်းနိုင်ရန် တာဝန်ရှိလာသည်။)


တိုင်းတပါး ဗြိတိသျှတို့က လူမျိုးခြား၊ ဘာသာခြား၊ ယဉ်ကျေးမှုချင်း ခြားနားသည်ဖြစ်ပြီး နယ်ချဲ့စနစ်ဖြင့် မြန်မာလူမျိုးတို့အပေါ် ကိုယ်ချင်းစာနာစိတ် မရှိ၊ ရနိုင်သမျှ ဂုတ်သွေးစုတ်သည်။ အနိုင်အထက်ပြု ကိုယ်ကျိုးရှာသည်။


သို့သော် ထိုခေတ်၌ မြန်မာ့မြေပေါ်မှ မြန်မာလူမျိုးတို့ တိုင်းတပါးသို့ ထွက်ပြေးစရာ မလိုခဲ့။ မြန်မာလူမျိုး တို့အနေဖြင့် လက်မခံနိုင်လောက်သည့် အစိုးရအုပ်ချုပ်ရေး၊ ဥပဒေနှင့် တရားစီရင်ခြင်းများ ရှိနေသည့် တိုင်အောင် ယခုခေတ်လောက် တရားမဲ့မှုမရှိ။ ထိုခေတ်က နိုင်ငံတကာ အဆင့်ဖြင့် လူ့အခွင့်အရေး များကို တပြေးညီ လက်ခံနိုင်ခြင်း မရှိသေးစေကာမူ အုပ်စိုးသူ ဗြိတိသျှအာဏာပိုင်တို့က ကျူးလွန် ဖောက်ဖျက်မှုတို့မှာ ယခုခေတ်လောက် မဆိုးဝါးခဲ့။ ထိုစဉ်က တရားဥပဒေ စိုးမိုးမှုဆိုသော ဝေါဟာရမှာ ခေတ်မစားသေး။ သို့သော် အုပ်စိုးသူအာဏာပိုင်တို့က တရားဥပဒေ စိုးမိုးမှုကို အထိုက်အလျောက် လေးစားစွာ ကျင့်သုံးနိုင်သေးသည်။


ယနေ့မြန်မာနိုင်ငံမှ စစ်အစိုးရမူကား ကိုယ့်လူမျိုးအချင်းချင်း အပေါ်မှာပင် ကိုယ်ချင်းစာစိတ်၊ လူသားချင်းစာနာစိတ် ကင်းမဲ့သည်။ တိုင်းတပါးမှ ကျူးကျော်နယ်ချဲ့လာသူတို့ပမာ ပြည်သူတို့အပေါ် ရသမျှ ဂုတ်သွေးစုတ်၍ ကိုယ်ကျိုးရှာသည်။ အမိမြေကျေးဇူးကို မေ့လျော့နေသည်။ အမိမြေကို သစ္စာဖောက်သည်။ အသားထဲမှ လောက်ထွက်လေပြီ။


ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၌ အမှန်ပင် ကိုယ့်မင်းကိုယ့်ချင်း အချုပ်အခြာအာဏာ ပိုင်ဆိုင်နေသည်။ သို့သော် လက်ရှိအုပ်စိုးသူတို့၏ ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခံရသည့်ဒဏ်၊ လွတ်လပ်မှု ဆိတ်သုန်း ရသည့်ဒဏ်၊ လူ့အခွင့်အရေး ဆုံးရှုံးရသည့်ဒဏ်၊ တရားမဲ့မှုဒဏ်၊ ဆင်းရဲနွမ်းပါးသည့်ဒဏ်၊ ဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျသည့်ဒဏ်၊ လူမျိုးစုလိုက် ပြုန်းတီးသည့်ဒဏ်၊ ယဉ်ကျေးမှု-သာသနာ ကွယ်ပျောက် တော့မည့်ဒဏ် အစရှိသည်တို့ကို ဆက်လက်ခံနိုင်စွမ်း မရှိတော့သဖြင့် မြန်မာလူမျိုးတို့ အမိမြေမှ စွန့်ခွာ ထွက်ပြေးနေရလေပြီ။ ကျန်သူတို့လည်း ဆက်လက် ခေါင်းငုံ့ခံနေရဆဲပင် ရှိသည်။ ထိုထိုသောဒဏ်တို့မှ လွတ်မြောက်အောင် အနစ်နာခံကြိုးပမ်းပေးနေသူတို့မှာလည်း အရက်စက်ဆုံး နှိပ်ကွပ် ခံနေရ ပြန်သည်။


မြန်မာနိုင်ငံတွင် လက်ရှိအုပ်စိုးသူတို့က တာဝန်ရှိသည့်အတိုင်း လုပ်ဆောင်ပေးရမည့် ကျန်းမာရေး စောင့်ရှောက်ခွင့်ကို ပြည်သူလူထုက မည်သည့်အခါမှ မျှတစွာ မရရှိ။ ထိုအခါ လူထုမှာ ရောဂါ ဝေဒနာ များ ခံစားရင်း နိုင်ငံတကာအဆင့် အမြင့်ဆုံးနှုန်းဖြင့် သေဆုံးနေကြရသည်။ မသေသင့်ပဲ သေရသူတို့ နေ့စဉ်နှင့်အမျှ ဒုနှင့်ဒေး ပေါများနေသည်။ ဤသည်မှာ ကိုယ့်လူမျိုး အချင်းချင်း အနုနည်းဖြင့် ရက်ရက် စက်စက် သတ်နေခြင်းသာ ဖြစ်သည်။


ပြည်သူတို့ ရင်နာနေရသည့်အဖြစ်၊ ခံပြင်းနေရသည့်အဖြစ်၊ လူမသိသူမသိ တက်ခေါက်နေရသည့် အဖြစ်တို့ကို အာဏာပိုင်တို့ သိနေမည်မှာ မုချမလွဲပင်။ သို့သော် ကိုယ်ချင်းစာစိတ် ကင်းမဲ့လွန်းသည်။ လစ်လျူရှုနိုင်လွန်းသည်။ တာဝန်မဲ့နိုင်လွန်းသည်။ ဤသည်မှာ ၎င်းတို့၏ လောဘ၊ ဒေါသ၊ မောဟများ တဖက်စွန်းရောက်အောင် ဆိုးဝါးနေသောကြောင့် ဖြစ်သကဲ့သို့ ၎င်းတို့ကျူးလွန်မိသမျှ ပြန်လည် အပြစ်ပေးခံရမည်ကို အကြောက်ကြီးကြောက်နေသောကြောင့်လည်း ဖြစ်သည်။


နယ်ချဲ့ခေတ်က နိုင်ငံရေး လုပ်နိုင်ခွင့်ရှိသည်။ အလွန်ဆုံးထောင်ကျ (၆)လထဲသာ။ လက်မထောင်၍ ထောင်ထဲဝင်သည်။ တမျိုးသားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံရေးလုပ်ရသည်ကို ဂုဏ်ယူကြသည်။


ယနေ့ စစ်အစိုးရတို့ခေတ်တွင် အာဏာရှင်စနစ်ကို တွန်းလှန်မည့် နိုင်ငံရေးလုပ်ခွင့် လုံးဝမရှိ။ နိုင်ငံရေး ယုံကြည်ချက်ဖြင့် လှုပ်ရှားလျှင် အခြားရာဇဝတ်မှုပုဒ်မ အတပ်ခံရပြီး (၆၅)နှစ်၊ (၆၈)နှစ်၊ (၉၉)နှစ်၊ နှစ်(၁ဝဝ)ကျော် စိတ်ထင်တိုင်း ဥပဒေမဲ့ အပြစ်ပေး ခံနေရသည်။


နိုင်ငံရေးအမှုသည် မည်သည့်အခါမျှ ရာဇဝတ်မှုမဟုတ်။ နိုင်ငံရေးအမှုသည် နိုင်ငံရေးအမှုသာဖြစ်သည်။ အခြားနာမည်ဖြင့် မည်သို့မျှ ပြောင်းလဲအစားထိုး သတ်မှတ်၍ မရနိုင်။ အတင်းအဓမ္မ စွပ်စွဲကာ ဥပဒေမဲ့ ဆုံးဖြတ်စီရင် ပြစ်ဒဏ်ချလျှင် အုပ်စိုးသူအစိုးရသာ မတရားမှုကို ကျူးလွန်သူ ဖြစ်သည်။ ဥပဒေကို ဖောက်ဖျက်သူ သာ ဖြစ် တော့သည်။


ယနေ့ ကျနော်တို့ခေတ်တွင်ကား တိုင်းတပါးနယ်ချဲ့တို့ မရှိတော့ပြီ။ သို့သော် မြန်မာနိုင်ငံသားတို့မှာ ဆက်လက် ကံဆိုးနေရဆဲ။ ပို၍ပင် ကံဆိုးလှသည်။ အုပ်စိုးသူ စစ်အစိုးရက ကျနော်တို့ မြန်မာလူမျိုး အချင်းချင်း ကျွန်ဇာတ်သွင်း၍ တရားမဲ့ဆုံး၊ ကမ်းကုန်အောင် အရက်စက်ဆုံး ဖိနှိပ်ချုပ်ချယ်နေရာ မြန်မာနိုင်ငံသားတို့မှာ လူမျိုးတူအချင်းချင်း၏ အာဏာရှင် ကျွန်သဘောက်ဘဝမှ မလွတ်မြောက်နိုင် သေးပဲ ရှိနေရသည်။


သို့သော် မျှော်လင့်ချက်က ပျောက်မသွား။ သန္နိဌာန်က လျော့မသွား။ အရက်စက်ဆုံး ဖိနှိပ်ဖြိုခွဲ ခံနေရ သည့်တိုင် လွတ်မြောက်လိုသည့်ဆန္ဒက ပိုမိုကြီးမားလာသည်။ လွတ်မြောက်ရေးအတွက် အနစ်နာခံသူ တို့ ပိုမိုတိုးပွားလာသည်။ ဤအတိုင်း ဆက်လုပ်နိုင်သရွေ့ တနေ့ကျလျှင် အာဏာရှင် လက်အောက်မှ မြန်မာ တမျိုးသားလုံး လွတ်ကို လွတ်မြောက် ရမည်သာ။

လွင်အောင်စိုး ( ၂၂-၁၁-၂ဝဝ၈)

မြန်မာနိုင်ငံ အမျိုးသားနေ့

Sound that Echos (Set My People Free!!!)

Sound that echos

If I stand on the edge of a mountain,
and a voice is raised it bounces back again,
and again and again.

So too are voices which cry out in wilderness,
in places that are believed to be hidden,
as if to act in any way is acceptable and none shall know.

Yet these voices said long ago in solitude,
echo over and over and over.
In the world created not by the hands of man.

If he feels he created himself,
his mistaken for what does not exist cannot make itself.

When I spoke the words
SET MY PEOPLE FREE !
Those were not my words
but the echo of the voice of eternity.

If the creator of all things hears these voices,
how can he turn a deaf ear?
Is he, stronger than that which created him?
Above all men and women?
Above, that which created him?

His adviser,
the one telling him what will become of him
when his body no longer works,
tells him what he wants to hear, for fear of his own life and family.
Does not tell him what he truly needs to hear,
for it may be a beautiful as his own acts and those condoned,
have been upon this world.

Not by the will of the creator,
but by the will of the destroyer he serves.

I am not Burmese
That I say
SET MY PEOPLE FREE !

Nor is that my voice,
other than the one that created me.

Written by Tree Thunderchild

မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ


NEJ/ ၂၄ နိုဝင်ဘာ ၂၀၀၈


pakis

မြန်မာစစ်တပ်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ တပ်တွင်းဖိနှိပ်မှုများ အပါအဝင် လူထုကို နည်းအမျိုးမျိုးဖြင့် မတရား ဖိနှိပ်ညှဉ်းပန်းအနိုင်ကျင့်မှုများကို နေ့စဉ်ကျူးလွန်နေသည့် မြန်မာစစ်တပ်အတွင်း ဆက်လက် နေထိုင်လိုစိတ် မရှိတော့သဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လာရောက်ပူးပေါင်းရခြင်းဖြစ်ကြောင်း လက်နက်ချမြန်မာစစ်သား (၆) ဦးထဲမှ စစ်သား မောင်ဖိုးဇော်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ရောက်ရှိလာကြသည့် မြန်မာစစ်တပ်မှ စစ်သည် (၆) ဦးအနက် မြန်မာစစ်တပ်မှ ဆက်သွယ်ရေး စစ်သည်တဦးဖြစ်သူ မောင်ဖိုးဇော်က ၎င်း၏တပ်တွင်းအတွေ့အကြုံများအား ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-

မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။

အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

မောင်ဖိုးဇော်က “တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ” ဟု ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်းသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။

ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။


ခေတ်ပြိုင် မှရယူပါသည်။

သတင်းထူး/သတင်းမှန်

စာဖတ်သူများ အသက်ရှည်ရေး ရည်ရွယ်၍ forward mail တစ်ခုမှ ဟာသလေးကို ဝေငှလိုက်ပါသည်။

တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ်ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင်း ယမန်နေ့ညနေကပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာအနီးတ၀ှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။ (စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာပွဲချင်းပြီးသေဆုံးသွားခြင်းကြောင့်ဖြစ်၏) အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့် ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ အပူတပြင်း စစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသောကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အားအတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင်သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်းမော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရသွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာစားခဲ့ပါသည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင်ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့်မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာအမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ အသုံးပြုကျခံသွားမည် ဖြစ်သည်။

(၄) အတင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သောလွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်းရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့ပါသည်။

(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိစီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်းအသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

(၆) လွန်ခဲ့သော လက မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်က အ၀တ်အထည် ဟုယူဆရသော အ၀တ်ထည်ကိုေ၇ှးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအ၀တ်ထည်ကို ပြတိုက်မှပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက်ဝမ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက်ဝမ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့်နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။

(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည် မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အင်္ဂလိမ်စာပိုမိုတတ်မြောက်စေရေးအတွက်လည်း အင်္ဂလိပ်စာများကို မြန်မာစာများဖြင့် ညပ်၍ သင်ကြားသွားမည်ဟု သိရသည်။ ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fatထထ Dance.... အစရှိသော ကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။

ပုံ/ ပျံကြားရေးဝန်ကြီး ချမ်းရဲ

လုံထိန်းများက ဘောလုံးပွဲပရိသတ်ကို သေနတ်နဲ့ချိန်

မိုးမခ အထောက်တော် (ရန်ကုန်)
နိုဝင်ဘာ ၂၃၊ ၂၀၀၈



ယမန်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပခဲ့သည့် မြန်မာ-အင်ဒိုနီးရှား ဗိုလ်လုပွဲအပြီး အနိုင်ရ မြန်မာအသင်းအား ဂုဏ်ပြုသည့် ပွဲကြည့်ပရိသတ်များ ကွင်းထဲဝင်ရောက်ခဲ့ကြရာတွင် လုံထိန်းများက သေနတ်ဖြင့်ချိန်ကာ အဆိုပါပရိသတ်ကို ခြိမ်းခြောက်ခဲ့ကြသည် ဟု သိရှိရသည်။

အင်ဒိုနီးရှားအသင်းကို မြန်မာအသင်းက ၂ဂိုး၁ဂိုးဖြင့် အနိုင်ရသွားသဖြင့် ပြိုင်ပွဲအပြီး ပွဲကြည့်ပရိတ်သတ် ၅၀ မှ ၇၀ ၀န်းကျင်ခန့် ဘောလုံးကွင်းထဲ ၀င်ရောက်ခဲ့ပြီး မြန်မာအလံကို လွှင့်မြှောက်ပြီး အောင်ပွဲခံခဲ့ကြသည်။
ထိုအချိန်တွင် အနိုင်ရသည့် အသင်းများကို ဆုပေးမည့် အားကစား ၀န်ကြီး ၏ လုံခြုံရေးအတွက် ကွင်းထဲရောက်နေသည့် အောင်ပွဲခံခဲ့ကြသည့် ပရိသတ်ကို လုံထိန်းများက သေနတ်ဖြင့်ချိန်ကာ ဟန့်တားမောင်းထုတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုအခါ ပွဲကြည့်စင်များပေါ်ရှိ ပရိသတ်ထဲမှ လုံထိန်းများကို ဆဲဆိုသည့် အသံများ ဆူဆူညံညံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် လုံထိန်းများက လက်နက်များကို အောက်စိုက်ခဲ့ကြသည်ဟု ဘောလုံးပွဲ ကြည့်ရှုခဲ့သည့်မျက်မြင်သက်သေ တဦးက ပြောသည်။


အဆိုပါ မျက်မြင်သက်သေက
"လူတွေက ကွင်းထဲရောက်နေတဲ့ လုံထိန်းကို မင်းတို့ ဗိုလ်ချုပ်တယောက်ရဲ့ အသက်ကိုစိုးရိမ်တာနဲ့ လူတွေကို သေနတ်နဲ့ချိန်စရာလား။ ဗိုလ်ချုပ်သေသွားလို့ ဂရုစိုက်စရာမရှိဘူး ဆိုပြီး ၀ိုင်းဆဲကြတယ်။ အဲဒီနောက်မှ လုံထိန်းတွေ သေနတ် အောက်စိုက်လိုက်ပြီး အလျော့ပေးသွားတယ်"
ဟုဆိုသည်။
ယမန်နေ့က မြန်မာအသင်းက ပြိုင်ဘက် အင်ဒိုနီးရှားအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂရင်းရွိုင်ရယ် ဆုကို ဆွတ်ခူးခဲ့သည်။ ဂရင်းရွိုင်ရယ် အမှတ်တံဆိပ် ၀ီစကီကိုထုတ်လုပ်သည့် အိုင်ဘီတီစီ (International Beverage and Trading Company) က အကုန်ကျခံကာ အရှေ့တောင်အာရှနှင့် ဘင်္ဂလားဒေ့ရှ် စသည့် ၃၊ ၄ နိုင်ငံကို နှစ်စဉ်ဖိတ်ခေါ်ပြီး ဘောလုံးပြိုင်ပွဲ ကျင်းပလေ့ရှိသည်။


ယမန်နေ့က ပြိုင်ပွဲတွင် လူပရိသတ် သောင်းဂဏန်းနှင့်ချီပြီး လာရောက်ခဲ့သည်ဟု သိရှိရသည်။
ယခုသီတင်းပတ်များအတွင်း စစ်အစိုးရက ပြီးခဲ့သည့်နှစ် စက်တင်ဘာနောက်ပိုင်း ဖမ်းဆီးထားသည့် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများနှင့် မီဒီယာ၊ အတိုက်အခံများကို ကူညီသည့် ရှေ့နေများကိုပါ နေ့စဉ်ရက်ဆက် ထောင်ဒဏ်နှစ်ရှည် ချမှတ်လျက်ရှိပြီး ရန်ကုန်မြို့တွင် လုံခြုံရေးကိုလည်း ပိုမိုတိုးချထား သည်ကို မြင်တွေ့နေရသည်။

(ဓာတ်ပုံ - မိုးမခ၊ ခေါင်းစီးအနီများနှင့် မြန်မာအားကစားဝါသနာရှင်များ၊ ၀န်ကြီးဆုပေးနေစဉ် ပရိသတ်ကို တားမြစ်နေသည့် လုံထိန်းများ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ၈၈ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြေညာစာတမ်း
















ရန်ကုန်၌ တကိုယ်တော် ဆန္ဒပြမှု ဖြစ်ပွား

Sunday, 23 November 2008

ယ နေ့ နိုဝင်ဘာလ (၂၂) ရက် တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့တွင် ကျရောက် သော အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဋ္ဌာနချုပ် ရုံး ရှေ့တွင် တကိုယ်တော် ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ စစ်အစိုးရအား ဖမ်းဆီးခံ ကျောင်းသားများအား ချက်ခြင်း ပြန်လွှတ်ပေးရန် တောင်းဆို သည်ဟု ပြည်တွင်းမှ လာသော သတင်းများ အရ သိရှိရသည်။
မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် အဓိကခန်းကဏ္ဍ ဖြစ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ဗြိတိသျှကိုလိုနီ အစိုးရအား မြန်မာ့လွတ်လပ်ရေးအတွက် အစပြု သပိတ်မှောက်ကြရာမှ စတင်ခဲ့သော အမျိုးသား အောင်ပွဲနေ့ စိတ်ဓါတ်များ ဖြင့် မမေ့ကြရန် နှိုးဆော်ဆန္ဒပြသရခြင်း ဖြစ်သည်ဟုသိရှိ ရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်ခံ အမျိုးသား ဒီမိုကရေစီ ပါတီသည်လဲ ယင်းအမျိုးသားနေ့ အခမ်းအနား အား နှစ်စဉ် အစဉ်လာမပျက် ပါတီတွင်း ကျင်းပမြဲ ဖြစ်သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီဝင် ကိုမင်းသိန်း မှာ ပါတီဋ္ဌာနချုပ်ရုံးရှေ့ ရွှေဂုံတိုင်လမ်းမတွင် ငြိမ်သက်စွာ ခေါက်တုန့်ခေါက်ပြန်
လျှောက်နေပြီး လက်ထဲတွင် “ မင်းကိုနိုင် နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေး ” ဟု ကြေညာချက် ပိုစတာ ကိုင်ဆွဲထား သည်ဟု ရန်ကုန်မှ မျက်သက်သေ တဦးက လူထုအသံ သို့ ပြောဆိုသည်။
ရွှေဂုံတိုင်လမ်းမ တဖက်ခြမ်းတွင် အရပ်ဝတ်ဖြင့် ထောက်လှမ်းရေး ရဲများ ဗီဒီယိုရိုက်ကူး နေသော်လည်း၊ ယခု သတင်းရေးနေချိန် အထိ တကိုယ်တော် ဆန္ဒပြသနေခြင်းအား ဖမ်းဆီးခြင်း မရှိသေးဟု မျက်မြင် သက်သေများ က ဆိုသည်။
ငြိမ်သက်စွာ ဆန္ဒပြသနေသော ကိုမင်းသိန်းအား အေပီ သတင်းဋ္ဌာနမှ မေးမြန်းရာတွင် “ ကျနော့ရဲ့ခံစားမှုကို တင်ပြခြင်း သက်သက်သာဖြစ်ပြီး၊ ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ ရလဒ်ကို ရင်ဆိုင်ဖို့ အဆင်သင့် ပါပဲ” ဟုပြောဆို လိုက် ကြောင်း သိရှိ ရပါသည်။

Sole Myanmar protester demands activists'

YANGON, Myanmar (AP) —

YANGON, Myanmar (AP) — A lone demonstrator staged a silent protest in front of detained pro-democracy leader Aung San Suu Kyi's party headquarters Saturday demanding the military government free all student activists as the country celebrated its National Day.
The holiday commemorates a boycott by Yangon University students 88 years ago in defiance of British colonial rule, a protest that inspired Myanmar's independence movement.
Although the government does not hold any public events to mark the day, Suu Kyi's National League for Democracy regularly celebrates with a party.
Before the celebration, party member Min Thein walked into the middle of the street in front of the party headquarters and stood silently with a placard reading, "Release Min Ko Naing and other political prisoners."
Min Ko Naing is a member of the 88 Generation Students group, which participated in a brutally suppressed 1988 democratic uprising. Along with many of his fellow former students he was sentenced to 65 years in prison this month for taking part in an Aug. 21, 2007, street protest against a massive fuel price hike by the government.
Plainclothes police took videos and photos of Min Thein's lone protest but did not arrest him during the minutes he stood silently.
"I am expressing my feelings and I am ready to face all consequences," Min Thein told reporters after the protest.
The party marked the anniversary by calling for the release of all political prisoners, including student activists and Buddhist monks who were arrested during anti-government demonstrations in September last year.
Nobel Peace Prize laureate Suu Kyi has spent more than 13 of the past 19 years under house arrest.

Friday 21 November 2008

Myanmar court sentences monk and comedian

Myanmar court sentences monk and comedian
The Associated PressPublished: November 21, 2008

YANGON, Myanmar: Courts in military-ruled Myanmar handed long prison sentences Friday to a prominent Buddhist monk and a popular comedian who are active in the country's pro-democracy movement, rounding out two weeks of an intensive judicial crackdown on activists.

At least 100 people have received prison sentences of two to 65 years since early November, with many being held for more than a year before being tried. Many of the trials were held in closed sessions, sometimes without defense lawyers or family present.

Comedian and activist Maung Thura — who is better known by his stage name, Zarganar — was sentenced to 45 years imprisonment for violations of the Electronics Act, which regulates all forms of electronic communication, said his lawyer, Khin Htay Kywe.The comedian still faces other charges, she said.

Another lawyer said Buddhist monk Ashin Gambira was sentenced to 12 years imprisonment on various charges, including insulting religion, having links with illegal organizations and violating the Immigration Act. The lawyer spoke on condition of anonymity for fear of antagonizing the government.Today in Asia - PacificBlast kills mourners at funeral in PakistanChina pledges new measures to safeguard dairy industryAnti-government protestor in Thailand dies in grenade attackThe monk helped organize last year's mass pro-democracy demonstrations. He was previously sentenced to 56 years imprisonment on other charges, bringing his total sentence to 68 years.

Monks inspired and led pro-democracy demonstrations that were violently suppressed by the army in September last year. The authorities began their crackdown by raiding several monasteries in Yangon in the middle of the night and hauling away monks.The wave of harsh sentences has been condemned worldwide by Western governments and human rights organizations, who charge that it makes a mockery of the ruling junta's professed plan to restore democracy with a 2010 election.

On Tuesday, five United Nations experts issued a statement in Geneva strongly condemning the "severe convictions and the unfair trials of prisoners of conscience in Myanmar".

Their statement from the U.N. human rights experts said they "demand that all detainees be retried in open hearings respecting fair trial standards and the immediate release of their defense counsels."Those sentenced recently included some 70 members of the opposition National League for Democracy party of detained Nobel laureate Aung San Suu Kyi. Some of the most severe sentences were handed to 23 members of the 88 Generation Students group, veteran activists who have been spearheading nonviolent protests for the past several years.

Bloggers, musicians and poets have also been among the victims.On Thursday, well-known hip-hop singer Zeyar Thaw, a member of the band "Acid," was jailed for six years, and 14 members of Suu Kyi's party got 2 1/2 years each for calling for her release on her birthday in June, party spokesman Nyan Win said.Zeyar Thaw is thought to be a leader of Generation Wave, an illegal student group formed in the wake of last year's protests to carry on the struggle for democracy.Zarganar was arrested in June after he gave interviews to foreign media in which he criticized the junta's slow response to the May cyclone that killed more than 84,000 people.Three associates were tried with him. Sportswriter Zaw Thet Htwe and video journalist Thant Zin Aung were given 15 years each and face further charges, while Tin Maung Aye got 29 years, Zarganar's lawyer said.

Zaw Thet Htwe was arrested in 2003 for allegedly plotting to "overthrow the government through bombings and assassinations." He was convicted of high treason and sentenced to death but was later given a reduced sentence and released in 2005 after serving 18 months.

Zarganar has been imprisoned several times, and was held for three weeks for providing aid to Buddhist monks during last year's demonstrations.

Three associates were tried with him. Sportswriter Zaw Thet Htwe and video journalist Thant Zin Aung were given 15 years each and face further charges, while Tin Maung Aye got 29 years, Zarganar's lawyer said.

Zaw Thet Htwe was arrested in 2003 for allegedly plotting to "overthrow the government through bombings and assassinations." He was convicted of high treason and sentenced to death but was later given a reduced sentence and released in 2005 after serving 18 months.

Those sentenced recently included some 70 members of the opposition National League for Democracy party of detained Nobel Peace laureate Aung San Suu Kyi.

Some of the most severe sentences were handed to 23 members of the 88 Generation Students group, veteran activists who have been spearheading nonviolent protests for the past several years.

On Thursday, well-known hip-hop singer Zeyar Thaw, a member of the band "Acid," was jailed for six years, and 14 members of Suu Kyi's party got 2 1/2 years each for calling for her release on her birthday in June, party spokesman Nyan Win said.

Zeyar Thaw is thought to be a leader of Generation Wave, an illegal student group formed in the wake of last year's pro-democracy protests.

Wednesday 19 November 2008

Statement by the Press Secretary on Burma

White House Gov News Releases 17-11-2008
Get your own at Scribd or explore others:

အငိုဒုက္ခ တိုင်းပြည်

အငိုဒုက္ခ တိုင်းပြည်

လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။

တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။

သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။

သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။

ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။

အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။

သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။

တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။

ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။

ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။

ကောင်းကင်ကို


ထိမိတဲ့စာသားတွေဖြင့် ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင် နေသော ကောင်းကင်ကို အားကျေးဇူးအထူးတင်ရှိပါသည်။

Tuesday 18 November 2008

ဒီမိုကရေစီ တိုက်ပွဲကို အရှိန်မြှင့်တိုက်ကြ ရတော့မည်

ဓမ္မနဲ့ အဓမ္မတိုက်ပွဲက မပြီးဆုံးသေးပါ......

တက်ကြွလှုပ်ရှားသူများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသော်လည်း စစ်အစိုးရအနေဖြင့် အနိုင်ရသွားခြင်း မဟုတ်ကြောင်း နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယုံကြည်ကြသည်။

ယနေ့ကျရောက်သည့် ၆၉ နှစ်မြောက် နိုင်ငံတကာ ကျောင်းသားများနေ့ အထိမ်းအမှတ်အဖြစ် မြို့တော် နယူးဒေလီတွင် ကျင်းပသည့် အခမ်းအနား၌ သူတို့က တညီတညွတ်တည်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"အခု လုပ်နေတာက မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ် အကျဉ်းချနေတာ။ အဲဒါ အဓမ္မ။ မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်ဖို့ လိုအပ်တယ်။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲက မပြီးဆုံးသေးပါဘူး။ တိုက်ပွဲကို ပြီးဆုံးသည့်တိုင်အောင် စည်းလုံးညီညွတ်မှုနဲ့အတူ တိုက်ပွဲဝင်သွားမယ်" ဟု အရှင် ဦးပညာသီရိက အခမ်းအနားတွင် မိန့်ကြားသည်။

ဦးပညာသီရိသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ လင်တန် ရဲဘက်စခန်းမှ အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်လာသူ အကျဉ်းကျခံခဲ့ရသည့် သံဃာတော်တပါး ဖြစ်သည်။

''ပြည်သူတရပ်လုံး လွတ်မြောက်နိုင်ဖို့အတွက် ရှေ့တန်းက သွေးချောင်းစီးတဲ့ တိုက်ပွဲတွေကို ဦးဆောင်နေတာက ထုထည်ကြီးမားတဲ့ ကျောင်းသားလူငယ်တွေဖြစ်တယ်။ အာဏာရှင်တွေက ဘယ်လိုပဲ နှိမ်နင်းနေပါစေ တော်လှန်ရေး၊ ဒီမိုကရေစီရေးအတွက် ပေါင်းကူးတံတားအဖြစ် ဆက်ပြီးတော့ တိုက်ပွဲဝင်နေကြအုံးမှာ ဖြစ်တယ်'' ဟု ရခိုင်အမျိုးသားကောင်စီ (ANC) မှ တွဲဖက်အတွင်းရေးမှူး (၂) ကိုမောင်လူကြီးက ပြောသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လှုပ်ရှားမှုအပြီး စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာခဲ့သည့် ၈၈ ကျောင်းသားများ အများအပြားဖြင့် ၁၉၉၄ ခုနှစ် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) မှ ဥက္ကဌဖြစ်သူ ကိုကျော်သန်းကလည်း ပြည်တွင်းရှိ ကျောင်းသားထုသည် စစ်အာဏာရှင်စနစ်အား ဖိနှိပ်မှုကြားကပင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုသာ ယုံကြည်ကြောင်း ပြောသည်။

"ကျောင်းသားတွေကို ဒီမိုကရေစီ တောင်းရုံနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်တယ်။ ကမ္ဘာမှာ မကြုံဖူးတဲ့ ဖိနှိပ်မှုတွေ ခံနေရတယ်။ တိုက်ပွဲတွေက ဆက်ရှိနေတယ်။ ၆၅ နှစ် နှစ်ရှည်ထောင်ဒဏ် ချလိုက်တဲ့ အပေါ်မှာ ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းဇေယျာက '၆၅ နှစ်တဲ့လားကွာ' ဆိုတဲ့ စိန်ခေါ်တဲ့ စကားတွေက ကျောင်းသားထုတွေထဲမှာ ဗမာကျောင်းသားထုရဲ့ သတ္တိနဲ့ ပိုင်းဖြတ်မှုတွေကို ကိုယ်စားပြုတဲ့ သဘော ရှိတယ်" ဟု ကိုကျော်သန်းက ပြောသည်။

နိုင်ငံတကာ ကျောင်းသားများနေ့အဖြစ် ပေါ်ပေါက်လာပုံမှာ ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နာဇီဖက်ဆစ်များက ချက်ကိုစလို ဗက်ကီးယားနိုင်ငံအား သိမ်းပိုက်မှုနှင့် ဖက်ဆစ်ဝါဒကို ပရာဂ် (Prague) တက္ကသိုလ်မှ ကျောင်းသားများက ရဲဝံ့စွာ အာခံခဲ့ကြရာ ကျောင်းသားတဦး ကျဆုံးခဲ့ပြီး ကျောင်းသား ၁၂ ဦးအား ခုံရုံးမှ အပြစ်ပေး ကွပ်မျက်ခဲ့သလို၊ ထောင်ပေါင်းများစွာသော ကျောင်းသားများအား ဖိနှိပ်ရေး အကျဉ်းစခန်းများသို့ ပို့ဆောင်ခံရမှုမှ စတင်ခဲ့သည်။ ထိုစဉ်က နိုင်ငံတ၀ှမ်းရှိ တက္ကသိုလ် ကောလိပ်များကိုလည်း ပိတ်ပစ်ခံခဲ့ရသည်။

၁၉၄၁ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပသော နိုင်ငံတကာ ကျောင်းသားများ ကောင်စီမှ နိုဝင်ဘာလ ၁၇ ရက်နေ့ကို နိုင်ငံတကာ ကျောင်းသားများနေ့အဖြစ် သတ်မှတ်ကာ အာဏာရှင်နှင့် ဖိနှိပ်မှု၊ သွေးစုတ်မှုများအား ဆန့်ကျင်သည့် ရည်ရွယ်ချက်ဖြင့် ကမ္ဘာတ၀ှမ်းရှိ ကျောင်းသားအဖွဲ့အစည်းများက အခမ်းအနားများ ကျင်းပခဲ့ကြသည်။ နိုင်ငံပေါင်း ၁၂၀ ခန့်မှ ကျောင်းသားအဖွဲ့အစည်း ၁၆၀ ခန့် ပါဝင်ဖွဲ့စည်းထားသည့် International Union of Students ၊ International Union of Sodalist Youth နှင့် World Federation of Democratic youth က အခမ်းအနားများကို ဦးစီးကာ ပိုစတာများ၊ လက်ကမ်းစာစောင့်များ ထုတ်ဝေဖြန့်ဝေကာ နှစ်စဉ် ကျင်းပလာခဲ့ကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအ၀င် ခေါင်းဆောင် ၂၁ ဦးထက်မနည်း ထောင်ဒဏ် ၆၅ နှစ်အထိ မြန်မာစစ်အစိုးရက ပြစ်ဒဏ်ချခဲ့သလို၊ အခြားသော ကုန်ဈေးနှုန်းကျဆင်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သူ အန်အယ်ဒီ ပါတီဝင်များ၊ သံဃာတော်များနှင့် လူ့အခွင့်အရေးသမားများကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ဓားစားခံဘဝ

ဓားစားခံဘဝ

မွေးရပ်ဋ္ဌာနှီ ဇာတိမြေကို
နင်းချင်သော်လည်း တစ်မြေထဲမွေး
လူသားချင်းတောင် သွေးခွဲချယ်လှည်
လူမျိုးဘာသာ နှိပ်ကွပ်စော်ကား
လူ့အခွင့်အရေး ချိုးဖောက်မှူ၏
ဓားစားခံဘဝ နာကျည်းမူများ
ရင်ဝယ်ပိုက်၍ အမိမြေမှ
မျက်ရည်စက်လက် ထွက်ခွါခဲ့သော
ထိုသူများ၏ ကြွေးကြော်သံများ......


အမှန်တရား၏ ခါးသက်သက်

တရုပ်ဆင်းရဲတုန်းက တရုပ်ဘိန်းစား တရုပ်ပေါက်ဖော်တဲ့
တရုပ်ချမ်းသာတော့ တရုပ်အားကိုး ကပ်ဖားကြတယ်။

ကုလားဆီကယူခဲ့တဲ့ဘုရားနဲ့သာသနာကို ဦးချ
ကုလားကိုတော့နှိမ်ချတယ်။

အနောက်တိုင်းတွေကို မုန်းတီးရေးလုပ်
သူတို့ကောင်းစားရေး အနောက်တိုင်း ပညာသင်ကြဟေ့တဲ့။

ကပ္ပလီ အာဖရိကန်ကို အပြင်ရုပ်နံကြည့်ပြီး အထင်သေး
၂၀၀၇ အရေးမှာ ကပ္ပလီပဲ လာညှိနှိုင်းပေးရတယ်။

ဪ........လူတွေများ မာနမချမခြင်း ဒုက္ခပင်လယ်တွင် တဝဲဝဲလည်။
အမှန်တရားဆိုတာခါးတတ်တယ်။ အခါးကုန်သွားပြီးရင် အချိုကျန်ခဲ့မယ်။

စစ်မှန်တဲ့ဒီမိုကရေစီ မြန်မြန်ရပါစေ။

(Mei Mei)

ကဗျာပို့ပေးသူ မမီးမီး အားကျေးဇူးအထူးတင်ရှိပါသည်။

Demostration in front of Brutal Regime's Embassy in London




Monday 17/11/2008

There was a protest held in front of Brutal Regime's embassy in London, to reveal their inhuman and disgraceful long-terms imprisonment to student leaders, political activists, honourable monks and innocent civilians who
devote there
lives to their country and people of Burma.

Last week many political activists were sentenced for 65 years, 14 years and 12 years variously.

Monday 17 November 2008

မောင်တို့ ကြားကြ ကုန်လော့။ မယ်တို့ ကြားကြ ကုန်လော့။


(မင်းဒင် ရေးသည်။)

ကျုပ်လည်း ငယ်ရွယ် နုပျိုစဉ်ကတော့ မိုးကိုချည်း ဒူးနဲ့  တိုက်ခဲ့ တာကလား။ တိုက်ခဲ့  သမှ မိုးနဲ့ ဒူးနဲ့  တိုက်သံ တိန်တိန် နဲ့  စိန်ဗေဒါကြီး လက်သံ လိုတောင်နေ သေး။ အရွယ်လေး ရလာတော့ ဒူးကိုအနားပေး မဂ်တရား ဖိုလ်တရားလေးနဲ့ နေမယ် ကြံပါတယ် ၊ နေလို့ မရ ဘူးဗျာ ။ တခါတခါ စိတ်ထဲ မှာ.... ဟယ်လို ..ဟယ်လို.. ဘင်လာဒင် ၊အိုင်အမ် မင်းဒင် ၊အိုင်နိ ယူဝါ ဟဲ့လ်ပ၊ တောင် ရွတ်မိတဲ့  အထိ ။
....................................

ကျုပ်တယောက်တည်း နေမရတာ မဟုတ်ဘူး ဗျ။ မြန်မာလူမျိုး လူစိတ်ရှိတဲ့ သူတိုင်း ကိုနေ မရအောင်ဖြစ်နေတာ ။ ကျုပ်အသိ ရှိရှိသမျှ ပညာတတ်တွေကော ကူလီတွေ ပါ သေနတ် ရှိလား လှမ်းလှမ်းမေးနေပြီ။တကယ့်ကို လူယဉ်ကျေး ပညာတတ် အင်္ဂလန်က ကျုပ်မိတ်ဆွေ တယောက် ဆို မခံသာလွန်းလို့ ထင်ပါ့ ။ စစ်အစိုးရ ဆိုတဲ့ ကောင်တွေ ကုလားထိုင် သွားထိလို့ ကတော့  ဘုန်းတော်ကြီး တွေ ပါမကျန်အောင် ရိုက်သတ်၊ သူ့ နှမ ဟဝှာပြု မိတာထက်ဆိုး တယ် ဆိုတဲ့  ခပ်ရိုင်းရိုင်း စကားတွေတောင် ပါလာသဗျာ။
ဘယ်နေလို့ ရကြပါ့ မလဲ ဗျ။ မြန်မာမင်းများ ရက်စက်ပုံ ကမ်းကုန်လွန်းလို့ ။အစိုးရမင်းများက ရုံးပိတ်ရက်တောင် မနားပဲ တက်တက်ကြွကြွ ကို ထောင်ချပွဲကြီး ဝှဲချီးကျင်းပနေတုန်းပဲဗျို့  ။ ၆၅ နှစ် စီးရီးက မပြီးသေးဘူးဗျ။ မင်းကိုနိုင်၊ ကိုကိုကြီး ၊ကိုဌေးကြွယ် အပါအဝင် နောက်ထပ် ကိုးဦးကိုလည်း ရဲဘော်များနဲ့ သာတူညီမျှ ၆၅ နှစ်ပါပဲတဲ့ ။ ဒါလည်း ပုဒ်မတွေက ကမ္ဘာကုန် ကျယ်သရွေ့  ကျန်နေသေးသတဲ့  ဗျာ။ ကျန်တဲ့ အယောက်လေးဆယ် နီးပါးလည်း အသီးသီး အဿက အဿက ထောင်ဒါဏ်တွေ ရနေကြတုန်း ဗျာ။ မြန်မာပြည်ကြီး တိုးတက်ကြီး ပွား စေချင်တဲ့ ပုဂ္ဂိုလ်မှန်သမျှ ထောင်ထဲဝင်နေကြ ဆိုတဲ့  ပေါ်လစီ ပါလားဗျာ။
....................................

မပြောချင်လို့  ရေငုံနေတာ ဗျ။
တိုင်းပြည်ကသာ ဖြူကာဖျာကာ ကျနေတာ ၊ အစိုးရမင်းများက နန်းတော်ကြီး တွေထဲမှာ တနေ့  ဟင်းဆယ့်ခြောက်မျိုးနဲ့ စားနေတာ ကျုပ်က သိနေတယ်။ ဖြီးတယ် မထင်နဲ့ ။ အတိအကျပြောတာ ။ ကျုပ်မိတ်ဆွေ ဗိုလ်မှူးဟောင်းတယောက် လွန်ခဲ့တဲ့  နှစ်လကပဲ မြန်မာပြည်ရဲ့ ဒုတိယ အကြီးဆုံး ခေါင်းဆောင်အိမ်ကို ရောက်ခဲ့သေးတယ် ဗျ။
နေပြည်တော် အဝင်လမ်းမကြီး ရဲ့  ညာဖက်ခြမ်းက ဝန်ကြီးဌာန ရုံးတွေ ၊ဘယ်ဘက်ခြမ်း က အစိုးရမင်းများ ရဲ့ စံနန်းတော်တွေတဲ့ ၊နန်းတော်တွေ အဝင် လမ်း အဝမှာ လက္မတစ်ရာ ဧရာမ တီဗွီတွေ တပ်ထားပြီး ရုပ်ကော အသံပါ ဖမ်းထားသတဲ့ ။ စီးလာတဲ့ ကားတွေ အပြင်မှာ ထားခဲ့ ရတယ်။ ဂေါက်ကွင်းမှာ သုံးတဲ့  ကားသေးလေး(GOLF BUGGY)တွေနဲ့  လာကြိုတာ လိုက်သွားရသတဲ့ ။
ဆွေစဉ်မျိုးဆက်ချမ်းသာလာတဲ့  ကျုပ်မိတ်ဆွေတောင် နန်းတော်ကြီးကို ကြည့်ပြီး မှင်တက်မိ သွားသတဲ့ ။ သူပါ အဲဒီနန်းတော်မှာ ထမင်းတနပ်စားခဲ့တာ ဟင်း ဆယ့်ခြောက်မျိုးဆိုပဲ၊ ကျုပ်ကိုလည်း တရားဟောသွားလေရဲ့ ။ ကိုမင်းဒင် စိတ်သာချ ။ ဒီလို နန်းတော်မျိုးက ထွက်တော်မူ၊ ဖယ်ခွာပေးဘို့ ဆိုတာ အိပ်မက်တောင် မမက်ပါနဲ့ တော့ တဲ့ ။
............................................

ကျုပ်လည်း စိတ်ထဲ ခပ်ချဉ်ချဉ် ရှိတာနဲ့ .... ဦးရွှေအောင်.. ရေးတဲ့ ၁၉၄၄ ခုနှစ် ထုတ် မဏိဇောတ ဘာသာရေး မဂ္ဂဇင်း အတွဲ (၁)၊ အမှတ်(၂) ၊ ဗုဒ္ဓဝါဒ ပေါ်ထွန်းခြင်း (၂) ထဲက စာသား တချို့  လှန်ပြလိုက်မိတယ်၊ အဲဒီ စာပိုဒ်မှာ .... ။
... လောက၌ အမြဲထာဝရ အခိုင်အမာ အနေဖြင့် တစုံတခု ရှိသည်ဟု ယူခြင်းသည် အမြင်မှား ဖြစ်၏။ ထိုအမြင်မှားသည် ဘဝခရီး၌ သံသရာ၏ ဆွဲအား ဖြစ်၏။ ဆိုဆွဲအား ကို ဖယ်ရှားအပ်၏။
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် လောက၌ အခိုင်အမာ အမြဲထာဝရ တည်ရှိနေသော တစ်စုံတခု ဟူသည် မရှိဟု ပြောဆိုသူ များပါ၏။သို့ ရာတွင် ပြောဆို သည့်အတိုင်း ယုံကြည်သူကား နည်းပါးလေ၏။ ထို့ ကြောင့် မိမိတို့ ၏ ဘဝမှတ်တမ်းကို ကမ္ဘာတည်သရွေ့  တည်အောင်ဟူသော ရည်ရွယ် ချက်ဖြင့် အားထုတ်ခြင်း ဖြစ်၏။ မတည်ပဲ ပျက်ကာမှ ပျက်ရော ၊ကမ္ဘာတည်သရွေ့ တည်အောင် ဟူသော ရည်ရွယ်ချက်ဖြင့် အားထုတ်သည်ကတော့  အမှန်၊
ထိုသို့  ကမ္ဘာတည်သရွေ့ တည်အောင် ဟူသော ရည်ရွယ်ချက်ဖြင့် အားထုတ်ခြင်းကာ ဘဝ တဏှာသာ ဖြစ်၏။ ဘဝတဏှာသည် သဿတ ဒိဋ္ဌိ နှင့် ယှဉ်၏။ ထို့ ကြောင့် ယင်းကို အမြင်မှား ဟူ၍ ဆိုရ၏။

အမှန်အားဖြင့် ဤလောက၌ ကာလမှ လွတ်သော တစုံတရာ ဟူ၍ မရှိ။ ကာလမှ လွတ်သော အရာဟူ၍ နိဗ္ဗာန်သာ ရှိ၏။ နိဗ္ဗာန်သာ ကာလ၏ အရှိန်အဝါမှ လွတ်၏။ ထို့  ကြောင့် နိဗ္ဗာန်သာ အစဉ်အမြဲ တည်ရှိနိုင်၏။ နိဗ္ဗာန်မှတပါး ကာလမှ အလွတ် တစ်စုံတစ်ရာ ဟူ၍ မရှိကောင်းသောကြောင့် အရာဝတ္ထု ဟူသမျှတို့ သည် သက်ရှိဖြစ်စေ၊ သက်မဲ့ ဖြစ်စေ၊ တစ်ခုသော အချိန်တွင် ဖြစ်၍ တစ်ခုသော အချိန်တွင် ပျက်ရမည်ကား ဓမ္မတာ ဖြစ်၏။...
လို့ ရေးထားသဗျာ။
.....................................
မြန်မာပြည်ကြီး ဖြစ်ချင်ရာဖြစ် ငါ့ဘာမှ မဖြစ်သရွေ့ ၊ အေးအေးနေမယ် ဆိုတဲ့  ပုဂ္ဂိုလ်တွေ အတွက် လည်း တရားလက်ဆောင်ပါးချင်သေးတယ် ဗျာ။ စောစော က ဆရာဦးရွှေအောင်
ရဲ့  ဆောင်းးပါး ပါပဲဗျာ။

လောကတွင် အတ္တဟိတ လည်း ရှိ၏။ ပရဟိတ လည်း ရှိ၏၊။ အတ္တဟိတ သက်သက်ကို ဆောင်ရွက်သူလည်း ရှိ၏။အစွန်းရောက် ဖြစ်၏။ ပရဟိတ ကိုဆောင်ရွက်သူသည်လည်း အစွန်းရောက် ဖြစ်၏ ။
အမှန်အားဖြင့် လူဟူသည် အတ္တဟိတကိုလည်း ဆောင်ရွက်ရ၏။ ပရဟိတ ကိုလည်း ဆောင်ရွက် ရ၏။ မြတ်စွာဘုရားသည် အတ္တဟိတ နှင့် ပရဟိတ္တ နှစ်မျိုးစလုံးကို ဆောင်ရွက် သူ ဖြစ်၏။ မြတ်စွာဘုရား၏ ကျင့်စဉ်မှာလည်း အတ္တဟိတ နှင့် ပရဟိတ နှစ်မျိုးလုံးကို ဆောင်ရွက်ခြင်း ဖြစ်၏။ နှစ်မျိုးလုံးကို ဆောင်ရွက်မှ မဇ္ဈိမ ပဋိပဒါ ကျလေ၏ ... တဲ့  ။
..............................
ဓမ္မကြောင်းကို နားမဝင်နိုင်သူများ ကိုထိုက်ဘလော့ ဂ် မှာ တင်ဘူးတဲ့ ပုံပြင်လေး ကို ဖတ်စေ့ချင်သဗျာ..
.........................

ကြွက်ထောင်ချောက်.... တဲ့ ။

ကြွက်ဟာ အက်ကွဲနေတဲ့  အုတ်နံရံကြားကနေ လယ်သမား လင်မယား အထုပ်တထုပ် ဖြေ နေတာ ကို စိတ်ဝင်တစား ကြည့်နေလေရဲ့ ။ အထဲမှာ ဘာမုန့် များပါမလဲ လို့  မျှော်တလင့် လင့် နဲ့  ကြည့်နေတယ်။ ဒါပေမဲ့  စိတ်ပျက်စွာ တွေ့ လိုက်ရတာက ကြွက်ထောင်ချောက်တခု ။ လယ်သမားကြီးဟာ တစ်နေရာမှာ သွားချထားလိုက်တယ်။ ဒါကို မြင်လိုက်တဲ့  ကြွက်ဟာ အသားကုန်အော်ပြီး လယ်ကွင်းထဲကို ပြေးထွက်သွားတယ်။ အားလုံးသိစေချင်လို့  အသိပေး တဲ့  သဘောပေါ့။
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့ ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ် ဗျို့ ။
မြေကြီးကို ခြေထောက်နဲ့  ယက်ပြီး အစာရှာနေတဲ့  ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့  လေသံနဲ့ ပြောလိုက်တယ်။ အော် .. ကိုကြွက်ရယ် ။ မင်းအတွက်တော့  သေတွင်းပဲလို့ ငါပြောလို့  ရတယ်။ ဒါပေမဲ့  ငါ့အတွက်တော့ အလကားပါ။ဘာမှ မဟုတ်တဲ့ ကိစ္စ ခေါင်းလာ မရှုပ်ပါနဲ့ ကွာ။

ကြွက် က ဝက်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ် ဗျ လို့  ပြောလိုက်တယ်။ ဝက်က ကရုဏာသက်တဲ့  မျက်နှာပေးနဲ့  ကြည့်ပြီး ပြောလိုက်တာက .. အတော်လေးကို စိတ်မကောင်းပါဘူး ဗျာ။ တကယ့်တော့ ကျနော့် အနေနဲ့  ခင်ဗျားကို ဆုတောင်းပေးရုံ ကလွဲလို့  ဘာမှ မတတ်နိုင်ပါဘူး။ သေချာတာတခု ကတော့  ခင်ဗျား အတွက် ဆုတောင်းပေးနေပါတယ်။
ကြွက်က နွားဘက်ကို လှည်ြ့ပီး အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတဲ့  အကြောင်း ထပ်ပြောလိုက်တယ်။ နွားက ..... ဝိုး ဝိုး... ။ဝမ်းနည်းပါတယ်ဗျာ။ ဒါပေမဲ့  ကျနော့်  နှာခေါင်း ကိုတော့  ညှပ်စရာအကြောင်းမရှိဘူးလေ လို့ ပြန်ပြောလိုက်တယ်။
.................................

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက် ကို ငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။
တစ်ညတော့ "ဗြောင်း" ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင် ချောက်က မြည်တဲ့ အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။ အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံ လိုက်ရတော့တယ်။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။
အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီး ဟာ ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။
ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။
သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။ နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲကွယ်လွန်သွား ရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။.....
ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
.............................................................................

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲက
တစ်ယောက်ယောက် ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီးဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန်ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။
ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့စကားပါ။ ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေ အတွက်ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။
"မတရားမှုတခုမှာ သင်ဟာ ကြား(ဂျား) နေတယ်ဆိုရင် ... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"
...................
ကဲ ...။ သဘောတူကြပါသလား ဗျာ..
...................
ကျုပ်ဟာ လူဆိုးလူမိုက် ပေါင်းစုံနဲ့  ပေါင်းခဲ့ဘူးသူပါ။ မိုက်တာ၊ ဆိုးတာကို ကျုပ် လက်ခံနိုင်တယ် ။ ပက်စက်၊ ယုတ်မာတာ ကို ခွင့်မလွှတ်နိုင်ဘူးဗျာ ။တွေ့ ဆုံဆွေးနွေးရေး ဆိုတာကို ကြည့် ၊ ဦးအောင်ကြည် ကို ဆက်ဆံရေးဝန်ကြီးခန့် တယ်။ တတိုင်းပြည် လုံးမွဲသမျှ ကျမ အပြစ်ပါရှင် ဆိုပြီး အနိုင်ကျင့် ဝန်ခံခိုင်းတယ်။ ကျုပ်လိုကောင်ကတော့  နားအေးပြီးရော ငြိမ့်ချင်ငြိမ့် မပေါ့ ။ သီလသမာဓိ၊ ကိုယ့်ကျင့်တရား၊ ခံယူချက်နဲ့  ဒေါ်အောင်ဆန်း စုကြည်က သူ့ အဖေ ဂုဏ်ပျက် အောင် အရူးတွေ ပြောတိုင်း ဘယ်ခေါင်းငြိမ့် ပါ့မလဲ ဗျ။
...............................................

ဘယ်ပြဿနာ မဆို လူလို ရှင်းရင် အလွယ်လေးပါဗျာ။
လိုလျှင်ကြံဆ နည်းလမ်းရသတဲ့  ဗျာ့ ။ ကျုပ် ကိုယ်တွေ့ လေး ပြောပါရစေ ။ ကျုပ်မှာလည်း နှမလေး တယောက်ရှိပါတယ် ။ ကျုပ်တို့  မွေးချင်းရှစ်ယောက်မှာ အမတယောက် ညီမတယောက် သာပါတော့  ဝိုင်းချစ်ကြတာပေါ့ ဗျာ။ မောင်ဖွား တွေ ဆိုတော့  နှမလေးကို မတော် တရော် မဖြစ်ရအောင် ထိန်းရသပေါ့ဗျာ။
ကျုပ်က အိမ်မှာ အထိုက်အလျောက် သြဇာလေး ရှိတော့  နှမလေးကို သူများထက်ပို ဆိုမိ ပြောမိသဗျ။ ဒါကို ကျုပ်နှမက ကျုပ်ရှိလို့ သူအိမ် မှာ မနေ ပါဘူး ဆိုသဗျာ၊ အိမ်ကနေထွက် ထွက်သွားတယ် ။ ယောက်ျားနောက် လိုက်တာတော့ မဟုတ်ရှာပါဘူး ။ သူ ခင်ရာ သူငယ် ချင်းတွေ အိမ် ထွက်ထွက် သွားတာ၊ သူ တခါ တခါ ထွက်သွားပြီ ဆိုရင် ကျုပ်မှာ ခေါင်းမီးကို တောက်လို့ ။အရွယ်ကလည်း နှစ်ဆယ်ဝန်းကျင် ဆိုတော့ ကျုပ်လည်း လိုက်ရှာ ၊ ပြန်ထိန်း ၊ ဆူရ ပူရ ၊ တခါတခါ လည်း လက်ပါ ရသပေါ့။
နှစ်ခါသုံးခါ ဖြစ်လာတော့  ဒီလိုတော့ ဆက်ဖြစ်လို့  မသင့်ချေဘူး ဆိုပြီး နည်းလမ်းရှာရတော့ တာပေါ့ ဗျာ။
..........................................

တကယ်တော့ ကျုပ်က ကျုပ်နှမလေးကို ချစ်လွန်းလို့  တင်းကြပ်နေတာဗျ။ မုန်းလို့  မဟုတ်ဘူး ။ သူနားလည်မဲ့ နည်းကို ကျုပ်စဉ်းစားမိတာနဲ့  သူ့ ကို လိုက်ခေါ်လာပြီးတဲ့ တနေ့  မှာ နှမလေးကို ဘာမှ ဆူတာပူတာ မလုပ်ပဲ ခုံမှာ အသာလေး ထိုင်ခိုင်းထားတယ်၊ ပြီးတော့ ကျုပ်က လေအေးလေးနဲ့  ငါ့ညီမ .... ။ ကိုကြီး က ငါ့ညီမ ကို မုန်းလို့  နှိပ်စက်တယ် လို့  များ ထင်နေရော့ သလား ။ ကျုပ်က အိမ်တိုင် ကို လက်နဲ့ ဖက်ပေးလိုက်တယ်။ နောက် ကျုပ် အောက်က ညီကို ခေါ်ပြီး မင်းငါ့ကို ကြိုးခုန်တဲ့  ကြိုးနဲ့  မညှာမတာသာ ရိုက်စမ်းကွာ ဆိုပြီး ခပ်ထန်ထန် အမိန့် ပေးလိုက်တယ်။
.........................

ကျုပ်ညီက လည်း ကျုပ်ကို ကြောက်ရသူဆိုတော့  ရုတ်တရက်တော့  ကျုပ်ကို မရိုက်ရဲ ရှာ ဘူး ။ သုံးကြိမ်လောက် ခပ်ထန်ထန် ပြောမှ အသားကုန် သုံးချက်စွတ်ရိုက်ပြီး မျက်ရည် စက်လက်နဲ့  ထွက်သွားသဗျာ ။
ကျုပ်လား ။ ကျောမှာ စုတ်ပြတ်ပြီး သွေးတစက်စက် ကျလာတော့ တာပဲ ၊ နာတော့ နာ တယ် ၊ ကျုပ် ဝမ်းမနည်းဘူး ၊ ဒီမှာတင် ကျုပ် နှမလေးလည်း ငိုလိုက်တာ ကြူကြူကို ပါ လို့  ၊ နောက် ဆို အိမ် က ထွက်ဘို့  လေသံတောင် မဟ တော့ ဘူးဗျာ။ ကျုပ် တခွန်းပြောလိုက် တာနဲ့  ငြိမ် ပဲ။ ဟော .. ။အခု ကျုပ် အသက် ငါးဆယ် ဝန်းကျင် ကျုပ်နှမလေးကလေးဆယ် ဝန်းကျင် သံယောဇဉ် ကြီးကြတုန်း ပါဗျာ၊
ပြဿနာ အေးဘို့ ဆိုတာ အားကြီးသူက စ ပြီး လျော့ ရတာ ဗျ။
လက်ရှိ အစိုးရမင်းများ လုပ်ပုံဆို ကျုပ်နှမလေးကို ပုဒ်မ ၁၀(က) နဲ့  အိမ်ထဲပိတ်ထား ။ ခဏ အပြင်ထွက် ဆိုပြီး လူမိုက်ငှား ရိုက်သတ် ရမလို ဖြစ်မနေ ဘူးလား၊
.........................

လူစိတ်မမွေး လို့ ကတော့ အစဉ်အလာ မကောင်းနိုင်ဘူးဗျ။
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တဲ့  အစိုးရမင်းများရဲ့  အစဉ်အလာ ဟာဘယ်တုံးက မှမကောင်းခဲ့ပါဘူး။
ခုခေတ်လူငယ်တွေ့ ကြားဘူးသာရုံသာ ရှိပြီး မကြုံဘူးလိုက်တဲ့ ဦးနေဝင်းဆိုတာ နေမဝင် အာဏာရှင် စာရင်းဝင်ခဲ့တာဗျ။ အခုလက်ရှိ အာဏာ အရှိဆုံး ဆို တဲ့  ပုဂ္ဂိုလ်တောင် ဦးနေဝင်းရှေ့ မှာ ကုတ်ကုတ်လေး နေရသတဲ့ ဗျာ။ ကျုပ် ရမ်းသမ်းပြော တာမဟုတ်ရပါဘူး။ ကျုပ်မိတ်ဆွေ ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးမြတ်နိုး ဆိုတဲ့  ပုဂ္ဂိုလ် ပြန်ပြောပြတာပါ။ သူမြင်ခဲ့ တာက ထောက်လှမ်းရေး အကြီးအကဲ ဟောင်း မျက်မှန် တင်ဦး အသုဘမှာတဲ့ ။ ဗိုလ်ချုပ်မှူးကြီး ဆိုတာ ဦးနေဝင်းရှေ့ မှာ ကြောင်ရှေ့ ရောက်တဲ့  ကြွက်လို ကုပ်ကုပ် ကလေး ဆိုပဲ။ဟော..။ အဲဒီ နေမဝင် အာဏာရှင် ဦးနေဝင်း သေ တော့ အသုဘ လိုက်ပို့ တာ ဆယ့်ခွန် နှစ်ယောက်ပဲ ရှိသတဲ့ ။မသေခင် လည်း သူ့ မြေးတွေ သေဒါဏ် အမိန့် ပေးခံရတာကို ကြုံသွားရသေးဗျာ။
............................................

သူ့ နောက် မှာ ကလေးလူကြီး မကျန် မဲမဲမြင် စွတ်ပစ်ခိုင်း(I SAVE BURMA) ဆိုပြီး အာဏာသိမ်းခဲ့ တဲ့  မောင် ၊ ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့  ရာထူးကို စထွင်ပြီး ပုခုံးပေါ် စထွင်ပြီး တပ်ခဲ့တဲ့  ဦးစောမောင် လည်း စိတ်မနှံ့ ဘူး အပြောခံရပြီး ပြုတ်သွားရှာတာပဲ ဗျာ။ပြုတ်ပြီး မကြာခင် လူမသိသူမသိ သေရရှာ သဗျာ၊ သူ့  ကိုယ်ရံတော် မြန်မာ့လက်ရွေးစင် ဘောလုံး သမားဟောင်း ကျုပ်နဲ့ သောက်ဖော် သောက်ဖက် ဖြစ်ခဲ့ဘူး တဲ့  ဗိုလ်ကြီးတင်အေး ပြောတာ တော့  ရူးတာမဟုတ်ဘူး၊ဟသာင်္ကိုးသောင်းဇာတ် ဆိုပဲ ။
ကိုတင်အေးတို့  ကိုမြတ်နိုး တို့ လည်း အပင်လဲ အကိုင်းထင်းဖြစ် ဇာတ်ပဲပေါ့ ဗျာ။
..............................................
ဒါတင် ဘယ်ကမလဲ မောင်ရယ်။ ကျုပ်တို့ ခေတ်က လျှမ်းလျှမ်းတောက် တန်ခိုးထွား ခဲ့ ကြ တဲ့ သမတကြီးတွေဖြစ်တဲ့ ဦးစန်းယု ၊ဒေါက်တာမောင်မောင် ၊ဦးစိန်လွင်၊ ကာကွယ်ရေး ဦးစီး ချုပ်အဖြစ်တာဝန်ယူသွားတဲ့ သူရ ကျော်ထင်၊ ဝန်ကြီးချုပ် ဦးမောင်မောင်ခ ..ခမျာတို့  မှာ လည်း ဘယ်လို အလောင်း မြေကျသွားကြ မှန်းတောင် မသိလိုက်ရပါဘူး။
..............................................
ထောက်လှမ်းရေး မှူးချုပ် ၊ဝန်ကြီးချုပ် ဆိုတဲ့  မောင်ကော အခု ဘာဖြစ်သွားသလဲ။ တီဗွီ မင်းသား လို့ အခေါ်ခံခဲ့ ရတဲ့ သူ့ ခမျာလည်း စိတ်ထောင်း ကိုယ်ကြေ မုတ်ဆိတ်ကျင်စွယ် ဗလပွေနဲ့ ရွှေတိဂုံ ဘုရားပေါ် ပုတီး တက်စိပ် ချင်တာ တောင် ခွင့်ပြုမိန့် နဲ့  အစောင့်အကြပ် နဲ့  ဆိုပဲဗျာ။
ထာဝရအာဏာ လိုချင်သူတွေရဲ့ အစဉ်အလာဆိုးကြီး ဟာ လယ်ပြင်က ဆင်ခြေရာပဲဗျာ။
.........................................

စစ်ဝါဒ မြန်မာပြည်မှာ ချုပ်ငြိမ်း သွားဘို့ စစ်ဝတ်စုံ ဝတ်ပြီး အုပ်ချုပ်ရေး ယန္တရား မှာ လူတွင်ကျယ် ဝင်လုပ်နေတဲ့  စံနစ်ကြီး ပျောက်သွားဘို့  မြန်မာပြည် သားတိုင်း အပ္ပမာဒေန ၊သမ္မာဒေထ မှ ဖြစ်တော့ မဗျို့ ။

ကျုပ်တို့ လက်ရှိ မြန်မာမင်းများ အသက်သွင်းဘို့  ကြိုးစားနေဆဲ ကမ္ဘာပေါ်မှာ ခေတ်မစားတော့ တဲ့  နာဇီစစ်ဝါဒဟာ နယ်ဆင်မင်ဒဲလား သမတ ဖြစ်သွား ခဲ့တဲ့  ခေတ်ကြီး မှာ မလွဲမသွေ ကျဆုံးရမယ် ဆိုတာတော့ ယုံစေချင်သဗျာ။ ဒါမှ မဟုတ်ရင်လည်း သံဃာတောင် မချန်တဲ့  မောင်တွေ နတ်ပြည်နိဗ္ဗာန် ရောက်တယ် လို့ သာ ယုံစရာလမ်း ရှိတော့ သဗျ။
မြန်မာပြည်ကြီး လွတ်မြောက်ဘို့  ၊ဒီမိုကရေစီ ရဘို့ ဆိုတာ ဝေဘူဆရာတော်ကြီးဟောတဲ့  တရားရှာနည်း အတိုင်းသာ ကျင့်နိုင်ရင် အလွယ်လေး ပါဗျာ။ ဝေဘူဆရာတော်ကြီး က တရားဘယ်လို ရှာခိုင်းတယ် ဆိုတာ ဖတ်သာကြည့်ပေတော့ ဗျို့ ။

ဝေဘူဆရာတော်(မေး)။ ။ အခုဒကာ၊ ဒကာမကြီးများဟာ အခုလို တဆက်တည်း ပါအောင် အချိန်တိုင်း အချိန်တိုင်း လုပ်ကြရဲ့ လား။

ဒကာ၊ဒကာမ(ဖြေ)။ ။ အချိန်တိုင်း အချိန်တိုင်း ပါအောင် လုပ်ကြပါပြီ ဘုရား။

မေး။ ။ ဘယ်နေရာမှ မလပ်ဘူးလား။

ဖြေ။ ။ လပ်တဲ့ နေရာလည်း ရှိပါလိမ့် မယ် ဘုရား။

မေး။ ။ ဘယ်လောက်များလိုနေပါလိမ့်။

ဖြေ။ ။ လိုနေတာကတော့ ဖြင့် အများကြီး ထင်ပါရဲ့ ဘုရား။

မေး။ ။ အခုလုပ်ကြပြီ ဆိုပြီးတော့ လိုနေတာ အများကြီး ဆိုပြန်ပြီ။ ကဲဗျာ။ တပိဿာမှာ ဘယ်လောက်လိုနေ သလဲ ။

ဖြေ။ ။ တပိဿာမှာ တပိဿာပဲ လိုနေပါတယ် ဘုရား။

မေး။ ။ ဒါဖြင့်  နည်းနည်းပဲ လိုပါတော့လား။

ဖြေ။ ။ တပည့်တော် တို့ က ပါးစပ်ကသာ လုပ်နေကြတာပါ ဘုရား။

ဝေဘူဆရာတော်။ ။ လုပ်ကြဗျာ့ ။ ဘယ်ကစ လုပ်ရမလဲဆိုရင် ကိုယ့်အိမ်က စပြီးလုပ်ကြ။ အိမ်နီးနားချင်း မပါချင်နေပေ့စေ။ ကိုယ့်အိမ်က စပြီး လုပ်ကြ။ ဟုတ်ရဲ့ လား။
..............................................

ကဲ တွေ့  လား။ ဒီနည်းအတိုင်းသာ ကျုပ်တို့ အားလုံးလုပ်နိုင်ကြရင် ဒီမိုကရေစီ ဆိုတာတင်မကဘူး။ မဟာပထဝီ မြေကြီးပါ အိုးထိန်းစက်လို လည်သွား ပါလိမ့် မယ်ဗျာ။
စင်္ကြာဝဠာတိုက်တသောင်းက အက်ကွဲ မည်ဟည်း သံတွေ ပေါ်ထွက်လာပါလိမ့်မယ် ဗျာ။

ကိုမင်းဒင်
blog မှရယူပါသည်။ လေးစားလျှက်ပါ ကိုမင်းဒင်။



ထောင် ၆၅ နှစ်ချပြီးတာတောင် ကြောက်စိတ် မကုန်သေးတဲ့ နအဖ(နွားအဖွဲ့)

နိုင်ငံရေး အကျဉ်းသားများကို ထောင်အပြောင်းအရွှေ့များလုပ်


ချင်းမိုင်။ ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီးနောက် ဆက်တိုက် လုပ်ဆောင်လာခဲ့သည်က လူစုခွဲ၍ ထောင်ပြောင်းရွှေ့နေခြင်း ဖြစ်သည်။

ယနေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဥာဏ်လင်းနှင့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်တို့အား ရန်ကုန် အင်းစိန်ထောင်မှ ကရင်ပြည်နယ် ဘားအံထောင်သို့ ပြောင်းရွှေ့လိုက်သည်။

"ကျနော် ခုနမှ အင်းစိန်ကို သွားပြီး မေးတယ်။ တာဝန်ရှိတဲ့လူက ဘားအံကို ပြောင်းလိုက်ပါတယ်လို့ ပြောတယ်၊ နေဘုန်းလတ်ရော။ ဘယ်အချိန် ပို့လိုက်တယ်ဆိုတာက အသေးစိတ်မသိဘူး" ကိုဥာဏ်လင်း၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။

ကိုနေဘုန်းလတ်ကိုလည်း ဘားအံသို့ ပို့ဆောင်သည်ဟု ကြားသိရကြောင်းနှင့် လာမည့် ကြာသပတေးနေ့တွင် ထောင်ဝင်စာ သွားတွေ့မည်ဟု မိခင်ဖြစ်သူ ဒေါ်အေးသန်းက ပြောသည်။

ကိုဥာဏ်လင်း၏ မိသားစုဝင်က " သူတို့ကို ထောင်ဒဏ် ၆၅ နှစ် ချလိုက်တော့ ပေါင်းလိုက်ရင် နှစ် ၁၀၀ ကျော်နေပြီ။ ဆိုတော့ လူ့သက်တန်း ကုန်နေပြီ။ ဒီကြားထဲမှာ ထောင်ထဲမှာ ဘာမှ တုံ့ပြန်၊ စိုးရိမ်စရာ မရှိတော့တဲ့ ဘ၀ကို အေးအေးဆေးဆေး နေထိုင်ခွင့်လေးတောင် ပေးသင့်တယ်လို့ ယူဆတယ်လေ။ အဲဒီ နေထိုင်ခွင့်လေးတောင် မပေးဘူးဆိုတဲ့ သဘော သက်ရောက်နေတယ်လို့ မြင်တယ်" ဟု ပြောသည်။

ယမန်နေ့ကလည်း ထောင်ဒဏ် ၆၅ နှစ် ချမှတ်ထားသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးအား ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပို့ဆောင်လိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှပင် ကိုအောင်သူအား ကချင်ပြင်နယ် ပူတာအို၊ ကိုလှမျိုးနောင်အား မြစ်ကြီးနား၊ ကိုမြအေးအား ကယားပြည်နယ် လွိုင်ကော်၊ ကိုဌေးကြွယ်အား ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကိုပြုံးချိုအား တနင်္သာရီ ကော့သောင်းသို့ ပို့လိုက်သည်။

"လိုရင်းပြောမယ်ဆိုရင် ပြစ်ဒဏ်ချလိုက်တဲ့ လူတွေကို နောက်ထပ် ပြစ်ဒဏ် ထပ်ချလိုက်တယ်လေ။ အကုန်လုံး စိတ်ဆင်းရဲ၊ လူဆင်းရဲ၊ ကာယကံရှင်ရော မိသားစုတွေရော၊ နောက်ထပ် ပြစ်ဒဏ် ထပ်ချတယ်လို့ပဲ မြင်ပါတယ်" ဟု အတိုက်အခံ နိုင်ငံရေး ပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် အတိုက်အခံများဘက်မှ လိုက်လံကူညီပေးနေသည့် ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းအား ပုသိမ်အကျဉ်းထောင်နှင့် ရှေ့နေ ဦးခင်မောင်ရှိန်အား မြောင်းမြထောင်သို့ ရွှေ့ပစ်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကဗျာဖြင့် "အာဏာရူး" ဟု ခေါ်ဝေါ်ခဲ့သော ကဗျာဆရာ ကိုစောဝေအား ရမည်းသင်းထောင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးအား မန္တလေးထောင်တို့ ပို့ဆောင်လိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အဆိုအရ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ အန်အယ်လ်ဒီ ပါတီဝင်များ အပါအ၀င် စုစုပေါင်း ၂၁ ဦးအား နယ်ထောင်များသို့ ပြောင်းရွှေ့လိုက်သည်ဟု ဆိုသည်။