Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 24 November 2008

ရန်ကုန်၌ တကိုယ်တော် ဆန္ဒပြမှု ဖြစ်ပွား

Sunday, 23 November 2008

ယ နေ့ နိုဝင်ဘာလ (၂၂) ရက် တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့တွင် ကျရောက် သော အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဋ္ဌာနချုပ် ရုံး ရှေ့တွင် တကိုယ်တော် ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ စစ်အစိုးရအား ဖမ်းဆီးခံ ကျောင်းသားများအား ချက်ခြင်း ပြန်လွှတ်ပေးရန် တောင်းဆို သည်ဟု ပြည်တွင်းမှ လာသော သတင်းများ အရ သိရှိရသည်။
မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် အဓိကခန်းကဏ္ဍ ဖြစ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ဗြိတိသျှကိုလိုနီ အစိုးရအား မြန်မာ့လွတ်လပ်ရေးအတွက် အစပြု သပိတ်မှောက်ကြရာမှ စတင်ခဲ့သော အမျိုးသား အောင်ပွဲနေ့ စိတ်ဓါတ်များ ဖြင့် မမေ့ကြရန် နှိုးဆော်ဆန္ဒပြသရခြင်း ဖြစ်သည်ဟုသိရှိ ရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်ခံ အမျိုးသား ဒီမိုကရေစီ ပါတီသည်လဲ ယင်းအမျိုးသားနေ့ အခမ်းအနား အား နှစ်စဉ် အစဉ်လာမပျက် ပါတီတွင်း ကျင်းပမြဲ ဖြစ်သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီဝင် ကိုမင်းသိန်း မှာ ပါတီဋ္ဌာနချုပ်ရုံးရှေ့ ရွှေဂုံတိုင်လမ်းမတွင် ငြိမ်သက်စွာ ခေါက်တုန့်ခေါက်ပြန်
လျှောက်နေပြီး လက်ထဲတွင် “ မင်းကိုနိုင် နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေး ” ဟု ကြေညာချက် ပိုစတာ ကိုင်ဆွဲထား သည်ဟု ရန်ကုန်မှ မျက်သက်သေ တဦးက လူထုအသံ သို့ ပြောဆိုသည်။
ရွှေဂုံတိုင်လမ်းမ တဖက်ခြမ်းတွင် အရပ်ဝတ်ဖြင့် ထောက်လှမ်းရေး ရဲများ ဗီဒီယိုရိုက်ကူး နေသော်လည်း၊ ယခု သတင်းရေးနေချိန် အထိ တကိုယ်တော် ဆန္ဒပြသနေခြင်းအား ဖမ်းဆီးခြင်း မရှိသေးဟု မျက်မြင် သက်သေများ က ဆိုသည်။
ငြိမ်သက်စွာ ဆန္ဒပြသနေသော ကိုမင်းသိန်းအား အေပီ သတင်းဋ္ဌာနမှ မေးမြန်းရာတွင် “ ကျနော့ရဲ့ခံစားမှုကို တင်ပြခြင်း သက်သက်သာဖြစ်ပြီး၊ ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ ရလဒ်ကို ရင်ဆိုင်ဖို့ အဆင်သင့် ပါပဲ” ဟုပြောဆို လိုက် ကြောင်း သိရှိ ရပါသည်။

No comments: