Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 13 June 2009

Than Shwe Panhandles


Finding allies who would support his cowardly acts of rape and genocide is becoming a very real issue for Than Shwe of Burma. Now that his regime of death is under the microscope from all quarters of the world population he and his minions are more of a pariah than world figures. Like a beggar he is pandering for support and funding to combat the will of his people in a desperate attempt to maintain control. His spin doctors are polluting the government controlled press with lies and rhetoric in an effort to stem the tide of truth about his sham trial of Daw Aung San Suu Kyi.
Any street kid can see that Than Shwe is on the run, so to speak. He dishonored his allies with his bold attack on Daw Aung San Suu Kyi and he grossly underestimated the response from the world at large. The only positive response he received was from Kim Jong II with Jong’s nuclear threat scam. So Jong popped off a few bottle rockets and plans to detonate another impotent bomb. It’s all a convenient distraction and frankly Jong showed himself to be a nuisance. Fact is, Than Shwe managed to place North Korea under the microscope like never before and this is bad for commerce. N. Korea was vying for world power status. Now they share the limelight with Than Shwe and his merry band of criminals. His feeble pandering of China had the same negative effect. Now the world marketplace has China under the microscope for their horrific torture, rape and murder of the Falun Gong sect as well as the on going atrocities in Tibet. Dare I mention the conflicts in South America and Africa spawned by Chinese industries and the indigenous people?
China has a lot to hide from the consumer world as US and European industries relocate to Chinese soil. I’m still amazed that General Motors closed shop in the US and Canada only to build new plants in China. Are they going to capitalize on the 80 million slaves in China’s secretive Gulag System? Maybe it’s just the fact China has no labor or environmental regulations. Laughable they plan to build and send cars to the US and Canadian markets. Oh well, to bad, so sad after all its all about the corporate bottom line. I would not have noticed this tidbit if it were not for Than Shwe’s pandering. Thanks Than Shwe for the focus on China.
Than Shwe would find it impossible to find allies in Somalia. Even the warlords would not want the heat Than Shwe would give them. On the streets people would say that Than Shwe and his thugs are “Jonesing” for allies but the word is out on his regime now. Clearly he is not using the best judgment, even for a military dictator. Strategically speaking he has managed to alienate himself on all fronts and placed his regime in the crosshairs of worldwide public opinion.
It was said in many visions that Burma’s criminal regime would be toppled from within his own ranks. Little did we know this would happen by Than Shwe’s very hand and you got to love the irony of it all. Like a Greek tragedy Than Shwe shot himself in the foot with his over zealous attempt to silence the voice of democracy. Now he will take down everyone who sided with him including corporations who’ve financed genocide.
A sane person would not continue acts of barbarism while pandering for support. On the contrary, and true to form, Than Shwe has escalated his campaign of death and murder on the *ethnic populations within Burma. How far beyond stupid has he become or is cancer eating at his brain? Now like never before data is streaming out of Burma as rape and murder takes center stage in the press around the world. It is heartening to note that web sites are getting more queries about Than Shwe’s legacy of death and people are totally shocked at what they are discovering.
Myo Thein, Director of Burma Democratic Concern, calls it “People Power” and now the people of the world are becoming aware of the power they truly possess. It is called the all mighty dollar or purchasing power. More and more people are paying attention to labels and are beginning to exclude items from corporations who have allied themselves with criminals such as Than Shwe. Though India’s media has been artificially silent about Daw Anug San Suu Kyi’s bogus trial word has gotten out. A multitude of the members of parliament are urging their leadership to take a stand and soon questions will be asked by the people why India has sided with tyranny.
Its people power at its best and it is the people of the world who are influencing their leadership with demands that something be done in Burma. And if politicians want to keep their high paying job they will act on the will of their constituents. Corporations beware for your Achilles tendon has been reveled. One day corporate goons will also face the microscope of public opinion. This will directly influence their corporate bottom line and depending on the extent of corporate involvement they will stand trial along side Than Shwe’s generals.
And then there is United Nations Secretary General Ban Ki-moon who seems to have difficulty finding airfare. He should use Ibrahim Gambari’s frequent flyer miles, less the million dollar ruby of course. Eventually people power will force him out from under the sofa and onto an airplane for Burma. He is starting to sound like a broken record with all his lame excuses. Maybe it is time for a new Secretary General that does more than fire off useless sanctions. Small wonder Burma and North Korea thumbs their noses at the UN.
* http://www.irrawaddy.org/article.php?art_id=15941
Your Devil’s Advocate
Buffalohair
20090527174540897
Friday, 12 June 2009 20:24 အေးလဲ့
E-mail Print
ဒေါ်အောင်ဆန်းစုကြည် အမှုရက်ချိန်းကို ရန်ကုန်တိုင်း မြောက်ပိုင်း ခရိုင်တရားရုံးက လာမည့် ဇွန်လ ၂၆ ရက် နေ့သို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း သူ၏ အမှုလိုက်ရှေ့နေများက ပြောသည်။

ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားခံပြသက်သေ တဦးဖြစ်သူ ဒေါ်ခင်မိုးမိုးကို စစ်ဆေးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီကနေ့ တရားရုံးက ရုံးထိုင်ပြီးတာနဲ့ ကျနော်တို့ သက်သေတဦး ဒေါ်ခင်မိုးမိုးကိုပေါ့ ရက်ချိန်း ပေးလိုက်တယ်၊ ဇွန်လ ၂၆ ရက်နေ့ကို ရက်ချိန်းပေးလိုက်တယ်၊ အဲဒီနေ့မှာ ဒေါ်ခင်မိုးမိုးကို စစ်ရပါ့မယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

ယနေ့ တရားရုံးတွင် စုစုပေါင်း အချိန် ၁၅မိနစ်သာ ကြာမြင့်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ၊ မစ္စတာ ဂျွန်ဝီလီလျံ ယက်ထော အပါအဝင် နှစ်ဘက် ရှေ့နေများ အစုံအလင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အင်းစိန်ထောင် ပတ်ဝန်းကျင် တဝိုက် လုံခြုံရေး အထူးတင်းကျပ် ထားပြီး လုံထိန်းကားများ ထပ်မံ တိုးချဲ့ချထားကြောင်း ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် ၉ရက်နေ့ အဂါင်္နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်၊ NLD ဒု-ဥက္ကဌ ဦးတင်ဦး နှင့် ရှမ်းပြည်နယ် NLD စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့သုံးဦးအနက် မှ ဒေါ်ခင်မိုးမိုးတဦးကိုသာ သက်သေထွက်ဆိုခွင့် ပေးလိုက်ကြောင်း ရန်ကုန်တိုင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ခရိုင်တရားရုံးတွင် တရားခံပြ သက်သေ ၄ ဦး အမည် စာရင်း တင်သွင်းခဲ့ရာ တရားရုံးက တဦးတည်းသာ လက်ခံခဲ့သည်။ ထို့ကြောင့် တိုင်းရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦးသာ ခွင့်ပြုခဲ့သောကြောင့် ကျန်ရှိသည့် ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၁ရက်နေ့တွင်လည်း ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သော သက်သေ၂ဦး ဖြစ်သူ ဦးဝင်းတင် နှင့် ဦးတင်ဦး တို့အား ဗဟို တရားရုံးချုပ်တွင် ပြင်ဆင်ခွင့် ဆက်လက် လျှောက်ထားရာ ဗဟို တရားရုံးက ဇွန်လ ၁၇ ရက်နေ့သို့ ရုံးချိန်းပေးပြီးမှ ရုံးချိန်းရက် ထပ်မံ ပြင်ဆင်ဦးမည်ဟု သိရသည်။

“မနေ့က နေ့ခင်းပိုင်း ကျနော်တို့ ရှေ့နေရုံးခန်းမှာ ၁၇ ရက်နေ့ ရက်ချိန်း လာပြောပါတယ်၊ နောက် ညနေကျတော့ တခါ အဲဒီ ၁၇ ရက်နေ့ ရက်ချိန်း မဟုတ်သေးဘူး တဲ့၊ ရက်ချိန်း ပြင်မယ် တဲ့၊ ပြင်ပြီး ဘယ်ရက်လဲ သိမှ လာအကြောင်းကြားပါမယ် လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

တချိန်တည်းတွင် ငြင်းပယ်ခံ သက်သေတဦးဖြစ်သူ ဦးဝင်းတင်ကို ပုဒ်မ ၆/၁ ပြည်သူပိုင် ပစ္စည်း အလွဲသုံးစား လုပ်မှု ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးတွင် တရား စွဲဆိုလိုက်သည် ဆိုသည့် သတင်းလည်း ရန်ကုန်တွင် ထွက်ပေါ်နေသည်။

“ကျနော်ကတော့ မသိဘူးဗျ၊ ကျနော့်ကို မီဒီယာတွေက မေးနေတယ်၊ ၁၀ ရက်နေ့ ဗုဒ္ဓဟူးနေ့ည ကတည်းက မေးနေတာပါ၊ ဒါပေမယ့် ဒီနေ့အထိ အာဏာပိုင်တွေဆီက တရားဝင် အကြောင်းစာ မရဘူး၊ ခက်တာက ကျနော် ဒေါ်စု အမှု ပြောဆိုနေတာတွေ သက်သေခံ အဖြစ်လည်း ပါနေတော့ အခုလို ခြိမ်းခြောက် ပြောဆိုနေတာလည်း ဖြစ်နိုင်တယ်” ဟု ဦးဝင်းတင် ရှင်းပြသည်။

“ကျနော်က ထောင် အဝတ်အစား ဝတ်လာတယ် ဆိုတာ စက်တင်ဘာ ၂၃ ရက် မနက် ၆ နာရီခွဲမှာ ကျနော့်ကို လွှတ်မယ်ဆိုတာ လာပြောတယ်၊ လွှတ်မယ် ဆိုရင် ဘယ်လို လွှတ်မှာလဲ၊ လက်မှတ်ထိုးတဲ့ အလုပ်ကို မလုပ်နိုင်ဘူး၊ ပစ္စည်းလည်း မသိမ်းဘူး၊ ညအိပ် အဝတ်အစားလဲ မလဲဘူး၊ ထုတ်ချင်ရင် ဆွဲထုတ်၊ သူတို့က ဒါဆို ခင်ဗျားကို ၆-၁ နဲ့ စွဲလို့ ရတယ်လို့ ပြောတယ်၊ ဒါဆိုလည်း ချွတ်ယူလိုက်၊ ဝတ်လစ်စလစ်နဲ့ ထွက်မယ်။ စကားများတယ် ညနေ ၄ နာရီ အထိ၊ နောက်ဆုံးဘာမှ မလုပ်ခိုင်းတော့ဘဲ သူတို့ ကိုယ်တိုင် အိမ်တိုင်ရာ ရောက် လိုက်ပို့တာ” ဟု ဦးဝင်းတင်က် ပြောသည်။

၎င်းက ဆက်လက်ပြီး “ထွက်တဲ့နေ့မှာ ကျုပ် မီဒီယာတွေကိုပြောတယ်၊ ကျုပ် နိုင်ငံရေးသမား၊ အကျဉ်းသား အနေနဲ့ ထွက်ရမယ် ဆိုတာကို သူတို့က သနား ကြင်နာတာ၊ ပုဒ်မ ၄၀၁ နဲ့ လွှတ်မယ် ဆိုတာကို ဆန့်ကျင်ပြီးမှ ထွက်လာတာ၊ ဟောဒီမှာ ကျုပ် အင်္ကျီ အပြာ ဝတ်ထားတယ် ဆိုတာကို ကြေညာခဲ့တယ်” ဟု ပြောသည်။

အသက် ၈၀ ဝန်းကျင်ရှိ ဦးဝင်းတင်သည် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရာ အင်းစိန် ထောင်အနီးသို့ သွားရောက် စောင့်ဆိုင်း သူများ အနက် အထင်ရှားဆုံး အတိုက်အခံ နိုင်ငံရေးသမား ဖြစ်သည်။

ဟံသာဝတီ သတင်းစာ အယ်ဒီတာဟောင်း ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။ ၁၉၈၉ခုနှစ်တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခံခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

ယနေ့ အင်းစိန်ထောင်ရှေ့ အခြေအနေ

မိုးမခအထောက်တော်၊ ရန်ကုန်

ဇွန် ၁၂၊ ၂၀၀၉

ယနေ့ အင်းစိန်ထောင်အနီးတစ်ဝိုက် လုံခြုံရေး အခြေအနေသည် ယခင်ကထက် ပိုမို တင်းကျပ်ထားသည်ကိုတွေ့ရသည်။ အင်းစိန်ပန်းခြံရှေ့နှင့် အင်းစိန် ဂုံးတံတားအတက်နေရာများတွင် သံဆူးကြိုးအတားအဆီးများကာရံထားပြီး ယာဉ်ထိန်းရဲများနှင့်အတူ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များအပြည့်တင်ဆောင်ထားသည့် ရဲကား ခုနစ်စီးခန့်နေရာယူထားသည်။ အင်းစိန်ကုန်းကျော်တံတားအဆင်း (အင်းစိန်ဈေးဘက်) မှစတင်ကာ ကားခေါင်းခန်းတွင် ရဲအရာရှိတစ်ဦးစီ ပါဝင်သော လုံထိန်းကားအပြာများ ငါးစီးစီ လမ်းတစ်ဖက်တစ်ချက်မှာနေရာယူုထားကြသည်။

ယခင်နေ့ရက်များက အန်အယ်လ်ဒီပါတီဝင်များ စောင့်ဆိုင်းနေရာယူလေ့ရှိသည့် အင်းစိန်ဈေးရှေ့ရှိ ထိပ်တန်းအပေါင်ဆိုင်ရှေ့တွင် လက်နက်များကိုင်ဆောင်ထားသောရဲများက လေးပေခြားစီ နှစ်တန်းနေရာယူထားကြသည်။ မည်သူ့ကိုမှ အ၀င်မခံတော့သည်ကို တွေ့ရသည်။ အင်းစိန်မီးသတ်ရှေ့နှင့်ဈေးရှေ့တစ်ဝိုက်တွင် ယခင်ကကဲ့သို့လာရောက်ကြည့်ရှုသူများအတွက် ထိုင်စရာ နားနေစရာမရှိတော့ပေ။

ပေါက်တောဝဘက်မှ စွမ်းအားရှင်များအပြည့်တင်ဆောင်ထားသည့် ဒိုင်နာကားများ တစ်စီးပြီးတစ်စီး သံဆူးကြိုးအတားအဆီးများ အတွင်းသို့ဝင်သွားကြပြီး အင်းစိန်ထောင်ရှေ့တွင်စုဝေးနေရာယူထားကြသည်ကို တွေ့ရသည်။ စောင့်ကြပ်နေသူများတွင် ရဲအရာရှိများကို ယခင်နေ့များထက်ပိုမိုတွေ့ရှိရသည်။
သံဆူးကြိုးအတားအဆီးများသို့ရောက်လာသောဖြတ်သွားဖြတ်လာများကို နောက်ကြောင့်ပြန်လှည့်ပြီး အခြားတစ်လမ်းမှသွားရန်ပြောဆိုနေသူများတွင် အသက် ၁၁ အရွယ် ယောက်ျားလေးတစ်ဦးကိုလည်း တွေ့ရှိရသည်။

ညနေတွင် ရုံးချိန်းကို ၂၆ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ပြန်သောကြောင့် အမှုအကြောင်း စောင့်နားထောင်နေသည့် ရန်ကုန်မြို့ခံများ စိတ်ပျက်သွားကြသည်ကို ကြားသိရသည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဥပဒေ နည်းလမ်းထဲမှ တတ်နိုင်သရွေ့ တရားနည်းလမ်းကျအောင် တောင်းဆိုသွားမည့် သဘော ယခုအချိန်ထိ မြင်တွေ့နေရပြီး နအဖဘက်မှမူ အချိန်ဆွဲကာ လူထုနှင့် ပြည်ပ အစိုးရအဖွဲ့အစည်းများ သွေးအေးသွားမည့် အနေအထားကို မျှော်လင့်နေပုံရသည်။

ရေမီး အပြည့်အစုံ လျှို့ဝှက် လှိုင်ခေါင်းကြီးများ
ဓာတ်ပုံသတင်း
ဇွန် ၁၂၊ ၂၀၀၉
နေပြည်တော် နှင့် တောင်ကြီးမြို့ တို့တွင် မြောက်ကိုရီးယား ပညာရှင်များ၏ အကူအညီဖြင့် မြေအောက် ဥမင်လိုဏ်ခေါင်းများ တည်ဆောက်နေခြင်းကို ဓာတ်ပုံများနှင့် တကွ Yale Global Online မဂ္ဂဇင်း တွင် ဖော်ပြထားသည်။

လိုဏ်ခေါင်းများကို လေကြောင်း တိုက်ခိုက်မှုရန်မှ ကာကွယ် နိုင်စေရန် တည်ဆောက်ထားခြင်း ဖြစ်ပြီး၊ လူထု အုံကြွမှုကြီး ထပ်မံ ပေါ်ပေါက်လာပါက ပုန်းခိုရန် စီမံထားခြင်းဖြစ်သည်ဟု ဆောင်းပါးရှင် ဘားတီးလ် လစ်တနာ က သုံးသပ်ထားသည်။

၁၀ ဘီး တပ် ကုန်တင်ကားကြီးတွေ ကောင်းစွာ သွားလာနိုင်သည်အထိ ကြီးမားပြီး နံရံ နှင့် အမိုး တို့ကိုလည်း တစ်ပေ မက ထူသည့် ကွန်ကရစ် ဖြင့် တည်ဆောက် ထားခြင်းဖြစ်သည်ဟု ဆိုသည်။ အင်္ကျီအပြာဝတ် ၀န်ထမ်းမှာ မြန်မာပညာရှင်ဖြစ်သည်။



ရန်ကုန်ရှုခင်း အမှတ် ၂ - ဇွန်လ

လမ်းလျှောက်ဂျာနယ်လစ် ၊ ရန်ကုန်

ဇွန် ၁၂၊ ၂၀၀၉

နအဖက အမှုကို အချိန်ဆွဲနေပြီ

မေလ ဆန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကို ရေကူးပြီး ၀င်သူ ဂျွန်ယက်တော ကိစ္စကို အစနင်းပြီး နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ ကြံခဲ့ပါတယ်။ ယခု ရုံးတင်တရားစွဲဆိုမှုကို ကမ္ဘာ သမိုင်းတင်ခဲ့တဲ့ ကက်စထရိုကို ဘာတစ်စတာ အစိုးရက ရုံးတင်တဲ့အမှု၊ ရိုက်ခ်ျစတက် လွှတ်တော်ကို နာဇီတွေက ကိုယ့်ဟာကိုယ်မီးရှို့ပြီး နာဇီဆန့်ကျင်သူ ဒီမီထရော့ဗ်ကို ရုံးတင်တဲ့အမှု စတဲ့ကမ္ဘာကျော် တရားရုံးတွေနဲ့ နှိုင်းယှဉ်တင်စား ပြောဆိုတာမျိုးလည်း ကြားနေရပါတယ်။

ကမ္ဘာ့ အသိုင်းအ၀ိုင်းကရော အိမ်နီးချင်း နိုင်ငံအချို့ကပါ တရားစွဲဆိုမှုကို လက်မခံ ဝေဖန်လာတော့မှ နကိုက မြန်မြန်ဆန်ဆန် ထောင်ချဖို့ စိတ်ကူးထားတဲ့ နအဖဟာ ယခုတော့ အချိန်ဆွဲတဲ့ နည်းဗျူဟာကို သုံးပြီး နိုင်ငံတကာ စိတ်ဝင်စားမှုလျော့ကျ ဖို့ကြိုးစားနေပါတယ်။

ပြည်တွင်းက အန်အယ်လ်ဒီပါတီဝင်တွေကလည်း တရားရုံးရှိတဲ့နေ့တိုင်းမှာ အင်းစိန်ထောင်ရှေ့မှာ သွားရောက်ပြီး ဒေါ်စုကို အားပေးထောက်ခံကြောင်း ပြသခဲ့ပါတယ်။ စစ်အစိုးရကတော့ လုံထိန်း၊ ဒိုင်း၊ သေနတ်၊ စစ်သား၊ စွမ်းအားရှင် လူမိုက်တွေနဲ့ အင်အားပြပြီး ဘယ်လူထု လှုပ်ရှားမှုမျိုးမဆို ချေမှုန်းဖို့ အသင့်ရှိတယ် ဆိုတာပြနေပါတယ်။

ဘာဖြစ်ဖြစ်ဖြစ် ထောင်ချမယ် ဆိုတဲ့သဘောကို မြန်မာတနိုင်ငံလုံးနဲ့ ကမ္ဘာက ရိပ်စားမိထားပြီးသား ဖြစ်သော်လည်း ဒီလမ်းကို ဇွတ်မလျှောက်ဖို့ နားချသူချ၊ တည့်ပြောသူပြောနေတော့ နအဖက အဲဒီအရှိန်တွေကို လျော့ပါးသွားအောင် စီရင်ချက်ချမယ့် ရက်ကို ရွှေ့ဆိုင်းပြီး သက်သေအယူခံကို လက်ခံလိုက်ပါတယ်။

ဒါပေမယ့် ဒေါ်စုကို လွှတ်လိမ့်မယ်လို့တော့ မည်သူ တဦးတယောက်မျှ မမျှော်လင့်ထားကြပါဘူး။

ယခုလို ရက်ချိန်းတွေပေး၊ တိုင်းတရားရုံး၊ ဗဟိုတရားရုံးက သက်သေကိစ္စကို ကြားနာတာဟာ အချိန်ဆွဲလိုတာ တခုထဲကြောင့်လို့ ထင်မြင်ချက်ပေးနေကြပါတယ်။

မြန်မာ့လေကြောင်းနဲ့ လေယာဉ်စီးသူများ ဒုက္ခ

ပြည်တွင်း ခရီးတခုကို အစိုးရပိုင် မြန်မာ့လေကြောင်းနဲ့ သွားဖို့ရာမှာ လက်မှတ်ဝယ်ယူ ရရှိဖို့အတွက် ဒေသ အာဏာပိုင်တွေနဲ့ ရင်းနှီးမှ မဲနှိုက်လို့ ပေါက်မှ၊ အဲလိုမှ မဟုတ်ခဲ့ရင်တော့ မှောင်ခိုဈေးပေးပြီး ၀ယ်မှပဲ လေယာဉ်လက်မှတ် ရတာပါ။ အဲဒီလို လက်မှတ်တစောင်ကို ရဖို့ခက်ခက်ခဲခဲ ကြိုးစားရပြီးနောက်မှာ မိမိရဲ့ အသက်ကို သက်တမ်းရှည်ကြာလှပြီ ဖြစ်တဲ့လေယာဉ်အိုများနဲ့ စံချိန်စံညွှန်းမမှီတဲ့ လေယာဉ်ကွင်းများရဲ့ လက်ထဲအပ် ထားရပါတယ်။

ပြည်တွင်း ပြေးဆွဲနေတဲ့ တနာရီသာသာ ခရီးစဉ်တွေမှာ မတော်တဆဖြစ်မှုတွေကို မကြာခဏ ကြားသိရပါတယ်။ တော်ရုံတန်ရုံ အန္တရာယ်လိုမျိုးကို တွေးမကြောက်တတ်တဲ့ မြန်မာလူမျိုးတွေတောင်မှ မြန်မာ့လေကြောင်း စီးရမယ်ဆို စိုးရိမ်မှုပေါ်လာ လေ့ရှိတယ်လို့ ကြားသိနေရပါတယ်။

မြစ်ကြီးနား၊ ကော့သောင်း၊ မြိတ်၊ တာချီလိတ်၊ စစ်တွေတို့လို မြို့တွေမှာ နေထိုင်သူတွေဟာ မြန်မြန်ဆန်ဆန်နဲ့ ခရီးရောက်နိုင်တဲ့ လေယာဉ်ခရီးကို မလွှဲမရှောင်သာပဲ သုံးနေရပေမယ့် မြန်မာ့ လေကြောင်းရဲ့ အန္တရာယ်ကင်းရှင်းမှု ကိုတော့ စိတ်ချယုံကြည်ခြင်း မရှိကြပါဘူး။

နအဖ ခေါင်းဆောင်လုပ်သူတွေကတော့ ဟောင်းအို စိတ်မချရတဲ့ လေယာဉ်တွေကို ဘယ်တော့မှ စီးနင်းလေ့မရှိပဲ၊ ပြည်တွင်း ပြည်ပခရီးစဉ်တွေမှာ ပိုမိုသစ်လွင် စိတ်ချရတဲ့ အဲပုဂံရဲ့ လေယာဉ်ကို ငှားစီးလေ့ရှိတယ်လို့ ကြားသိရပါတယ်။

မြန်မာစစ်အစိုးရအတွက် မကြာမီ သီတင်းပတ်တွေ အတွင်း ဘုရားကပြို၊ လေယာဉ်က လမ်းချော်နဲ့ ကောင်းမွန်တဲ့ သတင်း၊ အတိတ်နိမိတ် တခုမှ မတွေ့ရပါဘူး။ အစိုးရရဲ့ သတင်းစာတွေမှာ နေ့စဉ် စာမျက်နှာ ၁မျက်နှာ သီးသန့်ပေးပြီး နိုင်ငံတကာက လေယာဉ်ပျက်၊ ရေကြီး၊ ကားမှောက်၊ ဗုံးကွဲဆိုတာမျိုးတွေ ဓါတ်ပုံနှင့်တကွ ပြသလေ့ရှိတာ ကမ္ဘာကြီးဟာ နေ့စဉ်ဒုက္ခဆင်းရဲနဲ့ ကြုံတွေ့နေရပြီး မြန်မာပြည်ကတော့ အေးဆေး တည်ငြိမ်နေတယ်ဆိုတဲ့ သဘောမျိုးကို ဆိုလိုချင်ပုံရပါတယ်။

ဒါပေမယ့် လူဦးရေ သန်း ၆၊ ၇ထောင် ကျော်ရှိတဲ့ ကမ္ဘာပေါ်မှာ သန်း၅၀မျှသာရှိတဲ့ မြန်မာပြည်က မတော်တဆဖြစ်တာတွေ သီတင်းပတ်မခြား ဖြစ်ပျက်နေတာ ဘာကြောင့်လဲ။ တိုင်းပြည်အုပ်ချုပ်သူတွေက မဟုတ်တာတွေ လုပ်နေလို့လား။ အဲဒီလိုမဟုတ်ရင်တော့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသီးသီးတာဝန်ရှိသူတွေက အလုပ်မလုပ်ကြလို့ပဲ ဆိုတဲ့ကောက်ချက်သာ ချရတော့မှာပါ။



မြန်မာ့ ဘောလုံး အနာဂတ်နဲ့ ပရိုလိဂ် ဘောလုံးပွဲများ

မေလလယ်က စတဲ့ မြန်မာနေရှင်နယ်လိဂ် သို့မဟုတ် ပရိုလိဂ်ံ ပထမတန်းဘောလုံး အသင်းပြိုင်ပွဲတွေ အကြောင်းကြားရတော့ နအဖရဲ့ အပါးတော်မြဲ စီးပွားရေး လုပ်ငန်းရှင်တွေ တကယ်ပဲ မြန်မာ့ ဘော်လုံးလောကကို တိုးတက်အောင် လုပ်ကြတော့မှာလားလို့ ထင်မှတ်မိပါတယ်။

သို့ပေမယ့် လုပ်ပုံလုပ်နည်းတွေ မြင်ရကြားရပြန်တော့ မြန်မာ့နည်းမြန်မာ့ဟန် ပါပဲလားလို့ နားလည် လိုက်မိပြန်ပါတယ်။ ပထမတန်း ဘောလုံး အသင်းထောင်တဲ့ ကုမ္ပဏီကြီး တခုက သူ့ဆီက ၀န်ထမ်းတွေကို ကုမ္ပဏီရဲ့ အသင်းပြိုင်ပွဲရှိတဲ့နေ့မှာ သွားရောက်အားပေးဖို့ ကျပ် ၂ထောင် လမ်းစရိတ်ပေးပြီး၊ အလုပ်ကနေ စောလွှတ်ပေးပါတယ်။ ဒါပေမယ့် အဲဒီပွဲကို သွားမကြည့်ပဲ အခြားကိစ္စရှိလို့ ခွင့်တောင်းတယ်ဆိုရင်တော့ အလုပ်ပါ ဖြုတ်မယ်ဆိုတဲ့နည်းနဲ့ ခြိမ်းခြောက် အားပေးခိုင်းပါတယ်။

ပြိုင်ပွဲတွေ စတင်ပြီး မကြာခင်မှာပဲ ကွင်းအတွင်းက ဘောလုံးသမားတွေကို ရေသန့်ဗူးနဲ့ ပစ်ပေါက်လို့ ဆိုပြီး အခုတော့ ဘောလုံးကွင်းထဲကို ဘယ်သူမှရေသန့်ဗူး ယူသွားခွင့်မရှိတော့ပါဘူး။ ဘောလုံးအဖွဲ့ချုပ်က လူကြီးတွေ၊ နအဖ ဗိုလ်ချုပ်တွေလာကြည့်တဲ့ ဗီအိုင်ပီ ပွဲကြည့်စဉ်မှာတော့ စားသောက်ဆိုင်တခုအလား စားစရာတွေကို မိနစ်ပိုင်းအလိုက် အမျိုးမျိုးလာချပြီး ဧည့်ခံပါတယ်။ မှာချင်တာမှာစား လို့ရအောင်လည်း မီနူးစာအုပ်ကြီးချထား တယ်လို့သိရပါတယ်။

ဘောလုံး အသင်းတသင်းအတွက် စပေါ်ငွေ သိန်း ၃ထောင်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို တင်ကြရပါတယ်။ ၈သင်းဖွဲ့ထားတော့ သိန်း ၂သောင်း၎ထောင် ရပါတယ်။ နိုင်ငံတော်ရဲ့ ပရောဂျက်တွေကိုလုပ် အခွင့်အရေး လုပ်ကွင်းလုပ်ကွက်ကို တဘက်မှာ လှည့်တောင်းနဲ့ ချီတက်နေကြတဲ့ နိုင်ငံတော် လုပ်ငန်းရှင်ကြီးများလည်း ဘောလုံးအသင်း ထောင်ဖို့ နအဖအစိုးရက စေခိုင်းတော့ ငွေတော့ကုန်ဦးမှာပဲ ဆိုတဲ့အသိနဲ့ အချို့သူတွေ ရင်လေးခဲ့ရတယ် လို့ဆိုပါတယ်။

စပေါ်ငွေသိန်း ၃ထောင် အပြင်၊ ဘောလုံး သမားတွေကို စာချုပ်ကြေး၊ လစာ၊ ပြိုင်ပွဲကြိုပို့စရိတ်၊ ၀န်ထမ်းတွေကို အားပေးဖို့ ကြိုပို့ခ၊ လမ်းစရိတ်စတာတွေနဲ့ တော်တော်လေးကို အိတ်ထဲက ထိနေကြပါပြီ။

အချို့သူဌေးတွေကတော့ ဒေါ်လာ ၁သန်းထိ အသင်းအတွက် အကုန်ခံမယ်လို့ ပြောဆိုတာတွေလည်း ကြားရပါတယ်။ အချို့ နိုင်ငံတော် လုပ်ငန်းရှင်တွေကတော့ ပြိုင်ပွဲမှာ နိုင်နိုင်မနိုင်နိုင် အရေးမကြီး ကုန်ကျစရိတ် သက်သာဖို့က အဓိကလို့ သဘောထားကြတယ် လို့ဆိုပါတယ်။

ဘောလုံးပွဲကို နအဖက ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲ ဆိုတဲ့အချက်ကိုလည်း အမျိုးမျိုး ထင်ကြေးပေး နေကြတာ ကြားရပါတယ်။ နအဖရဲ့ လက်ဝေခံ နိုင်ငံရေး ပါတီတွေကို လူထု ထောက်ခံဖို့ ဘောလုံးအသင်းများက တဆင့်စည်းရုံးမယ့် အကြံအစည်လားလို့ သုံးသပ်သူတွေလည်း ရှိသလို၊ လူတွေကို နိုင်ငံရေး စိတ်မ၀င်စားအောင် ဘောလုံးပွဲဘက် လှည့်ပေးတာလား လို့လည်းထင်မြင်ယူဆကြပါတယ်။



ခိုးကူး ခွေ သံသရာ နဲ့ လေးဖြူ

လေးဖြူရဲ့ ဗီစီဒီ ခွေတရားဝင်မထွက်ခင် သူ့ရဲ့ သီချင်းကို အခြားအရုပ်တွေနဲ့ ကပ်ပြီး အမ်တီဗီလို လုပ်ရောင်းတဲ့သူတွေ ပေါ်လာလို့ လေးဖြူစိတ်ဆိုးတယ်ဆိုတဲ့ သတင်းလည်း ဒီသီတင်းပတ်အတွင်း ထွက်ပေါ်လာပါတယ်။

မြန်မာ တေးဂီတလောကနဲ့ ခိုးကူးခွေကိစ္စဟာ ဖြေရှင်းလို့ မရတဲ့ ကိစ္စတခု အဖြစ် တေးဂီတာ လောကက လူတွေ နားလည်ထားလိုက်ကြပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေကို ကာကွယ်မယ်ဆိုတဲ့ ရဲတွေက ခိုးကူးခွေ ထုတ်လုပ်သူ၊ ဖြန့်ချိသူ ရောင်းချသူတွေကို ကာကွယ်ပေးထားလို့ပဲ ဖြစ်ပါတယ်။

နေ့စဉ်လိုလို ရဲတွေက ခိုးကူးခွေထုတ်လုပ်သူ၊ ဖြန့်ချိသူ၊ လမ်းဘေးရောင်းချသူတွေ ထံမှ ဆက်ကြေး ကောက်စားနေလို့ ပဲဖြစ်ပါတယ်။ ရဲတွေက တေးဂီတ ထုတ်လုပ်သူတွေထံမှ ငွေကြေးမှန်မှန်ရဖို့ မသေချာလို့ ခိုးကူးခွေနယ်ပယ်မှ ငွေကြေးမှန်မှန်ရယူပြီး အကာအကွယ် ပေးထားပါတော့တယ်။

မြန်မာ သီချင်းခွေတွေကို ကူးရောင်းသူသာမကပဲ တရုတ်ပြည်မှလာတဲ့ ရုပ်ရှင်ကား ကူးခွေရောင်းသူတွေပါ ရဲတွေကို ဆက်ကြေး အတူတူပေးရပါတယ်။

လမ်းဘေးမှာ ဗန်းတဗန်းနဲ့ ခွေ၂၀၀၊ ၃၀၀ ချရောင်းသူ တဦးဟာ ၇ ရက်တပတ်မှာ တိုင်းရဲ၊ ခရိုင်ရဲ၊ စခန်းရဲ၊ နယ်ထိန်းရဲ တွေအထိ အမျိုးအစား အမျိုးမျိုးခွဲပြီး ကျပ် ၅ထောင်ဝန်းကျင်ပေးရပါတယ်။ ရန်ကုန်မြို့လယ် မြို့နယ်တခုမှာ သူ့လိုဆိုင်ပေါင်း ရာဂဏန်းနဲ့ချီရှိတာ မို့လို့ ရဲတွေကို ပေးရတဲ့ငွေဟာ ဆိုင်တရာနဲ့ တွက်ရင်ပဲ ၅ သိန်းထက်မနည်း ပါဘူး။ ဒါ့အပြင် ရဲစခန်းက ပျက်လို့ ကားပြင်ဖို့၊ ရဲစခန်းက အချုပ်ခန်းပျက်နေတာ ပြင်ဖို့ စတဲ့ခေါင်းစဉ်တွေနဲ့ တဆိုင်ကို အနည်းဆုံး ၅၀၀၊ ၁၀၀၀ လာကောက်တာ လည်းမနည်းပါဘူး။

လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျောက်တံတား စခန်းက ရဲကားပျက်လို့ ပြင်တာ ၂ သိန်းကုန်သွားလို့ ဆိုပြီး အဲဒီငွေပြည့်အောင် ကျောက်တံတား မြို့နယ်က ကူးခွေရောင်းသူတွေ ထည့်ဝင်ကြရပါတယ်။ ရဲတွေရောသူတို့ရဲ့ လက်ဝေခံ သတင်းပေးသူတွေပါ လှည့်ပြီး ကောက်ခံပါတယ်။ ရဲတွေက လမ်းဘေး ခွေရောင်းသူ တွေကိုလည်း မြို့နယ်တွင်း ဖြစ်ပျက်နေတဲ့ သတင်းတွေ ပို့ပေးဖို့ စည်းရုံးလေ့ရှိပါတယ်။

နိုင်ငံရေး နဲ့ဆိုင်တဲ့ ခွေတွေ မရောင်းရင်ပြီးရော ၊ မြန်မာကူးခွေရောင်းရောင်း၊ နိုင်ငံခြားကူးခွေ၊ ညစ်ညမ်းခွေ ဘာရောင်းရောင်း အခုတော့ ဒီလောကဟာ ချဲထီလောင်းကစား ဒိုင်ပြီးရင် ရဲတွေကို ထောက်ပံ့နေတဲ့ လောက တခုဖြစ်သွားပါပြီ။

နေပြည်တော်ရေဒီယိုမှ မိုးလေဝသ သတင်းကို ပြည်သူများ မယုံကြည်
2009-06-11

မြန်မာစစ်အစိုးရရဲ့ နေပြည်တော်မြို့တော် အခြေစိုက် ပိတောက်မြေ အသံလွှင့်ဌာနက မိုးလေဝသသတင်း ထုတ်လွှင့်ပေးနေရာမှာ တိကျတဲ့ လေတိုက်နှုန်းနဲ့ မိုးသက်လေပြင်း ကျရောက်မှု အခြေအနေတွေကို ထင်သာမြင်သာ ရှိအောင် ကြေညာမပေးတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြစ်ဝက္ဆွန်းပေါ်ဒေသက ပြည်သူတွေ အထိတ်တလန့် ညမအိပ်နိုင် ဖြစ်ခဲ့ရပြီး တချို့လည်း လေဘေးလွတ်ရာဒေသကို ရှောင်တိမ်း နေခဲ့ရတယ်လို့ RFA က စုံစမ်းသိရပါတယ်။

(Photo: AFP)

နာဂစ် လေမုန်တိုင်း ကျပြီးနောက် ရန်ကုန် ဆိပ်ကမ်းတွင် နစ်မြုပ်နေသော လှေ၊ သင်္ဘောများကို မေလ ၄ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဇွန်လ ၇ရက်နေ့ကနေ ၉ရက်နေ့ကြား ဧရာဝတီတိုင်း မြစ်ဝက္ဆွန်းပေါ်ဒေသမှာ လေပြင်းတိုက်ခတ်မှု ဖြစ်ခဲ့ပါတယ်။ လေတိုက်နှုန်းဟာ စစ်အစိုးရရဲ့ ပိတောက်မြေ ရေဒီယိုက ကြေညာတဲ့နှုန်းထက် ပိုများနိုင်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ အဲဒီလို လေပြင်းတိုက်ခတ်ချိန်မှာ တရွာလုံး ညမအိပ်နိုင်ပဲ လေစဲသွားတဲ့အထိ စိုးရိမ်တကြီး ဖြစ်နေခဲ့ရတယ်လို့ လပွတ္တာမြို့နယ် ဘုန်းတော်ပြည့် ရွာခံတဦးက အခုလို ပြောပြပါတယ် ။

ရွာခံ။ ။ 'ဟိုဟာပေါ့၊ ၇၊ ၈၊ ၉ ပေါ့နော်၊ သုံးရက်လေ၊ နေပြည်တော်ကလေ၊ သူတို့က ကြေညာတာကတော့ ၃၅၊ ၄ဝ ကြေညာတယ်။ လေက တော်တော် ပြင်းပြင်းတိုက်တာကိုး။ တခါတခါ ကျရင် လေက တောက်လျှောက်တိုက်တယ်လေ။ လေက အော်အော်လာလို့ရှိရင်လေ၊ သွပ်တွေဘာတွေက ဗြောင်း ဗြောင်းနဲ့ မြည်တဲ့နေရာကမြည်၊ အပင်မှ မရှိတာကိုး။ က္ဆွန်မတို့ ကုန်းခေါင်ခေါင်ကလေ။ အပင်မရှိတော့ အဲလိုမျိုးပေါ့၊ လေအော်သံတို့ သွပ်သံပဲ ကြားရတယ်။ ကျန်တာ ဘာမှမဖြစ်ဖူး၊ လဲလည်းမလဲဘူး၊ ဘာမှလည်း။ က္ဆွန်မတို့ မအိပ်ဖူး၊ ညဖက်ဆို ကြောက်တာပေါ့။ ထထိုင်နေတာပေါ့။ အပေါ်တော့ ရေတော့ မရောက်နိုင်ဘူး၊ လေပဲကြောက်တယ်ပေါ့။ ရေကူးရတဲ့လူတွေ၊ လေကို ကြောက်ရတဲ့လူတွေ၊ လေကို မြင်ထားတဲ့လူတွေဆိုတော့ ညဖက်ဆို မီးတိုင်လေးတွေ ထွန်းပြီး ထိုင်နေကြတယ်တဲ့။ တရွာလုံးပဲ။'

ပင်လယ်ပြင်ကို နေ့စဉ်ထွက်နေတဲ့ တံငါသည်တဦးကလည်း နေပြည်တော် ရေဒီယိုက မိုးလေဝသသတင်း ကြေညာပေးပေမဲ့ နာဂစ်မုန်တိုင်းသင့်ပြီး နောက်ပိုင်း ဧရာဝတီတိုင်းက ပြည်သူတွေဟာ အလိုလို ကြောက်စိတ်ဝင်နေကြပြီး ၊ အစိုးရက ကြေညာပေးတဲ့ သတင်းကို မယုံရဲတော့ပဲ ဇွန်လ ၇-၈-၉ သုံးရက်စလုံး တောင်ပေါ်တနေရာမှာ သွားရောက် ခိုလှုံနေခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

တံငါသည်။ ။ 'နေပြည်တော်ကပဲ လွှင့်တာ၊ ပိတောက်မြေလား မသိဘူး။ အဲ သူက အစပိုင်းက ၃၅ ကြေညာတယ်။ နောက်ပိုင်းကျတော့ လေလေး နည်းနည်း ပြင်းလာတဲ့အခါကျတော့ ၄ဝ၊ ၄၅ ကြေညာတယ်ခင်ဗျ။ ပထမဦးဆုံးကတော့ ဟိုဥစ္စာပေါ့၊ လေကလေ အစပိုင်းကတော့ ဟုတ်ပါတယ်၊ အဲဒီလောက်ပဲ ရှိပါတယ်။ နောက်ပိုင်းကျတော့ ပိုပြီး ပြင်းလာတယ်ပေါ့လေ။ ပြင်းလာတဲ့အခါကျ သူက ထပ်ပြီး ကြေညာပါတယ်ခင်ဗျ။ ၄ဝ-၄၅ လောက် တိုက်မယ်ပေါ့လေ။ လေကတော့လည်း တခါတလေကျရင် ပြင်းသွားတာလည်း ရှိတယ်ပေါ့လေ။ တခါတခါကျ ဆောင့်တိုက်ပြီး ပြင်းသွားတာမျိုးတွေလည်း ရှိတာပေါ့။ အဲဒါမျိုးတွေ ပိုတဲ့အခါလည်း ရှိချင်ရှိမှာပေါ့ခင်ဗျ။ က္ဆွန်တော်တို့ စိတ်ထင် ပြောရရင် တအားပြင်းတဲ့အခါမျိုးကျရင် ဟိုဥစ္စာပေါ့လေ၊ အဲဒီနှုန်းထက် ပိုတာမျိုး ဖြစ်ရင်လည်း ဖြစ်နိုင်တယ်ခင်ဗျ။ က္ဆွန်တော်တို့ စိတ်ထဲမှာ စိုးရိမ်စိတ်ပေါ့လေ၊ ကြောက်နေတာပေါ့ခင်ဗျာ၊ ဘယ်လိုလဲဆိုတော့ နောက်တခါ ထပ်ပြီး ဖြစ်မှာကိုပေါ့လေ။ က္ဆွန်တော်တို့ ရှောင်သင့်တဲ့ နေရာတွေကို သွားနေတာမျိုးပေါ့။'

အခု ရက်ပိုင်းတွေမှာတော့ ဧရာဝတီတိုင်းအတွင်း မိုးရွာကြီးနေပြီး ဒေသခံတွေအနေနဲ့ ငါးဖမ်းတဲ့ လုပ်ငန်းအပါအဝင် အရောင်းအဝယ် ကိစ္စတွေမှာပါ ၊ အလုပ်အကိုင် မကောင်းကြဘူးလို့ သိရပါတယ်။

သွေးစွန်းသောနေ့ရက်များကို မမေ့ကြပါနဲ့ ဗီစီဒီခွေ ဖြန့်ဝေ
2009-06-11

မြန်မာနိုင်ငံသမိုင်းမှာ သွေးစွန်းခဲ့ရတဲ့နေ့ရက်တွေ၊ သွေးစွန်းခဲ့ရတဲ့သမိုင်းတွေကို ပြည်သူတွေ မမေ့ပျောက်အောင်ဆိုပြီး စစ်အာဏာရှင် တိုက်ဖျက်ရေးတပ်ဦးဆိုတဲ့ လူငယ်အဖွဲ့တဖွဲ့ကနေ ဒီကနေ့ ဇွန်လ ၁၁ရက် မနက်ပိုင်းမှာ ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ နဲ့ မရမ်းကုန်းစတဲ့ မြို့နယ်တွေမှာ သွေးစွန်းသောနေ့ရက်များကို မမေ့ကြပါနဲ့ ဗီစီဒီခွေတွေကို ဖြန့်ဝေခဲ့ပါတယ်။


ကိုစစ်နိုင်။ ။ 'ကျနော်တို့ ဒီသွေးစွန်းသော နေ့ရက်များဆိုတဲ့ အခွေတွေ ဝေပါတယ်၊ လူတွေ လက်ထဲအထိလည်း လိုက်ပို့ပေးတယ်၊ ကျနော်တို့ ကားပေါ်တွေမှာ ပေးတယ်၊ နောက် နေအိမ်တွေကို နေအိမ် ပတ်ဝန်းကျင်တွေကို သူ့နီးစပ်ရာ နီးစပ်ရာလူတွေကတဆင့် ပို့တယ်၊ အယ် တချို့ ဘုန်းကြီးကျောင်းတွေကို ကိုယ်တိုင်ပဲ ဝင်လျှောက်ပြီးတော့ ပေးတယ်ပေါ့နော်၊ သူတို့ကလည်း လိုလိုလားလား ယူကြတယ်၊ တချို့ဆိုရင် ထပ်ပြီးတော့ မှာကြတယ်ပေါ့နော်၊ သံဃာတွေဆို ကျောင်းတွေအထိ လိုက်ပို့ပေးတယ်၊ အခုပြန်ပြီးတော့ သူတို့ဆီက တုံ့ပြန်ချက်တွေက ဒီနေ့ဆိုရင် မရမ်းကုန်းမြို့နယ်ကနေပြီးတော့ အခွေ တရာ ထပ်မှာလာတာမျိုး ကျန်တဲ့မြို့နယ်တွေကလည်း အဲဒီလိုမျိုးတွေ အခွေ လှမ်းမှာလာတာမျိုးတွေ ရှိပါတယ်ခင်ဗျ၊ လောလောဆယ်တော့ အခွေ ကျနော်တို့ အားလုံးပေါင်း လေးရာကျော် ပြီပေါ၊့ ထပ်ပြီးတော့လည်း ထုတ်ဖို့ အစီအစဉ် ရှိတယ်ခင်ဗျ။'

အဲဒီ VCD အခွေတွေထဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွကျဆုံးသွားခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ပုံတွေ၊ ၆၂ခုနှစ် ကျောင်းသားသမဂ္ဂ ဖြိုခွဲခံခဲ့ရပုံတွေ၊ ကျောင်းသားခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေအပြင် ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းတွေနဲ့ ၈လေးလုံးမှာ ဖြစ်ပျက်ခဲ့တဲ့ လှုပ်ရှားမှု ရုပ်ရှင်မှတ်တမ်းတွေကို နောက်ခံ သီချင်း ၆ ပုဒ်နဲ့အတူ ၄၈ မိနစ်စာ ထည့်သွင်းဖော်ပြထားတယ်လို့လည်း သိရပါတယ်။

ဒီလိုလုပ်ရတဲ့ အကြောင်းကလည်း စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့အတွက် ရဟန်းရှင်လူပြည်သူတွေ ပူးပေါင်းပါဝင်လာအောင် တပ်လှန့်နိုးဆော်လိုက်တာ ဖြစ်တယ်လို့ ကိုစစ်နိုင်က အခုလို ပြောပါတယ်။

ကိုစစ်နိုင်။ ။ 'ဒီ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအားလုံးဟာ ဒီ စစ်အာဏာရှင်တစုရဲ့ ဆိုးကျိုးရဲ့ လက်အောက်မှာ စစ်က္ဆွန်ဘဝ ရောက်နေရတာတွေ တော်လှန် တိုက်ဖျက်နိုင်ဖို့အတွက် ကျနော်တို့ တပ်လှန့်တဲ့ သဘောပါ၊ ကျနော်တို့တွေ ဒီထက် ဒီထက် လုပ်ငန်းတွေ အလုပ်တွေ အများကြီး လုပ်သွားမယ်၊ လုပ်လာဖို့ အတွက် စတင်ပြီးတော့ အရှိန်ယူလိုက်တဲ့သဘောပါ၊ ပြည်သူကြားထဲကို စစ်အာဏာရှင် တိုက်ဖျက်ရေး တပ်ဦး ဖွဲ့ပြီးတော့ သူတို့တွေ ဒီအလုပ်တွေ လုပ်နေပြီး နောက်ထပ် နောက်ထပ်လည်း အလုပ်တွေ မြောက်မြားစွာ လုပ်လာမယ်ဆိုတာကို သိစေချင်တဲ့ သဘောပါ။'

စစ်အာဏာရှင်တိုက်ဖျက်ရေး တပ်ဦးအဖွဲ့က ကိုစစ်နိုင်ပြောသွားတာပါ။ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် အတွင်းမှာလည်း မနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါတဲ့ စာရွက်တွေကို လူစည်ကားတဲ့ နတ်စင်ကုန်းဈေး၊ ကော့မှူးဈေးနဲ့ ကားဂိတ်စတဲ့ နေရာ တော်တော်များများမှာ ဖြန့်ဝေသွားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကော့မှူးမြို့ခံ အမျိုးသမီးတဦးက ခုလိုရှင်းပြပါတယ်။

အမျိုးသမီး။ ။ 'ကော့မှူးမြို့မှာက လေးဆယ်လောက် ရှိတယ်၊ နတ်စင်ကုန်း မှာက လေးငါးခြောက်ဆယ်လောက်ရှိ တယ်၊ ပုံတော်တော်များများလေး ကြဲသွားတယ်၊ အကျဉ်းချထားတဲ့ပုံစံပေါ့နော် အချုပ်ခန်းထဲကနေပြီးတော့ ရှေ့မှာက သံတိုင်တွေနဲ့ အန်တီက အထဲထဲကနေပြီးတော့ အချုပ်ခန်းထဲကနေ လှမ်းကြည့်နေတဲ့ပုံစံပေါ့နော်၊ အဲ့ပုံစံနဲ့ အောက်က စာရေးထားတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ တတိုင်းပြည်လုံး လွတ်မြောက်ရေးဖြစ်တယ်လို့ အဲ့စာတမ်းလည်းပါတယ်၊ ဖြန့်တဲ့လူကိုတော့ မသိရဘူး။'

ဒီလိုပုံတွေ ဖြန့်ဝေကျဲချသွားတာနဲ့ ပတ်သက်ပြီး ဒေသခံ အာဏာပိုင်တွေက အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ကွမ်းခြံကုန်းမြို့နယ်အတွင်းက စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေနဲ့ လှေဆိပ်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို ဖြန့်ဝေသွားခဲ့တယ်လို့ သိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကချင်ကျောင်းသားများ လှုပ်ရှား

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၁၂ ရက်၊ ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်နှင့် အထက်တန်းကျောင်း အုတ်နံရံများတွင် ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွတ်ဟု မှုတ်ဆေးဖြင့်ရေးသည့် လှုပ်ရှားမှုတခုကို ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့က ပြုလုပ်ခဲ့သည်။

မှုတ်ဆေး အနီရောင်ဖြင့် မြစ်ကြီးနားတက္ကသိုလ် ပင်မအဆောင်အဦအနီးရှိ အုတ်ခုံနှင့် မန်ခိန် အထက်တန်း ကျောင်း ဝင်းအရှေ့ အုတ်နံရံပေါ်တွင် ရေးသားခဲ့သည်ဟု ကချင်ကျောင်းသား သမဂ္ဂမှ တာဝန်ရှိသူတဦးက ပြောသည်။

“တက္ကသိုလ်နဲ့ မန်ခိန် အထကရှေ့ နေရာနှစ်ခုမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ် ဆိုပြီး အဲ ဒီ အောက်က AKSU ဆိုပြီး အင်္ဂလိပ်လိုနာမည်ထိုးထားတယ်။ ကျန်တာ ဘာမှ မရေးဘူး။ အရွယ် အစားကတော့ နည်းနည်းတော့ ကြီးပါတယ်။ ရေးထားတာကို လမ်းဘေးကနေ လှမ်းမြင်နိုင်တယ်၊ တက္ကသိုလ်မှာက သုံးနေရာ လောက်ရေးပါတယ်၊ မန်ခိန်မှာက တနေရာပါ။ ” ဟု ကချင်ကျောင်းသား သမဂ္ဂမှ တာဝန်ရှိသူတဦးက ပြောသည်။

မေလ(၂ဝ)ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်ပေးပါ၊ ၂ဝ၁ဝ ရွေးကောက်ပွဲအလိုမရှိ ဟု အင်္ဂလိပ်နှင့် မြန်မာနှစ်ဘာသာဖြင့် အေဖိုးဆိုဒ်စာရွက်ပေါ်တွင် ရေးပြီး စာကပ်သည့် လှုပ်ရှားမှုကို အဆိုပါ ကချင် ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ နေအိမ်ကို ရေကူးဝင်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဝီလျံယက် တောကို လက်ခံထားရှိမှုဖြင့် အင်းစိန်တရားရုံးတွင် တရားစွဲဆိုခံရသည့် အချိန်၌ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ အင်အားစုများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲများနှင့် အခြားလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင် လျှက် ရှိသည်။


ဝက်တုပ်ကွေး ရောဂါကို ၂၁ ရာစု၏ ပထမ ဦးဆုံးကပ်ရောဂါအဖြစ် WHO ကြေညာ
June 12, 2009 •

၁၂ ဇွန် ဘန်ကောက်၊ ၊Freedom News Group
Swine flu is a pandemic, WHO says
ဝက်တုပ်ကွေးရောဂါကာကွယ်ရေး အတွက်လိုအပ်သော အသုံးအဆောင် ဆေးဝါးများ

ဝက်တုပ်ကွေးရောဂါကာကွယ်ရေး အတွက်လိုအပ်သော အသုံးအဆောင် ဆေးဝါးများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က ၀က်တုပ်ကွေးကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေကို အဆင့် (၆) သို့ ယနေ့ တိုးမြှင့်သတ်မှတ်ကြောင်းကြေညာလိုက်ခြင်းဖြစ် ၂၁ ရာစု တွင် အဆိုးရွားဆုံးသော ကူးစက်စေတတ်သည့် ကပ်ရောဂါ တစ်မျိုးဖြစ်လာခဲ့သည်။

ဧပြီလ နှောင်းပိုင်းက မက္ကဆီကို တွင် စတင်ဖြစ်ပွားခဲ့သော ၀က်တုပ်ကွေး ဗိုင်းရပ်(စ)ပိုးမှာ နှစ်လပြည့်သေးခင် အချိန်အတွင်း နိုင်ငံပေါင်း ၇၄ နိုင်ငံ၌ လူပေါင်း ၂၉၀၀၀ ကို ကူးစက်ပြီးဖြစ်ကာ ၁၄၄ယောက် သေဆုံးဖြစ်ပြီးဖြစ်သည်။

လွန်ခဲ့သော ၄၁ နှစ် အတွင်း လူပေါင်းများစွာကိုကူးစက်စေတတ်သည့်အဆိုးရွားဆုံး
ကူးစက်ကပ်ရောဂါအဆင့် ကိုရောက်ရှိ သွားပြီဖြစ်ကြောင်း ဂျနီဗာတွင် ပြုလုပ်သော ၀က်တုပ်ကွေး ရောဂါ နှင့် ပတ်သက်၍ အသိပေးပွဲ တွင် WHO အကြီးအကဲ မာဂရက် ချန်းက ပြောသည်။

၁၉၆၈ ခုနှစ် က ဟောင်ကောင် တုပ်ကွေးရောဂါ ကြောင့် လူပေါင်း တစ်သန်း ကျော် သေကြေပျက်စီးခဲ့ရသည်။၁၉၁၈ ခုနှစ်က စပိန် တုပ်ကွေးကြောင့် လူသန်း ၅၀ ကျော်သေ ဆုံးခဲ့ရသည်။

လူမှ လူသို့ ကူးစက် စေတတ်သည့် အဆင့် သို့ ရောက်နေပြီ ဖြစ်သော ၀က်တုပ်ကွေးရောဂါ မှာ တတိယ ကမ္ဘာ နိုင်ငံများသို့ ရောက်ရှိပါက လိုအပ်သော ဆေးဝါးအခက်အခဲ ကြောင့် ပိုမိုဆိုးဝါး လာနိုင်သည် ဟု မာဂရက် ချန်းက ပြောသည်။

မြန်မာ နိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ တွင် ၀က်တုပ်ကွေးရော ဂါ ပိုး တွေ့ ရှိသူ သုံးဦးထိရှိလာပြီး ဒေသတွင်း နိုင်ငံများဖြစ်သော စင်္ကာပူ နှင့် မလေးရှား တို့ တွင် ထိုရောဂါပိုးရှိ သူ များတွေ့ရှိထားပြီ ဟု ဆိုသည်။

မြန်မာ စစ်အစိုးရ ကမူ နိုင်ငံတွင်း ၌ ၀က်တုပ်ကွေးရောဂါ ပိုး ကူးစက် ထားခြင်းခံရသူ မရှိသေး ဟုသတင်း ထုတ်ပြန်ထားသည်။





ဝီရ / ၁၂ ဇွန် ၂၀၀၉
line


ပြည်နယ်နှင့်တိုင်းအလိုက် မြို့ကြီးများတွင် ထုတ်လွှင့်ရန် နောက်ထပ် စီစဉ်နေသည့် စီးတီး FM ရေဒီယို လုပ်ပိုင်ခွင့်များအား စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးသမားများကိုသာ ရွေးချယ်ပေးအပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

FM ရေဒီယို လိုင်းသစ် လုပ်ပိုင်ခွင့်များအား စစ်အစိုးရနှင့်နီးစပ်သူများ ဖြစ်သည့် ဇေကမ္ဘာ၊ ရွှေတောင်၊ ရွှေသံလွင်နှင့် Forever ကုမ္ပဏီတို့ ရရှိခဲ့ကြသောကြောင့် မီဒီယာလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသော အခြားကုမ္ပဏီတို့က မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေးနယ်ပယ်မှ အထင်ကရ မန်နေဂျာတဦးက “အခု FM လုပ်ခွင့်ရသွားတဲ့ကုမ္ပဏီတွေက နအဖထိပ်ပိုင်းအရာရှိတွေနဲ့ နီးစပ်သူတွေ၊ ဆွေမျိုးတွေချည်းပဲ။ တချို့ကုမ္ပဏီတွေက နအဖနဲ့ အကျိုးတူပူးပေါင်း လုပ်နေကြလို့ သူတို့ကို ပေးတာတဲ့။ ပြီးတော့ တချို့ကုမ္ပဏီတွေဆို မီဒီယာလုပ်ငန်းနဲ့ အကျွမ်းတဝင် ရှိတာလည်း မဟုတ်ဘူး။ အခြားကုမ္ပဏီတွေက ဒါကို မကျေမချမ်း ဖြစ်နေကြတယ်။ ဒါပေမယ့် နအဖက သူတို့လူတွေကိုပဲ ဒီလိုပေးထားရင် သူတို့သုံးချင်သလို၊ ပုံစံသွင်းချင်သလို သွင်းလို့ရလို့ ရွေးပေးတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခု FM လုပ်ပိုင်ခွင့် ရရှိကြသည့်ကုမ္ပဏီများသည် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် နအဖစစ်အစိုးရနှင့် အကျိုးတူပူးပေါင်းသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည့် ကုမ္ပဏီများဖြစ်ကြောင်း အဆိုပါ မန်နေဂျာက ရှင်းပြသည်။

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၏ သမီးဖြစ်သူ ဇေဇင်လတ်သည် နအဖ ထိပ်ပိုင်းအရာရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ချွေးမတော်စပ်သူ ဖြစ်ပြီး ရွှေတောင်ကုမ္ပဏီသည် ငွေမည်းခဝါချမှုဖြင့် ၂၀၀၃ ခုနှစ်က အပိတ်ခံလိုက်ရသည့် အာရှဓနဘဏ် ပိုင်ရှင် ဦးအိုက်ထွန်း၏ ကုမ္ပဏီ ဖြစ်သည်။

မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံတို့က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားသည့်စာရင်းတွင် ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေ၊ ရွှေသံလွင် ကုမ္ပဏီ ပိုင်ရှင် ဦးကျော်ဝင်းတို့လည်း ပါဝင်ပြီး မြန်မာစစ်အစိုးရနှင့် ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် နအဖအရာရှိများ၏ ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနေသူများအဖြစ် သတ်မှတ်ခံရသူများ ဖြစ်သည်။

FM လိုင်းသစ်များကို ၂၀၀၉ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် အားလုံး စတင်အသံလွှင့်နိုင်ရန် စီစဉ်နေပြီး ပြည်နယ်နှင့် တိုင်းအလိုက် မြို့ကြီး (၂၀) ကျော်ကို (၄) ပိုင်းခွဲ၍ ထိုကုမ္ပဏီ (၄) ခုအား လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရုပ်ရှင်ထုတ်လုပ်ရေး မန်နေဂျာက ပြောသည်။

ပါဝင်သည့်မြို့များမှာ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ လွိုင်ကော်၊ စစ်ကိုင်း၊ မုံရွာ၊ မကွေး၊ မြစ်ကြီးနား၊ ဟားခါး၊ ပဲခူး၊ ပြည်၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ မြိတ်၊ ပုသိမ်၊ ကျောင်းကုန်း၊ စစ်တွေ၊ သံတွဲ၊ အမ်းမြို့တို့ဖြစ်သည်။

တိုင်းရင်းသားတို့နေထိုင်ရာ မြို့ရွာများတွင် ယခုကဲ့သို့ စီးတီး FM အသံလွှင့်သည့်အစီအစဉ်သည် နအဖ စစ်အစိုးရတို့ ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အသုံးပြုဖွယ် ရှိသည်ဟု ပြည်တွင်းပြည်ပမှ နိုင်ငံရေး လေ့လာအကဲခတ်သူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် စတင်အသံလွှင့်နေပြီး ဖြစ်သည့် ပဉ္စဝတီ စီးတီး FM တွင် စစ်အစိုးရပိုင် သတင်းစာ အာဘော်များနှင့် ဆောင်းပါးများကို အလေးပေး ထုတ်လွှင့်နေပြီး တိုင်းရင်းသားသီချင်းအချို့ကိုလည်း ထုတ်လွှင့်ပေးနေသည်။

မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှစ၍ ရန်ကုန် FM ကို စတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့သည့် မန္တလေး FM ကို ရန်ကုန်-မန္တလေး ကားလမ်းတလျှောက်တွင် နားဆင်နိုင်ပြီ ဖြစ်သည်။ ထိုစီးတီး FM နှစ်ခုကို မြို့တော်စည်ပင်သာယာရေး ကော်မတီက ပိုင်ဆိုင်သည်။




NEJ / ၁၂ ဇွန် ၂၀၀၉
line


A( H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ခ်ျအို) က ကြေညာလိုက်သည်။

A(H1N1) တုပ်ကွေးဖြစ်ပွားမှု အခြေအနေကို ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ရောဂါ အဆင့်အမြင့်ဆုံးဖြစ်သည့် အဆင့် (၆) သို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းသို့သတ်မှတ်ရခြင်းမှာ A(H1N1) ဗိုင်းရပ်သည် မြောက်အမေရိကတိုက်အတွင်း လူလူချင်းကူးစက်သည့်အဆင့် ဖြစ်ပွားခဲ့ရာမှ ယခုအခါ အခြားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့လာသောကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာတွင် ကျင်းပသည့် အရေးပေါ်ကော်မတီအစည်းဝေးအပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ မာဂရက်ချမ်းက A(H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဆင့်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်းက “၂၀၀၉ ခုနှစ် ကမ္ဘာ့ကပ်ရောဂါတုပ်ကွေး စတင်နေပါပြီ” ဟု ဂျနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ယခုအချိန်သည် ကပ်ရောဂါဖြစ်ပွားမှု အစောပိုင်းအချိန်ဖြစ်ပြီး ယင်းရောဂါပိုးပျံ့နှံ့မှုကို တားဆီးမရသေးကြောင်း ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပွားမှုများအရ ရောဂါကူးစက်ခံရသူအများစုသည် ပြင်းပြင်းထန်ထန် ခံစားရခြင်း မရှိသေးကြောင်း၊ ရောဂါအသည်းအသန်ဖြစ်ပွားသူ အရေအတွက် ရုတ်တရက်မြင့်တက်မှု မရှိနိုင်သေးကြောင်း ဒေါက်တာချမ်းက ပြောသည်။

A(H1N1) တုပ်ကွေးကို အသက် (၂၅) နှစ်အောက် လူငယ်များတွင် အဖြစ်များသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ A(H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်သည့်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ကြိုတင်ပြင်ဆင်မှုများလုပ်ထားရန် ယမန်နေ့ နယူးယောက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်သည်။

ယခုအခါ တုပ်ကွေးဗိုင်းရပ်ပိုးသစ်ပျံ့နှံ့မှုသည် အသေအပျောက်နှုန်းနည်းပြီး ဆိုးဝါးသည့်အခြေအနေသို့ မရောက်သေးသော်လည်း ရှေ့လာမည့်လများအတွင်း မည်သို့ဖြစ်လာမည်ကို မသိရှိသဖြင့် အလေးထား စောင့်ကြည့်ရန်လိုအပ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောသည်။

ဖွံ့ဖြိုးသည့်နိုင်ငံများတွင်သာ ယခုတုပ်ကွေးရောဂါလက္ခဏာများ အဖြစ်များခဲ့သော်လည်း မကြာမီအတွင်း ပြောင်းလဲမှု ဖြစ်နိုင်ပြီး သက်ရောက်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဆင်းရဲသည့်နိုင်ငံများသည် ကျန်းမာရေးစနစ် ညံ့ဖျင်းသဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြရန်လိုအပ်ကြောင်း ၎င်းက သတိပေးပြောကြားသည်။

ယခုအခါ ကမ္ဘာတ၀န်း နိုင်ငံပေါင်း (၇၄) နိုင်ငံတွင် A(H1N1) တုပ်ကွေး ဖြစ်ပွားသူ (၃) သောင်းနီးပါးရှိနေပြီး သေဆုံးသူ (၁၄၄) ဦးရှိသွားပြီဖြစ်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။




မင်းနိုင်သူ / ၁၂ ဇွန် ၂၀၀၉
line


ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်တရားခွင်ကို ဇွန် (၂၆) ရက်သို့ ပြောင်းရွှေ့ချိန်းဆို လိုက်သည်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်ပါတယ်။ ရုံးထုတ်ပေမယ့် စစ်မေးမှုတွေမလုပ်ဘဲ ဇွန် (၂၆) ရက်နေ့ကိုပဲ ပြောင်းရွှေ့ချိန်းဆိုလိုက်ပါတယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့တရားခွင်တွင် ရုံးထုတ်ခဲ့သည့် မစ္စတာယက်တောကိုလည်း ဇွန် (၂၆) ရက်သို့ ပြောင်းရွှေ့ရုံးချိန်းလိုက်သည်။ မစ္စတာယက်တောကို ဒေါ်အောင်ဆန်းစုကြည်တို့၏ ရုံးချိန်းများအတိုင်းသာ ဆင့်ခေါ်နေဦးမည်ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

အင်းစိန်အထူးတရားရုံး တရားခွင်ရုံးချိန်းပြောင်းရွှေ့သွားသကဲ့သို့ ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသည့် သက်သေခေါ်ဆိုခွင့် ပြင်ဆင်မှုရုံးချိန်းကိုလည်း ရက်အကန့်အသတ်မရှိ ပြောင်းရွှေ့ထားကြောင်း သိရသည်။

ဗဟိုတရားရုံးသို့ တင်ပြထားသော သက်သေခေါ်ဆိုခွင့်နှင့် ပတ်သက်၍ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “ကျနော်တို့ ရန်ကုန်တိုင်းတရားရုံးရဲ့ သက်သေပြင်ဆင်ခွင့် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိတဲ့အတွက် မနေ့က ဗဟိုတရားရုံးချုပ်ကို ထပ်တင်ပါတယ်။ အဲဒီမှာ လျှောက်လဲချက်ပေးဖို့ ဇွန် (၁၇) ရက်ကို ရက်ချိန်းပေးပါတယ်။ ဒါပေမယ့် ညနေပိုင်း (၅) နာရီလောက်မှာ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ထပ်အကြောင်းကြားသွားပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်အတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။

အစိုးရဘက်မှ တရားလိုပြသက်သေ (၁၄) ဦးထွက်ဆိုစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့ရာ အင်းစိန်အထူးတရားရုံးက တဦးတည်းသောသက်သေ ရှေ့နေဦးကြည်ဝင်း (လပွတ္တာမြို့နယ်) ကိုသာ ထွက်ဆိုခွင့်ပြုခဲ့သည်။

ယင်းကဲ့သို့ သက်သေ (၁) ဦးသာ ထွက်ဆိုခွင့်ရခြင်းမှာ တရားမျှတမှုမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ က ရန်ကုန်တိုင်းတရားရုံးသို့ ထပ်မံတင်ပြရာ နောက်သက်သေအဖြစ် ရှေ့နေဒေါ်ခင်မိုးမိုးကို ရန်ကုန်တိုင်းတရားရုံးက ခွင့်ပြုပေးခဲ့ပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထပ်မံပယ်ချထားသည့်အတွက် ဗဟိုတရားရုံးသို့ အယူခံထားခြင်း ဖြစ်သည်။

အင်းစိန်ထောင်သို့ ပြောင်းရွှေ့တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်အား အာဏာပိုင်များက မေ (၂၆) ရက်၌ နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အင်းလျားလမ်းနေအိမ်ကို အာဏာပိုင်များက ထိန်းသိမ်းထားဆဲဖြစ်ရာ ယင်းကိစ္စအတွက် လိုအပ်သလိုဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည့်က ရှေ့နေများကို ညွှန်ကြားထားသဖြင့် ထိုကိစ္စကိုလည်း ဖြေရှင်းရဦးမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။




NEJ / ၁၂ ဇွန် ၂၀၀၉
line


မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်စခန်းများသို့ တိုးမြှင့်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူ အမြောက်အမြား ထွက်ပြေးတိမ်းရှောင်နေရသည်ကို အထူးစိုးရိမ်ပူပန်မိကြောင်း ဥရောပသမဂ္ဂ (အီးယူ)မှ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်သည်။

ကြေညာချက်ကို အီးယူ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ချက်သမ္မတနိုင်ငံက ယမန်နေ့၌ ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းကြေညာချက်တွင် အီးယူအဖွဲ့က သက်ဆိုင်ရာအာဏာပိုင်များနှင့် စစ်ဖက်ဆိုင်ရာအရာရှိများကို အမြန်ဆုံး အပစ်အခတ် ရပ်စဲရန် တောင်းဆိုလိုက်ပြီး ပြည်သူများအပေါ် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများနှင့်အညီ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

တိုင်းရင်းသားလူမျိုးစုများအပေါ် အာဏာပိုင်များက စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းကို ရှောင်ကျဉ်သင့်ပြီး ယင်းသို့ဖြေရှင်းခြင်းသည် ဒေသတွင်း မတည်ငြိမ်မှုနှင့် ရေရှည်စိတ်ဝမ်းကွဲပြားမှု၊ မုန်းတီးမှုတို့ကို ဖြစ်ပေါ်စေသည် ဟုလည်း အီးယူဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြထားသည်။




မင်းနိုင်သူ / ၁၂ ဇွန် ၂၀၀၉
line


ပြည်ပထွက်ခွာမည့် သံဃာတော်များအား သာသနာရေးဝန်ကြီးဌာနက ထောက်ခံချက်ထုတ်မပေး၍ သံဃာတော် များအနေဖြင့် ပြည်ပခရီးစဉ်များ ဖျက်သိမ်းနေကြရကြောင်း ရန်ကုန်သံဃာတော်တပါးက ခေတ်ပြိုင်သို့ မိန့်သည်။

“ဘယ်နေ့ကစပြီးတော့ ထောက်ခံချက် မပေးတာလဲဆိုတာ မပြောဘူး။ ဘာကြောင့်လဲလို့မေးတော့ အထက်အမိန့် အရပါလို့ပဲ ပြည်ပသာသနာရေး ဒု-ညွှန်မှူး ဦးအောင်သိန်းညွန့်က ပြောတယ်” ဟု သံဃာတော်က မိန့်ဆိုသည်။

သံဃာတော်များအနေဖြင့် နအဖစစ်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ပသို့ စာသင်ထွက်ခွာသည်ဖြစ်စေ၊ သာသနာပြုခရီး ကြွရောက်သည်ဖြစ်စေ၊ ဆေးကုသခံယူရန် ကြွရောက်သည်ဖြစ်စေ ပြည်ပသာသနာရေးဦးစီးဌာန၏ ထောက်ခံချက် ရယူရသည်။

သွားရောက်မည့်နိုင်ငံ၏ သံရုံးများက ယင်းထောက်ခံချက်ပါမှသာ သံဃာတော်များအား ဗီဇာထုတ်ပေးလေ့ရှိရာ ယခုရက်ပိုင်းအတွင်း ထောက်ခံချက် ထုတ်မပေးတော့သဖြင့် သံဃာတော်များ သံရုံးတွင် ဗီဇာရယူနိုင်ခြင်း မရှိကြောင်း သိရသည်။

ထိုကဲ့သို့ ထောက်ခံချက် ထုတ်မပေးရသည့်အကြောင်းကို ကမ္ဘာအေးရှိ ပြည်ပသာသနာရေးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ “ဆရာဦးအောင်သိန်းညွန့် မရှိပါဘူး။ ထောက်ခံချက်ထုတ်မပေးတာ ဟုတ်ပါတယ်။ ဘယ်နေ့ အထိ ဆိုင်းငံ့ထားမယ်ဆိုတာ မသိပါဘူး။ ဘာ့ကြောင့်ဆိုတာလည်း မသိပါဘူး။ အထက်က ညွှန်ကြားချက်အရပါ” ဟု ၀န်ထမ်းတဦးက ဖြေသည်။

ပြည်ပသာသနာရေးဦးစီးဌာနမှ ထောက်ခံချက်ရရန် သံဃာတော်များအနေဖြင့် ကျပ်ငွေ (၅,၀၀၀) နှင့် ကျပ် (၁၀,၀၀၀) အထိ ပေးကမ်းနေကြရသည်ဟုလည်း အထက်ပါသံဃာတော်က မိန့်ဆိုသည်။

ယခင်ရက်ပိုင်းများက ထောက်ခံချက်ရရှိထားကာ သံရုံးများမှ ဗီဇာကျထားပြီး ပြည်ပထွက်ခွာမည့် သံဃာတော် အချို့ကိုလည်း ရန်ကုန်လေဆိပ်ရှိ သတင်းတပ်ဖွဲ့၊ လ၀က၊ စရဖ စသည့် ပူးပေါင်းအဖွဲ့များက ထွက်ခွာခြင်းမပြုရန် တားမြစ်ခဲ့သဖြင့် ယမန်နေ့က သံဃာတော်အချို့ လေယာဉ်လက်မှတ်အဆုံးခံ၍ ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

သွယ်ဝိုက်သော သတ်ဖြတ်မှုဟု AAPP ပြော Print E-mail
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 12 2009 21:10 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသား ဆလိုင်းလှမိုး မြင်းခြံထောင်အတွင်း သေဆုံးရခြင်းသည် အာဏာပိုင်များ၏ သွယ်ဝိုက်သောနည်းဖြင့် သတ်ဖြတ်မှုကြောင့်ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP က ယနေ့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့က အသည်းရောင်အသည်းဝါဖြင့် သေဆုံးခဲ့ရသည့် ဆလိုင်းလှမိုး (၄၈ နှစ်) သည် ချင်းပြည်နယ် မတူပီမြို့နယ်မှ အန်အယ်ဒီ စည်းရုံးရေးမှူးဖြစ်ပြီး၊ အာဏာပိုင်များက ကျန်းမာရေးစောင့်ရှောက်မှု မပေးသဖြင့် သေဆုံးခဲ့ရသောကြောင့် သွယ်ဝိုက်သော လူသတ်ဖြတ်မှုဟု AAPP က စွပ်စွဲလိုက်ခြင်း ဖြစ်သည်။

“သူ့ကျန်းမာရေး အဖြေအနေ အတော်ဆိုးဝါးနေတယ်၊ အကြောင်းရင်းက ရေကောင်းရေသန့် မရဘူး၊ လိုအပ်တဲ့ အချိန်မှာ လိုအပ်သလို ကျန်းမာရေး စောင့်ရှောက်ခွင့် မရဘူး။ ဒါကြောင့်မို့ မသေဆုံးသင့်ဘဲ သေသွားရတာ ဖြစ်တယ်။ ဒါက စနစ်တကျ သတ်ဖြတ်ခြင်း ခံရတာ ဖြစ်ပါတယ်” ဟု AAPP တွဲဖက် အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်က မဇ္ဈိမကို ပြောသည်။

ချင်းအမျိုးသား ဆလိုင်းလှမိုး ကွယ်လွန်သည်ကို ထောင်အာဏာပိုင်များက မိသားစုထံ အကြောင်းမကြားဘဲ ဆွေမျိုးတဦးက ထောင်ဝင်စာတွေ့ရန် သွားရောက်ရာမှ အသည်းရောင် အသားဝါကြောင့် ဝမ်းဗိုက်တွင် ရေဖျဉ်း စွဲကပ်ခဲ့ပြီး အဆိုပါ ရောဂါဖြင့် ကွယ်လွန်သွားကြောင်း အာဏာပိုင်များက ပြောဆိုရာမှ သိကြရခြင်း ဖြစ်သည်။

“သူက လွန်ခဲ့တဲ့ ၂ နှစ် လောက်ကစပြီး ဒီရောဂါကို ခံစားရတာ။ အဓိကကတော့ ထောင်ထဲမှာ သောက်ရေ၊ သုံးရေ မသန့်လို့ပေါ့နော်။ ရောဂါဖြစ်လာတော့လည်း ဆေးကောင်းကောင်း ကုမပေးဘူး။ အပြင်ဆေးရုံမှာ ကုဖို့ကိုလည်း ခွင့်မပြုတဲ့အတွက် မသေသင့်ဘဲ သေရတာပါ” ဟု တမြို့နယ်ထဲ အတူနေသူ ချင်းအမျိုးသား ဆလောင်က မဇ္ဈိမကို ပြောသည်။

အသည်းရောင် အသားဝါသည် မသန့်ရှင်းသော သောက်သုံးရေနှင့် အစားအစာမှတဆင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပျံ့နှံ့တတ်သော်လည်း ကောင်းမွန်စွာ ဆေးကုသပါက ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။

ကိုဘိုကြည်က “မြန်မာပြည် အကျဉ်းထောင်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အတော်ကို ညံ့ဖျင်းပါတယ်။ အစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့ကို ကျန်းမာရေး စောင့်ရှောက်မှုတွေ မပေးဘဲ အကျဉ်းသားတွေကို ညှဉ်းသတ်နေတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

ဆလိုင်းလှမိုးသည် ၂ဝဝ၃ ခုနှစ် ဧပြီလအတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် မတူပီ ခရီးစဉ်တွင် လုံခြုံရေး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထိုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဆလိုင်းလှမိုး၊ မတူပီမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဆလိုင်းအောင်ထန်းနှင့် ကျောင်းသားခေါင်းဆောင် ဆလိုင်းပါထန်အား အာဏာပိုင်များက ဖမ်းဆီးကာ ထောင်ဒဏ် ၁၁ နှစ်စီ ပြစ်ဒဏ်ချခဲ့သည်။

ဆလိုင်းလှမိုးသည် ထောင်ဒဏ် ၇ နှစ်ကျခံရပြီးနောက် ကွယ်လွန်ခဲ့ရပြီး၊ ကွယ်လွန်ချိန်၌ ဇနီးနှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။ သူနှင့်အတူ ပြစ်ဒဏ်ကျခံခဲ့ရသူ ဆလိုင်းအောင်ထန်းနှင့် ဆလိုင်းပါထန်သည် မြင်းခြံထောင်တွင် ဆက်လက်၍ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။

မြန်မာပြည်တဝှမ်း အကျဉ်းထောင်များတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ အန်အယ်ဒီပါတီဝင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ရှိနေပြီး၊ လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရဘဲ ရောဂါဝေဒနာ ခံစားနေရသူ အများအပြားရှိနေကြောင်း AAPP ၏ အဆိုအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပန်းမှုတွင် ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့ ပါဝင်လာ Print E-mail
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 12 2009 18:05 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းနှင့် စပ်လျဉ်း၍ မြန်မာ စစ်အာဏာပိုင်များကို နောက်ထပ် ဖိအားပေးနိုင်ရေးအတွက် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အကူအညီများကို ရယူသွားမည်ဟု ကြာသပတေးနေ့က ပဲရစ်မြို့တွင် ပူးတွဲ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဂျာမဏီနှင့် ပြင်သစ်နိုင်ငံ အကြီးအကဲများ ဖြစ်ကြသော အင်ဂျလာမာကဲလ် (Angela Merkel) နှင့် နစ်ကိုလတ်စ် ဆာကိုဇီ (Nicholas Sarkozy) တို့က ပြောကြားသွားပါသည်။

သူမ၏ နေအိမ်အကျယ်ချုပ် စည်းကမ်းများကို ဖောက်ဖျက်သည်ဟု ဆိုကာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ဖွယ်သည့် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော ဆင်းရဲဒုက္ခများအတွက် သူနှင့် ဂျာမဏီနိုင်ငံ အဓိပတိ မာကဲလ် တို့သည် ´အလွန်အမင်း စိုးရိမ် ပူပန်ကြကြောင်း´ ပြင်သစ် သမတကြီး ဆာကိုဇီ က ကြေငြာခဲ့ပါသည်။

ဒီမိုကရေစီ ခေါင်းဆောင်ကို ဖုံးဆက်ရန် သူကြိုးစားခဲ့သေးကြောင်း ဆာကိုဇီက ထုတ်ဖော် ပြောကြားခဲ့သည်၊ သို့သော် သူ၏ မေတ္တာရပ်ခံချက်ကို စစ်အစိုးရက ငြင်းပယ်ခဲ့သည်ဟု ပြောပြီး မြန်မာစစ်အစိုးရ၏ သဘောထားမှာ ´အလွန်ထူးခြား´ သည်ဟုလည်း သူက ပြောသည်။

´ကျနော်တို့ရဲ့ အိန္ဒိယနဲ့ တရုတ် မိတ်ဆွေတွေဆီကလဲ အကူအညီ တောင်းသွားမှာပါ။ စိတ်မကောင်းစရာ ရှောင်လွှဲလို့ မရနိုင်တော့တဲ့ အပြစ်ပေးမှုများ မတိုင်မီ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်အတွက် ကျနော်တို့ရဲ့ စိုးရိမ် ပူပန်မှုတွေကို ထည့်သွင်း စဉ်းစားပေးဘို့ ခုလို အကူအညီ တောင်းသွားမှာ ဖြစ်ပါတယ်´ ဟု သမတကြီး ဆာကိုဇီက ပြောကြားသွားသည်။

လူ့အခွင့်အရေး ကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ဆံပုံ တိုးတက် ကောင်းမွန်လာရေး အတွက် ´ဒေသတွင်း မိမိတို့ လက်တွဲဖက်များ´၊ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယတို့၏ အကူအညီ ရရှိရေး အတွက် ဖိတ်ခေါ် ကမ်းလှမ်းသွားမည်ဟု မာကဲလ်ကလည်း ပြောသည်။

လွန်ခဲ့သော ရက်သတ္တပတ်က ကျင်းပခဲ့သော ဥရောပ ရွေးကောက်ပွဲများအပြီး မတည်ငြိမ်ဆဲ ဥရောပနိုင်ငံခြားရေး ပေါ်လစီ အုတ်မြစ်ကို ခိုင်မာ တောင့်တင်းစေရန် ကြိုးပန်းသည့် အနေနှင့်၎င်း၊ ဤပြဿနာအပေါ် မိမိတို့၏ ညီညွတ်မှုကို အတည်ပြု၍ တသံတည်း ထွက်စေရန်အတွက်၎င်း၊ ပဲရစ်-ဘာလင် ဝင်ရိုးတန်း နှစ်နိုင်ငံ ခေါင်းဆောင်များက ဤသို့ ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

သူမ၏ နေအိမ်ခြံဝင်းထဲသို့ လွန်ခဲ့သောလက နိုင်ငံခြားသားတဦး ဝင်ရောက်လာသည်ကို လက်ခံခဲ့၍ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး တရားစွဲဆိုထားကတဲက ယခုအကြိမ်သည်ပ ထမဆုံးအကြိမ် ပြင်သစ် သမတကြီးက တရားဝင် သူမနှင့် စပ်လျဉ်း၍ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီးနောက် ပြင်သစ်နိုင်ငံသည် ပြင်သစ်သမတကတော် ကာလာဘရူနီဆာကိုဇီ Carla Bruni Sarkozy မှတဆင့် သူမကို လွှတ်ပေးရေးအတွက် လူသိရှင်ကြား တောင်းဆိုခဲ့သည်။ အတိုက်အခံ ခေါင်းဆောင်၏ စိတ်မချရသော ကျန်းမာရေးကို ရည်ညွှန်းကာ သူမကို ထောင်ဒဏ် အပြစ်ပေးလျှင် ´အသက်အန္တရာယ် ခြိမ်းခြောက်ရာ ရောက်မည်´ ဟု သတိပေး ပြောကြားခဲ့သည်။

ရန်ကုန်တမြို့လုံး လျှပ်စစ်မီးလင်းရန် အလှမ်းဝေးဆဲ Print E-mail
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 12 2009 14:17 - မြန်မာစံတော်ချိန်


ရန်ကုန်။ ။ မြို့တော်ဟောင်း ရန်ကုန်တွင် လျှပ်စစ်မီး အချိန်ပြည့် ရရှိရမည့် ကာလသို့ ရောက်ရှိနေသော်လည်း နောက်လအထိ ရရှိဖွယ် မရှိသေးကြောင်း နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အရာထမ်းတဦး အပြောအရ သိရသည်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီး မောင်မောင်လတ်က ယခင်နှစ်များကကဲ့သို့ ရန်ကုန်တွင် ဇူလိုင်လအတွင်း ၂၄ နာရီပတ်လုံး လျှပ်စစ်မီး ပြန်ရမည်ဟု မကြာသေးခင်က သတင်းဂျာနယ်များကို ခေါ်ယူပြောဆိုခဲ့သော်လည်း အဆိုပါ ဝန်ကြီးဌာန အရာထမ်းက မဖြစ်နိုင်သေးကြောင်း ပြောဆိုခြင်း ဖြစ်သည်။

ပုံမှန် မိုးရွာသွန်းသော်လည်း ယခုနှစ်တွင် အပူချိန် လွန်စွာမြင့်မားခဲ့သဖြင့် ရေခမ်းခြောက်မှု များပြားသောကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်သည့် နေရာများတွင် သတ်မှတ်ထားသည့် ရေပမာဏ ပြည့်မီရန် အချိန်ယူရဦးမည်ဟု သူက ဆိုသည်။

ရန်ကုန်တွင် နှစ်စဉ် ဇူလိုင်မှ နိုဝင်ဘာအထိ လျှပ်စစ်မီး ပုံမှန်ရလေ့ရှိပြီး နိုဝင်ဘာနောက်ပိုင်းမှ မတ်လအထိ ပွင့်လင်းရာသီ၌ ရေအားလျှပ်စစ်ဌာနများသို့ ရေဝင်ရောက်မှု နည်းသွားခြင်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လွှတ်မှု ဖိအားများ ကျသွားခြင်းကြောင့် ဓာတ်အားထုတ်လုပ်မှုပမာဏ လျော့သွားသဖြင့် မြို့နယ်အလိုက် အလှည့်ကျ ဖြန့်ဖြူးပေးနိုင်သည်။

သို့သော် ယခုအခါ မိုးရွာသွန်းမှု ရှိသော်လည်း အလှည့်ကျ ဖြန့်ဖြူးမပေးနိုင်သည့်အပြင် ယခင်ကထက်ပင် လျှပ်စစ်မီးပြတ်တောက်မှု စံချိန်တင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

လတ်တလော လျှပ်စစ်မီးရရှိမှု အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက “ဒီနှစ် မီးပြတ်တာက တော်တော်ကို အခြေအနေ ဆိုးပါတယ်။ မတ်၊ ဧပြီ လောက်ကဆိုရင် တရက်ကို တနာရီ၊ နှစ်နာရီလောက်ပဲ ရတယ်။ အခုလည်း အလှည့်ကျ ပေးတာတောင် အချိန်မှန်မှန် မရဘူး။ နေ့ဘက်လာရမယ့် အလှည့်ဆိုရင်တော့ မှန်တတ်တယ်။ ညဘက်လာရမယ့် အလှည့်ဆိုရင် ပြတ်တာများတယ်“ ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန် အပါအဝင် နိုင်ငံတဝှမ်းတွင် လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် သုံးစွဲသော်လည်း စစ်အစိုးရ အခြေစိုက်ရာ ကြပ်ပြေးအရပ်တွင်မူ တနှစ်ပတ်လုံး အချိန်ပြည့် ရရှိလေ့ရှိသည်။
ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ တနိုင်ငံလုံး သုံးစွဲမှု ပမာဏ၏ ၆ဝ ရာခိုင်နှုန်းကျော် ရှိသည်။

ဒေါ်စုအမှု သက်သေ နှစ်ဦးအတွက် ရုံးချိန်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 11 2009 21:27 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေ ၂ ဦးအတွက် ဆက်လက်လျှောက်လဲချက်ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး နာရီပိုင်းအတွင်း ရက်အကန့်အသတ်မရှိ ရက်ရွှေ့လိုက်ပြန်သည်။

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် သက်သေ ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်တွင် ပြင်ဆင်ခွင့် လျှောက်ထားရာ ဗဟိုတရားရုံးက လျှောက်လဲချက်ပေးရန် ယနေ့ နေ့လယ်ပိုင်းက ယခုလ ၁၇ ရက်နေ့သို့ ချိန်းဆိုခဲ့သော်လည်း ညနေပိုင်းတွင် အကန့်အသတ်မရှိ ရက်ရွှေ့ကြောင်း အကြောင်းကြားခြင်း ဖြစ်သည်။

"ညနေ ၄ နာရီမှာ ဗဟိုတရားရုံးက ပြန်ပြင်တယ်။ ကျနော့်ရဲ့ ရှေ့နေရုံးခန်းကို လာပြီးတော့ ဗဟိုတရားရုံးချုပ် ရှေ့နေ လက်ထောက် ညွှန်ကြားရေးမှူးတဦးက ၁၇ ရက်နေ့ ရက်ချိန်းကို ပယ်ဖျက်တယ်၊ နောက်ထပ်ရက်ချိန်းကို နောက်ထပ် အကြောင်းကြားပါမယ်လို့ ကျနော့်ဆီကို ပြောတယ်။ ကျနော်တော့ မရှိဘူး၊ သူလာပြောတဲ့ အချိန်မှာ။ ကျနော်လည်း ဒီညမှပဲ သိရတယ်။ နောက်ဆက်တွဲက အဲဒါပါပဲ'' ဟု ဒေါ်စုအမှုတွင် အကျိုးဆောင်ပေးသည့် ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ခရိုင်တရားရုံးတွင် တရားခံပြ သက်သေ ၄ ဦး အမည်စာရင်း တင်သွင်းခဲ့ရာ တဦးတည်းသာ လက်ခံသဖြင့် တိုင်းရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦး ခွင့်ပြုခဲ့သော်လည်း ကျန်ရှိသည့် ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်သို့ ယနေ့နံနက်ပိုင်းက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အင်းစိန်ထောင်တွင်းမှ မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်စု၏ ရှေ့နေများက သက်သေ ၄ ဦးပါ အမည်စာရင်းကို စတင်၍ တင်သွင်းခဲ့သည်။

ယခုအချိန်အထိ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မို့မို့တို့ကို သက်သေအဖြစ် လက်ခံထားပြီး၊ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ကို တိုင်းတရားရုံး အဆင့်က ဆက်လက်၍ ငြင်းပယ်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲပြီးမှ စင်ကာပူ စီးပွားရေးသမားများ ရင်းနှီးမြှုပ်နှံမည်ဟု ဂိုဂျုတ်တောင်ပြော
Friday, 12 June 2009 20:07 ကိုထွေး
E-mail Print
စင်ကာပူနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသည် ၂၀၁၀ ရွေးကောက်ပွဲပြီးမှ မြန်မာနိုင်ငံတွင် ရင်းနှီးမှုများ ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်က ပြောကြားလိုက်သည်။

[ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင် (ဓာတ်ပုံ - အေပီ)]

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင် (ဓာတ်ပုံ - အေပီ)
မြန်မာပြည်သို့သွားရောက်လည်ပတ်ခဲ့သည့် ၄ ရက်ကြာ ခရီးစဉ်အပြီးတွင် မစ္စတာ ဂိုဂျုတ်တောင်က Channel News Asia ရုပ်သံ၌ အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

မစ္စတာ ဂိုဂျုတ်တောင်က “ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရလဒ် တစုံတရာ မပေါ်ပေါက်သရွေ့ စီးပွားရေးလုပ်ငန်းရှင် အများစုကတော့ ရင်းနှီးမြုပ်နှံမှု လာလုပ်လိမ့်မယ်လို့ ကျနော်မယုံကြည်ဘူး” ဟု ပြောသည်။

မစ္စတာဂိုဂျုတ်တောင်က ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိရန် လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း မဲဆွယ်ရန် ခွင့်ပြု သင့်ကြောင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းကို စိုးရိမ်မိသည်ဟု မြန်မာစစ်ခေါင်းဆောင်များကို ပြောခဲ့ကြောင်း ယင်းသတင်းဌာနက ထပ်လောင်းဖော်ပြသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ စင်ကာပူနိုင်ငံသည် ဆိုင်ကလုန်းနာဂစ်ဒဏ်ခံခဲ့ရသော မြန်မာပြည် ကို အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကူညီပေးခဲ့သည့် ပထမဦးဆုံးသောနိုင်ငံဖြစ်သကဲ့သို့ နောင်တွင်လည်းလူသား ချင်းစာနာသည့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ သန်း ကူညီပေးသွားရန်ကတိ ပေးထားကြောင်းသိရသည်။

စင်ကာပူနိုင်ငံသည် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံတနိုင်ငံဖြစ်ပြီး နှစ်စဉ် ၂ နိုင်ငံကုန်သွယ်မှုမှာ ဒေါ်လာ ၁ သန်း ကျော်ရှိသည်။


ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ် သွားမည်
Friday, 12 June 2009 19:28 သန်းထိုက်ဦး
E-mail Print
မြန်မာ စစ်အစိုးရ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ တရုတ်ပြည်ချစ်ကြည်ရေး ခရီးစဉ်သည် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ဖိအားပေးရန် အတွက် သွားရောက်ခြင်း ဖြစ်နိုင်သည်ဟု စစ်ရေး လေ့လာသူများက သုံးသပ်ကြသည်။

အဆိုပါ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဇနီး ဒေါ်မြမြစန်းတို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယ သမ္မတ မစ္စတာ ရှီကျင်းဖျင်း နှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

“ချစ်ကြည်ရေး သဘောမျိုးသွားတာထက်စာရင် အခု တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေနဲ့ ရင်ဆိုင်နေရတဲ့ပြဿနာ မှာ တရုတ်နိုင်ငံအနေနဲ့ အတတ်နိုင်ဆုံး ဒီအပစ်ခတ် ရပ်စဲရေးအဖွဲ့တွေကို စည်းရုံးနားချပေးဖို့ ဖိအားပေးဖို့ပြောဖို့ များတယ်”ဟု ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်( NDD )မှ စစ်ရေးလေ့လာသူ ဦးဌေးအောင်က ဧရာဝ တီသို့ ပြောသည်။

ဆက်လက်ပြီး“ဒါမှ လုပ်မပေးနိုင်ဘူးဆို ရင်တော့ သူတို့အနေနဲ့လည်း ဒီဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရလည်း အတိ အကျ ရေးဆွဲပြဌာန်းထားပြီးဖြစ်တဲ့ အတွက်ကြောင့် ဒီအဖွဲ့တွေကို သူတို့အခုလိုပဲ ခေါင်းမာနေမယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ကွပ်ကဲမှုကို ငြင်းဆန်နေမယ် ဆိုရင်တော့၊ သူတို့အနေနဲ့ တခြားရွေးစရာလမ်းမရှိဘူး၊ တိုက်ခိုက်ဖို့ပဲ ရှိတယ် ဆိုတဲ့ဟာမျိုးကို အသိပေးဖို့ သွားတာ”ဟုလည်း ၎င်း က ဆိုသည်။

တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ကျော်ဇောကလည်း“ နယ်စပ်မှာရှိတဲ့ အပစ်အခတ် ရပ်စဲ ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို တရုတ်အစိုးရကနေ ဖိအားပေးခိုင်းဖို့ သဘောရှိတယ်” ဟု ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို အသွင်ကူးပြောင်းရေးအတွက်စစ်အစိုးရ ကကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့များနှင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။

ထို့အပြင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရေးကို တိုင်းရင်းသားအဖွဲ့ အများအပြားက သဘော တူခြင်း မရှိသေးပေ။ သဘောမတူဟု သတင်းထွက်နေသော တပ်ဖွဲ့များအနက် အကြီးဆုံး တိုင်းရင်းသားတပ်ဖွဲ့ ဖြစ်သည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်လည်း ပါဝင်သည်။

“တရုတ်ကတော့ ဘာပဲဖြစ်ဖြစ် သူများနိုင်ငံကိုကြားဝင် မဆောင်ရွက်ဘူးဆိုပေမယ့် တိုးတိုးတိတ်တိတ်နဲ့ နှစ်ဘက် စလုံးနီးစပ်နိုင်တဲ့နည်းလမ်းတော့ သူတို့က ရှာပေးမှာပဲ”ဟု ဦးဌေးအောင်က ပြောသည်။

ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာ၌ ကျော်ရဲမင်း ရေးသားထားသည့် ဆောင်းပါးတွင်“ ၁၉၈၈ - ၉၀ တစ်ဝိုက် တုန်းက မြန်မာနိုင်ငံ၏ အရှေ့မြောက်နယ်စပ်ဒေသမှာ မိတ်ဆွေကောင်းပီသပြီး စိတ်ရင်းစေတနာမှန်နှင့် အိမ်နီး ချင်း တရုတ်နိုင်ငံက“အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြု”ဆိုသည့်မှုအတိုင်း(ဗကပ) ပြဿနာတွင် တိတိကျကျ လိုက်နာရပ်တည်ပေးခဲ့ကြောင်း၊ ထို့ကြောင့် လက်ကျန် ဗကပ တွေကို နိုင်ငံတော် က အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ရေးသားထားသည်။

မြန်မာ စစ်အစိုးရ အာဏာပိုင်းများက လွန်ခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင် ကူးပြောင်းရေးအတွက် အသွင်ကူးပြောင်းရေး မူဝါဒကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊ အသွင် ကူးပြောင်းရေးတိုင်းအဆင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းရန် ၎င်း နှင့် အပစ်ခတ်ရပ်စဲထားသော တိုင်းရင်း သား လက်နက်ကိုင်တပ်များကို စတင်ကြိုးပမ်းခဲ့သည်။

စစ်အစိုးရ ထိပ်ပိုင်းအဆင့်မြင့် အရာရှိများက အပစ်ခတ်ရပ်စဲထားသော ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအ၀င် ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) ၊ ကချင် ဒီမိုကရေစီသစ်တပ်မတော်(NDA-K) ၊ ကိုးကန့်တပ်ဖွဲ့ ၊ ရှမ်းပြည်တပ် မတော်(မြောက်ပိုင်း) (SSA-N) စသည် တို့ကို တွေ့ဆုံခဲ့သည်။

“ဝ” နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေးယူ ခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းထားခြင်းကြောင့် နိုင်ငံတကာက စစ်အစိုးရကို ဖိအားပေးနေ ကြချိန်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် တရုတ်နိုင်ငံသို့ မကြာခင်ရက်ပိုင်းက သွားရောက်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခရီးစဉ်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံလုံးက ထုတ်ဖော် ကြေညာခြင်း မရှိပေ။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း သွားခဲ့သည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိနိုင်ငံရေး ပြဿနာများ ၊ နယ်စပ် အပစ်ခတ်ရပ်စဲရေးအဖွဲ့ နှင့် ထိပ်တိုက် ရင်ဆိုင်နေရသည့် ပြဿနာများအတွက် မပြီးပြတ်၍ ဒုတိယ ဗိုလ် ချုပ်မှူးကြီး မောင်အေးက ယခုကဲ့သို့သွားရခြင်းဖြစ်ကြောင်း ဦးဌေးအောင်က ပြောသည်။

“သူရရွှေမန်းက တတိယ တာဝန်အရှိဆုံးပုဂ္ဂိုလ်ပဲ သူသွားတာနဲ့ ပြီးတယ်ဆိုရင် ဗိုလ်ချုပ်မှုးကြီး မောင်အေးက ဘာမှ ထပ်သွားစရာအကြောင်းမရှိဘူး၊ ဗိုလ်ချုပ်ကြီးမောင်အေးသွားတာက သူနဲ့တင် ဆုံဖြတ်မရတဲ့ အကြောင်း အရာမို့လို့ ထပ်ပြီးတော့ သွားတယ်လို့ထင်တယ်”ဟု သူက ဆိုသည်။

လက်နက်ကိုင်အဖွဲ့များ အသွင်ပြောင်းရေး အစီအစဉ်ကို လိုက်လံဆောင်ရွက်နေသူ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ရောက်ရှိခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် “ဝ”၊ ကိုးကန့် စသည့် တိုင်းရင်းသား တပ်ဖွဲ့ ဌာနချုပ်များသို့ သွားရောက်ခဲ့သော် လည်း အသွင်ပြောင်းရေး အစီအစဉ်နှင့် ပတ်သက်ပြီး ထိုအဖွဲ့များထံမှ သဘောတူညီချက်မရရှိခဲ့ကြောင်း သိရသည်။

ကရင်ဒေသ ထိုးစစ် ရပ်ရန် ဥရောပ သမဂ္ဂ တောင်းဆို
Friday, 12 June 2009 17:42 ဇာနည်ဝင်း
E-mail Print
ကရင်တိုင်းရင်းသား အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရ သဖြင့် ကရင်ပြည်နယ် အတွင်းရှိ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် ဥရောပ သမဂ္ဂ ဥက္ကဋ္ဌက ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။

[ထိုးစစ်ကြောင့် ထွက်ပြေးရသည့် ဒေသခံ ကရင်တိုင်းရင်းသားတချို့ (ဓာတ်ပုံ - KIC)]

ထိုးစစ်ကြောင့် ထွက်ပြေးရသည့် ဒေသခံ ကရင်တိုင်းရင်းသားတချို့ (ဓာတ်ပုံ - KIC)
အရပ်သားများကို နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ တို့နှင့် အညီ အကာအကွယ် ပေးရန်လည်း တိုက်တွန်းထားသည်။

ယခု လဆန်းပိုင်းမှ စတင်ပြီး မြန်မာ့ တပ်မတော်က ကရင် အမျိုးသား အစည်း အရုံး (KNU) ၏ တပ်စခန်းများကို အကြီးအကျယ် ထိုးစစ် ဆင်နေခြင်းကြောင့် ထောင်ပေါင်း များစွာသော ဒေသခံများ အိုးအိမ်စွန့် ထွက်ပြေးနေရသည်။

“ယေဘုယျအားဖြင့် အာဏာပိုင်တို့သည် တိုင်းရင်းသား လူနည်းစုများ အရေးကို စစ်ရေးအရ ဖြေရှင်းမှု မပြုသင့်ပါ၊ ထိုသို့ ဖြေရှင်းပါက မတည်ငြိမ်မှုများ ပေါ်ပေါက်ပြီး၊ ရေရှည်တွင် သွေးကွဲမှု၊ မုန်းတီးမှုများသာ ဖြစ်ပေါ်စေနိုင်သည်” ဟု ချက်သမ္မတနိုင်ငံ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။

ချက်သမ္မတနိုင်ငံသည် ဥရောပ သမဂ္ဂ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူထားသည့် နိုင်ငံ ဖြစ်သည်။ ကရင်ပြည်နယ် ထိုးစစ်များ ရပ်စဲရန် တောင်းဆိုသည့် ကြေညာချက်ကို အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပ သမဂ္ဂ ကိုယ်စား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခုလအတွင်း ပြုလုပ်သော ထိုးစစ်များကြောင့် ထွက်ပြေးရသူ အရပ်သားများအတွက် လွန်စွာ စိုးရိမ်မိကြောင်း၊ ထိုင်းနိုင်ငံတွင် ဒုက္ခသည် အများအပြား ရှိနေပြီး ဖြစ်ကြောင်း၊ ထပ်မံ ရောက်ရှိလာသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံက လက်ခံပြီး အကာအကွယ် ပေးထားခြင်းကိုလည်း အသိအမှတ် ပြုပါကြောင်း ကြေညာချက်က ဆိုသည်။

ထို့အပြင် စစ်ပြေး ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ နေရပ်သို့ ပြန်နိုင်ရေး၊ သက်ဆိုင်သူများ အားလုံး ပါဝင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စတင်နိုင်ရေးတို့ကို ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

ဥရောပ သမဂ္ဂ၏ ကြေညာချက်ကို KNU က ကြိုဆိုလိုက်သည်။

“ကျနော်တို့က အပြည့်အဝ ထောက်ခံပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အဲဒီလို စစ်အစိုးရကို ပြတ်ပြတ် သားသား ရှုတ်ချတာ မရှိဘူး” ဟု KNU ဒုတိယ ဥက္ကဌ ဒေးဗစ် သာကပေါက ပြောသည်။

ဥရောပ သမဂ္ဂက ထိုသို့ တိုက်တွန်းသော်လည်း ထိုးစစ်ဆင်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း ဒေးဗစ် သာကပေါက ပြောသည်။

ထိုးစစ် ရပ်ရေးကို မြန်မာ အာဏာပိုင်တို့က သဘောတူမည် မဟုတ်ဟု KIC သတင်းဌာန၏ အယ်ဒီတာ နန်းဖောဂေက သုံးသပ်လိုက်သည်။

“အပြောင်းအလဲ ရှိလာမယ် ဆိုရင်တော့ ကောင်းတာပေါ့။ တိုက်ပွဲတွေကြောင့် အဓိကအားဖြင့် ဒုက္ခ ရောက်နေရတာက ဒေသခံ ပြည်သူတွေပဲလေ။ တိုက်ပွဲတွေ ရပ်သွားရင်တော့ ဒေသခံတွေ နေရပ်ရင်း ပြန်ဖို့ အခြေအနေ တစုံတရာ လမ်းပွင့်သွားတာပေါ့” ဟု နန်းဖောဂေက ပြောသည်။

နိုင်ငံရေးသမား ၅ ဦး စစ်ခွေးတိုက် အပို့ခံရ
Friday, 12 June 2009 19:12 ဧရာဝတီ
E-mail Print
အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၅ ဦးသည် “စစ်ခွေးတိုက်” ဟု ခေါ်သည့် အလုံပိတ် တိုက်ခန်းများ အတွင်းတွင် တလကြာ ပိတ်လှောင် ခံထားရပြီး မိသားစုနှင့်လည်း အဆက် အသွယ် မရရှိကြကြောင်း အကျဉ်းသားများအရေး ဆောင်ရွက်နေသည့် အဖွဲ့တခုက ယနေ့ ပြောကြားလိုက်သည်။

“အာဏာပိုင်တို့က မည်သည့် အတွက်ကြောင့် ထိုသို့ တိုက်ပိတ် အပြစ်ပေးခြင်း ဖြစ်ကြောင်းကို မသိရှိရပါ” ဟု ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)၏ ယနေ့ ထုတ်ပြန်လိုက်သည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပိတ်ခံရသူများမှာ သံဃာတပါးဖြစ်သည့် ဦးစန္တိမာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစောနိုင်းနိုင်း၊ ဦးစိုးဟန်၊ ဦးအောင်နိုင်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ လွင်ကိုလတ် တို့ ဖြစ်သည်ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးစောနိုင်းနိုင်း သည် သွေးတိုးရောဂါ၊ ရှေ့နေ ဦးစိုးဟန်သည် မျက်စိဝေဒနာ ခံစား နေကြရသဖြင့် ဆေးဝါး ကုသမှု လိုအပ်နေသည်ဟု AAPP၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးသည် ၂၀၀၀ ပြည့်နှစ်က ဒေါ်အောင်ဆန်းစုကြည် နှင့် ခေါင်းဆောင်များ လွတ်မြောက်ရေးအတွက် ကြေညာချက်တစောင် ရေးသား ထုတ်ဝေမှုဖြင့် ထောင်ဒဏ် ၂၁ နှစ်စီ ကျခံနေရသူများ ဖြစ်သည်။

မိသားစုများက ၎င်းတို့ထံသို့ လိုအပ်သည့် ဆေးဝါးများ ဆက်သွယ်ပေးပို့ခွင့် ပိတ်ပင်ခံထားရသဖြင့် ၎င်းတို့၏ ကျန်းမာရေးအတွက် အလွန် စိုးရိမ်ရသည်ဟု AAPP၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြစ်ဒဏ် ကျနေတယ် ဆိုတဲ့အတွက် ဆေးဝါးကုသမှု ရမှာမဟုတ်ဘူး၊ မိသားစုနဲ့ တွေ့ခွင့် ရမှာ မဟုတ်ဘူး၊ ပြစ်ဒဏ်က တလ ကျော်သွားပြီ၊ ဆေးဝါး ပေးခွင့် မရတဲ့အတွက် မိသားစုကလည်း စိုးရိမ်နေတယ်” ဟု AAPP အသင်း၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးကို သွားရောက် စစ်ဆေးလေ့ ရှိသည့် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီကိုလည်း အာဏာပိုင်တို့က ၂၀၀၅ ခုနှစ်မှ စတင်ပြီး အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပိတ်ထားခဲ့သည်။

သီရိလင်္ကာနိုင်ငံကို စစ်အစိုးရက ဒေါ်လာ ၅၀၀၀၀ လှူ
Friday, 12 June 2009 18:35 ကိုထွေး
E-mail Print
လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင် ကြသူများအတွက် မြန်မာအစိုးရက သီရိလင်္ကာနိုင်ငံကို ဒေါ်လာ ၅၀၀၀၀ ပေးအပ် လှူဒါန်းခဲ့ကြောင်း အစိုးရပိုင် သတင်းစာ များတွင် ယနေ့ရေးသားထားသည်။

လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ်ယင်းအလှူငွေကို ပေးအပ်ခဲ့ကြောင်း သတင်းစာတွင် ဖော်ပြ ပါရှိသည်။ျ

မြန်မာနိုင်ငံတွင်လည်း သီရိလင်္ကာကဲ့သို့ပင် လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးနေရသူများ ရှိရာ စစ်အစိုး ရက သီရိလင်္ကာသို့ ထောက်ပံ့ လှူဒါန်းခြင်းသည် နိုင်ငံတကာအား လှည့်စားမှု တခုသာ ဖြစ်သည်ဟု စာနယ်ဇင်း သမားတဦးက သုံးသပ်လိုက်သည်။

“ကိုယ့်ဆီမှာလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးရ တိမ်းရှောင်နေရတဲ့သူတွေ သိန်းနဲ့ချီရှိတယ် ဒီလူတွေကို တော့ စစ်အစိုးရက လျစ်လျူရှု ထားတယ်၊ နေရပ်ရင်း ပြန်ဖို့အတွက်လည်း တာဝန်မယူဘူး” ဟု KIC သတင်းဌာန၏ အယ်ဒီတာ နန်းဖောဂေက ထောက်ပြသည်။

စစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံအတွင်းမှ သိန်းချီသော ဒုက္ခသည်များသည် ထိုင်း မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရပြီး လွှဲမှားသောစီမံခန့်ခွဲမှုနှင့် စီးပွားရေးချွတ်ခြုံကျမှုကြောင့် သန်းနှင့်ချီသော မြန်မာလူမျိုျးများသည် ပြည်ပနိုင်ငံများသို့် သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်းတွင် ပါဝင်သည့် နိုင်ငံတနိုင်ငံဖြစ်သည်။

သီရိလင်္ကာအစိုးရသည် နိုင်ငံမြောက်ပိုင်းနှင့်အရှေ့ပိုင်းရှိ တမီးလ်ကျား ခွဲထွက်ရေး သူပုန်များနှင့် ၁၉၈၃မှစတင် ကာပြည်တွင်း စစ်ဆင်နွှဲနေသည်မှာ ၂၆နှစ်ကြာခဲ့ပြီ ဖြစ်ပြီး ယခင်လက ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်ပြီ ဖြစ် ကြောင်း သမ္မတက ကြေညာနိုင်ခဲ့သည်။

သိရိလင်္ကာအစိုးရနှင့် ယင်းခွဲထွက်ရေးသူပုန်များကို လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲ ပြောဆိုမှုများ ရှိသည်။

ယင်းစစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်အရေအတွက်မှာ ၂၂၀ ၀၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားခြင်း စာနာမှုရေးရာ ညှိနှိုင်းမှုရုံးနှင့် ချိတ်ဆက်လုပ်ကိုင်နေသော (Integrated Regional Information Network-IRIN)၏ ထုတ်ပြန်ချက် အရသိရသည်။

သီရိလင်္ကာသမ္မတက မကြာမီအချိန်တွင် မြန်မာပြည်သို့ သွားရောက်မည်ဖြစ်ကြောင်း The Hindu သတင်း ဌာနက ယမန်နေ့တွင် ဖော်ပြထားသည်။

၁၉၈၈ ခုနှစ်က သီရိလင်္ကာသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁သန်း ရင်းနှီးမြှပ်နှံခဲ့သည်။

၂၀၀၆ နိုဝင်ဘာက သီရိလင်္ကာက လေကြောင်း၊ ရေကြောင်း တိုက်ရိုက် ဆက်သွယ်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးကို ပိုမိုတိုးမြှင့်ရန် ကမ်းလှမ်းချက်ကို မြန်မာဘက်က သဘောတူညီခဲ့သည်။

၂၀၀၉ခုနှစ် ဇွန် ၇ ရက်နေ့သည် မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်ပြီ ဖြစ်သည်။

မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် Bay of Bengal Initiative for Multi-Sector Technical and Cooperation (BIMSTEC) အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။

BIMSTEC အဖွဲ့ကို ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့က ၁၉၉၇ခုနှစ်၌် စတင်ထူထောင်ခဲ့ပြီး သြဂုတ်လတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်တနိုင်ငံဖြစ်လာသည်။

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း ၂၆ ရက်နေ့ ထပ်ရွှေ့

12 June 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုနေတဲ့အမှု ရုံးချိန်းကို ဇွန်လ ၂၆ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ ဒီကနေ့ အင်းစိန်ထောင်ဝန်းထဲက အထူးတရားရုံးမှာ မိနစ် ၂၀ လောက်ပဲ ကြာခဲ့တဲ့ ရုံးချိန်းအတွင်း အခုလို ရွှေ့ဆိုင်းလိုက်တာလို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက အကြောင်းစုံ သိရအောင် ဆက်သွယ် မေးမြန်းတဲ့အခါဦးဉာဏ်ဝင်း က အခုလို စပြီး ဖြေခဲ့ပါတယ်။

“ဒီနေ့ကတော့ ကျနော်တို့ အင်းစိန်တရားရုံးပေါ့၊ မူလတရားရုံးကို ကျနော်တို့ သွားပါတယ်။ ဒီနေ့ ၁၂ ရက်နေ့ကို ရုံးချိန်း ထပ် ရှိတာကိုး။ အဲတော့ ရုံးလည်း အားလုံးထွက်ပါတယ်။ ဒေါ်စုရော၊ မစ္စတာ ယက်တော တို့ ဒေါ်ခင်ဝင်း တို့ အားလုံး ထွက်ပါတယ်။ ရုံးချိန်းအနေနဲ့ကတော့ ၉ ရက်နေ့က တိုင်းတရားရုံးက ဒေါ်ခင်မိုးမိုး ကို သက်သေအဖြစ် စစ်ခွင့် ပေးထားတယ်။ ဒေါ်ခင်မိုးမိုး က တောင်ကြီးမှာနေတာ။ အဲဒါကြောင့် သူ့ကို စစ်ဖို့ ၂၆ ရက်နေ့ကို ရုံးချိန်းပေးလိုက်ပါတယ်။ ၂၆ ရက်နေ့ကျရင် ဒေါ်ခင်မိုးမိုးကို စစ်ရပါမယ်။”

၂၆ ရက်နေ့မှာ ဒေါ်ခင်မိုးမိုး ကို စစ်မယ်ဆိုတော့ ဒီကြားထဲမှာ သက်သေ ရုံးချိန်းလည်း ရှိတယ်၊ အဲဒါကို ပြန်ဖျက်တယ်လို့ ကျနော်တို့ ကြားထားပါတယ်။ အဲဒီအခြေအနေကရော ခင်ဗျာ။ -

“အဲဒီအခြေအနေက မနေ့က နေ့ခင်းမှာ ၁၇ ရက်နေ့လို့ ကျနော်တို့ဆီကို အကြောင်းကြားတယ်။ ပြီးတော့ ညနေ ၄ နာရီလောက်ကျတော့ အဲဒါကို ပြန်ဖျက်တယ်။ နောက်ထပ် ရုံးချိန်းပေးမယ်လို့ ပြောသွားတယ်။ ဒီနေ့ညနေကျတော့ အဲဒီ ၁၇ ရက်နေ့ကိုပဲ ပြန်ပြီးအတည်ဖြစ်သွားပြန်ပြီ။ ကျနော်တို့ ၁၇ ရက်နေ့မှာ လက်ခံရေး လျှောက်လဲချက် ပေးရမယ်။”

ဒီအပေါ် ဘယ်လို နားလည်ပါသလဲခင်ဗျ။ -

“ကျနော်တို့က ဒါမျိုး သိပ်မတွေ့ဖူးဘူးလေ။ တရားရုံးချုပ်ဆိုတာ တိတိကျကျပဲ လုပ်တာ။ ဒီတခါကျတော့မှ ရုံးချိန်းပေးလိုက်၊ ပြင်လိုက်။ နောက်တခါ ပြန်အတည်ဖြစ်ပေါ့ဗျာ။ ဒါကတော့ သူတို့ကိစ္စပဲလေ ကျနော်တော့ မသိဘူးဗျ။”

ဆိုတော့ ဒီ ၁၇ ရက်နေ့မှာ သက်သေကိစ္စ ရုံးချိန်း၊ ၂၆ ရက်နေ့မှာက နဂို ရုံးချိန်းပေါ့။ -

“ဟုတ်ပါတယ်။”

တကယ်လို့ ၁၇ ရက်နေ့မှာ သက်သေကိစ္စက မပျက်ခဲ့ဘူး ဆိုပါတော့။ အဲဒါဆိုရင် ဘယ်လိုဖြစ်မလဲ ဆရာ၊ ၁၇ ရက်နေ့က တရားရုံးချုပ်က နောက်ဆုံးအဆင့်ပဲလား ခင်ဗျာ။ -

“ဟုတ်ကဲ့။ ဒီကိစ္စတွေနဲ့ပတ်သက်ရင်တော့ နောက်ဆုံး အဆင့်ပဲ။”

တကယ်လို့ အဲဒီနေ့မှာ မပြတ်ခဲ့ဘူး။ နောက်တရက် ထပ် ချိန်းတယ်ဆိုရင် အခု ၂၆ ရက် ချိန်းထားတဲ့ဟာကရော ဘယ်လိုဖြစ်သွားမလဲ။ -

“၂၆ ရက်နေ့ကတော့ တိုင်းက ခွင့်ပြုထားတဲ့ဟာ ဒါကတော့ ဆက် စစ်မှာပေါ့။”

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရတဲ့အခါ ကျန်းမာရေး ဘယ်လိုများ မြင်ပါသလဲခင်ဗျာ။ -

“ကျနော်တို့အမြင်တော့ ကျန်းမာရေး ကောင်းပါတယ်။ ခါတိုင်းလိုပဲ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ပါပဲ။ ကျနော်တို့ ဒီနေ့ကတော့ သိပ်တော့ မကြာဘူးပေါ့ဗျာ။ ၁၅ မိနစ် မိနစ် ၂၀ လောက်တော့ စကားပြောခွင့် ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမှုကိစ္စက သာမန် ပြစ်မှုကိစ္စမဟုတ်ဘူး။ နိုင်ငံရေး ဆက်နွှယ်တဲ့ကိစ္စလို့ ပြောတယ် ဆိုပြီးတော့ ကျနော်တို့ သိရပါတယ်။ အဲဒီအပေါ်မှာ ဆရာ ဘယ်လို နားလည်ပါသလဲ။ -

“ကျနော် နားလည်တာထက်ကို ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားနဲ့ပြောရရင် စပြီးတော့ ထိန်းသိမ်းတဲ့ ဥပဒေပေါ့။ နိုင်ငံတော်အား နှောက်ယှက်ဖျက်စီးလိုသူ ဘေးအန္တရာယ်မှ ကာကွယ်ရေး ဆိုတဲ့ ဥပဒေ၊ ဒီဥပဒေ ကိုယ်တိုင်ကိုယ်က နိုင်ငံရေးကိစ္စပဲ၊ ထိန်းသိမ်းတာလည်း နိုင်ငံရေးကိစ္စ အထိန်းသိမ်းခံရတာ။ အခု တရားစွဲတော့လည်း ဒီဥပဒေပုဒ်မ နဲ့ပဲ စွဲတယ်။ ဆိုတော့ ဒါက နိုင်ငံရေးအမှုပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီလို ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေတဲ့အချိန်တုန်းက ရေဒီယို နားထောင်ခွင့် ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ အခုရော ရေဒီယိုတွေဘာတွေ နားထောင်ခွင့်ရပါသလား။ -

“အခု နားထောင်ခွင့် မရှိပါဘူး။”

သူ့ကို ထားတဲ့နေရာကို ပထမ သိထားတဲ့ အင်းစိန်ထောင်ဝန်းထဲမှာပဲလား။ အပြောင်းအလဲ ရှိပါသလား။ -

“အရင်နေရာမှာပဲလို့ ကျနော် သိရပါတယ်။”

စာတွေဘာတွေရော ဖတ်ခွင့်ရပါသလားခင်ဗျ။ -

“သတင်းစာတော့ မရဘူး။ ကျနော်တို့ အင်္ဂလိပ်စာအုပ်တွေ၊ ပြင်သစ် စာအုပ်တွေတော့ ထောင်ဝန်ထမ်းတွေကတဆင့် ပေးပါတယ်။ ဖတ်ခွင့်ရပါတယ်။”

နေအိမ်အကျယ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီပေါ့လေ။ ကြေညာပြီးထားသားပဲ။ နေအိမ်အကျယ်ချုပ် လွတ်သွားပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိန်းသိမ်းမှုအောက်ကို ပြန်ရောက်တယ်လို့ အဓိပ္ပါယ် သက်ရောက်မှာပေါ့ ဆရာ။ -

“ဟုတ်ကဲ့။ ရောက်ပါတယ်။”

အဲဒီတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နေအိမ်ကို မိတ်ဆွေတွေကသွားပြီးတော့ ရှင်းလင်းတာ လုပ်ဖို့ အခွင့်မရဘူးလို့ သိပါတယ်။ အဲဒီအခြေအနေကရော ခင်ဗျာ။ -

“အဲဒီအခြေအနေကတော့ အခု ကျနော် သိသလောက်ပေါ့။ မနက်ဖြန် ၀င်ခွင့်ရပြီလို့ ကျနော်တို့ သိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုထားတဲ့အမှု ရုံးချိန်း ရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ အမှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

ဂိုချုပ်ထောင် မြန်မာပြည်ခရီးစဉ် စင်ကာပူ အတိုက်အခံ ဝေဖန်

12 June 2009

မြန်မာစစ်အစိုးရက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးအရေးယူဖို့ ကြိုးစားနေတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတခုလုံးက မြန်မာစစ်အစိုးရကို ၀ိုင်းဝန်း ဝေဖန်နေချိန်မှာ စင်ကာပူ နိုင်ငံရဲ့ ၀ါရင့် ထိပ်တန်းဝန်ကြီးတဦးဖြစ်တဲ့ ဂိုချုပ်ထောင် ဟာ ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို လေးရက်ကြာခရီး သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်အဆုံး စင်ကာပူ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက အပြစ်ပေးအရေးယူဖို့ ကြိုးစားနေတာနဲ့ပတ်သက်လို့ စိတ်ပျက်မိတဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အခုလို ပြောဆိုမှုတွေနဲ့အတူ မြန်မာနိုင်ငံကို သူ သွားရောက်ခဲ့တာတွေ ပတ်သက်လို့ ဝေဖန် သုံးသပ်ချက်အမြင်တွေလည်း အမျိုးမျိုး ရှိနေပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။

သူ့ရဲ့ လေးရက်ကြာ ခရီးစဉ်အဆုံး စင်ကာပူသတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ မစ္စတာ ဂိုချုပ်ထောင်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်မှုတွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုခဲ့သလို အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး ဆက်ပြီး ဖမ်းဆီးထိန်းသိမ်းထားမယ်ဆိုရင် မြန်မာစစ်အစိုးရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို တရားဝင်မှုမရှိဘူးလို့ အများက ဝေဖန်ကြမှာဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ အခုလို ဝေဖန်ပြောဆိုမှုနဲ့ပတ်သက်လို့ အကောင်းမြင်သူတွေရှိသလို မယုံကြည်သူတွေလည်း ရှိပါတယ်။ စင်ကာပူ အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် ဒေါက်တာ ချီ စွန်း ဂျွမ် (Chee Soon Juan) ကတော့ - မစ္စတာ ဂိုချုပ်ထောင်ဟာ အများကြားကောင်းအောင် ဟန်ဆောင်ပန်ဆောင် လျှောက်ပြောနေတာ ဖြစ်တယ်၊ သူကိုယ်တိုင် ၀န်ကြီးချုပ်ဖြစ်စဉ် ကာလတုန်းကတောင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို စင်ကာပူနိုင်ငံမှာ အားပေးခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုတာ၊ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တောင်းဆိုတာတွေက သူတော်ကောင်းယောင်ဆောင်ပြီး လျှောက်ပြောနေတာပါ။ တကယ်တော့ ဂိုချုပ်ထောင် ကိုယ်တိုင်က သူ့နိုင်ငံထဲမှာ ဒီမိုကရေစီစနစ်ကို ဖိနှိပ်နေတဲ့ အစိုးရထဲက သူ တယောက်ပါ။ စင်ကာပူရွေးကောက်ပွဲတွေ ဆိုရင် အတုအယောင်တွေပါ။ သတင်းမီဒီယာတွေ အားလုံးကို အစိုးရက အလုံးစုံ ချုပ်ကိုင်ထားသလို ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို ၀န်ကြီးချုပ်ရုံးကပဲ ကိုင်တွယ်တာပါ။ ကိုယ်တိုင်က ဒီမိုကရေစီ နည်းကျမှု မရှိဘဲ မြန်မာနိုင်ငံကိုသွားပြီးတော့ မြန်မာစစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပါလို့ သွားပြောတာက သူတော်ကောင်းယောင်ဆောင်ပြီး လျှောက်ပြောနေတာမဟုတ်ရင် ဘာများဖြစ်ဦးမှာလဲဗျာ။ နောက်တချက်ကြည့်ရင်လည်း စင်ကာပူအစိုးရက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ရှိနေတဲ့နိုင်ငံတခုပါ။ တကယ်တမ်း မြန်မာစစ်အစိုးရကို ဝေဖန်ရှုတ်ချလိုတာ မှန်ရင်၊ ဒီမိုကရေစီကို အားပေးတာမှန်ရင် မြန်မာစစ်အစိုးရနဲ့ အခုရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ရပ်ပစ်ရမှာပေါ့။ တကယ်တမ်း မြန်မာစစ်အစိုးရကို သက်ဆိုးရှည်နေစေတာက ဒါတွေပဲလေ။”

စင်ကာပူ အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် ဒေါက်တာ ချီ စွန်း ဂျွမ် ပြောခဲ့တာပါ။

စင်ကာပူနိုင်ငံဟာ ထိုင်း နဲ့ ဗြိတိန်နိုင်ငံတို့ပြီးရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တတိယ အများဆုံးရှိတဲ့ နိုင်ငံ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး နိုင်ငံခြား ကုန်သွယ်မိတ်နိုင်ငံလည်း ဖြစ်ပါတယ်။

မစ္စတာ ဂိုချုပ်ထောင်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စင်ကာပူနိုင်ငံရဲ့ အကျိုးအတွက် ဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို အမှန်တကယ် လိုလားတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ အခုလို သုံးသပ်ပါတယ်။

“ဂိုချုပ်ထောင် အခု သွားတဲ့ခရီးစဉ်က ကျနော် ထင်တာကတော့ အာဆီယံအဖွဲ့ကို ကိုယ်စားပြုပြီး သွားတဲ့သဘောမျိုးလို့ ကျနော် ယူဆ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ အာဆီယံ အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ ဆူရင်း ပစ်ဆူဝမ် က ထိုင်းနိုင်ငံက ဒီမိုကရက် ပါတီ အဖွဲ့ဝင် ဖြစ်နေသလို တဖက်ကလည်း ထိုင်းနိုင်ငံနဲ့ အခု မြန်မာပြည်နဲ့ ကြားထဲမှာ သံတမန်ရေးအရ နည်းနည်းလေး ကတောက်ကဆ လေး ဖြစ်နေတာတွေ ရှိတဲ့အခါကျတော့ သူ့ကိုယ်စား စင်ကာပူက ၀ါရင့် ၀န်ကြီး အခု ဂိုချုပ်ထောင် သွားတယ်လို့ ကျနော် ယူဆပါတယ်။ ကျနော့်အမြင်ကတော့ စင်ကာပူနိုင်ငံက ပြောရမယ်ဆိုရင် တော်တော်ကို လက်တွေ့ကျကျ သုံးသပ်ပြီးတော့ လုပ်တတ်တဲ့နိုင်ငံမျိုးပါ။ သူ့ အကျိုးစီးပွားအတွက် အရင်ကလည်း မြန်မာပြည်က အစိုးရ အဆက်ဆက်နဲ့ ပေါင်းခဲ့တာရှိသလို တဖက်မှာလည်း သူက ဒီအစိုးရတွေကို စီးပွားရေးတံခါးဖွင့်ဖို့ အပါအ၀င် တခြား နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကိစ္စတွေကိုလည်း အကြံပေးခဲ့တာ အကြိမ်ကြိမ် ရှိပါတယ်။ အဲတော့ စင်ကာပူနိုင်ငံက နောက်တခုက သံတမန်ရေးနဲ့ ကမ္ဘာ့အခင်းအကျင်းမှာလည်း အတော့်ကို နှံ့စပ်ကျွမ်းကျင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဆိုတော့ အခု မြန်မာပြည်ကို သွားတဲ့ကိစ္စမှာလည်း ကျနော် ယူဆတာကတော့ တဖက်က အာဆီယံရဲ့ အကျိုးစီးပွား၊ သူတို့ရဲ့ အကျိုးစီးပွား ပါသလို တဖက်ကလည်း ကျနော် ထင်တာကတော့ စေတနာကောင်းနဲ့ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲဖို့အတွက် တိုက်တွန်းတာလို့တော့ ကျနော် ယူဆပါတယ်။”

မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်း ပြောခဲ့တာပါ။

အီရန်သမ္မတ ရွေးကောက်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်

12 June 2009

အီရန်ပြည်သူ အမြောက်အများ ဟာ သောကြာနေ့ က သမ္မတ ရွေးကောက်ပွဲ မှာ မဲသွားထည့်ခဲ့ကြပါတယ်။ သမရိုးကျ သမား လက်ရှိသမ္မတ မာမွတ် အမာဒီနီဂျက် (Mahmoud Ahmadinejad) နဲ့ ပြုပြင်ပြောင်းလဲရေး သမား ယခင် ၀န်ကြီးချုပ် မား ဟူစိန် မူဆာဗီ (Mir Hossein Mousavi) တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။

လူတွေ မဲလာထည့်ခဲ့ကြတာ က အရင် ကထက် မကြုံဘူးလောက်အောင် များပါတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကမ်ရန်း ဒါနက်စ်ဂျို (Kamran Daneshjou) က ပြောပါတယ်။ မဲရုံတွေ ကို အီရန် စံတော်ချိန် ည ၈ နာရီအထိ ဆက်ဖွင့်ထားမှာပါ လို့ သူ က ဆိုပါတယ်။ မဲပေးနိုင်ခွင့်ရှိသူ ၄၆ သန်း အနက် မဲလာပေးကြသူ စံချိန်တင်လိမ့်မယ်လို့ ကြိုတင် ခန့်မှန်းထားခဲ့ကြပါတယ်။

အီရန် ထိပ်တန်း ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ လည်း သောကြာနေ့ စောစောပိုင်း က မဲလာထည့်ပါတယ်။ သူလိုပဲ မဲထည့်ကြဖို့ သူ က လူထု ကို တိုက်တွန်းလိုက်ပါတယ်။ အီရန် လူထု ကို ငြိမ်ငြိမ်သက်သက် ရှိကြဖို့ သူ က ပြောလိုက်ပြီး၊ မဲရုံ မှာ တင်းမာမှု ဖြစ်ပွားအောင် ကြိုးစားသမျှ ကို ဖျက်ပစ်ကြဖို့ သူ က တောင်းဆိုလိုက်ပါတယ်။

သမ္မတ အမာဒီနီဂျက် လည်း သောကြာနေ့ က မဲထည့်ပါတယ်။ အီရန် နိုင်ငံ အတွက် တောက်ပြောင်၊ တိုးတက်မယ့် အနာဂတ် ဖြစ်ဖို့ သူ က ကတိပေးထားပါတယ်။

ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ ဘုန်းတော်ကြီး၊ မယ်ဒီ ကာရူဘီ (Mehdi Karroubi) နဲ့ ယခင် တော်လှန်ရေး အစောင့်တပ် မိုရှန်း ရီဇေအီ (Mohsen Rezaei) တို့လည်း ရွေးကောက်ပွဲ မှာ ၀င်ပြိုင်ကြပါတယ်။ အီရန် ရဲ့ စီးပွားရေး၊ နျူကလီးယာ အစီအစဉ် နဲ့ နိုင်ငံခြား ဆက်ဆံရေး စတဲ့ ပြဿနာတွေ ဟာ မဲပေးပွဲ မှာ အဓိက အခန်းကဏ္ဍ က ပါဝင်ကြပါတယ်။

ဘန်ကီမွန်း မြန်မာပြည်သွားဖို့ အခွင့်ကောင်းစောင့်

12 June 2009


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) က သူ
နောက်တကြိမ် မြန်မာပြည်ကိုသွားဖို့ လုပ်ဆောင်နေတဲ့အကြောင်း မနေ့က
နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ
ပြောလိုက်ပါတယ်။ ဘယ်တော့သွားမယ်ဆိုတာကိုတော့ သူက အတိအကျ မပြောပါ
ဘူး။ အကြောင်းစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

“အခြေအနေနဲ့ အချိန်အခါ ကိုက်ညီတဲ့အခါမှာ မြန်မာပြည်ကို ကျနော်သွားဖို့ အဆင်
သင့်ပဲဆိုတာကို ကျနော် အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ သွားဖို့ကိစ္စကိုလည်း လုပ်ဆောင်
နေပါတယ်။ ဘယ်တော့သွားမယ်ဆိုတာကို ကျနော် အသိပေးမှာပါ” လို့ ပြောသွားခဲ့
ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အပါ
အ၀င် မြန်မာပြည် ဒီမိုကရေစီရေးမြှင့်တင်ဖို့ ကိစ္စတွေဟာ ကျနော့်ရဲ့ ထိပ်တန်းဦးစား
ပေးကိစ္စတွေ ဖြစ်ခဲ့သလိုပဲ အခုလည်း ဆက်ပြီး ထိပ်တန်းဦးစားပေးအဖြစ် ရှိနေတုန်း
ပါပဲ။ ကျနော့်ရဲ့ အထူးအကြံပေး မစ္စတာဂမ်ဘာရီ (Mr. Gambari) ကနေတဆင့် မြန်မာ
အာဏာပိုင်တွေနဲ့ စေ့စပ်ဆွေးနွေးမှုတွေကိုလည်း ကျနော် အာရုံစိုက်ပြီး လုပ်ဆောင်
နေပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သတင်း
ထောက်တွေကို ရှင်းပြခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း မြန်မာပြည်ကို တိုက်ခတ်ပြီးတုန်းကလည်း ဒုက္ခသည်တွေရဲ့
အခြေအနေတွေကို ကြည့်ရှုအားပေးတဲ့အနေနဲ့ မစ္စတာဘန်ကီမွန်း မြန်မာပြည်ကို
ပထမဆုံးအကြိမ်အဖြစ် သွားခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း ဝေဖန်သုံးသပ်သူ တော်တော်
များများကတော့ သူ့ရဲ့ခရီးစဉ်ဟာ ထိရောက်မှုသိပ်မရှိခဲ့ဘူးလို့ ပြောကြပါတယ်။
အခုလည်း သူက နောက်တကြိမ် မြန်မာပြည်ကို ထပ်သွားဖို့အရေး အခွင့်အခါကောင်း
ကို စောင့်နေတယ်ဆိုတော့ ဘယ်လိုအခြေအနေနဲ့ အချိန်အခါတွေက သူ့အတွက်
အခွင့်အခါကောင်းလို့ ပြောချင်တာပါလဲ၊ သူ နောက်တကြိမ်သွားရင်ရော မြန်မာပြည်
အပြောင်းအလဲအတွက် ဘယ်လိုထူးခြားမှုတွေ ရှိလာနိုင်ပါသလဲ၊ ဒါတွေနဲ့ပတ်သက်လို့
ဦးကျော်ဇံသာအနေနဲ့ ဘယ်လိုများ သုံးသပ်ချက်ပေးချင်ပါသလဲ။

“အခြေအနေ အခွင့်အခါကောင်း ဆိုတာကတော့ သူသွားလိုက်လို့ ရလဒ်ကောင်း
ပေါ်ထွက်လာမယ်၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတခုခု ပေါ်ထွက်လာမယ်ဆိုတာ
ကျိန်းသေတယ်ဆိုရင်တော့ သူသွားမှာပါ။ အဲဒီလို ရလဒ်ကောင်း ပေါ်ထွက်လာနိုင်မယ့်
အလားအလာရှိမရှိကို သူ စောင့်ကြည့်နေဟန် တူပါတယ်။ အဆင်သင့်ပဲဖြစ်နေပြီ
ဆိုတာကတော့ ပြောခဲ့တာ ကြာပါပြီ။ ပထမတကြိမ်သွားလို့ ပြန်လာပြီးကတည်းက
သူမျှော်လင့်ထားတဲ့ အခြေအနေ အခွင့်အခါကောင်းက တခါမှ မပေါ်ပေါက်ခဲ့သေးဘူး
လို့ပဲ ဆိုရပါလိမ့်မယ်။

“အခြေအနေ အခွင့်အခါကောင်း မြန်မာပြည်ဘက်က ကြည့်မယ်ဆိုရင် ကောင်းဖို့
နေနေသာသာ ဆိုးသထက်သာ ဆိုးဆိုးလာတာ တွေ့ရပါလိမ့်မယ်။ အခု
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကနေ ထောင်ထဲကိုပြောင်းချုပ်ဖို့ စီစဉ်တာ
ပေါ့လေ၊ အခု တရားစွဲတယ်ဆိုတာ။ ဆိုတော့ အခြေအနေက ပိုဆိုးလာတယ်ထင်ပါ
တယ်။ မစ္စတာဘန်ကီမွန်း စောင့်မျှော်နေတဲ့ အခြေအနေ အခွင့်အခါကောင်းဟာ
ဝေးသထက် ဝေးနေတယ်လို့ပဲ ထင်ပါတယ်။”

ဒီလိုဝေးနေတယ်ဆိုလို့ရှိရင် မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ
ထွန်းကားစေချင်တယ်လို့ ပြောနေတဲ့ ကုလသမဂ္ဂနဲ့ မြန်မာပြည်ကြားက ဆက်ဆံရေး
ဟာလည်း အလားအလာကောင်းတွေ ဖြစ်လာနိုင်ဖို့ ခက်နေတယ်ဆိုတဲ့ သဘောလား
ခင်ဗျ။

“အဲဒီလိုပဲ ပြောရမှာပါ။ ကုလသမဂ္ဂဆိုတာ တကယ်တော့ တယောက်တည်းသဘောနဲ့
ဆုံးဖြတ်လို့မရဘူး။ အထူးသဖြင့် ကုလသမဂ္ဂမှာ အာဏာအရှိဆုံးဖြစ်တဲ့ လုံခြုံရေး
ကောင်စီထဲမှာ ဗမာအစိုးရကို အကြောင်းအမျိုးမျိုးနဲ့ မျက်နှာသာပေးချင်တဲ့နိုင်ငံတွေက
ရှိနေပါတယ်။ အရေးယူချင်တဲ့လူတွေက ဘယ်လိုပဲပြောပြော၊ ဗြိတိန်တို့ အမေရိကန်
တို့က ဘယ်လိုပဲပြောပြော တရုတ်တို့ ရုရှားတို့က ထော်လော်ကန့်လန့် လုပ်နေကြ
တယ်။ ဒီလိုပဲလျှော့ပြောလိုက်ပါ၊ ဒီလိုပြောရင် ရပါတယ်ဆိုတော့ သူတို့လေသံအတိုင်း
ပဲ ဖြစ်သွားတာပါပဲ။ ဆိုတော့ ကုလသမဂ္ဂရဲ့ အင်အားနဲ့ မြန်မာနိုင်ငံကို ပြုပြင်
ပြောင်းလဲဖို့ မျှော်လင့်ရင်တော့ မောရုံပဲရှိမယ်လို့ ဆိုရမှာပါ။”

ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး
အကျဉ်းသားတွေကို လွှတ်ပေးဖို့ Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေး
စောင့်ကြည့်လေ့လာမှုအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ကဲန်းနက်သ် ရော့သ် (Kenneth
Roth) ကနေပြီး မြန်မာစစ်အစိုးရအပေါ် တောင်းဆိုချက်တခုကို ဒီကနေ့ပဲ ဗွီဒီယိုဖိုင်နဲ့
ထုတ်ပြန်လိုက်တာ ရှိပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတို့အတွက် လွတ်လပ်မှုရဲ့ပြယုဂ်၊ ကမ္ဘာ
တလွှား လူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ မီးရှူးတန်ဆောင် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည်နဲ့အတူ လူရွှင်တော် ဇာဂနာ၊ လူ့အခွင့်အရေး လှုံ့ဆော်သူ စုစုနွေး၊ လွတ်လပ်မှု
ကြိုးပမ်းသူ သံဃာတော် ဦးဂမ္ဘီရတို့လို အခြား နိုင်ငံရေးသမားတွေ လွတ်မြောက်
ရေးအတွက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့ (Human Rights Watch)
အနေနဲ့ မြန်မာနိုင်ငံ စစ်ခေါင်းဆောင်တွေကို ဆက်လက် ဖိအားပေးသွားမှာ
ဖြစ်ပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့ဟာ 64 Words for Daw Aung San Suu
Kyi လို့ခေါ်တဲ့ ကွန်ပျူတာ အွန်လိုင်းလှုပ်ရှားမှုမှာ ၀င်ရောက်ပြောကြားခဲ့ကြတာ ဖြစ်ပါ
တယ်။ ဒီလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ဆိုးလှတဲ့ အင်းစိန်အကျဉ်း
ထောင်က လွှတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်
ဘရောင်း (Gordon Brown)၊ ဟောလီးဝုဒ်က ရုပ်ရှင်လောကသား အကျော်အမော်
တွေဖြစ်ကြတဲ့ ဂျော့ခ်ျ ကလူနီ (George Clooney)၊ ဂျူလီယာ ရောဘတ်စ် (Julia
Roberts)၊ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်း (David Beckham) တို့က
လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပါဝင်ပြောဆိုခဲ့ကြပြီး
ဖြစ်ပါတယ်။

ကရင်ဒုက္ခသည်အရေးနဲ့ ဒေါ်စုလွတ်မြောက်ရေး အီးယူ ကြေညာချက်ထုတ်

12 June 2009


မြန်မာစစ်တပ်နဲ့ မဟာမိတ်တပ်တွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)
အပေါ် ထိုးစစ်ဆင်မှုကြောင့် မြန်မာပြည် အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်မှာ ကရင်
ရွာသူရွာသား ထောင်ပေါင်းများစွာ အိုးအိမ်စွန့် ထွက်ပြေးလာခဲ့ရတဲ့အပေါ် စိုးရိမ်မကင်း
ဖြစ်ရကြောင်း၊ မြန်မာစစ်အစိုးရအနေနဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ EU ဥရောပ
သမဂ္ဂက မနေ့တုန်းက ကြေညာချက်တစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
တခါ ပြင်သစ်သမ္မတနဲ့ ဂျာမဏီဝန်ကြီးချုပ်တို့က ဒေါ်အောင်ဆန်းစုကြည် ရုံးတင်
စစ်ဆေးခံရတဲ့အတွက် အလွန်စိုးရိမ်မကင်းဖြစ်ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါ
တယ်။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရအနေနဲ့ သူတို့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို
ချက်ချင်းရုပ်သိမ်းဖို့၊ အရပ်သား ရွာသူရွာသားတွေကို နိုင်ငံတကာ လူသားချင်း စာနာ
ထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့အညီ ကာကွယ်ဖို့
တိုက်တွန်းလိုက်တာပါ။ ယေဘုယျအားဖြင့် အစိုးရတွေဟာ တိုင်းရင်းသားလူနည်းစု
ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ စစ်ရေးအရ ဖြေရှင်းတာတွေကို ရှောင်ကြဉ်ကြမှာ
ဖြစ်တယ်၊ စစ်ရေးအရ ဖြေရှင်းခြင်းအားဖြင့် မတည်ငြိမ်မှုတွေ၊ ရေရှည်မှာ သွေးကွဲမှု
တွေ၊ မုန်းတီးမှုတွေကို ဖန်တီးစေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေ သူတို့ဌာနေကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး၊ သက်ဆိုင်
သူတွေအားလုံး ပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို စတင်ဖို့ တိုက်တွန်းထား
ပါတယ်။ အခုလို ကရင်ပြည်နယ်မှာ စစ်အစိုးရထိုးစစ်ကြောင့် ရွာသား ထောင်ပေါင်း
များစွာ ထွက်ပြေးရတဲ့အပေါ်မှာ နိုင်ငံတကာ အသိုက်အ၀န်းထဲက ဥရောပသမဂ္ဂက
ပထဆုံးအကြိမ် တုံ့ပြန်ခဲ့တာကို ကြိုဆိုတယ်လို့ Burma Campaign UK က
နန့်ဇိုယာဖန်းက အခုလိုပြောပါတယ်။

“ကရင်ပြည်နယ်ရဲ့ ထိုးစစ်အခြေအနေပေါ်မှာ ဒီလိုမျိုး EU က ကြေညာချက်ထုတ်တာ
အခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ နအဖစစ်အစိုးရကို အပစ်အခတ်ရပ်စဲရေး အမြန်
ဆုံးလုပ်ပေးဖို့ သူတို့ တောင်းဆိုတာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ကျမတို့ဘက်
ကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ နအဖစစ်အစိုးရက သူတို့ လက်မခံဘူး၊
မလိုက်နာဘူးဆိုရင်တော့ EU က ဘာတွေလုပ်ပေးနိုင်မလဲဆိုရင် နအဖစစ်အစိုးရ
အပေါ်မှာ နိုင်ငံရေးဖိအားတွေ ထပ်ပေးလို့ရတယ်၊ ပြီးတော့ EU ကတဆင့် နိုင်ငံတကာ
ရဲ့ နအဖစစ်အစိုးရအပေါ်မှာ လက်နက်ရောင်းချရေး ပိတ်ပင်မှုကို သူတို့လုပ်ပေးနိုင်
ပါတယ်။

“အခု မြန်မာပြည် အရှေ့ပိုင်းဒေသမှာရှိတဲ့ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့
ရှမ်းပြည်နယ်အတွက် ကျမတို့ Eastern Burma Campaign ဆိုတာ တခုရှိပါတယ်။
အခြားနိုင်ငံတွေလည်း ဒီလိုမျိုးပဲ ထိုးစစ်တွေကို နိုင်ငံရေးခေါင်းဆောင် အစိုးရကနေ
တဆင့် သူတို့ ပြတ်ပြတ်သားသား နအဖစစ်အစိုးရကို တောင်းဆိုလာအောင်
ဆက်လက်လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။”

ပြင်သစ်သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) နဲ့ ဂျာမဏီဝန်ကြီးချုပ်
အိန်ဂျလာ မာကဲလ် (Angela Merkel) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး
ထားတာနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်မှာ ရုံးတင်စစ်ဆေး ခံနေရတာနဲ့ ပတ်သက်ပြီး
တရုတ်နဲ့ အိန္ဒိယတို့အနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ သူတို့က တိုက်တွန်းလိုက်ပါတယ်။
ပြင်သစ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင် ဖုန်းခေါ်ဖို့ ကြိုးစားပေမယ့်
မြန်မာစစ်အစိုးရက ခွင့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။ ဒီအပေါ်မှာလည်း နန့်ဇိုယာဖန်းက
အခုလို ကောက်ချက်ချပါတယ်။

“အရင်တုန်းကထက်စာရင် ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာပြည်အရေးကို ဒီလိုမျိုး
စူးစူးစိုက်စိုက် စိတ်ဝင်စားလာပြီး ပြောဆိုလာတာ သိပ်မရှိပါဘူး။ အဲဒါကြောင့် အခု
နအဖစစ်အစိုးရလုပ်နေတဲ့ မတရားမှုတွေကို ကမ္ဘာကသိနေတယ်ဆိုတာ ပေါ်နေပြီ။
ကမ္ဘာ့ခေါင်းဆောင်တွေက သူတို့တတ်နိုင်သလောက်၊ လုပ်နိုင်သလောက်တော့
အကုန်လုံး မလုပ်သေးပါဘူး။ အဲဒါကြောင့် ကျမတို့မှာ တာဝန်ရှိပါတယ်။ သူတို့
မြန်မာပြည်အရေးကို ဒီ့ထက် ထိရောက်စွာ ဖိအားပေးဖို့ ကျမတို့ လုပ်ဖို့သင့်ပါတယ်။”

Burma Campaign UK က နန့်ဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။


အာရှရထားလမ်း ဖောက်လုပ်ရေး ၂၈ နိုင်ငံ သဘောတူ

12 June 2009


အာရှနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတချို့ ပါဝင်တဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံကို ဆက်ထားတဲ့
အာရှမီးရထားလမ်းမကြီးကို ဆောက်ဖို့အတွက် သက်ဆိုင်ရာအစိုးရတွေက သဘောတူ
လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလမ်းမကြီးအားဖြင့် နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ
ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ကူးလူးဆက်ဆံမှုတွေကို တိုးမြှင့်လုပ်ဆောင်
ကြနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းကတော့ လွယ်လွယ်နဲ့ပြီးစီး
နိုင်မယ့် ကိစ္စတခုတော့ မဟုတ်ဘူးဆိုပြီး ဘန်ကောက်က ဗွီအိုအေသတင်းထောက်
ဒန်ရီယယ် ရှာ့ဖ် (Daniel Schearf) က သတင်းပေးပို့ထားပါတယ်။ အကြောင်းစုံကို
နော်ရှိုးက တင်ပြပေးထားပါတယ်။

Trans-Asian Railway Network လို့ခေါ်တဲ့ အာရှကိုဖြတ်တဲ့ မီးရထားလမ်းမကြီးကို
ဆောက်လုပ်ဖို့ အကြံဟာ ၁၉၆၀ ခုနှစ် နောက်ပိုင်းလောက်ကတည်းက ရှိခဲ့တာပါ။
ဒါပေမယ့် စစ်ပွဲတွေ၊ သဘောတရားရေးရာတွေမှာ အယူအဆ ကွဲပြားတာတွေကြောင့်
အကောင်အထည် မပေါ်ခဲ့ပါဘူး။ မနေ့တုန်းကတော့ သဘောတူညီမှုရယူဖို့ နောက်ဆုံး
ကျန်နေသေးတဲ့ အာရှ ၈ နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးလိုက်တာကြောင့်
ဒီစီမံကိန်းကို ဆောက်လုပ်ဖို့ သဘောတူညီချက်ဟာ မနေ့က စတင်သက်ဝင်ခဲ့တာပါ။
ဒီစီမံကိန်းကို ကုလသမဂ္ဂရဲ့ အာရှ-ပစိဖိတ် စီးပွားရေးနဲ့ လူမှုရေးကော်မရှင်က
ကမကထပြုခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးကြတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံဟာ မိမိတို့
နိုင်ငံက ရှိရင်းစွဲ မီးရထားလမ်းမကြီးတွေကို ဖြတ်ပြီးဆောက်မယ့် အာရှမီးရထားလမ်းမ
ကြီးအတွက် လိုအပ်တဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တာဝန်
ယူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီ ၂၈ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တာ
ဖြစ်ပါတယ်။ ကုလသမဂ္ဂ အာရှ-ပစိဖိတ် စီးပွားရေးနဲ့ လူမှုရေးကော်မရှင်ရဲ့ အဆင့်မြင့်
အတွင်းရေးမှူးဖြစ်သူ နိုလင်းန် ဟေဇာ (Noeleen Heyzer) က ဒီမီးရထားလမ်းမကြီး
ဟာ ဒေသတွင်း ကုန်သွယ်မှုအတွက် ကျောရိုးသဖွယ် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ
အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“ဒီစီမံကိန်းဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံကိုသာ တိုးတက်စေမှာ
မဟုတ်ဘဲ အာရှဒေသတွင်း ပိုပြီး ဟန်ချက်ညီညီ ရှိလာတာနဲ့အမျှ စီမံအုပ်ချုပ်မှုဆိုင်ရာ
အခြေခံအဆောက်အအုံတွေနဲ့ လူထုရဲ့ စွမ်းဆောင်နိုင်ရည်ကိုလည်း မြှင့်တင်စေမှာ
ဖြစ်ပါတယ်။”

ဒီမီးရထားလမ်းမကြီးကို အာရှမီးရထားလမ်း ကွန်ယက်လို့ ခေါ်ပေမယ့် အာရှတိုက်
အပြင် တူရကီကနေ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ စတဲ့နိုင်ငံတွေကိုပါ ဖြတ်သွားမှာဖြစ်ပြီး
ကုန်းတွင်းနိုင်ငံတချို့နဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာတွေအထိ ဖြတ်ဆောက်မှာဖြစ်ပါ
တယ်။

ဆက်လက်ပြီး မစ္စဟေဇာက အာရှဒေသတွင်းမှာ စီးပွားရေး ပြန်လည်တိုးတက် နာလံ
ထအောင် တနိုင်ငံနဲ့တနိုင်ငံ ကုန်သွယ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့
ကြိုးစားနေတဲ့အချိန်မှာ အခုလို အာရှမီးရထားလမ်းကြီး ဆောက်လုပ်ဖို့ သဘောတူညီမှု
ရှိသွားတာဟာ အတော်လေး အရေးပါတယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံပေါင်း ၂၈ နိုင်ငံက ရှိရင်းစွဲ မီးရထားလမ်းတွေအားလုံးကို ဆက်ပြီးဆောက်ဖို့
အတွက် မိုင် ၅,၁၀၀ လောက်ရှိတဲ့ မီးရထားလမ်းတွေ ဆောက်ဖို့လိုပါတယ်။ ဒီအတွက်
ဒေါ်လာ ၂၅ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းရပါတယ်။ ရှိရင်းစွဲ မီးရထားလမ်းတွေကို
ပြုပြင်မွမ်းမံဖို့အတွက်လည်း ဒေါ်လာသန်း ထောင်နဲ့ချီ ကုန်ဦးမယ်လို့ ဆိုပါတယ်။ အဲဒီ
စီမံကိန်းကြီးပြီးသွားရင် ဒီအာရှမီးရထားလမ်းမကြီးဟာ စုစုပေါင်း ကီလိုမီတာ
၁၁၄,၀၀၀ သို့မဟုတ် မိုင်ပေါင်း ၇၀၈၀၀ လောက် ရှိမှာဖြစ်ပြီး ကုန်သွယ်မှု သိပ်မစည်
ကားတဲ့ နေရာတွေအပြင် ပင်လယ်ကမ်းခြေတွေကိုလည်း ဆက်သွယ်ထားမှာ
ဖြစ်ပါတယ်။

ဒီမီးရထားလမ်းမကြီး လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့အတွက် နည်းပညာပိုင်း၊
ဥပဒေနဲ့ အကောက်ခွန်ဆိုင်ရာ ကိစ္စတွေကို တနိုင်ငံနဲ့တနိုင်ငံ ညှိနှိုင်းရမယ့်အပြင်
နိုင်ငံတွေအချင်းချင်းကြား နယ်စပ်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းကြရမှာဖြစ်တယ်၊
ဒီပြဿနာတွေကို နှစ်အနည်းငယ်အတွင်းမှာ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့
မစ္စဟေဇာက ပြောခဲ့ပါတယ်။


ရခိုင်ပြည်မှ ရေအားလျှပ်စစ် ဘင်္ဂလာသို့တင်ပို့ရန် မြန်မာ စစ်အစိုးရမှ လိုလား

6/12/2009

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင် မီဂါဝပ် ၅၀၀ ထုတ်လုပ် နိုင်မည့် ရေအား လျှပ်စစ်စက်ရုံ တစ်ခု တည်ဆောက်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ လျှပ်စစ်ဓါတ်အား တင်ပို့ရန် မြန်မာ စစ်အစိုးရဘက်မှ လိုလားလျက်ရှိ ကြောင်း ဘင်္ဂလာဒေ့ခ်ျ နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက ပြောသည်။

ဒီပူမိုနီက ယမန်နေ့တွင် ဒက္ကားမြို့၌ ကျင်းပသည့် ဘင်္ဂလာဒေ့ခ်ျ-မြန်မာ ဆက်ဆံရေး အကြောင်း ဆွေးနွေးပွဲတွင် မိန်ခွန်း ပြောကြားစဉ် ယခုကဲ့သို့ ထုတ်ဖေါ် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲသို့ ဘင်္ဂလာဒေ့ခ်ျဆိုင်ရာ မြန်မာသံအမတ် ဦးဖေသန်းဦးလည်း တက်ရောက်ခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျသို့ လျှပ်စစ်ဓါတ်အား တင်ပို့နိုင်ရန် အတွက် ရခိုင်ပြည်တွင် ရေအား လျှပ်စစ်စက်ရုံနှစ်ခု တည်ဆောက်ရန် ဒေသခံဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေတောင် ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီအား ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကို မြန်မာဘက်မှ ဘင်္ဂလာဒေ့ခ်ျသို့ များမကြာမီက အကြောင်း ကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောသည်။

ဘင်္ဂလာ နိုင်ငံခြားရေးဝန်ကြီးက များမကြာခင်က လည်ပတ်ခဲ့သည့် သူမ၏ မြန်မာခရီးအတွင်း ရွှေတောင် ကုမ္ပဏီ ဒါရိုက်တာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ထုတ်ဖေါ် ပြောကြားခဲ့သည်။

အဆိုပါ ရခိုင်ပြည်၌ တည်ဆောက်မည့် ရေအား လျှပ်စစ် စီမံကိန်းအား သွားရောက် စစ်ဆေးလေ့လာ ရန် ဘင်္ဂလာဒေ့ခ်ျ စွမ်းအင်နှင့် သဘာဝ သံယံဇာတ ၀န်ကြီးဌာနမှ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့သည် လာမည့် ဇူလိုင် လဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။

အဆိုပါဘင်္ဂလာကျွမ်းကျင်သူများအဖွဲ့မှာ ရခိုင်ပြည်နယ်၌ တည်ဆောက်နေသော ဘူးသီးတောင် မြို့နယ်မှ စိုင်းတင်ရေအားလျှပ်စီမံကိန်းသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်သည်ဟု သိရသည်။

ဒေသခံ ရခိုင်ပြည်သူများ၏ ပြောကြားချက်အရ နအဖ စစ်အစိုးရသည် ရခိုင်ဒေသအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြိုးပမ်း လုပ်ဆောင်နေသည်ဟုဆိုကာ ကာလအတန်ကြာ လျစ်လျူထားခဲ့သည့် ဘူးသီးတောင်မြို့၏ အရှေ့ဘက် မိုင်(၃၀) အကွာတွင်ရှိသော စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းအား ယခုနှစ်မှ စတင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

အဆိုပါ စီမံကိန်း၏ အနီးဝန်းကျင်တွင်ရှိသည့် ကျေးရွာ (၆)ခုအား ထောက်ပံ့ငွေတစ်စုံတရာ ကူညီ ပေးခြင်းမရှိဘဲ များမကြာမီက အတင်းအဓမ္မ ရွှေ့ပြောင်းပစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စိုင်းတင်ရေတံခွန်၌ တည်ဆောက်နေသည့် ရေအား လျှပ်စစ် ဓါတ်အားပေးစက်ရုံမှ မီကာဝပ် ၇၀ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ၂၀၁၂-ခုနှစ်မှစ၍ ရခိုင်ပြည်အတွင်း လျှပ်စစ် ထုတ်ဝေ ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်ကြောင်း နအဖ စစ်အစိုးရက ထုတ်ဖော် ပြောကြားလျက်ရှိသည်။

၁၇ နှစ်မြောက် နစကနေ့ အခမ်းအနား ပြည်သူများထံမှ ငွေကောက်၍ ကျင်းပ ပြုလုပ်

6/12/2009

မောင်တောမြို့ အခြေစိုက် နယ်စပ်ကွပ်ကဲမူ ဌာနချုပ် (နစက) တပ်ဖွဲ့၏ ၁၇ နှစ်မြောက်နေ့ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့က အဆိုပါ တပ်ဖွဲ့၏ ဌာနချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနား ကျင်းပရာတွင် ဒေသခံ စီးပွားရေးသမားများထံမှ ငွေကြေးများကို ကောက်ခံပြီး ကျင်းပပြုလုပ်ခဲ့သည်ဟု လုပ်ငန်းရှင်တဦးက ယခုကဲ့သို့ ပြောသည်။

“မနေ့က စီးပွားရေး သမားတွေ လုပ်ငန်းရှင်တွေကို နစက ဌာနချုပ်မှာ ပြုလုပ်တဲ့ ညစာစားပွဲကို ဖိတ်ပါတယ်။ ကျွန်တော်ကတော့ နစက ၁၇ နှစ် ပြည့်မြောက် အခမ်းအနားအတွက် ငွေ ၂သိန်း ထည့်ဝင်ခဲ့ပါတယ်။ တခြား စီးပွားရေးသမားတွေလည်း တသိန်း၊ နှစ်သိန်း၊ သုံးသိန်း စသဖြင့် ထည့်ဝင်ခဲ့ကြပါတယ်” ဟု ပြောသည်။

မောင်တော နစက တပ်ဖွဲ့ကို ၁၉၉၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး ယမန်နေ့က ၁၇ နှစ် ပြည့်မြောက်ခဲ့သည်။

၁၇ နှစ် ပြည့်မြောက်ခဲ့သော အခမ်းအနားကို ယမန်နေ့က နစက ဌာနချုပ်တွင် ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ပြီး အရာရှိကြီးများ၊ စီးပွားရေး သမားများနှင့် လုပ်ငန်းရှင်များကို ညစာစားပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

မောင်တောမြို့ရှိ နစက တပ်ဖွဲ့မှာ မြန်မာနိုင်ငံတွင် တခုတည်းသော နစက တပ်ဖွဲ့ဖြစ်ပြီး တခြား နယ်စပ် ဒေသများရှိ နစက တပ်ဖွဲ့များကို ဗိုလ်ချုပ်ခင်ညွန့် ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်အစိုးရမှ ဖျက်သိမ်း ပစ်ခဲ့သည်။

လက်ရှိ နစက ဌာနချုပ်မှူးမှာ ကာနယ် အောင်ကြီးဖြစ်ပြီး ယခင် နစကမှ ဖြုတ်ထုတ်ခံရပြီး ထောင် ၆၄ နှစ်ချမှတ်ခံရသူ ဒုဗိုလ်မှူးကြီး အောင်ငွေကဲ့သို့ လာဒ်ပေးလာဒ်ယူမူကို ပြုလုပ်သူတဦးဖြစ်သည်ဟု မောင်တောမြို့ခံတဦးက ပြောသည်။

ငွေမပေးနိုင်၍ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ
Thu 11 Jun 2009, မင်းအာသံ
ယနေ့အချိန်အထိ တပ်ရင်း-၃ ကျေးရွာပြည်သူများက ရွာအပြင်မထွက်ရဲသည့်အပြင် တောင်ပေါ်တွင် ဟင်းသီဟင်းရွက်၊ စပါး၊ ရာဘာနှင့် မျှစ် စသည့်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော ရွာသားတချို့သည် အလုပ်လက်မဲ့ဖြစ်နေသောကြောင့် ရွာထဲတွင်သာ ရှာစားနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခုလိုဖြစ်နေတော့ ကျနော်တို့လို တစ်ရက်လုပ် တစ်ရက်စားနေတဲ့လူတွေကို သူတို့က တစ်အိမ်ကို ဘတ် (၂၀၀၀) တောင်းတော့ ဘယ်လိုပေးနိုင်မှာလဲ၊ ခါတိုင်းဆို ကျနော်တို့က တောင်ပေါ်မှာ မျှစ်ရှာပြီး သုံးဆူမှာ သွားရောင်းရတယ်၊ ဒီအချိန်နဲ့ဆိုရင် သွားရင် ပြန်ပေးဆွဲလဲ ကြောက်ရတယ်” ဟု အလုပ်သမား နှင့်နီးစပ်သော သူတစ်ဦးက ပြောသည်။

နိုင်ခင်မောင်ဦးစီးသော ရာမည တပ်သည် တပ်ရင်း-၃ ကျေးရွာတွင် ငွေတောင်းခံခြင်းကြောင့် မပေးနိုင်သော အိမ်များကိုလည်း ၄င်းတို့၏တပ်မှတဆင့် မရမက လာပြန်တောင်းမည်ဟု ခြိမ်းခြောက်ထား၍ ရွာသားတချို့ တခြားနေရာသို့ တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အခုကျနော်အိမ်မှာ ဘတ် (၂၀၀၀) ပေးရတယ်၊ လောလောဆယ်တော့ အိမ် (၂၅) အိမ်လောက် ပေးထားတယ်၊ မပေးနိုင်တဲ့အိမ်က ရွာကနေ တိမ်းရှောင်နေရတယ်၊ တချို့က အိမ်ရောင်းဖို့တောင် ပြောထားသေးတယ်” ဟု ၄င်းက ဆက်ပြောသည်။

ရာမည တပ်မှ တပ်ရင်း-၃ ကျေးရွာတွင် ငွေတောင်းခံခြင်းနှင့်ပတ်သက်၍ လွန်ခဲ့သော (၈-၆-၂၀၀၉) ရက်နေ့ မနက် (၈) နာရီအချိန်တွင် သူကြီးမှ ရွာသား အယောက် (၃၀)ကို ရွာလူကြီးက အစည်းအဝေး ခေါ်ခဲ့သည်ဟု ရွာသူကြီးနှင့်နီးစပ်သော သူတစ်ဦးက ပြောသည်။

ငွေကြေးရှိသောရွာသားများမှာ တစ်အိမ်လျှင် ဘတ် ၂၀၀၀ ပေးရပြီး၊ အနည်းငယ်သာတတ်နိုင်သော ရွာသားများမှ ဘတ် ၁၀၀၀ ပေးရမည်ဟု အစည်းအဝေးတွင် ရွာလူကြီးမှ ပြောခဲ့သည်။

“ကျနော်တို့က အလွန်ကြောက်ပြီး သူများအိမ်ကပိုက်ဆံကို (၅) ဘတ် အတိုးနဲ့ချေးပြီး ပေးလိုက်ရတယ်၊ မွန်ပြည်သစ်ပါတီကလည်း မပေးဖို့တားဆီးတယ် ဒါပေမယ့် အခုလောလောဆယ် ရွာထဲမှာ စစ်သား (၅) ဦး လောက်ပဲရှိတယ်၊ မပေးနိုင်တဲ့အိမ်ဆိုရင် နောက်မှပြန်ပေးရမယ်” ဟု ရွာခံတစ်ဦးက ပြောသည်။

နိုင်ခင်မောင်တို့အဖွဲ့သည် ၄င်းကျေးရွာတွင် တောင်းထားသည့်ငွေလာယူမည်ဟု စာတစ်စောင်ပေးထား သော်လည်း ယနေ့ချိန်အထိ လာမယူရသေးပေ။

မျိုးနွယ်အုပ်စု အကြီးဆုံးဖြစ်တဲ့ တရုပ်ပြည် ဇျုန့်သျှမ်း တိုင်းရင်းသားပွဲတော် ကူမင်း၌ ကျင်းပမည်
သောကြာနေ့၊ 12 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ဇျုန့်သျှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဆိုင်ရာပွဲတော်တရပ်ကို တရုပ်ပြည် ယူနန်မြို့တော် ခွင်မင်း၌ ယခုလနောက်ဆုံး ပတ် တွင် ကျင်းပမည်ဟု ပွဲကျင်းပရေးအတွက်စီစဉ်နေသူ တရုပ်ပြည်သျှမ်းအသိုင်းအ၀ိုင်းတရပ်က ဆိုသည်။

ယခုလ၂၇ မှ ၃၀ ရက်နေ့အထိ ဇျုန့်သျှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဆိုင်ရာပွဲတော်အား တရုပ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ လေးရက်ကြာကျင်းပမည်ဖြစ်ရာ - ဇျုန့်သျှမ်းတို့၏ သမိုင်း၊ စာပေ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ အနေအထိုင် စရိုက် လက္ခဏာဖေါ်ဆောင်/ဖလှယ်မည့်ပွဲတော် တရပ်ဖြစ်ကြောင်း ဆိုပါသည်။

တရုပ်နိုင်ငံတောင်ပိုင်း ဆစ်ဆောင်ပန်းနား ကျိုင်းဟုန့်မြို့ရောက် ပွဲတော်ပြင်ဆင်ရေးတွင်ပါဝင်သူသျှမ်းအမျိုးသားတဦးက - “ဗမာပြည်က သျှမ်းတွေလဲ ဖိတ်ကြားထားတယ်၊ အဲထဲမှာ သမိုင်းပညာရှင် ဦးစိုင်းအောင်ထွန်း၊ ဒေါက်တာစိုင်းဆန်အိုက် တို့လဲပါတယ်။ ဆရာကြီးတို့ သမိုင်းဆိုင်ရာ စာတမ်းတွေဟောပြောမယ်လို့ ယုံကြည်တာဘဲ” - ဟုဆို၏။
[ဇျုန့်သျှမ်းအမျိုးသမီးငယ်]

ဇျုန့်သျှမ်းအမျိုးသမီးငယ်

အဆိုပါပွဲတော်တွင် ကမ္ဘာအရပ်ရပ်ရှိ သျှမ်းလူမျိုးများ ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ဧည့်သည်တော်များ၊ ထိုင်း၊ လောဝ်၊ ဗီယက်နမ် နှင့် သျှမ်းပြည် မှ သျှမ်းများ ဖိတ်ကြားထားကြောင်းလည်း ဆိုပါသည်။

ချင်းမိုင်ရှိ သျှမ်းအမျိုးသားရေးသမိုင်းဆိုင်ရာ ကျွမ်းကျင်သူတဦးက -“ဇျုန့်သျှမ်းတွေဟာ သျှမ်းပြည်က သျှမ်းတွေထက် လူဦးရေများတယ်။ တရုပ်ပြည်တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ အကြီးဆုံး၊ သူတို့ဒေသက သျှမ်းပြည်ထဲမှာဆိုရင်တော့ ၀ တိုင်းရင်းသားတို့လိုပေါ့၊ ခရိုင်တော်တော်များများ စုပေါင်းထားတဲ့ ဒေသပေါ့၊ တိုင်းတို့ ပြည်နယ်တို့အဆင့်ပေးမထားဘူး၊ သူတို့ဒေသက ကွမ်တုံ၊ ကွမ်သျှီ/ရှီ အပြင် ယူနန်ပြည်နယ်ကဒေသတချို့တွေပါဝင်တယ်” ဟု ဆို၏။

သူတို့ နေထိုင်သည့်ပြည်နယ်တွင် မကျင်းပဘဲ ကူမင်း၌ ကျင်းပရခြင်းမှာ အချက်အခြာ နေရာကျကြောင်း၊ ဗမာ ပြည်က သျှမ်းများ၊ ထိုင်း၊ လောဝ် နှင့် ဗီယက်နမ်က သျှမ်းပါဝင်နိုင်ရန် ရည်ရွယ်ကြောင်း၊ အိန္ဒိယမှ အာသံ/ အာဟုံသျှမ်းများ တက်ရောက်မည် မတက်ရောက်မည်ကိုမူ မသိရသေးကြောင်း ဆိုပါသည်။

သမိုင်းပညာရှင်များ သတ်မှတ်သည့် အရှေ့တောင်အာရှရှိ သျှမ်းလူမျိုးစုမှာ တိုင်းထိုင်း(ထိုင်းလူမျိုး) တိုင်းလောဝ် (လောဝ် လူမျိုး) အပြင် မြေပုံအရ ဗမာပြည်တွင် တိုင်းခမ်းတီ၊ တိုင်းလျဲန်၊ တိုင်းမောဝ်း၊ တိုင်းနေ၊ တိုင်းဆာ တိုင်းလုံ၊ တိုင်းခင်(ဂုံသျှမ်း)၊ တိုင်းလိ စသည်ဖြင့် - အိန္ဒိယတွင် အာဆမ်၊ အာဟုံသျှမ်း နှင့် ဗီယက်နမ်နိုင်ငံတွင် တိုင်းလမ် တိုင်းလိုင်းရှိပြီး တရုပ်ပြည်သျှမ်း တိုင်းရင်းသားများမှာ တိုင်းဆစ်ဆောင်ပန်းနား(တိုင်းလိ)၊ တိုင်းမောဝ် (မောသျှမ်း) တိုင်းခွန်(မန်စီသျှမ်း) အပြင် တိုင်းချောင်း ခေါ် ဇျုန့်သျှမ်းများ( Tai/Dai Zhuang လူဦးရေ ၁၈ သန်း www.en.wikipedia.org ) ဖြစ်သည်။

တရုပ်နိုင်ငံ ဇျုန့်သျှမ်းများပွဲတော် ကျင်းပသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း ကျူလာလုံးကွန်းတက္ကသိုလ် Chulalongkorn University ဦးစီးပြီးလာမည့် နိုဝင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ သျှမ်းလူမျိုးများကွန်ဖရင့် International Conference on Shan Studies (ICSS) ကျင်းပမည်ဟုသိရပါသည်။


ထိုင်းနယ်‌စပ်‌ ကလေးအလုပ်သမားပပျောက်ရေးနေ့ အခမ်းအနား
မြန်မာကလေးများ ပါဝင်တက်ရောက်

နွယ်လေး။
ဇွန်လ ၁၂ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ကျရောက်သည့် ကလေးအလုပ်သမား ပပျောက်ရေးနေ့ အခမ်း အနား၌ မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ကလေးများလည်း ပါဝင် ဆင်နွဲခဲ့ကြသည်။

မြန်မာကလေးများက တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများဖြင့် ပူးပေါင်းပါဝင်ခွင့် ရခဲ့သည်ဟု မယ်တော် ဆေးခန်းမှ ဖွင့်လှစ်ထားသည့် ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (CDC)မှ ကျောင်းအုပ် ဆရာ မန်းရွှေနှင်း က ပြော သည်။

“ကျနော်တို့ မြန်မာကလေးတွေက ထို်င်းကျောင်းက ကလေးတွေနဲ့ ကလေးအလုပ်သမား ပပျောက် ရေး ထင်မြင်ချက်၊ ယူဆချက်၊ ဆောင်ပုဒ်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ချီတက် ခွင့်ရတာ၊ မြန်မာအ ကတွေနဲ့ ဖျော်ဖြေခွင့်ရတာ သူတို့လေးတွေ စိတ်ဓါတ်ရေးရာအရ ညီတူ ပါဝင်ခွင့်ရတော့ ကျေနပ်နေ တာမျိုး စိတ်ဓါတ်အပိုင်းလဲ ပိုပြီးတက်ကြွမှုရှိတာမြင်ရတယ်။”

ထိုင်းဌာနဆိုင်ရာနှင့် နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO)တို့ ဦးစီးပြီး ကျင်းပသည့် အခမ်းအနားသို့ မဲဆောက်ရှိ မြန်မာရွေ့ပြောင်း အလုပ်သမားကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့် ထိုင်း ကျောင်း(၅)ကျောင်းမှ ကျောင်းသူကျောင်းသား အင်အား (၆၅၀၀)ကျော် တက်ရောက်ခဲ့သည်။

ထိုင်းသက်ဆိုင်ရာမှ ကလေးအလုပ်သမားပပျောက်ရေး အတွက် ၀ိုင်းဝန်းတိုက်ဖျက်ခြင်း သရုပ်ပြ၊ ကလေးအလုပ် သမား ပါဝင်လုပ်ကိုင်မှု သရုပ်ပြ၊ ဖျော်ဖြေပွဲ၊ ပန်းချီပြိုင်ပွဲ၊ လက်မှု ပညာပြိုင်ပွဲများ ပြုလုပ်သည်ဟု အခမ်းအနား သို့တက်ရောက်ခဲ့သူ နေ့သစ်ကျောင်းမှ ဆရာ ရဲရင့်အောင် က ယခုလိုပြောသည်။

“လမ်းလျှောက်ပွဲ တခုလုပ်တယ်။ ပြီးတော့ ပြဇာတ်တွေ ကလေးအလုပ်သမားပုံစံမျိုး ပန်းရံ လုပ်တဲ့ပုံ တွေ၊ အမှိုက်ကောက်တဲ့ပုံတွေ သရုပ်ပြတယ်။ ကျနော်တို့ Migrant ကျောင်းကပဲ သရုပ်ဆောင်ကြ တယ်။ ကျနော်တို့ကျောင်းက ကလေးတွေတော့ တံငါသည်လို ကွန်ပိုက်နဲ့ သရုပ်ပြတယ်။ တခြားက ရိုးရာ အကတွေနဲ့ ဖျော်ဖြေတယ်။ ထိုင်းကလေးတွေက အတီး အမှုတ် ပိုင်းပါ။”

မဲဆောက်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနေ့ အခမ်းအနားကို ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ် ပြီး (ILO) အဖွဲ့မှ လာမည့် ၂၀၁၀ ခုနှစ်တွင် ကမ္ဘာတ၀ှမ်း ကလေး အလုပ်သမား ပပျောက်စေရန် စီစဉ်ဆောင် ရွက်သွားမည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံမှုအသစ်ပေးရေး ဒီမိုကရေစီတိုးတက်မှုနှင့် ဆက်စပ်နေ
2009-06-12

မြန်မာနိုင်ငံအတွက် စင်ကာပူက ထပ်မံပြီးတော့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပေးရေးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး တိုးတက်မှုနဲ့ ဆက်စပ်နေတယ်လို့ စစ်အစိုးရ ခေါင်းဆောင်တွေကို စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိချိန် အတောအတွင်းက အဲဒီလို ပြောကြားခဲ့တာလို့ စင်ကာပူနိုင်ငံ သတင်းမီဒီယာမှာ ဒီနေ့ ဇွန်လ ၁၂ရက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီရေး ရှေးရှုတဲ့ ရလဒ်တချို့ မထွက်ပေါ်ခင် ပမာဏများများနဲ့ ရင်းနှီးမြှုပ်နှံမဲ့ စင်ကာပူက ရင်းနှီးမြှုပ်နှံမဲ့လူ မြန်မာနိုင်ငံကို လာမှာမဟုတ်ဘူးလို့ သူယုံကြည်တဲ့အကြောင်း ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ ဂိုချုပ်တောင်က မြန်မာနိုင်ငံ လေးရက်ကြာခရီးစဉ် အပြီးမှာ သတင်းထောက်တွေကို ပြောကြားတယ်လို့ စင်ကာပူထုတ် The Strait Times သတင်းစာက ကိုးကားဖော်ပြပါတယ်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ တွေ့ဆုံချိန်မှာ အဲဒီလို ပြောကြားခဲ့တာလို့ ဆိုပါတယ်။ အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ အရေးယူတာကို ရင်ဆိုင်နေရတဲ့အတွက် စင်ကာပူက ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့နောက်ပိုင်း ဒီရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံပြန်လာပြီး ရင်းနှီးမြှုပ်နှံကြဖို့ ဆွဲဆောင်လိုတယ်လို့ မြန်မာခေါင်းဆောင်က ပြောကြားတဲ့အခါ မစ္စတာ ဂိုချုပ်တောင်က ဒီစကား ပြောခဲ့တာပါ။

စင်ကာပူနိုင်ငံဟာ ထိုင်းနဲ့ ဗြိတိန်နိုင်ငံတို့ ပြီးရင်း မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း တထောင့်ငါးရာနဲ့ တတိယမြောက် ပြည်ပ ရင်းနှီးမြှုပ်နှံမှု အများဆုံး ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲဟာ တရားမျှတဖို့၊ ထင်သာမြင်သာ ရှိဖို့အပြင် ပါတီအဖွဲ့အစည်း အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်မြောက်အောင် လုပ်ဖို့လည်း မစ္စတာ ဂိုချုပ်တောင်က မြန်မာ စစ်ဗိုလ်ချုပ်တွေကို တိုက်တွန်းသွားပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပဲ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးနိုင်ဖို့ စစ်အစိုးရက ခွင့်ပြုသင့်တယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။

မစ္စတာဂိုချုပ်တောင်ရဲ့ ခရီးစဉ်ကို ကြည့်ရင် မြန်မာစစ်အစိုးရကဟာ အာဆီယံကို အကာအကွယ်ယူပြီး လုပ်ချင်ရာ ဆက်လုပ်လို့မရနိုင်တဲ့ သဘောပါလို့ AIPMC ခေါ် မြန်မာ့အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ ဒုဥက္ကဋ္ဌ မစ္စတာ လင် ကစ်ပ် ဆင်းက ပြောပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေကို အာဆီယံအဖွဲ့ ဥက္ကဋ္ဌကရော ၊ စင်ကာပူခေါင်းဆောင်ကပါ အခုလို သတင်းစကားမျိုး သွားရောက် ပြောဆိုတာကို ကြည့်ရင် မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မလိုလားတာ ထင်ရှားလာပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံတကာ မိသားစုရဲ့ တိုက်တွန်းချက်ကို လေးစားသင့်ကြောင်း မစ္စတာ လင် ကစ်ပ် ဆင်းပြောဆို သွားပါတယ်၊။

ခေါင်းမာတတ်တဲ့ မြန်မာ စစ်ခေါင်းဆောင်တွေက နိုင်ငံတကာ မေတ္တာရပ်ခံချက်ကို ဂရုမစိုက်ဘူး ဆိုရင်တော့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အဖြစ်က ယာယီ ရပ်ဆိုင်း ထားသင့်ကြောင်းကိုလည်း AIPMC ဒုဥက္ကဋ္ဌ မစ္စတာ လင် ကစ်ပ် ဆင်းက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ယာယီရပ်ဆိုင်းထားရေးကိစ္စ အခုလာမဲ့လမှာတင် အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ပထမခြေလှမ်းအဖြစ် စတင် လုပ်ဆောင်သင့်ပြီလို့ မစ္စတာ လင် ကစ်ပ် ဆင်းက တိုက်တွန်းသွားတာပါ။ တကယ်တော့ နိုင်ငံတကာက စိတ်ဓာတ်ရေးရာအရ ဘယ်လိုပဲ အားပေးနေပါစေ ၊ ဘယ်လိုပဲ ဖိအားပေးနေပါစေ မြန်မာပြည်ရဲ့ အပြောင်းအလဲတွေဟာ မြန်မာပြည်သူတွေပေါ်မှာသာ မူတည်တယ်လို့ AIPMC ဒု ဥက္ကဋ္ဌ မစ္စတာ လင် ကစ်ပ် ဆင်းက RFA ကို ပြောဆိုသွားပါတယ်။

NLD အတွက် ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးနိုင်တာ မရှိတဲ့အတွက် အဓိက အတိုက်အခံပါတီအနေနဲ့ မဲဆွယ်စည်းရုံးနိုင်တာ မရှိတာကြောင့် ဘယ်သူပဲနိုင်နိုင် ရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ စောဒက တက်နိုင်တယ်လို့ မစ္စတာ ဂိုချုပ်တောင်က ပြောကြားတာကို Channel News Asia အင်တာနက် ဝက်ဘ်စာမျက်နှာမှာ ကိုးကားဖော်ပြပါတယ်။

ဗြဟ္မဝိဟာရ ကျောင်းတိုက် နိုင်ငံခြားဘာသာကျောင်းကို ပိတ်ခိုင်း
2009-06-12

ပုဇွန်တောင်မြို့နယ် ဗြဟ္မဝိဟာရ ကျောင်းတိုက်မှာ ဆရာတော် ဦးစီး ဖွင့်လှစ်ထားတဲ့ ပညာဒါန အခမဲ့ နိုင်ငံခြားဘာသာ သင်တန်းကျောင်းကို မြို့နယ် မယက ဥက္ကဌက ဖိအားပေး ပိတ်ခိုင်းတဲ့အတွက် ပြီးခဲ့တဲ့လက ထပ်ဖွင့်ဖို့ ပြင်ဆင်ထားတဲ့ အတန်းကို ဆက်လက် သင်ကြားခွင့်မရဘူးလို့ သတင်းရရှိပါတယ်။

ကျောင်းသားဦးရေ သုံးရာလောက်ရှိတဲ့ အဲဒီ ဘာသာစကားသင်တန်းကို အခြားမြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ပရဟိတကျောင်းတွေလိုပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလက စဖွင့်ခဲ့တာပါ။ အင်္ဂလိပ်စာ၊ ဂျပန်စာနဲ့ LCCI စာမေးပွဲ ဖြေဆိုမဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ဆရာ၊ ဆရာမ ၁၂ ယောက်က သင်ကြားပို့ချပေးခဲ့ပါတယ်။ ပထမအသုတ်အဖြစ် ဇန်နဝါရီလက စဖွင့်ခဲ့သင်တန်းကို ဧပြီလမှာ အဆုံးသတ်နိုင်ခဲ့ပြီး၊ မေလမှာ ဒုတိယအသုတ် ပြန်စဖို့ စီစဉ်ထားတာကို ပိတ်ပင်ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီ ပုဇွန်တောင် ဗြဟ္မဝိဟာရ ပညာဒါနကျောင်းမှာ အလယ်တန်းအဆင့် ကျောင်းသားငယ်တွေ တက်ရောက် သင်ယူခဲ့ကြသလို တက္ကသိုလ်ဝင်တန်းအဆင့်တွေလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။ အဲဒီလို တက်ရောက်နေသူတွေထဲမှာ မယကအဖွဲ့ဝင်တချို့နဲ့ အခြား အစိုးရအမှုထမ်းတွေရဲ့ သားသမီးတွေလည်း ပါဝင်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။

အခုလို စာသင်ကျောင်း ပိတ်ခိုင်းတာဟာ မယကဥက္ကဌတဦးတည်းရဲ့ သဘောနဲ့ပိတ်တာလို့လည်း ကျောင်းသားမိဘတဦးက ပြောပါတယ်။ အဲဒီမယကဥက္ကဌဟာ အရင်ကလည်း ခရစ်ယာန်ဘာသာဝင်တွေက နေအိမ်တွေမှာ ဝတ်ပြုဆုတောင်းတာတွေကို လိုက်လံ ပိတ်ပင်ခဲ့သေးတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

စစ်အစိုးရအာဏာပိုင်တွေက သတင်းစာတွေမှာ နိုင်ငံတဝန်းပညာရေးမြှင့်တင်မှုတွေ ဆောင်ရွက်နေကြောင်း အကြီးအကျယ် ဖော်ပြနေပေမဲ့ မယကဥက္ကဌက ဒီအခမဲ့ ပညာဒါနကျောင်းကို ဘာလို့ပိတ်ခိုင်းတာလဲဆိုတာ ကျောင်းသားမိဘတွေအနေနဲ့ နားမလည်နိုင်ကြောင်းနဲ့ သားသမီးတွေရဲ့ ပညာရည် တိုးတက်မှုတွေအတွက် စိတ်မကောင်းဖြစ်ကြောင်းလည်း ပြောဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသား ၅ ဦး အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ကျန်းမာရေးဆိုးရွားနေ
2009-06-12

အင်းစိန်ထောင်မှာ ထောင်ဒဏ် နှစ်ရှည်လများ ကျနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောနိုင်းနိုင်းအပါအဝင် နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်အာဏာပိုင်တွေက ပြစ်ဒဏ်ခတ် တိုက်ပိတ်ထားတာ ၁ လကျော် ရှိနေပြီး မိသားစုတွေလည်း ထောင်ဝင်စာ တွေ့ခွင့်မရဘူးလို့ သတင်းရရှိပါတယ်။


အဲဒီပုဂ္ဂိုလ် ၅ ဦးကတော့ ပုဇွန်တောင်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောနိုင်းနိုင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ရှေ့နေ ဦးစိုးဟန်၊ ဦးအောင်နိုင်နဲ့ ဗကသများ အဖွဲ့ချုပ်က ကိုလွင်ကိုလတ်၊ သံဃာတော် အရှင် စန္ဒိမာတို့ ဖြစ်ပါတယ်။

သူတို့ ၅ ယောက်ကို ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကတည်းက ထောင်တွင်း ပြစ်ဒဏ်ပေးလေ့ရှိတဲ့ စစ်ခွေးတိုက်မှာ ပို့ထားကြောင်းနဲ့ အဲဒီထဲက ၃ ဦးဟာ ကျန်းမာရေး ဆိုးရွားနေတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ဒီကနေ့ ဇွန်လ ၁၂ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က RFA ကိုအခုလို ပြောပါတယ်။

ဦးဘိုကြည်။ ။ 'စစ်တယ်ဆိုပြီးတော့ စစ်ခွေးတိုက်ကို ပို့ထားတယ်လို့ က္ဆွန်တော်တို့ ကြားသိရတယ်။ ပုံမှန်အားဖြင့်ဆိုရင် စစ်တယ်ဆိုလို့ရင် နှစ်လလောက်နဲ့ ပြီးလေ့ရှိတယ်။ ဒါပေမဲ့ အခုဟာက တလကျော်ပြီ မပြီးသေးဘူး ဆိုတဲ့အခါကျတော့ ဘယ်လို ပြစ်ဒဏ်ကြီးလို့လဲ၊ နောက်တခုက အခုအချိန်မှာ သူတို့က ကျန်းမာရေးအခြေအနေလည်း မကောင်းဘူးဖြစ်နေတယ်၊ ကိုစိုးဟန်ဟာ ဆိုရင်လည်း မျက်စိဝေဒနာ တော်တော် ခံစားနေရတာမျိုးတွေ ရှိတယ်။ သူတို့ မိသားစုတွေက အခု ဆေးဝါး မပေးနိုင်တဲ့ အနေအထားမျိုးတွေ၊ နောက်သူတို့ကလည်း ပြစ်ဒဏ်ဆိုတဲ့အခါကျတော့ ဆေးကုခွင့်မရတာမျိုးတွေ ဖြစ်နေတယ်။ အဲဒီတော့ သူတို့ရဲ့ ကျန်းမာရေးကိုလည်း အရမ်းစိုးရိမ်တယ်။'

ဦးစောနိုင်းနိုင်းဟာ ၁၉၉ဝ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်ထိ ပထမအကြိမ် ထောင်ကျခဲ့ပြီး၊ ၂ဝဝဝ ခုနှစ်ကနေ အခုထိ နောက်တကြိမ် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံထားရသူပါ။ ဦးစိုးဟန်လည်း ၂ဝဝဝ ခုနှစ်ကတည်းက ထောင်ဒဏ် ၂၁ နှစ် ကျခံနေရပြီး၊ ဦးအောင်နိုင်ကလည်း ၂ဝဝဝ ခုနှစ်ကတည်းက ထောင်အနှစ် ၂ဝ ကျခံနေရပါတယ်။ ကိုလွင်ကိုလတ်ကတော့ ၂ဝဝ၃ ခုနှစ်ကစပြီး ထောင်အနှစ် ၂ဝ ကျခံနေရတာပါ။ အရှင် စန္ဒိမာကတော့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအပြီးမှာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရပါတယ်။

ဦးစောနိုင်းနိုင်းရဲ့ ဇနီးဒေါ်တင်တင်လှနဲ့ RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် သက်သေတဦးစစ်ဖို့ ရက်ချိန်းပေး
2009-06-12

အင်းစိန်ထောင် အထူးတရားရုံးမှာ စစ်ဆေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုပါ သက်သေတဦးကို လာမဲ့ ဇွန်လ ၂၆ရက်နေ့မှာ စစ်ဆေးဖို့ ဒီကနေ့ ဇွန်လ ၁၂ရက်နေ့က ရုံးချိန်းပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် တင်ပြထားတဲ့ ကျန်သက်သေများ ဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ အမှုအတွက် ဗဟိုတရားရုံးကို တင်ထားတဲ့ အမှုကိုတော့ ဇွန်လ ၁၇ရက်နေ့မှာ လျှောက်လဲချက် ပေးရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေက ပြောပါတယ်။


ဒီကနေ့ မနက်ပိုင်း ရုံးချိန်းမှာ အင်းစိန်ထောင် အထူးတရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြတဲ့ သက်သေတဦးကို လာမဲ့ ဇွန်လ ၂၆ရက်နေ့မှာ စတင်စစ်ဆေးမှာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ဒီနေ့ ရုံးချိန်းကျတော့ အချက်အလက်အနေနဲ့က တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ဒေါ်ခင်မိုးမိုးကို စစ်ဖို့ ရှိတာပေါ့။ အဲဒါကြောင့် ဒေါ်ခင်မိုးမိုးက တောင်ကြီးမှာမို့လို့ က္ဆွန်တော်တို့ ၂၆ရက်မှာ စစ်ဖို့ ဒီနေ့ ရုံးချိန်းပေးလိုက်ပါတယ်။'

အလားတူ ကျန်သက်သေနှစ်ဦးဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို တိုင်းတရားရုံး က ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး ဗဟိုတရားရုံးကို ပြင်ဆင်ချက်တင်ပြတဲ့ အမှုကိုတော့ လာမဲ့ ဇွန်လ ၁၇ရက်နေ့မှာ လျှောက်လဲချက် ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေ ၄ဦး တင်ပြခဲ့ရာမှာ အင်းစိန်ထောင် အထူးတရားရုံးက တဦးကိုပဲ လက်ခံခဲ့တာ ဖြစ်တာကြောင့် တိုင်းတရားရုံးကို ဆက်လက်တင်ပြရာမှာ ဒေါ်ခင်မိုးမိုးကို သက်သေအဖြစ် ထပ်ပြီး တိုင်းတရားရုံးက လက်ခံခဲ့ပြီး ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ နှစ်ဦးကိုတော့ ပယ်ချခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုတရားရုံးကို ပြင်ဆင်ချက် ထပ်မံတင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းနဲ့ ဗဟိုတရားရုံးမှာ လျှောက်လဲချက်ပေးမှာနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံကို အလည်သွားရောက်မည်
2009-06-11

စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး လာမဲ့ ဇွန်လ ၁၅ရက်ကနေ ၂ဝရက် တရုတ်ပြည်ကို တရားဝင် အလည်အပတ် လာရောက်ဖို့ ရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၁၁ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

(Photo: AFP)

မြန်မာ စစ်အစိုးရ၏ ထိပ်သီး ခေါင်းဆောင်များ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အလယ်)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (ယာ)နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း (ဝဲ)တို့ ဖြစ်ပါသည်။ (Photo: AFP)
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၆ရက်ကနေ ၉ရက်နေ့အတွင်းက ဗိုလ်ချုပ်ကြီး သူရရွှေမန်း တရုတ်ပြည်ကို သွားရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ တရုတ် မြန်မာ နှစ်နိုင်ငံလုံးက ကြေညာခဲ့ခြင်းမရှိပါဘူး။

ခုလို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည်ကို တရားဝင်လာရောက်မဲ့ အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ချိန်မှာ မြန်မာ့ပြည်တွင်းရေးကို တိုင်ပင်ဆွေးနွေးဖို့ သွားတာဖြစ်တယ်လို့ အတိုက်အခံတွေက ဝေဖန်နေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တဦးလည်းဖြစ်သူ ပြည်ပရောက် အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (NDF) ရဲ့ နိုင်ငံခြားရေးရာ တာဝန်ခံ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခုလို ပြောပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။ 'ဒါက ရိုးရိုးပါပဲ၊ က္ဆွန်တော့အမြင်တော့ ဒီ ရေးကြီးသုတ်ပျာနဲ့ ဒီနှစ်ယောက် ဆက်တိုက်သွားတယ် ဆိုကတည်းကိုက သူတို့မှာ အကျပ်အတည်းတွေ့နေတယ် ဆိုတာ ပထမဆုံး ပေါ်လွင်တာပေါ့။ က္ဆွန်တော် မြင်တာကတော့ အကျပ်အတည်းက လေးဖက်လေးတန်လောက် ရှိတယ်လို့ က္ဆွန်တော် မြင်တယ်။'

မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်တဲ့အမှုနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဖိအားတွေ ခံနေရသလို အပစ်ရပ် တိုင်းတိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တပ်များ အသွင်ပြောင်းရေးကိစ္စမှာလည်း အကျပ်အတည်းတွေ တွေ့နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ အပစ်ရပ် တိုင်းရင်းသား သတင်းရပ်ကွက်တွေ အဆိုအရ အဖွဲ့တော်တော်များများဟာ မဟာမိတ်ပုံစံ ညှိနှိုင်းထား ပြီး တရုတ် မြန်မာနယ်စပ်အခြေစိုက် အပစ်ရပ်အဖွဲ့တွေဟာ စစ်အစိုးရအဆိုပြုထားတဲ့ တပ်များ အသွင်ပြောင်းရေး ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အရာရှိများနဲ့ ဆွေးနွေးမှုတွေ ရှိထားပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီအချက်တွေကြောင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး တရုတ်ပြည်ကို သွားရောက်တာ ဖြစ်နိုင်တယ်လို့ ဝေဖန်နေကြတာပါ။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး သုံးသပ်သူတွေရဲ့ အမြင်ကို RFA မှ ဦးတင်အောင်ခိုင်က စုစည်းတင်ပြထားပါတယ်။





နေပြည်တော်မှသန်းရွှေပုန်းရန်နေရာများ