Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 12 January 2010

Palaung Statement on 47 PNRD 2010
၂၀၁၀ မဟာဗျူဟာ
မောင်မောင်လှကြိုင် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၈ မိနစ် ဆောင်းပါး

နအဖ က အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းပြမြေပုံကို အသေဆုပ်ကိုင်ထားလျက်ပါ။ ဒီ လမ်းပြမြေပုံရဲ့ “အုဋ်မြစ်” ဖြစ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို နည်းမျိုးစုံနဲ့ လုပ်ခဲ့ပါတယ်။ အနှောင့်အယှက် ကင်းတဲ့အခါ အချိန်ဆွဲပြီး ကျင်းပခဲ့တယ်။ အရေးပေါ် လိုအပ်တဲ့အခါ ကောက်ကာငင်ကာ ဝုန်းကနဲထ မြန်မြန်ထက်ထက် လုပ်ခဲ့ပါတယ်။ ၁၉၉၃ ခု ဇန်နဝါရီလ ၉ ရက်နေ့ကနေ စတင်ကျင်းပခဲ့တဲ့ နအဖရဲ့ အတုအယောင် အမျိုးသားညီလာခံဟာ ၂ဝဝ၇ ခု စက်တင်ဘာ ၃ ရက်နေ့မှာ အဆုံးသတ် ခဲ့ပါတယ်။ ကမ္ဘာ့ အရှည်ကြာဆုံး ကျင်းပခဲ့တဲ့ ညီလာခံ ဖြစ်ခဲ့ပါတယ်။

ဒီလမ်းပြမြေပုံရဲ့ “အသက်” ဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂ဝဝ၈ ခု မေလ ၁ဝ ရက်နေ့မှာ ကျင်းပမယ်လို့ ၂ဝဝ၈ ခု ဖေဖော်ဝါရီလမှာ နအဖက ကြေညာခဲ့ပါတယ်။ ဆန္ဒခံယူပွဲ ကျင်းပရေး ဥပဒေနဲ့ ကော်မရှင် ဖွဲ့စည်းပြီးကြောင်း ၂ဝဝ၈ ခု ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကိုတော့ ၂ဝဝ၈ ခု ဧပြီလ ၉ ရက်နေ့မှာ အများလေ့လာဖို့ ထုတ်ဝေရောင်းချပေးခဲ့ပါတယ်။

ဆန္ဒခံယူပွဲကိုတော့ ကြေညာထားတဲ့အတိုင်း မေလ ၁ဝ ရက်နေ့မှာ လုပ်ဖြစ်အောင် လုပ်ခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဒေသအတွင်း အဆိုးဆုံးလို့ သတ်မှတ်ခံရတဲ့ နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများ မျက်နှာမှမထောက် ဇွတ်အတင်း ကျင်းပခဲ့ပါတယ်။ မလွှဲသာလွန်းလို့ ‘လူစိတ်မရှိဆုံးလို့ အပြောခံ လွတ်ရုံလေး’ နာဂစ်ဘေးဒဏ်သင့် ဒေသတချို့မှာ မေလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁၄ဝဝဝဝ လောက် သေဆုံးကာ လူ ၂ သန်းခွဲကျော် အတိဒုက္ခရောက်ခဲ့ရပြီး၊ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံအထက် နစ်နာဆုံးရှုံးခဲ့တယ်လို့ မှတ်တမ်းတင်များက ဆိုပါတယ်။

ဆန္ဒခံယူပွဲအတွက်လည်း မသမာမှုတွေ ဗြောင်ကျကျ များများသုံးခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေ၊ ဖြားယောင်းမှုတွေ၊ ထောက်ခံမဲများကို ကြိုတင်လှည့်ဖြား ကောက်ယူမှုတွေ၊ လျှို့ဝှက်မဲပေးစနစ်သာဆိုတယ် ထည့်ရမယ့် မဲပြားပေါ်မှာ မဲဆန္ဒရှင်ရဲ့ အမည်နဲ့ အဘအမည် ရေးခိုင်းမှုတွေ စတာတွေနဲ့ ပြည်သူတွေရဲ့ အသည်းကြားက မဲတပြားကို မတရားမှုမျိုးစုံနဲ့ ‘အေးဓားပြ’ တိုက်ယူခဲ့ကြပါတယ်။ မတရားဆန္ဒခံယူပွဲပြီးတော့ ပြည်သူ့ဆန္ဒ ၉၂.၄ ရာခိုင်နှုန်းနဲ့ တရားဝင် အတည်ဖြစ်ခဲ့ကြောင်း ကမ္ဘာကို အတိအလင်း ကြေညာခဲ့တယ်။

ဆန္ဒခံယူပွဲရလဒ်ဟာ မသမာမှုများစွာဖြင့် ရယူထားတာကြောင့် ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အတုအယောင်ဖြစ်ပြီး တရားဝင် အသိအမှတ်မပြုကြောင်း ကမ္ဘာ့နိုင်ငံအများအပြားက ထုတ်ဖော် ပြောခဲ့ကြပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲပြောပြော နအဖကတော့ “ဘယ်သူသေသေ ငတေမာဖို့” လမ်းစဉ်က တဖဝါးမှ မခွာပါ။ ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့လည်း ထုတ်ဖော် ကြေညာ ခဲ့ပါတယ်။ တိကျတဲ့ အချိန် သတ်မှတ်မှုကိုတော့ ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲတုန်းကလိုပဲ လအနည်းငယ် အလိုမှာ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် လိုအပ်တာတွေ ကြေညာမယ့် ပုံပါ။ ၂ဝ၁ဝ ဆိုတာ ဒီဇင်ဘာလ အထိကိုး။

လာမယ့် ရွေးကောက်ပွဲကို အတားအဆီးဖြစ်မယ့် လှုပ်ရှားမှုတွေ ပြုစွမ်းနိုင်သူတွေကို မလှုပ်ရှားနိုင်အောင် မတရားသဖြင့် ဖမ်းဆီးထောင်ချထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကိုတော့ နေအိမ်အကျယ်ချုပ်အဖြစ် ဆက်လက်ချုပ်ပိုင်ခွင့် ရှိသေးလို့ နောက်ထပ် နေအိမ်အကျယ်ချုပ်သက်တမ်း တနှစ်ထပ်တိုးကာ ချုပ်နှောင်ထားဆဲပါ။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ် အကျယ်ချုပ် သက်တမ်းအနေနဲ့ ထပ်မံတိုးပိုင်ခွင့် မရှိတော့လို့ မစ္စတာ ဂျွန်ယက်ထောကို အကြောင်းပြုကာ မတရားအမှုဆင်ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ နအဖ ခေါင်းဆောင်ရဲ့ သက်ညှာ ထောက်ထားမှုကြောင့်ဟုဆိုကာ နေအိမ်မှာ အကျယ်ချုပ်အဖြစ် ၁၈ လ ကျခံစေခဲ့ပါတယ်။ ဖြစ်စဉ်ကို ခြုံကြည့်လိုက်ရင် လာမယ့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်အထိ ခေါင်းဆောင်ကြီး ၂ ဦးကို ဆက်လက်ထိန်းသိမ်းထားလိုက်တာပဲ ဖြစ်ပါတယ်။

လူထုအတွင်း စိမ့်ဝင်လှုပ်ရှားနိုင်စွမ်းရှိတဲ့ ရဟန်းသံဃာတွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ စစ်မှန်တဲ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားသူတွေကိုလည်း ရာဇဝတ်မှု ပုဒ်မတွေတပ်ကာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အန္တရာယ်ရှင်းအောင် စီစဉ်ထားတာပါ။

နအဖက သူတို့အပေါ် အနောက်နိုင်ငံကြီးတွေက ဒဏ်ခတ်အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့မှု၊ ပစ်မှတ် ပိတ်ဆို့မှုတွေကို အမြန်ဆုံး ရုတ်သိမ်းပေးဖို့ အထူးလိုလားနေပါတယ်။ ဒီပိတ်ဆို့မှုတွေဟာ သာမန် မြန်မာနိုင်ငံသား အများစုထက် နအဖမိသားစုတွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေကို ပိုမို ထိခိုက်နစ်နာ နေစေတာကြောင့် ဖြစ်ပါတယ်။ အခွင့်ရတိုင်းလည်း အနောက်နိုင်ငံအစိုးရတွေကို စီးပွားရေး ပိတ်ဆို့ အရေးယူမှု ရုတ်သိမ်းပေးဖို့ နအဖက ပြောဆိုနေပါတယ်။ အမြင့်ဆုံးအနေနဲ့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂ ညီလာခံကြီးမှာ နအဖ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ တရားဝင် တောင်းဆိုခဲ့ပါတယ်။

အဓိက စီးပွားရေး ပိတ်ဆို့မှုပြုလုပ်တဲ့ နိုင်ငံတွေကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ ဖြစ်ကြပါတယ်။ အိုဘားမား အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံပေါ်ထားရှိတဲ့ အမေရိကန် ပေါ်လစီသစ်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စံချိန်မီ ဒီမိုကရေစီစနစ် အမြန်ထွန်းကားရေး ပြုပြင်ပြောင်းလဲ ဖို့အတွက် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို လက်ရှိအတိုင်း ဆက်လက်ထားရှိပြီး အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်၊ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ခိုင်မာတဲ့ တိုးတက်မှုတွေ ရရှိတဲ့အထိ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မစ္စ ကလင်တန်က ၂ဝဝ၉ ခု စက်တင်ဘာ ၂၃ ရက်နေ့မှာ အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ အဆင့်မြင့် ထိတွေ့ဆွေးနွေးရေး ပေါ်လစီသစ်အရ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကွတ်ကဲန်ဘယ်လယ်နဲ့ အဖွဲ့ကို နအဖ ဝန်ကြီးချုပ်နဲ့အဖွဲ့က နေပြည်တော်မှာ ၂ဝဝ၉ ခု နိုဝင်ဘာ ၃ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်စုကိုလည်း မကြာခင် လွှတ်ပေးဖို့ အစီအစဉ်ရှိပြီး ဒေါ်စုအနေနဲ့ သူ့ပါတီကို စည်းရုံး နိုင်ပါလိမ့်မယ်လို့ မြန်မာ့နိုင်ငံခြားရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က အေပီသတင်းကို ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဒေါ်စုနဲ့ တွေ့ခွင့်တောင်းခဲ့တာကို ခွင့်မပြုခဲ့တဲ့ နအဖ က မစ္စတာ ကွတ် ကဲန်ဘယ်လယ်တို့ကို ဒေါ်စုနဲ့ တွေ့ခွင့်ပေးခဲ့ပါတယ်။ ဂျွန်ယက်တောကို လာခေါ်သွားတဲ့ အမေရိကန် ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ်ကိုလည်း ဒေါ်စုနဲ့ တွေ့ခွင့် ပေးခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေးဆိုတဲ့ ‘မက်လုံး’ ကြောင့် လိုက်လျောတာ ဖြစ်မှာပါ။

ဒေါ်စုက ၂ဝဝ၉ ခု စက်တင်ဘာ ၂၅ ရက်နေ့စွဲဖြင့် နအဖ ခေါင်းဆောင်ထံ စာပေးပို့ခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားရေးကို ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ဒီ့အတွက် အမေရိကန်၊ အီးယူ၊ သြစတြေးလျ သံအမတ်ကြီးတွေနဲ့လည်းကောင်း၊ မိမိရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့၎င်း တွေ့ဆုံဆွေးနွေးလိုကြောင်း စာမှာ ဖော်ပြတောင်းဆိုထားပါတယ်။ နအဖကလည်း ခွင့်ပြုခဲ့ပါတယ်။ ၂ဝဝ၉ ခု နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း ဒေါ်စုက နအဖ ခေါင်းဆောင်ဆီ တိုက်ရိုက်ဆွေးနွေးခွင့်ပြုဖို့ မေတ္တာရပ်ခံစာ ထပ်မံ ပေးပို့ခဲ့ပါတယ်။

ဒေါ်စုကို အန်အယ်ဒီ ဗဟိုကော်မီတီဝင်ကြီးတွေကို ဂါရဝပြုခွင့်နဲ့ အန်အယ်ဒီ ဗဟိုကော်မတီ ပြန်လည် ဖွဲ့စည်းခွင့်လည်း ပေးခဲ့ပါတယ်။

ဒီအခြေအနေတွေ ဖြစ်ပေါ်လာတော့ နအဖ သဘောထား ပျော့ပျောင်းလာတယ်၊ အမှန်တကယ်ပဲ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ပေးဖို့ ‘တာစူ’ လာတယ်လို့ ကောက်ချက်ချရင်တော့ မှားပါလိမ့်မယ်။ သူတို့အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ရေးအတွက် အားထုတ်ကြိုးပမ်းတာပါ။ သူတို့ရဲ့ ၇ ချက်ပါ လမ်းပြမြေပုံ စီမံကိန်းကို မထိပါးမခြင်း ဒေါ်စုနဲ့ အန်အယ်ဒီကို လူမြင်ကောင်းအောင် လှုပ်ရှားခွင့် ပေးထားမှာပါ။ ထိပါး လာရင်တော့ ချက်ချင်း ချုပ်ချယ်ပစ်မှာ မြေကြီးလက်ခတ်မလွဲပါ။

နအဖ ဟာ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်ပေးမှာ မဟုတ်သလို ၂ဝ၁ဝ ခု ရွေးကောက်ပွဲကို သူတို့ဖြစ်စေချင်တဲ့အတိုင်း အောင်မြင်ထမြောက်အောင် လုပ်သွားမှာပါ။ ဒါကို နအဖ ခေါင်းဆောင်ရဲ့ ပြောကြားချက်တွေက သက်သေထူနေပါတယ်။ ၈၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ တကြိမ်၊ ၂ဝ၁ဝ ခု ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ တကြိမ် ၂ဝ၁ဝ ရွေးကောက်ပွဲကျင်းပဖို့ အသင့်ပြင်ဆင်နေပြီဖြစ်ကြောင်း အတိအလင်း ပြောဆိုဖော်ပြထားပါတယ်။

ပြည်တွင်းကလာတဲ့ သတင်းတွေအရ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေ လျာထားတာ၊ နအဖရဲ့ ဒေါက်တိုင်တွေ လျှို့ဝှက်စည်းရုံးနေတာ၊ မဲဆန္ဒရှင်စာရင်းအတွက် မှတ်ပုံတင်တွေ ပြုလုပ်ပေးပြီး သန်းခေါင်စာရင်းတွေ ကောက်ခံနေတာ၊ အငြိမ်းစားတွေ စာရင်းကောက်ယူပြုစုနေတာ၊ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို စည်းရုံးသိမ်းသွင်းနေတာ စတာတွေဟာလည်း ၂ဝ၁ဝ ခု ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း စင်းလုံးချော အထမြောက် အောင်မြင်ရေးအတွက်ပါပဲ။

ဒါကြောင့် ရေရာသေချာနေတာကတော့ ၂ဝဝ၈ ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂ဝ၁ဝ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် လွှတ်တော်နဲ့ အစိုးရသစ်ဟာ မြန်မာတိုင်းရင်းသား တရပ်လုံးကို သားစဉ်မျိုးဆက် နွံနစ်နေအောင် ဖန်တီးမှာပါပဲ ဖြစ်ပါတယ်။

နအဖရဲ့ တဖက်သတ် အောင်ပွဲခံမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ မဖြစ်ပေါ်လာရေးအတွက် ရေရာသေချာ စေမှာကတော့ ၂ဝ၁ဝ မဟာဗျူဟာကို လက်တွေ့ကျကျ ထိထိမိမိ အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဗျူဟာကတော့ “စု-လွှတ်-တွေ့” ဖြစ်ပါတယ်။ ဒီဗျူဟာကို ထိရောက်စွာ အထောက်အကူ ပေးနိုင်မှာကတော့ နည်းဗျူဟာတခုဖြစ်တဲ့ ‘နအဖ အရှိုက်ကို ထိစေမယ့် လက်နက်ကောင်း’ ဖြစ်ပါတယ်။

http://www.mizzimaburmese.com/edop/songpa/4550-2010-01-11-07-55-51.html
Copy reposted article from Yeyintnge Blogspot
"အောင်ဇံ

၁၁ ဇန်န၀ါရီ ၂၀၁၀

၂၀၀၉ ခု နှစ်ကုန်ဆုံးလို့ ၂၀၁၀ ဆိုတဲ့ သက္ကရာဇ်နှစ်တခုကို ပြောင်းခဲ့ပြန်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထူးခြားသိသာတဲ့ အပြောင်းအလဲရယ်လို့မရှိ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေက အပြောင်းအလဲဖြစ်ဖို့ လိုအပ်နေပါတယ်။ ပြည်သူတွေကလည်း ခါးသီးတဲ့ ဘ၀အတွေ့အကြုံတွေအရ အပြောင်းအလဲကို မျှော်လင့်နေကြပါတယ်။ အပြောင်းအလဲဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့ နှစ်တွေ၊ တိုက်ပွဲတွေ မနည်းသလို ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေ၊ အသက်တွေကလည်း မနည်းမနောပါပဲ။ ၁၉၆၂ ခုနှစ်ရဲ့ ဒီဘက်ခေတ်ဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ခေတ် ဖြစ်ပါတယ်။ နည်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင် ကြိုးပမ်းခဲ့ကြပါတယ်။

အထူးသဖြင့် ၁၉၈၈ ခု အရေးတော်ပုံကြီးဟာ ရက်ရက်စက်စက် ဖြိုခွဲခံမှုကြောင့် အောင်ပွဲမရမီ ပြိုကွဲပြီးဆုံးခဲ့ရပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ တပ်ဦးပါတီတရပ်ကိုတော့ မွေးဖွားပေးခဲ့နိုင်ပါတယ်။ ပြည်သူတွေကလည်း တခဲနက် ထောက်ခံကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာဟာ မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ဆက်လက်ဦးဆောင်တိုက်ပွဲဝင်ဖို့ ပြည်သူတွေက တာဝန်ပေးအပ်ခြင်းလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအနိုင်ရအပြီးမှာ ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး၊ ၉၀ ရလဒ် အကောင်အထည်ဖော်ရေးအတွက် အမျိုးမျိုးကြိုးစားခဲ့သလို နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့အတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ သို့ပေမယ့် ကြိုးပမ်းအားထုတ်မှု မှန်သမျှဟာ န၀တ၊ နအဖ အာဏာပိုင်များရဲ့ ဟန့်တားနှောင့်ယှက်မှု ပိတ်ဆို့အရေးယူမှုများနဲ့သာ ကြုံတွေ့ခဲ့ရပြီး အဖွဲ့ဝင်များကိုလည်း ဖမ်းဆီးထောင်ချ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနှစ်နှစ်ဆယ်ကျော် ကြိုးပမ်းအားထုတ်မှုဟာ အရာမထင် ခရီးမရောက်ဖြစ်ခဲ့ရပါတယ်။ အခုအချိန်မှာဆိုရင် အဖွဲ့ချုပ်ရုံးတခုသာ ဖွင့်ခွင့်ရပြီး စည်းရုံးလှုပ်ရှားနိုင်မှု လုံးဝမရှိတဲ့ အခြေအနေမှာ ရှိနေသလို အဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။

ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းမှုဖြစ်တဲ့ ဆုံးဖြတ်ချက်တွေ၊ တိုက်တွန်းချက်တွေဟာလည်း ထိရောက်မှုမရှိဘဲ ကျွဲပါးစောင်းတီး ဖြစ်ခဲ့ရသလို ကုလသမဂ္ဂအထူးကိုယ်စားလှယ်များဖြစ်ကြတဲ့ ဒီဆိုးတိုး၊ ရာဇာလီအစ္စမေးလ်၊ ဂမ်ဘာရီ အစရှိတဲ့ ပုဂ္ဂိုလ်များရဲ့ မြန်မာနိုင်ငံကို အခေါက်ခေါက်အခါခါ လာရောက်ကြိုးပမ်းခဲ့မှုများဟာလည်း အရေးမပါ အရာမရောက်တဲ့ အခြေအနေများသာ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းအားထုတ်မှု များဟာလည်း အလားတူ အောင်မြင်မှုမရဘဲ ရှိနေပါတယ်။ အမေရိကန်အစိုးရဟာ မူလက အရေးယူပိတ်ဆို့မှုနဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေနဲ့ အပြောင်းအလဲဖြစ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ အိုဘားမားအစိုးရ တက်လာတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံ အပေါ်မှာထားရှိတဲ့ မူဝါဒကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားပြီးတော့ တဖက်မှာလည်း အပြုသဘောဆက်ဆံရေးတွေနဲ့ အပြောင်းအလဲဖြစ်ဖို့ ချဉ်းကပ်မှုမူဝါဒကို ချမှတ်ခဲ့ပါတယ်။

ဒီမူဝါဒကို အကောင်အထည်ဖော်တဲ့အနေနဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး အချက်အလက်ရှာဖွေတဲ့ လုပ်ငန်းစဉ်ဖြင့် စတင်ကြိုးပမ်းခဲ့ပါတယ်။ ဒီကြိုးပမ်းမှုဟာလည်း ခရီးရောက် အရာထင်မယ့်ပုံမပေါ်သလို ကတ်ကမ်းဘဲလ်အနေနဲ့ သူ့ရဲ့ခရီးစဉ် မအောင်မြင်ဘူးဆိုတဲ့ ပြောဆိုသံတွေကိုလည်း ကြားလာရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့တဲ့ စာနှစ်စောင် ပေါ်ထွက်လာပါတယ်။ ပထမစာမှာ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံများရဲ့ သံတမန်များနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုတဲ့ စာဖြစ်ပြီး ဒုတိယစာမှာတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းများကို နအဖခေါင်းဆောင်များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ …

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးအခြေအနေမကောင်းတဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင် အစရှိတဲ့ ပုဂ္ဂိုလ်များကို တွေ့ဆုံဂါဝရပြုခွင့်ပေးဖို့၊

၂။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့၊

၃။ တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ တောင်းဆိုတဲ့စာ ဖြစ်ပါတယ်။

ဒီစာတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်၊ ဥရောပသံတမန်အချို့နဲ့ တွေ့ဆုံခွင့်ပေးခဲ့သလို ကျန်းမာရေးအခြေအနေမကောင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် (၃) ဦးကိုလည်း တွေ့ဆုံဂါရ၀ပြုခွင့် ပေးခဲ့ပါတယ်။ ဒီလိုလိုက်လျောမှုတွေကတဆင့် နအဖ အာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးခွင့်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရပြီး အပြန်အလှန် ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာမယ်ဆိုပါက တိုင်းပြည်အတွက် ပြည်သူတွေအတွက် အလွန်အကျိုးများမယ့် တိုးတက်မှု၊ ပြောင်းလဲမှုဖြစ်မှာ အမှန်ပါပဲ။

ဒါပေမယ့် ဒီလိုဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာကို အမှန်အတိုင်း သုံးသပ်ရှုမြင်ဖို့ လိုပါတယ်။ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် ဒီလိုဖြစ်နိုင်မယ့် အခြေအနေ၊ ဖြစ်နိုင်မယ့် အလားအလာမရှိဘူးလို့ဘဲ မြင်ပါတယ်။ ဒီလိုဆို ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကရော မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲအတွက် မျှော်လင့်ချက်တစုံတရာထားလို့ ရနိုင်မလားဆိုတာ မေးစရာရှိတယ်။ ကျနော့်အမြင်ပြောရရင် နအဖဘက်က တဖက်သတ် ရှေ့နေလိုက်ပေးနေကြတဲ့ ပုဂ္ဂိုလ်များပြောသလို အပြောင်းအလဲဖြစ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကလွဲလို့ အခြားနည်းလမ်းမရှိ ဆိုတာတို့၊ ၂၀၁၀ ရွေးကောက်ပွဲသည်သာ တခုတည်းသော ထွက်ပေါက်ဆိုတာတို့ဟာ လက်တွေ့မှာ လုံးဝဖြစ်နိုင်ခြေမရှိပါဘူး။

တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၈ ခု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတဲ့ ကြိုးများနဲ့ အထပ်ထပ် ချည်နှောင် တုပ်နှောင်ထားပြီး ကျင်းပမှာဖြစ်တဲ့အတွက် ပြည်သူတွေမျှော်မှန်းတဲ့ အပြောင်းအလဲဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ထင်ပါတယ်။ ဒီလိုပြောရတာဟာ အဆိုးမြင်ဘက်ကကြည့်ပြီး ပြောခြင်းမဟုတ်ပါဘူး။ အနှစ် (၂၀) ကျော် နိုင်ငံရေးအတွေ့အကြုံများ၊ ပြီးတော့ န၀တ၊ နအဖရဲ့ ပြောဆိုချက်၊ ထုတ်ပြန်ကြေညာချက်၊ ပြဋ္ဌာန်းချက်များနဲ့တကွ အနှစ် (၂၀) ကျော်လုပ်ရပ်များကို ပကတိ အခြေအနေအတိုင်း သုံးသပ်ခြင်းဖြင့် ရရှိလာတဲ့ အမြင်သာဖြစ်ပါတယ်။

နအဖရဲ့လုပ်ရပ်တွေကို သုံးသပ်မယ်ဆိုရင် နအဖခေါင်းဆောင်များရဲ့ နိုင်ငံရေးဆန္ဒ Political Will ကို ကွင်းကွင်းကွက်ကွက် မြင်ရမှာဖြစ်ပါတယ်။ နအဖ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံရေးဆန္ဒကတော့ စစ်တပ်ကသာ မအုပ်ချုပ်ခဲ့ရင် တိုင်းပြည်ပြိုကွဲ သွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နအဖ စစ်ခေါင်းဆောင်များအနေနဲ့ တိုင်းပြည်ကို စစ်တပ်က ရာသက်ပန် စိုးမိုးခြယ်လှယ် အုပ်ချုပ်သွားရေးဖြစ်ပါတယ်။ ဒါဟာ တချိန်က ဗိုလ်နေ၀င်း တိုင်းပြည်အာဏာသိမ်းစဉ်က တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံး အလိုမှာ ကယ်တင်ခဲ့ရပါတယ်ဆိုတဲ့ ဆင်ခြေဆင်လက်မျိုးပါပဲ။

ဒီလိုစစ်တပ်က ရာသက်ပန်အုပ်ချုပ်နိုင်ဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာမှာ အခြေခံမူ (၆) ချက်အနက် အဓိကအခြေခံ မူတရပ်အဖြစ် အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရေးဆိုတဲ့ အခြေခံမူကို ချမှတ်ပြဋ္ဌာန်း ခဲ့ပါတယ်။ ဒီအခြေခံမူပေါ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း တပ်မတော်မှ စိုးမိုးခြယ်လှယ်အုပ်ချုပ်နိုင်ရေး ရာသက်ပန် အုပ်ချုပ်နိုင်ရေးအတွက် ဖွဲ့စည်းပုံကို ပုံစံချ ရေးဆွဲထားတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်၍မရအောင်လည်း ရေးဆွဲထားခြင်း ဖြစ်ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတခုဖြစ်ဖို့ဆိုရင် စစ်ခေါင်းဆောင်များရဲ့ နိုင်ငံရေးဆန္ဒကို ပြောင်းလဲအောင် မလုပ်နိုင်ဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်များက မည်သို့ပင် အလျှော့ပေး ဆွေးနွေးဖို့ တောင်းဆိုစေကာမူ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်မယ့် အလားအလာ မရှိဘူးလို့ဘဲ သုံးသပ်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကအပြောင်းအလဲဖြစ်ဖို့ဆိုရင်၊ စစ်ခေါင်းဆောင်များရဲ့ မှားယွင်းတဲ့အမြင်၊ မှားယွင်းတဲ့လုပ်ရပ်တွေနဲ့ နိုင်ငံရေးဆန္ဒကို ပြောင်းလဲနိုင်ဖို့အတွက်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ်နဲ့ ဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး တိုက်ပွဲဝင်ကြိုးပမ်းမှသာ စစ်မှန်တဲ့ အပြောင်းအလဲကို ရရှိနိုင်မှာဖြစ်တဲ့အကြောင်း တိုက်တွန်းရေးသားတင်ပြအပ်ပါတယ်။ ။


http://www.khitpyaing.org/articles/2010/January/11110b.php
2010 Campaing of CAC BURMA

ကျွန်တော်တို့ အရေးအသားကို မကြိုက်လို့ ဒါမှမဟုတ် ကျွန်တော်တို့ မှာ အားနည်းချက်တွေ ရှိတယ်ထင်လို့ လက်မှတ်မထိုးချင်ရင်တောင်မှ သြဇာရှိတဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ကြီးများက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဦးဆောင်လှုပ်ရှားမှုတွေ ပြုသင့်ပါပြီလို့ အကြံပြုချင်ပါတယ် ခင်ဗျား..
၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရေးအတွက် ဘယ်လို ဦးဆောင်မှုကိုမဆို ကြိုဆိုပါကြောင်း နှစ်သစ်ကူး သတင်းစကား ပါးလိုက်ပါတယ် ခင်ဗျား....

Collective Action Committee for BURMA

View Current Signatures - Sign the Petition
To: the international community at The United Nations General Assembly�s annual meeting and the European Union
To the dignitaries of the United Nations, except the representatives of Myanmar (BURMA) who claim to represent the peoples of Burma:
To the dignitaries of the European Union:
To world communality who valued Democracy and Human's right:



Dear Sirs and Madams,

Just as much as you appreciate and value your own personal freedoms, we the oppressed peoples of Burma have the same values, and although we have been denied, for many decades, such freedoms, we seek your help as we struggle to regain this freedom.

In 1962 our country, in its early years of freedom, was hijacked by a military dictatorship that eradicated all civil institutions and embarked on a process that has produced devastating consequences for our country. Its leader, General Ne Win, imposed his own brand of ideology on the nation, where military officials replaced almost all civilian workers in the nation�s administrative institutions. Civil society also came under military control and the country degenerated into a terrifying tyranny.

In 1974, the Burma Socialist Program Party (BSPP) drafted their constitution which enabled the dictatorship to establish a pseudo-civilian government, and General Ne Win transformed himself from a military leader into both the President and the Chairman of the only party in the country. His continued misgovernance of the country, including the demonetarization of the currency, produced dire results for the people, who were systematically impoverished by his reckless mismanagement.

Burma, under Ne Win�s mismanagement, degenerated into abject poverty, and the majority of the population suffered greatly. By 1987, Burma had become one the poorest nations in the world, and was given Least Developed Country status by the United Nations. This degeneration culminated in the mass demonstration of 1988, whereby the people protested for the freedoms so long denied them by the dictatorship. In response to the protests, the BSPP disbanded and Ne Win stepped down as President and Chairman.

However, far from relinquishing power, the military clique reemerged in essentially the same form, with Ne Win's henchmen and pro-togas as its leaders. Under the leadership of Saw Maung, the military staged a coup and promised multiparty elections to quell the unrest and mass demonstrations. However, political parties were denied the right to campaign publicly, and had to organize indoors. Nonetheless, when the 1990 elections were held, the National League for Democracy (NLD) won 82% of the vote, winning 383 out of the all seats. Saw Maung acknowledged that the results were fair and genuine, and promised that the military would return to the barracks. This was simply a maneuver on the part of the military, and Saw Maung later states that first there must be a constitution, and the military will not hand over power until it is drafted. The military then proceeded to hand pick their own representatives for a conference to draft the new constitution, and outnumbered the legitimate representatives elected in the 1990 elections, they also demanded that over 20% of the government was to be made up of military personnel. Furthermore, they demanded that the military hold important positions within the government, including Defense, and that the positions of President and Prime Minister had to be approved by the military. This resulted in the NLD, and other elected representatives, boycotting the drafting of the constitution.

There was then over ten years of stalling by State Law and Order Restoration Council (SLORC), and then the State Peace and Development Council (SPDC), the various names the military junta gave itself, and they have conspired to eliminate Daw Aung San Suu Kyi, as well as other prominent elected leaders. There have been more than sufficient indicators that strongly suggest that this was ordered from the top military leaders of the junta. Failing to eradicate the movement for democracy, they then hatched a 7-point plan, or so-called �Road Map to Disciplined Democracy� in 2003. This was another blatant maneuver by a regime that was unwilling to relinquish their power. This was simply a rehashing of Ne Win�s 1974 BSPP dictated constitution.

In 2007, student leaders of 1988 asked the military rulers to consider the plight of the people who faced unrealistic increases in fuel costs imposed by the dictatorship. Their response was to arrest the student leaders, who were then given long jail sentences. In the same period, Buddhist monks approached the military leadership and reminded them of their duty to the people � the dictatorship responded with brutal force. The military shot and arrested monks, and entered many monasteries and destroyed them. Many were killed, with estimates suggesting over 300 monk and civilian victims.

In May, 2008, although foreign meteorological centers warned the military of an impending high force cyclone, the SPDC downplayed the intensity predicted by these sources. The devastating result of this deliberate withholding of information was that over 100,000 people were killed, and over a million people lost their homes and livelihood. Amidst this catastrophe, 8 days after the disaster, on the 10th of May, the SPDC held a referendum for its bogus constitution, and claimed a 93% yes vote. Later in the year, political prisoners were given extended jail sentences, and their lawyers were arrested and given long jail sentences from 20-65 years as well. This was in order to silence all possible political opposition by the democratic movement and its leaders.

The military rulers of Burma now plan to implement the 7th Stage of their so-called �Road Map to Disciplined Democracy� � the 2010 general elections. The abovementioned facts and track record of the military show that they are determined to maintain power, at the expense of the wellbeing of the nation. In 1948 Burma had gained independence and was known as the �Rice bowl of Asia�, and its currency had real value. It was known as a fast developing nation�. However, after 1962, Burma�s position rapidly plummeted, and it eventually reached Least Developed Country status, and had one of the worst human rights abuses records in the world. The military leaders of today are in reality clones spawned by Ne Win � they were the coup leaders of 1988, and none of the promises given by them have ever been kept. Their denial of foreign aid after Cyclone Nargis illustrates that they are not, and have never been, concerned about the welfare of the people. This present day attempt to fool the international community into believing that they will adopt a democratic process is merely a facade. It is no more than a carbon copy of the 1974 constitution which was designed to keep the military in power. Thus, the planned so-called return to civil rule will only further enslave the nation, and will extinguish all genuine democratic opposition to their rule.

In this critical year of 2009, we ask delegates of the international community at the United Nations General Assembly�s annual meeting and the European Union not to recognize this bogus and fraudulent election designed by the military. We ask all to join forces and to use the instruments of the United Nations to bring about a genuine change and true democracy for the people of Burma. We thank you in anticipation for the work you are about to undertake.


Sincerely,

The Undersigned


View Current Signatures
Posted by ၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီ at Monday, January 11, 2010 0 comments
Labels: