Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday, 13 October 2009

မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်
ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
၁၂ အောက်တိုဘာ ၂၀၀၉


ကိုးကန့်ဒေသကို ဗမာစစ်တပ်က၀င်စီးပြီး လုယက်တဲ့အတွက် တရုတ်လုပ်ငန်းရှင်တွေ နစ်နာဆုံးရှုံးရတဲ့ကိစ္စမှာ လျော်ကြေးဒေါ်လာသန်း (၄၀) ကျော်ပေးဖို့ ယူနန်ဘက်က တောင်းထားကြောင်း သိရတယ်။ တကယ်တော့ ကိုးကန့်နဲ့‘၀’ဒေသကို မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်လို့ခေါ်နိုင်တယ်။ ကိုးကန့်အဖွဲ့နဲ့ ဗမာစစ်အစိုးရ ပထမဆုံးအပစ်အခတ် ရပ်စဲနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးသူ ဘိန်းမှောင်ခိုဟောင်း လော်စစ်ဟန်ဟာ ကိုးကန့်တရုတ်ပါ။ ကိုးကန့်နယ်မှာ လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ခွင့်ရတာဟာ အပစ်အခတ်ရပ်စဲရတဲ့အကြောင်းတခုဖြစ်တယ်။ ဒါပေမယ့် စာချုပ်စာတမ်းရေးထားတာမဟုတ်ဘဲ နုတ်ကတိလောက်နဲ့ နားလည်မှုယူထားတာဖြစ်လို့ တရုတ်ပိုင်ပစ္စည်းသိမ်းတာ အငြင်းပွားစရာဖြစ်နေတယ်။
မြန်မာပြည်ထဲ ယူနန်တရုတ်ဝင်နေတာ နှစ်ပေါင်းထောင်ချီနေပါပြီ။ ယူနန်နဲ့ အထက်မြန်မာပြည်ဆက်နေတာမို့ ယူနန်မှာ အပြောင်းအလဲဖြစ်တိုင်း မြန်မာပြည်အထိ ဂယက်ရိုက်လာတတ်တယ်။ လွန်ခဲ့တဲ့ အနှစ် (၂,၀၀၀) ကျော် ယူနန်မှာကြီးစိုးတဲ့ နန်ကျောင်က ၀င်တိုက်တဲ့အတွက် ပျူနိုင်ငံပျက်စီးရတယ်လို့ ရှေးဟောင်းသမိုင်းဆရာတွေက ဆိုပါတယ်။ တရုတ်ပြည်မှာ မွန်ဂိုအာဏာရပြီး ယူနန်အထိ အာဏာစက် ချဲ့လာတဲ့အခါ မြန်မာနဲ့ထိတွေ့ပြီး (၁၃) ရာစုနှောင်းပိုင်းမှာ မွန်ဂိုဝင်တိုက်တဲ့အတွက် နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပုဂံပြည်ပျက်စီးရတယ်။ အဲဒီနောက် ရှမ်းမျိုးနွယ်တည်ထောင်တဲ့ အင်းဝနန်းဆက်အနှစ်တရာကျော်မှာ ယူနန်-မြန်မာကုန်သွယ်ရေး စတင်တယ်လို့ သမိုင်းဆရာတွေက ဆိုတယ်။
(၁၇) ရာစုမှာ တရုတ် ‘မင်’ မင်းဆက်ကို မန်းချူးချင်က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ ‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံတယ်။ အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည်ရောက်တရုတ်တွေ စခန်းထကြတဲ့အတွက် တိုင်းရေးပြည်ရာ အလွန်ရှုပ်ထွေးလာတယ်တဲ့။ နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်းလိုက်ရတယ်။ ဒါပေမယ့် တရုတ်တပ်ကြီးအပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတဲ့ ယုံလီမင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဟာ ကိုးကန့်ဒေသမှာ အခြေစိုက်နေထိုင်တဲ့အတွက် ကိုးကန့်တရုတ်ပေါ်ပေါက်လာတာလို့ အဆိုရှိတယ်။ (၁၇) ရာစုနှောင်းပိုင်းကစပြီး ကိုးကန့်တရုတ်ရယ်လို့ ပေါ်ထွက်လာတာဖြစ်လို့ ပြည်နယ်လေးလိုဖြစ်နေတာ ကြာလှပါပြီ။ ကိုးကန့်တရုတ်ကို တောင်ပေါ်တရုတ်လို့ ယူနန်မှာ လူသိများတယ်လို့ ‘တာကာနို’ က ဆိုပါတယ်။ ပထမဆုံး ၀တိုင်းရင်းသားနဲ့ လက်ရည်တပြင်တည်း နေထိုင်စားသောက်တဲ့ နိုင်ငံခြားသားဟာ ဂျပန်အမျိုးသား ဟီဒဲယုကိ-တာကာနို ဖြစ်ပါတယ်။
(၁၄) ရာစုလောက်ကတည်းက မြန်မာ့ကျောက်စိမ်းကို ယူနန်တရုတ်က မျက်စိကျခဲ့တာပါ။ (၁၈) ရာစုနှောင်းပိုင်း ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၃-၁၇၇၆) တရုတ်-မြန်မာနယ်ခြားစစ်ပွဲ ပြီးဆုံးသွားတာဟာ ယူနန်-မြန်မာကုန်သွယ်ရေး တိုးပွားစေတဲ့ အကြောင်းရင်းဖြစ်တယ်။ (၁၉) ရာစုမှာ အမရပူရအခြေစိုက် ယူနန်တရုတ်က ၀ါဂွမ်းနဲ့ကျောက်မျက်ကို ယူနန်ကို တင်ပို့ပြီး ပိုးချည်ရွှေငွေနဲ့ သတ္တုအိုးခွက်ကို ယူနန်က တင်သွင်းပါတယ်။ သေဆုံးသူ တရုတ်ကုန်သည် (၆,၀၀၀) ကျော်ရဲ့ အမည်စာရင်းကို အမရပူရတရုတ်ဘုံကျောင်းမှာ တွေ့ရတယ်လို့ ကိုလိုနီခေတ်အစီရင်ခံစာတခုမှာ ရေးထားတယ်။ မိုးကောင်းကို ဗဟိုပြုပြီး ကုန်သွယ်ရာမှာ ကချင်လူမျိုးကို ကျောက်တွင်းပိုင်အဖြစ် သတ်မှတ်တာကို ဗမာမင်းက မကန့်ကွက်ပါဘူး။
လားပေါ်မှာကုန်တင်ပြီး သယ်ယူပို့ဆောင်တဲ့လုပ်ငန်းကို ယူနန်သားတွေ ကျွမ်းကျင်ကြတယ်။ ကုန်းကြောင်းခရီးကြမ်းမှာ လားတန်းနဲ့လိုက်ပါတဲ့ ယူနန်သားကို ‘လားတရုတ်’ လို့ အညာမှာခေါ်တယ်။ ယူနန်-မြန်မာ-လာအိုနဲ့ ထိုင်းနိုင်ငံအကြား ရာစုနှစ်အတော်ကြာ လားတန်းနဲ့ ကုန်သွယ်တုန်း ယူနန်ကို မပြန်တဲ့ တရုတ်လည်းရှိတယ်။ (၁၉) ရာစုမှာ ပန်းသေးတရုတ်မွတ်စလင်ရဲ့ ယူနန်သူပုန် အရေးနိမ့်တဲ့အခါမှာလည်း ပန်းသေးတရုတ်အများအပြား ရှမ်းပြည်မှာ ၀င်ရောက်ခိုလှုံပြီး အရင်ရောက်တဲ့ ကိုးကန့်တရုတ်နဲ့ ရောကုန်တာရှိသလို ထိုင်းနိုင်ငံမြောက်ပိုင်းအထိ ဆင်းသွားသူတွေလည်း ရှိတယ်။
ယူနန်က ဘိန်းစိုက်တဲ့ဓလေ့ကို ကိုးကန့်က အမွေဆက်ခံတာပါ။ အရှေ့အိန္ဒိယ အင်္ဂလိပ်ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်မှာ စိုက်သမျှဘိန်းကို လက်ဝါးကြီးအုပ်ဝယ်ယူပြီး တရုတ်ပြည်ကို တင်ပို့တယ်။ တပြည်လုံးဘိန်းစားဖြစ်ကုန်မှာ စိုးလို့ တရုတ်အစိုးရက ဘိန်းတင်သွင်းခွင့် ပိတ်လိုက်တော့ (၁၉) ရာစုမှာ ပထမဘိန်းစစ် ဖြစ်ပွားတယ်။ တရုတ်ကစစ်ရှုံးတော့ ဘိန်းရောင်းဝယ်မှု တိုးပွားလာတယ်။ တရုတ်ပြည်မှာပါ ဘိန်းစိုက်ပျိုးလာတာမို့ ဘုရင်စနစ်ကိုဖျက်သိမ်းပြီး သမ္မနိုင်ငံထူထောင်တဲ့ ၁၉၁၁ ခုနှစ်မှာ တရုတ်ပြည်ဟာ ဘိန်းတန်ချိန် (၂၂,၀၀၀) ကျော် ထုတ်လုပ်နေပါပြီ။
ယူနန်ပြည်နယ်က ဘိန်းစိုက်တဲ့ဓလေ့ဟာ အိမ်နီးချင်းဒေသတွေအထိ ပျံ့နှံ့လာတာမို့ မြန်မာနယ်စပ် ကိုးကန့်နဲ့ဝဒေသမှာ (၁၉) ရာစုနှောင်းပိုင်းကတည်းက အကြီးအကျယ် ဘိန်းစိုက်ပျိုးခဲ့တယ်။ စာရေးဆရာရွှေရိုးအမည်ခံ James George Scott အဲဒီဒေသကို ခရီးထွက်စဉ်က ဘိန်းခင်းတွေများလွန်းလို့ ရက်အတော်ကြာခရီးသွားတာတောင် ဘိန်းခင်းတွေက မဆုံးသေးဘူးလို့ ရေးထားတယ်။ ၁၉၃၀ ခုနှစ်မှာ ကူမင်တန်တရုတ်အစိုးရက တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်လိုက်တဲအခါမှာ တရုတ်ကုန်သည်တွေဟာ ကိုးကန့်နဲ့ဝဒေသက ထွက်တဲ့ဘိန်းကို အားကိုးလာရပါတယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရဟာ သံလွင်မြစ်အရှေ့ဘက်ဒေသမှာသာ ဘိန်းစိုက်ခွင့်ပြုပြီး ပုံမှန်ဝယ်ယူလေ့ရှိပေမယ့် သံလွင်မြစ်အနောက်ဘက်ဒေသမှာတော့ ဘိန်းစိုက်ခွင့်မပြုပါ။ ကချင်ပြည်နယ်မှာလည်း အနည်းအကျဉ်းစိုက်ပျိုးခွင့်ပြုပါတယ်။ အထက်မြန်မာပြည်က ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ငွေကြေးထောက်ပံ့တဲ့အနေနဲ့ ဘိန်းကို မဟာမိတ်ဘက်ကသုံးတယ်။ ၁၉၄၈ ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်စတင်ဖြစ်ပွားတော့ တရုတ်ပြည်မှာ ပြည်တွင်းစစ် ပြီးဆုံးသွားပါပြီ။ စစ်ရှုံးတဲ့ တရုတ်ကူမင်တန်တပ်အချို့ ရှမ်းပြည်အရှေ့ပိုင်းဒေသမှာ ၀င်ရောက်ခြေကုပ်ယူပြီး တရုတ်ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးစားတဲ့လှုပ်ရှားမှုနဲ့ နောက်ပိုင်းပေါ်ပေါက်တဲ့ ရှမ်းလက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ဘိန်းလုပ်ငန်းဟာ အဓိက အရေးပါလာပါတယ်။
တရုတ်ကွန်မြူနစ်ကိုတိုက်မယ့် ကူမင်တန်တရုတ်တပ်ကြီးကို ရှမ်းပြည်နယ်မှာ ပြန်လည်ဖွဲ့စည်းပါတယ်။ လက်နက်ခဲယမ်းကို ထိုင်ဝမ်က တိုက်ရိုက်ပို့ပေးပြီး ကုန်ကျစရိတ်ကိုတော့ ဘိန်းလုပ်ငန်းက ရတဲ့ငွေနဲ့ ထောက်ပံ့ပါတယ်။ ကူမင်တန်တပ်တွေဟာ ၁၉၆၁ ခုနှစ်လောက်အထိ ရှမ်းပြည်နယ်မှာ လှုပ်ရှားသွားတာမို့ ဘိန်းလုပ်ငန်းကို အုတ်မြစ်ချနိုင်ခဲ့တယ်။ ကွန်မြူနစ် တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးဖို့ ခက်ခဲလေလေ ရှမ်းပြည်က ဘိန်းလုပ်ငန်းလည်း ကြီးထွားလေလေဖြစ်လာတယ်။
တရုတ်ကွန်မြူနစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ယူနန်နယ်သားအများအပြား မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံပြန်ပါတယ်။ ဒီအထဲမှာ မွတ်စလင်တရုတ်နဲ့ မွတ်စလင်မဟုတ်တဲ့ KMT တရုတ်ဆိုပြီး နှစ်မျိုးရှိတယ်။ ကူမင်တန်တရုတ်တပ်က အကြွင်းအကျန်တွေကို KMT တရုတ်လို့ ခေါ်တာပါပဲ။ KMT တပ် ထိုင်ဝမ်နိုင်ငံကို ရွှေ့ပြောင်းတော့လည်း လိုက်သွားသူက နည်းနည်း၊ ထိုင်း-မြန်မာနယ်စပ်မှာ အခြေချသူများက များပါတယ်။ ဘိန်းဖြူနဲ့ ကျောက်မျက်မှောင်ခိုလုပ်ငန်းမှာ စီးပွားရှာကြသူတွေပါပဲ။
ဒီနေရာမှာ ယူနန်တရုတ်လို့ပြောပေမယ့် ကိုးကန့်တရုတ်၊ ‘၀’တရုတ်၊ KMT တရုတ်၊ ပန်းသေးတရုတ် စတဲ့ တရုတ်အားလုံး အကျုံးဝင်တယ်။ လောစစ်ဟန်၊ လောစစ်မင်း၊ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး၊ ပေါက်ယူချမ်း၊ လင်မင်းရှန်၊ ခွန်ဆာ (ခေါ်) ချန်ရှီဖူး၊ ဝေဆူကိုင်စတဲ့ ဘိန်းမှောင်ခိုတွေဟာ တရားဝင်စီးပွားရှာခွင့်ရလာတယ်။ ငွေရင်းရှိတဲ့တရုတ်ဟာ သူတို့နဲ့ဆက်ပြီး စီးပွားရေးလုပ်ကြတယ်။ မဆလဆိုရှယ်လစ်ခေတ်မှာလည်း တရုတ်စီးပွားရေးသမားတွေပဲ ချမ်းသာကြတယ်။ မြန်မာက ဆိုရှယ်လစ်သင်တန်းတက်နေချိန်မှာ တရုတ်က မဆလစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်နေတော့ ချမ်းသာတာပေါ့။ ဗမာစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်တာ တရုတ်ထုံးစံဖြစ်နေပြီ။ ဗမာစစ်တပ်ကို ဆက်ကြေးမှန်မှန်ပေးနေရင် တရုတ်ပြည်နယ်ဟာ ကြီးပွားချမ်းသာဖို့သာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့အခြေအနေမှာ တရုတ်ပြည်နယ်တွေဟာ အကြီးအကျယ်ချမ်းသာမယ့် အလားအလာရှိပါတယ်။
ပည်သူနဲ့ နိုင်ငံရေး
သက်ထွန်း
post byFriday, October 09, 2009



ဒီကနေ့အချိန်အခါမှာ အတိုက်အခံအင်အားစုတွေဖက်ကနေ ပြည်သူတွေကိုဒီမိုကရေစီရေးအတွက် ပူးပေါင်းပါဝင်ကြဖို့ လက်တွဲတိုက် ပွဲဝင်ကြဖို့သွားပြောရင်၊ ပြည်သူတွေဘက်က ဒီမိုကရေစီိဆိုတာဘာလဲ ဆိုတဲ့မေးခွန်းကို မေးဖို့လိုအပ်လာလိမ့်မယ် ဘာကြောင့်ဆို ပြည်
သူတွေဟာ အတိုက်အခံအင်အားစုတွေဖက်ကကော၊ စစ်အုပ်စုရဲ့ဖက်ကပါ ပစ် ပါယ်ထားခံရတဲ့ အမေ့လျော့ခံတွေဖြစ်နေလို့ပါဘဲ၊ လိုအပ်ချက်ရှိတဲ့အခါ ပြည် သူ ပြည်သူလို့အော်နေကျတဲ့ အတိုက်အခံအင်အားစုတွေရဲ့ အနေအထားနဲ့ ဖိ နှိပ်အုပ်ချုပ်ဖို့နဲ့ ဂုတ်သွေးစုတ်ဖို့ပဲ သတိတရရှိနေတဲ့ စစ်အာဏာရှင်တွေရဲ့ ကြား စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာ ကြာပြီမို့ ဖြစ်ပါတယ်။

ပြည်သူတွေကို လွတ်လပ်ပွင့်လင်းတဲ့ဘဝနဲ့ တိုးတက်တည်ငြိမ်မှုကိုဖြစ်စေချင် တဲ့ အတိုက်အခံအင်အားစုတွေဘက်က ပြည်သူကိုတသားတည်း လက်တွဲ ခေါ်နိုင်ဖို့ရာ အင်မတန်အရေးကြီးတဲ့ဖြစ်စဉ်မို့ အားကောင်းတဲ့အရွေ့တွေကို ပြည်သူပေါ်မှာ တူရူချက်တွေအဖြစ် ဖော်ဆောင်နိုင်ဖို့ လိုအပ်နေတယ်။

ဒီနေရာမှာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောသဘာဝတွေဟာ ဘာတွေလဲဆိုတာကို ပြည်သူတွေအားလုံး ရှင်းရှင်းလင်းလင်းနား လည်စေအောင် လုပ်ပေးဖို့လိုအပ်သလို ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီစနစ်ကို အခြေခံထားတည်ဆောက်ထားတဲ့ နိုင်ငံတခုက အစိုးရတရပ်ရဲ့အုပ်ချုပ်မူအောက်မှာ အသက်ရှင်နေထိုင်ရတာနဲ့ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုထားတဲ့ နအဖ စစ်ဖိနပ်အောက်မှာ နေခဲ့ရတဲ့ ပြည်သူတွေရဲ့ဘဝဟာ ဘယ်လိုကွဲပြားခြားနားမှုရှိလိမ့်မယ်ဆိုတာကို ကွဲကွဲပြားပြားသိမြင်လာအောင် လက်ခံလာအောင် လုပ်ပေးဖို့လိုအပ်တယ်။

ဒါကြောင့် ပြည်သူ့အသိဥာဏ် ပွင့်လင်းတိုးတက်ရေး သို့တည်းမဟုတ် အစိုးရတရပ်ရဲ့ အခြေခံရှိသင့်ရှိထိုက်တဲ့အုပ်ချုပ်မှုပုံစံ (ကျင့်သုံး နေတဲ့စနစ်) ဘာလဲဆိုတာ ပြည်သူတွေသိလာအောင် လုပ်ပေးနိုင်မယ်၊ ဒီမိုကရေစီဆိုတာ ကျင့်သုံးရမယ့်ကျင့်ထုံးတွေအဖြစ် သဘော ပေါက်လာတဲ့အခါ ပြည်သူတွေမှာ ဒီမိုကရေစီရဲ့အခြေခံတွေ ရှိလာလိမ့်မယ်။

ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ပြည်သူလူထုကို တကယ့်ထိတွေ့မှုဟာ အလွန်နည်းပါးနေ သေးတယ်၊ မိမိတို့ရဲ့တိုက်ရိုက်နိုင်ငံရေး လိုအပ်ချက်တွေ၊ လုပ်ဆောင်မှုတွေအပေါ်တင်အားထားလုပ်ဆောင်နေမှုနဲ့ (ခပ်ရှင်းရှင်းပြောရရင်တော့ အသုံးချဖို့ စိတ်ထားမျိုးတွေရှိ နေရုံ) အတိုက်အခံအင်အားစုတွေ အတွင်းခန်းထဲမှာတင် (capacity building) လုပ်ငန်းတချို့ လုပ်နေရုံနဲ့တော့ တိုင်းပြည်က ဘယ် လိုမှ ပြောင်းလဲမှာမဟုတ်ဘူး၊ ဒီလုပ်ငန်းတွေကိုမလုပ်ရဘူးလို့ မဆိုလိုပေမဲ့ တိုင်းပြည်တခုရဲ့ စနစ်တခုကနေတခုကို တော်လှန် ပြောင်းလဲတဲ့ဖြစ်စဉ်တခုမှာ အစစ်အမှန်အင်အားဟာ ပြည်သူလူထုရဲ့လက်ထဲမှာပဲရှိနေတယ်။ ပြည်သူပါမှ အောင်မြင်တဲ့ပြောင်းလဲမှု ကို ရနိုင်တယ်ဆိုတဲ့အချက်ဟာ အရေးအကြီးဆုံးဖြစ်သလို အဓိကထားရမယ့် အရေးကိစ္စဖြစ်တယ်။

ဘယ်လိုမဟာဗျူဟာမျိုးကို ရေးဆွဲသည်ဖြစ်စေ ပြည်သူပါဝင်နိုင်မှုမဲ့တဲ့ စဉ်းစားချက်မျိုးကိုအခြေခံပြီး ချဉ်းကပ်နေသမျှတော့ ဘယ် သောအခါမှ လက်တွေ့ကျကျ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်တဲ့ မဟာဗျူဟာမျိုးကို ရမှာမဟုတ်ပါဘူး။

အခုဆိုရင် ပြည်သူလူထုရဲ့အနေအထားဟာ အင်မတန်နက်ရှိုင်းတဲ့ ဆင်းရဲမွဲတေမှုချောက် ကမ်းပါးထဲမှာရောက်နေပေမယ့် စစ်အာ ဏာရှင်တွေနဲ့ သူတို့ရဲ့လက်ပါးစေ လက်မရွံ့တွေကို အင်မတန်မုန်းတီးစက်ဆုပ်နေပေမယ့် သူတို့ဘဝရဲ့ နေ့စဉ်အသက်ရှင် နေထိုင်ရ တဲ့ အခြေအနေတွေဟာ မှားယွင်းမှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာ သိနေပေမယ့် စစ်အာဏာရှင်တွေကို ကြောက်ရွံ့ထိတ်လန့်မှု အရိပ်မည်းကြီးကဖုံးလွမ်းထားသလို တဖက်မှာလည်း ပြည်သူတွေရဲ့ စိတ်ထဲမှာအာရုံထဲမှာဖြစ်နေတာက လက်ရှိဘဝဖြစ်တည်နေတာ နဲ့ ဒီမိုကရေစီရှိတဲ့ဝန်းကျင်တခုမှာ နေရတာနဲ့ဟာ ဘာမှကွဲပြားခြားနားမှုရှိလိမ့်မယ်လို့ မထင်သလို ခံလည်းမခံစားဘူး။

ဒါကြောင့်အခုချိန်မှာ ပြည်သူတွေဘက်က ဆန့်ကျင်ထကြွမယ်ဆိုရင်လည်း စစ်အစိုးရရဲ့ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် စစ်အစိုးရ ဟာ ရက်စက်ယုတ်မာလွန်းတယ်ထင်လို့သာဖြစ်ပြီး ဒီမိုကရေစီကို လိုချင်လွန်းလို့တော့မဟုတ်ပေဘူး။

ဒါကြောင့် ဒီမိုကရေစီတော်လှန်ရေးဆိုတဲ့ စကားလောက်နဲ့ ပြည်သူကိုသွားစည်းရုံးရင် ကျိန်းသေတာကတော့ ပြည်သူတွေ စိတ်မဝင် စား တော့ဘူးဆိုတာပါဘဲ၊ ဒီနေရာမှာ ဒီမိုကရေစီတော်လှန်ရေးဆိုတာဟာ သာမာန်နိုင်ငံရေးစနစ်တခုကနေ တခုကိုပြောင်းလဲဖို့ ဦး တည်ချက် မဟုတ်တော့ဘဲ ပြည်သူတွေအားလုံးရဲ့ လူမူဘဝတခုလုံးရဲ့ အပြောင်းအလဲဖြစ်တည်မှုအတွက် လူမှုတော်လှန်ရေးပါဖြစ် တယ်ဆိုတာကို တင်ပြနိုင်ဖို့လိုအပ်တယ်။

ဘာကြောင့်လည်းဆိုတော့ ပြည်သူလူထုရဲ့ဘဝမျော်လင့်ချက်နဲ့ အနာဂါတ်မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမပေးနိုင်ရင်၊ လမ်းမပြနိုင်ရင် ဘယ်သူကမှ တက်ကြွပါဝင်လာမှာမဟုတ်ဘူး၊ ဒီမိုကရေစီစနစ်ဟာ စစ်အာဏာရှင်စနစ်နဲ့ (ပြည်သူတွေရဲ့ဘဝ တည်ငြိမ်အေးချမ်းဖို့၊ တိုးတက်ဖို့၊ လွတ်လပ်စွာရှင်သန်ခွင့်ရဖို့) ကွာခြားလွန်းတယ်ဆိုတာ ပြည်သူတွေယုံကြည်လာဖို့ရာ အရေးတကြီးလိုအပ်တယ် ပုပ်သိုး ဆွေးမြေ့နေတဲ့ဝန်းကျင်က ထွက်ပေါ်လာတဲ့လေကို ရှူရှိုက်ရတာနဲ့ ရှင်းသန့်ပွင့်လင်းတဲ့ ဝန်းကျင်ကလေကို ရှူရှိုက်ရတာဟာ ဘယ် လောက်ကွာခြားကြောင်းနဲ့ အကျိုးဆက်တွေကိုသိနားလည်လာစေဖို့ လုပ်ဆောင်ရမှာဖြစ်တယ်၊ ဒီနေရာမှာ တော်လှန်ရေး တော်လှန် ရေးဆိုတဲ့ စကားလုံးသက်သက်ကြွေးကြော်မှုတွေကို ရပ်တန့်ကြပြီး၊ ပြည်သူလူထုရဲ့ လက်ရှိအခြေအနေမှန်ပေါ်ကစပြီး ဖြည့်ဆည်းမူ၊ အလေးထား သုံးသပ်မှုကိုလုပ်ကြရမယ်၊ ပြည်သူတွေနဲ့ တသားတည်းခံစားချဉ်းကပ်ရမယ်၊ စည်းရုံးရမယ်၊ တည်ဆောက်ရမယ်၊ ပြည် သူတွေရဲ့ကျမ်းမာရေး၊ ပညာရေး၊ နေ့စဉ်ဘဝနဲ့ပတ်သက်တဲ့ ဗဟုသုတ အစရှိသဖြင့် ပြည်သူတွေရဲ့ဘဝမှာ တိုးတက်လာအောင် လုပ် ပေးရမယ်၊ ပြည်သူတွေ သိသင့်သိထိုက်တာတွေအားလုံးကို နည်းလမ်းမျိုးစုံနဲ့ (ဥပမာ - မီဒီယာတွေကနေ့တဆင့်၊ စာရွက် စာတမ်း၊ စာအုပ်ဖြန့်ဝေတာမျိုး) ဖြန့်ဝေပေးသင့်တယ်၊ သတိပြုသင့်တာကတော့ နိုင်ငံရေး စကားလုံးခန့်ခန့်ကြီးတွေ၊ ကျမ်းကိုးကျမ်းကားစကား တွေ၊ သီအိုရီအဖွဲ့အနွဲ့တွေကို ပြည်သူတွေ မလိုအပ်ဘူးဆိုတာပါဘဲ၊ ရိုးရိုးရှင်းရှင်းနဲ့ သူတို့ရဲ့ လက်ရှိဘဝတွေ ဖြစ်ရပ်တွေကို ပုံဖော်ပေး နိုင်ဖို့ ကိုယ်စားပြုပေးနိုင်ဖို့နဲ့ အားမာန်ရှိရှိ တည်ဆောက်ရဲတဲ့ အသိတွေ၊ စိတ်တွေဖြစ်ပေါ်လာဖို့ကိုပဲ လိုအပ်တာပါ ။

ပြည်သူကို စည်းရုံးတည်ဆောက်တဲ့အခါ လက်တွေ့မပါတဲ့ မျော်လင့်ချက်ပေးစည်းရုံးတာမျိုး၊ လွဲမှားတဲ့အသိပေးပြီး စည်းရုံးတာမျိုး အ သုံးချခံသက်သက်ဖြစ်ဖို့ စည်းရုံးတာမျိုးကို ရှောင်ကျဉ်သင့်တယ်၊ အဓိကအချက်ကတော့ ပြည်သူဆိုတာ ကိုယ့်ရဲ့ အာဏာရမ္မက်မီး တောက်ဖို့ မီးစာမဟုတ်ဘူးဆိုတာ သိထားဖို့လိုတာပါဘဲ၊ ပြည်သူတွေရဲ့ ဖြစ်တည်မှုဟာ မိမိအတွက်အသက်ရှင် နေထိုင်ရခြင်းထက်၊ သူတပါးအတွက် အသက်နေရသလိုမဖြစ်စေဖို့လိုပါတယ်။

ဒီနေရာမှာ ပြည်သူဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုသလဲဆိုတာ ထင်သာမြင်သာရှိဖို့ လိုအပ်ပါတယ်၊ ပြည်သူဆိုတာ အအုပ်ချုပ်ခံ သက်သက်လား၊ အခွန်ပေးသက်သက်လား၊ မဟုတ်ပါဘူး။ အုပ်ချုပ်သူဖြစ်တယ်၊ တိုင်းပြည်ရဲ့အင်အား အစစ်အမှန်ဖြစ်တယ်၊ မူလပိုင် ရှင်ဖြစ်တယ်။

သို့ပေမဲ့ ဒီအခြေအနေမှန်အားလုံးပျောက်ဆုံးနေတာဟာ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေဖြစ်တယ်ဆိုတာ ရှင်းလွန်းနေပြီဖြစ်တယ်၊ ဘာကြောင့်ဆို စစ်အာဏာရှင်စနစ်ရဲ့လက်အောက်မှာတော့ သူတို့ရဲ့ ဒေါက်တိုင်ဖြစ်စေမယ့် အဖွဲ့အစည်းမျိုးတွေကို သူတို့ကိုယ်တိုင် စိတ်တိုင်းကျ ဖော်ဆောင်နိုင်မယ့် ပုံသဏ္ဍာာန်နဲ့ ဖွဲ့စည်းလေ့ရှိတာကလွဲလို့၊ သူတို့ထိန်းချုပ်မှုမပါဘဲ လွတ်လပ်မှုရှိတဲ့ အစိုးရနဲ့မသက် ဆိုင်တဲ့ လူမှုအဖွဲ့အစည်းများကို ဖွဲ့စည်းဆောင်ရွက်မှုမျိုး ဘယ်တော့မှခွင့်ပြုမှုရှိမှာ မဟုတ်လို့ဖြစ်တယ်၊ ပြည်သူတွေအတွက် ဘယ်ဖိ နှိပ်မှုမျိုးမှ မပါရှိဘဲ၊ သူတို့ကိုယ်တိုင်ရဲ့ လွတ်လပ်စွာပူးပေါင်းပါဝင်ခွင့်မရှိတဲ့ အနေအထားမျိုးမှာတော့ လူ့အဖွဲ့အစည်းတရပ်ရဲ့ စစ်မှန် တဲ့ ပွင့်လင်းတိုးတက်မှုဖြစ်စဉ်တွေနဲ့ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။

တကယ်က ပြည်သူတွေကို ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ပြည်သူတွေက ဘယ်လိုဖြစ်ချင်တယ် ဆိုတာကိုလက်ခံတဲ့ အ တွေးအခေါ်ဟာ ပြည်သူတွေရဲ့ဘဝကို ပုံဖော်တဲ့နေရာမှာ အလွန်ကွာခြားပါတယ်၊ အခြေခံအားဖြင့် အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ အစိုးရတရပ် သို့တည်းမဟုတ် အုပ်ချုပ်သူလူတန်းစားဟာ ပြည်သူကိုသူတို့အလိုကျ လက်ညှိုးထောင် ခေါင်းညိတ်ဘဝမျိုးမှာဘဲ အ သက်သွင်းထားလိုတာကလွဲလို့ တခြားဘာအဓိပ္ပါယ် ဖွင့်ဆိုချက်ကိုမှ လက်မခံတဲ့အတွက် အာဏာရှင်မှန်သမျှဟာ ပြည်သူတွေကို ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ်မှာပဲ တိမ်းညွှတ်လေ့ရှိကြပြီး၊ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရတရပ် သို့တည်းမဟုတ် ဒီမို ကရေစီအစိုးရမျိုးကတော့ ပြည်သူကိုအခြေခံစဉ်းစားလေ့ရှိတာမို့ ပြည်သူတွေက ဘယ်လိုဖြစ်ချင်တယ်ဆိုတာကို အလေးအနက်ထား လေ့ရှိပါတယ်။ ဒါကြောင့် တည်ငြိမ်တိုးတက်တဲ့ နိုင်ငံတခုဖြစ်ဖို့ရာ (ပြည်သူတွေကိုနိုင်ငံရေးနဲ့ဝေးရာသို့ ပို့ထားခြင်းမျိုး မပြုဘဲ) အခြေခံ ကျတဲ့ နိုင်ငံရေးဖြစ်စဉ်တွေအားလုံးမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရယူနိုင်ဖို့လိုအပ်ပါတယ်။

ဒီလိုတူရူချက်မျိုးအတွက် ပြည်သူတွေမှာအသိပညာ ဗဟုသုတနဲ့ခံစားချက်ကို မျှမျှတတပေါင်းစပ်နိုင်ဖို့ အခွင့်အလမ်းတွေရှိဖို့ရာ လို အပ်ပါတယ်၊ ပိတ်ဆို့မဲမှောင်နေတဲ့ ဝန်းကျင်စနစ်မျိုးနဲ့ တော့ လားရာကောင်းကို ဦးတည်နိုင်ဖို့ရာ အခြေအနေပေးမှာမဟုတ်ပါဘူး။

လူ့အဖွဲ့အစည်းတခု သို့တည်းမဟုတ် တိုင်းပြည်တခုမှာ စနစ်တခုကနေစနစ်တခုကို ကူးပြောင်းဖို့ ကျိုးစားတဲ့ဖြစ်စဉ်ဟာ တော်လှန် ရေးတရပ်ဘဲဖြစ်ပါတယ်၊ ဒါကြောင့် အောင်မြင်မှုကိုလိုချင်ရင် အဓိကအင်အားဖြစ်တဲ့ ပြည်သူတွေကို လိုအပ်တဲ့အရာမှန်သမျှ တပ်ဆင် ပေးနိုင်ခြင်း ရှိမရှိဆိုတာဟာ အဖြေဘဲဖြစ်ပါတယ်။
သက်ထွန်း
Don't Throw Your Sword to a Theif
Student Movements Ko Ba Hein to Kyaw Ko Ko by Aung Way Final
Prospect 4 a Democratic Future
Making Enemies
Making Enemies

View Joint Statement on 2010 Election Boycott (English)

Joint Statement on 2010 Election Boycott (English)