Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 10 October 2009

မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်

Burma Democratic Concern - BDC မှ online radio Burmese အစီအစဉ်အသစ်ကို စတင်လိုက်ပါပြီ။ လတ်တလောအစီအစဉ်များအဖြစ် မြန်မာ့နိုင်ငံရေး အာဘော်များ၊ သတင်းများ၊ ဆောင်းပါးများ၊ သီချင်းများအား အလှည့်ကြတင်ဆက်နေပါသည်။
BDC ၏ အထိကရည်ရွယ်ချက်မှာ ကမ္ဘာ့ပြည်သူများနှင့်အတူ မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများလည်း မြန်မာပြည်၏ နိုင်ငံရေးအခြေအနေများ၊ သတင်းအချက်အလက်များကို နားဆင်သိရှိနိုင်ရေးကို အထူးအရေးပေး ရည်ရွယ်ထားပါသည်။ သောတရှင်များ၏ နိုင်ငံရေးအမြင်များ၊ သတင်းအချက်အလက်များ၊ တေးသီချင်းများ ပေးပို့ခြင်း၊ တောင်းဆိုခြင်းများ ပြုလုပ်နိုင်ပါသည်။ စီးပွါးရေးလုပ်ငန်းရှင်များ အတွက်လည်း မိမိကိုယ်ပိုင်၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္မဏီလုပ်ငန်းများအား ကြော်ငြာလိုပါက BDC သို့ဆက်သွယ်နိုင်ပါသည်။ ချစ်သူ၊ မိတ်ဆွေ၊ မိသားစုများ အတွက်လည်း တစ်ဦးနှင့်တစ်ဦး မွေးနေ့ဆုတောင်းများ အပြန်အလှန်ပေးပို့ တောင်းဆိုနိုင်ပါသည်။ အသေးစိတ်ကို BDC သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Radio မြန်မာပိုင်း အစီအစဉ် ထုတ်လွင့်ချိန်
Friday-
11:00 to 13:00 (GMT)
16:30 to 18:30 (Myanmar Standard Time)


Saturday-
24:00 to 02:00 and 11:00 to 13:00 (GMT)
05:30 to 07:30 and 16:30 to 18:30 (Myanmar Standard Time)


Sunday-
24:00 to 02:00 (GMT)
05:30 to 07:30 (Myanmar Standard Time)


အထက်ပါ Radio အစီအစဉ် ထုတ်လွင့်ချိန်များအား သောတရှင်ပြည်သူများ ပိုမိုအဆင်ပြေ နားဆင်နိုင်ရန် ထပ်မံတိုးချဲ့ထုတ်လွင့်သွားပါမည်။

Radio နားဆင်ရန် -
၁။ Winamp Player အား Download လုပ်ရပါမည်။ (မှတ်ချက်။ ။သင့်ကွန်ပြူတာတွင် ရှိပြီးသားဖြစ်ပါက Version 2.05 အထက် Version များကိုပြန်လည် Install လုပ်ရန်မလိုပေ။)
၂။ Download လုပ်ထားသော File ကို Double Click နှိပ်ပြီး Install ပြုလုပ်ပါ။
၃။ icyx://uk2-pn.mixstream.net:8156 - ၎င်း URL ကို Play List တွင် Paste ထည့်၍ Play လုပ်ပြီး နားဆင်နိုင်ပါသည်။


လိုအပ်ချက်များရှိပါက အကြံပြုစာများ ရေးသားပေးပို့နိုင်ပါသည်။
ကျေးဇူးတင်ပါသည်-
Burma Democratic Concern