Tuesday, 30 December 2008
NLD လူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက် ဒေါ်စုလွှတ်ပေးရေး တောင်းဆို
ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။
“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။
အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များမှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊ ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့် သက်မောင်ထွန်းတို့ဖြစ်သည်ဟု အေအေပီပီက ထုတ်ပြန်ထားသည်။
မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။သတင်း- ခေတ်ပြိုင်
Assistance Association for Political Prisoners Breaking News
Today, the National League for Democracy (NLD) party held a ceremony to mark the 61st anniversary of Burma Independence Day at their headquarters. After the event, nine NLD Youth members marched from NLD headquarters to Sanchaung Township, Rangoon, holding photographs and placards with Daw Aung San Suu Kyi’s image. They called for the release of all political prisoners, and demanded national reconciliation.The nine are:
Tun Tun Win (from Sanchaung Township), Htet Htet Oo Way (from Shwepyithar Township), Ye Ni Oo, Pyae Pyae, Aung Phyo Wai, Min Thein, Win Myint Maung (aka) Pe Pyoat, Kaung Htet Naing, and Thet Maung Tun.


