Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 22 July 2009

Myo Yan Naung Thein- July Dream



၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း။ (မိုးမခက ပြန်လည် တင်ဆက်ပါတယ်)

ဇူလိုင် ၇ ရက်နေ့ အလည်တခေါက် ပြန်ရောက်လာပြန်ပြီ။ ဒီတစ်ခါတော့ အင်္ဂါနေ့ပေါ့။ ဇူလိုင်အိပ်မက်လည်း ဒုတိယနှစ်ထဲ ၀င်လာပြီ။ မြန်မာ့သမိုင်းမှာ ဒေါင်းပျိုတွေ သွေးမြေခခဲ့တဲ့ ဒီနေ့ရက်ကို မမေ့နိုင်ကြသေးသလို အခုချိန်ထိ တိုက်ပွဲဝင်ဆဲ နှစ် ၂၀ က ဒေါင်းပျိုတွေလည်း အိုတော့ပါမယ်။ မျိုးဆက်သစ် ဒေါင်းပျိုတွေလည်း သမိုင်းတာဝန် လက်ဆင့်ကမ်း ယူနေကြတာလည်း တွေ့ရမှာပါ။ နေ့တွေညတွေ တစ်လှည့်စီ ဖြတ်သန်းပြီး အချိန်တွေ ကုန်သွားခဲ့ပေမယ့် လုပ်ရပ်တိုင်းဟာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ခဲ့မှာတော့ ငြင်းမရပါဘူး။

ဒီနေရာမှာ ကိုယ်ရေးကိုယ်တာတွေ ရေးနေတာ များတော့လည်း အကြွားပိုတယ်ဆိုပြီး အမြင်ကပ်တဲ့သူလည်း ကပ်လောက်ပါပြီ။ ဓါတ်ပုံတွေ ရိုက်ပြီး ရေးချင်တာတွေ လျှောက်ရေးနေခဲ့လို့ မျက်စိနောက်နေတဲ့လူလည်း ရှိလောက်ပါပြီ။ ခြံစည်းရိုး ခွထိုင်လို့ဆိုပြီး ဆဲတဲ့သူတွေလည်း ဆဲကြပါတယ်။ ပေါတောတော လုပ်လိုက် ခပ်တည်တည်ကြီး နေလိုက်နဲ့ စာဖတ်သူတွေလည်း အရူးလင်လုပ်ရသလို ဖြစ်နေပါပြီ။ အဲဒီလို သည်းခံခဲ့ရတဲ့ မကောင်းသူရော ကောင်းသူရော၊ ရှိရှိသမျှ ပုပုကွကွ သွယ်သွယ်လျလျ အိုကြီးရွတ်တွ နုပျိုလှပ စာဖတ်သူ ဆဲသူ သောက်မြင်ကပ်သူ အားလုံးကို ကျွန်တော်ဇူလိုင် ကျေးဇူးမတင် ဖင်လှန်ပြတာမျိုး မဖြစ်ရလေအောင် ကျေးဇူးတင် စကားတော့ ပြောချင်မိပါတယ်။ ဒါပေမယ့် ကျေးဇူးတင်စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်လို့ လိုရင်တိုရှင်းပဲ ပြောလိုက်ပါတော့မယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျ။

ဒီနေ့ဒီရက်မှာတော့ ကျောင်းတော်ကြီးက သူငယ်ချင်းကြီးကို သတိတော့ ရမိသားဗျ။ သူလည်း အကျဉ်းစံ ဒေါင်းပျိုပဲလေ။ အခုချိန်မှာတော့ အင်းစိန် ထောင်တွင်း တစ်နေရာရာမှာပေါ့။ သူက ကျွန်တော့်ထက် အသက် ခုနစ်နှစ်ကျော် ကြီးတယ်။ ကံတရားက မထင်မှတ်ပဲ ဆုံတွေ့ခွင့် ပေးခဲ့တော့လည်း ဟိုမရောက် ဒီမရောက် ဘာမှကို မဟုတ်တဲ့ ကျွန်တော့်လိုကောင်နဲ့ သူငယ်ချင်း လာဖြစ်ကြတယ်။ သူဆိုတာက မျိုးရန်နောင်သိန်းပါ။ စက်မှုတက္ကသိုလ် ဗိသုကာ ကျောင်းသားပေါ့။ ကျွန်တော်တို့ကတော့ သူ့ကို S One (S1) လို့ ခေါ်ပါတယ်။ အတွင်းရေးမှူး ၁ ပေါ့ဗျာ။ သူက ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်းဆောင်လုပ်ခဲ့လို့ ၁၉၉၇ မှာ ထောင် ခုနစ်နှစ် ချခံလိုက်ရပါတယ်။




Photo Credit: Facebook

၂၀၀၃ မှာ ကျွန်တော် နယူးဒေလီက ပြန်လာတော့ သူ... ထောင်က ပြန်လွှတ်လာပြီ။ သူက စတုတ္ထနှစ်မှာ ထောင်ကျသွားတာဆိုတော့ ထောင်က လွှတ်လာတော့ ၀ိုင်တီယူမှာ စတုတ္ထနှစ်ကနေ ပြန်တက်ခွင့်ရပါတယ်။ ကံကောင်းချင်တော့ နည်းပညာတက္ကသိုလ်မှာ နောက်ဆုံးအသုတ်က စတုတ္ထနှစ်ဖြစ်နေပါပြီ။ သူသာ ၂၀၀၄ မှ ထောင်က ထွက်လာရရင် တက်စရာအတန်း မရှိတော့ပါဘူး။ ၀ိုင်အိုင်တီမှာ ဒုတိယနှစ်၊ တတိယနှစ် တက်ရင်းနဲ့ ထောင်ကျခဲ့တဲ့ သူတွေမှာ တက်စရာ အတန်းမရှိတော့လို့ ကျောင်း ဆက်မတက်ဖြစ်တော့ပါဘူး။

ကျွန်တော်လည်း ကုလားပြည်က ပြန်လာတာဆိုတော့ ကျောင်းစာတွေ မစုံပါဘူး။ စာမေးပွဲက နောက်အပတ် တနလာင်္နေ့။ ပြန်ရောက်တာက သောကြာနေ့။ ကြားထဲမှာ စာလုပ်ဖို့ ၃ ရက်ပဲ အချိန်ရှိတယ်။ အဲဒီတော့ မေဂျာတူ သူငယ်ချင်းအရင်းတွေကို အပူကပ်ရတာပေါ့။ မိုင်နာဘာသာတွေအတွက် မြို့ပြအင်ဂျင်နီယာဌာနက ဆရာစိုးစိုးကို အပီအပြင် ဒုက္ခပေးခဲ့တယ်။ ဆရာ့အိမ်မှာပဲ အိပ်ပြီး စာလုပ်ခဲ့တယ်။ စာမေးပွဲ ပြီးတော့လည်း ဒီဇိုင်းပရောဂျက်တွေ လုပ်ဖို့ ကျန်သေးတယ်။ မူလတန်းကျောင်းရယ် စာကြည့်တိုက်ရယ် ဆေးရုံရယ် ဒီဇိုင်း ဆွဲရမယ်။ အဲဒီမှာ မဗေဒါရဲ့အစ်မလတ် နေ့မနား ညမနား ပုံကူဆွဲပေးခဲ့ရှာတယ်။ စာတမ်းတွေလည်း တင်ရသေးတယ်။ ဒီလိုနဲ့ စတုတ္ထနှစ် အောင်စာရင်း ထွက်လာရော။ ကျွန်တော်ကတော့ လွတ်လွတ်ကျွတ်ကျွတ် အောင်ပါတယ်။

အဲဒီမှာ ကိုရန်နောင်ကြီး ကျပါတယ်။ အဲဒီလို ကျတဲ့သူတွေကို စာမေးပွဲ နောက်တစ်ခါ ပြန်ဖြေခွင့် ပေးပါတယ်။ အဲဒီအတွက် သူ ကြိုးပမ်းရှာပါတယ်။ သူငယ်ချင်းတစ်ယောက်က ချိတ်ပေးလို့ သူ့ ကျွန်တော်ဆီမှာ အကူအညီ တောင်းပါတယ်။ ကျောင်းစာတွေ ရှင်းပြပေးဖို့။ စာတမ်းမှာ ၀ိုင်းကူပေးဖို့။ ဒီဇိုင်းတွေအတွက် ပုံကူဆွဲပေးဖို့။ ကျွန်တော်ကလည်း စတုတ္ထနှစ်မှာ ကျောင်းတက်ထားတာ မဟုတ်တော့ သူ့ကို ကူညီပေးဖို့ ခက်လှပါတယ်။ ဒါပေမယ့် ကျွန်တော်က အတန်းထဲက တခြားသူငယ်ချင်းတွေကို သူ့အတွက် အကူအညီ တောင်းပေးနိုင်မှန်း သူသိထားတယ်။ အတန်းထဲက လူတွေက ထောင်ထွက် သူ့ကို နည်းနည်းစိမ်းနေသလားပဲ။ အဆက်အဆံ သိပ်မရှိလှဘူးလို့ ထင်မိတယ်။။ အဲဒီတော့ ကျွန်တော်က ကြားပွဲစား လုပ်ပေးလိုက်ပါတယ်။

စာတော်တဲ့ သူငယ်ချင်းတွေဆီက ကျောင်းစာတွေ မိတ္တူဆွဲပါတယ်။ စာမေးပွဲအတွက် အဓိက လေ့လာရမယ့် အပိုင်းလောက်ပဲ မိတ္တူကူးပြီး တွက်ချက်ပုံတွေကို တခါတည်း ရှင်းပြခိုင်းတယ်။ ပြီးတော့ ကျွန်တော်က ကိုရန်နောင်ကို ပြန်ရှင်းပေးပါတယ်။ စာတမ်းအတွက် သူငယ်ချင်း အချို့ကို ကူခိုင်းပါတယ်။ ကျွန်တော်က စာစီပေးပါတယ်။ ဒီဇိုင်းအတွက်တော့ မယ်ကိုးတို့ မဗေဒါအစ်မတို့ ၀ိုင်းဆွဲပေးကြပါတယ်။ အဲဒါတွေ အချိန်မှီ ပြီးဖို့အတွက် ကြားထဲကနေ တောင်ပြေး မြောက်ပြေး လုပ်ခဲ့ပေးတာကတော့ ကျွန်တော်ဇူလိုင်ပါပဲ။ ကျွန်တော် လုပ်နိုင်သလောက် သူ့ကို လုပ်ပေးလိုက်တာ သူ စတုတ္ထနှစ် စာမေးပွဲ အောင်သွားပါတယ်။ ဌာနက ဆရာ ဆရာမတွေရဲ့ စေတနာလည်း သူ့အပေါ် ရှိကြမှာပါ။ ဒီလိုနဲ့ တစ်တန်းပြီး တစ်တန်း တက်လာခဲ့လိုက်တာ ကိုရန်နောင်တစ်ယောက် နည်းပညာတက္ကသိုလ်ကနေ ဗိသုကာဘွဲ့ ရသွားပါတယ်။

ထောင်ကနေ ထွက်လာအပြီးမှာ ထောင်ကျဆိုပြီး သိမ်ငယ်မနေပဲ ကိုယ့်အောက် အသက်အများကြီး ငယ်တဲ့ အတန်းဖော်တွေရဲ့ အကူအညီနဲ့ ဗိသုကာဘွဲ့ကို ရအောင်ယူပြသွားတဲ့ သူ့ကို လေးစားမိပါတယ်။ ဒူးမထောက် လက်မမြှောက်တတ်တဲ့ သူ့ရဲ့ စိတ်ဓါတ်ကို သဘောကျမိပါတယ်။ သူက စကားပြောရင်လည်း နှိမ့်နှိမ့်ချချ ပြောတတ်ပါတယ်။ သူ့ကို အားကျမိတဲ့ နောက်တစ်ခုက ဘာသာစကား ကျွမ်းကျင်မှုပါ။ အင်္ဂလိပ် ပြင်သစ် စပိန် ဘာသာသုံးမျိုးကို မွှတ်နေအောင် ပြောနိုင်ပါတယ်။ လှည်းတန်းက သူ့အိမ်မှာလည်း စကားပြော သင်တန်းလေး ဖွင့်ထားပါသေးတယ်။

တခါတလေ လှည်းတန်းဘူတာမှာ ဆရာရွှေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင် ကိုရန်နောင်လည်း ပါတတ်တယ်။ ကျောင်းပြီးတဲ့ နောက်ပိုင်းမှာလည်း သူ့အိမ်ကို အလည်အပတ် ရောက်ဖြစ်သေးတယ်။ သူ့ဆီ သွားလည်တိုင်း သူ့အိမ်နားက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် လိုက်တိုက်လေ့ရှိတယ်။ လက်ဖက်ရည်ဆိုင် သွားရင် သူ့ရဲ့တူလေးကို ခေါ်လာတတ်တယ်။ ချမ်းသာလွန်းတာလည်း မဟုတ်ပဲနဲ့ အမြဲတမ်းလိုလို လက်ဖက်ရည်ဖိုး ရှင်းနေလို့ တခါတလေမှာ ကျွန်တော်တို့က လုပြီး ပိုက်ဆံ ရှင်းနေရတယ်။

သူ့ပုံစံက ကာတွန်းဝိဇ္ဇာရေးတဲ့ တာယာပွကြီး ဆိုတဲ့ ဇာတ်ကောင်နဲ့တောင် တူသလိုလိုပဲ။ အဲဒီလိုဆိုတော့လည်း သွားခေါခေါနဲ့ ရုပ်ဆိုးတဲ့ ကျွန်တော်က နေထက်ပူပြင်း ဆိုတဲ့ ဇာတ်ကောင်နဲ့ တူသွားပြန်ရောဗျ။ အခုချိန်မှာ ဗိုက်ကလည်း ပူနေတဲ့အပြင် အပျင်းကလည်း ကြီးနေတော့ ပူပြင်းဆိုတဲ့ ဇာတ်ကောင်နဲ့ ကျွန်တော့်ပုံစံ ကွက်တိဖြစ်နေပြီပေါ့လေ။

သူနဲ့ ပတ်သက်ပြီး သတိထားမိတာက ကျွန်တော်တို့ကို နိုင်ငံရေးအကြောင်း သိပ်မပြောပါဘူး။ နိုင်ငံရေး ဆွယ်တရားတွေလည်း မဟောပါဘူး။ သူ့စကားထဲမှာ လက်ရှိအစိုးရကို အမြင်မကြည်တဲ့ အကြောင်းတော့ အရိပ်အမြွတ်လောက် ပါတာမျိုးပဲ ရှိတယ်။ ဒါတောင် မကျေနပ်ချက်တွေ များလွန်းလို့ ပွင့်အန်ထွက်လာတဲ့ တစ်ခွန်းစ နှစ်ခွန်းစ စကားတွေပါ။ သုမနကျောမှာ အရှိုးရာတွေ မနည်းခဲ့တဲ့ သူဆိုတော့လည်း စကားကို အတော်လေး ထိန်းပြောပါတယ်။ တခါတလေလည်း ဆေးပေါ့လိပ်ခဲပြီး တစ်ခုခုကို တွေးငေးနေတတ်တယ်။

သူ့ကျေးဇူးနဲ့ပဲ ပြည်လမ်းက ကျောင်းမှာ ပြင်သစ်စကား လေ့လာခွင့် ရလိုက်တယ်။သူ့ကျေးဇူးနဲ့ပဲ သံရုံးက ဦးစီးကျင်းပတဲ့ ပွဲလမ်းသဘင်တွေ တက်ဖူးသွားတယ်။ သူ့ကျေးဇူးနဲ့ပဲ ရုပ်သေးပွဲတွေ ကြည့်ဖူးသွားတယ်။ သူ့ကျေးဇူးနဲ့ပဲ ဂီတသံစဉ်တချို့ကို ထိတွေ့ခွင့်ရခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ထောင်တွင်း အတွေ့အကြုံတွေ ကြားဖူးနားဝ ရှိသွားတယ်။

သူ့ကျေးဇူးနဲ့ပဲ ကျွန်တော် မျက်လုံးတွေအောက် ရောက်ခဲ့ရတယ်။ သူ့ကျေးဇူးနဲ့ပဲ ရဲစခန်း ရောက်သွားခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ဒုရဲအုပ်ရှေ့မှာ စစ်ချက် ပေးခဲ့ဖူးတယ်။

သူ... ထောင်က ထွက်လာခဲ့တုန်းက ခြေမသန်တော့ဘူး။ လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ ဖြစ်နေတယ်။ ဆေးပေါ့လိပ်ကလည်း သောက်သေးတယ်။ ဒီတော့လည်း ချောင်းကလည်း ဆိုးတာပေါ့။ ကျန်းမာရေးလည်း ထူထူထောင်ထောင် မရှိလှဘူး။ မြင်လိုက်ရရင် ယဲ့တဲ့တဲ့လေးပါပဲ။ အဲဒီလောက် ဖြစ်နေတာတောင် ၂၀၀၇ စက်တင်ဘာမှာ လမ်းလျှောက် ထွက်လိုက်သေးတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်နဲ့ခန္ဓာကို ချိုးနှိမ်ထားထား ဦးမကျိုးတဲ့ ပုံစံဆိုတာ ဒါမျိုးပဲလား။

ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်တဲ့အမှုနဲ့ ကိုရန်နောင်တစ်ယောက် ၂၀၀၇ ဒီဇင်ဘာမှာ ပြန်အဖမ်းခံလိုက်ရတယ်။ ဒုတိယအကြိမ်မြောက် ထောင်ကျသွားပြန်တယ်။ အခုတော့ အင်းစိန် ထောင်ထဲမှာပေါ့။ သေချာပါတယ် သူ... လုံးဝ ဒူးမထောက် လက်မမြှောက်ပါဘူး။ ကျွန်တော်တို့ တစ်နေ့နေ့မှာ ပြန်ဆုံအုံးမှာပါဗျာ။

၂၀၀၉ ဆဲဗင်း ဇူလိုင် အမှတ်တရလေးပါ။


http://moemaka.com/index.php?option=com_content&task=view&id=4422&Itemid=41
တစ်ကမ္ဘာလုံးက စောင့်စားနေကြတဲ့ သြဂုတ်လ ၂၇ရက်နေ့
မနက် ၁၂နာရီခွဲ

ကဲ...သူငယ်ချင်းတို့ရေ...
သတင်းထူးလေးတခုကို လက်တို့ပြီးတော့ ပြောရဦးမယ်။
၂၀၀၉ သြဂုတ်လမှ စတင်ကာ မိုးကောင်းကင်မှာ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မယ်..တဲ့။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ..တဲ့။ အဲဒါအပြင် သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာ ကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles အထိ နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထားပါတယ်..တဲ့။ဒ့ါကြောင့် သြဂုတ်လ ၂၇ ရက် 12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို ကြည့်သူတိုင်း တွေ့မြင်ကြ ရမှာပါ..တဲ့။ဒီတကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို၊ ခရစ်နှစ် ၂၂၈၇ခုနှစ်အထိ၊ (နောက်နှစ်ပေါင်း ၁၇၇နှစ်အထိ) စောင့်ကြရမှာပါတဲ့..နော်။ ကဲ..သူငယ်ချင်းတို့ရေ.... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး လနှစ်စင်းပြိုင်လင်းမယ့် သတင်းထူးလေးကို ဖြန့်ဝေပေးလိုက်ကြပါဦးနော်.. ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်ကြာ ဒီတကြိမ် မကြည့်လိုက်ရရင်.. သက္ကရာဇ် 2287 ခုနှစ်ထိကို အသက်ရှည် မရှည် မသေချာဘဲ..စောင့်စားနေရမှာစိုးလို့ပါနော်။
ကြည့်ဖြစ်သူတွေလည်း ဓါတ်ပုံ၊ဗွီဒီယို မှတ်တမ်းလေးတွေ ရိုက်ထားကြဦးနော်..။ဟိုး တလောက လမင်းပြုံုးတုန်းကလို မှတ်တမ်းတင်ထားနိုင်သူတွေရဲ့ ကျေးဇူးကြောင့် မကြည့်ဖြစ်လိုက်ရသူတွေလည်း အင်တာနက်မှာ ...you tube မှာ ပြန်ကြည့်လို့ရနိုင်တာပေါ့နော်..။ဒီတခေါက်လည်း လနှစ်စင်း ပြိုင်လင်းတာကို မှတ်တမ်းတင်နိုင်သူတွေ ကျေးဇူးကြောင့် မကြည့်ဖြစ်သူတွေအတွက်..မုဒိတာပွားစရာ တခုပဲပေါ့နော်..။
အော်..မေ့နေမှာစိုးလို့..ကောင်းကင်ကိုကြည့်ရှုမှတ်တမ်းတင်ရမယ့်
နေ့ရက်က၂၀၀၉ သြဂတ်စ်လ 27ရက၊်ကြာသပတေးနေ့။အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်း ပြိုင်တူလင်းတာကို စောင့်ကြည့်ဖို့ မမေ့ကြနဲ့နော်။
ပေးပို့သူ
(၂၀၀၉ ဇူလိုင် ၁၆ရက် ၊ ဂျီမေးလ်မှရရှိခဲ့သော သတင်းထူးဖြစ်ပါသည်။)


--
စာဖတ်ပရိသတ်များခင်ဗျား

ပြည်တွင်းမှ ရုရှားပြန် တပ်မတော် အရာရှိတစ်ဦး ပေးပို့လာတဲ့
သူ့ကိုယ်တွေ့ကလည်း ဗဟုသုတ တစ်ခုမို့ လေ့လာနိုင်ဖို့ ဒီကနေ့
တင်ပြပေးလိုက်ပါတယ်။ တကယ်တော့ ရုရှား ပညာတော် သင်တွေကို ဒီထက်ပိုပြီး
ထောက်ပံ့ကာ အနာဂတ်အတွက် အသိအမြင် ကျယ်ပြန့်ပြီး တိုင်းပြည်နဲ့
လူမျိုးအတွက် အမှန်တကယ် အသုံးဝင်အောင် အဓိပ္ပါယ်ရှိရှိ မွေးမြူသင့်ပါတယ်။
တပ်မတော်ဆိုတာ နိုင်ငံ့ဂုဏ်ဆောင်သာ ဖြစ်စေလိုကြောင်း၊ နိုင်ငံတကာမှာ
သိက္ခာရှိရှိ ဖြစ်စေလိုကြောင်း မျိုးချစ် တပ်မတော်သားများက ဆန္ဒပြုရင်း
အခုလို တာဝန်ထမ်းဆောင်ဆဲမှာပင် ရေးသားပေးပို့လာတဲ့ ရုရှားပြန်
မောင်ကျောင်းသားအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး
ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပြီး စည်းလုံးခြင်းရဲ့  အင်အား
ဝက်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ
ဆောင်းပါးရှင် – မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)


၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး
တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင်
မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ
အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။ ၄င်းတို့ အားလုံး အဘယ်ကြောင့်
မျက်နှာများ မသာမယာ ဖြစ်နေရပါသနည်း။

သင်တို့ ယုံချင်မှ ယုံပါလိမ့်မည်။ ထိုသူတို့သည် ဗိုလ်ချူပ်ကြီး မောင်အေး၏
စကားဖြင့်ဆိုရလျှင် တပ်မတော်မှ ချီးမြှောက်ခြင်း ခံရသော
ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရသည့် အညတရ အရာရှိများ ဖြစ်ပါသည်။
နိုင်ငံရပ်ခြားသို့ ပညာတော်သင် သွားရခြင်းသည် မကောင်းပါလား။ ကောင်းပါသည်။
အလွန်ကောင်းပါသည်။

ပညာတော်သင် ရွေးချယ်ပုံမှာ ထက်မြက် ထူးချွန်သည်ဟု ယူဆသော အရာရှိများကို
ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အရွေးခံရသော အရာရှိများမှာ
ကိုယ့်ကိုကိုယ် မယုံရဲရဲဖြင့် အပျော်ကြီး ပျော်ခဲ့ရသေးသည်။ တချိန်က ပြည်ပ
ပညာတော်သင် စေလွှတ်လေ့ ရှိသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊
ပါကစ္စတန်တို့လို ရေခံမြေခံကောင်းပြီး နိုင်ငံခြား လစာငွေ တနင့်ကြီး
ရကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက တိုက်ခန်းလေး တစ်ခု
လောက်တော့ ၀ယ်နိုင်ကြပါသည်။ ထို့ကြောင့် အရွေးခံရသော အရာရှိများမှာ
မည်သည့် နိုင်ငံမှန်း မသိရသေးခင်ကတည်းက ၀မ်းသာခဲ့ရသည်။

ယခု ပညာတော်သင် အရွေးခံရသော အရာရှိ ၂၀၀ နီးပါး ရှိပါသည်။
ထိုအရာရှိများကို တပ်မတော် အမှတ် (၂) စစ်ဆေးရုံကြီးတွင် ဆေးစစ်ပါသည်။
အသဲရောင် အသားဝါ ဘီတွေ စီတွေ လာမပြောနဲ့။ အားလုံးအောင်။ အားလုံး
ကောင်းပါသည်။ အဲ..အဲ ဆေးကျသော အရာရှိ အချို့လည်း ရှိပါသည်။
ဗိုလ်မှူးကြီးနှင့်အထက် အဆင့်ရှိ အရာရှိများ၏ သားတချို့တော့ ဆေးကျပါသည်။
ထိုဆေးကျသော အရာရှိများမှာ ဆေးကျသည် ဆိုသော်လည်း မျက်နှာများမှာ
ဝင်းပနေပါသည်။ ကျန်အရာရှိများမှာ ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်ကြရသည်။

ဆေးအောင်အရာရှိများကို ဗိုလ်ချူပ်ကြီးမောင်အေး အမှူးပြုသော
လေ့ကျင့်ရေးအရာရှိချူပ်၊ စစ်ထောက်ချူပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့်
သိပ္ပံနဲ့ နည်းပညာဝန်ကြီးများက သြ၀ါဒများ ပေးကြပါသည်။ ဗိုလ်ချူပ်ကြီး
မောင်အေး စကားပြောစဉ် ရုရှားနိုင်ငံသို့ သွားရမည် ဖြစ်ကြောင်းနှင့်
ထိုနိုင်ငံတွင် သုံးစွဲရန် ဒေါ်လာ ၁၀၀ ပေးမည်ဟု မိန့်မိန့်ကြီး
ပြောလိုက်ရာ အောက်တွင် အဟုတ်မှတ်၍ နားထောင်နေသော အရာရှိများမှာ “ဟာ…”
ဆိုသည့် ၀ုန်းကနဲ အသံကြီး ထွက်လာကြပါတော့သည်။ ဗိုလ်မောင်အေးလည်း အခြေအနေ
မကောင်းမှန်းသိ၍ ချက်ချင်းပင် သူ့အနေနှင့် ဒေါ်လာ ၅၀ နှင့်
တပ်ချူပ်ကြီးတို့မှ ဒေါ်လာ ၅၀ ထပ်ပြီး မုန့်ဖိုး ပေးပါမည်ဟု အမောတကာ
ပြောကာ ချွေးသိပ်လိုက်ပါသည်။

ထိုအချိန်က အရာရှိများသာ ကြောက်၍ ငြိမ်နေခဲ့လျှင် ဒေါ်လာ ၁၀၀ နှင့်
ရုရှားတွင် ခွေးလုံးလုံး ဖြစ်ကြရမည်ပင်။ ထိုလစာ ကိစ္စပြီးသည်နှင့်
ဗိုလ်မောင်အေးလည်း ချက်ခြင်း လစ်သွားတော့သည်။ ကျန်ရှိနေသည့်
ဗိုလ်ချူပ်များက အခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားသည်မှာ
နိုင်ငံတော်အနေဖြင့် အခု အရာရှိများကို အများကြီး မြှောက်စား ထားကြောင်း၊
တပ်ချူပ်ကြီးကလည်း စေတနာ ဘယ်လောက်ရှိကြောင်းနှင့် ယခု ရုရှားနိုင်ငံတွင်
နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည်
ဖြစ်ကြောင်း ပြောကြပါတော့သည်။

ထိုသို့ပြောကြရာတွင် သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းမှာ
အဆိုးဆုံးဖြစ်ပြီး ၀န်ကြီးတစ်ဦးနှင့် မလျော်ညီစွာ စကားအဆင့်အတန်း
အောက်တန်းကျလှသည်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ခိုးစရာရှိတာ
ခိုးဖို့ လိုကြောင်း၊ ကိုယ်တိုင် မထုတ်လုပ်နိုင်ပါက ရသည့်နည်းနှင့်
ဝယ်မည်ဖြစ်ကြောင်း၊ ထို့အပြင် နျူးကလီးယားစက်ရုံ တည်ဆောက်ခြင်းသည် အလွန်
ငွေကုန်ကြေးကျ များသောကြောင့် တိုင်းပြည်က ဤဒုက္ခကို ခါးစည်းခံရမည်
ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အငတ်ခံ၍ ကြိုးစားမည် ဖြစ်ကြောင်း
စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားပါသည်။ တက်ရောက်သော အရာရှိများ
အားလုံး သိကြပါသည်။


ဤသို့ ကြိုးစားရခြင်းမှာလည်း တပ်ချူပ်ကြီးက စတုတ္ထ မြန်မာနိုင်ငံတော်ကို
တည်ထောင်လို၍ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်ခဲ့ပါက
အရှေ့တောင်အာရှတွင် စစ်ရေးအရ အင်အား အကြီးဆုံး ဖြစ်လာပြီး
ယိုးဒယားကိုလည်း ခြေထောက်ဖြင့် ပါးရိုက်မည် ဖြစ်ကြောင်း စသည်ဖြင့်
မိုက်မိုက်ရိုင်းရိုင်း ပြောဆိုသွားလေသည်။

ရုရှားနိုင်ငံမှ ပညာရှင် အမျိုးသမီးများကို ပန်းကုံးခြွေပြီး
မြန်မာနိုင်ငံသို့အရ ခေါ်လာရန် တပ်ချူပ်ကြီးနှင့် ဒုချူပ်ကြီးတို့က
အမှာပါးလိုက်ပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အရာရှိများကို
ထိုက်ထိုက်တန်တန် ဂုဏ်ပြု ဦးမည်ဟုလည်း ထပ်ဆင့် ပြောလိုက်ပါသေးသည်။
နားထောင်နေသော အရာရှိများ၏ စိတ်ဓါတ်များသည် တဟုန်းဟုန်းတောက်နေသော မီးကို
ရေဖြင့် လောင်းလိုက် သကဲ့သို့ ငြိမ်ကျသွားကြရသည်။

အဆင့်အတန်းရှိသော အရာရှိအများစု၏ စိတ်ထဲတွင်တော့ ငါတို့သွားရမည့် ခရီးသည်
အဘယ်လောက် ကျက်သရေ ယုတ်ပြီး အမင်္ဂလာ ရည်ရွယ်ချက်များ ပါတကားဟု ခံယူ
နားလည်သွားကြပြီး တက်ကြွခြင်း ကင်းမဲ့စွာဖြင့် ယူကြုံးမရ
ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချူပ်ကြီးများ၏ ထိုဂုဏ်ယူဖွယ်ရာ ခရီးစဉ်တွင်
၎င်းတို့၏ ဆွေမျိုးသားချင်း ဆေးကျ အရာရှိများ မပါကြသည်ကို ခပ်ရေးရေးတော့
သဘောပေါက်မိခဲ့ကြပါသည်။

ဤသို့ဖြင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ကျောင်းသား ခေါင်းဆောင်အဖြစ်
ဦးဆောင်လျက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးသို့
ရောက်ရှိ ခဲ့ကြပါသည်။ မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းမှ အပြန်
ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာပြည်တွင် ဘယ်သူမှ မော်မကြည့်ရဲသော
စစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော တီးခဲ့ပါသည်။

ကွဲသူကွဲ၊ လဲသူလဲနှင့် တကယ့်ကို အမင်္ဂလာ ကျောင်းဖွင့်ရက် ဖြစ်လေသည်။
မိမိတို့ အကြောင်းကို ပြည်ပတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့်
မြန်မာသံရုံးမှ သံအမတ်ကြီးဟောင်း ဦးတင်စိုး (ယခင် လပခ ဒုတိုင်းမှူး) အား
တိုင်ကြားကြပါသည်။ သံအမတ်ကြီး ဦးတင်စိုးသည် သတင်းကြားကြားချင်း
ကျောင်းသားအိပ်ဆောင်သို့ အပြေးရောက်လာကာ မြန်မာကျောင်းသားများကို
မိုက်မိုက်ရိုင်းရိုင်း ဆဲပါတော့သည်။



ဘယ်အစွန်ဆုံး မျက်မှန်နဲ့ ပုဂ္ဂိုလ်ကတော့ အော့ကျောလန် သံအမတ်ကြီးဟောင်း
ဗိုလ်မှူးချုပ် တင်စိုး


အဖြေက မြန်မာကျောင်းသားများ မနေတတ် မထိုင်တတ်၍ ယခုလိုဖြစ်သည်ဟု ကောက်ချက်
ချခြင်းဖြစ်ပါသည်။ ကျောင်းသားခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခမျာ
ကြီးကောင်ကြီးမား အရွယ်ကျမှ ကလေးတွေ ရှေ့တွင် အခုလို အဆဲခံရ၍ မျက်နှာမှာ
နီရဲနေပါတော့သည်။ သူ့ကို ကြည့်၍ ကျန်ကျောင်းသားများမှာ အားတုံ့အားနာ
ဖြစ်ကြရသည်။

အဆိုပါ ဒုတိယ ဗိုလ်မှူးကြီးသည် PhD ဘွဲ့ယူရန် လိုက်ပါလာခြင်းဖြစ်ပြီး
ပညာဥာဏ် ကြီးမားခြင်း၊ အောက်လက်ငယ်သားများ အပေါ်တွင်
ငဲ့ညှာခြင်းတို့ကြောင့် မြန်မာ ကျောင်းသားတို့က လေးစား ချစ်ခင်ကြပါသည်။
(ထိုဒုဗိုလ်မှူးကြီးသည် တပ်မတော်မှ ထွက်သွားရပြီ ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်တန်မဲ့ ပညာတော် လွန်းသောကြောင့် ဖြစ်သည်။)


ရုရှားတွင် နေစဉ်ကာလ တစ်လျှောက်လုံးတွင် မြန်မာသံအမတ်ကြီး၏
တာဝန်မဲ့မှုကြောင့် ရုရှား ဆိုးသွမ်းလူငယ်များ ရိုက်နှက်မှုကို
မြန်မာကျောင်းသားများ အလူးအလဲ ခံကြရပါသည်။ အချို့ဆိုလျှင် နားရွက်ကို
ဓါးဖြင့် အလှီးခံရခြင်း၊ ပယ်ပယ်နယ်နယ် အရိုက်ခံရသောကြောင့်
သွားအုံတစ်ခုလုံး ကျွတ်သွားခြင်း၊ မြေအောက် လမ်းကူးများတွင်
ဝိုင်းရိုက်ခံရခြင်း စသည်တို့မှာ နောင်ဆိုရင် အရိုးစင်းဆုံး သတင်းများသာ
ဖြစ်သွားခဲ့ရသည်။

ထိုကဲ့သို့ ဒုက္ခများအပြင် ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် ဖျားနာပြီး
ဆေးရုံတင်ခံရလျှင် တင်ပြကြသော်လည်း လက်မခံပေ။ စစ်သားဆိုတာ ခိုင်းတာလုပ်။
ကျွေးတာစား ဆိုသည့် ဦးနှောက်မဲ့စကားဖြင့် တုံ့ပြန်သည်။ မကျေနပ်သည့်
ကျောင်းသား အများက ထိုကဲ့သို့ မနာခံလျှင် ရုရှားဆရာဝန်များက တီဘီလိုလို၊
ကင်ဆာလိုလိုရောဂါများဟု ဆိုကာ ထိုကျောင်းသားကို မြန်မာပြည်သို့
ပြန်ပို့တတ်ပါသည်။

ထိုသို့ပြန်ပို့ခံရသော ကျောင်းသားပေါင်း မည်မျှရှိပြီး တပ်မတော်မှ
ထုတ်ပယ်ခံရခြင်းလည်း မနည်းလှတော့ပါ။ ဤသည်မှာ အန္တရာယ်များလှသော ရေဒီယို
ဓါတ်ခွဲစမ်းသပ်ခြင်းမှ ရရှိသော ရောဂါများသာ ဖြစ်ပါသည်။
အမှန်ဖြစ်သင့်သည်မှာ ကျောင်းအနေဖြင့် ရောဂါရသော ကျောင်းသားများကို
မြန်မာသံရုံးနှင့် ညှိနှိုင်းပြီး ဆေးကုသပေးသင့်သည်။ မြန်မာ
သံအမတ်ကြီးကလည်း မသိကျိုးကျွံပြုပြီး အားလုံး ကောင်းပါသည်ဟု လစဉ် Report
ရေးခြင်း မျိုး မလုပ်သင့်ပါ။ ကျောင်းသားများ နစ်နာလှပါသည်။

သို့သော် သံအမတ်ကြီး ဦးတင်စိုးသည် ကျောင်းသားအရေးထက် ရုရှား
တက္ကသိုလ်နှင့် လက်ဝါးရိုက်ကာ ငွေရပေါက် ဖန်တီးခြင်းကိုသာ အလေးထားပါသည်။
ရုရှား တက္ကသိုလ်များသည် ပုဂ္ဂလိက ကျောင်းများ ဖြစ်ပြီး တစ်ချို့
စာသင်ခန်းများတွင် လူပင်မရှိပါ။ လူမရှိရခြင်းမှာ တစ်ချို့ Department
များသည် လူကြိုက်နည်းသောကြောင့် ဖြစ်သည်။

ဤအချက်ကို အခွင့်အရေးယူပြီး သံအမတ်ကြီး ဦးတင်စိုးက တက္ကသိုလ်
အာဏာပိုင်များနှင့် ပူးပေါင်းကာ လူမရှိသည့် Department များတွင်
မြန်မာကျောင်းသားများကို ထိုးထည့်ပြီး ပွဲခဒေါ်လာ ရယူပါသည်။

(ဦးတင်စိုးသည် ဒေါ်လာစုရာတွင် ကျောင်းသားများကြား၌ အလွန် နာမည်ကြီးသည်။
သံအမတ်ကြီးဖြစ်ပါလျက်နှင့် ထမင်းချက်ခြင်းကို တစ်ကြိမ်သာ
သူ့အမျိုးသမီးကို လုပ်ခိုင်းသည်။ နံနက်ကချက်ထားသည့် ထမင်းကြမ်းနှင့်သာ
ညစာကို စားပါသည်။ စားသည့် အခါတွင်လည်း ဈေးအပေါဆုံး ကြက်သားကိုသာ တောချက်
ချက်စားသည်။ ထို့ကြောင့် သူ့ကတော်နှင့် သူ့သမီးမှာ ဘယ်အချိန်ကြည့်ကြည့်
မဲမဲခြောက်ခြောက်နှင့် လူမမာ ရုပ်ပေါက်နေသည်။ သမီးကို ရုရှားတွင်
ကျောင်းတက်နေသော DSTA 1 Intake မှ တစ်ယောက်နှင့် မော်စကိုတွင်
လက်ထပ်ပေးရာတွင် မင်္ဂလာပွဲလာ ကျောင်းသားများအား ဒေါ်လာသာ လက်ဖွဲ့ရမည်ဟု
မညှာမတာ ပြောပါသည်။ ပြန်ဧည့်ခံသည့် အစားအသောက်က ပေါင်မုန့်
အညံ့စားတစ်လုံးနှင့် အချိုရည် တစ်ခွက်သာ ဖြစ်ပါသည်။)

ဦးတင်စိုးသည် ပညာ၏ သဘောတရားကို နားမလည်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံက
ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန်
ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန်
ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို
ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။
ကျောင်းသားများက အကျိုးအကြောင်းကို တရားဝင် တမျိုး၊ တိုးတိုးတမျိုး
တင်ပြကာ မြန်မာပြည် ပြန်မည်ဟု အထွန့်တက်သည်။ ထိုအခါ ဦးတင်စိုးက
ပြန်ချင်လျှင်ပြန် သူတာဝန်မယူဟု တာဝန်မဲ့စကား ဆိုခဲ့လေသည်။

နောက်ဆုံးတွင် အမှန်တရားကို မြတ်နိုးပြီး မတရားတာကို ခေါင်းငုံ့မခံသည့်
ကျောင်းသားတချို့ အမိနိုင်ငံ ပြန်ကြသည်။ ဤကဲ့သို့ တရားလက်လွတ်
လုပ်ချင်တိုင်းလုပ်နေသော စစ်အာဏာရှင်များ ကြီးစိုးရာ တပ်မတော်တွင် မနေ၊
ထောင်ကျချင်လည်းကျ၊ ရုရှားမှ ဝေးလျှင်ပြီးရောဟု ဆုံးဖြတ်ကာ
ကျောင်းသားအချို့ ခံဝန်ချက် လက်မှတ်ထိုးပြီး ပြန်ကြသည်။

တကယ်ဆိုလျှင် ရုရှားတွင်ဆက်နေပြီး အိုးနင်းခွက်နင်း ဘာသာရပ်များကို
ဘွဲ့ရသည်အထိ သင်နိုင်ပါသည်။ ကျောင်းအာဏာပိုင်များက ပြန်မည့်
ကျောင်းသားများကို ဘွဲ့ပေးပါမည်။ မပြန်ပါနှင့်။ စာမေးပွဲလည်း
ဖြေစရာမလိုပါ။ နှစ်ကုန်သည်အထိ နေပါဟု တားရှာကြပါသည်။ သူတို့ စိတ်ထဲတွင်
မြန်မာကျောင်းသား အချဉ်လေးများထံမှ ကျောင်းလခ မရလျှင်
အလွန်နစ်နာသွားမည်ကို စိုးရိမ်ဟန် တူပါသည်။ ပညာတော်သင်
ကျောင်းသားများအတွက် မြန်မာ အစိုးရထံက မြက်မြက်ကလေး ရနေသလို ရုရှားကို
ဖါးနေရတဲ့ စစ်ခေါင်းဆောင်တွေကလည်း လက်သိပ်ထိုးကာ ရုရှားအား လူမိုက်ဌားခ
ပေးရတာမျိုးပါ။

အိုးနင်းခွက်နင်း ဘာသာရပ်ကို ဘွဲ့လွန်မပြောနှင့်။
ပါရဂူဘွဲ့လိုချင်လျှင်လည်း ရပါသည်။ စာသင်နှစ် ကုန်သည်အထိသာ နေရန်လိုသည်။
သို့သော် မြန်မာကျောင်းသားအချို့ အမှန်တရားကို ဆုပ်ကိုင်၍ မြန်မာပြည်သို့
ပြန်ကြပါသည်။

မြန်မာပြည် ပြန်ရောက်သောအခါ ထုံးစံအတိုင်း စစ်ခုံရုံးဖွဲ့၍ ပြန်လာရသော
အကြောင်းရင်းကို စစ်ပါသည်။ အဖြစ်မှန်ကို တင်ပြသော်လည်း သံအမတ်ကြီး
ဦးတင်စိုးက ကြိုတင်၍ ဖက်စ်နှင့် သတင်းပို့ချက်မှာ ပြန်သွားသော
ကျောင်းသားများသည် တပ်မတော်ကို အာခံပြီး အမိန့်ကို မနာခံကြောင်း၊
ထိုသူများကို ထောင်ချထုတ်ပယ်သင့်ကြောင်း စသဖြင့် သခင်အားရ
ကျွန်ပါးဝလေသံဖြင့် ဗိုလ်ချူပ်ကြီး မောင်အေးထံ တင်ပြထားပြီး ဖြစ်ပါသည်။
သို့သော် ဗိုလ်မောင်အေး တပည့်စစ်စစ် ဦးတင်စိုးမှာ သူ့စေတနာသူ အကျိုးပေး
အနားပေးခံရပြီးပါပြီး။

ထို့ကြောင့် ရုရှားမှ ပြန်လာကြသော ကျောင်းသားများ ကံမကောင်းကြပေ။
သို့သော်လည်း ထိုသူများကို ကျွန်တော် လေးစားချီးကျူးပါသည်။
မတွန်းလှန်နိုင်သူများမှာ ယခုအခါ ဆုပ်လဲစူး စားလဲရူး ဘ၀တွင်
ရောက်နေကြသည်။ ရုရှားမှ တတ်ယောင်ကား ဘွဲ့တစ်လုံးကိုပိုက်ကာ
လုပ်ငန်းခွင်နှင့် ဝေးနိုင်သမျှဝေးအောင် အကြံအဖန်လုပ်ပြီး တပ်ရင်းတပ်ဖွဲ့
များသို့ သွားရန် ကြိုးစားနေကြသည်။

ရုရှားတွင်နေစဉ်က ဆရာတစ်ယောက် ပြောပုံမှာ မင်းတို့အရည်အချင်းနဲ့
နျူးကလီးယားစက်ရုံ တည်မယ်ဆိုတော့ အနာဂတ်က တော်တော်ရင်လေးစရာပါပဲတဲ့။
ဟုတ်ကဲ့။ ဖြစ်နိုင်လောက် ပါသည်။ စာသင်ချိန်တွင် ရုရှားကျောင်းသားများလို
ကျားကုတ်ကျားခဲ မကြိုးစားပဲ ဗိုလ်လောင်း ဘ၀ကလို လစ်လျှင်လစ်သလို
အိပ်ကြသည်မှာ မြန်မာ ကျောင်းသားများသာ ရှိပါသည်။ တကယ်ကြိုးစားသည့်
ကျောင်းသားများလည်း ရှိပါသည်။ တချို့ ကျောင်းသားများလည်း ယခုအခါ အကြောင်း
အမျိုးမျိုးကြောင့် တပ်မတော်ကို ကျောခိုင်းသွားကြပြီ ဖြစ်ပါသည်။

ယခုအခါတွင် နျူကလီးယား လက်နက်ကို ထိုထိုသောပညာရှင်များနှင့် ထုတ်လုပ်ရန်
စဉ်းစားနေကြသော အာဏာရူးတစ်စု၏ အနာဂတ်ကို စောင့်ကြည့်ရုံသာ ရှိပါတော့သည်။

အထက်ပါ စာမူအား တင်ပြခဲ့တဲ့ နေ့ရက်ကတော့ Sunday, June 7th, 2009 ဖြစ်ပြီး
အချိန် 2:46 am မှာ ဖြစ်ပါတယ်။ ဒီ စာမူရဲ့ အမျိုးအစား ကတော့ အတွေ့အကြုံ
ဖြစ်ပါတယ်။ သင့်အနေနဲ့ သဘောထား အမြင် အယူအဆများကို ပေးသွားလို့ ရပါတယ်။
ယခုလို အားပေး ကြည့်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား။

12 Responses to “နအဖ၏ မတရား ထုတ်ပယ်ခံရသော သူငယ်ချင်းများအတွက် အမှတ်တရ”
hlalaysein says on June 7th, 2009 at 2:19 pm :

_င်သာပြေးခံလိုက် မောင်အေးရေ။။။

ဝေယံ says on June 7th, 2009 at 5:40 pm :

ဆောင်းပါးက အကြောင်းအရာတွေမှန်ပါတယ်။ သံအမတ် တင်စိုးက
ဆန်တောင်ရောင်းစားတာပဲ။ ကျောင်းသားတစ်ယောက်ကို တစ်လ ဆန်တစ်အိတ်
မ၀ယ်မနေရ၀ယ်ရတယ်။ သူက ပွဲခရတာကိုး။ အဲဒါကြောင့် အခုသူ တာမွေမှာ
ဆန်ရောင်းနေရပြီ။

Pyi Thu says on June 7th, 2009 at 6:22 pm :

Very nice post! I read twice

ဦးဗိုလ်သခင်ဆ၇ာ says on June 7th, 2009 at 6:38 pm :

ထပ်ခါတလဲလဲ ပြောမယ် ရရှားရောက်စစ်သည်တို့ ။
မြန်မာပြည်ကို ကယ်တင်ပါ။ ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိတ်( အယောက်၃၀)နဲ့
ဂျပန်စစ်ပညာတွေသင်ပြီး မြန်မာပြည်သိမ်းဖို့ပြန်ခဲ့ကြတာပါ။
ရဲဘော်တို့..
ရုရှားက အမေရိကန်သံရုံးကိုဆက်သွယ်ပါ။ အမေရိကမှာ ဆက်လက်ပညာသင်ယူပါ။

မြန်မာပြည်လူထု ဘာလဲဘယ်လဲ ရဲဘော်တို့ သိပါတယ်။

နအဖ၏ မတရား ထုတ်ပယ်ခံရသော သူငယ်ချင်းများအတွက် အမှတ်တရ « Save Burma says
on June 7th, 2009 at 7:42 pm :

[...] သက်သေခံ အဖြစ်မှန်များကို စည်းလုံးခြင်းရဲ့အင်အား (ဖိုးတရုတ်)၏
ဘလော့ဂ်မှ [...]

Ko Gyi Kyaw says on June 8th, 2009 at 9:21 am :

Congratulation ! You are Great soldier due to dare to post this experience.

ကောင်းမြတ်မင်း says on June 8th, 2009 at 12:27 pm :

ကျနော်လည်း ရုရှားမှခေါင်းမာနေသော သူငယ်ချင်းများကို သနားတယ်..
အွန်လိုင်းမှာတွေရင် ကျနော်အမြဲတမ်းပြောပါတယ် သူတို့ ပြောတော့ ဟိုမှာအား
လုံးအဆင်ပြေတယ် တပ်ချုပ်ကြီးက ဘယ်လို့ ဘယ်ချမ်းသာအမြဲတမ်းပြောပါတယ်
ကျနော်အထင် ဒီလို့ ကောင်းမျိုးတွေပဲ ရရှားမှာ ပညာတော်သင်ရတယ်ထင်ခဲ့တာပါ
အခုလို့ အမျှော်အမြင်ရှိတဲ့ တပ်မတော်သားကောင်းတွေ တွေ့ ရလို
့အားရဝမ်းသားပါတယ် အခုလိုကိုယ့်အတွေ့ အကြုံကိုပြောပြပေးတဲ့ ရရှားမှ အကို
(သို့ ) ညီ ကိုကြိုဆိုပါတယ် လေးလဲ လေးစားပါတယ်

soe says on June 8th, 2009 at 12:43 pm :

nice job.

အနော်ရထာ says on June 9th, 2009 at 10:36 pm :

အမှန်တွေချည်း ရေးသွားတာပါ.. လိုတာပဲရှိတယ်.. မပိုပါဖူး..
လူပါးဝတဲ့ကောင်တွေုကီးစိုးတဲ့ စစ်တပ်ုကီးထဲမှာ ပြည်သူ့ ရင်သွေး
စစ်စစ်တွေ ရှိပါသေးတယ်.. စီနီယာုကီးကို တကယ်လေးစားပါတယ်…

leveller says on June 11th, 2009 at 1:49 pm :

သန်းရွှေတို့၊မောင်အေးတို့ ရေ …
_င်သာပြေးခံလိုက် … မင်းတို့ ” နအဖ ” စစ်တပ်က ညူကလီးယားလက်နက် ရအောင်လုပ်မယ် !!!
ခွေးပါးစပ်တွေက နတ်စကားတွေ ထွက် လို့ … ဟေ့ ကောင်တွေ နောက်ဆယ်သက်
ကြိုးစားလိုက်အုံး … ဘယ်တော့မှ ရမှာမဟုတ်ဘူး ဟေ့ …. မင်းတို့ တွေ
_င်ခံတာတောင်ရမှာမဟုတ်ဘူး …

သိုးငယ် says on June 12th, 2009 at 11:40 pm :

လူဆိုး လူညစ် လူစိတ်မရှိတဲ့  ကောင်တွေ …
ဘယ်တော့ မှ ရမှာမဟုတ်ဘူးကွ …

စံဖောင်း says on June 20th, 2009 at 10:59 pm :

အကိုဝမ်းကွဲတစ်ယောက်…ရုရှားရောက်နေတယ်အဆက်အသွယ်မရဘူး…သူ့  မိဘကိုလဲမပြောရက်
ဘူး….အတွေ့အကြုံကိုတွေ့ခွင့်ရတဲ့အတွက်.၀မ်းသာပါတယ်..၀မ်းလဲနည်းမိတယ်.




--
Amy
May all beings peace & harmony,
ဒေါ်အောင်ဆန်းစုကြည်အတွက် “ငါတို့အမေ” သီချင်း




အေးလဲ့ | ဧရာဝတီ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အတွက် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) က “ငါတို့ အမေ” အမည်ရှိ သီချင်းတပုဒ်ကို စတင် ဖြန့်ဝေလိုက် သည်။

GW အဖွဲ့ဝင်များဖြစ်သော AK နှင့် 9 KT တို့က ဒေါ်အောင်ဆန်းစုကြည်ကို အားပေး၊ ဂုဏ်ပြုသည့်အနေဖြင့် ၎င်းသီချင်းကို Hip Hop ပုံစံ ရေးစပ်၊ သီဆိုထားကာ အာဇာနည်နေ့တွင် စတင်ဖြန့်ဝေ လိုက်ကြောင်းသိရသည်။

9KT က “ဒေါ်စုကို အရမ်းလေးစားတယ်၊ အဲဒီအတွက် သူခွန်အားဖြစ်အောင်၊ သူကြားရင်လည်း လူငယ် အားလုံးက သူ့ကို လေးစားတယ်၊ အရမ်းယုံတယ် ဆိုတာ သိအောင် စပ်ဆိုထားတာပါ” ဟု ပြောသည်။

၎င်း သီချင်းထဲတွင် “အမေ အာဏာရှင်တွေလက်ထဲမှာ ရင်နင့်စွာ နေ့ပေါင်းများစွာ ပေးဆပ်လို့  ဂုဏ်ယူမယ့်နေ့၊ ဒီမိုကရေစီတိုက်ပွဲဟာ တို့သမိုင်းပါ ကျနော့်သီချင်းများဟာ အမေ့အတွက်မို့  အင်အားတခုပဲ .. ပြည်သူတွေရဲ့ ရင်ထဲမှာ .. ကြေကွဲစရာ အမေ့စည်းရိုးမှာ နားစွင့်လို့ ပြန်လာမယ့်နေ့ ….” ဟု ရေးဖွဲ့ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်များ အတွင်းမှ မိန့်ခွန်းတခုထဲတွင် ပါရှိ ခဲ့ဖူးသော “လူငယ်တွေရဲ့ အင်အားဟာ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတယ်” ဆိုသည့် မူရင်းအသံကိုလည်း ထည့်သွင်းထား သည်။

“ရည်ရွယ်ချက်က ဒေါ်စု အကျဉ်းကျနေရာကနေ အမြန်ဆုံး လွတ်မြောက်အောင်၊ ဒေါ်စုရဲ့ ရဲစွမ်းသတ္တိ နဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ရေးစပ်သီဆိုရခြင်း ဖြစ်ပါတယ်” ဟု GW မှ ပြောရေးဆိုခွင့် ရှိသူ ကိုမိုဃ်းသွေးက ပြောသည်။

GW မှ ယခုကဲ့သို့ နိုင်ငံရေးနှင့် သက်ဆိုင်သည့် သီချင်းများကို ထုတ်လုပ် ဖြန့်ဝေလျှက်ရှိရာ “နိုးထလော့ အိုမြန်မာ” နှင့် “ကမ္ဘာမကြေဘူး” ဆိုသည့် သီချင်းများ အပါအဝင် ယခု အမေ သီချင်းက ၃ ပုဒ် မြောက်ဖြစ်သည်။

အခက်အခဲတချို့ကြောင့် ယခု သီချင်းကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လွန်ကာ တလခန့် နောက်ကျပြီးမှ ဖြန့်ဝေနိုင်ကြောင်းလည်း ၎င်းတို့အဖွဲ့က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီးတွင် တရားစွဲဆို ခံနေရချိန် ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

“ငါတို့ အမေ” သီချင်းကို ဤနေရာတွင် ရယူနိုင်ပါသည်။
--
လေးစားခင်မင်စွာဖြင့်

မျိုးချစ်မြန်မာ

http://myochitmyanmar.org/
http://myochitmyanmar.blogspot.com/

NLD celebration on Martyrs Day