Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 26 January 2009

အာဏာပိုင်များ တာဝန်ယူဖြေရှင်းသင့်

Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ
အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို့ လာလို့ ။ ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကိုကျွန်တော့ ကိုပြောပြတယ် ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။
ဖြစ်ပုံက ဒီလို........တဲ့
ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့ ဒီလိုပြောပါတယ်.. သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်ပြီးတော့ forum တွေမှာတင် ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆိုတခြားလူတွေပါ မျှတတ်တဲ့အကျင့် ဖုန်းထဲမှာပုံတွေထည့်ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး၊ ပုံတွေကို share လုပ်ကြပုံတွေကြည့်ပြီးပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က ဆေးကျောင်းကဆရာဝန်ဖြစ်မယ့်သူ အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထားဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့ မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေးဈေးခေါ်တာ ကျနေတာပဲ တော်တော်မိုက်ရိုင်းတဲ့ကောင်တွေမြန်မာအချင်းချင်းဗျာ အဲလို လူမဆန်တာတော့ မကောင်းဘူး ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ။ ခင်ဗျားတို့ညီမ အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမ၊ ခင်ဗျားတို့ သမီး၊ အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ် အဲလို လူမဆန်ပဲကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး။

နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကောဘာကြောင့် လူမဆန်တာလဲခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား ဝယ်သူကိုလေးစားပေါ့ဗျာ။ ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက ခင်ဗျားတို့ကို ၁ ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး။
ကျွန်တော် ထပ်ပြောမယ် !!
ခင်ဗျားတို့ ကောင်မလေး၊ ခင်ဗျားတို့ မိန်းမ၊ ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ...?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ...?
အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို ငွေညှစ်၊ ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်။ ကျွန်တော်သိတယ် မပြောချင်ဘူးပြောလို့လည်းမကောင်းဘူး။ နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရားမျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ

အစ်မတွေ ညီမတွေ က လည်းအင်္ကျီ ဝယ်တဲ့အခါ သတိထားပါ အပေါ်ကနေပဲ ထပ်ဝတ်ကြပါအဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့ မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး လုပ်စားနေတဲ့ကောင်တွေ ရှိတယ်။

အစ်မကမေးတယ်ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ်
တရားစွဲပေါ့
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ
တစ်ရှက်ကနေ နှစ်ရှက်ထက်တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်
အဲလိုပဲ ပြောလိုက်တယ်အစ်မလည်း ပြန်ရောက်ကတည်းက ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ ဆဲလို့ဘာလုပ်လို့ရမှာလဲ
ဒါကြောင့် ငါလည်း ဒီစာလေးကို နိုင်ငံခြားမှာ BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ် အနှောက်အယှက်ကင်းကင်း ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို့ လိုက်တယ်ကွာ။ မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေးစေချင်တယ် သူငယ်ချင်းရေ။

ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊ မိမိတို့ ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊ သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေးနှိုးဆော်ပေးခြင်းဖြင့် ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ ကျွန်တော်တို့  မြန်မာမိန်းကလေးများရဲ့ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ ကမ္ဘာပေါ်မှာ ပြိုင်စံရှား အရမ်းကို အရှက်အကြောက် ကြီးမားတတ်ကြတဲ့မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့ အရှက်နဲ့ သိက္ခာတို့ ကို လူမဆန်စွာယုတ်မာရိုင်းစိုင်းနေကြပြီး ကိုယ်ချင်းစာတရား နဲမျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့ လုပ်ရပ်တွေမှ မိမိတို့ တတ်အားသ၍ ၀ိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်းကျွန်တော် က မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။

အစ်မတွေ ညီမတွေ အားလုံးကလည်းကိုယ့်အန္တာရာယ်ကိုကိုယ် ဂရုတစိုက်နဲ့ သတိထားရင်း ဈေးဝယ်ထွက်ကြပါ လို့ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ်
သီရိ(SG)ပေးပို့သောအီးမေးလ်သတင်းတပုဒ်ဖြစ်သည်။ပေးပို့သည့်အတိုင်းဖေါ်ပြရ၍(ခင်ဗျားတို့......) (ခင်ဗျားတို့......)ဆိုသည့်အရေးအသားကိုတော့နားလည်ပေးကြပါရန်။

Eleven families to resettle in UK

Monday, 26 January 2009

Teknaf, Bangladesh: Eight families from Nayapara refugee camp (the bigger of the two authorised camps for Burmese refugees in Bangladesh's south-eastern Cox's Bazar district) and three families from Kutupalong camp have been selected for resettlement in the United Kingdom (UK) on January 20, a refugee from Nayapara camp said.

The families who left were: eight families comprising 39 people from Nayapara camp and three families comprising 15 people from Kutupalon camp, he added.

The refugees had to stay in Cox's Bazaar for 10 days for training to acquaint them about the culture of UK.

After training at Cox's Bazar, 11 members of two families will come back to Nayapara camp and 15 members of three families will come back to Kutupalong camp for they want more training.

The first batch of 28 refugees will fly to UK in the last week of this month. The remaining 26 members will also fly to UK in the third week of February as part of a second batch. In total 54 refugees will be settled in UK, said a refugee committee member from Nayapara camp who declined to be named.

The refugees will stay in Dhaka and then fly to UK, but the exact date of their departure is not known. This is the second batch to be resettled in UK. The first batch of 34 refugees was resettled in UK on December 7, 2008.
.
The resettlement programme was started in 2006 and Canada was the first country to accept Rohingya refugees from Bangladesh. There are about 42 Rohingya refugees in Canada who went there between 2006 -2007.

လန်ဒန် ဆန္ဒပြပွဲ



Burmese Rohingya Organisation UK (BROUK) နှင့် Burmese Muslim Association UK (BMA) တို့မှ ဦးဆောင်၍ ထိုင်း နှင့် မြန်မာ စစ်အစိုးရတို့ ၏ လူသားခြင်းစာနာမှုကင်းမဲ့စွာ ရိုဟင်ဂျာများအား ဆက်ဆံမှုများနှင့်ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြပွဲများ ယူကေနိုင်ငံ လန်ဒန်မြို့ရှိ ထိုင်းသံရုံးနှင့် မြန်မာသံရုံးများရှေ့တွင် ကျင်းပခဲ့ကြပါသည်။ ထိုဆန္ဒပြပွဲများကို Burma Democratic Concern(BDC) ၊ ကချင်တိုင်းရင်းသားများအစည်းအရုံး၊ B.D.M.A၊ B.C UK နှင့် ကျောင်းသားလူငယ်များတက်ရောက်၍ စည်းလုံးစွာ ဆန္ဒပြခဲ့ကြပါသည်။