Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 5 November 2010














Burma Democratic Concern (BDC) together with Burma Democratic Organisations based in UK will hold the demonstration in front of the Burma junta’s embassy in London, UK calling for the international community not to recognize junta’s planned 2010 election and its results.

http://ping.fm/0uj10

Daw Aung San Suu Kyi is our legitimate leader!

I am very glad to learn that all the justice loving people come together and fight against military dictatorship system in Burma.

Here, I would like to remind everyone that all Burmese people are the victims of military dictatorship system in Burma whether you are Buddhists or Christians or Islam or Karen or Bamar or and so on....

So we all must work together as the one. We are BLESSED to have our rightful legitimate leader Daw Aung San Suu Kyi who is leading our struggle for second independence.

It is very important to highlight the plight of Daw Aung San Suu Kyi who represents the WHOLE Burma and all the Burmese people.

I would also like to raise some issue understanding of the "ethnic" here. I would like to remind here that "Bamar" is one of the ethnic groups of Burma so do Chin or Mon or and so on............

So my point here is we should avoid any manners or writing or ideas or expression or ultimately any suggestions tantamount to create division amongst people of Burma at all time.

We must be very vigilant of the junta's moles who are stabbing Daw Aung San Suu Kyi from behind and we must always highlight the plight of Daw Aung San Suu Kyi by all means at all times

Here, I would like to remind everyone that Daw Aung San Suu Kyi is still opening the doors for national reconciliation and calling for DIALOGUE.

So we should follow Daw Aung San Suu Kyi's leadership rather than going ahead with our own different ambitions. Daw Aung San Suu Kyi got everyone reasons why she doesn't support or call for some particular action publicly.

Daw Aung San Suu Kyi and her NLD is right now calling for
1. Recognise 1990 election result
2. Boycott 2010 election
3. Revise 2008 constitution
4. To do dialogue
Above 4 principles are main messages for democratisation of Burma.

Let's work together. Yes we can. WE WILL WIN.

In solidarity,

BDC

အထူးသတင်းထုတ်ပြန်ကြေငြာချက်

ရွေးကောက်ပွဲကို အမှိုက်ပုံးထဲသို့စွန့်ပစ်ခြင်း။
မြန်မာနိုင်ငံ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် ရန်
နေ့စွဲ ။ ။ ၅ နိုဝင်ဘာ ၂၀၁၀။
အချိန် ။ ။ မွန်းလွဲ ၁း၃၀ မှ ၂း၃၀ ထိ (လန်ဒန်စံတော်ချိန်)
နေရာ ။ ။ Richmon Terrace, White Hall, London SW1
The Democratic Party for a New Society (DPNS-UK) နှင့် Burma Democratic Concern (BDC) မှပူးပေါင်း၍ မြန်မာနိုင်ငံ ၂၀၁၀ ရွေးကောက်ပွဲ ကို ဆန့်ကျင်သည့်ဆန္ဒပြ ပွဲများ အား ‘၂၀၁၀ ရွေးကောက်ပွဲ အမှိုက်ပုံးထဲ သို့စွန့်ပစ် ခြင်းခေါင်းစဉ်ဖြင့် ပြုလုပ်လျှက်ရှိ ပါသည်။
ယခုပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲ ကို ဆန့်ကျင်သည့်ဆန္ဒပြ ပွဲသည် London မြို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးပြင်ပ Downing Street သို့ သွားရောက်မှာဖြစ်ပြီး ဗြိတိန် အစိုးရမှ လာမည့်အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုခြင်းကို ကြိုဆို ခြင်းနှင့် မြန်မာ ပြည်သူလူထုတစ်ရပ်လုံး၏ လိုလား ဆန္ဒသည် Westiminster ဒီမို ကရေစီကဲ့သို့ စစ်မှန်သည့်လွှတ်တော်မှ ပြဌာန်းသော ဒီမိုရေစီဖြစ်ကြောင်း အ ထင် အရှား ပြသခြင်းလည်းဖြစ်သည်။
၎င်းအပြင် မြန်မာနိုင်ငံတွင်’အဆက်မပြတ် ဖိနှိပ်ချုပ်ချယ်ခြင်း’အား စစ်မှန်သည့် သဘောထား ဖြင့်ဆက်လက် ဆန့်ကျင်သွားမည့် ဆန္ဒပြပွဲလည်း ဖြစ်ပါသည်။
မြန်မာစစ်အစိုးရအား ဆက်လက်၍ ဖိအားပေးရန် ဗြိတိန်အစိုးရအား တောင်းဆို သည့် ဆန္ဒပြပွဲလည်းဖြစ်ပါသည်။
ဗြိတိန်အစိုးရမှ EU နှင့် UN ကိုဦးဆောင်၍ မြန်မာစစ်အစိုးရအား ပြင်းထန်သည့် ဖိအား ပေးရန် တောင်းဆိုလိုက်ပါသည်။
ဗြိတိန်ဝန်ကြီးချုပ် David Cameron အား လာမည့်နောက်တစ်ပတ်တွင်တွေ့ဆုံမည့် တရုတ် သမ္မတ Hu Jintao နှင့် မြန်မာနိုင်ငံအရေးအား ဆွေးနွေးရန် လည်း တောင်း ဆိုလိုက်ပါသည်။
မြန်မာသံရုံးရှေ့တွင်အောက်တိုဘာလ ၈ ရက်နေ့မှစတင်ခဲ့သည့် အပတ်စဉ် ၂၀၁၀ ရွေးကောက်ပွဲအားအမှိုက်ပုံးထဲသို့စွှန့်ပစ်ခြင်း အစီအစဉ် တွင် တက်ရောက်လာသူ တစ်ဦးချင်းစီတိုင်းမှ မိန့်ခွန်းတိုဖြင့်၎င်း၊ အသံတိတ်ဖြင့်၎င်း အမှိုက်ပုံးထဲသို့၂၀၁၀ ရွေးကောက်ပွဲမဲပြားများ ကို စွန့်ပစ် ခြင်း ဖြင့် နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပ မည့်ရွေးကောက်ပွဲအား လက်မခံကြောင်း ပြသသည့် သင်္ကေတများ ပင်ဖြစ်ပါသည်။
ထို့အပြင် ရွေးကောက်ပွဲကိုဆန့်ကျင်သည့် မြန်မာပြည်တွင်းမှ ထောင်ပေါင်း များစွာ သော မြန်မာပြည်သူများ၏ ခံယူချက်ကိုလည်းကိုယ်စား ပြု ပြသခြင်းဖြစ်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲအား အမှိုက်ပုံးထဲသို့စွှန့်ပစ်ခြင်း ဆန္ဒပြပွဲများ သည် Department for International Development (DFID), European Union (EU) နှင့် European Commission (EC) ရုံးများသို့သွားရောက်ခဲ့ပြီး တရားမ ဝင် သည့်ရွေးကောက်ပွဲနှင့် ၂၀၀၈ အခြေခံဥပဒေအား ထောက်ခံသည့် Myanmar Egress အား ကျွန်ုပ်တို့ မှ ဆန့် ကျင် သည်ဟု အထင်အရှားပြသခဲ့ပါသည်။
နောက်ခံသမိုင်းအကျဉ်း
မြန်မာနိုင်ငံ တွင် နှစ် ၂၀ အတွင်း ပထမဦးဆုံးကျင်းပသည့် အထွေထွေရွေးကောက် ပွဲ ကိုနိုဝင်ဘာလ ၇ ရက်နေ့ တွင် တွေ့မြင်ရမည်ဖြစ်ပါသည်။ ကံမကောင်းစွာဖြင့် ထို ရွေးကောက်ပွဲသည် လက်ရှိစစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ခိုင်မြဲရေး အတွက် ကျင်းပသည့် တရားမျှတမှုမရှိသည့် အတုအယောင် ရွေးကောက်ပွဲ ဖြစ် ပါ သည်။
ထိုရွေးကောက်ပွဲ၏အကျိုးဆက်များသည် မြန်မာနိုင်ငံ တွင် အဆိုးရွားဆုံး စစ်အာဏာ ရှင်အား သက်ဆိုးရှည်လာနိုင်စေ အတွက် ဆက်လက်ပြန့်ပွား အသက် သွင်းခြင်းဖြစ်ပြီးထိုစစ်အာဏာရှင်သည် ထင်ရာစိုင်းပြီး ထောင်ချခြင်းအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အင်အားသုံးနှိမ်နင်းခြင်း၊ အတင်းအဓမ္မပြုကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ကိုကျယ်ပြန့် စွာ ကျူးလွန်သူ များ လည်းဖြစ် ပါသည်။
အသေးစိတ်အချက်အလက်များသိလိုပါက
ကိုအောင်- ၀၇၇၆၂၀၉၄၅၆၂
ကိုမျိုးသိန်း - ၀၇၈၇၇၈၈၂၃၈၆
ကိုဇင်ခိုင် - ၀၇၉၀၄၃၉၃၄၅၇
ဘာသာပြန် - BDC

ချေချင်းညာပါလီမန် အကြမ်းဖက်တိုက်ခိုက်မှု ၇ ဦးသေဆုံး

ချေချင်းညာသည် မွတ်ဆလင် အများစု နေထိုင်ရာ ဒေသဖြစ်ပြီး ရုရှားနိုင်ငံမှ ခွဲထွက်နိုင်ရေး အစဉ်တစိုက် ကြိုးပမ်းနေသည့် လက်နက်ကိုင် စစ်သွေးကြွများ အင်အားကြီးကြီးမားမား ရှိနေဆဲ
ရုရှားနိုင်ငံ၊ ချေချင်းညာဒေသရှိ ပါလီမန်ကို အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ လူ(၇)ဦး သေဆုံးသွားကြောင်း သိရသည်။ ရုရှားသတင်းဌာနများက အောက်တိုဘာ (၁၉)ရက်နေ့ နံနက်ပိုင်းက (၃)ဦးမှ (၆)ဦးထိ အရေအတွက်ရှိနိုင်သော လက်နက်ကိုင် စစ်သွေးကြွများက ဂရော့ဇနီရှိ ပါလီမန် အဆောက်အအုံအတွင်း ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ ယင်းတို့သည် ရုံးတက်ရန် ရောက်လာသည့် ဒေသဆိုင်ရာ အမတ်များနှင့် ၎င်းတို့၏ကားများကို ရောနှောကာ ပါလီမန်အတွင်း ၀င်ရောက်ခဲ့ကြသည်။ တိုက်ခိုက်ရေးသမား တစ်ဦးသည် အဆောက်အအုံ ပြင်ပတွင် မိမိကိုယ်ကိုယ် အသေခံဗုံးခွဲလိုက်ပြီး ကျန်တစ်ဦးကမူ ပါလီမန်ထဲ ၀င်ရောက်ပြီးချိန်တွင် ဖောက်ခွဲပစ်လိုက်ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

ကျန်အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းနိုင်ခြင်း မရှိသေးမီ အချိန်အတွင်း ပါလီမန် စတုတ္ထထပ်အထိ အင်နှင့်အားနှင့် ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ယခုဖြစ်စဉ်သည် မော်စကိုရှိ ဗဟိုအစိုးရအား လိုလားသည့် ရမ်ဇန်ကာဒီရော့ဗ်၏ ဦးဆောင်မှုကို ဆန့်ကျင်သည့် အစွန်းရောက်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း ယူဆရသော်လည်း မည်သည့်အဖွဲ့အစည်းကမျှ ထိုကိစ္စအတွက် တာဝန်ရှိကြောင်း မကြေညာသေးချေ။ RIA-Novosti သတင်းအေဂျင်စီက ချေချင်းညာသို့ ရုရှားပြည်ထဲရေးဝန်ကြီး ရာရှစ်နာဂလီယက်ဗ် တရားဝင် လာရောက်လည်ပတ်နေသည့် အချိန်တွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ယခုအကြမ်းဖက်မှုအတွင်း လုံခြုံရေးဝန်ထမ်းနှင့် ပါလီမန်မှ ၀န်ထမ်းများ သေဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်လခန့်ကလည်း ကာဒီရော့ဗ်၏ မွေးရပ်ဇာတိ ကျေးရွာလေး ဆန်ထရွိုင်တွင် အသေခံ ဗုံးခွဲမှုတစ်ခု ပြုလုပ်ခဲ့ရာ လူ(၁၀)ဦး သေဆုံးခဲ့သေးသည်။ ကာဒီရော့ဗ်သည် ချေချင်းညာရှိ မွတ်ဆလင် ခွဲထွက်ရေးတပ်ဖွဲ့များအား မထောက်ခံကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ရာ ယင်းအတွက် စစ်သွေးကြွများက ရန်သူတော်နံပါတ်တစ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ချေချင်းညာတွင် ကြမ်းတမ်းသော စစ်ပွဲနှစ်ခု ဆင်နွှဲခဲ့ရသလို လူပေါင်းနှစ်သိန်းကျော် သေဆုံးခဲ့ရခြင်းအား ကြုံတွေ့ထားသည့် ရုရှားအစိုးရက ကာဒီရော့ဗ်၏ ချေချင်းညာ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများအား ထောက်ခံကြောင်း ကြေညာထားသည့်တိုင် Plan B မရှိသော ကာဒီရော့ဗ်၏ လုပ်ဆောင်ချက်များအတွက် သတိကြီးစွာ စောင့်ကြည့်နေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။ ချေချင်းညာသည် မွတ်ဆလင် အများစု နေထိုင်ရာ ဒေသဖြစ်ပြီး ရုရှားနိုင်ငံမှ ခွဲထွက်နိုင်ရေး အစဉ်တစိုက် ကြိုးပမ်းနေသည့် လက်နက်ကိုင် စစ်သွေးကြွများ အင်အားကြီးကြီးမားမား ရှိနေဆဲဟု သတင်းများက ဖော်ပြခဲ့သည်။

Source: csmonitor

ရုရှားသမ္မတ၏ ပိုင်ဆိုင်မှုအငြင်းပွားကျွန်းမှ ဓာတ်ပုံများကြောင့် ဂျပန်ဒေါသထွက်

“ရုရှားပိုင်နက် ဒေသအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတာ ရုရှားသမ္မတ တစ်ယောက်ရဲ့ တာဝန်ပါပဲ။ ဒီထဲမှာ အဝေးလံ၊ အသီခေါင်ဆုံး နေရာတစ်ခုဖြစ်တဲ့ ဟောဒီကျွန်းစုလည်းပါတယ်”

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေသည့်ကျွန်းသို့ သွားရောက်လည်ပတ်ရင်း ရိုက်ကူးလာသည့်ပုံကို ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်က Twitterတွင် လွှင့်တင်ခဲ့ရာ ဂျပန်အတွက် ဒေါသထွက်စရာ ဖြစ်နေကြောင်း သိရသည်။ မက်ဗီဒက်ဗ်သည် နိုဝင်ဘာ (၁)ရက်နေ့က ကူရီလ်ကျွန်းစု ဒေသသို့ သွားရောက်ခဲ့ခြင်းသည် ယင်းကျွန်းမှာ ရုရှားပိုင်ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာလိုသော လုပ်ရပ်မျိုး ဖြစ်နေရာ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ချက်ချင်းကန့်ကွက်ခဲ့သည်။ “ရုရှားပိုင်နက် ဒေသအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတာ ရုရှားသမ္မတ တစ်ယောက်ရဲ့ တာဝန်ပါပဲ။ ဒီထဲမှာ အဝေးလံ၊ အသီခေါင်ဆုံး နေရာတစ်ခုဖြစ်တဲ့ ဟောဒီကျွန်းစုလည်းပါတယ်”ဟု မက်ဗီဒက်ဗ်က Twitterတွင် ရေးထားသည့် ဓာတ်ပုံများအောက်တွင် စာရေးထားခဲ့သည်။

ထို့အပြင် “ကူရီလ်ကျွန်းစုကို ဒါပထမဆုံး ရောက်ဖူးတာပဲ။ ဒေသခံတွေနဲ့ စကားပြောခဲ့သလို မြေအောက်အပူဓာတ်ကနေ စွမ်းအင်ထုတ်တဲ့ စက်ရုံကိုလည်း သွားလည်ခဲ့သေးတယ်”ဟုလည်း မက်ဗီဒက်ဗ်ကရေးထားသည်။ ၎င်းသည် ဆိုဗီယက် ယူနီယံခေတ်နှင့် ရုရှားနိုင်ငံအဖြစ် ပြောင်းလဲဖွဲ့စည်းသော ကာလများတလျှောက် ကူရီလ်ကျွန်းစုသို့ ပထမဆုံး သွားရောက်လည်ပတ်သော သမ္မတ ဖြစ်လာခဲ့သည်။ ဂျပန်တွင် အဆိုပါ ကျွန်းစုကို မြောက်ပိုင်းနယ်မြေကျွန်းစုဟု ခေါ်ဝေါ်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရှီဂျီမီဟာရာက မက်ဗီဒက်ဗ်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ရုရှားနိုင်ငံအား သံတမန်နည်းအရ ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။ အဆိုပါ ကျွန်းစုဒေသကို (၁၉၄၅)ခုနှစ်၊ ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလတွင် ဆိုဗီယက်တပ်များက သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိတွင် ရုရှားအချုပ်အခြာအာဏာအောက်၌ ရှိနေသည်။ ဂျပန်နှင့် ရုရှားတို့သည် ထိုကျွန်းစု ပြဿနာကြောင့် နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီးကတည်းက ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ကိစ္စမှာ ယခုအချိန်ထိ အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း သိရသည်။

Source: XinhuaNet

နို​ဘယ်​ဆု​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​​ ​ဆု​ချီး​မြှင့်​ခံ​ရ​သည့်​​ ​အ​သက်​ ​၂၃​​ ​နှစ်​အ​ရွယ်​​ ​ဗြိ​တိန်​ကျောင်း​သူ

ဗြိ ​တိန်​နိုင်ငံ​မှ​ ​အ​သက်​ ​၂၃​ ​နှစ်​အ​ရွယ်​ ​ကျောင်း​သူ​လေး​ ​တစ်ဦး​သည်​ ​နို​ဘယ်​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​ ​တ​ခမ်း​တ​နား​ ​ဆု​ချီး​မြှင့်​ခံ​ရ​သည့်​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​လေး​ ​ဖြစ်​လာ​ခဲ့​သည်​။

 ​နေ​ရောင်​ခြည်​ ​စွမ်း​အင်​သုံး​ ​ရေ​ခဲ​​သေတ္တာ​ကို​ ​တီ​ထွင်​ခဲ့​သည့်​ ​အီ​မီ​လီ​ ​ကူ​မင်​သည်​ ​ယ​ခု​လို​ ​ဆု​ချီး​မြှင့်​ ​ခံ​ရ​သည့်​ ​တစ်ဦး​တည်း​သော​ ဥ​ရော​ပ​ဒေ​သ​မှ​ ​နိုင်ငံ​သား​နှင့်​ ​တစ်ဦး​တည်း​သော​ ​မိန်း​က​လေး​လည်း​ ​ဖြစ်​လာ​သည်​။ ​သူ​မ​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​တီ​ထွင်​မှု​စွမ်း​ရည်​ ​အ​ထူး​ချွန်​ဆုံး​ ​လူငယ်​ ​၁၀​ ဦး​အ​နက်​လည်း​ ​အ​မည်​ထည့်​သွင်း​ ​သတ်​မှတ်​ခံ​ခဲ့​ရ​သည်​။ ​သူ​မ၏​ ​နေ​ရောင်​ခြည်​ ​စွမ်း​အင်​သုံး​ ​ရေ​ခဲ​သေ​တ္တာ​ကို​ ​အာ​ဖ​ရိ​က​တိုက်​ကဲ့​သို့​ ​ဖွံ့​ဖြိုး​မှု​ ​နောက်​ကျ​နေ​သည့်​ ​ဒေ​သ​များ​အ​တွက်​ ​ရည်​ရွယ်​တီ​ထွင်​ထား​ခြင်း​ဖြစ်​သည်​။

 လိဒ်​တ​က္က​သိုလ်​မှ​ ​ကျောင်း​သူ​တစ်ဦး​ဖြစ်​သည့်​ ​အီ​မီ​လီ​အား​ ​နော်​ဝေး​နိုင်ငံ​၊​ ​အော်​စ​လို​မြို့​ ​အ​ခြေ​စိုက်​ ​နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​ ​အ​သိ​အ​မှတ်​ပြု​ကာ​ ​ဂုဏ်​ပြု​ဆု​ချီး​မြှင့်​ခဲ့​ခြင်း​ဖြစ်​သည်​။ ​ယ​ခု​အ​ခါ​ ​ဘွဲ့​ရ​ခဲ့​ပြီ​ဖြစ်​သော​ ​အီ​မီ​လီ​တစ်​ယောက်​ ​ကျောင်း​သူ​ဘ​ဝ​က​ ​တီ​ထွင်​ထား​သော​ ​အ​ဆို​ပါ​ ​ရေ​ခဲ​သေ​တ္တာ​သည်​ ယ​ခု​အ​ခါ​ ​န​မီး​ဘီး​ယား​၊​ ​တောင်​အာ​ဖ​ရိ​က​၊​ ​ဖမ်​ဘီ​ယာ​၊​ ​ဘော့​ဆွာ​နာ​နှင့်​ ​ဇင်​ဘာ​ဘွေ​တို့​တွင်​ ​စမ်း​သပ်​သုံး​စွဲ​နေ​နိုင်​ပြီ​ဖြစ်​သည်​။ ​ရေ​ငွေ့​ပြန်​မှု​ ​နိ​ယာ​မ​ကို​ ​အ​ခြေ​ခံ​ကာ​ ​တီ​ထွင်​ထား​သော​ ​နေ​စွမ်း​အင်​သုံး​ ​ရေ​ခဲ​သ​တ္တော​သည်​ ​နို့​၊​ ​အ​သားငါး​နှင့်​ ​ဟင်း​သီး​ဟင်း​ရွက်​များ​ကို​ ​ရက်​အ​တန်​ကြာ​ ​ထိန်း​သိမ်း​ထား​နိုင်​သည်​။ ​လျှပ်​စစ်​စွမ်း​အင်​ ​ဖြည့်​တင်း​စ​ရာ​ ​မ​လို​ပဲ​ ​အ​ပူ​ချိန်​ကို​ ​၆​ ​ဒီ​ဂ​ရီ​ ​ဆဲ​ဆီး​ရပ်​ ​ဝန်း​ကျင်​တွင်​ ​ထိန်း​သိမ်း​ထား​နိုင်​သည်​။ ​သူ​မ​သည်​ ​ရေ​ရှား​ပါး​သော​ ​ဒေ​သ​များ​တွင်​ ​ရေ​သယ်​ယူ​မှု​ ​ပို​လွယ်​ကူ​စေ​ရန်​ ​စ​နစ်​တစ်​ခု​ကို​လည်း​ ​စမ်း​သပ်​တီ​ထွင်​ပေး​ခဲ့​သေး​သည်​။

 အီ​မီ​လီ​က​ ​ကျောင်း​တွင်​ ​ဝါ​သ​နာ​အ​ရ​ ​စမ်း​သပ်​တီ​ထွင်​ခဲ့​မှု​သည်​ ​ဘ​ဝ​တစ်​ခု​လုံး​ ​အ​ပြောင်း​အ​လဲ​ ​ဖြစ်​စေ​ခဲ့​သည့်​အ​တွက်​ ​အံ့ဩ​မိ​ကြောင်း​ ဝန်​ခံ​ပြော​ကြား​သွား​သည်​။ ​သူ​မ​သည်​ ​၂၀၁၀​ ​ခု​နှစ်​အ​တွက်​ ​က​မ္ဘာ​ကြီး​အား​ ​အ​ကျိုး​ဖြစ်​ထွန်း​စေ​သူ​ ​လူငယ်​ ​၁၀​ ဦး​စာ​ရင်း​တွင်​ အ​ပါ​အ​ဝင်​အ​ဖြစ်​ ​နို​ဘယ်​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​ ​ကြေ​ညာ​ပေး​ခဲ့​သည်​။

ဘရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် Dilma Rousseff ရွေးချယ်တင်မြှောက်ခံရ

ဘရာဇေးလီးယား-October31, 2010
ဘရာဇီးနိုင်ငံ၏ အာဏာရ အလုပ်သမားပါတီ (PT) ၏ သမ္မတလောင်း အဖြစ် ယှဉ်ပြိုင် အရွေးခံသူ Dilma Rousseff သည် အောက်တိုဘာလ (၃၁) ရက် တနင်္ဂနွေနေ့က ရွေးကောက်ပွဲအပြီးတွင် ဘရာဇီးနိုင်ငံ၏ ၄၀ဆက်မြောက် သမ္မတ အဖြစ်အရွေးခံရသလို ပထမဆုံး အမျိုးသမီး သမ္မတလည်း ဖြစ်လာခဲ့သည်။

ရေတွက်ပြီး မဲပမာဏ ၇၆.၈၇ ရာခိုင်နှုန်းတွင် Dilma Rousseff သည် ခိုင်လုံသော ထောက်ခံမဲ ၅၃.၅၆ ရာခိုင်နှုန်းရရှိခဲ့ပြီး သူမအား ထောက်ခံအားပေးသူ ဦးရေ ၄၁.၂သန်းရှိသည်ဟု သိရသည်။ သူမ၏ ပြိုင်ဘက် သမ္မတလောင်း Jose Serra ကို လူပေါင်း ၃၅.၇သန်းက ထောက်ခံမဲ ပေးကြပြီး မဲအရေအတွက်များ၏ ၄၆.၄၄ ရခိုင်နှုန်ရှိခြင်းကြောင့် မဲအားလုံး အရေအတွက်ဖြင့် တွက်ချက်လျင်လည်း သူမ၏ ပြိုင်ဘက်များသည် သူမထက် မဲအရေအတွက် သာလွန်ဖွယ် မရှိကြောင်း သိရသည်။
http://patheincity.com/news//HLIC/ae52737dcf1f113b3bac793dba2c0786.jpg
Dilma Rousseff သည် ယခုကဲ့သို့ ဘာရာဇီးနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာခြင်းသည် ယခင် အမျိုးသားများသာ ကြီးစိုးသော ကမ္ဘာ့ နိုင်ငံရေး နယ်ပယ်တွင် အမျိုးသမီး ခေါင်းဆောင်များသည် အရေးပါသော ကဏ္ဍသို့ ပိုမိုဦးဆောင် လှုပ်ရှားလာနိုင်ခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်း သိရသည်။

အိုစမာဘင်လာဒင်သည် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ဇိမ်ကျကျ နေထိုင်လျက်ရှိသည်ဟု နေတိုးထိပ်တန်းအရာရှိတစ်ဦးက ပြောကြား

အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်သည် သူ၏လက်ထောက် အေမင်အယ်လ်ဇ၀ါဟီရီနှင့်အတူ ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ဇိမ်ကျကျ နေထိုင်လျက်ရှိကြောင်းနေတိုးအဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးကအောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ နေတိုး ထိပ်တန်း အရာရှိ၏ ပြောကြားချက်အရ အိုစမာဘင်လာဒင်သည် ပါကစ္စတန် အနောက်မြောက်ပိုင်း ရှိ လျှို့ဝှက်နေအိမ် တစ်ခု၌ အလွန်သက်သောင့်သက်သာဖြင့် ဇိမ်ကျကျနေထိုင်လျက်ရှိသည်ဟု ယုံကြည်ရကြောင်းပြောကြားခဲ့သည်။ ကမ္ဘာ့အလိုအရှိဆုံး တရားခံ အိုစမာဘင်လာဒင်သည် မြေအောက်ဂူထဲတွင် ပုန်းအောင်းနေရခြင်းမျိုးမဟုတ်ဘဲ ဇိမ်ကျကျပတ်ဝန်းကျင်၌ နေထိုင်နေရသည်ဟု ဆိုသည်။ သူ့၏လက်ထောက် အေမင်အယ်လ်ဇ၀ါဟီရီသည် လည်း သီးခြားအိမ်တစ်လုံးဖြင့် ဘင်လာဒင်၏အနီး၌ နေထိုင်လျက်ရှိသည်ဟု ဆိုသည်။ ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဘင်လာဒင် အပါအ၀င် အယ်လ်ကေးဒါးခေါင်းဆောင် များကိုရှာဖွေရန်အတွက် အာဖဂန်နစ္စတန်နိုင်ငံ တိုရာဘိုရာဒေသ ကိုသာ ပစ်မှတ်ထားခဲ့သည်။ အဆိုပါဒေသတွင် တောင်တန်းများတွင်ဥမင်လိုဏ်ခေါင်းများတူးထားသော ဂူ ကွန်ရက်များရှိသည်ဟု ထင်ရှားရာ ယင်း၌အယ်လ်ကေးဒါးတို့ ပုန်းခို နေလိမ့်မည်ဟုယူဆခဲ့ကြသည်။ သို့သော် နေတိုးအရာရှိကမူ ဂူထဲတွင် ပုန်းအောင်း နေသော အယ်လ်ကေးဒါးခေါင်းဆောင် တစ်ဦးမှမရှိကြောင်းနှင့် ၄င်းတို့သည် ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း၌ ဇိမ်ကျကျ နေထိုင်နေခြင်း သာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲ စီးပွားရေး ပြဿနာ အဓိကကျ

အမေရိကန်နိုင်ငံမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ဥပဒေပြုရေးဆိုင်ရာ အစီအစဉ်တွေကို အကြီးအကျယ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရစေနိုင်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ အာဏာကို တရားမျှတအောင် ထိန်းထားတဲ့ ချိန်ခွင်လျှာကို တခြားပါတီဘက်ကို စောင်းသွားစေနိုင်တဲ့ ရွေးကောက်ပွဲ တခုကို အမေရိကန် ပြည်သူတွေ မဲဆန္ဒ ပေးခဲ့ကြပါတယ်။

ဆန္ဒမဲ စစ်တမ်းတွေရဲ့ အဆိုအရ စီးပွားရေး ကျဆင်းမှုဟာ ဒီရွေးကောက်ပွဲရဲ့ အဓိက ပြဿနာဖြစ်ပြီး အတော်များများက သမ္မတ အိုဘားမားကိုသာမက နိုင်ငံရေးပါတီ ၂ ခုစလုံးကို ဝေဖန် ပြောဆိုကြတယ်လို့ သိရပါတယ်။

အောက်လွှတ်တော်အမတ် ၄၃၅ နေရာနဲ့ အထက်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၇ နေရာတို့ဟာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

နေရာဒေသ အချို့က မဲရုံတွေကို ညနေပိုင်းမှာ ပိတ်လိုက်ပြီး ဖြစ်ပေမဲ့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို သိဖို့ကတော့ ရက်အနည်းငယ် စောင့်ကြရဦးမှာ ဖြစ်ပါတယ်။

အိုဘားမားရဲ့ လက်ထက်မှာ လိင်တူချစ်သူ အစိုးရ ၀န်ထမ်းတွေ အများဆုံးဖြစ်ကြောင်း ပြောကြား

အမရိကန်နိုင်ငံရေးသမိုင်းမှာ သမ္မတ Barack Obamaရဲ့ လက်ထက်မှာ လိင်တူချင်းချစ်တဲ့ သူတွေကို အစိုးရ ၀န်ထမ်းအဖြစ် ခန့်အပ်ခဲ့တာ အများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် အခြေစိုက် လိင်တူချစ်သူတွေ အခွင့်အရေးတွက် လှုပ်ရှားနေသူတွေနဲ့ အိမ်ဖြူတော်က ခန့်မှန်းချက်အရ စုစုပေါင်း လိင်တူချစ်သူဦးရေ ၁၅၀ကို သူ့ရဲ့ အစိုးရစီမံခန့်ခွဲရေး ဌာနတွေမှာ ၂၀၀၈ခုနှစ် ကတည်းက ရွေးချယ်ခန့်အပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

သူ့ထက် နောက်ထပ် အများဆုံး ခန့်အပ်ခဲ့တဲ့ သမ္မတကတော့ Bill Clintonရဲ့ လပ်ထက်မှာ ဖြစ်ပြီး စုစုပေါင်း အယောက် ၁၄၀အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ နှစ်ယောက်စလုံးက ထူးထူးခြားခြားနဲ့ စွမ်းဆောင်ခဲ့ကြတာပါ။ “အခုလိုမျိုး ရွေးချယ် ခန့်အပ်ထားတဲ့ ကိန်းဂဏန်းတွေကို ကြည့်ချင်းအားဖြင့် မင်းဟာ ဘယ်သူဖြစ်လို့ ဘာဖြစ်လို့ ဆိုပြီး အလုပ်မခန့်တာမျိုး မဟုတ်ပဲ မင်းလုပ်နိုင်ရင် လုပ်ခွင့်ရှိတယ် ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ တန်ဖိုးကြီးတဲ့ အတွေးအခေါ်ကို ထပ်မံ အတည်ပြုလိုက်တာနဲ့ အတူတူပဲ”လို့ Human Rights Campaign အဖွဲ့က Michael Coleမှ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

အဲလို ရွေးချယ် ခန့်အပ်ထားတဲ့ အထဲမှာ လူသိများတဲ့ သူတွေကတော့ သမ္မတရဲ့ ပုဂ္ဂလိကရေးရာ စီမံခန့်ခွဲမှုရုံးရဲ့ ဒါရိုက်တာ John Berryနဲ့ စီးပွားရေး ကြော်ငြာဌာန တာဝန်ခံ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲခွဲစိတ်ထားတဲ့ Amanda Simpson တို့ပဲ ဖြစ်ပါတယ်။

မြန်မာ့အင်တာနက်လိုင်းများ DDOS ဖြင့် တိုက်ခိုက်ခံရ၊ ပညာရှင်များ စုပေါင်း ပြင်ဆင်နေပြီး ရက်ပိုင်းအတွင်း ပြန်ကောင်းမည်ဆို

ပြည်တွင်းတွင် လွန်ခဲ့သော ရက်သတ္တပတ်မှ စတင်၍ အင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်နှေးကွေး ခဲ့ခြင်းသည် ယခုအချိန်အထိ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးကြောင်း အင်တာနက် သုံးစွဲသူများထံမှ စုံစမ်းသိရှိ ရသည်။

ယခုကဲ့သို့ ဖြစ်ရခြင်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် ရတနာပုံ တယ်လီပို့ တို့၏ ISP များသို့ ပြည်ပမှ DDOS ခေါ် Distributed Denial of Services နည်းလမ်းဖြင့် Cyber Attack ပြုလုပ်ကာ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ICT Department မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

၎င်းတိုက်ခိုက်မှုကို ကာကွယ် ဟန့်တား ပြင်ဆင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံ တယ်လီပို့၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များအသင်းတို့မှ ပညာရှင်များ ပါဝင်သော MMCERT အဖွဲ့၊ Asia Pacific Network မှ ပညာရှင်များမှ ဆောင်ရွက်နေကြပြီး ပြည်ပအဖွဲ့အစည်းများ ဖြစ်သော CNCERT နှင့် JPCERT တို့မှလည်း ကူညီထောက်ပံ့ ပေးလျက်ရှိပြီး နောက်ထပ် ရက်အနည်းငယ်အတွင်း ဆက်သွယ်မှုများ ပြန်ရရှိတော့မည်ဟု ရတနာပုံတယ်လီပို့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ DDOS ခေါ် Distributed Denial of Services နည်းလမ်းဖြင့် Cyber Attack ပြုလုပ်ခြင်း ဆိုသည်မှာ သက်ဆိုင်ရာ ISP တစ်ခု၏ DNS Server များသို့ Accessment အတုအယောင်များ သန်းနှင့်ချီ၍ ဖန်တီးလိုက်ခြင်းဖြင့် သက်ဆိုင်ရာ Server ၏ bandwidth ကျော်လွန်ကာ အမှန်တကယ် သုံးစွဲသူများ ၀င်ရောက်သုံးစွဲ၍ မရတော့ဘဲ DNS Failure ဖြစ်သွားစေကြောင်း၊ ယခု တိုက်ခိုက်မှုသည် 5 GB ခန့် ပမာဏအထိ များပြား ပြင်းထန်သည်ဟု ကြားသိရကြောင်း မြန်မာအင်ဖိုတက်ရှိ MIT ကုမ္ပဏီ၏ Sage Department မှ IT ပညာရှင်တစ်ဦး ဖြစ်သူ မတင်ဇာဖြိုး မှ mmDailyNews က အက်ဒမင် ကိုသီဟသစ် ၏ ဖုန်းဖြင့် မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ်က စတင်ဖြစ်ပွားခဲ့သော အင်တာနက် လိုင်းများ ပြတ်တောက်မှုနှင့် ပတ်သက်၍ “ဒီတစ်ခါ လိုင်းကျတာက တော်တော်ဆိုးတယ်ဗျ။ ခါတိုင်းကျပေမယ့် Google Search Engine, G-mail, G-talk လောက်တော့ ရသေးတယ်။ အခုက ဘာမှကို မရတာမို့ ဆိုင်ပါ ပိတ်ထားလိုက်တယ်။ လိုင်းက တစ်ချက် တစ်ချက်တော့ ပြန်တက်ပေမယ့် နာရီဝက်တောင် မခံပါဘူး။ ပြည်တွင်းဆိုက် အချို့တော့ ကြည့်လို့ ရတဲ့အခါလည်း ရပါတယ်။ နိုင်ငံခြား ဆိုက်တွေ၊ ဆက်သွယ်ရေးတွေက ဘာမှ မရဘူး။ ညဖက်ပိုင်းတော့ ပြန်ရချင်ရပေမယ့် အတော်လေး နှေးပါတယ်။ ထူးခြားတာက ADSL သုံးတဲ့ ဆိုင်တွေ အကုန်ကျပြီး Wi-Max သုံးတဲ့ ဆိုင်တွေကျတော့ ကျတာ ပိုသက်သာတာ တွေ့ရပါတယ်။ အရမ်းတော့လဲ မကွာပါဘူး” ဟု မရမ်းကုန်းမြို့နယ်ရှိ အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက mmDailyNews သို့ ပြောကြားခဲ့ရသည်။

ယခုကဲ့သို့ အင်တာနက်လိုင်း နှေးကွေး ပြတ်တောက်မှု များကြောင့် အင်တာနက် ဆက်သွယ်ရေးအပေါ် အဓိကမူတည်နေသော စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် IT ကုမ္ပဏီများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ ပြည်တွင်းမီဒီယာများ၊ ပြည်ပ ဆေးရုံ၊ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေသော ကျန်းမာရေး၊ ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများအနေဖြင့် အဓိက ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ ယခရက်ပိုင်းအတွင်း ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် ဖုန်းနှင့် ဖက်စ်ကိုသာ အဓိက အားထားနေရကြောင်း ကြားသိရသည်။

အထက်ပါသတင်းများနှင့် ပတ်သက်၍ ပြည်တွင်းနာမည်ကျော် ဘောလုံးအားကစား ၀က်ဘ်ဆိုက် တစ်ခုဖြစ်သော www.mutdfan.com နှင့် mmDailyNews တို့၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုဇော်ဇော် က "အခုလတ်တလော ကွန်နက်ရှင် နည်းနည်းလေး ပြန်ရပါတယ်။ မသိတဲ့သူတွေကတော့ ရလာတဲ့ ကွန်နက်ရှင်ဟာ ပုံမှန်ဆိုဒ်တွေ ပွင့်နေတယ် ထင်ရပေမယ့် တကယ်တက်နေတာက Server-Cache ထဲက Data တွေကို ပြန်ကြည့်နေရသလို ဖြစ်နေတယ်။ သတင်းသမားတွေ အတွက် အတော်လေး ဆိုးတယ်။

ဥပမာ www.thesun.co.uk ဆိုတဲ့ ဆိုဒ်ကို ဖွင့်လိုက်တဲ့အခါ သတင်းသစ် မတက်ဘဲ သတင်းဟောင်းဘဲ တက်နေတာမျိုး ကြုံရတယ်၊ ပထမတော့ မူလဆိုဒ်က သတင်းသစ် မတက်တာလားပေါ့။ နောက်မှ အခြားနည်း တခုခုနဲ့ ကျော်ဖွင့်ကြည့်တော့မှ သတင်းသစ်တွေ တက်နေပါလျက်နဲ့ ဒီမှာ အဟောင်းဘဲ ပွင့်နေတာမျိုး တွေ့ရတယ်။ ဒါလေး သတိထားမိရင်တော့ User တွေ အနေနဲ့ အခြား တစ်နည်းနည်းနဲ့ ကြိုးစားရင် အဆင်ပြေတာမျိုး ဖြစ်လာမှာပါ။

ဘာဘဲဖြစ်ဖြစ် အင်တာနက် ၀န်ဆောင်မှု ပေးတဲ့ ကုမ္မဏီ အနေနဲ့ ထိုက်တန်တဲ့ အခကြေးငွေပေးပြီး သုံးကြရတဲ့ User တွေကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့ ဘာ့ကြောင့်ဖြစ်တယ် ဘယ်တော့လောက် ပြန်ကောင်းမယ် စသည်ဖြင့် သတင်းပေးသင့်တယ် ထင်ပါတယ်။ အခုက ပျက်တာလား၊ ဖြတ်ထားတာလား ဘာမှန်း မသိတော့ မေးစရာ မေးခွန်းတွေ အများကြီးရှိနေပြီး သုံးမရတဲ့ အင်တာနက်အတွက် လကုန်ရင်တော့ လစဉ်ကြေးပေးနေရတာပါဘဲ။

ပြည်သူကို အလေးထားတဲ့ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေတဲ့အချိန်မှာ ပြည်သူတွေဖြစ်တဲ့ User တွေကိုလည်း လေးစား တန်ဖိုးထားသင့်တယ် ထင်ပါတယ်" သူ၏အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆို ခဲ့သည်။