Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 5 November 2010

အထူးသတင်းထုတ်ပြန်ကြေငြာချက်

ရွေးကောက်ပွဲကို အမှိုက်ပုံးထဲသို့စွန့်ပစ်ခြင်း။
မြန်မာနိုင်ငံ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် ရန်
နေ့စွဲ ။ ။ ၅ နိုဝင်ဘာ ၂၀၁၀။
အချိန် ။ ။ မွန်းလွဲ ၁း၃၀ မှ ၂း၃၀ ထိ (လန်ဒန်စံတော်ချိန်)
နေရာ ။ ။ Richmon Terrace, White Hall, London SW1
The Democratic Party for a New Society (DPNS-UK) နှင့် Burma Democratic Concern (BDC) မှပူးပေါင်း၍ မြန်မာနိုင်ငံ ၂၀၁၀ ရွေးကောက်ပွဲ ကို ဆန့်ကျင်သည့်ဆန္ဒပြ ပွဲများ အား ‘၂၀၁၀ ရွေးကောက်ပွဲ အမှိုက်ပုံးထဲ သို့စွန့်ပစ် ခြင်းခေါင်းစဉ်ဖြင့် ပြုလုပ်လျှက်ရှိ ပါသည်။
ယခုပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲ ကို ဆန့်ကျင်သည့်ဆန္ဒပြ ပွဲသည် London မြို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးပြင်ပ Downing Street သို့ သွားရောက်မှာဖြစ်ပြီး ဗြိတိန် အစိုးရမှ လာမည့်အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုခြင်းကို ကြိုဆို ခြင်းနှင့် မြန်မာ ပြည်သူလူထုတစ်ရပ်လုံး၏ လိုလား ဆန္ဒသည် Westiminster ဒီမို ကရေစီကဲ့သို့ စစ်မှန်သည့်လွှတ်တော်မှ ပြဌာန်းသော ဒီမိုရေစီဖြစ်ကြောင်း အ ထင် အရှား ပြသခြင်းလည်းဖြစ်သည်။
၎င်းအပြင် မြန်မာနိုင်ငံတွင်’အဆက်မပြတ် ဖိနှိပ်ချုပ်ချယ်ခြင်း’အား စစ်မှန်သည့် သဘောထား ဖြင့်ဆက်လက် ဆန့်ကျင်သွားမည့် ဆန္ဒပြပွဲလည်း ဖြစ်ပါသည်။
မြန်မာစစ်အစိုးရအား ဆက်လက်၍ ဖိအားပေးရန် ဗြိတိန်အစိုးရအား တောင်းဆို သည့် ဆန္ဒပြပွဲလည်းဖြစ်ပါသည်။
ဗြိတိန်အစိုးရမှ EU နှင့် UN ကိုဦးဆောင်၍ မြန်မာစစ်အစိုးရအား ပြင်းထန်သည့် ဖိအား ပေးရန် တောင်းဆိုလိုက်ပါသည်။
ဗြိတိန်ဝန်ကြီးချုပ် David Cameron အား လာမည့်နောက်တစ်ပတ်တွင်တွေ့ဆုံမည့် တရုတ် သမ္မတ Hu Jintao နှင့် မြန်မာနိုင်ငံအရေးအား ဆွေးနွေးရန် လည်း တောင်း ဆိုလိုက်ပါသည်။
မြန်မာသံရုံးရှေ့တွင်အောက်တိုဘာလ ၈ ရက်နေ့မှစတင်ခဲ့သည့် အပတ်စဉ် ၂၀၁၀ ရွေးကောက်ပွဲအားအမှိုက်ပုံးထဲသို့စွှန့်ပစ်ခြင်း အစီအစဉ် တွင် တက်ရောက်လာသူ တစ်ဦးချင်းစီတိုင်းမှ မိန့်ခွန်းတိုဖြင့်၎င်း၊ အသံတိတ်ဖြင့်၎င်း အမှိုက်ပုံးထဲသို့၂၀၁၀ ရွေးကောက်ပွဲမဲပြားများ ကို စွန့်ပစ် ခြင်း ဖြင့် နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပ မည့်ရွေးကောက်ပွဲအား လက်မခံကြောင်း ပြသသည့် သင်္ကေတများ ပင်ဖြစ်ပါသည်။
ထို့အပြင် ရွေးကောက်ပွဲကိုဆန့်ကျင်သည့် မြန်မာပြည်တွင်းမှ ထောင်ပေါင်း များစွာ သော မြန်မာပြည်သူများ၏ ခံယူချက်ကိုလည်းကိုယ်စား ပြု ပြသခြင်းဖြစ်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲအား အမှိုက်ပုံးထဲသို့စွှန့်ပစ်ခြင်း ဆန္ဒပြပွဲများ သည် Department for International Development (DFID), European Union (EU) နှင့် European Commission (EC) ရုံးများသို့သွားရောက်ခဲ့ပြီး တရားမ ဝင် သည့်ရွေးကောက်ပွဲနှင့် ၂၀၀၈ အခြေခံဥပဒေအား ထောက်ခံသည့် Myanmar Egress အား ကျွန်ုပ်တို့ မှ ဆန့် ကျင် သည်ဟု အထင်အရှားပြသခဲ့ပါသည်။
နောက်ခံသမိုင်းအကျဉ်း
မြန်မာနိုင်ငံ တွင် နှစ် ၂၀ အတွင်း ပထမဦးဆုံးကျင်းပသည့် အထွေထွေရွေးကောက် ပွဲ ကိုနိုဝင်ဘာလ ၇ ရက်နေ့ တွင် တွေ့မြင်ရမည်ဖြစ်ပါသည်။ ကံမကောင်းစွာဖြင့် ထို ရွေးကောက်ပွဲသည် လက်ရှိစစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ခိုင်မြဲရေး အတွက် ကျင်းပသည့် တရားမျှတမှုမရှိသည့် အတုအယောင် ရွေးကောက်ပွဲ ဖြစ် ပါ သည်။
ထိုရွေးကောက်ပွဲ၏အကျိုးဆက်များသည် မြန်မာနိုင်ငံ တွင် အဆိုးရွားဆုံး စစ်အာဏာ ရှင်အား သက်ဆိုးရှည်လာနိုင်စေ အတွက် ဆက်လက်ပြန့်ပွား အသက် သွင်းခြင်းဖြစ်ပြီးထိုစစ်အာဏာရှင်သည် ထင်ရာစိုင်းပြီး ထောင်ချခြင်းအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အင်အားသုံးနှိမ်နင်းခြင်း၊ အတင်းအဓမ္မပြုကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ကိုကျယ်ပြန့် စွာ ကျူးလွန်သူ များ လည်းဖြစ် ပါသည်။
အသေးစိတ်အချက်အလက်များသိလိုပါက
ကိုအောင်- ၀၇၇၆၂၀၉၄၅၆၂
ကိုမျိုးသိန်း - ၀၇၈၇၇၈၈၂၃၈၆
ကိုဇင်ခိုင် - ၀၇၉၀၄၃၉၃၄၅၇
ဘာသာပြန် - BDC

No comments: