Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 5 November 2010

အိုစမာဘင်လာဒင်သည် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ဇိမ်ကျကျ နေထိုင်လျက်ရှိသည်ဟု နေတိုးထိပ်တန်းအရာရှိတစ်ဦးက ပြောကြား

အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်သည် သူ၏လက်ထောက် အေမင်အယ်လ်ဇ၀ါဟီရီနှင့်အတူ ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ဇိမ်ကျကျ နေထိုင်လျက်ရှိကြောင်းနေတိုးအဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးကအောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ နေတိုး ထိပ်တန်း အရာရှိ၏ ပြောကြားချက်အရ အိုစမာဘင်လာဒင်သည် ပါကစ္စတန် အနောက်မြောက်ပိုင်း ရှိ လျှို့ဝှက်နေအိမ် တစ်ခု၌ အလွန်သက်သောင့်သက်သာဖြင့် ဇိမ်ကျကျနေထိုင်လျက်ရှိသည်ဟု ယုံကြည်ရကြောင်းပြောကြားခဲ့သည်။ ကမ္ဘာ့အလိုအရှိဆုံး တရားခံ အိုစမာဘင်လာဒင်သည် မြေအောက်ဂူထဲတွင် ပုန်းအောင်းနေရခြင်းမျိုးမဟုတ်ဘဲ ဇိမ်ကျကျပတ်ဝန်းကျင်၌ နေထိုင်နေရသည်ဟု ဆိုသည်။ သူ့၏လက်ထောက် အေမင်အယ်လ်ဇ၀ါဟီရီသည် လည်း သီးခြားအိမ်တစ်လုံးဖြင့် ဘင်လာဒင်၏အနီး၌ နေထိုင်လျက်ရှိသည်ဟု ဆိုသည်။ ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဘင်လာဒင် အပါအ၀င် အယ်လ်ကေးဒါးခေါင်းဆောင် များကိုရှာဖွေရန်အတွက် အာဖဂန်နစ္စတန်နိုင်ငံ တိုရာဘိုရာဒေသ ကိုသာ ပစ်မှတ်ထားခဲ့သည်။ အဆိုပါဒေသတွင် တောင်တန်းများတွင်ဥမင်လိုဏ်ခေါင်းများတူးထားသော ဂူ ကွန်ရက်များရှိသည်ဟု ထင်ရှားရာ ယင်း၌အယ်လ်ကေးဒါးတို့ ပုန်းခို နေလိမ့်မည်ဟုယူဆခဲ့ကြသည်။ သို့သော် နေတိုးအရာရှိကမူ ဂူထဲတွင် ပုန်းအောင်း နေသော အယ်လ်ကေးဒါးခေါင်းဆောင် တစ်ဦးမှမရှိကြောင်းနှင့် ၄င်းတို့သည် ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း၌ ဇိမ်ကျကျ နေထိုင်နေခြင်း သာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

No comments: