Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 18 February 2011

ကွန်ယက်ချိတ် ဗေဒါကျောင်း ပြောင်းပြီ

ကွန်ယက်ချိတ် ဗေဒါကျောင်း ပြောင်းပြီ
February 18, 2011 — bdcburma | Edit
ကွန်ယက်ချိတ် ဗေဒါကျောင်း ပြောင်းပြီ

ချင်းမိုင် (မဇ္ဈိမ)။ ။ အာဏာပိုင်များ ဖိအားကြောင့် အိမ်ရှင်က ရွှေ့ပေးရန် တောင်းဆိုခဲ့သဖြင့် လူငယ်ကွန်ယက် ချိတ်ထားသည့် ဗေဒါသင်တန်းကျောင်း BAYDA Institute ကို ရန်ကုန်တိုင်း တာမွေမြို့မှ စမ်းချောင်းမြို့သို့ ပြောင်းရွှေ့နေကြောင်း ကျောင်းအုပ် ဦးမျိုးရန်နောင်သိန်း အဆိုအရ သိရသည်။

တာမွေမြို့ ကျောက်မြောင်းရပ်ကွက် စိတ္တသုခလမ်း အိမ်အမှတ် ၂၃ မှ စမ်းချောင်းမြို့ အမှတ် ၇ စမ်းချောင်းလမ်းတွင် ပြန်လည်ဖွင့်လှစ်ရန် ပစ္စည်းများ ပြောင်းရွှေ့နေပြီး၊ ဖိအားကြောင့် သင်တန်းသားများအနေဖြင့် စိတ်ပျက်အားလျော့ခြင်း မရှိဟု ဆိုသည်။

“သင်တန်းသားတွေကတော့ဗျာ၊ ကျနော်တို့က ဒီကျောင်းစလုပ်ကတည်းက ရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပေးခဲ့တာပဲ။ ကျောင်းသားတွေက အဲဒီစိတ်ဓာတ် ရတယ်ခင်ဗျာ့။ အဲဒီဖိအားပေးတဲ့အပေါ်မှာ စိတ်ပျက်ခြင်း၊ အားငယ်ခြင်း မရှိဘူး။ ဖိအားမပေးသင့်ဘူးလို့တော့ အားလုံးက ပြောကြတာပေါ့။ ပြီးတော့ ငါတို့ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်လည်း ဖြစ်တယ်” ဟု ဦးမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း တာမွေမြို့ ကျောက်မြောင်းရပ်ကွက် စိတ္တသုခလမ်းတွင် ဖွင့်ထားသည့် BAYDA Institute တွင် နိုင်ငံရေး လှုပ်ရှားမှုများ လုပ်နေသည်ဟုဆိုကာ ချက်ချင်းပြောင်းခိုင်းရန် အာဏာပိုင်များက အိမ်ရှင်မှတဆင့် ယခုလ ၈ ရက်နေ့တွင် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကွန်ယက်ဖွဲ့ရေး ပြောကြားခဲ့ပြီးနောက် လူငယ်ကွန်ယက်များ ပေါ်ထွက်လာခဲ့ရာ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမျိုးရန်နောင်သိန်း ဦးဆောင်သည့် Nation Youth Network လည်း ပါဝင်ချိတ်ဆက်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် Nation Youth Network နှင့် ချိတ်ဆက်ထားသည့် အစုအဖွဲ့ ၁ဝ၄ ခု၌ ဗေဒါသင်တန်းကျောင်းလည်း ပါဝင်လာခဲ့သည်။

ဗေဒါကျောင်း၌ လူမှုဆက်ဆံရေး Social Science ၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ Global conflict ၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာခြင်း South East Asia Study နှင့် အခြေခံအင်္ဂလိပ် ဘာသာရပ်များကို နှစ်ပတ်သင်ခန်းစာအဖြစ် သင်ကြားပေးနေသည်။

တာမွေမြို့ ကျောက်မြောင်းရပ်ကွက်တွင် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလအတွင်း သင်တန်းများ စတင်ပို့ချလာခဲ့ရာမှ သင်တန်း အမှတ်စဉ် ၃ အရောက် ပြောင်းရွှေ့ရန် ဖိအားပေးခံရခြင်းလည်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် အမှတ်စဉ် ၃ သင်တန်းဆင်းပွဲကို နေရာဟောင်း၌ပင် ကျင်းပခဲ့ရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြပြီး၊ ဦးတင်ဦးက ယခုသင်ကြားပေးနေသည့် လူမှုရေး သိပ္ပံပညာရပ်များသည် အရေးကြီးကြောင်းနှင့် လူငယ်များ စိတ်ဓာတ်မကျရန် အမှာစကား ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ ၄ ရက်နေ့ အမှတ်စဉ် ၂ သင်တန်းဆင်းပွဲသို့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ ပညာရှာပြီး၊ ရလာသည့် ပညာရပ်များဖြင့် တိုင်းပြည်နှင့် လူမျိုးသာမက ကမ္ဘာသူကမ္ဘာသားများအတွက် အသုံးချစေချင်ကြောင်းနှင့် လူငယ်များ အနာဂတ် တောက်ပစေလိုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သေးသည်။

ဗေဒါ သင်တန်းကျောင်းမှ သင်တန်းဆင်းပြီးသူများ ဦးဆောင်ကာ ရေတာရှည်၊ ပုသိမ်၊ မကွေး၊ ရွှေဘို၊ မန္တလေး၊ ပဲခူး မြို့များတွင်လည်း လူမှုရေး သိပ္ပံပညာရပ်များကို ပို့ချမှုများ ရှိနေကြောင်း ဦးမျိုးရန်နောင်သိန်းက ပြောသည်။

“ရေတာရှည်၊ ပုသိမ်၊ မကွေး၊ ရွှေဘို၊ မန္တလေး၊ ပဲခူးတို့မှာ ဒီသင်တန်းတွေ ပေးနေတယ်။ အခုလောလောဆယ်ကတော့ သိုသိုသိပ်သိပ် လုပ်နေတဲ့အတွက် မသိသေးဘူး၊ သိုသိုသိပ်သိပ် လုပ်နေတယ် ဆိုတာကလည်း ဖိအားပေးခံရမှာစိုးလို့။ တကယ်တမ်းကျတော့ နယ်တွေက အာဏာပိုင်တွေက ဖိအားပေးတာ ပိုပြင်းတတ်တယ်လေ။ အဲဒါကြောင့် သိုသိုသိပ်သိပ် လုပ်နေကြတယ်” ဟု သူက ဆိုသည်။

ဗေဒါကျောင်း၏ အမှတ်စဉ် ၄ သင်တန်းဖွင့်ပွဲကို လာမည့်တနင်္လာနေ့တွင် အမှတ် ၇ စမ်းချောင်းလမ်းရှိ တိုက်ခန်းအမှတ် 4B တွင် ကျင်းပမည် ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/6914-2011-02-16-14-00-36.html

NLD-affiliated school forced to move

Chiang Mai (Mizzima) – The Bayda Institute in Tamwe Township in Rangoon Division, an education group associated with the social networking program supported by Aung San San Kyi, is moving to Sanchaung Township, according to principal Myo Yan Naung Thein.

Earlier, the school was asked by its landlord to move, after the landlord was presured by the authorities.

The principal of the school said such difficulties would not make them discouraged.

‘We opened the school with a good spirit’, said Myo Yan Naung Thein. ‘Our students are determined. So, we are not downhearted. Difficulties cannot stop us’, he told Mizzima.

On February 8, the authorities threatened the landlord by saying that her room would be sealed if the Bayda Institute, which it claimed was carrying out political work, did not relocate.

After her release from house arrest, Suu Kyi announced a National League for Democracy project to form social networking organisations across the country, called the Nation Youth Network, to be headed by 88-Generation leader Myo Yannaung Thein. Many people and groups expressed interest.

The Bayda Institute is one of 104 groups in the social network group, which was formed on January 6. The institute offers two-week training courses in Social Science, Global Conflicts, South East Asia Studies and Basic English and has offered the training courses since November 2010,

It has provided courses in in Yedashe, Pathein, Magway, Shwebo, Mandalay in Pegu, Myo Yan Naung Thein said.

He said the school is simply conducting education courses and it is not trying to disturb the authorities.

The opening ceremony of a training course will be held at No. 4/B, Sanchaung Seven Street in Sanchaung Township on Monday.

http://www.mizzima.com/news/inside-burma/4893-nld-affiliated-school-forced-to-move.html

Burmese Campaign Movie New Series: "Hay Man Oo Mar SHOCK Shi Tae"