Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 31 March 2009

Burma Democratic Concern had distributed this statement inside Burma


Burma Democratic Concern (BDC): People Power
If Burmese junta is willing to negotiate with the opposition leader, they must come to discussion table and must release all political prisoners. This is the first step forward and they must prove it by doing so. Junta is using prisoners' release as the bargain chip. They always did in the past and will do in the future. Junta wanted to ease-off pressure by releasing a few political prisoners. We do not accept any delaying tactics or small scale concession or using tricks. Student and ethnic leaders also called for the genuine dialogue and to recognise 1990 election result. Aung San Suu Kyi said she is willing to co-operate with the regime to make the process a success. Aung San Suu Kyi has been calling for genuine time-bound dialogue but regime fails to cooperate and declared that they are planning to hold another election in 2010 in which they are set to win. On February 2, 2009 Aung San Suu Kyi demanded 4 main principles to military junta-
• To recognise 1990 election result
• To convene people’s parliament based on 1990 election result
• To review 2008 constitution
• To release all political prisoners
We call for all Burmese citizens to join with Aung San Suu Kyi and demand junta above 4 main principles. “If this country is to achieve genuine democracy, the result of the elections of 1990 must be recognized. It must be recognized by the military regime, as it has been recognized by the people, and by the world at large. It is through this recognition that we will be able to make genuine progress in Burma. The results of the 1990 General Elections must be implemented is a resolution already taken by the United Nations. We already know that the General Assembly of the United Nations has accepted the notion that the will of the people has been expressed in the 1990 General Elections. This is something we cannot abandon. It will be to the detriment of our country if after an election has been held the results are not honoured and we do not resist attempts to trivialise it”, Aung San Suu Kyi insists.
We want government of the people, by the people and for the people. Let’s work together to gain our freedom through mass movements, civil disobedient and mass uprisings.

Burma Democratic Concern (BDC) Movements Inside Burma


Burma Democratic Concern (BDC) Movements Inside Burma
BDC, UHRC, FBF and TBM collaborated together and carried out the campaign inside Burma on Burma’s Resistance Day, 27th March 2009 calling for all Burmese people to work to restore democracy in Burma. We distributed leaflets, pamphlets, postcards, statements, and open letter to soldiers in Rangoon, Burma. In BDC’s statement calling for all the people of Burma to work to realise 4 Main Principles Demanded by Aung San Suu Kyi, in the postcards with the portraits of Aung San Suu Kyi, Khun Htun Oo, Myo Yan Naung Thein, Min Ko Naing, Ko Ko Gyi, Htay Kyawe and Aung Than with the message in Burmese stating Free All Political Prisoners Immediately, in the open letter to soldier stating the message calling for Patriotic Soldiers to Stand by with People.

Burma Democratic Concern (BDC) Movement Outside Burma
BDC organised the demonstrations on 27 March 2009, Burma’s Resistance Day, in front of the Junta’s Embassy and in front of the Foreign and Commonwealth Office (FCO).
In front of the Junta’s embassy, more than hundred activists from various organisations attended and we reaffirmed our position to work to implement 1990 election result in which Aung San Suu Kyi’s party won landslide victory and to reject Junta’s planned sham 2010 election.
Demonstration in front of the FCO, as part of the Europe-wide day of action for Burma, BDC collaborated together with FBE-UK, we demanded the EU governments to strengthen more sanctions on Burma, not to endorse Junta’s 2010 elections and to put more pressure on Burma.
We believe that in order to achieve our destination, democratisation of Burma, we must synchronize movement inside and outside Burma. We Will Win as we are doing the right thing.

Monday 30 March 2009

Movements inside Burma




Sunday 29 March 2009

G-20 ညီလာခံ မစခင် ဆန္ဒပြပွဲများ စတင်

"ဒို့မြန်မာပြည်မှာဆို သေသူသေ၊ ထောင်ကျသူကျ နဲ့ သွေးချောင်းစီးနေလောက်ပေါ့"
29 March 2009

Thousands of demonstrators take part in 'Put People First' march through central London, 28 Mar 2009
ထောင်ပေါင်းများစွာသော ဆန္ဒပြသမား များ လန်ဒန်မြို့လယ်တွင် ဆန္ဒပြနေကြစဉ်။
မတ် ၂၈၊ ၂၀၀၉။

လန်ဒန်မြို့မှာ အခုလာမယ့် သီတင်းပတ်အတွင်း ကျင်းပမယ့် G-20 ခေါ် ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ ရဲ့ ထိပ်သီးညီလာခံမတိုင်ခင် ထောင်ပေါင်း များစွာသော ပြည်သူတွေဟာ လန်ဒန်မြို့တ၀ိုက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူပေါင်း ၃၅,၀၀၀ လောက်ဟာ အရမ်းကိုအေးပြီး မိုးရွာနေတဲ့ကြားမှာ စုဝေးခဲ့ကြပြီးတော့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ဖို့၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းသိမ်းဖို့နဲ့ အလုပ်အကိုင် ပြဿနာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ ဆန္ဒပြသူ တွေဟာ လန်ဒန်မြို့တလျှောက် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဒီ ဆန္ဒပြတောင်းဆိုမှုတွေကို ကမကထ လုပ်သူတွေထဲမှာ ကုန်သွယ်ရေး အလုပ် သမား သမဂ္ဂ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ပတ်ဝန်းကျင် ထိန်းသိန်းရေးအဖွဲ့ တွေ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြတောင်းဆိုသူတွေက ပြည်သူလူထုကို အရင်ဆုံး ဦးစားပေးဆောင်ရွက်ပါလို့ တောင်းဆိုခဲ့ကြပါတယ်။

အလားတူ ဆန္ဒပြမှုတွေကိုလည်း ဂျာမနီနိုင်ငံ ဘာလင်မြို့၊ ဖရန့်ဖတ်မြို့နဲ့၊ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ အပါအ၀င် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာလည်း လုပ်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်သန်းရွှေ ဘယ်လမ်းလိုက်မလဲ

.....:::.....
alt

ဆောင်းပါးသရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အခုတလော နအဖရဲ့ နိုင်ငံတကာဆက်ဆံရေး ခြေလှမ်းတွေ သွက်နေပါတယ်။ နအဖဟာ အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဆက်ဆံရေးတွေကို ကောက်ခါငင်ခါ လုပ်လာလို့ပါဘဲ။ နအဖ ခြေလှမ်းတွေမှာ သူကိုယ်တိုင်က အပြောင်းအလဲဖြစ်လိုတဲ့ သဘောတွေ ရှိနေပါတယ်။ ပုံမှန်သွားနေတဲ့ လမ်းပြမြေပုံကို ဦးတည် နေတာ ဖြစ်ပေမယ့်

ခြေလှမ်း လှမ်းပုံတွေမှာ ထူးခြားနေတယ်လို့ သုံးသပ်ရပါတယ်။ အဓိကအချက်ကတော့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC- International Criminal Court) က ဆူဒန် စစ်အာဏာရှင် ဘာရှီးယား (Bashir)ကို ဖမ်းဝရမ်း ထုတ်လိုက်တာနဲ့ ဆက်စပ်နေမယ်လို့ ယူဆရပါတယ်။ ဆူဒန်ကို ICC က စတင်အရေးယူပြီဆိုရင် နောက်အလှည့် သူတို့များ ဖြစ်လေမလားလို့ ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင်တွေက တွေးလာကြတော့မှာပါ။ မြန်မာနိုင်ငံက ဗိုလ်ချုပ်သန်းရွှေလည်း ဒီကိစ္စကိုမတွေးပဲ နေနိုင်မှာတော့ မဟုတ်ပါဘူး။

ဆူဒန်သမတ ဘာရှီးယားဟာ ၂ဝဝ၃ ခုနှစ်ကတည်းကစပြီး တောင်ပိုင်း ဒါဖား (Darfur) ဒေသက အစိုးရဆန့်ကျင်သူတွေကို ၂ဝဝ၅ ခုနှစ် ငြိမ်းချမ်းရေး မယူမီအထိ ရက်ရက်စက်စက် တိုက်ခိုက်နေခဲ့ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးမှာ အရပ်သားတွေအပေါ် စနစ်တကျ စီစဉ်ထားတဲ့ အတိုင်း မုဒိမ်းမှု၊ လူသတ်မှုနဲ့ အခြားရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ နိုင်ငံအစိုးရ ကိုယ်တိုင်က ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေကျူးလွန်နေတာတောင် လုံခြုံရေးကောင်စီက ဘာမှ မတားဆီးနိုင်ပဲ ဖြစ်နေရပါတယ်။ အဓိက အကြောင်းရင်းကတော့ ဆူဒန်ကို အရေးမယူ နိုင်အောင် ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ တရုတ်က ဟန့်တားပိတ်ဆို့နေလို့ ဖြစ်ပါတယ်။ ဒါဟာ ယဉ်ကျေးလာတဲ့ ခေတ်သစ် ကမ္ဘာ့သမိုင်းမှာ အတော့်ကိုဆိုးဝါးတဲ့ အဖြစ်ပါဘဲ။ နောက်ဆုံးမှာတော့ ဘာရှီယားကို နိုင်ငံတကာ တရားရုံးကနေ အရေးယူရတဲ့ပုံစံ ဖြစ်သွားပါတယ်။

ဆူဒန်နိုင်ငံဟာ ICC မှာ အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ သွားရောက် အစစ်ဆေးခံစရာ မလိုဘူးလို့ ဘာရှီးယားက ခုခံ ပြောဆိုပါတယ်။ ဒီအခါမှာ ICC က ဘာရှီးယားကို ဖမ်းဝရမ်း ထုတ်လိုက်ပါတော့တယ်။ ဆူဒန်သမ္မတ ဘာရှီးယားကို တွေ့ရင်ဖမ်းပေးကြဖို့ ICC က နိုင်ငံတကာ တိုင်းပြည်များကို တိုက်တွန်းထားပါတယ်။

မြန်မာ၊ ဇင်ဘာဘွေ၊ မြောက်ကိုးရီးယား၊ ဆော်ဒီအာရေဗျနဲ့ တရုတ်နိုင်ငံတွေမှာလည်း အစိုးရကိုယ်တိုင်က စနစ်တကျ စီစဉ်ပြီး လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against humanity) တွေ အမြောက်အမြား ရှိနေခဲ့ပါတယ်။ သက်သေတွေလည်း ရှိလာနေခဲ့ပါပြီ။ ဆူဒန်ခေါင်းဆောင် ဘာရှီယားကို ICC က နိုင်ငံတကာ တရားရုံးတင်ရသလို ကျန်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေကိုလည်း ICC က ခုံရုံးတင်ရဖို့ ရှိနေပါပြီ။ ဒါမှသာ အစိုးရတွေက အာဏာအလွဲသုံးစားလုပ်ပြီး သူတို့နိုင်ငံသားတွေကို စနစ်တကျ နှိပ်စက်တဲ့ ရာဇဝတ်မှုတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ် ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင်စာရင်းကို ၂၃-၃-၂ဝဝ၉ နေ့မှာ ဝါရှင်တန်ပို့စ် အပတ်စဉ်မဂ္ဂဇင်း (Washington Post weekend magazine Parade) က ထုတ်ပြန်လိုက်ပါတယ်။

ခေါင်းဆောင်

နိုင်ငံ

၂ဝဝ၉ ခုနှစ် အဆင့်

၂ဝဝ၈ ခုနှစ် အဆင့်

မူဂါဘေး

ဇင်ဘာဘွေ

ဘာရှီးယား

ဆူဒန်

ကင်ဂျုံအီးလ်

မြောက်ကိုးရီးယား

သန်းရွှေ

မြန်မာ

အဗ္ဗဒူလာ

ဆော်ဒီအာရေဗျ

ဟူဂျင်တောင်း

တရုတ်



ICC က ဖမ်းဝရမ်းထုတ်ထားတာကို ဘာရှီးယားက အံတုပြီး တပါတ်ထဲမှာ အဲရီထရီးယား (Eritrea)နဲ့ အီဂျစ်ကို သွားပြလိုက်ပါတယ်။ ICC အဖွဲ့ဝင်အဖြစ် လက်မှတ်မထိုးတဲ့ နိုင်ငံ တွေကို တိုက်ရိုက်သွားလို့ ရပေမယ့် ICC အဖွဲ့ဝင် နိုင်ငံတွေကို ဖြတ်သွားရင်တော့ အဖမ်းခံ ရမှာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ICC အဖွဲ့ဝင်နိုင်ငံပေါင်း (၁ဝ၈)နိုင်ငံ ရှိနေပြီး နောက်ထပ် နိုင်ငံပေါင်း (၄ဝ)ကလည်း လက်မှတ်ထိုးပြီးပေမယ့် အတည်ပြုဖို့ စောင့်နေတဲ့အဆင့်ကို ရောက်နေပါပြီ။ တနည်းအားဖြင့်ဆိုရင် ဆူဒန်စစ်အာဏာရှင်အတွက် အနည်းဆုံး နယ်ကျဉ်း သွားရပါပြီ။

မြန်မာစစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေလည်း ဘာရှီးယားလို ICC ဖမ်းဝရမ်း ထုတ်ခံရရင် ဘယ်လိုဖြစ်သွားမလဲလို့ တွေးကြည့်နိုင်ပါတယ်။ ဒါဟာ ဥရောပသမဂ္ဂ (EU)နဲ့ အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားတာထက်ပိုဆိုးပါတယ်။ တွေးကြည့်လို့ ဖြစ်နိုင်တာတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက (၃)ချက်ကို အလွယ်တကူတွေးလို့ ရနိုင်ပါ တယ်။

ပထမအချက်က အဖမ်းခံ၊ ခုံရုံးတင် အပြစ်ပေးခံရမယ့်ကိစ္စပါ။ ဒါက အရှင်းဆုံးဖြစ်ပါတယ်။ နိုင်ငံပြင်ပကို ထွက်ဖို့ မလွယ်တော့သလို နိုင်ငံတွင်းမှာလည်း အတိုက်အခံတွေအတွက် နိုင်ငံရေးချိန်ခွင်လျှာ အားသာစေမယ့်အချက် ဖြစ်ပါတယ်။

သေချာပေါက်ဖြစ်လာနိုင်မယ့် ဒုတိယအချက်ကတော့ ICC ဖမ်းဝရမ်း ထုတ်ခံထားရသူတဦးအနေနဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ သမတ (ဒါမှမဟုတ်) ကာကွယ်ရေးဦးစီးချုပ်လိုမျိုး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ဖို့ အတော်ခဲယဉ်းသွားမယ့် ကိစ္စပါ။ နိုင်ငံတကာကလည်း ဝိုင်းဝန်းရှုံ့ချမယ့်အပြင် ပြည်တွင်းမှာလည်း လူထုက သူ့ကို အပြစ်ဖို့ လှောင်ပြောင် ဟားတိုက်နေကြတော့မှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာလည်း ပြဿနာတွေ ရှုပ်ထွေး လာနိုင်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ဖမ်းဝရမ်းထုတ်ခံရတာကို အကြောင်းပြုပြီး သူ့ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုသူတွေ ရှိလာနိုင်ပါတယ်။ သူ့လိုမျိုး ရာထူး၊ အာဏာ၊ အခွင့်အရေး၊ စည်းစိမ် ခံစားချင်သူတွေကလည်း ထိုင်ခုံလုလာကြဖို့ ရှိနိုင်ပါတယ်။ ဒီကိစ္စလောက်နဲ့တင် ဗိုလ်ချုပ်သန်းရွှေ တယောက် ဘယ်လောက်တုန်လှုပ် ခြောက်ခြားနေမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

တတိယအချက်ကတော့ ICC ဖမ်းဝရမ်း ထုတ်ခံရသူ၊ နိုင်ငံတကာ ဝရမ်းပြေး စတဲ့ အမည်းစက်ကြီးက မြန်မာနိုင်ငံ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်ခံရတော့မှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေး သိမ်မွေ့တဲ့ ဓလေ့စရိုက်နဲ့ ဗုဒ္ဓဘာသာပါ နာမည်ပျက်ရမယ့်ကိစ္စ ဖြစ်နေပါတယ်။ ပုဂ္ဂိုလ်ရေးရာ၊ တပ်မတော်ရေးရာ၊ နိုင်ငံတကာဆက်ဆံမှု အနေအထား အစရှိတာတွေ အကုန်လုံးလိုက်ပြီး နာမည်ပျက်နိုင်တာကိုလည်း ယထာဘူတ ကျကျ ဆက်တွေးလို့ ရနိုင်ပါသေးတယ်။

ICC ဖမ်းဝရမ်း ထုတ်ခံရတာကို အာဆီယံနဲ့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားတို့ကလည်း အကာအကွယ် မပေးနိုင် ပါဘူး။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း မတတ်နိုင်ပါဘူး။ လုံခြုံရေးကောင်စီရဲ့ ဗီတို ပိုင်ရှင်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က ဗိုလ်ချုပ်သန်းရွှေရဲ့ ပုဂ္ဂိုလ်ရေးရာအတွက် ICC နဲ့ ဆန့်ကျင်ပြီး နောက်ထပ် တကြိမ် ခုခံကာကွယ်ပေးဖို့ကလည်း အတော့်ကို စဉ်းစားရမယ့် ကိစ္စပါ။

“မြန်မာ့အရေးဟာ နိုင်ငံတကာက ကိုင်တွယ်ဖြေရှင်းဆုံးဖြတ်ရမယ့်ကိစ္စ (International issue) ဖြစ်နေပြီ”လို့ တရုတ်က အခုကတည်းကတောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာနေပါတယ်။ ဒီလိုပြောတာ ပထမဦးဆုံး အကြိမ်ပါ။ မြန်မာပြည်ထဲမှာ ဘယ်လောက်ဘဲ ဆိုးဆိုးဝါးဝါးဖြစ်နေနေ၊ “ဒါဟာ မြန်မာ့ပြည်တွင်းရေးကိစ္စပါ”လို့ အမြဲတမ်း ဘက်လိုက် ကာကွယ်ပေးနေခဲ့တဲ့ တရုတ်ပေါ်လစီက အခုဆိုရင် ပြောင်းလဲစပြုလာတဲ့သဘောလို့ သုံးသပ်စရာ ဖြစ်ရပါတယ်။

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း မြန်မာနိုင်ငံတွင်းမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြေလည်အောင်ရေး ကိစ္စတွေကို ပိုပြီး ရဲရဲတင်းတင်းလုပ်ဖို့၊ အခွင့်ကောင်းကို လက်လွှတ်မခံဖို့ နအဖဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်ကို တရားဝင်ဖိတ်ခေါ်ပြီး လူသိရှင်ကြား တိုက်တွန်းသွားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကို နအဖက ပြန်လည်ဆက်သွယ်ရာမှာ စင်ကာပူက အတတ်နိုင်ဆုံး ကူညီမယ်လို့လည်း ကြားဝင် လမ်းခင်းပေးနေခဲ့ပါတယ်။

ဒီကြားထဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့အဖွဲ့ကလည်း အိမ်ဖြူတော်ကိုသွားရောက်ပြီး သမတသစ် အိုဘားမားကို သွားရောက်တွေ့ဆုံတဲ့ အခါမှာ မြန်မာ့အရေးကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။ ဘန်ကီမွန်း ကလည်း ဧပြီလ(၁၈)ရက်မှာ မြန်မာနိုင်ငံကိုလာရောက်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

စင်ကာပူ မရောက်ခင် ဗိုလ်ချုပ်သိန်းစိန်ဟာ အင်ဒိုနီးရှားသမတ ဆူစီလို (Susilo Bambang Yudhoyono) နဲ့ ဆွေးနွေးခဲ့တဲ့ကိစ္စ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဟီလာရီ ကလင်တန်နဲ့ အင်ဒိုနီးရှားသမတတို့ မြန်မာ နိုင်ငံအကြောင်း ဆွေးနွေးတဲ့ကိစ္စ၊ ကလင်တန်က နအဖအပေါ် ချမှတ်ပိတ်ဆို့ထားတဲ့ စီးပွားရေး ပြစ်ဒဏ်ခတ်တဲ့ (Sanctions)နဲ့ ချဉ်းကပ်နေတာဟာ မထိရောက်သလို အာဆီယံက မြန်မာအပေါ် ချဉ်းကပ်တာလည်း မထိရောက်ဘူးလို့ ဝေဖန် ပြောဆိုပြီး အမေရိကန်အနေနဲ့ နအဖအပေါ်ထားရှိတဲ့ ပေါ်လစီကို ပြန်လည် သုံးသပ်မယ်ဆိုတဲ့ကိစ္စ၊ အမေရိကန်သမတသစ် အိုဘားမားက အင်ဒိုနီးရှား သမတကို ဖုန်းဆက်ပြီး မြန်မာနိုင်ငံအကြောင်း ပြောတဲ့ကိစ္စ၊ ဒါတွေ အားလုံးကို ပေါင်းစုလိုက်တဲ့အခါမှာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Stephen Blake က နအဖရုံးစိုက်ရာ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံတဲ့ကိစ္စတွေ ဖြစ်ပေါ်လာရပါတယ်။ အမေရိကန်နဲ့နအဖ အဆင့်မြင့်တွေ့ဆုံပွဲဟာ ၁၉ရရ ခုနှစ် ကစပြီး ပြတ်တောက်နေခဲ့ရာကနေ အခုမှ ပထမဦးဆုံး ပြန်ဆက်ဆံလာတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ကလည်း မြန်မာနိုင်ငံကို ရောက်လာပြီး နအဖနဲ့ ဆွေးနွေး ပါတယ်။ ဒီနောက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နအဖ ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးမယ်လို့ ပြောလာပါတယ်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်ကလည်း နအဖကို လာတွေ့နေပါတယ်။

နအဖနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာ ဘယ်လိုဘဲ ဖြစ်နေစေဦးတော့၊ နအဖဟာ သူကြီးကြပ်စီစဉ်နေတဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရိုးသားဖြောင့်မတ်တဲ့ အပြုအမူတွေကို အခုထိ မပြသရသေးပါဘူး။ ဒါတွေဟာ အမှန်တကယ် ဒီမိုကရေစီ ဖော်ဆောင်ဖို့ ကိစ္စအပေါ် သံသယ ဖြစ်စရာပါဘဲ။

ဘာကြောင့်လဲဆိုတော့ နအဖကိုယ်တိုင် တဘက်သပ် စိတ်ကြိုက်ရေးဆွဲပြီး အတင်းအဓမ္မ အတည်ပြုသွားတဲ့ အခြေခံဥပဒေမှာကိုက မရိုးမသား လှည့်စား တာတွေ၊ အနိုင်ကျင့်ထားတာတွေ ရှိနေလို့ဖြစ်ပါတယ်။ အဲဒီ ၂ဝဝဂ ခုနှစ် အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှာ မဟုတ်ဘူးလို့ တော်လှန်ရေးနေ့မိန့်ခွန်းမှာ ဗိုလ်ချုပ်သန်းရွှေက ပြောသွားပါတယ်။

နောက်ထပ် မရိုးသားတဲ့အချက်တွေထဲမှာ အထင်ရှားဆုံးအချက်ကတော့ နအဖက ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိပဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဝင်ခွင့်မပြုဘူးဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းသာဖြစ်ပြီး နိုင်ငံအစိုးရနဲ့ မပတ်သက်ရပါဘူး။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမဝင်ရဘူးလို့ နအဖက ပြောနေရင် ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်မှုမရှိဘဲ စစ်အာဏာရှင်တွေရဲ့သြဇာခံပြီး လိုက်လုပ်ပေးနေတဲ့အဖွဲ့လို့ သတ်မှတ်လိုက်သလို ဖြစ်သွား ပါမယ်။ ဒီမိုကရေစီအသွင်ပြောင်းလဲဖို့ ရွေးကောက်ပွဲဖြစ်မလာပဲ စစ်အစိုးရကို သက်တမ်းရှည်စေမယ့် ရွေးကောက်ပွဲ ဖြစ်တယ်လို့ သက်သေပြသလို ဖြစ်နေပါမယ်။ အဲဒီအခါမှာ ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ နိုင်ငံတကာတိုင်းပြည်နဲ့ အဖွဲ့အစည်းတွေကို ဘယ်လိုဘဲ ခေါ်ထားပစေ၊ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲလို့ ဘယ်လိုမှ မသတ်မှတ်နိုင် တော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသမား ၂ဝဝဝ ကျော်ကို ပြန်မလွှတ် ပေးသေးတဲ့ကိစ္စကလည်း နအဖရဲ့ မရိုးသားမှုကို နိုင်ငံတကာသိ ဖော်ထုတ်သလို ဖြစ်နေပါသေးတယ်။ သူတို့ကို ချွင်းချက်မရှိ လွှတ်ပေးဖို့ နိုင်ငံတကာက အမြဲတမ်း ဝိုင်းဝန်းတောင်းဆိုနေကြတဲ့အပြင် အမြဲမပြတ် စောင့်ကြည့်နေ ကြတာကြောင့် မရိုးမသား လှည့်စားလုပ်ဆောင်ဖို့ မဖြစ်နိုင်သလောက်ပါဘဲ။

တကယ်လို့သာ ဗိုလ်ချုပ်သန်းရွှေအနေနဲ့ ဒီမိုကရေစီအပေါ်မှာ၊ ရွေးကောက်ပွဲအပေါ်မှာ၊ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ အပေါ်မှာ၊ နိုင်ငံရေးသမားတွေအပေါ်မှာ ရိုးသားဖြောင့်မတ်မယ် ဆိုလို့ရှိရင် သူ့ကို အတော်အတန် လက်ခံလာကြဖို့ ရှိနိုင်ပါတယ်။ ဒါဟာ သူ့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရိုးမသား ဆက်လုပ်နေဦးမယ်ဆိုရင်တော့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC)က တရားစွဲလာရတော့မှာ ဖြစ်ပါ တယ်။ တချိန်တည်းမှာဘဲ ဒီမိုကရေစီချစ်မြတ်နိုးတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေအတွက် တန်ဖိုးရှိတဲ့ နိုင်ငံရေး လက်နက်ကောင်းတခု ရရှိလာတော့မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၂၈-၃-၂ဝဝ၉

မြို့ပြအပူမီး ဖိစီးနေတဲ့မြို့

......:::.....
PMV.net

"အရုဏ်ကျင်းလို့ အလင်းဆောင်လာတာနဲ့ အဆင့် ထိုးကျသွားတဲ့ ဒီမြို့မှာ ပုရွက်အုံ ဒုတ်နဲ့ ထိုးလိုက်သလို ရှုပ်ထွေးလွန်းတဲ့ လူတွေက ဟိုဟိုဒီဒီ ကူးချည်သန်းချည် နဲ့ပေါ့၊ လွှတ် …… ပူပြင်းလှတဲ့ ဒီရာသီ နေရောင် စူးစူးရဲရဲ အောက်က ကားလမ်း နံဘေးတွေမှာ ပွစိထနေတဲ့ စီးကရက်ဘူးခွံ ၊ ဆေးလိပ်တိုတွေ၊ ပလပ်စတစ် အိတ်ခွံတွေ၊ ငုံးဥခွံ နဲ့ စက္ကူစတွေ အမှိုက်အပေါင်းတို့ ခညောင်းကာ ဗြုတ်ထတယ်လို့ ပြောရလောက်အောင် စီးပွားရေးမြို့တော်ရဲ့ လူဦးရေနဲ့ အညီ ပွထ နေတော့တယ်။"

အမြင်အာရုံမှာ ရှုတ်ယှက်ခတ်နေအောင် ဆွဲထားတဲ့ စိတ္တဇပန်းချီ ကားတချပ်လို မြို့တော်ဟောင်းရဲ့ ရင်ဘတ်ပေါ်က အမှိုက်တွေဟာ မြန်မာပြည်သားတို့ရဲ့ စည်းကမ်းကို ညွှန်ပြ နေသယောင်ယောင် လူတွေတင် စည်းကမ်းမဲ့ တာလား? ဆိုတော့လဲ မဟုတ်ချေသေး။ ဘတ်စ် ကားမောင်းသူတွေရော ထို့နည်း၎င်း၊ လမ်းဘေးက ဈေးသည်တွေကပါ အလိုတူ အလိုပါ စည်းပျက်ကမ်းပျက် ဖေါဖေါသီသီ ဖြစ်ထွန်းနေတဲ့ ရပ်ဝန်း။

ကားကြီး ကားလတ် အစုံစုံ ဘတ်စ်တွေ အောက်ဆိုဒ်ကားတွေ ဘီအမ်ဟီးနိုးတွေ စစ်ကျန်ဗိုက်ပူ ချက်ဗလက် ကားတွေ မောင်းဝင်သူ နဲ့ ပြန်ထွက်သူ နရီ စည်းသားကို ကျလို့၊ ဒီကားတွေဟာ မင်းမဲ့ တိုင်းပြည်လို ဖြစ်သလို ၀င်ထွက် ကိုယ့်ဥပဒေနဲ့ကိုယ် စည်းမဲ့စွာနဲ့ မြင်သူ အသည်း ယားစေလောက်အောင် ပွတ်ကာသီကာ သည်းထိတ်ရင်ဖို အလုအယက် လူတင် မောင်းထွက် တွန်းချ ဆွဲခေါ်၊ ခုန်ဆင်း ခုန်တက်၊ နောက်တွယ် တွန်းတင်၊ ကျန်သူ မောင်းချ၊ ဆောင့်ရပ် အော်ညည်း၊ တက်မပြီးသေး မောင်းထွက် ယိမ်းယိုင် ကသုတ်ကရက် ခုန်ချ မှောက်လဲ ခေတ်ပေါ် ဟစ်ဟော့ တေးသွားတပုဒ်လို ခုန်စွခုန်စွ နိုင်ကာ စီးပွားရေးမြို့တော်ရဲ့ နေ့တွေကို ထွေးပွေ့ ထားရသတဲ့ ။

ငရဲပွက်သလို ဒရိုင်ဘာက လူရဖို့ ဟွန်းဖိတီး … ဟွန်းမတီးရ ဆိုတဲ့ နေရာမှာတော့ မီးကြီးဖွင့်ထိုးလို့၊ စပါယ်ယာလေးက အသက်ငယ်ငယ် အမူရာကတော့ မိုက်တိုင်စန် အလား၊ သားတွဲအမေ၊ ပါးရေတွဲ အဘိုးအို မသန်မစွမ်းလူနာ ဘာဆို ဘာမှမသိ အော်ဟစ်ဆွဲတင် နေပြီး။ စကားတိုင်းက အဆဲပါနေတော့တယ်၊ ကွမ်းသွေးနီနီကို ပစ်ကနဲ ပျက်ကနဲထွေးထုတ် လိုက်သေး၊ သူ့ဂုတ်နားက ကားမှန်ပေါ်က စတစ်ကာမှာတော့ စာလုံးနီကြီးနဲ့ ကွမ်းသွေးမထွေးရတဲ့။ သြော် ဥပဒေဆိုတာ စာအုပ်ပေါ်မှာပဲ တည်နေသလို ပါ့ ....တရားကျ တရားရလောက် ပါပေ့။

စည်းဖေါက်တဲ့ လူ .. သူတင်လား ? မဟုတ်ပြန်သေး၊ ကားတစီး မှတ်တိုင်အရပ် ထွက်ပြူလာတဲ့ ဦးခေါင်းတွေ အား….လားလား မနည်းဘူးဟေ့.. လမ်းမ အပြင် ခေါင်းတွေပြူထွက် ကွမ်းတံတွေးတွေကို ဖွီကနဲငုံ ထွေး၊ ဗြစ်ကနဲစင် အထွက် ကားနံဘေး ဘယ်သူဖြတ်နေ သူတို့ မသိ ကြည့်လဲမကြည့် ။ ကွမ်းသွေး နီညစ်ညစ် ကားဘေးလူ စင်သွားလည်း အားနာစရာမလို ဘာလို့ဆို ခဏနေ ကားထွက်တော့ မှာကိုး။ ဒို့ဗမာတွေမှာ ဟီရိသြတ္တပ အရှက်အကြောက် ကိုယ်ချင်းစာတရား ရှိမှ ရှိသေးရဲ့လား? ဘောင်ဘင်ခတ်တဲ့ အတွေးနဲ့ တွေးနေမိသေးတယ်။

အဲဒီ မြင်ကွင်းတွေကို ရုတ်ပြီး၊ ထဲထဲဝင်ဝင် သိချင်လို့ ကားပေါ်တိုးဝင် ကြည့်တာနဲ့ ကျားကျား မမ ကိုယ်နံ့ ညှီနံ့ လက်ပတ်ချွေးနံ့များ ရပြီးဆို ထိုးအန်မိ မလောက်ပဲ၊ မျက်ဝန်းတွေက အိပ်ရေးမဝတဲ့ နီစူးစူးတွေ၊ မောဟ နဲ့ အာဃာတတွေ ဒေါသနဲ့ ဆာလောင်သမျှတွေ။ အခဲမကျေ အရာရာပေါ်၊ သိမှိုင်းမြင်ကွယ်၊ တွေးပိတ် အာရုံမှား၊ ထွေပြားနေသလို သွားတော့ မထင်တတ်လိုက်ကြနဲ့ ကြောက်သလိုနဲ့ လက်ဇက်ရဲ၊ သနားခြင်းကင်း ရက်စက်ခြင်းနဲ့၊ ကိုယ်ချင်းစာတရားမဲ့၊ အတ္တတွက် ဘာမဆို လုပ်မယ့်ပုံတွေ။ အို….ငါဘာတွေ တွေးနေတာလဲ ငါမြင်နေတဲ့ မြင်ကွင်းက တကယ်လား? ဒါတွေက နိစ္စဓူဝ ရန်ကုန်ပုံရိပ်တွေလား ? ဘုရား…ဘုရားးးးး! ကြည်နူးတဲ့ ရိပ်မမြင်၊ သွင်ပြင်တွေက ကြမ်းကြမ်း၊ ဖနှောင့်တို မျက်ပြူးနဲ့ ဘီလူးလို လူတွေလား။ ချို့တဲ့ချက် လူမှုအသိ၊ ယဉ်ကျေးမှုဆိုတာ နားမလည်။ သန့်ရှင်းမှုဆိုတာ ဘာတဲ့တုန်း။ တွေ့ရာဝယ်စား ခရီးသည်တွေကြား ကားထဲ ဆေးလိပ်သောက်၊ အီးပေါက် လေလည်။ စကားကျယ် အော်ပြော၊ ခေါ်တောကုလား အကြည့်က စားတော့မလို ဘေးက အပျိုကို၊ စားသောက်ပြီး အမှိုက်ခွံပစ်ချ အို့…အို ပြောရက်စရာမရှိဖူး၊ ညစ်ပတ် စုတ်ပြတ်သတ်နေတဲ့ ဘတ်စ်ကားနဲ့တော့ အတိုင် အဖေါက်ကိုညီ ခေါက်ရိုးများကို ကျိုးလို့။

နိုင်ငံကြီးသား ဆိုတာ ချို(ဂျို) နဲ့လား?။ ငါတို့များ နားမလည်။ ပွစိ ထနေတာကိုက ဗမာ့ရန်ကုန် ပီသ နေတယ်ပေါ့။ အရောင်စုံနေအောင် ဗရုတ်ဗယက် မြင်ကွင်းတွေဟာ စာရေးသူ မကြာမကြာ ဖြတ်သွားလေ့ ရှိတဲ့ မယားငယ်ယူလို့ မယားကြီး ခမျာမှာ သောကတွေနဲ့ ဗြုတ်စဗျင်းတောင်း နိုင်နေတဲ့ မြို့တော်ဟောင်းက တခုသောရပ်ကွက် သင်္ကန်းကျွန်း၊ စံပြဈေးနားက မြင်ကွင်းတွေပါဘဲ။

ဟော … တွေးရင်းထင်ရင်း ရန်ကုန်က ခဏခဏ ပေါက်ကွဲတတ်တဲ့ ထုံးစံလို ခရီးသည်တွေထဲက တယောက် တောက်တွေ ထ ခေါက်ပြီး ဖေါက်ခွဲလိုက်တယ်၊ ဒီ …သောက်ကား မထွက်သေးဘူးလား? ..ပေါ့။ လူတွေလည်း နွားဖြစ်နေပြီး အုတ်စီသလို စီအုန်းမှာလား။ ပူလှတဲ့ ငရဲလို။ အတွင်းကို မင်းလာနေကြည့်စမ်း။ သေမတတ်ခံရတာ မင်းမို့ ကိုယ်ချင်းမစာ၊ ဟေ့စပါယ်ရာ ။ ထွက်တော့ …လကွာ။ အဘိုးအို အသံ စာစာနဲ့ ခန္တီပါရမီ လျော့သွားလို့ သူ့ဒေါသတွေကို ဖေါက်ခွဲနေတာ ဘတ်(စ်)ကား ဆရာတွေကလည်း ဘယ်သူမှ မညှာ ၊ ကြီးငယ်မဟူ ဘယ်သူမှ မငဲ့ညာပဲ သူတို့ ဆန္ဒလူမပြည့်မချင်း စောင့်ခေါ်နေတော့တာပါပဲ၊ ရှုပ်ထွေးပွက်ညံတဲ့ အော်ခေါ်သံတွေကြား ကိုယ်သွားမယ့် မှတ်တိုင်တွေ ပါရဲ့လား။ ဟား ... ဟား …. ပူလှချည်ရဲ့ ။

ဟော … ထွက်ပါပြီ တအိအိနဲ့ လူတွေပြည့်လာရော ခုံပြည့်တော့ အလယ်မှာ မတ်တပ်ရပ်လဲ ပြည့်လို့ပဲပေါ့ ဒီလူတွေ မပြည့်တာ ဝမ်းစာပဲ ဖြစ်မယ် ကန့်လန့် အမှန်တွေးလိုက် သေးတယ်၊ ဆက်ကြည့်လိုက်တော့ တယောက်နဲ့ တယောက် ခါးထိ ရင်ထိ ဖင်ထိ ကျပ်ညပ် အားနာစရာများ ဖြစ်နေကြရ၊ မတ်တပ်ရပ်တော့ ယိုင်ယိုင်၊ ဒယိမ်းဒယိုင် တချက်တချက် လေအဝှေ့မှာ သားသည်အမေဆီက လသားကလေး သေးစော်နံနံ အနံ့က ထောင်းကနဲ့ စူးရဲရဲအော်ငိုလို့၊ မတ်မတ်ရပ် မနိုင်မီ ဆောင့်ထွက် ဆောင့်ရပ် ဟပ်ကနဲ အော်မယ်ကြံတော့ မရှုမလှ ကယ်သူမရှိ လူတွေပေါ် ပြိုကျပါလေရော ဒါပေသိ ဘာမှမပြောကြပေမဲ့ အကြောင်းမရွေးတဲ့ မျက်စောင်းများက လင်းကနဲလက်ကနဲပေါ့။

ရွှေဂုံတိုင်အရောက် သူတို့အခေါ် ကားဖိုက်တယ်ဆိုပြီး တအား ကျော်တက်လို့ ကားစီးသူတွေ ကြောက်အားပို တန်းကိုကိုင်ဆုပ် လိုက်ကြပြီး ဘုရား…ဘုရား…တလို့မပြီခင်၊ သံဃာ့ ဆေးရုံကွေ့လည်း ကွေ့ချရော တဟင်းဟင်းနဲ့ လူတွေ အားလုံး မြည်တမ်းကြကုန်ရော၊ အရှိန်လျော့လို့ မှတ်တိုင်အောင်မေ့တယ်၊ ဟော .. တွေ့ပါပြီ။ မော်တော်ပီကယ် ဦးထုပ်ဖြူနဲ့ ရေခဲဆိုင် မှတ်တိုင်နားပေါ့၊ ကားကိုအတား စစ်ပြီ … ဆရာ ! လိုင်စင်ပေးပါတဲ့ ခရီးသည်တွေထဲ အသိပါမလား အကြည့်နဲ့ ဒီ ဘဲဥက ဝေ့ပြီး ကြည့်လိုက်သေး၊ နောက်တော့ သူ့ပါးစပ်က ဟာ …. ဒီ…ဘီအမ်မ် အောက်ဆိုဒ်ကျောင်းကား လို့ အပြော စပါယ်ယာလေးက ငွေ၂ချပ် ကပ်ပြီးပေးလိုက်တာ တွေ့လိုက်ရတယ်၊ ဒါဟာ…. ငါတို့ လူမျိုးတွေရဲ့ ဓလေ့အဖြစ်ကို ရောက်တော့ မလား? ဘုရားသခင် …ကယ်တော်မူကြပါ!

ဒီလိုနဲ့ ခြေခင်းလက်ခင်းသာလို့ လမ်းလျှောက်ထွက်သလိုမျိုး သက်သက်သာသာ ဆက်ကာ ထွက်လာတဲ့ကားက ငါ့အကြည့်မှာ ထူးမခြားနားသေး၊ ငါသေချာကြည့်လိုက်တော့ ဒရိုက်ဘာ၊ စပါယ်ယာ၊ ခရီးသည်၊ မော်တော်ပီကယ် အားလုံးတူနေတာ ကတော့ နီသွေးတံတွေး တပြွတ်ပြွှတ် ထွေးနေတဲ့ ကွမ်းတံတွေး၊ ဒါပေမယ့် ငါတို့က သေမတတ်ကြပ် ညစ်ပတ်ကားထဲက မွဲမွဲတေတေ ခရီးသည်တွေ။ သူတို့က ငါတို့ မညစ်အောင် ငါတို့ မကြပ်အောင် ငါတို့မကြောက် ကြောက်အောင်၊ ငါတို့ အော်ခွင့် မသာရအောင်၊ စည်းနဲ့ ကမ်းနဲ့ ကလနားနဲ့ ချုပ်ထားကြပြီး စည်းကမ်းဖေါက်သူတွေက ငါတို့ကို ပဲ့ပြင်ရမယ့် တာဝန်ရှိသူတွေ ဆိုပါလား? ကားဆရာရေ… မောင်း … င်္ခြသေ့အနီ နှစ်ကောင် (ငါးရာတန်နှစ်ရွက်) ခုန်ဆင်းသွားပြီ ဟေ့..လို့ ... အသံကြားမှ ငါဆင်းမဲ့မှတ်တိုင် မကျော်အောင် အလန့်တကြား ဘုရား…အား..အား..အ…အ…ဘုရား…ဘုရား ပါတယ်ပြောတော့ ထစ်နေတဲ့ စကားကြောင့် လူတွေက ဝိုင်းရီနေကြသေးတယ်။

သြော် …. သူတို့အပူငွေ့ ဟပ်ပြီး သောကမီး ဖိစီးပုံများ ပြောပါတယ် ဒီမြို့ကြီးမှာလေ ထုသားပေသားကို ကျလို့။

ရွှေဘန်း ( ရန်ကုန်သစ်) - လူထုအသံ

Saturday 28 March 2009



Demonstration in front Burmese Embassy

Burma Democratic Concern (BDC) had organized the demonstration in front Burmese Embassy on Resistance Day and in front of the Foreign Common Wealth office along with FBE-UK.

The purpose are:

(1) to reject regime's planned sham 2010 election
(2) to work to realise 1990 election result.



Our key demands include:

-the EU strengthens the Common Position, including banking and financial sanctions, and sanctions stopping European companies providing insurance in Burma,
-the EU does more to pressure the military regime to free all political prisoners in Burma,
-the EU rejects the military regime’s 2010 elections and sham 2008 constitution in the present form,
-the EU does more to encourage reconciliation and tripartite dialogue without delay,
-the EU does more to challenge the dictatorship to immediately stop all human rights abuses in Burma.




Distributing pamphlets inside Burma

Burma Democratic Concern ,FBE and the best manure had distributed the pamphlets inside Burma,demanding

(1) The four main principles demanded by Daw Aung San Suu Kyi.
(2) Open Letter to Burmese Soldiers
(3) Urging Burmese citizens to work together to restore democracy

တော်လှန်ရေးနေ့ ဆန္ဒပြပွဲ

....:::....




ယမန်နေ့ မတ်လ ၂၇ နေ့တွင်ကျရောက်သော တော်လှန်ရေးနေ့ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ စစ်သံရုံးရှေ့တွင် FBE-UK, NLD-LA နှင့် Burma Democratic Concern (BDC) တို့ပူးပေါင်း၍ တခဲနက်ဆန္ဒပြခဲ့ကြပါသည်။

Friday 27 March 2009

Junta must be punished







Burma Democratic Concern (BDC) calls on the international community to not to reward Burmese Military Junta with easing pressure for forcefully repressing the people of Burma. Instead, International Community must commit to more aggressive and practical solutions to resolve Burma crisis. The free and democratic world has a moral responsibility to intervene on behalf of humanity. There is no difference between human rights violators and sympathizers in the eyes of the victims.

Gen. Aung San, the Founder of today Burma’s Army said, "Our armed forces are not for tyrannizing the people, not for flaunting their power in reliance on weapon. The armed forces are the servants of the country and not the other way round." But in reality, the situation in Burma is other way round.

The 1990 election results were the voice of the Burmese people and this voice must be recognized. Aung San Suu Kyi and her party (NLD) won a landslide victory in a democratic election against the military dictatorship. To recognize the Military Dictatorship of Than Shwe would legitimize criminal behaviour and crimes against humanity. It must be clearly stated that Burmese people do not want the election of 2010 fore we already had an election. We want the election results of 1990 honoured. The Military Junta must accept the election results, release the duly elected leader Aung San Suu Kyi, release all political prisoners and establish a dialogue to insure a peaceful transition of power.

Our leader, Aung San Suu Kyi once said that "If this country is to achieve genuine democracy, the result of the elections of 1990 must be recognized. It will be to the detriment of our country if after an election has been held the results are not honoured and we do not resist attempts to trivialise it".

A tremendous responsibility rests upon us to a far better end as military regime is trying to legitimize military rule in Burma. We must step up further in order to solve Burma crisis and actions needed to be taken practically focusing on to implement 1990 Elections result. We will fight until we can re-establish government of the people, by the people and for the people.

For more information please contact:

Myo Thein
00 44 787 788 2386
[United Kingdom]

Khin Maung Win
00 194196126 22
[United States]

Kyaw Lin Oo
00 664107 9352
[Thailand]

HAPPY ANNIVERSARY "BDC"



HAPPY ANNIVERSARY BURMA DEMOCRATIC CONCERN - BDC

ယနေ့မှာ ကျရောက်တဲ့ Burma Democratic Concern ရဲ့ နှစ်ပတ်လည်နေ့မှသည် မြန်မာပြည်သူများ၏ ကောင်းကျိုးကို စထက်တစ်ပိုး သယ်ရွက်နိုင်ပြီး မြန်မာနိုင်ငံဒီမိုကရေစီစနစ် အမြန်ဆုံးထွန်းကား ပိုင်ဆိုင်နိုင်ရန် ရွတ်ရွတ်ချွန်ချွန် အားသွန်ခွန်စိုက် တိုက်ပွဲဝင်နိုင်ပါစေဟု စုတောင်းမေတ္တာပို့သလိုက်ပါသည်။

အမိမြန်မာပြည်ကြီးအမြန်ဆုံး စစ်အာဏာဆိုးအောက်မှ လွှတ်မြောက်ပါစေ။

သတ်မတော်နေ့

ပြည်တို့အတွက် တော်လှန်ရေးနေ့ သူတို့အတွက်တော့ သတ်မတော်နေ့

Mr Creator

မြောက်ဥက္ကလာမှာ ဗုံးကွဲ တဦးသေ

မတ်လ (၂၆) ရက် ညနေ (၄) နာရီခန့်အချိန်က မြောက်ဥက္ကလာပမြို့ နယ် (၆) ကွေ့ရှိ တော်ဝင်နန်း တည်းခိုခန်းတွင် ဗုံးတလုံးပေါက်ကွဲရာ လူတဦး ပွဲချင်းပြီးသေဆုံးကာ နောက်တဦးမှာ လက်ဖျံတွင် ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။

ရန်ကုန်အေအက်ဖ်ပီသတင်းကမူ (၁) ဦးသေပြီး (၂) ဦးဒဏ်ရာရသည်ဟု ရေးထားသည်။ ယင်းသို့ ဖြစ်ပွားရခြင်းမှာ ဗုံးကို ဖောက်ခွဲရန်ကြံစည်နေစဉ် ပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသခံအာဏာပိုင်တဦးက ပြောသည်။

နေပြည်တော်တွင် စစ်အစိုးရအခေါ် တပ်မတော်နေ့မကျင်းပမီ တရက်အလို ရန်ကုန်၌ ယခုကဲ့သို့ ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို စစ်အစိုးရဘက်က မဖော်ထုတ်နိုင်သေးပေ။

ဗုံးပေါက်ကွဲမှုသည် တရုတ်ကွန်မြူနစ်ပါတီမှ သြဇာရှိ နိုင်ငံရေးသမား လီချန်ချွန်း မြန်မာနိုင်ငံရောက်သည့်အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် စစ်အစိုးရအနေဖြင့် အတော်မျက်နှာပူစရာဖြစ်မည်ဟု ရန်ကုန်နိုင်ငံရေးသမားတဦးက သုံးသပ်သည်။

ရဲဘော်သုံးကျိပ်ဝင်က တပ်မတော် ဦးဆောင်မှုကို မလိုလား


(မဇ္ဈိမ)။ ။ ယနေ့ မြန်မာ့တပ်မတော်သည် တပ်မတော် ဖခင်ကြီးဟု ခေါ်ဝေါ်ဂုဏ်ပြုခြင်း ခံခဲ့ရသူ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် “ပြည်သူ့အကျိုးပြု၊ ပြည်သူ့အကျိုးဆောင်” တပ်မတော်မဟုတ်ဘဲ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေသည့် တပ်မတော်သာ ဖြစ်နေကြောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက မဇ္ဈိမကို ယနေ့ ပြောသည်။

တပ်မတော်သည် အနာဂတ်မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရမည်ဆိုသည့် လက်ရှိ တပ်မတော် အကြီးအကဲများ၏ အကြံအစည်ကိုလည်း သူက သဘောမတူကြောင်း ပြောဆိုသည်။

မနက်ဖြန်ကျရောက်မည့် ၂ဝဝ၉ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် ၆၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သဖြင့်၊ ယနေ့ခေတ် လူငယ်လူရွယ်များ ဖက်ဆစ်တော်လှန်ရေးနေ့ ပေါ်ပေါက်လာပုံကို တစေ့တစောင်း လေ့လာသိရှိနိုင်စေရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောထံ ဆက်သွယ်မေးမြန်းရာတွင် သူက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၇ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တပ်မတော်နှင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား ပြည်သူများ ညီညွတ်စွာ လက်တွဲ၍ ဖက်ဆစ်ဂျပန်တို့အား စစ်ကြေညာခဲ့သည့် သမိုင်းဝင် နေ့တနေ့ဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်ကမူ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ကာ စစ်အင်အားစု ပြရုပ်အဖြစ် ဆင်ယင်ကျင်းပလေ့ရှိခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းနှင့် ပတ်သက်၍လည်းကောင်း၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို မည်သို့သော ရည်ရွယ်ချက်များဖြင့် ထူထောင်ခဲ့သည်ကိုလည်းကောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ပြောဆိုချက်များကို တင်ပြလိုက်ပါသည်။

ဖက်ဆစ်ဂျပန်တွေကို တော်လှန်တဲ့ ရက်ကို မတ်လ ၂၇ ရက်နေ့အဖြစ် သတ်မှတ်ရပုံ အဖြစ်အပျက်တွေကို ဒီနေ့ခေတ် လူငယ် လူရွယ်တွေ သိရအောင် ပြန်ပြောပြပေးပါလားခင်ဗျာ။

ဂျပန်ကိုတော်လှန်ဖို့ ဖွဲ့ထားတဲ့ တော်လှန်ရေးကောင်စီက ဗိုလ်ချုပ်အောင်ဆန်းကို တော်လှန်ဖို့၊ ရက်သတ်မှတ်ဖို့ တာဝန်ပေးထားလို့ ဗိုလ်ချုပ်က အားလုံး အဆင်သင့်ဖြစ်မယ့် ၁၉၄၅ ခုနှစ် ဧပြီလ ၂ ရက်နေ့၊ ည ၇ နာရီကို သတ်မှတ်ထားပါတယ်။

အဲဒီအတောအတွင်းမှာပဲ စစ်ရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တချို့တပ်မှူးတွေက မိမိတို့ရဲ့ အိမ်ထောင်တွေကို ဟိုပို့ ဒီပို့၊ ဟိုရွှေ့ ဒီရွှေ့တွေ လုပ်လာပါတယ်။ ဒီတော့ ရန်ကုန်မြို့နဲ့ ပဲခူးမြို့ လူထုအတွင်းမှာ ဗမာ့တပ်မတော်က ဂျပန်တွေကို တော်လှန်တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းအစအနတွေ ထွက်လာပါတယ်။

အဲဒီသတင်းကို ကျနော်တို့တတွေရတော့ တိုင်း ၄ စစ်ကော်မတီ အစည်းအဝေးကို ချက်ချင်း ခေါ်ယူလိုက်ပါတယ်။ အဲဒီသူတွေကတော့ သခင်ချစ်၊ ဗိုလ်သိန်းတင်၊ ဗိုလ်ဗတင်၊ ဗိုလ်အောင်ရွှေ (ယခု NLD ဥက္ကဋ္ဌ) နဲ့ ကျနော်တို့ ဖြစ်ကြပါတယ်။ အဲဒီ အစည်းအဝေးက တော်လှန်မယ့်ရက် ဧပြီ ၂ ရက်မတိုင်ခင် သတင်းပေါက်ကြားနိုင်တယ်လို့ ယူဆပြီး၊ သတင်းပေါက်ရင် ဂျပန်က လက်ဦးမှုရသွားရင် ဂျပန်တော်လှန်ရေးကြီး တခုလုံး ထိခိုက်သွားမှာကို စိုးရိမ်မိကြပါတယ်။

ဒီလို သတင်းပေါက်ကြားရင် ဂျပန်တွေက ဗမာ့တပ်မတော် စစ်ရေးခေါင်းဆောင်တွေကို ချက်ချင်း ဖမ်းတာ၊ ဗမာတပ်တွေကို လက်နက်ဖြုတ်တာတွေ လုပ်နိုင်ပါတယ်။ ဂျပန်ရဲ့ သေနင်္ဂဗျူဟာ အရန်တပ်ဖွဲ့ဟာလည်း ရန်ကုန်နားက “အင်းတိုင်” မှာ တပ်စွဲထားလို့ ပဋ္ဌမဆုံးခံရမယ့် ဗမာ့တပ်တွေဟာ ရန်ကုန်၊ ပဲခူး တဝိုက်က ကျနော်တို့ တပ်ဖွဲ့ပဲ ဖြစ်ဖို့များပါတယ်။

ဒါကြောင့် တော်လှန်မယ့်ရက်ကို ဧပြီ ၂ ရက်ထက် စောပြီး ဗိုလ်ချုပ်နဲ့ ကျန်တပ်ဖွဲ့ အသီးသီးဆီ သတင်းအစောဆုံး ရောက်နိုင်တဲ့ရက် မတ်လ ၂၇ ရက်၊ ည ၇ နာရီမှာ စတင်ဖို့ ဆုံးဖြတ်ပြီး စစ်တိုင်း အသီးသီးဆီ ဆက်သားတွေ လွှတ်ပြီး ရက်အပြောင်းအရွှေ့ကို အကြောင်းကြားတာမှာ အားလုံး အချိန်မီ ရောက်သွားကြလို့ ဂျပန်တော်လှန်ရေးကြီးကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့၊ ည ၇ နာရီမှာ တပြည်လုံးမှာ ကျနော်တို့က လက်ဦးမှု ရှိစွာနဲ့ အောင်မြင်စွာ စတင်ခဲ့ကြပါတယ်။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့၊ ည ၇ နာရီအချိန်မှာ ကျနော်က ပဲခူးမြို့တွင်းက စစ်ရေးပြကွင်းအတွင်းမှာ တပ်အားလုံး တပ်ထွက်ဖို့ တန်းစီစုဝေးစေပြီး အခုအချိန်ကစလို့ ဗမာပြည်သူများနဲ့ ဗမာ့တပ်မတော် တရပ်လုံးက ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်ကြပြီလို့ ကျနော်က ကြေညာပြီး ဗိုလ်ချုပ်ရဲ့ ဂျပန်စစ်တပ်အပေါ် စစ်ကြေညာစာတန်းကို ဖတ်ပြပါတယ်။ ပြီးနောက် နဂို ကြိုတင် စီစဉ်ထားတဲ့ နေရာဒေသအသီးသီးကို လူစုခွဲ ချီတက်ကြပါတော့တယ်။

ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို စဖွဲ့ခဲ့တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုရှိပါသလဲခင်ဗျာ။

၁၃ဝဝ ပြည့် ကျောင်းသားအရေးတော်ပုံကြီးကို နယ်ချဲ့အင်္ဂလိပ်တို့က အကြမ်းဖက် ဖြိုခွဲလိုက်ပြီးနောက် အဲဒီခေတ် ဗမာအမျိုးသားနိုင်ငံရေး ခေါင်းဆောင်များအကြား ဗမာ့လွတ်လပ်ရေးကို လက်နက်နဲ့ တိုက်ခိုက်မှ ရတော့မယ်ဆိုတာ သဘောပေါက်လာကြပါတယ်။ အဲဒီအတွက် ဗမာအမျိုးသား လက်နက်ကိုင်တပ် ထူထောင်ဖို့ ဗိုလ်ချုပ် အပါအဝင် ခေါင်းဆောင်များက စဉ်းစားပြီး၊ နိုင်ငံခြား အကူအညီရှာဖို့ ဗိုလ်ချုပ် ပြည်ပသို့ ထွက်ခဲ့တာပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို ထူထောင်စဉ်က ထားခဲ့တဲ့ သဘောထား ၄ ရပ်ရှိပါတယ်။ အဲဒါတွေကတော့ -

၁။ နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော်

၂။ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့ တပ်မတော်

၃။ နိုင်ငံရေးမှာ ဝင်မစွက်တဲ့ တပ်မတော်နဲ့

၎။ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးလိုလားတဲ့ တပ်မတော် ဆိုတာတို့ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးရင်လည်း နိုင်ငံကို ကာကွယ်ဖို့အတွက် ခေတ်မီတဲ့ တပ်မတော်တရပ်ကို ထူထောင်နိုင်ဖို့ မျှော်မှန်းခဲ့ပါတယ်။

တိုင်းပြည်တပြည်မှာ တပ်မတော်တရပ်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက် အရေးကြီးပါသလဲ။ ဘာကြောင့် အရေးကြီးတယ်လို့ ယူဆပါသလဲ ခင်ဗျာ။

တိုင်းပြည်တိုင်းမှာ တပ်မတော်ဟာ ရှိရမှာပါ။ အဲဒီတပ်မတော်ဟာ တိုင်းပြည်ရဲ့ ကာကွယ်ရေးကို တာဝန်ယူရမှာဖြစ်ပြီး ပြည်သူ့အကျိုးကိုလည်း သည်ပိုးဆောင်ရွက်တဲ့ တပ်မတော်ဖြစ်ရပါမယ်။ အထက်မှာ ပြောထားတဲ့ သဘောထား ၄ ရပ်ဟာ ပြည်သူ့တပ်မတော်တရပ်ရဲ့ ကြန်အင်လက္ခဏာတွေ ဖြစ်ပါတယ်။

ဒီကနေ့ စစ်အာဏာရှင် အဆက်ဆက်လက်အောက်က တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းတည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ တူပါသလား။ ကွာခြားချက် တစုံတရာ ရှိပါသလားခင်ဗျာ။

ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ အခု စစ်အာဏာရှင်စနစ်ကို ကာကွယ်နေတဲ့ တပ်မတော် ဘာကွာခြားသလဲဆိုတာကို တိုတိုနဲ့ ရှင်းရှင်းပြောရရင် ပြည်သူတွေပေါ်မှာ ထားတဲ့ သဘောထားမှာ ကွာခြားတာပါ။

ဗိုလ်ချုပ်ဟာ နယ်ချဲ့ဗြိတိသျှတို့လက်အောက်က ဗမာပြည်သူတွေ လွတ်မြောက်ပြီး ချမ်းသာကြွယ်ဝအောင် လက်နက်ကိုင် တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ ပြည်သူ့အကျိုးပြု၊ ပြည်သူ့အကျိုးဆောင် တပ်မတော်ဖြစ်ရေးကို ရည်ရွယ်ခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကျဆုံးသွားပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးလည်း ပြိုကွဲသွားတဲ့အောက်မှာ ပြည်တွင်းစစ်ကြီး ဖြစ်လာပါတယ်။ ဗိုလ်နေဝင်းဟာ ဒါကို အခွင့်ကောင်းယူပြီး တပ်မတော်ကို ပြည်တွင်းစစ်ထဲ နှစ်မြှုပ်လိုက်ပြီး၊ တပ်ကို တလက်ကိုင် ကြေးစားတပ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ပြီးတော့ စစ်အာဏာရှင်စနစ် တည်ထောင်လိုက်ပါတော့တယ်။ သူတို့ကတော့ ပြည်သူကို ရန်သူ သဘောထားပါတယ်။ ကျေးလက်ဒေသတွေ၊ လူမျိုးစုဒေသတွေမှာ ရက်စက်ရုံမက အခု မြို့ပေါ်က လူထုတွေကိုရော အခုနောက်ဆုံး သံဃာတော်တွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေကို တွေ့နေရပါပြီ။ အဲဒီလို ကွာခြားတာပါ။

အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်ရမယ်ဆိုတဲ့ အယူအဆအပေါ် ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။

အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ ဦးဆောင်မှုအခန်းက ပါဝင်မယ်ဆိုတာကို ကျနော် လုံးဝ သဘောမတူပါဘူး။

ဒါဟာ နအဖ စစ်တပ်က တိုင်းပြည်နဲ့ လူထု ဘာပဲဖြစ်နေနေ မိမိတို့ အာဏာ လက်မလွှတ်ရရေးဘဲ စဉ်းစားပြီး၊ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆက်အသက်ဆက်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ ဒီစစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံပါတယ်။ ကျနော်ဟာ တိုင်းပြည်ကို ဒီလောက် ဒုက္ခပေးနေတဲ့ ဒီစစ်အာဏာရှင်စနစ်ကို နည်းသဏ္ဍာန်မျိုးစုံနဲ့ တိုက်ပွဲဝင်ခဲ့သူပါ။ ဒီစနစ် မကျမဆုံးမချင်း ကျနော် အသက်ရှင်နေသရွေ့ ဆက်တိုက်သွားဦးမှာ ဖြစ်ပါတယ်။ ဒါဟာ ကျနော့်ရဲ့ သဘောထားပါ။

Thursday 26 March 2009

မြန်မာပြည်ရဲ့ အလှကို မြန်မာပြည်က မောင်နှမတွေ ညီညီညာညာ မဲပေးလိုက်ကြစို့

ကမ္ဘာရဲ့အလယ် မြန်မာတို့ ရဲ့ ဂုဏ်ယူဖွယ်

ကျွန်တော်တို့ရဲ့ စိမ်းလန်းလှပတဲ့ မြန်မာပြည်ကြီးမှာ ကမ္ဘာနဲ့ချီပြီး ရင်ဘောင်တန်းနိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လှပတဲ့ အဖိုးထိုက်တန်တဲ့ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တွေ ၊ သဘာဝ အရင်းအမြစ်တွေ စုံလင်စွာ ရှိပါတယ် ။ ၂၁ ရာစုမှာ နည်းပညာနဲ့  မီဒီယာထိုးဖောက်မှု အားနည်းတဲ့အတွက် ရွှေမြန်မာပြည်ကြီးရဲ့ စိတ်ဝင်စား လှပတဲ့ ရှေးဟောင်းအမွေအနှစ်တွေ သဘာဝဆန်းပြားမှုတွေကေ၀၀ါးတိမ်မြုပ် နေခဲ့ပါတယ် ။

မြန်မာပြည်မှာ အနော်ရထာ မင်းတရားကြီးရဲ့ ပုဂံရှေးဟောင်းမြို့တော် ရှိတယ်။ ဘုရားရှင်ရဲ့ ဆံတော်ကိန်းဝပ်တဲ့ ရွှေသားအတိပြီးတဲ့ ရွှေတိဂုံစေတီတော်ရှိတယ်။ အင်တာနက်မှာ ကမ္ဘာအရပ်ရပ်က သန်းချီတဲ့ လူတွေ မဲပေးတဲ့ စနစ်ကို New 7 Wonders အဖွဲ့ က ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့အံ့ဖွယ် ခုနှစ်သွယ် ရွေးချယ်တာ ရှိပါတယ်။ ၂၀၀၇ ဂျူလိုင်လတုန်းက ရွေးချယ်တဲ့ပွဲမှာ ပုဂံ နဲ့ ရွှေတိဂုံစေတီတော်က ကမ္ဘာ့အံ့ဖွယ် ခုနှစ်သွယ် ထဲမှာ ပါသင့်ပေမဲ့  electronic vote လုပ်တဲ့ အရေအတွက် နည်းပါးတဲ့အတွက် မပါခဲ့ရပါဘူး ။မြန်မာပြည်ကရော ကမ္ဘာအရပ်ရပ်က မျိုးချစ်မြန်မာများရဲ့  electronic vote လုပ်တာ နည်းပါးခဲ့လို့လဲ ပါ ပါမယ် ။

ဒီနှစ် ၂၀၀၉ မှာတော့ မြန်မာပြည်က မြိတ်ကျွန်းစု ဟာ ရှားပါးတဲ့ ရေသတ္တ၀ါမျိုးစိတ်တွေ နဲ့ ရှေးဟောင်းသဘာဝအကျဆုံး ကျွန်းစုအနေနဲ့ ကမ္ဘာက ဆန္ဒမဲပေးထားတာ New 7 Wonders ရဲ့ ကျွန်းများ ဆန်ကာတင်မှာ အဆင့် ၂၇ နေရာကို လတ်တလော ရရှိထားပါတယ်။ ဒီတစ်ခါတော့ မြန်မာပြည်မှ ညီအစ်ကို မောင်နှမများရော ကမ္ဘာအရပ်ရပ်မှ မြန်မာညီအစ်ကို မောင်နှမများရော စုစုစည်းစည်းနဲ့  New 7 Wonders မှာ မြန်မာပြည်က မြိတ်ကျွန်းစု ( Mergui Archipelago (Myanmar) ) ကို ကမ္ဘာ့အံ့ဖွယ်ထဲ မှာပါဝင် ပါကြောင်းကို လှပမှုအပြည့်အ၀ ရှိကြောင်းကို စုစုစည်းစည်းထောက်ခံ ကြရအောင်ပါ။ New 7 Wonders အဖွဲ့ ကြီးအကြောင်းကို လေ့လာလိုသူများ အနေနဲ့ ဒီမှာ လေ့လာနိုင်ပြီး မြန်မာတို့ရဲ့ မြိတ်ကျွန်းစု လှပကြောင်း ရှေးဟောင်း သဘာဝကျွန်းဖြစ်ကြောင်းကို ထောက်ခံမဲပေးရင်တော့ အဲဒီမှာ ပေးနိုင်ပါတယ်။ အီးမေး ၁ခုကို မဲ ၁ခု ပေးလို့ ရပါတယ် ။

ဒီအကြောင်းအရာလေးကို Google က တောင်ကြီးမိသားစု group မှာ အစဖော် တိုက်တွန်းပေးတဲ့ ကိုရဲခေါင် (စီလီကွန်လွင်ပြင်)ကတော့ ရှိသမျှ တခြားအီးမေးတွေနဲ့ရော မြန်မာပြည်က အင်တာနက် မသုံးဖြစ်နိုင် မသုံးဖြစ်အားသေးတဲ့ ညီအစ်ကိုမောင်နှမများအနေနဲ့ပါ မဲပေးဖို့ တိုက်တွန်းထားပါတယ်။ ညီအစ်ကို မောင်နှမများ အနေနဲ့လည်း ရင်းနှီးချစ်ခင် စည်းလုံးညီညွတ်စွာ မြန်မာပြည်က အဖိုးတန်သဘာဝ မြိတ်ကျွန်းစုလေးကို ရတနာတစ်ပါးအဖြစ် သဘောတူ ထောက်ခံနိုင်ဖို့ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်တင့်စေဖို့ electronic vote ပြုလုပ်ပေးပါလို့  ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
ဒီမှာမဲပေးပါ

Wednesday 25 March 2009

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ၏ အတ္ထုပ္ပတ္တိ

....:::.... ....:::....
....:::....
....:::....
....:::....

Free Daw Aung San Suu Kyi Now!

Tuesday 24 March 2009

လူ


'' လူ ''
...........

လူအစသွေးပုပ်မှ
သက်ရှိနေချိန် ဘဝမေ့လျှက်
ဂုဏ်တုဂုဏ်ပြိုင် မာနထောင်လွှား
အမှန်တရားအား မျက်နှာလွှဲ၍
မမြဲအရာ တပ်မက်စွဲလမ်း
ကြီးသူငယ်နိုင် လူတို့သည်ကား
ကမ္ဘာဆွေမျိုးသားချင်း
ခိုက်ရန်ပွါးများ သွေးမြေကျစေ
မလွဲဧကန် ထိုလက်တစ်စုံကား
ဤပထဝီမြေကို ဆွဲလှန်ခဲ့သော်
သူငါအပေါင်း ခိုကိုးရာမဲ့
သေမင်းတမန်လက်မှ
အဘယ်လွတ်ပါအံ့နည်း
လူသတ္တဝါအပေါင်း
အသက်ဇီဝိန် ဆုံးရှူံးချိန်၌
နောက်ဆုံးကျန်သောအရာမှာ
အပုပ်ကောင် ရုပ်ဆောင်ပါတကါး....

......လူ့ဘဝတရားရစရာ.......
မမီးမီး - Just me

ခွပ်ဒေါင်းသို့ပန်ကြားချက်

ခွပ်ဒေါင်းသို့ပန်ကြားချက်
*ရေးသူ-တင်မိုး*
.................

(၁)

မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့
ညစ်ကျယ်ကျယ် လူစားတွေ
တို့ပြည်မှာ အများသားကလား
ဟိုနားမှာတွေ့ သည်နားမှာတွေ့
ဟိုကွေ့မှာကြုံ သည်ကွေ့မှာကြုံ
တပုံတပင်ကြီးပါကလား၊
ခေါင်းဆောင်က တရာနှစ်ရာ
ငယ်သားက တယောက်နှစ်ယောက်
မျက်စိနောက်စရာ ပါလားနော်။

(၂)

ကိုယ်ကသာ ဘာမှမဟုတ်
လူတွင်ကျယ် လုပ်ချင်တယ်
ပုပ်လိုက်တဲ့ စိတ်ဓာတ်
စုတ်ပြတ်လိုက်ပါဘိ။
ပါးစပ်နဲ့ အလုပ်လုပ်
ခွတုပ်တဲ့ လူမျိုး
လက်ညှိုးတချောင်းနဲ့ လူရာဝင်
သူသာလျှင် အရေးပါသတဲ့
ပညာကလဲ မရှိ
အသိအမြင်ကလဲ ကျဉ်းမြောင်း
စိတ်ကောင်းကလဲ မမွေး
ကလေးစိတ် မိန်းမစိတ်
အတိတ်လဲ မဝေဖန်
ပစ္စုပ္ပန်လဲ မသုံးသပ်
အနာဂတ်လဲ မတွေးရှု
အရေးတခုရယ်လို့ သဘောမထား
တောသားအချင်းချင်း
ကျောပြားကို နင်းချင်တယ်
ရိုင်းပင်းမယ်လိုတော့ စိတ်မကူး
လက်ဦးအောင် ဖျာခင်း
အာဏာပြင်းလှချည့်
ရာဇာမင်းဂုဏ်နဲ့ မတန်
နုံနဲ့ ဟန်ပေါက်လိုက်ပုံက
သဘောက်မသား
လူရမ်းကားတွေ ပါလားဟေ့။

(၃)

သမိုင်းစာမျက်နှာကို
အိမ်သာသုံးစက္ကူသဖွယ်
အသုံးပြုခဲ့ကြတယ်။
လိုရာကိုဆွဲသုံး
အမဲတုံးခွေးဆွဲသလိုပေါ့လေ
ရေလဲနဲ့ သုံးခဲ့တယ်။
ဗလောင်းဗလဲစကား
အပြောင်းအလဲက များသနဲ့
ချောင်းထဲကငါး ရေကူးမြန်သလို
မမှန်မကန်တွေကို
မြန်မြန်ဆန်ဆန် ပြောကြတယ်
ကြားသူတိုင်း ရှုပ်ထွေးပြီး
အလိုလေးတ, ရအောင်
ပါးစပ်က ကျည်ဆံထွက်
ထွီထွမ်ခွက် ပက်လက်မျောစရာ
စကားနာ စကားလိမ်
စကားသိမ် စကားဖျင်း
စကားတင်း စကားယုတ်
စကားပုပ် စကားလှည့်
စကားရွဲ့ စကားစောင်း
အကြောင်းအမျိုးမျိုးပြပြီး
မတိမကျ ပြောခဲ့ကြတယ်
ပြောသူ မရှက်
ကြားသူ ရှက်ရပါကလား။

(၄)

ဒီမိုး ဒီမြေ ဒီလူတွေနဲ့
ဒီအခြေ စခန်းသွားရင်
လမ်းမှားတွေရောက်
ဂျောက်ပေါက်တွေ တိုးမှာသေချာတယ်။
တန်ရာတန်ရာ မလုပ်ရင်
ရွာနာတယ်ဆိုတဲ့ ဆောင်ပုဒ်အရှိသား
အဟုတ်ကိုဘဲ ရွာနာခဲ့ပြီ။
မြန်မာပြည် သည်ပုံမျိုးနဲ့ဆိုရင်
အမျိုးပျောက်ရလိမ့်မယ်။
သူခိုးက လူ လူဟစ်
မချစ်သူက မေတ္တာစကားဆိုတော့
ဘယ်လိုမှ မကောင်းနိုင်
ခွပ်ဒေါင်းရေ...... ကယ်ပါအုံးလို့
ပြည်လုံးကျွတ် အော်ချင်လှပြီ
မကောင်း အညစ်တွေကို
ပြောင်းပစ်မှ နေရာကျပြီး
ပြည်ရွာလှလိမ့်မယ်။

(၅)

အို..... ခွပ်ဒေါင်း
လွတ်ကြောင်းအတွက်
ခွပ်လက်ပြင် ခွပ်လက်သွေးကာ
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့။ ။


*တင်မိုး ရဲ့ ဗုဒ္ဓနှင့်တွေ့ဆုံခြင်း နှင့် အခြားကဗျာများ" ပဌမနှိပ်ခြင်း၊ လမင်းတရာစာပေ၊၂၀၀၀ မှ ကူးယူဖော်ပြပါတယ်။*

လူမှားနေရာမှား

....:::...
ကာတွန်းဟန်လေး

Monday 23 March 2009

2009 Than Gyat

....:::....

မညီမျှခြင်း

မညီမျှခြင်း
ခေတ် သမုဒ္ဒရာမှာ
နစ်မြုပ်တာခြင်း အတူတူတောင်
သူတို့မှာတော့ မေခလာတွေရှိ
ကိုယ့်မှာတော့ ဝေဒနာတွေပိ ။

ပျိုရွယ်တဲ့ အပင်တွေကို အငြိုးနဲ့ မွှေရမ်း
လေကြမ်းက တဖြည်းဖြည်းနဲ့ ရင့်
လွင့်ခဲ့ရတာခြင်းအတူတူတောင်
တစ်ချို့ ကတော့ မိုးတိမ်တွေလို ဝေဟင်မှာ ပျံနေကြပြီ။
ကိုယ့်ကျတော့ ရွက်ကြွေတွေလို မြေပြင်မှာ ခံနေရသည်။

အဆိုးပဲရောက်ရောက်လာလို့ 

တမိုးတည်းအောက်မှာ
မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
သူတို့ က မုတ်ကောင်လေးတွေ
သူတို့ ငိုသမျှ ပုလဲတွေရသည်။
ကိုယ့်ကျမှ လွဲနေရသည်။

ကောင်းကင်ကို

ဒါလားဟဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ

ဆောင်းပါး - Mizzimaburmese
ဒါလားဟဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာဟာ ၁၉၈၈ ခုနှစ် ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်က ရက်ရက်စက်စက် ချေမှုန်းလိုက်ပြီး စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာတော့မှ ပေါ်ပေါက်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒီမိုကရေစီ အစိုးရတရပ်ရဲ့ လက်ထဲက နိုင်ငံတော် အာဏာကို ဗိုလ်နေဝင်းက အတင်းအဓမ္မ လုယူသိမ်းပိုက်လိုက်တဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းရောက်မှ ပေါ်ပေါက်လာတဲ့ ပြဿနာတခုလည်း မဟုတ်ဘူးဆိုတာ သိမြင်သူများအားလုံး နားလည်းသဘောပေါက်ထားပြီး ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေဟာ တိုင်းပြည် လွတ်လပ်ရေးမရခင် ၁၉၄၈ ခုနှစ် မတိုင်ခင်ကတည်းက ရှိနှင့်ပြီး ဖြစ်ပါတယ်၊ ဒီပြဿနာတွေကို စားပွဲဝိုင်းတွေပေါ်မှာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီး မြန်မာနိုင်ငံ ပြည်သူတွေအနေရဲ့ အဓိကရေးကြီးဆုံး လိုအပ်ချက်က တိုင်းပြည် ကိုလိုနီဘဝက လွတ်မြောက်ဖို့ လွတ်လပ်ရေး ရဖို့သာ ဖြစ်တယ်၊ လွတ်လပ်ရေးသည်သာ ပထမ၊ လွတ်လပ်ရေးသည်သာ ဒုတိယ၊ လွတ်လပ်ရေးသည်သာ တတိယဖြစ်တယ်ဆိုတဲ့ တခုတည်းသော ဦးတည်ချက်နဲ့ ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေကို နောက်ကိုတွန်းလို့ ယာယီညီညွတ်ရေးယူပြီး တိုင်းပြည်လွတ်လပ်ရေးကို အရယူခဲ့ကြတာဖြစ်ပါတယ်။ ရှည်ဝေးလွန်းမှာ စိုးတဲ့အတွက် ဘယ်လိုပြဿနာတွေ၊ ဘယ်လိုပဋိပက္ခတွေ ဘယ်ချိန်မှာ ဖြစ်ခဲ့တယ် ဆိုတာတွေကိုတော့ မတင်ပြတော့ပါဘူး။ သမိုင်းစာမျက်နှာတွေပေါ်မှာ မြင်သာထင်ရှား ရှိနှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင် ဗိသုကာကြီးဖြစ်တဲ့ ကိုအောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်မှုနဲ့ ရယူနိုင်ခဲ့တဲ့ ပြည်နယ်ပြည်မ သွေးစည်းညီညွတ်ရေး တနည်အားဖြင့် တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ပင်လုံစိတ်ဓာတ်နဲ့၊ အဲဒီသွေးစည်းညီညွတ်မှု အင်အားနဲ့ ကိုလိုနီ နယ်ချဲ့ရဲ့ လည်ပင်းကိုညှစ်ပြီး လွတ်လပ်ရေးကို အရယူခဲ့တာဖြစ်ပါတယ်။

အဲဒီ ပင်လုံစိတ်ဓာတ် သွေးစည်းညီညွတ်မှု အခြေခံနဲ့ပဲ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုနိုင်ခဲ့ပါတယ်။ ကျနော်တို့မှာ တိုင်းပြည်တခုကို ထူထောင်နိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခု အထင်အရှား ရှိခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေနဲ့ပဲ မြန်မာနိုင်ငံကို ပါလီမန် ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ဖွံဖြိုး တိုးတက်လာစေခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အတွင်းနိုင်ငံရေး ပြဿနာတွေကိုတော့ ပြေလည်အောင် ဖြေရှင်းအဆုံးသတ်အောင် မလုပ်နိုင်ခဲ့ပါဘူး။

နိုင်ငံရေးအယူဆနဲ့ နိုင်ငံရေးစနစ် ပြဿနာသာ မဟုတ်ပါဘဲ တိုင်ရင်းသားလူမျိုးစု များပြားတဲ့ နိုင်ငံဖြစ်တာနဲ့အညီ တိုင်ရင်းသား လူမျိုးစုတွေရဲ့ ပြဿနာတွေလည်း ရှိနေခဲ့ပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရင်း မပြေလည်နိုင်ကြတဲ့အခါ လက်နက်ကိုင်စစ်ပွဲနဲ့ ဖြေရှင်းလာခဲ့ကြတဲ့အတွက် ပြည်တွင်းစစ်ရယ်လို့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တာလည်း ၁၉၄၈ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

အဲဒီ ပြည်တွင်းစစ်မီးကြောင့်ပဲ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သလို သယံဇာတ ပေါ်ကြွယ်ဝလှတဲ့ မြန်မာနိုင်ငံဟာ ဖွံဖြိုးတိုးတက်သင့်သလောက် ဖွံဖြိုးတိုးတက်မလာနိုင်ခဲ့ပါဘူး။ ရှိနေတဲ့ နိုင်ငံရေး အယူအဆ ပြဿနာ၊ တိုင်ရင်းသားလူမျိုးစုတွေရဲ့ ပြဿနာတွေကို အဲဒီအချိန်က ဒီမိုကရေစီ အစိုးရတွေက ကိုင်တွယ်ဖြေရှင်းခဲ့ကြပေမယ့် တိုင်းပြည်ရဲ့ အရေးထက် နိုင်ငံရေးဂိုဏ်းဂဏစွဲ၊ အယူဝါဒစွဲ၊ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဓာတ် မဟာလူမျိုးကြီးဝါဒ၊ မှာယွင်းတဲ့ ဇာတိသွေး ဇာတိမာန်တွေ အမျိုးသားရေးဝါဒတွေကြောင့် ပဋိပက္ခတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။

ဖြေရှင်းဖို့ ကြိုးစားနေဆဲ တိုင်းရင်းသားလူမျိုးစု ပြဿနာအရေး ပြေလည်ဖို့ အလားအလာ ကောင်းလာဆဲအချိန်မှာပဲ အာဏာရဲ့ အရသာကို မြည်းစမ်းခွင့်ရခဲ့လို့ ယစ်မူးသာယာ တပ်မက်လာတဲ့ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ရိုက်ချိုးဖျက်ဆီးကာ စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သွေးစည်းညီညွတ်မှုအခြေခံနဲ့ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဖျက်သိမ်းပစ်ပြီး တတိုင်းပြည်လုံးကို အရပ်ဝတ်အရေခြုံ စစ်အာဏာရှင်စနစ်နဲ့ လက်ဝါးကြီးအုပ် သွေးစုတ်ခေါင်းပုံဖြတ် အုပ်ချုပ်ဖို့ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုရေးဆွဲပြီး ပြည်သူကို အာဏာနဲ့ ခြိမ်းခြောက်၊ အတင်းအကျပ် အတည်ပြုပြီး စစ်အုပ်စု ဦးစီးတဲ့ လူတန်းစားသစ်ကို ပေါ်ပေါက်လာစေခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတဲ့ ဆိုရှယ်လစ် အတုယောင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာဟာ ၁၉၈၈ ခုနှစ်အထိ ကာလရှည်ကြာခဲ့ပါတယ်။ လူတန်စားသစ်ကသာ ဥစ္စာဓန ကြွယ်ဝသထက် ကြွယ်ဝလာပြီး စစ်ကျွန်ဖြစ်ခဲ့ရတဲ့ ပြည်သူလူထုရဲ့ ဘဝကတော့ ဆင်းရဲသည်ထက် ဆင်းရဲတွင်းနက်ခဲ့ပြီး တိုင်းပြည်ဟာလည်း ကမ္ဘာ့ဖွံဖြိုးတိုးတက်မှု အနည်းဆုံး ဖြစ်လာခဲ့ရတယ် ဆိုတာလည်း အားလုံး သိခဲ့ကြပြီးဖြစ်ပါတယ်။

အဲဒီအခြေအနေနဲ့ ဆင်းရဲမွဲတေမှု၊ ဖိစီးနှိပ်စက်မှုတွေကို နှစ်ပေါင်းများစွာ ခါးစည်းခံစား၊ ဒီမိုကရေစီ၊ လူအခွင့်အရေး၊ ငြိမ်းချမ်းရေးတွေကို အာသာငန်းငန်း တောင့်တလာတဲ့ ပြည်သူလူထုကြီးဟာ ၁၉၈၈ ခုနှစ်မှာ စစ်အုပ်စုရဲ့ စနစ်ဆိုးကို ရိုက်ချိုးချေဖျက်ပြီး ဒီမိုကရေစီနိုင်ငံသစ်တခု တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အောင်ပွဲရယူနိုင်ခဲ့ပေမယ့် အကျဉ်းချုံ့ပြောရရင် အဘက်ဘက်က ချို့ယွင်းအားနည်းနေခဲ့တဲ့ လူထုအရေးတော်ပုံကြီးကို လက်နက်အင်အား တခုတည်းရဲ့ အားကိုးနဲ့ စစ်အုပ်စုသစ်က အာဏာသိမ်းတာကို ခံခဲ့ရပြန်ပါတယ်။

၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာတော့ ပြည်သူလူထုကို အထင်သေးပြီး စစ်အာဏာရှင် စနစ်တခုကို တရားဝင် ထူထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရက ရွေးကောက်ပွဲတခု ကျင်းပဖို့ စိန်ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း ပြည်သူလူထုဟာ သူတို့ရဲ့ သဘောထား အစစ်အမှန်နဲ့ အံတုရင်း ပြသနိုင်ခဲ့ပါတယ်။ ၁၉၉ဝ မေလ ၂၇ ရက်နေ့မှာ ဒီမိုကရေစီ အစိုးရတရပ်ကို ခိုင်ခိုင်မာမာ ထူထောင်နိုင်တဲ့ အဆင့်ထိ ရအောင် အောင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကမ်းကုန်အောင် ရက်စက်ဆိုးဝါးတဲ့ စစ်အစိုးရက ပြည်သူလူထုရဲ့ အလိုဆန္ဒကို ငြင်းဆန်ပြီး တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ ဆက်ပြီးအုပ်ချုပ်ဖို့ နည်းလမ်းပေါင်းစုံ အသုံးချပြီး အာဏာကို ဖက်တွယ်ထားခဲ့ပါတယ်။

တိုးတက်တဲ့ အတွေးခေါ်ရှိတဲ့ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်တွေကို အကြိမ်ကြိမ် ရင်ဆိုင်အံတုခဲ့ကြပေမယ့် လက်နက်အားကိုး အာဏာရှင်အစိုးရရဲ့ အရက်စက်ဆုံး ချေမှုန်းတာကို ခံခဲ့ကြရပါတယ်။ ဒါပေမဲ့ အဖိနှိပ်ခံ ပြည်သူလူထုဟာ သူတို့ရဲ့ သဘောထားမှန်ဖြစ်တဲ့ လူ့အခွင့်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကို တချိန်ချိန်မှာ အပြီးသတ် ရယူဖို့ ထပ်ကြိုးစားလာအုံးမယ် ဆိုတာကို နားလည်ထားတဲ့ စစ်အာဏာရှင်တွေက တရားဝင် စစ်အာဏာရှင်စနစ်ကို တည်ထောင်ဖို့ သူတို့စိတ်တိုင်းကျ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ၊ ဒုက္ခကြားက ပြည်သူလူထုကို လက်နက်အာဏာနဲ့ ခြိမ်းခြောက်ပြီး အတည်ပြု ပြဋ္ဌာန်းခဲ့ပြီ ဖြစ်ပါတယ်။

အခုတခါ ထပ်ပြီး ပြည်သူလူထုကို ၂ဝ၁ဝ ခု ရွေးကောက်ပွဲနဲ့ စိန်ခေါ်အနိုင်ယူဖို့ ကြိုးစားလာပြန်ပါပြီ။ ဒါပေမဲ့ ဒီတကြိမ် ကြိုးစားလာတာက စစ်အာဏာရှင်စနစ် တရားဝင် ထာဝရ တည်မြဲရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို ကျားကုတ်ကျားခဲ ကိုင်စွဲထားပါပြီ။ တော်လှန်တိုးတက်တဲ့ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုကို လုံးဝ နာလန်မထူနိုင်အောင် နှိပ်ကွပ်ရေး မဟာဗျူဟာ ချမှတ်ပြီး သူတို့ရဲ့ လမ်းညွှန်မြေပုံခရီးကို ပြီးဆုံးအောင် လျှောက်ဖို့ ကြိုးစားနေကြပါပြီ။ စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘာလဲ-ဘယ်လဲ ဆိုတာ၊ အခြေခံမူ ဆိုတာတွေကို ကြည့်လိုက်ရုံနဲ့ မြင်သာထင်ရှား ဖြစ်ပါတယ်။

အခု စစ်အစိုးရက သူတို့စိတ်ကြိုက် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဟောင်ကောင် တက္ကသိုလ်က အငြိမ်းစား ပါမောက္ခနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြံပေး အထောက်အကူပြု အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ပါမောက္ခ Yash Ghaii က သူရဲ့ “၂ဝဝ၈ ခုနှစ် မြန်မာဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက်” ထဲမှာ ဒီလုပ်ငန်စဉ်းကို “၁၉၆၂ ခုနှစ်မှာ ဒီမိုကရေစီ အစိုးရလက်ထဲက အာဏာကို လုယူခဲ့ပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ပါတီရဲ့ အစိုးရဖွဲ့စည်းမှုကိုလည်း ငြင်းဆန်ခဲ့တဲ့ စစ်အုပ်စုက ပုံဖော်ကြီးကြပ် စီမံခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခုခုကို ဘယ်လွတ်လပ်တဲ့ အဖွဲ့အစည်းကိုမှ တာဝန်ယူခိုင်းတာမျိုး စီမံကြီးကြပ်ရတာမျိုး မရှိပါဘူး။ လုပ်ငန်းစဉ်ဟာ လျှို့ဝှက်ဖြစ်ပါတယ်။ စစ်တပ်က စီစဉ်ရေးဆွဲခဲ့တဲ့မူကြမ်းကိုပဲ အမျိုးသားညီလာခံမှာ တင်သွင်းခဲ့တာပါ။

တကယ်တော့ အစိုးရမှာ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆွဲခွင့် အခွင့်အာဏာ မရှိပါဘူး။ အစိုးရဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကြောင်းအရာတွေ၊ ရွေးချယ်မှုတွေကို ပြည်သူလူထုကြားမှာ ချပြအသိပေးတာမျိုး ဒါမှမဟုတ် ပါဝင်ဆောင်ရွက်ဖို့ အသိစိတ်ဓာတ်ပေးတာမျိုး မလုပ်ခဲ့ပါဘူး။ တချို့ အဓိက ခေါင်းဆောင်တွေဟာ အကျဉ်းထောင်ထဲမှာ ရောက်နေကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တွေးမြင်ယူဆချက်နဲ့ ရွေးချယ်မှုတွေမှာ တခြား ရွေးချယ်စရာတွေကို ပိတ်ပင်တားဆီးထားတာဟာ အခြေအတင် ဆွေးနွေးငြင်းခုံမှုကို ပိုပြီး ဆိုးဝါးသွားစေပြီး တွေးမြင်ယူဆချက် များစွာဟာ ပြည်ပရောက် အုပ်စုတွေကြားကိုပဲ ရောက်ရှိသွားခဲ့ရပါတယ်။

လုပ်ငန်းစဉ်ဟာ တိုင်းပြည်တည်ဆောက်ရေး ဒါမှမဟုတ် အမျိုးသားညီညွတ်ရေး အစီအစဉ်တွေကို တိုးတက်မြင့်မားလာအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေး၊ ယဉ်ကျေးမှုတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ သက်ဆိုင်သူတွေကို ကျေနပ်နှစ်သိမ့်မှု မပေးနိုင်ခဲ့သလို ပြင်ပကမ္ဘာကိုလည်း အစိုးရရဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအပေါ် အလေးအနက် ထားလာအောင် သိမ်းသွင်းပြောဆိုမှု မလုပ်နိုင်ခဲ့ပါဘူး။

ပဋိပက္ခဖြစ်နေတဲ့ အုပ်စုတွေကြားမှာ ယုံကြည်မူ တည်ဆောက်ရမယ့်အစား သံသယတွေကိုသာ တိုးများလာစေခဲ့ပါတယ်။ အခုအချိန်မှာတော့ ကမ္ဘာတဝှမ်းလုံးက မှားယွင်းတဲ့ လုပ်ငန်းစဉ်လို့ ယုံကြည်လက်ခံထားတဲ့ လုပ်ငန်းစဉ်က ပြန်လည်ထုတ်လုပ်လိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အစိုးရနဲ့ နိုင်ငံရေး ပါတီတွေ လူနည်းစု အုပ်စုတွေ ကြားမှာရှိတဲ့ သဘောထား ကွဲလွဲမှုတွေကို ပိုပြီးပြင်းထန်လာစေခဲ့ပါပြီ” လို့ ရေးသားခဲ့ပါတယ်။ ဒါဟာ နိုင်ငံခြားသား တယောက်ရဲ့ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် ရှုမြင်သုံးသပ်ပုံ တစိတ်တပိုင်းသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား နိုင်ငံရေးအမြင် ရှိသူတွေကတော့ ဒီထက်ပိုပြီး သိမြင်နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ အများစုကြီးဖြစ်တဲ့ သာမန် မြန်မာပြည်သူတွေ အဖို့ကတော့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကို ခပ်လှမ်းလှမ်းကသာ ကြည့်မြင်ခွင့် ရခဲ့ကြပါတယ်။ ပါဝင်ဆောင်ရွက်ခွင့်၊ ပြောဆိုဆွေးနွေးခွင့်၊ အကြံဉာဏ်ပေးခွင့် လုံးဝ မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အနှစ်သာရအားဖြင့် ဘာလဲ-ဘယ်လိုလဲ ဆိုတာကိုတော့ သာမန်ပြည်သူလူထုရဲ့ အောက်ဆုံးလွှာအထိ နားလည်သဘောပေါက်နေပါတယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သဘောထားအရ နှလုံးသားထဲက ‘နိုး’ လို့ ငြင်းပယ်ထားပြီးပါပြီ။ ပြင်းထန်ရက်စက်လွန်းတဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် နေသေးသပခြုံထဲက ဖြစ်နေကြပေမယ့် ချိုသွေးသမှ တမြမြ လည်းဖြစ်နေကြပြီဆိုတာ သံသယရှိစရာအကြောင်း မမြင်ပါဘူး။

ပါမောက္ခ Yash Ghai ကတော့ “စာတမ်းက ဖော်ပြပြောဆိုခဲ့သည့်အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်တည်ဆောက်ရေးနှင့် မူကြမ်းပါဝင်မှုများမှာ ယေဘုယျအားဖြင့် လက်ခံထားခဲ့ကြသော လူ့အခွင့်အရေး အခြေခံမူများအား အလေးထားမှု မရှိခဲ့ပါ။ အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်မှုအတွက် အချက်အခြာဖြစ်သော တရားစီရင်ရေးမှာလည်း လွတ်လပ်မှု မရှိနိုင်သလို လူ့အခွင့်အရေးများကို ကာကွယ်နိုင်ခြေလည်း ရှိလိမ့်မည် မဟုတ်ပါ။ လူ့အခွင့်အရေးကော်မရှင် (သို့) လူထု တိုင်တမ်းမှု ကြားနာစစ်ဆေးရေး အဖွဲ့ကဲ့သို့ အခြားသော အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းပေးခြင်း (သို့) စဉ်းစားတွေးဆထားခဲ့ခြင်း မရှိခဲ့ပါ။

အခွင့်အရေးတွေကို ကန့်သတ်ဖော်ပြပေးထားတဲ့ စကားလုံးတွေမှာလည်း သူတို့ရဲ့ လေးစားမှုကင်းမဲ့ခြင်း ဖြစ်နိုင်ခြေတွေဖြစ်ပြီး အမှန်စင်စစ် ဆိုင်းငံ့ရပ်စဲထားခြင်းသာ ဖြစ်ပါတယ်။ စစ်တပ်သြဇာ လွှမ်းမိုးမှုခံရတဲ့ အစိုးရ ဖွဲ့စည်းတည်ဆောက်ပုံမှာလည်း လူ့အခွင့်အရေးတွေကို ရိုသေလေးစားလာဖို့ ကူညီထောက်ပံ့ပေးမှု မရှိနိုင်ပါ။ ဒီလိုနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခြေခံ အကြောင်းခြင်းရာတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လူထုအတွက် အောင်မြင်နိုင်ခြေ မရှိဆုံး ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ မှားယွင်းဖောက်ပြန်တဲ့ အခြေခံဥပဒေတွေနဲ့ ဖွဲ့စည်းတည်ဆောက်မှုအရ ပိုမို ဒီမိုကရေစီကျပြီး တူညီမြှုဖစ်တဲ့ လူ့အဖွဲ့အစည်းတခုဆီ ကူးပြောင်းရေးအတွက် အခက်အခဲပေါင်းများစွာကို ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါတယ်” လို့ သူ့ရဲ့စာတမ်းကို နိဂုံးချုပ်ထားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ် လုံးဝ အပြစ်အနာအဆာမရှိ အကောင်းဆုံးဆိုတာ မရှိပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုဟာ သူ့ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးနဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ဖို့သာ ဖြစ်ပါတယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အောင်မြင်မှု မရှိဘူးလို့ ဆိုရပါမယ်။ ပြင်ဆင်ဖို့လိုရင် ပြင်ဆင်၊ ဖြည့်စွက်ဖို့လိုရင် ဖြည့်စွက်၊ အဆုံးစွန်ဆုံးမှာ အသစ်ပြန်ရေးသင့်ရင် ရေးရပါလိမ့်မယ်။ အဲဒီလို လုပ်ခွင့်မရှိဘူး၊ မလုပ်ရဘူးလို့ ဘယ်အစိုးကမှ ဟန့်တားပိတ်ပင်ခွင့် မရှိပါဘူး။ အဲဒီလို လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးဟာ ပြည်သူမှာ အပြည့်ဝရှိပါတယ်။ အစိုးရဆိုတာ ပြည်သူ့ လက်အောက်ခံ၊ ပြည်သူ့ အခိုင်းအစေသာ ဖြစ်ပါတယ်။ ပြည်သူရဲ့ အရှင်သခင် မဟုတ်ပါဘူး ဆိုတာကို ပြည်သူလူထုကြီး တရပ်လုံး နားလည်ခံယူထားကြဖို့ အရေးကြီးပါတယ်။

ပြည်သူလူထုရဲ့ ဆန္ဒသဘောထားအမှန်ကို ဖော်ထုတ်ပေးဖို့၊ ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြသကြဖို့ လှုံ့ဆော်တိုက်တွန်း လမ်းပြကူညီအားပေးမှု ပေးဖို့ကတော့ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ပြည်သူလူထုက ရွေးချယ်တာဝန်ပေးထားခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီ လိုလားသူ တိုးတက်တဲ့ ပညာတတ်တွေ၊ ကျောင်းသားလူငယ်တွေသာ ဖြစ်ပါတယ်။ ဒီတာဝန်ကို တခြား ဘယ်သူကမှ ဝင်ပြီး တာဝန်ယူထမ်းဆောင်ပေးလိမ့်မယ် မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံသား ဒီမိုကရေစီရေး၊ လူအခွင့်အရေး၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူအားလုံးရဲ့ တာဝန်သာဖြစ်ပါကြောင်း။

Thursday 19 March 2009

Anniversary of Resistance Day

Dear All,

We would like to invite you to a demonstration on 27/03/09.

First Demonstration (Anniversary of Resistance Day):

Date: 27/03/09
Time: 12:00 - 13:30
Venue: In front of Burmese Military Regime
19a Charles Street London, W1J 5DX
Map

PURPOSE:

to reject regime's planned sham 2010 election


to work to realise 1990 election result.
--------------------------------------------------------------------------------------
Second Demonstration (Europe-wide Day of Action):

Date: 27/03/09
Time: 14:00 - 15:30
Venue: In front of Foreign Commonwealth Office (FCO)

Foreign and Commonwealth Office
King Charles Street
London
SW1A 2AH
Map

Our key demands include:
the EU strengthens the Common Position, including banking and financial sanctions, and sanctions stopping European companies providing insurance in Burma,
the EU does more to pressure the military regime to free all political prisoners in Burma,
the EU rejects the military regime’s 2010 elections and sham 2008 constitution in the present form,
the EU does more to encourage reconciliation and tripartite dialogue without delay,
the EU does more to challenge the dictatorship to immediately stop all human rights abuses in Burma.


Please, do not let your voice silence for Free Burma. It is great chance to speak out your voice for Free Burma.

Please, do show your liberty to promote Crisis in Burma.

We are looking forward to seeing you soon. Please send it to your friends who want to support for Free Burma.

Media Contact Details:
Dr. Win Naing - 07785568154 (Chairman of NLD-LA-UK)
Mr. Myo Thein - 07877882386 (Director of BDC)

In Solidarity,

FBE-UK, NLD-LA and Burma Democratic Concern (BDC).

Tuesday 17 March 2009

VOB697KK



Posted from Voice of Burma
Story