Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 24 October 2010

Watch the whole movie continuously

ရွေးကောက်ပွဲ ဖျက်သိမ်းရေး

မဲမပေးရေး၊ မဲပေးရေး ဆိုတာဟာ အသိအမှတ်ပြုနေတာမို့ ဖျက်သိမ်းရေးဘဲ တောင်းဆိုတာမှန်တယ်
နအဖစစ်စစ်အစိုးရရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုသူများက မဲပေးရေး စည်းရုံးလှုပ်ရှားကြမယ်။ ဒါက သူတို့ ရဲ့ လုပ်ပိုင်ခွင့်ဖြစ်သလို လုပ်လဲလုပ်သင့်တဲ့  ပြသနာဖြစ်တယ်။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် မဲဆွယ်တာကို ယိုးမယ်ဖွဲ့ ပြောလို့ အဓိပ္ပါယ်မရှိတော့ဘူး။ ငွေရှိတဲ့ သူက ငွေနဲ့ ၊ အာဏာရှိတဲ့ သူက အာဏာနဲ့ ၊ လုပ်သွားမှာပါ။ ဒါကနိုင်ငံတကာမှာ လုပ်နေတဲ့  အကြောင်းအရာတွေဖြစ်တယ်။ ရွေးကောက်ပွဲပြီးရင် ကောက်ကျစ်တဲ့ နည်းနဲ့  မဲအနိုင်ရအောင် လုပ်သွားမှာလဲ ပြောနေစရာ မလိုဘူး။ ဒီတော့သူတို့ ပြသနာကို ပြောစရာမလိုဘူးလို့ ထင်တယ်။ ဒါပေမဲ့ ပြောရမှာက အတိုက်အခံလို့ ပြေောနတဲ့ အုပ်စုနဲ့ ပါတ်သက်လို့ ပြောရတော့မှာဖြစ်တယ်။ သဘောကတော့ ရန် ငါစည်းမပြတ်တာကို ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်ဆိုရင် စစ်အစိုးရလုပ်တာကိုမှ မကြိုက်တာ။ မကြိုက်ရင် လက်မခံဘူးပေါ့။ ဒီတော့ သူတို့ လုပ်ချင်ရာလုပ် ။ ကိုယ်နဲ့ မှ လားလားမှ မဆိုင်တာ။ ဒါတွေကြောင့်လဲဘဲ ပါတ်သက်ချင်နေတာကို ပြောစရာဖြစ်နေပါပြီ။
မဲပေးကြပါလို့  ရွေးကောက်ပွဲကို ၀င်ကြမဲ့ သူတွေ ၊ နိုင်ငံရေးပါတီတွေက ပြောကြတာဟာ အဆန်းမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ က စစ်အစိုးရရဲ့  ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြမဲ့ သူတွေဖြစ်တယ်။ ဒီလိုဆိုရင် မဲမပေးပါနဲ့ လို့ ပြောရမှာက ရွေးကောက်ပွဲကို ဆန့် ကျင်တဲ့  သူတွေရဲ့ လူတွေရဲ့ အလုပ်လား။ တနည်းအားဖြင့် ဒါဟာ သွေးတိုးစမ်းတဲ့  ပထမပိုင်းအဆင့်မို့  မှန်ကန်သင့်မြတ်ပါတယ်။ ဒါပေမဲ့ ပွဲပြီးမီးသေမဲ့ အကြောင်းအရာမဟုတ်နိုင်ဘူး။ မှန်လဲမမှန်ကန်ဘုး။ ယေဘူယျ သဘောအရတော့ မှန်တယ်။ လုံးဝဥသုံအနေနဲ့ တော့ မဟုတ်ဘူး။ ဘာကြောင့်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးပါနဲ့ လို့ ပြောနေပေမဲ့  ရွေးကောက်ပွဲက လုပ်ဖြစ်သွားမှာ ။ တနေ့ ကဘဲ ကော်မရှင်သိန်းစိုးက နေပြည်တော်ကော်မရှင်ရုံးအစည်းအဝေးမှာ ရွေးကောက်ပွဲဥပဒေတွေနဲ ပါတ်သက်လို့  ရွေးကောက်ခံပိုင်ခွင့်တွေကို သတင်းစာရှင်းလင်းပွဲလုပ်သွားသေးတယ်။ ပြောချင်တာက သူတို့ တွေ ရွေးကောက်ပွဲကို လုပ်သွားမှာဆိုတာကို ပြောတာပါ။ ဒီတော့ ကျနော်တို့ အနေနဲ့  အဓိကကတော့ အလုပ်မဖြစ်ရေးသည်သာ အလုပ်ဘဲလေ။ တကယ်တော့ နှစ်ဘက်ဖြစ်နေတယ်။ ၀ိရောဓိတွေဖြစ်နေတယ်။ ဒါက မဲပေးမဲ့သူက ရှိနေတာရယ်။ ရွေးကောက်ပွဲကို ၀င်မဲ့ ပါတီတွေ တသီးပုဂ္ဂလတွေက ရှိနေတာရယ်ကြောင့် ဖြစ်တယ်။ ဒီတော့ ဘာဘဲဖြစ်ဖြစ် မဲမပေးရေးသည် တနည်းအားဖြင့် မှန်ပေမဲ့  အပြီးသတ် မှန်ကန်သောနိုင်ငံရေးနည်းလမ်း မဟုတ်ဘူးဆိုတာ ရှင်းလင်းပြသနေတယ်။ ဒီတော့ မဲမပေးရေးလှုပ်ရှာမူနဲ့  ဖျက်သိမ်းရေးကို ဆက်စပ်လိုက်ကြရတော့မှာဖြစ်တယ်။
ဒီတော့ ဘာတွေလုပ်ကြရမှာလဲ ။ ဒီရွေးကောက်ပွဲရဲ့ တရားမှူတွေ၊ ၉၀ ခုနှစ်ရွေးကောက်ပွဲကို လျှစ်လျှူရတာတွေ ။ ဂတိမတည်တာတွေနဲ့  အဆုံးသတ်မှာ ရွေးကောက်ပွဲ ကာလကို ဖြတ်ကျော်ခံလိုက်ကြရမှာလားး။ မဟုတ်သေးဘူး။ ဒီလိုပုံစံမျိုးနဲ့  နိုင်ငံရေးပြသနာတခုကို အဆုံးသတ်လို့ မရနိုင်ဘူး ။ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ရ ရက်နေ့ လုပ်မယ်ဆိုရင် မလုပ်ရအောင် ဘာလုပ်ရမှာလဲ ၊ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် ဘာလုပ်ရမှာလဲ ၊ ၉၀ ခုနှစ်မှာ အနိုင်ရရှိထားတဲ့  ပါတီတွေက ရွေးကောက်ပွဲကို လက်မခံရင် ဘာလုပ်ကြရမှာလဲ ။ နိုင်ငံတကာက လက်မခံရအောင် ဘယ်လိုနည်းနဲ့  သက်သေပြနိုင်ကြရမှာလဲ။ မဲမပေေးရး နဲ့  သပိတ်မှောက်ရေး ဆိုတာဟာ မလုံလောက်ဘူး။ ဒီလိုပြောနေရုံနဲ့  နအဖစစ်အစိုးရဟာ ငြိမ်သက်သွားမယ်မဟုတ်ဘူး။ ရွေးကောက်ပွဲကို မလုပ်ဘဲ နေသွားမှာ မဟုတ်ဘူး။ သူအာဏာဆက်လက်ရှိနေဖို့ အတွက် သူ့ ဘာသာ သူ့ အလုပ်ကို ဆက်လုပ်သွားမှာ့ ဖြစ်တယ်။ ဒီတာ့ သူတို့ မှာတနေ့ ကဘဲ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေ ရွေးချယ်ထားပြီလို့ တောင် အသံတွေထွက်လာပြီ။ သူတို့ ရဲ့ အရပ်သားအစိုးရကိုလဲဘဲ နိုင်ငံတကာအစိုးရတွေက ဆက်ဆံကြရတော့မယ်လို့  ပျော့ ညံ့ညံ့အတွေးအခေါ်တွေနဲ့  ပြောဆိုလေသံပေးနေကြပြီ။
ဒီပုံမျိုးနဲ့  မိုးချုပ်သွားတာကို လက်ပိုက်ကြည့် နေလိုက်ကြရတော့မှာလား ကွယ်ရို့ ဆိုပြီး ဇတ်မင်းသားလို ငိုချင်းရှည်ချကြရတော့မှာလား။ ဒါဟာဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင်တဲ့အကြောင်းအရာတခုသာဖြစ်တယ်။ ဒီတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကော ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကကော ဒီအချိန်မှာ ပွဲပြီးမီးသေနိုင်ငံရေးတိုက်စစ်ကို ကျင့်သုံးရမှာဖြစ်တယ်။ အခုအချိန်မှာဆိုရင် တနိုင်ငံလုံးကို လှည့်လည်စည်းရုံးဆွေးနွေးပြီးသွားပါပြီ။ ကိုယ့်ပါတီဝင်တွေကိုကော ပြည်သူတွေကိုကော ယုံကြည်ထောက်ခံသူတွေကိုကော မဲမပေးရေးဆိုတာကိုလဲ ပြောပြီးကြပြီ။ သပိတ်မှောက်ကြဖို့ ဆိုတာတွေကိုလဲ ပြောဆိုဆွေးနွေးပြီးကြပါပြီ။ ဒီတော့ ပြောစရာလုပ်စရာတခုသာ ကျန်ပါတော့တယ်။ မြန်မာနိုင်ငံကို ကယ်တင်ဖို့ ကယ်တင်မဲ့ အချိန် နဲနဲလိုပါတော့တယ်။ ဒီအချိန်မှာမှ မကယ်ရင် နောင်အနာဂါတ်မှာ ပြောစရာတွေ တပုံတခေါင်းကျန်ရစ်နေတော့မှာပါ။ ဒီတော့အိမ်ပြန်ရောက်လာကြတော့မဲ့ မဲမပေးရေးပြောဆိုဆွေးနွေးခဲ့ ကြပြီးဖြစ်တဲ့  တိုင်းရင်သားခေါင်းဆောင်များနဲ့  နိုင်ငံရေးခေါင်းဆောင်များအနေနဲ့  ပြတ်သားတဲ့ ခံယူချက်ကို ထုတ်ဖေါ်ကြရမှာဖြစ်ပါတယ်။အိမ်ပြန်ရောက်ပြီးမှ မဲမပေးရေးကို ပြောဆိုခဲ့ ပြီးပါပြီ ဆိုရုံလောက်နဲ့ တော့ နအဖစစ်အစိုးရက ရီပြလိုက်နေအုံးမှာပါ။ အဲဒီသရော်သံ ရီသံမျိုးကို မကြုံမိဖို့ လိုပါတယ်။
နအဖစစ်အစိုးရရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရေး လို့  ပြောနေကြတဲ့ သူတွေဟာ ရွေးကောက်ပွဲကို အမှန်တကယ်သိအမှတ်ပြုကြတဲ့ သူများတွေလို့ ဖြစ်နေတယ်။ ဒါကို နအဖစစ်အုပ်စုက ကြိုက်နေတယ်။ ဒါကိုဘယ်လိုနည်းနဲ့ မှ ငြင်းပယ်လို့ မရပါဘူး။ သို့ အတူ မဲမပေးရေး သပိတ်မှောက်ရေးဆိုတာဟာလဲ အသိအမှတ်ပြုနေခြင်းဘဲဖြစ်ပါတယ်။ မဲပေးတဲ့ သူနဲ့  မဲမပေးချင်တဲ့ သူနှစ်ယောက်ကို တနေရာတည်းမှာ စကားပြောကြည့်တဲ့ အခါ ဆုံမှတ်နေရာဟာ ရွေးကောက်ပွဲအခင်းအကျင်းနေရာသာဖြစ်ပါတယ်။ ဒီတော့ ဒါဟာအသိအမှတ်ပြုခြင်းပါဘဲ။ ကျနော်တို့ ဟာ အဲဒီဆုံမှတ်နေရာကို မသွားသင့်ဘူးထင်တယ်။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုတားဆီးရမှာလဲ ။ဘယ်လိုမလုပ်နိုင်အောင် လုပ်ကြရမှာလဲ ။ ရှင်းရှင်းလင်းလင်း နိုင်ငံရေးတိုက်စစ်ကို လုပ်ကြဖို့ လိုပါတယ်။ ဒါကတော့ ရွေးကောက်ပွဲကို ဖျက်သိမ်းရေး တောင်းဆိုကြဖို့ ပါဘဲ။ ရွေးကောက်ပွဲကို ဖျက်သိမ်းရမည် ဆိုတဲ့  ရာဇသံကို ပေးကြရမှာပါဘဲ ။ ရွေးကောက်ပွဲကိုဖျက်သိမ်းအောင် ပြောဆိုပေးမှသာ ရွေးကောက်ပွဲကို အသိအမှတ်မပြုရာဖြစ်ပါတယ်။ ဖျက်သိမ်းရမယ်။ မလိုချင်ဘူး၊ လက်မခံဘူး၊ တနိုင်ငံလုံးမလုပ်ရဘူး။ ပြည်နယ် ( ၅ ) ပြည်နယ်မှာ မလုပ်နိုင်သလို အခြားကျန်တိုင်းနှင့်ပြည်နယ်မှာလဲ မလုပ်ရဘူး ။ ရွေးကောက်ပွဲကို ဖျက်သိမ်းပစ်ရမယ်။ မဖျက်သိမ်းဘူးဆိုရင် ဒါဟာဘယ်လိုဘဲလုပ်လုပ် ဘယ်လိုနည်းနဲ့ မှ တရားမ၀င်ဘူး၊ အသိအမှတ်မပြုဘူး ဆိုတဲ့  ရာဇသံကို ပေးရပါလိမ့်မယ်။
ဒီလိုရွေးကောက်ပွဲကို ဖျက်သိမ်းရမယ်ဆိုတဲ့  ရာဇါသံကို ပေးမှသာ မဲမပေးရေးဆိုတဲ့ အသံထက် ဥပဒေနဲ့ ကိုက်ညီတာတွေ ။ တရားဝင်တောင်းဆိုမူတွေကို နိုင်ငံတကာက လေးစားသွားမှာဖြစ်ပါတယ်။ ဒီလိုတောင်းဆိုဆန္ဒပြနေလို့ ကလဲ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက လမ်းပေါ်ထွက်ပြီး လာရိုက်မှာမဟုတ်ပါဘူး။ ဒီပဲယင်းလို ပုံစံမျိုးလဲ နောက်တခါ လာရိုက်ကြမှာမမြင်ပါဘူး။ ဘာကြေင့်ဆိုရင် ဒီလိုရွေးကောက်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာကို ဘယ်သူကမှ ဘယ်ပါတီကမှ အကြမ်းဖက်ပြီး ရိုက်ခိုင်းမှာ မဟုတ်ပါဘူး။ ဘာကြောင့်ဆိုရင် သူတို့ က မဲဆွယ်စည်းရုံးနေကြတဲ့ သူတွေ ဖြစ်နေကြလို့ ပါ။ ဒီတော့ ဒီလိုရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုလိုက်တဲ့ အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ 
ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီတွေအဖို့  နိုင်ငံရေးဘီးဟာ တပတ်ပြန်လည်လာလိမ့်မယ်ဆိုတာ တွေ့ ရှိကြလာမှာဖြစ်ပါတယ်။ ဒီတခါပြန်လည်လိမ့်လာတဲ့  သမိုင်းဘီးကို ရ့ပ်တန့် သွားစေဖို့  ကြိုးနဲ့ တော့ မချည်မိပါစေနဲ့ လို့ သာ ပြောထားချင်ပါတယ်။ နောက်ဆုံးတိုက်ပွဲဟာ အဆုံးအဖြတ်မှန်ကန်ဖို့ လိုပါတယ်။ ပြတ်သားဖို့ လိုပါတယ်။
ရွေးကောက်ပွဲကာလကို နိုင်ငံတကာက ပြောလာကြတဲ့ အခါ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့  အင်မတန်မှ အလှမ်းကွာဝေးသွားပြီဆိုတာကို နားလည်ရမှာပါ။ ရွေးကောက်ပွဲကိုဝင်မဲ့ ပါတီတွေက ရွေးကောက်ပွဲလွန်ကာလနဲ့ ပါတ်သက်လို့ တွေးတောပြီး အိမ်မက်တွေကို အကောင်အထည်ဖေါ်ရင်း ပြောဆိုနေကြတာဟာလဲ အဓိပ္ပါယ်မရှိပါဘူး။ ။ မဲပေးရေး၊သပိတ်မှောက်ရေး။ ပြောနေကြတဲ့ သူတွေ ပါတီတွေအနေနဲ့ တော့ ရွေးကောက်ပွဲကာလမှာ ဖြစ်ပေါ်လာမဲ့ အစိုးရနဲ့  ဘယ်လိုဆက်ဆံရမယ် ၊ဘယ်ပုံရှိလာနိုင်တယ် ဆိုတာဟာ ဖြစ်ပေါ်လာမဲ့ အရေခြုံအရပ်သာအစိုးရကို အသိအမှတ်ပြုရာဖြစ်နေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ရ ရက်နေ့ မတိုင်ခင် ဖြတ်ပစ်ရမှာပါ။ ဒီနေရာ ဒီအချိန်မှာ ဒီပုံစံမျိုးနဲ့  ဒီရွေးကောက်ပွဲကို ဖြတ်ကျော်မသွားရအောင် တကယ်တမ်းလုပ်ရမှာက အတိုက်အခံတွေရဲ့ အလုပ်တွေပါ။
အခုအချိန်မှာ ၈၈ တုံးကလို တနိုင်ငံလုံးအထွေထွေသပိတ်ကော်မီတီကို ဖွဲ့ စည်းလိုက်ပြီဖြစ်ကြောင်း သိကြရပါပြီ။ အထွေထွေသပိတ်ကော်မီတီ ဖွဲ့ စည်းလိုက်ကြပြီဆိုတာနဲ့  ဒါဟာ
နအဖစစ်အုပ်စုအတွက် သွေးလန့် စရာ အဖွဲ့ အစည်းတခုပေါ်လာပြီဆိုတာကို ခန့် မှန်းသိသာနိုင်ပါတယ်။ နအဖစစ်အုပ်စုကို မျက်ဖြူဆိုက်မဲ့  ဖြုတ်ချကြမဲ့  ဒီအထွေထွေသပိတ်တော်မီတီကို ၀မ်းသာအားရ လက်ခံကြိုဆိုကြရမှာဖြစ်တယ်။ မကြာခင် သပိတ်စခမ်းတွေ အလျှိုလျှိုပေါ်ပေါက်လာကြမှာ မြင်ယောင်နေပါတယ်။ သပိတ်ကော်မီတီတွေရဲ့ အလုပ်တွေဟာ ကြေညာချက်တွေအတိုင်း ဆောင်ရွက်လာကြမှာ ဖြစ်ပါတယ်။ သူတို့ တွေဟာ ပြည်တွင်းကို အခြေခံတဲ့ အဖွဲ့ အစည်းတွေဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အနှံ့ ပါဝင်နေတာတွေ့ ရပါတယ်။ ၈၈ တုံးကလို လမ်းပေါ်ထွက် ဆန္ဒပြထွက်ကြလေမလား ။ဒါကိုစောင့်ကြည့်ရပါလိမ့်မယ်။ မန္တလေးက အကောင်းဆုံးမြေသြဇါအဖွဲ့ ကတော့ ရွေးကောက်ပွဲဖျက်သိမ်းရေး တိုက်ပွဲကို ဗွေဆော်ဦးလုပ်လိုက်ကြပါပြီ။ ကချင်ပြည်နယ်မှာဆိုရင်လဲ ရွေးကောက်ပွဲအလိုမရှိ ဆိုတာတွေ အသံတွေပေးလို့  လှုပ်ရှားလာကြပါပြီ။ လောလောဆယ်မှာတော့ နအဖစစ်အစိုးရရဲ့ ထောက်လှမ်းရေးနဲ့ စွမ်းအားရှင်တွေ ကြံ့ဖွံ့သတင်းပေေးတွကတော့ အထွေထွေသိတ်ကော်မီတွေမှာ ပါနိုင်လောက်တဲ့ပုဂ္ဂိုလ်တွေကို လိုက်လံရှာဖွေနေတယ်ဆိုတဲ့ သတင်းကြားနေရပါပြီ။
ထုံးစံအတိုင်းပါ ။အထွေထွေသပိတ်ကော်မီတီမှာ တကယ်မပတ်သက်တဲ့ သူတွေ ကျောင်းသားလေးတွေ ရဟန်းသင်္ဃာတော်တွေကို ဖမ်းဆီးအရေးယူပြီး နှစ်ရှည်ထောင်ချလိမ့်မယ်လို့ 
ပြည်တွင်းကလာတဲ့ သတင်းတွေအရ ကြားနေရပါတယ်။ ဒါပေမဲ့ ပြည်တွင်းက အထွေထွေသပိတ်ကို တာဝန်ခံဆောင်ရွက်မဲ့  ပုဂ္ဂိုလ်တွေကတော့ ဒီနောက်ဆုံးတိုက်ပွဲကို အချိန်ဇယား အတိအကျနဲ့  ပြတ်ပြတ်သားသားဆောင်ရွက်ကြလိမ့်မယ်လို့ လဲ ကြားသိနေရပါတယ်။ ဒီအထွေထွေသပိတ်ကော်မီတီတွေနဲ့ ချိတ်ဆက်မိမိနဲ့ သာ ပူးပေါင်းလှုပ်ရှားကြမယ်ဆိုရင် ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ မုချဖျက်သိမ်းရပါလိမ့်မယ်။ ဘာဖြစ်လို့ လဲ ဆိုရင် အထွေထွေသပိတ်ကော်မီတီဟာ ရွေးကောက်ပွဲကို ဖျက်သိမ်းရေးတောင်းဆိုမဲ့  အဖွဲ့ အစည်းဖြစ်ပါတယ်။ ပြီးတော့ နအဖစစ်အစိုးရကို ဖြုတ်ချမဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ သူတို့ ဟာ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းနဲ့  ကြးဖြတ်အရပ်သားအစိုးရကို ဖွဲ့ စည်းကြမှာဖြစ်ပါတယ်။ လူထုအစိုးရကိုဖွဲ့ စည်းကြမှာ့ ဆိုတာကြောင့်လဲ သူတို့ ရဲ့ တိုက်ပွဲကို ပြည်သူတရပ်လုံးထောက်ခံကြဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် ရွေးကောက်ပွဲမှာ မဲမပေးရေးဆိုတာဟာ အသိအမှတ်ုပြုနေသော အစိပ်အပိုင်းတခုဖြစ်တယ်ဆိုတာကို ဒီအချိန်မှာ လက်ခံသဘောပေါက်နားလည်ကြဖို့ လိုပါတယ်။ ဒီအဆင့်ကနေပြီး ဖျက်သိမ်းရေးကို ဦးတည်သွားရောက်ကြရတော့မှာပါ။ ဘောလုံးပွဲမှာ တဖက်ကိုအားမပေးချင်လို့  မလောင်းသလို တဖက်မှာလဲ မိမိလူမပါလို့  မကြိုက်လို့  ပွဲထိုင်ကြည့်လိုက်တာမျိုး မဖြစ်ရအောင် လုပ်ကြရမဲ့ အချိန်ဖြစ်ပါတယ်။ ဘောလုံးပွဲ မကစားရအောင် ပွဲစဉ်ဖျက်သိမ်းလိုက်ဖြင်းအားဖြင့် မကောင်းပေဘူးလားဆိုပြီး စဉ်းစားရမဲ့ အချိန်ရောက်နေပါပြီ။ ၁၉၉၀ ခုရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းထားတာ စစ်အစိုးရဘဲ ဖြစ်တယ်။ ဒီတော့ စစ်အစိုးရဲ့  ရွေးကောက်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုရမှာဟာလဲ ပြည်သူတွေရဲ့  တာဝန်ဖြစ်တယ်။
ဒီတော့ နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး ဒို့ အရေးဆိုပြီး နိုင်ငံရေးဘီးကို တပါတ်လည်ကြစေဖို့ တိုက်တွန်းပါရစေ။
နှစ်ဆယ်တဆယ် ရွေးကောက်ပွဲ ဖျက်သိမ်းရေး ။
ဟုတ်ပါတယ် ။
နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး ပါဘဲ ။
ကောင်းပါပြီ ။ ဒီလိုဆိုရင် နအဖစစ်အစိုးရက နှစ်ဆယ်တဆယ် ဖျက်သိမ်းရေးလို့  လှုပ်ရှားလာမဲ့ သူတွေကို ဘယ်လိုဖိနှိပ်လာမှာလဲ ၊ ဘယ်လိုတားဆီးလာမှာလဲ။ ဘယ်လိုနည်းပရိယ်တွေနဲ့  ဒီစက်ကွင်းက ရှောင်ထွက်မှာလဲ ဆိုတာကို့ တွေးဆ ထားဖို့ လိုပါတယ်။ သူတို့ ဟာ နလဘိန်းတုံးသမားတွေမဟုတ်ပါဘူး။ အင်မတန်ကောက်ကျစ်တဲ့ သူတွေဖြစ်ပါတယ်။ လိမ်မာပါးနပ်တဲ့  ကလိမ်ကျစ်သမားတွေဖြစ်ပါတယ်။ ဒီတော့ သူတို့ က ဖိနှိပ်လာမဲ့ အရာဟူသမျှကို ကြိုတင်ကာကွယ်နိုင်အောင် ဆောင်ရွှက်ထားကြဖို့ လိုပါတယ်။ ဒီပွဲဟာ စစ်တုရင်ကစားသလို နိုင်ငံရေး ကစားတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဖျက်သိမ်းရေး စာရွက်စာတမ်း ပိုစတာ လက်ကမ်းစာစောင်ကို တွေ့ ရှိသွားလို့  ဖမ်းဆီးခံရရင် လူပေါင်းများစွာက အုံကြွလိုက်လံပေးကြရမှာဖြစ်ပါတယ်။ တဦးကိုထိရင် တစုက ထိုင်ကြည့်နေရမဲ့  အချိန်မဟုတ်တော့ဘူးဆိုတာကို နားလည်ဖို့ လိုပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတုံးက ပခုက္ကူ ၊စစ်တွေ မှာ လုပ်ခဲ့ ကြသလို လုပ်ကြရမှာဖြစ်ပါတယ်။
လူထုတွေဟာ လူထုကိုကယ်တဲ့ နည်းလမ်းတွနဲ့  နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး လမ်းကြောင်းကို ဦးတည်ကြရပါလိမ့်မယ်။ နိုင်ငံရေးပါတီနဲ့  နိုင်ငံရေးပါတီခေါင်းဆောင်များဟာ နိုင်ငံရေးလမ်းကြောင်းကို ဦးတည်ချီတက်ရပါလိမ့်မယ်။ ဒီလိုတိုက်ပွဲကို ဆင်နွဲတဲ့ အခါမှာ ပြည်ပကအတိုက်အခံအင်အားစုတွေက ၀ိုင်းဝန်းပါတ်သက်နေဖို့ လိုအပ်နေပါတယ်။
နှစ်ဆယ်တဆယ်ဟာ လူထုအစိုးရဖြစ်ပေါ်ရေးအတွက် အထွေထွေသပိတ်ကော်မီတီကို ဖွဲ့ စည်းပြီး ဆောင်ရွက်ကြမယ်လို့ ကြွေးကြော်ထားပါပြီ။ ။ ကြားဖြတ်အရပ်သားအစိုးရဟာ ဒီတိုက်ပွဲကနေ ပေါ်ပါက်စေရမှာဖြစ်တယ်။ မြန်မာနိုင်ငံကို ကယ်တင်ဖို့  လူတိုင်းမှာတာဝန်ရှိတယ်။ ဒီတိုက်ပွဲမှာ သင့်ကိုအလိုရှိတယ်လို့ ကြွေးကြော်သံတွေ ကြားလာနေကြပါပြီ။ ဟုတ်ပါတယ်။ ဒီတိုက်ပွဲဟာ မြန်မာနိုင်ငံရဲ့  ကံကြမ္မာကို အဆုံးအဖြတ်ပေးမဲ့  နောက်ဆုံးအချိန်ဖြစ်ပါလိမ့်မယ်။
ဒီတော့ နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး ကို လုပ်ကြရမှာဖြစ်တယ်။ နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး ဆိုတာဟာ နအဖစစ်အစိုးရရဲ့ လုပ်လာမဲ့  ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုတာဖြစ်တာဖြစ်တယ်။ လက်မခံတာဖြစ်တယ်။ မကြားချင်တာဖြစ်တယ်။ မမြင်ချင်တာဖြစ်တယ်။ မကြုံချင်တာဖြစ်တယ်။ ဒါကြောင့် နှစ်ဆယ်တဆယ် ဖျက်သိမ်းရေးနဲ့  ဖျက်သိမ်းရမှာဖြစ်တယ်။ တကယ်လို့ မဖျက်သိမ်းရင် အထွေထွေသပိတ်ကော်မီဟာ စောစောကပြောခဲ့ တဲ့  အလုပ်တွေကို ဆက်လုပ်လာလိမ့်ဆိုတာ ကြားနေရပါတယ်။ မြင်နေရပါတယ်။
ကဲ — ဒီတော့ နှစ်ဆယ်တဆယ် ရွေးကောက်ပွဲဖျက်သိမ်းရေး ထောက်ခံပွဲတွေ လုပ်ကြရအောင်။
ဟုတ်ကဲ့  —နှစ်ဆယ်တဆယ် ဖျက်သိမ်းရေး -ပေါ့ ။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )