Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 21 June 2009

Photos of Demonstration in Cox's Bazar




(၆၄)နှစ်မြောက်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကော့ဘဇားတွင်ကျင်းပ
6/19/2009


မောင်အေး(နိရဉ္စရာ) (၆၄) နှစ်မြောက်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့ဘဇား ခေါ် ဖလောင်းချိတ်မြို့တွင် အမျိုးသမီး
အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဘင်္ဂလာဒေ့ခ်ျ ဌာနခွဲနှင့် အပြည်ပြည် ဆိုင်ရာ
ရဟန်းတော်များ အဖွဲ့ချုပ်မှ ( ဘင်္ဂလာဌာနခွဲ) တို့မှ ဦးဆောင်ပြီး ကျင်းပ
ခဲ့ကြသည်။

အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဘင်္ဂလာဒေ့ခ်ျ ဌာနက ဒေါ်စု
မွေးနေ့အခမ်းအနားကို ဖလောင်းချိတ်မြို့ ယူနီရဆော့စ် ဟိုတယ်တွင် ယနေ့နံနက်
၁၀ နာရီ က စတင် ကျင်းပခဲ့ သည်။

ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက “ ဒေါ်အောင်ဆန်း
စုကြည်ဟာ မြန်မာနိုင်ငံ လွတ်မြောက်ရေး အတွက် ခေါင်းဆောင်ကြီး
တဦးဖြစ်တယ်။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ သူမ တယောက်တည်း
လွတ်မြောက်ရေး မဟုတ်သလို သန်းငါးဆယ်ကျော်သော မြန်မာပြည်သူတွေ လွှတ်မြောက်
ရေးဖြစ်တယ်။ တခြားဒီ မိုကရေစီနဲ့ လူ့အခွင့်ရေးကို တန်ဖိုးထား
လေးစားကြတဲ့ ကမ္ဘာပြည်သူတွေ လွတ်မြောက်ရေး လည်းဖြစ်တယ် ဆိုတာကို
ပြသချင်တဲ့ အတွက် ဒီအခမ်းအနားကို ကျင်းပ ရတာဖြစ်ပါတယ်။ ” ဟု ပြောသည်။

အခမ်းအနားတွင် ရခိုင်အမျိုးသမီးများ အဖွဲ့ချုပ်(RWU) မှ စောမီမီသန်းက
အခမ်းနားမှုအဖြစ် ဆောင်ရွက်ပြီး စောဝါ၀ါမှ တွဲဘက်အခမ်းနားမှုး အဖြစ်
ဆောင်ရွက်ခဲ့သည်။ အထူးဖိတ်ကြားထားသည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရာမူး (ပန်းဝါ)
တက္ကသိုလ်မှ ပါမောက္ခဟောင်း Mostassa que Ahlan၊ ကော့စ်ဘာဇား
စီတီတက္ကသိုလ်မှ ပါမောက္ခ ကျော်သိန်းအောင်၊ ကော့စ်ဘာဇား သတင်း သမဂ္ဂဥက္ကဌ
Bodiulallam၊ အထူးဖိတ်ကြားထားသည့် Fardul Isalem Chowdury
တို့တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သတ်သည့် မိန်းခွန်းများ
ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရဟန်းတော်များ၊ ဒီမိုကရေစီအရေးလှုပ်ရှားသည့် မြန်မာနိုင်ငံ
သားများ၊ ရခိုင် အမျိုးသမီး အဖွဲ့ချုပ် (RWU) အဖွဲ့ဝင်များ၊
ဒေသခံရခိုင်အမျိုးသားများ အပါအ၀င် စုစုပေါင်းအင်အား ၁၅၀ ခန့်
တက်ရောက်ခဲ့ပြီး အခန်းအနားအပြီးတွင် ငြိမ်းချမ်းရေး ချိုးငှက်များကိုလည်း
လွှတ်ခဲ့ကြသည်။

တဆက်တည်းမှာ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်
(ဘင်္ဂလာဒေ့ခ်ျ)မှ ဦးစီးပြီး နေ့လည် ၂ နာရီတွင် ကော့စ်ဘာဇားမြို့ ရှိ
သတင်းသမဂ္ဂ အဆောက်အဦး ရှေ့တွင် ဒေါ်စု လွှတ်မြှောက်ရေး အတွက် တောင်းဆို
ဆန္ဒပြပွဲ တရပ်ကို ကျင်းပ ပြုလုပ် ခဲ့ကြသည်။

အဆိုပါ အဖွဲ့၏ အတွင်းရေးမှူး(၁) အရှင်သီလ၀ံသက “ ဒေါ်အောင်ဆန်းစုကြည်ကို
မတရား ဖမ်းဆီးထားတဲ့ စစ်အစိုးရရဲ့ မသမာမှုတွေကို မခံရပ်နိုင်တဲ့ အတွက်
ခုလို သူမ လွှတ်မြှောက်ရေးကို တောင်းဆို ဆန္ဒပြရတာ ဖြစ်ပါတယ်။ ဒေါ်စုကို
ခုလို တနေ့ပြီး တနေ့ ရက်တွေကို ရွေ့ဆိုင်းပြီး ချုပ်နှောင် ထားတာဟာ
မှန်ကန်တဲ့တရား ဥပဒေ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာကို ပြသနေတဲ့
အတွက်လည်း ဦးဇင်းတို့ အနေနဲ့ အခုလို ဆန္ဒပြ နေရတာဖြစ်ပါတယ်။ ” ပြောသည်။

ဆန္ဒပြပွဲတွင် ရဟန်းတော်များနှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စား လှယ်
ပေါင်း ၇၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊
စစ်အစိုးရပြုတ်ကျပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ချင်းချင်းလွတ်နှင့် ပြည်သူ့
တွေကို သတ်နေသည့် စစ်အစိုးရ ပြုတ်ကျပါစေ စသည့် ကြွေးကြော်သံများကို
ကြွေးကြော်ပြီး ဆန္ဒပြ ခဲ့ကြသည်။





(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။
သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
Photo News

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်
(ဘင်္ဂလာဒေ့ရှ်ဌာနခွဲ-သာသနာ့ဦးသျှောင်)မှ တနင်္လာနေ့တွင် မြန်မာနယ်စပ်အနီး
ကော့(စ)ဘာဇားမြို့၌ ဒေါ်စု လွတ်မြောက်ရေး လှုပ်ရှားဆန္ဒပြနေကြစဉ်။

ဘင်္ဂလာဒေ့ရှ်အခြေစိုက် ရခိုင်အမျိုးသမီးအစည်းအရုံး (RWU) မှ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တနင်္လာနေ့တွင် ဒက္ကားမြို့၌
တောင်းဆိုဆန္ဒပြနေကြစဉ်။

ဘင်္ဂလာဒေ့ရှ်အခြေစိုက် ရခိုင်အမျိုးသမီးအစည်းအရုံး (RWU) မှ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တနင်္လာနေ့တွင် ဒက္ကားမြို့၌
တောင်းဆိုဆန္ဒပြနေကြစဉ်။

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်
(ဘင်္ဂလာဒေ့ရှ်ဌာနခွဲ-သာသနာ့ဦးသျှောင်)မှ တနင်္လာနေ့တွင် မြန်မာနယ်စပ်အနီး
ကော့(စ)ဘာဇားမြို့၌ ဒေါ်စု လွတ်မြောက်ရေး လှုပ်ရှားဆန္ဒပြနေကြစဉ်။

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်
(ဘင်္ဂလာဒေ့ရှ်ဌာနခွဲ-သာသနာ့ဦးသျှောင်)မှ တနင်္လာနေ့တွင် မြန်မာနယ်စပ်အနီး
ကော့(စ)ဘာဇားမြို့၌ ဒေါ်စု လွတ်မြောက်ရေး လှုပ်ရှားဆန္ဒပြနေကြစဉ်။

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်
(ဘင်္ဂလာဒေ့ရှ်ဌာနခွဲ-သာသနာ့ဦးသျှောင်)မှ တနင်္လာနေ့တွင် မြန်မာနယ်စပ်အနီး
ကော့(စ)ဘာဇားမြို့၌ ဒေါ်စု လွတ်မြောက်ရေး လှုပ်ရှားဆန္ဒပြနေကြစဉ်။ View All
Photos
--
Stop killing & arresting in Burma



--
Help Us Change Burma
International Burmese Monks Organization
www.burmesemonks.org

Letter to Obama
VOB715KK