Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 27 November 2010

Spy Chief General Khin Nyut

သာကေတတွင်မီးလောင်၊ အိမ် ၁၅ လုံး မီးထဲပါသွား

မိုးယံ Friday, 26 November 2010 19:51

ယနေ့ ညနေက ရန်ကုန်တိုင်း သာကေတမြို့နယ် ၁၂ ရပ်ကွက် သလ္လာဝတီ ၁ လမ်း အိမ်အမှတ် ၇၁၄ ရှိ မီးအားမြှင့်စက်မှ စတင် မီးလောင်ကျွမ်းသဖြင့် ဘေးပတ်ဝန်းကျင်ရှိ အိမ် ၁၄ လုံးကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။


သာကေတ ၁၂ ရပ်ကွက်အတွင်း မီးလောင်ပြီးနောက် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

“ကျနော်တို့ အတည်ပြုတာကတော့ ၂ နာရီ ၅၅ လောက်မှာ မီးစလောင်တယ်၊ ၃ နာရီကျော်တော့ မီးတောက်ငြိမ်းသွားတယ်၊ အခုထိ (၄နာရီခွဲ) တော့ တငွေ့ငွေ့နဲ့ လောင်နေတာတွေကို ၀ိုင်းငြှိမ်းနေရတယ်” ဟု ၎င်းကဆိုသည်။

မီးစတင်လောင်ကျွမ်းစဉ် ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက ၀ိုင်းဝန်း ငြှိမ်းသတ် ပေးခဲ့ရကြောင်း သိရသည်။

“သူ့တို့က မီးကိုကြိတ်သတ်နေတာ။ မီးတောက်ကကြီးလာပြီး ကျမတို့ အိမ်ကို ကူးလာရော။ ဘာပစ္စည်းမှလည်း ယူချိန်မရဘူး။ မီးကူးတာ အရမ်းမြန်တယ်” ဟု မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပါသွားသူ အမျိုးသမီးတဦးက ပြောသည်။

ယင်း မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသူ အနည်းငယ်သာ ရှိပြီး မီးဘေးဒုက္ခသည်များကို အမှတ် ၄၆ အခြေခံပညာ မူလတန်းကျောင်း အတွင်း ကယ်ဆယ်ရေးဖွင့်လှစ် ထားရှိသည်။


လမ်းကျဉ်းသောကြောင့် မီးသတ်ကားတစီး ဤသို့ တိမ်းမှောက်သွားခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)

“မီးခိုးလုံးကြီးက မည်းပြီးတက်လာတော့ လန့်ပြီး အိမ်ပေါ်ကပြေးဆင်းတာ။ အိမ်က ပစ္စည်းတွေ သယ်မယ့် လူတွေကလည်း အလုပ်သွားကြတော့ ဘာမှမရလိုက်ဘူး” ဟု မီးအတွင်း နေအိမ်ပါသွားသူ အသက် ၇၀ ကျော်အရွယ် အဘွားအိုတဦးက ပြောသည်။

မီးလာရောက် ငြှိမ်းသတ်သည့် မီးသတ်ကားတစီးသည် လမ်းကျဉ်းတွင် မောင်းလာရသောကြောင့် ဘီးချော်ကာ တိမ်းမှောက် သွားသေးကြောင်း ဒေသခံတဦးက ဆိုသည်။

မီးလောင်ကျွမ်းခဲ့သော ရပ်ကွက်သည် ဆင်ခြေဖုန်းရပ်ကွက်များဖြစ်ပြီး ဓနိမိုး၊ ထရံကာ အိမ်များပြားသောကြောင့် မီးလောင်ကျွမ်းမှုဖြစ်လျှင် ဘေးအိမ်များသို့ မီးကူးစက်မှု မြန်ဆန်စေကြောင်း သာကေတမြို့နယ် ၁၂ ရပ်ကွက်မှ ရယက အတွင်းရေးမှူးတဦးက ပြောသည်။

ယင်းမီးလောင်မှုကို သာကေတမြို့နယ် အမှတ်၂ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီးလောင်ကျွမ်းမှု၏ ဆုံးရူံးမှုတန်ဖိုးကိုမူ မသိရသေးပေ။

**

လေဘေးဒေသမှ ကလေး ၂ သောင်းနီးပါး အာဟာရချို့တဲ့

ခင်ဦးသာ Friday, 26 November 2010 18:13

ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း လေဘေးသင့် ဒေသများ၌ ကလေး ၁၈၀၀၀ ခန့်မှာ အာဟာရ ချို့တဲ့မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ကလေး ၂ သောင်းနီးပါး အနက် အသက် ၅ နှစ်အောက် ကလေးငယ် ၆၀၀ ၀န်းကျင်မှာ လက်ရှိအချိန်၌ အာဟာရ ချို့တဲ့မှုနှင့် ကြုံတွေ့နေရကြောင်း နိုဝင်ဘာလ ၁၆ နေ့ထုတ် ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး (UNOCHA) ၏ အစီရင်ခံစာတွင် ရေးသားထားသည်။အာဟာရလိုအပ်ချက်အား UNOCHA အဖွဲ့နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) တို့ ပူးပေါင်းဆောင်ရွက် နေသော်လည်း လုံလောက်မှု အပြည့်အ၀ မရရှိသေးကြောင်း သိရသည်။ဂီရိလေဘေးဒဏ် ခံခဲ့ရသော မြို့နယ်များအနက် မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ကျောက်ဖြူ စသည့်မြို့နယ်များမှ ကလေးများသည် အာဟာရ ချို့တဲ့မှုနှင့်ရင်ဆိုင်နေ ကြရပြီး သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် ဘီဝမ်း တို့အဓိက လိုအပ် နေသည်ဟု UNOCHA ၏ အစီရင်ခံစာက ဆိုသည်။

ထိုမြို့နယ် ၄ ခု၌ လေဘေးဒဏ် ခံခဲ့ရသည့် ၅ နှစ်အောက် ကလေး အရေအတွက် ၃၀၀၀၀၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစ ကလေးမိခင် ၁၂၀၀၀ တို့ကိုလည်း ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရကြောင်း၊ တချို့ကလေး ငယ်များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း သိရသည်။“လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ ဆိုးဆိုးဝါးဝါး မရှိသေးပါဘူး။ UNICEF ရယ်၊ UNOCHA ရယ်၊ တခြားအဖွဲ့တွေရယ် ပူးပေါင်းပြီး ကလေးတွေရဲ့ ကျန်းမာရေးကို အလေးထား လုပ်ဆောင်ပေးနေပါတယ်” ဟု ရန်ကုန်အခြေစိုက် UNOCHA ၏ တာဝန်ခံ ဦးအေးဝင်းက ဧရာဝတီ ကို ပြောသည်။ဂီရိ ဆိုင်ကလုန်းတိုက်ခတ်ပြီး ၁ လကျော်သည့်တိုင် လေဘေး ဒုက္ခသည်များအတွက် စားစရာဆန်နှင့် နေထိုင်စရာ အမိုးအကာ လုံလောက်မှု မရှိသေးကြောင်း မြေပုံမြို့နယ် ပြင်ဝန်းရွာသား တဦးက ဆိုသည်။“ဒီနေ့စားပြီးရင် မနက်ဖြန် စားရပါ့မလားလို့ တွေးနေရတယ်။ ပြန်လည် ထူထောင်ဖို့ အတွက်တော့ ဘယ်ကနေ ဘယ်လို စရမှန်း မသိသေးပါဘူး။ စားစရာ ရှိမှ အလုပ် လုပ်နိုင်မယ်ဆိုတော့ စားမယ့်ကိစ္စက အရေးကြီး နေပါသေးတယ်” ဟု လည်း ၎င်းက ပြောသည်။

၎င်း ပြင်ဝန်းရွာသား၏ မိသားစုတွင် ကလေး ၃ ဦး ပါဝင်သည့်အတွက် ရရှိသည့် ရိက္ခာ အနည်းငယ်ကို ကလေးများအား ဦးစားပေး ကျွေးမွေးနေရကြောင်း၊ သူတို့ မိသားစုကဲ့သို့ပင် တခြားသော မိသားစုများလည်း ကလေး များနှင့် သက်ကြီး ရွယ်အိုများကို ဦးစားပေး ကျွေးမွေး စောင့်ရှောက် နေကြရကြောင်း ရှင်းပြသည်။
လူမှုရေးအဖွဲ့အစည်းများ၊ NGOများက ကလေးများအတွက် ဓာတ်ဆားထုတ်များကို ဝေငှပေးနေသော်လည်း လုံလောက်မှု မရှိဟု သိရသည်။လေဘေးဒေသ ကျေးရွာတချို့တွင် စားဝတ်နေရေး ပြဿနာများ ကြုံတွေ့နေရသည့် အပြင် သောက်သုံးရေ ရှားပါးမှုနှင့်လည်းကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။
ဂီရိလေဘေးသင့် ဒေသများသို့ စစ်အစိုးရ ၀န်ကြီးချုပ်ဦးသိန်းစိန်နှင့် ၀န်ကြီးများသည် ယခုရက်ပိုင်းတွင် သွားရောက် ကြသော်လည်း ဒုက္ခသည်များအား ထိရောက်သော ကူညီမှုမပေးဘဲ ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရေး အတွက်သာ ပြောဆိုခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် လိုက်ပါလာသည့် ၀န်ကြီး တချို့မှာ ဒုက္ခသည်များ အရေးကို ပြောဆိုမှု မရှိဘဲ ၎င်းတို့၏ ရှေ့ဆက် သွားမည့် နိုင်ငံရေး အခြေအနေကိုသာ ရွေးကောက်ပွဲ အနိုင်ရ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေး သွားကြောင်း သိရသည်။စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာများ၌မူ ဒေသခံပြည်သူများအတွက် အကူအညီများကို သက်ဆိုင်ရာဒေသ အာဏာပိုင်များမှ တဆင့် ပေးအပ်နေကြောင်း ရေးသားထားသည်။ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ လုပ်ဆောင်ပေးနေကြောင်းလည်း စစ်အစိုးရ မီဒီယာများက ဆိုသည်။ဂီရိဒေသ ကျန်းမာရေးလုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်နေသည့် ညွန်ကြားရေးမှူး ဒေါက်တာ စိုးလွင်ငြိမ်းအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုမှု မရှိခဲ့ပေ။“၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေလာရင် ဒေသအာဏာပိုင်က တဆင့် ပစ္စည်း နည်းနည်းတော့ ပေးတယ်။ သူတို့ပြန်သွားရင် ပေးခဲ့တဲ့ပစ္စည်းတွေကို မယက တွေ၊ ရယက တွေက ပြန်ရောင်းစားတယ်။ သူတို့နဲ့ ရင်းနှီးသူတွေကိုပဲ ပေးတယ်” ဟု ပေါက်တော မြို့ခံ တဦးက ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနာရီ မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မာန်အောင်၊ ရမ်းဗြဲ၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားခဲ့သည့် အပြင် လူပေါင်း ၂ သိန်း ၆ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု စာရင်းများအရ သိရသည်။
ထိုဒေသများအနက် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော မြို့နယ်တို့သည် အများဆုံး ထိခိုက်ခဲ့ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၃ သန်း (ကျပ်သန်း ၅၃၀၀၀ ခန့်) လိုအပ်လျက်ရှိကာ လက်ရှိတွင် ဒေါ်လာ ၁၈ သန်း (ကျပ် သန်း ၁၈၀၀၀) သာ ရရှိသေးကြောင်း UNOCHA ၏ နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

http://www.irrawaddy.org/bur/index.php/news/5052-2010-11-26-11-15-14

**

KIO ထိန်းချုပ် နယ်မြေဘက်မှ ၀င်သည့် တရုတ်ကုန်များ ပိတ်ပင်

ရန်ပိုင် Friday, 26 November 2010 17:44


ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ထိန်းချုပ်ရာ လိုင်ဇာဒေသမှ တဆင့် တရုတ်ကုန်ပစ္စည်းများ ကချင်ပြည်နယ် အတွင်းသို့ တင်ပို့ ခွင့်ကို စစ်အစိုးရက ပိတ်ပင်လိုက်ခြင်းသည် စီးပွားရေးအရ ပိတ်ဆို့ခြင်း ဖြစ်နိုင်သည်ဟု KIOဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင် က ဧရာဝတီသို့ ပြောသည်။

ယင်းကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်မှုကို ယမန်နေ့က စတင်ခြင်း ဖြစ်သည်။

စစ်အစိုးရက KIO ကို သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲပြီးနောက်ပိုင်း ယခုကဲ့သို့ ကုန်ပစ္စည်း ပိတ်ပင်မှုများ အပါအ၀င် နိုင်ငံတဝန်း ရှိ KIO ဆက်ဆံရေးရုံးများကို ပိတ်ရန် ဖိအားပေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် သတင်းစာများတွင် စတင်ပြီး စစ်အစိုးရက KIOကို သောင်းကျန်းသူအဖြစ် ခေါ် ဝေါ် သုံးစွဲခဲ့သည်။ KIO နှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည့် ၁၆ နှစ်တာ ကာလအတွင်း ထိုအသုံးအနှုန်းကို ပြန် လည်သုံးစွဲခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရက KIOကို သောင်းကျန်းသူအနေဖြင့် သတ်မှတ်ခြင်းကို အံ့အား သင့်မိကြောင်း၊ အဘယ်ကြောင့်ဆိုသော် KIOသည် ငြိမ်းချမ်းရေး ယူထားသည့် ၁၆ နှစ်တာ ကာလတွင် တိုင်းပြည်နှင့် အမျိုးသားအကျိုးစီးပွားကိုသာ လုပ်ကိုင်ခဲ့ပြီး မည်သည့် အဖျက် လုပ် ရပ်ကို မှ မလုပ်ကိုင်ခဲ့ကြောင်း ဂျိမ်းစ်လွမ်းဒေါင် က ပြောဆိုသည်။

တိုင်းပြည်တွင် လက်နက်ကိုင် အဖွဲ့အစည်း များစွာရှိနေခြင်းသည် ငြိမ်းချမ်းမှု မရှိ၍ လည်းကောင်း၊ မတရားမှုများသည့် အတွက် လည်းကောင်း လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိနေခြင်း ဖြစ်ကြောင်း KIOအနေဖြင့် လူထုအကျိုးစီးပွားနှင့် ငြိမ်းချမ်းရေး ရရှိချိန်တွင် လက်နက်စွန့်လွှတ်သွားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

နယ်ခြားစောင့် တပ်ဖွဲ့(BGF)အဖြစ် ပြောင်းလဲဖွဲ့စည်းရန် KIO အဖွဲ့က လက်မခံခဲ့သည့် နောက်တွင် KIO နှင့် စစ်အစိုးရ ဆက်ဆံ ရေး တဖြည်းဖြည်း ပျက်ပြားလာကြောင်း၊ မကြာသေးမီ ရက်ပိုင်းက မြန်မာနိုင်ငံတဝန်းရှိ KIO ဆက်ဆံရေးရုံးများကို ပိတ်ပစ်ရန် စစ် အစိုးရက ဖိအားပေးခဲ့ကြောင်းလည်း ဂျိမ်းစ် လွမ်းဒေါင်က ဆိုသည်။

KIO သည် နိုင်ငံတ၀န်း ဆက်ဆံရေး ရုံးပေါင်း ၃၀ ခန့်ရှိပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် အများဆုံး ဖွင့်လှစ် ထားသည်။

မြစ်ကြီးနား ဒေသခံ တဦးကလည်း မြစ်ကြီးနားနှင့် ဗန်းမော် လမ်းဆုံရှိ လဂျားယန် စစ်ဆေးရေး ဂိတ်တွင် တရုတ်ပြည်ဘက်မှ တင် သွင်းလာသည့် ကုန်ပစ္စည်းများကို အာဏာပိုင်များက ရှာဖွေသိမ်းဆည်းနေသည်ဟု ပြောသည်။

လိုင်ဇာ ကုန်သွယ်ရေးစခန်းသည် တရုတ်- မြန်မာနယ်စပ် လမ်းကြောင်းပေါ်တွင် မူဆယ် ကုန်သွယ်ရေးစခန်းပြီးလျှင် ဒုတိယအကြီး ဆုံးကုန်သွယ်ရေး စခန်းဖြစ်သည်။

တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက“ဒါကတော့ သူတို့ရဲ့ ဒုတိယနည်းပဲလေ၊ စီးပွားရေး ပိတ် ဆို့ မှုဆိုတာ ဒေသအတွင်းရှိ ပြည်သူတွေ စားဝတ်နေရေး ကျပ်အောင် လုပ်တာ”ဟု ဆိုသည်။

ထိုသို့ ပြုလုပ်ခြင်းသည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ အပေါ်မှီခိုနေရသည့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အကျပ်အတည်း ဖြစ်စေရန် လုပ်ဆောင်စေခြင်း ဖြစ်သည်ဟုလည်း ဦးအောင်ကျော်ဇော က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အထူးဒေသ ၄ အဖွဲ့ အခြေစိုက်သည့် မိုင်းလားမြို့သို့ ၀င်ရောက်သည့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းကို ပိတ်ပစ်လိုက်ကြောင်း၊ ကျိုင်းတုံမြို့နယ် နှင့် မိုင်းလားမြို့ကို ဆက်သွယ်ထားသည့် ၀မ်တာပင်း တံတားကို အစိုးရက ပိတ်လိုက်ပြီး ကုန်စည်ဝင်ထွက်မှုကို ထိန်းချုပ်လိုက် သည်ဟု ဦးအောင်ကျော်ဇောက ဆက်လက်ရှင်းပြသည်။

ထို့အပြင် အတည်မပြုနိုင်သော သတင်းများအရ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသရှိ ၀ ပြည်သွေးစည်းညီညွတ်ရေး(UWSA) ထိန်းချုပ်ထားရာ နယ်မြေနှင့် တန့်ယန်းဒေသကို ဆက်သွယ်ထားသည့် တာကော် အက် တံတားကိုလည်း စစ်အစိုးရက ပိတ်ထား သည့် အတွက် ကားအသွားအလာမရှိကြောင်း သိရသည်။

ယမန်နေ့က ရန်ကုန်အဲယားဝေး လေကြောင်းလိုင်းအား စစ်အစိုးရက ပျံသန်းခွင့်ပိတ်ပင် လိုက်သည့်ကိစ္စသည်လည်း ယင်း လေ ကြောင်းလိုင်းသည် ၀ပြည်သွေးစည်းညီညွတ်ရေး(UWSA) အဖွဲ့နှင့် ပတ်သက်၍ ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်း တွင် ပြောဆိုနေသည်။

စစ်အစိုးရသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့ စည်းရန် ဖိအားပေးသည့် အနေဖြင့် DKBA အဖွဲ့မှ လုပ်ကိုင်နေသည့် စီးပွားရေး ဂိတ်များကို ပိတ်ပင်ထိန်းချုပ်ခဲ့ဖူးသည်။
-

**
http://www.irrawaddy.org/bur/index.php/news/5051-kio-----



မောင်းသူမဲ့ ဂူဂယ်ကား လာပြီ





ဂူဂယ် အင်ဂျင်နီယာ Dmitri Dolgov က ဆော့ဖ်ဝဲလ်နဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကားမှာ လိုက်ပါစမ်းသပ်ပြီးတဲ့နောက် ကားက Parking မှာ ရပ်နေပုံပါ။ မောင်းသူနေရာမှာ ဘယ်သူမှ မပါတာ တွေ့ရပါလိမ့်မယ်။ (ဓာတ်ပုံ - နယူးယောက်တိုင်းမ်)

ဂူဂယ်က လုပ်နေတဲ့ ကားပရောဂျက်ပါတဲ့။ လူက မောင်းစရာမလိုဘူး။ ကားမောင်းတဲ့လူလို အာရုံခံစားနိုင်မယ့် ဆော့ဖ်ဝဲလ် အကူအညီနဲ့ သူ့ဖာသာသူ မောင်းမှာပါတဲ့။ ဂူဂယ်ကားက ဝန်းကျင် အနီးနားမှာ ရှိတဲ့အရာတွေကို အာရုံခံစားနိုင်ပြီး ဆောင်ရန် ရှောင်ရန်တွေကို ကားမောင်းတဲ့လူက အဆုံးအဖြတ်ပေးသလိုပဲ ဆော့ဖ်ဝဲလ်က ဆုံးဖြတ်ပြီး မောင်းသွားမှာ ဖြစ်ပါတယ်တဲ့။
ဂူဂယ်ကဆော့ဖ်ဝဲလ်တပ်ဆင်ပြီး မောင်းမယ့် ကားအမျိုးအစားက Toyota Prius ပါ။အသေးစိတ်ကို နယူးယောက်တိုင်းမ် သတင်းစာမှာ ဖတ်နိုင်ပါတယ်။


http://www.irrawaddyblog.com/2010/10/blog-post_8218.html

**

Diplomats: UN official to meet Burma’s Suu Kyi

Nov 26th, 2010

AP
YANGON, Myanmar -A senior United Nations official will visit Myanmar this weekend to meet the country’s military rulers and recently released democracy icon Aung San Suu Kyi, diplomats said Friday.
Vijay Nambiar, chief of staff for U.N. Secretary-General Ban Ki-moon, was probably coming to “feel the temperature” in the country following the first election in 20 years and Suu Kyi’s release from more than seven years of house arrest, one diplomat said on condition of anonymity because of diplomatic protocol.
Nambiar is due to arrive in the main city Yangon on Saturday, they said.
Since her release Nov. 7, Suu Kyi has been busy meeting diplomats, U.N. representatives, politicians and international agencies.
The 65-year-old Nobel Peace Prize laureate has made it clear she plans to pursue her goal of a democratic Myanmar but has been careful not to verbally challenge the junta.
The ruling generals and their longtime archrival have had no contact since Suu Kyi was freed from detention. She has called for face-to-face reconciliation talks with junta leader Gen. Than Shwe.
A long line of U.N. officials, including Ban, have attempted to broker talks between the opposing sides, but despite numerous claims of “breakthroughs” have failed to bring them together.
Suu Kyi’s political party swept the 1990 elections but was never allowed to take power. A pro-regime party overwhelmingly won this month’s elections amid widespread claims the balloting was rigged.
The junta regards Suu Kyi and her nonviolent struggle for democracy as a threat to its power. She has been detained for 15 of the past 21 years.

http://burmadigest.info/2010/11/26/diplomats-un-official-to-meet-burmas-suu-kyi/

ဝင်္ကပါလမ်းရှိ စာပေစီစစ်ရေး ရုံး ချီးထုပ် များ နဲ့ အပေါက်ခံရ

by Ko Myoe on Friday, November 26, 2010 at 8:18pm

ဒေါ်အောင်ဆန်းစုကြည် ၏ လှုပ်ရှားမှု သတင်းများအား ဖော်ပြခဲ့သည့် ဂျာနယ်များ အား ထုတ်ဝေခွင့် မပြုခဲ့သည့် စစ်အစိုးရ၏ စာပေစိစစ်ရေး ရုံးအား ယနေ့ မနက် ၈း၃၀ နာရီ အချိန် က ချီးထုပ်များဖြင့် အပေါက်ခံရသည် ဟု သတင်း ရရှိသည်။

ဗဟန်းမြို့ နယ် ၀င်္ကပါ လမ်းရှိ ဂျပန် သံရုံးဘေးတွင် ရှိသည့် စာပေစိစစ်ရေး ရုံးအား နံနက် ၈း၃၀ အချိန် ခန့် တွင်စက်မှု ဇုန်လုပ် ဂျစ်ကား တစ်စီး ဖြတ်သန်း မောင်းနှင်ပြီးနောက် ထိုကားပေါ်မှ ချီးထုပ်များ ဖြင့် ပစ်ပေါက် သွားသည် ဟု Freedom News Group မှ သတင်းရရှိသည်။

ထိုချီးထုပ် ပေါက်သည့် အဖွဲ့ ကို ဦးဆောင် ခဲ့သည့် နာမည်ကျော် လက်ဖက်ရည် ဖျော်ဆရာ ဟောင်း တစ်ဦးဖြစ်သည့် ကိုဘပု က ‘တစ်နေ့ ကတည်း ကပေါက်ဖို့ သူခိုးကြီး နေ့ နဲ့ ခံနေ လို့  ၊နောက် CCTV ကင်မရာတွေတပ်ထား မထား လေးရက်လောက် စုံစမ်းရတယ်။ ဂျပန် သံရုံးက CCTV ကတော့ ဒီဘက် အ၀င် ကို လှည့်မထား ဘူး ဒါကြောင့် ပေါက်လို့ ရသွားတာ ဟု FNG သို့ ပြောသည်။

ကိုဘပု သည် ယခင်ကလက်ဖက် ရည်ဖျော် ဆရာ တစ်ဦး အဖြစ် အသက်မွေးဝမ်း ကျောင်း ပြုခဲ့ပြီးပဲခူးတွင် အပြစ် မဲ့ လူငယ် နှစ် ဦး အား ရက်စက် စွာ စစ်တပ် က ပစ်သတ် ပြီး နောက် ပိုင်း တွင် တစ်ပိုင်တစ် နိုင်နိုင်ငံရေး လှုပ်ရှား သူ တစ်ဦး အဖြစ် စစ်အာဏာရှင် ဒေါက်တိုင် များ အား လိုက်လံ ဆုံးမရန် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

ကိုဘပု သည် တောင်ဥက္ကလာ ကြံ့ဖွတ် အမတ် မြို့ တော်ဝန် ဦးအောင်သိန်း လင်း ၏ အိမ်အား ချီးထုပ်ဖြင့်ပေါက်ခဲ့သူ တစ်ဦး လည်း ဖြစ်သည်။

ကြံ့ဖွတ် အမတ် မြို့ တော်ဝန် ဦးအောင်သိန်း လင်း ၏ အိမ် အား ချီးထုပ်ဖြင့် ပေါက် ခဲ့သည် နှင့် ပတ်သက်၍ သူက “အဲဒီတုန်း က နဲနဲ လန့် တယ် လမ်းမကြီး ပေါ်မှာ ရွေးကောက် ပွဲက ပြီးခါစ အဲဒီနေရာ ကို ကားဆယ်ခါ လောက်ဖြတ်မောင်းရတယ်.. နောက်ချီးထုပ် ပေါက်ပြီး ထွက် တော့ မီးစိမ်းတာ နဲ့  ချိန်ထားတာ ဟာမစ်တစ်မီးပွိုင့် က မီးနီသွားတော့ လန့် သွားတယ် ဒါနဲ့ မီးနီ ဖြတ်ပြီး ရွှေ ဂုံတိုင် ဘက် ကို ချက်ခြင်းမောင်းချလာရတယ်ဟု သူ၏ သည်းထိတ်ရင် ဖို အတွေ့ အကြုံ ကို ပြောသည်။

ယနေ့ စာပေစိစစ်ရေး ရုံးသို့ ချီးထုပ်ဖြင့် ပေါက်ရန် အသွားတွင် လမ်းရှိ မီးပွိုင့် တစ်ခု ဉ် Migty X ရဲကားတစ်စီးနောက် မှ ပါလာသဖြင့် မှင်သေသေ နေရသေးကြောင်း ထိုကား က သူ့ နောက် လိုက်လာသည် မဟုတ်သော်လည်း ကန်ပတ် လမ်း တလျှောက် လိုက်လာ သဖြင့် မျက်နှာ မျက်ရ အောင် မနဲနေရ ကြောင်း ပြောသည်။ချီးထုပ်များ ကို အိတ်များ ခွဲထည့်ထားပြီး သူ နှင့် အဖော် တစ်ဦးက ပေါက်စဉ် ချီးထုပ် ထည့် ထားသောရေခဲ ထည့် ဖော့ ဘူး တစ်ခု မှာလေစုပ် အား ကြောင့် ချက်ခြင်း မပွင့် သောကြောင့် အသင့် ထုတ်ထားသည့်ချီး ထုပ် ငါးထုပ်ဖြင့် သာ ပေါက်ခဲ့ရသည် ဟု ပြန်ပြောင်း ပြောပြသည်။

စာပေစီစစ်ရေး ရုံး ချီးထုပ် ဖြင့် အပေါက် ခံရခြင်း နှင့် ပတ်သက် ၍ ပြည်တွင်း သတင်းဂျာနယ် တစ်စောင်မှ အယ်ဒီတာ တစ်ဦး ကို မေးမြန်းရာ ‘နောက်တစ် ခါ ချီးထုပ် နဲ့  မပေါက် နဲ့  ဗုံး နဲ့ သာဆော်ဗျာ’ တကယ့်ကလေ ကလေ ကချေ ရုံး တိုင်းပြည် ကို တကယ် ဖျက်စီးနေတဲ့ ရုံး ဗျာ ဟု Freedom News Group သို့ ပြောသည်။

ရန်ကုန် မြို့ တော်ဝန် ဦးအောင်သိန်း လင်း ၏ အိမ်အား ချီးထုပ်ဖြင့် ပေါက် အပြီးတွင် မင်္ဂလာဈေးသူဈေးသား အချို့ က ထို အဖွဲ့ အား ဂုဏ်ပြုရန် FNG မှ တစ်ဆင့် ဆက်သွယ် ခဲ့သည်။ ကိုဘ ပု သည် ဒီဇင်ဘာနှစ် သစ်ကူး တွင် ထူးထူးခြားခြား နိုင်ငံရေး အံတုမှု တစ်ခု ပြုမည် ဟု ဆိုသည်။

ကိုဘပု သည် အပြစ် မဲ့ လူငယ် နှစ် ဦး အား ပတ်သတ်သွား သည့် စစ်သား များ အား ပညာပေး နိုင်ရန်အတွက် လိုက်လံ စုံစမ်း နေသည် ဟု သိရှိရသည်။

၎င်းသည် ပဲခူး အခြေစိုက် ဥဿာရာ မဂိုဏ်း ကို တည် ထောင် သူများ အနက် မှ တစ်ဦး ဖြစ်သည်။

- freedom news group