Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday, 28 November 2009

Invitation to Nirvana Bazaar2
Justice and Services by Khin Ma Ma Myo

Burma watchers are right to be cautious about signs of change

Andrew Heyn
The Guardian, UK
November 26, 2009

Flurry of activity could prove, as so often before, to be just window dressing, writes British ambassador Andrew Heyn
This is a particularly interesting time for Burma watchers. A flurry of activity, both domestically and internationally, has aroused hopes that things might be starting to move in a positive direction. But the optimism is offset by fears that this might be a repeat of the window dressing, so often seen before, that is designed to obscure the reality of a regime conducting business as usual.

The optimists point to recent engagement by the US, and nascent dialogue between Aung San Suu Kyi and the Burmese regime. Aung San Suu Kyi has recently written to Senior General Than Shwe offering to meet him to discuss how they can work together for the benefit of the people of Burma.

Were it not for bitter experience, people might be getting ready to celebrate and preparing for a new, properly inclusive form of politics. But Burma has seen many false dawns and no one is getting too excited.

In terms of hard facts there is not much to get excited about. A few months ago I sat in the Rangoon court that, after a show trial, sentenced Aung San Suu Kyi to a further period of house arrest. More than 2,100 political prisoners remain in jail. Elections next year look like going ahead on the basis of a constitution that delivers 25% of the seats in the new national assembly to the military before a single vote has been cast. Burma’s record on human rights and wider political freedoms remains dreadful, as last week’s EU-tabled resolution in the UN’s human rights committee made depressingly clear. The economy continues to stagnate.

The most widespread reaction in Burma to these recent developments is to wait and see. People recognise that it is far too early to assess how successful renewed international efforts by the US and EU (along with the UN and Asean) will be. Neither do we know whether Senior General Than Shwe will respond positively to Aung San Suu Kyi’s conciliatory and constructive offer to work together for the benefit of all the Burmese people. In the meantime the EU remains clear that, in the absence of concrete progress on the ground, sanctions that are carefully targeted at the economic interests of the regime and its associates will stay in place. The US approach is the same. We are clear that if there is genuine irreversible progress, we will respond positively and make proportionate adjustments to our restrictive measures. In the meantime we are increasing our commitment to ordinary people through our programme of humanitarian aid, which is delivering crucial support, including for basic healthcare and for poor families in rural areas.

Everyone hopes that the optimists are right. Real change here would transform the lives of the Burmese people – not only by helping them escape the poverty trap in which so many of them find themselves mired, but also by alleviating the atmosphere of fear and suspicion in which they live.

Diplomats are spared the worst of the overt intrusions and scrutiny which are a daily reality for many people, especially those who work for political change. A small reminder of the ubiquitous nature of the security presence occurred last weekend. A visit to a pagoda, about 20 miles south of Rangoon, concluded with the close questioning of our local driver by a special branch officer who seemed to appear from nowhere after we parked the car.

I reflected how it must be for the Burmese. Without recourse to, or support from, a democratically elected government and its institutions, they would surely see the questioner an instrument of dread.

The climate of fear and suspicion is well founded. This is why those who are cynical about the government’s intentions significantly outnumber the optimists on the streets of Rangoon. The Burmese people will make their judgement about whether there has been genuine change on the basis of actions, not words.

http://democracyforburma.wordpress.com/2009/11/28/burma-watchers-are-right-to-be-cautious-about-signs-of-change/
သို့


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဥက္ကဌ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

နေပြည်တော်

ရက်စွဲ - ၂၀၀၉၊ နိုဝင်ဘာလ၊ ၂၈ရက်။


အကြောင်းအရာ။ ။ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့်ပါတ်သက်သောကိစ္စ။


(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ် ရေးပြိုကွဲခဲ့ရာမှ အလွန်နာကျည်းမနှစ်မြို့ဖွယ်ရာပြည်တွင်းစစ်ဖြစ်ခဲ့ရာ ယနေ့မြန်မာနိုင်ငံ အခြေ အနေကို ဓမ္မဒိဌာန်ကျကျ သုံးသပ်ကြည့်ရှုလျှင် အဖက်ဖက်မှယိုးယွင်းနိမ့်ကျလျက်၊ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ အဖြစ်မှ ရုန်းမထွက်နိုင်သေးသည်ကို ထင်ထင်ရှားရှားတွေ့နိုင်မည် ဖြစ်ပါသည်။

(၂) ယင်းသို့သော အခြေအနေမှ လွတ်မြောက်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်၍ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး” “အမျိုးသား ညီညွတ်ရေး”ကို အမြန်ဆုံးမဖြစ်မနေတည်ဆောက်ရန်ဖြစ်သည်ဟု နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေနှင့်လည်း အလေးထားယုံကြည်သည်ကို ၄င်း၏နိုင်ငံရေးဦးတည်ချက်(၄) ရပ်တွင် အောက်ပါအတိုင်း ထင်ထင်ရှားရှားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

“နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ

စိုးမိုးရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး“ ဟု ပါရှိပါသည်။

(၃) ကျနော်တို့ သက်ကြီးရွယ်အိုနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များကလည်း ကျနော်တို့ ဖြတ်သန်း တွေ့ကြုံကိုယ်တိုင်ဆင်နွှဲခဲ့သည့် တိုက်ပွဲသင်ခန်းစာများအရ လွန်ခဲ့သော ၁၉၉၅ခုနှစ် နိုဝင်ဘာလ ၂၄ရက် နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လိပ်မူ၍ ပန်ကြားစာတစ်စောင် ပေးပို့ခဲ့ရာ၌ အောက်ပါအတိုင်း မေတ္တာရပ်ခံပန်ကြားခဲ့ပါသည်။

(၁) ရရှိပြီးသော မြန်မာနိုင်ငံလွတ်လပ်ရေး မဆုံးရှုံးစေရေးနှင့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီကျသော၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ကြီး တည်ဆောက်ရေးအတွက်၎င်း၊

(၂) တစ်တိုင်းတစ်ပြည်လုံး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ရေး

အတွက် ဆောင်ရွက်သွားမည်ဟု၎င်း၊

(၃) ယနေ့မြန်မာနိုင်ငံလက်ရှိ အခြေအနေမှာ “တစ်မျိုးသားလုံးသွေးစည်း ညီညွတ်ရေး တည်ဆောက်ရန် အလိုအပ်ဆုံးအခြေအနေဖြစ်နေပါသည်” ဟု၎င်း ဖော်ပြခဲ့ပါသည်။

အလားတူပင် ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၁၇ရက်နေ့စွဲဖြင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးအတွက် အကြံပြုစာတမ်းတစ်စောင်ကို ရေးသားကာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ၎င်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့၎င်း ပေးပို့ခဲ့ရာ ယင်းစာတမ်း၌ ကျွုန်ုပ်တို့၏ရည်ရွယ်ချက် ဟူသော ခေါင်းစဉ်အောက်တွင် အောက်ပါအတိုင်းဖော်ပြခဲ့ပါသည်။

(၁) အမျိုးသားသွေးစည်းညီညွတ်ရေးတည်ဆောက်ရန်၊

(၂) လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကိုထိန်းသိမ်း ကာကွယ်ရန်၊

(၃) ငြိမ်းချမ်းသော ဒီမိုကရေစီကျသော ပြည်ထောင်စုကြီးတည်ဆောက်ရန် ဟု ဖော်ပြခဲ့ပါသည်။


ဆက်လက်၍လည်း ကျနော်တို့စတင်အကြံပြုခဲ့သည့် ၁၉၉၅ခုမှ ယနေ့အထိ ၁၄နှစ်တိုင်တိုင် အဆိုပါသဘောထားအတိုင်း အကြိမ်ကြိမ်အကြံပေးပန်ကြား မေတ္တာရပ်ခံခဲ့ပါသည်။

ကျနော်တို့ အကြံပြုခဲ့ချက်များမှာ ရက်ရှည်လများစွာ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် မဖော်နိုင်ခဲ့သော်လည်း ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူ၍ပေးပို့သောစာတွင် “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကိုရုပ်သိမ်းရေး” နှင့် ပတ်သက်၍ ပေးပို့သောစာတွင် အောက်ပါ အတိုင်း ဖော်ပြပါရှိသည်ကို တွေ့ရပါသည်။

အပိုဒ်(၂) “မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားရေး အတွက် ကျွန်မအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း” ဟူ၍၎င်း၊

အပိုဒ်(၃) “နိုင်ငံတော်အတွက် အကျိုးရှိမည့်လုပ်ငန်းများကိုလည်း ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။” ဟုဖော်ပြသည်ကို တွေ့လိုက်ရ ဖတ်လိုက်ရသောအခါ ကျနော်တို့တိုင်းပြည်တွင် လွတ်လပ်ရေးရပြီးစ အချိန် မှစ၍ နိုင်ငံရေးသဘောထားကွဲလွဲမှုများမှ အခြေခံကာ နယ်ချဲ့သမားတို့ကို အတူလက်တွဲ၍ အသက်ပေး တိုက်ခိုက်ခဲ့သူများ အချင်းချင်း ဂိုဏ်းဂဏ၀ါဒ၊ အတ္တ၀ါဒတည်းဟူသော မာန်မာနတို့၏ လွှမ်းမိုးမှုကို မလွန်ဆန်ခံနိုင်ခဲ့ကြသဖြင့် အမျိုးသားခေါင်းဆောင်ကြီးများ (အာဇာနည် ခေါင်းဆောင်ကြီးများ) အသက်ပေး တည်ဆောက်ခဲ့သည့် အမျိုးသားညီညွတ်ရေးပြိုကွဲကာ နိုင်ငံတော်၏ အခြေအနေ အဖက်ဖက်မှယိုယွင်း မှုများအားလုံး အဆုံးသတ်တော့မည့် လမ်းစပေါ်လာခဲ့ပြီဟု ကျနော်တို့ ယူဆမိပါသည်။


ဗိုလ်ချုပ်မှူးကြီးခင်ဗျား -


ကမ္ဘာကြီး၏ လက်ရှိအခြေအနေမှာ ဗိုလ်ချုပ်မှူးကြီးသိရှိထားပြီးဖြစ်သည့်အတိုင်း

နိုင်ငံကြီးငယ်အားလုံး စီးပွားပျက်ကပ်ဒဏ်ကို အလူးအလဲခံနေရရာ ယခုတိုင် နလန်မထူနိုင်ကြသေးခြင်း
နိုင်ငံကြီးအချို့တို့၏ လက်နက်ပြိုင်ဆိုင်မှု စစ်အေးတိုက်ပွဲပြင်းထန်လာ နေခြင်း၊
အစွန်းရောက် ၀ါဒသမားများ၏ အကြမ်းဖက်မှုအန္တရာယ်တစ်နေ့တခြား ကြီးမား လာခြင်း၊
အနုမြူအန္တရာယ်၏ ခြိမ်းခြောက်မှုခံနေကြရခြင်း စသည်တို့ကြောင့်
တတိယကမ္ဘာစစ်၏ အန္တရာယ်သည် အေးချမ်းစွာနေလိုသော ကျနော်တို့ပြည်သူ တစ်ရပ်လုံးအား ခြိမ်းခြောက်လျှက်ရှိသည်ဟု ယူဆမိပါသည်။

ယင်းကဲ့သို့သော အခြေအနေအရပ်ရပ်တွင် ဗိုလ်ချုပ်မှူးကြီးပြောကြားခဲ့သည့် မိန့်ခွန်းအသီးသီး၌ လည်း “အမျိုးသားညီညွတ်ရေးအရေးကြီးပုံ” ဆိုသည့် စကားရပ်မပြတ်ပါရှိခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၈၉ကြိမ်မြောက် အမျိုးသားနေ့ ကြောညာချက်တွင်လည်း “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးစီးပွား ကို ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြရမည်” ဟုဖော်ပြထားပြီး ဥက္ကဌကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးစာတွင် “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးရှိမည့် လုပ်ငန်းများကိုလည်း နိုင်ငံ တော်အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီနှင့်အတူပူးပေါင်းဆောင်ရွက်လိုကြောင်း” ဖော်ပြထားပါသည်။ ထို့အတူ ပြည်သူတစ်ရပ်လုံးကလည်း နှစ်ရှည်လများ နိုင်ငံကိုဦးဆောင်ခဲ့ကြသည့် မည်သည့်ခေါင်းဆောင် တစ်ယောက်ကမှ မတည်ဆောက်နိုင်ခဲ့သည့် “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး” တစ်နည်းအားဖြင့် “အမျိုး သား ညီညွတ်ရေး” တည်ဆောက်နိုင်တော့မည်၊ စစ်မဲ့ဘေးအန္တရာယ်အသွယ်သွယ်တို့မှ၎င်း အကြပ်အတည်း ပေါင်းစုံ တို့မှ၎င်း ညီညွတ်ရေးလက်နက်နှင့် ခုခံဖြိုခွင်းနိုင်တော့မည်။ ငါတို့မြန်မာနိုင်ငံခေတ်ဆန်း ချိန်ရောက် တော့မည်ဟု ၀မ်းမြောက်ဝမ်းသာရှိနေကြပါသည်။ ဤသို့သော ဆန္ဒနှင့် ပြည်သူ့သဘောထားကို ဗိုလ်ချုပ်မှူး ကြီးကိုယ်တိုင်ဦးဆောင်ကာ ပတ်သက်သူအားလုံးနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ အတိတ်ကို သင်ပုန်းချေ၊ ခန္တီတရားလက်ကိုင်ထား၍ မေတ္တာတရားရှေးရှုကာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အမျိုးသား ညီညွတ်ရေး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့ကို ကြိုးပမ်းပေးပါရန် နိုင်ငံတော်နှင့် အားလုံးသော ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ညီညွတ်ရေးကို အာသာငမ်းငမ်း တောင့်တနေကြသည့် ပြည်သူများ၏ ကိုယ်စားမေတ္တာရပ်ခံလိုပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား -

ကျနော်တို့သည် အသက်အရွယ်ကြီးရင့်နေကြပါပြီ။ သေမင်းထံ ခြေတစ်ဖက်လှမ်းနေ သူများလည်း ဖြစ်ပါသည်။ “တို့တစ်တွေ ညီညွတ်ရေးရခဲ့လျှင်” ဟူသော ခံစားချက်ဖြင့်သာ ဤစာကိုရေးသားပေးပို့ခြင်းဖြစ်ပါသည်။

ဥက္ကဌကြီးသည် နိုင်ငံတော်ကို ဦးဆောင်နေသူတစ်ယောက်အဖြစ် ဂါရ၀တရား “ဂုဏ၀ုတ္တိ” ထား၍ နိုင်ငံအကျိုးရှေးရှုကာ မိမိတို့ဥာဏ်မီသလောက် ရေးသားတင်ပြရခြင်းကို ခွင့်လွှတ်စေ လိုပါသည်။


“ကျန်းမာချမ်းသာကြပါစေ”


(သခင်သိန်းဖေ)

(၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ကိုယ်စား)