Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 18 February 2009

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ဘားအံထောင်သို့ သွားရောက်

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့ နေဘုန်းလတ် ရှိရာ ဘားအံထောင်သို့ သွားရောက်ခဲ့
alt

ပြီးခဲသောနှစ် သြဂုတ်လက နာဂစ်ကိစ္စနှင့် ဟိုင်းကြီးကျွန်းသွား ရောက်စဉ် လမ်း၌ ရေနွေးကြမ်းသောက်နေသော ကွင်တာနာ (သတင်း အထောက်အကူပြု ဓါတ်ပုံ - Getty Images )

ကုလသမဂ္ဂမှ စေလွှတ် လိုက်သော လူ့ အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံမှ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန် နှင့် ဘားအံ ထောင်များသို့ သွားရောက် ခဲ့ကြကြောင်း သိရှိရသည်။

သောမတ် အိုဂျဲရာ ကွင်တာနာ ဦးဆောင်သော အထူး ကိုယ်စားလှယ် အဖွဲ့သည် ဘားအံ ထောင်ကြီးဆီသို့လည်း သွားရောက်ခဲ့ပြီး ဖြစ်ကာ ထိုထောင် အတွင်းတွင် ကျော်ကြားသော မြန်မာ Blogger နေဘုန်းလတ်အား စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်း ထားသည်။

ဘားအံမှ ရန်ကုန်သို့ ပြန်ရောက်ခဲ့ပြီးနောက် ကွင်တာနာသည် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် မြန်မာ့နိုင်ငံရေး အကျဉ်းသားများ ရာထောင်ချီမျှ ဖမ်းဆီးထားသည့် အင်းစိန် ထောင်ကြီးသို့ သွားရောက်ခဲ့သည်ဟု သိရှိရသည်။

ကွင်တာနာ သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ရောက်ရှိခဲ့ပြီး ထိုနေ့မှာပင် မြန်မာ စစ်အစိုးရသည် လူသိများသော နိုင်ငံရေးသမား နှစ်ဦးဖြစ်သည့် ညီဘူး နှင့် တင်မင်းထွဋ် တို့ကို ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်လိုက်ပြီး ဖြစ်သည်။ ကွင်တာနာ ကမူ ၎င်း၏ ခရီးစဉ်အတွင်း မြန်မာ စစ်အစိုးရကို လူ့အခွင့်အရေးဆိုင်ရာ ကျင့်ထုံးများကို နားလည် လက်ခံလာစေရေး ဆွဲဆောင် စည်းရုံးနိုင်မည်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ဒေါ်စုလွတ်မြောက်ရေး လက်မှတ်တွေ ပဲခူးမှာ ကောက်နေပြီ

ဖနိဒါ

ချင်းမိုင်(မဇ္ဈိမ)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ယခုလ ၁၄ ရက်နေ့က စတင်လိုက်သည်။

ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ဒိုက်ဦး၊ ကဝ၊ သနပ်ပင်၊ ဝေါနှင့် အနောက်ဘက်ခြမ်း သာယာဝတီမြို့နယ်များတွင် ပါတီဝင်လူငယ်များက လူထုထဲတွင် လိုက်လံ၍ လက်မှတ်များ ရေးထိုးစေခြင်းဖြစ်သည်။

"ကျမတို့ လူထုထဲကို လိုက်ထိုးခိုင်းနေပါတယ်။ လူငယ် တာဝန်ခံတွေကနေ လိုက်ထိုးနေပါတယ်။ လူတွေကလည်း စိတ်ဝင်စားကြတယ်။ တချို့လည်း ကိုယ့်ဆန္ဒအတိုင်း မထိုးရဲဘူး။ ကြောက်ကြတယ်လေ။ အမှန်တော့ လူတွေဟာ ကိုယ့်စိတ်ထဲက ဆန္ဒအတိုင်း လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ လူ့အခွင့်အရေးကို လူတိုင်း နားမလည်ကြတော့ ခက်တယ်" ဟု တိုင်း အန်အယ်ဒီအဖွဲ့ဝင် ဒေါ်ခင်ညွန့်မူက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ပါတီအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ ဆိုက်ကားဂိတ်၊ ဆရာဝန်နှင့် ရှေ့နေများ အပါအ၀င် လူတန်းစားပေါင်းစုံက လက်မှတ်ထိုးကြသည်ဟု သူက ဆိုသည်။

နိုင်ငံရေး လှုပ်ရှားမှုကြောင့် မတရား အကျဉ်းကျခံနေရသည်ကို ပိုမို သိရှိလာရန် အသိပေးဖြန့်ဝေမှု ဖြစ်ပြီး၊ ပြည်သူများ ပူးပေါင်းပါဝင်သည့် လှုပ်ရှားမှုဖြစ်ကြောင်း သူက ပြောသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပဲခူးမြို့နှင့် မန္တလေးတိုင်း မိတ္တီလာမြို့နယ် သဲတောရွာတွင် ပါတီဝင်များက ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

ဒေါ်ခင်ညွန့်မူက "ဒီမနက်ပိုင်းက ၆ နာရီမှာ ပဲခူး ရွှေမော်တောဘုရား အင်္ဂါထောင့်မှာ ပန်း၊ ဆီမီးတွေ ကပ်လှူပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ ၈ နာရီမှာတော့ သံဃာအပါး ၃ဝ လောက်ကို ဆွမ်းလောင်းခဲ့ပါတယ်" ဟု ပြောသည်။

မိတ္ထီလာမြို့တွင် သံဃာအပါး ၁၃ဝ ပါးကို ဆွမ်းလောင်းခဲ့သည်ဟု မြို့နယ်အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

ထို့အပြင် မိတ္ထီလာတွင် ရေနှင့် လျှပ်စစ်မီး ၂၄ နာရီ ရရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လက်မှတ်ထိုး တောင်းဆိုသည့် စာအား ယမန်နေ့က စာတိုက်မှတဆင့် နေပြည်တော်သို့ ပို့ခဲ့သည်။

"ရေမီး အပြည့်အဝ ရရှိရေး တောင်းဆိုတဲ့ လက်မှတ်ပေါင်း ၅၀၀ ကျော်ကို နေပြည်တော်ကို လိပ်မူပြီး ပို့တယ်။ လူထုပါဝင်လှုပ်ရှားနိုင်တဲ့ လမ်းကြောင်းအနေနဲ့ လက်မှတ်ထိုးထားကြတယ်။ ရဲရဲတင်းတင်း ထိုးကြတယ်။ လက်မှတ်ပေါင်း ၅၁၃ ယောက် ကောက်ခံရတယ်" ဟု သူက ပြောသည်။

စာထဲတွင် မိတ္ထီလာမြို့ပေါ် ၁၃ ရပ်ကွက်ကို အေ၊ ဘီ၊ စီ ဟူ၍ ပိုင်းခြားကာ ၆ နာရီခြားတခါ လျှပ်စစ်မီး ပေးဝေသော်လည်း မည်သည့်အခါမှ ၆ နာရီအပြည့် မရကြောင်းနှင့် မိတ္ထီလာရေကန်ကြီးကို မြင်နေရသော်လည်း သောက်သုံးရေ မရသဖြင့် အဝီစိတွင်းသာ အားကိုးရကြောင်း သိရှိစေရန် တင်ပြအပ်ပါသည်ဟု ဆိုထားသည်။

စာကို မိတ္တူကူး၍ မိတ္ထီလာခရိုင် အာဏာပိုင်အဖွဲ့များဖြစ်သည့် ခယက၊ မယက၊ ခရိုင်နှင့် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးများနှင့် မန္တလေးတိုင်းနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးများသို့ ပေးပို့ခဲ့ကြသည်။

"ကျီကုန်းဆိုရင် ၁ဝ ရက်တခါ လာတယ်။ အခု တလကျော် မလာဘူး။ သီရိမင်္ဂလာဆို ၄ ရက်တခါလာ။ ၇ ရက်နေ့က လာတာ၊ ဒီနေ့ထိ မလာဘူး။ ဒါ မဖြစ်သင့်ဘူး၊ ဒီလောက် တိုးတက်တဲ့ ကမ္ဘာမှာ ရေလေးတော့ ပုံမှန် လာသင့်တယ်။ ရတနာပုံ တလကျော်ပြီ။ မလာဘူး။ သာယာကုန်းရပ်ကွက်ဆိုလည်း မလာဘူး။ တကယ်တော့ ရေမီး မလာတာဟာ ၁ဝ စုနှစ် တခုလောက်တောင် ရှိပြီလို့ ပြောလို့ ရပါတယ်" ဟု သူက ဆိုသည်။

ယခု လှုပ်ရှားမှု ပြုလုပ်စဉ် အောင်ဇေယျရပ်ကွက် ဆယ်အိမ်မှူးမှ စာရွက်တွင် ပါရှိသည့် လက်မှတ်ထိုးသူများအား ခေါ်ယူကာ ၎င်းလုပ်ရပ်မျိုး မပြုလုပ်ရန် ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

မကွေးတိုင်း ချောက်မြို့တွင်လည်း အန်အယ်ဒီ ပါတီဝင်များက အလားတူ လက်မှတ်မျိုး ကောက်ခံသည်ကို အာဏာပိုင်များက တန်ပြန်သည့်အနေဖြင့် ရေမီး ရရှိရေး လက်မှတ်ထိုးရာတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း လက်မှတ်မျိုး လိုက်လံထိုးခိုင်းနေသည်ဟု ချောက်မြို့ ဒေသခံက မဇ္ဈိမကို ပြောသည်။

ယခုလ ၈ ရက်နေ့က ရေမီး ရရှိရေး လက်မှတ်ပေါင်း ၈ဝဝ ကျော် ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် လက်မှတ်ပေါင်း တသောင်းထက်မနည်း ရမည်ဟု ခန့်မှန်းထားကာ လက်မှတ်များကို ယခုလ ၂၅ ရက်နေ့တွင် အာဏာပိုင်များထံ ပေးပို့မည်ဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

ဘုန်းကြီးကျောင်းအလှူငွေများ နအဖ သိမ်းယူ


သတင်း - DVB

စစ်မိစ္ဆာများ ဖြုတ်ချရေး စီမံချက်

Time for Ibrahim Gambari to vacate his post as United Nations Envoy to Burma

....:::....
Burma Democratic Concerns (BDC) has determined that it is time for Ibrahim Gambari to vacate his post as United Nations Envoy to Burma. His continual failure to stem the tide of genocide has yielded catastrophic results in human suffering and death to the citizens of Burma. His efforts to bring democracy to Burma were counterproductive at best.

Myo Thein, Director of Burma Democratic Concerns in the United Kingdom, ascertained, We have been expressing our doubts over his (Gambari) impartiality and now the image is much clearer that he is merely a special advocate for the Burmese Junta.

Bad Boy Gambari


Buffalohair
17 Feb 2009

With news of Gambari urging Burma to proceed with the illegal election planned for 2010, it is clear Ibrahim Gambari is not on the side of democracy. It is obvious to most Burmese people Gambari is only wasting valuable time with his counterproductive banter and lackluster performance.

Sources within Burma stated repeatedly that Gambari received a beautiful multi million dollar ruby as a form of bribery by Than Shwe. Another seedy tidbit from within Burma was a tale about Ibrahim Gambari and his romp in the sack with at least one young aspiring Burmese starlet. It would not surprise me one bit since a diplomat from his homeland of Nigeria gave Than Shwe’s representative a gift of $500,000 recently in cold hard cash.

Spending time with strumpets and receiving hush money seems to be all this so called envoy has accomplished over the years. His track record in Burma scored him a dismal zero since he only managed to buy more time for Than Shwe to arrest and murder his opposition. While Gambari wined and dined in opulence the cries of the Karen people echoed in the jungles of Burma as government troops raped and murdered them. National League for Democracy & 88 Generation Students Group members as well as friends and associates were arrested and moved to isolated prisons to be tortured. Popular entertainers from all genres have been silently removed and placed in irons. And now Aung San Suu Kyi had her sentence extended for another year.

Gambari is a criminal who used his position for personal gain at the expense of a suffering people who trusted the United Nations. When Than Shwe dies or when his regime crumbles Gambari should be tried along with the rest of the vermin he protected. He dishonored the United Nations as well as disrespect the good people of Burma who trusted him. He should not only step down as envoy to Burma, he should also be arrested and charged with dereliction of duty and excepting bribes from a criminal regime.

In some respects Ibrahim Gambari is much worse than Than Shwe and his criminal regime. At the very least Than Shwe is an outwardly detestable and loathsome creature who profiteers from death, deception and bribes from western corporations. Gambari pretends to be an angel of mercy offering false hope to a struggling repressed people when in reality his palm is greased with blood money.

Clearly the demands of Aung San Suu Kyi and the NLD have not changed over the years. All they wanted was for the election results of 1990 to be honored and the voice of the Burmese people recognized. Surely it did not require countless trips to Burma for Gambari to figure that out. How far beyond stupid is he? Or was his trips nothing more than opulent vacations and self serving profitable junkets filled with party girls and expensive wine? I venture to say the latter since it is obvious he did less than nothing for the oppressed people of Burma. It makes me wonder if he had a hand in extending Aung San Suu Kyi’s sentence.

One day he will face trial for his efforts to assist Than Shwe along side other corrupt corporate heads who’ve lined the pockets of this criminal regime. As for Than Shwe, he will soon be dead and his family members will be living in hiding and in fear of retribution for daddy’s sins. His hand picked jackals will murder one another as they fight to take control of Burma only to be arrested by a military who decided to stand by their people. Naypyitaw, Than Shwe’s jungle capital, will be the Nuremburg of Burma as former generals of Than Shwe’s criminal regime stands trial for crimes against humanity. And there I’ll be with my pal Myat Ko who once served time in Insein Prison. We will be sipping an ice tea on a hot humid Burmese day. When the judge asks us for a verdict we will give the thumbs down in Roman flare. Then we will hand these convicted vermin to an eager crowd outside of the court house and let them decide the fate of these scoundrels, including Ibrahim Gambari.a