
“အမေရိကန်အထက်လွှတ်တော်က အတည်ပြုပြီးပါက မြန်မာနိုင်ငံသားတွေကို ကျနော်တို့ရဲ့ ကူညီမှုတွေနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါ မစ္စတာဂရင်းဟာ ကျနော်တို့ရဲ့ အဓိက ကိုယ်စားလှယ်ဖြစ်လာမှာပါ” ဟု ကုလလုံခြုံရေးကောင်စီဆိုင်ရာ အမေရိကန်ပြောခွင့်ရသူ ဂေါ်ဒန် ဂျွန်ဒရိုးက ပြောသည်။
သမ္မတဘုရှ်၏ အမျိုးသားလုံခြုံရေးကောင်စီအတွက် အာရှအရေးဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူ မစ္စတာဂရင်းသည် လက်ရှိတွင် ဂျော့တောင်းတက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သည်။ မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရအား ပိုမိုဖိအားပေးနိုင်ရန် ရည်ရွယ်၍ အမေရိကန်ကွန်ဂရက်က ယခုနေရာကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် မြန်မာနိုင်ငံရှိ ဒီမိုကရေစီရေးထောက်ခံသူများ၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ အန်ဂျီအိုများနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀န်းမှ မဟာဗျူဟာများ ချမှတ်ရာတွင်လည်း အဆိုပါကိုယ်စားလှယ်အနေဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နှင့် အာဆီယံ (AEAN) နိုင်ငံများ၊ ဥရောပသမဂ္ဂတို့နှင့်လည်း ညှိနှိုင်းလုပ်ကိုင်သွားမည်ဖြစ်သည်။
သတင်း--ခေတ်ပြိုင်