Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 9 November 2010

ဘုရားသုံးဆူကို DKBA သိမ်းပိုက်

(ဗမာ့သွေး)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မနက် ၁၁နာရီကျော်အချိန် နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် ဒီကေဘီအေဘက်က ဘုရားသုံးဆူမြို့ကို စတင် သိမ်းလိုက်ပြီဟု သိရသည်။ကေအဲန်ယူ တပ်မဟာ(၆)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေက “ဒီမနက် ၁၁း၁၅မိနစ်အချိန်မှာ ဗိုလ်နော်တယာ ဦးဆောင် တဲ့ ဒီကေဘီအေ တပ်ရင်း(၉၀၇)နဲ့ နအဖ ခလရ(၂၈၃)၊ ခမရ(၄၀၅)တပ်ရင်းတို့ကြား ဘုရားသုံးဆူနှင့် မဲ့ကသာသွားရာလမ်း ရပ်ကွက်(၄) နအဖ တပ်စခန်းမှာ တိုက်ပွဲ စတင်ဖြစ်ပွားတယ်။ လောလောဆယ်တော့ နအဖတပ်တွေ တပ်ကုန်းကို အကုန်နေ ရာရွှေ့လိုက်ပြီ။”ဟု ပြောသည်။လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့တ၀က်ခန့်ကို ၀င်ရောက်သိမ်းဆည်းနိုင်ပြီဖြစ်သလို နအဖ ကြေးနန်းဆက်သွယ်ရေးရုံး၊ စိုက် ပျိုးရေးရုံးကို ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ၀င်ရောက်မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း စောထဲနေက ပြောသည်။နအဖ ခလရ(၂၈၃)မှ စစ်ဗျူဟာ(၃)ထံသို့ အစီရင်ခံ တင်ပြရာတွင် ဒီကေဘီအေအဖွဲ့မှ အေ၀မ်း ဦးစီးသော အင်အား ၆၀ဦး သည် ဘုရားသုံးဆူ အခြေစိုက်သည့် ၎င်းတို့နယ်စပ်စခန်းအား လက်နက်ငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် နအဖဘက် မှ ၄၀-မမ ဖြင့် ပြန်လည်ခုခံနေကြောင်း ဖော်ပြထားသည်။ကေအဲန်ယူ တပ်မဟာ(၆) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဂျိုးဆွာက ဒီကေဘီအေအနေဖြင့် ရှေ့ဆက် စစ်ရေးအရ အကူအညီ တောင်းခံလာပါက လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထိုဒေသတွင် ဒီကေဘီအေတပ်ဖွဲ့အပြင် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီ အဖွဲ့ ၀င်များလည်း အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။ဘုရားသုံးဆူမြို့တွင်း၌ ယခုလို တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ခံများ အထိတ်တလန့် ဖြစ်ပွားနေသည့်အပြင် အထုပ်အပိုးများ ပြင် ဆင်နေကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။သူက “အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေ ပစ်ပြီ။ အခု မြို့ခံတွေကတော့ ကိုယ့်အထုပ်အပိုးတွေ သိမ်းဆည်းကြပြီ။”ဟု ပြော သည်။

http://www.facebook.com/profile.php?id=100000010222133

မြဝတီနောက်ဆုံးရသတင်းများ။....။

(ဗမာ့သွေး)

မြဝတီနောက်ဆုံးရသတင်းများ။....။
ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက မြဝတီ×မဲဆောက်တံတား မြဝတီဘက်အခြမ်း မှာ ပေါက်ကွဲသံတွေနဲ့ အတူ တံတားကျိုးသွားပုံရတယ်လို့ မဲဆောက်မြို့မှ ပေးပို့လာတဲ့ သတင်းများအရ သိရှိရပါတယ်...။ ကျိုးသွားတဲ့ ပမာဏကိုတော့ မသိရှိရသေးဘူးလို့ အဆိုပါ ပေးပို့လာသူက ဆိုပါတယ်..

မြဝတီမြို့တွင်းမှာ ပိတ်မိနေတဲ သူတော်တော်များမှ ဖုန်းဖြင့် အဆက်အသွယ် ပြုလုပ်လာကြောင်း ပြောဆိုပါတယ်..။ ဘုန်းကြီးကျောင်း တော်တော်များများ အတွင်း သံဃာတော်များ ပိတ်မိနေကြောင်း သိရှိရပါတယ်...။ မိသားစုများ ထိုင်းဖက်ရောက်သူ မြဝတီမှာ ကျန်ခဲ့သူများ ပျောက်ဆုံးသူများဖြင့် တစ်ကွဲတစ်ပြားဆီ ဖြစ်နေကြောင်း သိရှိရပါတယ်...။်လောလောဆယ် နှစ်ဘက်စလုံး ငြိမ်သက်လျှက်ရှိပြီး.. နအဖမှ ယခုညအတွင်း ဝင်ရောက်စီးနင်းမည်ဟု သတင်းလွှင့်ထားတယ်လို့ ဆိုပါတယ်..။ မြဝတီဆေးရုံအား ဆက်လက် ဖွင့်ထားကြောင်းနှင့် အချို့နေရာများမှာ မီးများဆက်လက် လောင်ကျွမ်းလျှက် ရှိနေကြောင်း သိရှိရပါတယ်...။ မြို့တွင်းရှိDKBA တပ်များအား တစ်ခြား လက်နက်ကိုင် အဖွဲ့အစည်းများမှ ဝင်ရောက်ပူးပေါင်း ကူညီရန် စီစဉ်လျှက်ရှိကြောင်း ပြောဆိုပါတယ်..။

မြန်မာ စံတော်ချိန် ည (၁၁)နာရီ ကျော်ဆက်သွယ် မေးမြန်းချက် ဖြစ်ပါတယ်.





အပြီးရှင်းမယ်တဲ့ ...
ဧရာဝတီက ရရှိတဲ့ အတည်ထပ်မံ မပြုနိုင်သေးတဲ့ သတင်းများအရ ဒီနေ့ နေပြည်တော်မှာ အထူးအစည်းထိုင်ပြီးတော့ မြဝတီက DKBA နဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စကို တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါမလာခင် အပြီးအပြတ် ဖြစ်နိုင်တဲ့နည်းနဲ့ ချေမှုန်းပစ်ဖို့ ဗိုလ်သန်းရွှေက အမိန့်ပေးလိုက်ပြီလို့ သိရပါတယ်။DKBA ဘက်ကနေ KNU တပ်မဟာ (၆) က ကူမယ်လို့ ဗိုလ်ကြီး စောထဲနေက ဧရာဝတီကို အလွတ်သဘော ပြောကြားသွားပါတယ်။လောလောဆယ်မှာ ထိုင်ဘက်အခြမ်းကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် သောင်းဂဏန်းနဲ့ ချီတယ်လို့ သိရပါတယ်။ အခု ဒီပို့စ်ကို ရေးနေတုန်း အရေးပေါ် ဝင်လာတဲ့ သတင်းအရ ထိုင်းအာဏာပိုင်တွေက မြန်မာ စစ်ပြေးဒုက္ခသည် ၃ သောင်းလောက် ရှိနေပြီ၊ မဲဆောက်ဘက်မှာ ပြည့်နေပြီလို့ ပြောကြောင်း သိရပါတယ်။



ဖိအားတွေကြောင့်တိုက်တယ်လို့ SSA- South ခေါင်းဆောင် ပြော
ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့ DKBA က ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်တွေနဲ့ စစ်အစိုးရတပ်တွေကြားက တိုက်ပွဲတွေ ဟာ DKBA တပ်တွေအပေါ်ကို စစ်အစိုးရက ဖိအားပေးလွန်းတာကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA- South ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဒီနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။

တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဟာလည်း ဒီတိုက်ပွဲတွေဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်း အရင်းတခုဖြစ်တယ်လို့ SSA- South ခေါင်းဆောင်က ဌာနချုပ် လွိုင်တိုင်းလျန်းကနေ ဧရာဝတီကို တယ်လီဖုန်းနဲ့ ပြောဆိုပါတယ်။

အခုတိုက်ပွဲဟာလည်း စစ်ရေး အကဲခတ်တွေ ပြောဆိုနေတဲ့အတိုင်း ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေကို ချေမှုန်းတဲ့ သဘောမျိုး ဟုတ်၊ မဟုတ် ဆိုတာကိုလည်း SSA- South က အထူး စောင့်ကြည့်နေပါတယ်လို့လည်း SSA- South ခေါင်းဆောင်က ပြောဆိုပါတယ်။

SSA- South အဖွဲ့ဟာ ခန့်မှန်းချေ အင်အား ၇ ထောင်အထက် ရှိတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ကြပါတယ်။

http://www.facebook.com/profile.php?id=100000010222133

ဝေါ နှင့် မော်လမြိုင်

(ဗမာ့သွေး)

ရွေးကောက်ပွဲ ရလာဒ် ပြည်သူက မကျေနပ်မှု နှင့် ပြန်လည် နိုးထ လာသည့် ပြည်တွင်းစစ်မီးကြောင့် နအဖ စစ်အစိုးရသည် ဝေါ၊မော်လမြိုင် နှင့် ဘားအံ တွင် ညမထွက်ရ အမိန့် များ ထုတ်ပြန်ထားသည်။ရွေးကောက် ပွဲ ရလာဒ် သပိတ်မှောက် ရန် စီစဉ် ထားမှု နှင့် နယ်စပ် ကုန်သွယ်ရေး တွင် အရေးပါသည့် မြ၀တီ မြို့ DKBA လက်တွင်း ကျရောက် ခဲ့မှု ကြောင့် ရန်ကုန် မြို့ တွင် အခြေခံစားကုန် ဈေးနှုန်းများ ချက်ခြင်း ခုန် တက်သွားသည်။

http://www.facebook.com/profile.php?id=100000010222133

ထိုင်းဘက် မှ တုန့်ပြန်ချက်

(ဗမာ့သွေး)

နေ့ လည် ၁း၀၀ ထိုင်း ပြည်သူများ ထိမှန် မှု ကြောင့် ထိုင်း အမှတ် ၅ ခြေမြန်တပ်ရင်းမှ ဆူပါချော့ကီ သာဝတ် ပီရာချိုင်း နှင့်အဖွဲ့ လာရောက် တပ်ဆွဲ ၁၁း၀၀ မြ၀တီ မြို့ တွင်း တိုက်ပွဲ များ ပိုမိုပြင်းထန် လာ နေပြည်တော် မှ ဓာတု လက်နက် တင်ဆောင် လာသည့်ရဟတ် ယာဉ် မြ၀တီ မြို့ သို့ ရောက် ရှိ ဟု ထိုင်း ထောက်လှမ်းရေး အရာရှိ တစ်ဦးက FNG သို့ ပြော၁၀း၄၅ မြ၀တီမှာ ယောက်ကျားတွေအားလုံးပြေးရပြီ စစ်တပ်က ပေါ်တာအတွက် လိုက်လံဖမ်းဆီးနေ

နံနက် ၁၀း၃၅ ဒီကေဘီအေ တပ်ဖွဲ့ ဝင်လေးဦး မဲဆောက်ဆေးရုံရောက်-မြ၀တီ ခယက ဥက္ကဌ အား DKBA အဖွဲ့ ဝင်များဖမ်းဆီးထား (မြ၀တီ – ကော့ကရိတ် ကားလမ်း ရှိ တံတားများကို ချိုး ပြီး စစ်တပ် က ဆုတ်ခွာ)


Updated နံနက် ၁၀း၃၀ မြ၀တီ-မဲဆောက် နှစ်မြို့ လုံး မှ စာသင်ကျောင်းများ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်း

ထိုင်-မြန်မာ နယ်စပ် ကရင် ပြည်နယ် မြ၀တီ မြို့ အား DKBA ဗိုလ်မှုး ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ၏တပ်များက ၀င်ရောက်သိမ်းပိုက် မှု ကြောင်း ယနေ့ မနက် ၉း၃၀ အချိန် တွင် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားရာ မြ၀တီ မြို့ မှာ လက်နက်ကြီး ကျဉ် ပေါက်ကွဲ သံများ ၊သေနတ် ပစ်ခတ် သံများ ဖြင့် ဆူညံနေပြီးသင်္ကန်းညီနောင် တွင် မူ နအဖ စစ်တပ် က အပြစ်မဲ့ ပြည်သူများ ကို ဓားစားခံ လုပ်ထား သည် ဟု သိရှိရသည်။ထိုင်း-မြန်မာ နယ်စပ် အတွင်း မြ၀တီ မြို့ တွင်း ရောက်ရှိနေသည့် နိုင်ငံခြား သတင်းထောက် တစ်ဦးနှင့်FNG က တနင်္လာနေ့  နံနက် ၁၀း၃၀ မိနစ် တွင် ဆက်သွယ်ရာဉ် လက်နက်ကြီး အလုံး လေးဆယ် နှင့်မနည်း ကျရောက် ပေါက်ကွဲ ခဲ့သည် ဟု သိရသည်။ မြ၀တီ မြို့ တွင်းအပြန် အလှန် ပစ်ခတ်သံများ ကိုထိုင်း နိုင်ငံ မဲဆောက် မြို့ မှ ကြားနေရပြီး ထိုင်း စစ်တပ် ကလည်း နယ်စပ် တစ်လျှောက် လုံခြုံရေး တိုးမြင့်ထားသည်။

http://www.facebook.com/profile.php?id=100000010222133

ဓါတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွား

(ဗမာ့သွေး)

ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာ မြို့နယ်တွင် ယနေ့နံနက် ၃ နာရီခန့်က ဓာတ်ငွေ့ ပိုက်လိုင်း မီးလောင်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ “အမှတ် ၄ လမ်းမဘေး ပစ္စည်း ထိန်းသိမ်းရေးတပ် အ၀င်ဝဘေးမှာ ဖြစ်တာ။ ကိုက် ၆၀ လောက် နားမှာ အိပ်နေတဲ့ မိသားစုကို အစတွေ မှန်တာ ကလေး တယောက်က ပွဲချင်းပြီးပဲ။ ၃ ယောက်က ဒဏ်ရာတွေ ပြင်းတယ်။ ဆေးရုံမှာ အတွင်း လူနာအနေနဲ့ ပို့ထားရတယ်။ ပိုက်ကတော့ ညတွင်းချင်းပဲ ပြင်ပြီးသွားပြီ” ဟု ရွှေပြည်သာ မြို့ခံတဦးက ပြောသည်။ရွှေပြည်သာ မြို့နယ် မယက ရုံးမှ တာဝန်ရှိသူတဦးက ပေါက်ကွဲမှု ဖြစ်သည်မှာ ဟုတ်မှန်ကြောင်း၊ ဖြစ်ပွားပုံ အသေးစိတ်ကို စုံစမ်း စစ်ဆေး နေကြောင်း၊ ဒဏ်ရာရသူများကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ထားကြောင်း အတည်ပြုပြောဆိုသည်။ရန်ကုန်ဆေးရုံကြီးမှ ဖုန်းဖြေဆိုသူက ပြောခွင့်မရှိကြောင်းသာ ဖြေကြားခဲ့သည်။

အဆိုပါပိုက်လိုင်းမှာ ကမ်းလွန် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်သည့် ရွာမ နှင့် လှော်ကား လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ဓာတ်ငွေ့ ပေးပို့သည့် ပိုက်လိုင်းဖြစ်သည်။

( ဒေါင်းမာန်ဟုန် )

http://www.facebook.com/profile.php?id=100000010222133

စစ်ရေးမဟာမိတ်ပြုထားသော တိုင်းရင်းသားတပ်မတော်များသို့ ပန်ကြားချက်



မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။
ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်း တော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီကိုရမယ်။
ကျနော်တို့  နဲ့ တူ တူ ငြိမ်းချမ်းရေး ၊ လူ့ အခွင့်အရေး ၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလဲ အမိမြေရဲ့ နေရာအနှံ့ က ပူးပေါင်းပါဝင်ကြပါလို့ဖိတ်ခေါ်ပါတယ် ။

ပြည်တွင်း က အနိုင်ကျင့် ခံ အညာ ခံရတဲ့ ဒီမိုကရေစီမြတ်နိုးသူ အင်အားစုအားလုံး လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စုစိတ်အစစ်နဲ့ တော်လှန်ကြပါ။


ဗိုလ်မှူးချုပ်စောလားဘွယ် (DKBA)

Foreign Office Minister on Burma: "these are not free, fair, open elections"

07 November 2010
Martine Croxall: Well Jeremy Browne is the Foreign Office Minister responsible for South East Asia and the Far East. He’s in our Westminster studio now. Mr Browne welcome.
Jeremy Browne: Good afternoon.
MC: How much real change do you think these elections herald in Burma?
JB: Well our position, the British Government’s position, is that these are not free, fair, open elections. There are over two thousand political prisoners in Burma. There are people who would like to have been candidates in this election but were prevented from standing. A quarter of the seats in the Parliament are reserved for the military, so the elections are only covering the remaining three quarters. And so our view is you can’t have an election conducted under those circumstances which provides a proper expression of public opinion in a country. And for those reasons we don’t think that these elections, as I said, are free and fair.
MC: How does the British Government make those concerns known then to the military junta in Burma?
JB: We, we make them known the whole time, and I was speaking to our Ambassador in Burma this morning and we have a presence on the ground, we make it very clear not just in Burma, but actually in the European Union, in the United Nations and other forums that we have a very strong view that Burma is not a liberal, open, democratic country.
And the real losers from that, actually, aren’t the people watching this programme now, most of whom are in Britain. The real losers are the people in Burma because that region of the world is really going forward with a real pace, rising prosperity. There are lots of countries, the Philippines and Malaysia and Singapore, that part of the world, is by and large a real success story and one country that is really being left behind is Burma. So we want to see real change in Burma for the Burmese people who deserve it.
MC: What, don’t you think it would have been a good idea though for Aung San Suu Kyi, the, the woman who everyone associates with the Pro Democracy Movement in Burma, to put her name on the ballot, or at least members of her party to, to, to show that they’re taking part and to expose the, the problems with the way that they’re being run?
JB: Well there are, there are different views as I understand it within Burma. There are some opposed to the regime who think that the election should be boycotted and there are others opposed to the regime who are enthusiastic about participating. And I think that’s, that’s ultimately up to them. Of course Aung San Suu Kyi is under house arrest so if you want an example of somebody whose freedom is curtailed as a, as a result of the policies of the regime there is no better example than her.
MC: Jeremy Browne, we appreciate you taking time to talk to us, thank you.

Foreign Secretary: "Flawed election in Burma does not represent progress"

07 November 2010
"The British Government will stand by the people of Burma and will continue to maintain pressure on the regime until we see real progress on democracy, governance and human rights".

The first general election in Burma for more than 20 years took place on Sunday 7 November. Speaking ahead of the election, Foreign Secretary William Hague said:

"We know the result of these elections is already a foregone conclusion. They will not be free, fair or inclusive. More than 2,100 political prisoners remain incarcerated, opposition and ethnic parties have been refused the right to stand and a quarter of the seats are already reserved for the military.
“Holding flawed elections does not represent progress. For the people of Burma, it will mean the return to power of a brutal regime that has pillaged the nation’s resources and overseen widespread human rights abuses, including arbitrary detentions, enforced disappearances, rape and torture.
“The British Government will stand by the people of Burma and will continue to maintain pressure on the regime until we see real progress on democracy, governance and human rights.”
http://www.fco.gov.uk/en/news/latest-news/?view=News&id=23148829

Burma's Elections 2010

Hillary Rodham Clinton
Secretary of State
Washington, DC
November 7, 2010

________________________________________
The United States is deeply disappointed by today’s elections in Burma. The generals who have ruled the country for the past 22 years missed an opportunity to begin genuine transition toward democratic governance and national reconciliation.

The electoral process was severely flawed, precluded an inclusive, level playing field, and repressed fundamental freedoms. As a result, the elections were neither free nor fair. We were concerned by the regime’s refusal to allow international journalists and election observers to monitor or cover the voting. Reports of intentional Internet slowdowns, voter intimidation, and fraudulent “advance voting” schemes were also very troubling.

The United States stands steadfastly with the Burmese people who aspire for a peaceful, prosperous, and democratic Burma that respects human rights and the rule of law. To that end, we will continue to pursue parallel strategies of pressure and principled engagement. The United States remains open to future possibilities of dialogue with Burma's leaders. We will continue our call for respect for human rights, immediate and unconditional release of all political prisoners, including Aung San Suu Kyi, and dialogue toward national reconciliation. Absent progress on these core concerns, we will maintain rigorous sanctions against members of the regime and their supporters. We will continue to work closely with the international community, including at the United Nations and in other international forums such as ASEAN, to pursue accountability and bring an end to human rights abuses.

The United States is committed to helping the Burmese people through increased humanitarian assistance that targets those in desperate need and builds local capacity. Burma's leaders must come to realize--after five decades of sustained internal conflict, economic mismanagement, and international pariah status—that Burma needs a better way forward, a way that does not rely on suppression but rather strives to create a truly democratic and prosperous future for the Burmese people.
http://www.state.gov/secretary/rm/2010/11/150517.htm

Burma Democratic Concern (BDC) welcomes USA government’s position and EU statement on the junta’s election (BDC-08 Nov 2010)

08 Nov 2010

Burma Democratic Concern (BDC) welcomes USA government’s position on the junta’s election. We are happy to learn that US government is seeing the true situation of Burma.

President Obama said the elections would "be anything but free and fair".

We also welcomes EU statement saying that junta is holding the election without honoring the 1990 election. We are happy to learn that EU is seeing the true situation of Burma.

This is the Burma Democratic Concern (BDC)’s long time position which is in line with Daw Aung San Suu Kyi led NLD, the victors of the 1990 election, since we have been consistently calling for to boycotts junta’s planned sham election.

Burma Democratic Concern (BDC) has been persistently lobbying international community that “We don’t need another elections in Burma, implement 1990 election results first”.

http://www.bdcburma.org/Statements.asp?Id=100

Ital-Thai looking for partners to co-develop its 75-year landlease development project worth US$58 billion in Dawei, Burma.

by peacerunning

talian-Thai Development Plc, Thailand’s largest construction company, will seek strategic partners to co-develop its 75-year landlease development project worth US$58 billion in Dawei, Burma.

Chairman Premchai Karnasuta said more than 20 investors have been approached to become the project’s strategic partners and they would co-invest in the first phase worth $8 billion that involves key infrastructures such as a deep-sea port, roads and railways linking to the Thai border in Kanchanaburi.

“We will take about six months to finalise our partners. After that, we will run at full capacity to develop the project,” he said.

ITD will develop this mega-project through its wholly-owned subsidiary, Dawei Development Co (DDC), with $100 million in registered capital. ITD signed the landlease with the Myanmar Port Authority last week.

A 160-kilometre road linking to the Thai border is being built to prepare for transporting construction materials to Dawei with expected completion next April.

Mr Premchai said the landlease agreement with the Burmese government covers 250 square kilometres or 170,000 rai. The first phase comprises major infrastructure and will be developed from 2010-15. The second phase worth $50 billion will be an industrial estate, which will include heavy industries such as power plants, an oil refinery, a petrochemical complex, and steel and fertiliser plants. The estate will attract industries from 2016.

DDC may allow investors to join as an industrial estate operator to manage the area.

Local policymakers in Burma are now drafting regulations to make Dawei a free trade zone to facilitate industrial developments in the future.

“I believe developed countries with trade sanctions on Burma may lift their bans. The sanctions that have lasted over two decades only serve to make the locals poor. With the massive investments in this project creating jobs, why not take part?” Mr Premchai said.

An analyst said ITD will definitely return to profit this year. Three of six analysts marked ITD to profit nearly 1 billion baht in 2010 and nearly 500 million baht in 2011. ITD lost 2.66 billion baht in 2008 and 1.77 billion in 2009.

In addition to operating results, share sales in its subsidiaries such as 15% in the Nam Theun 2 hydroelectric plant worth $110 million a month ago and a 10.8% stake in Toyo-Thai Corporation this week will drive returns, said the analysts.

ITD reported backlog projects as of Sept 30 at 51 billion baht, with another coming worth 100 billion baht, which will generate revenue for ITD in 2011 and 2012.

Mandated projects will generate 460 billion baht, particularly mega-projects in Vietnam, Laos and Malaysia.

The company is now considering selling a portion in the Asian Pacific Potash Co’s operations in Udon Thani and Laos, in which ITD holds 90% and 40% shares, respectively. The company aims to raise capital for the new development project in Dawei.

This year, ITD expects sales may drop by 10% to 40 billion baht but will rise 25% to 50 billion next year.

ITD shares closed yesterday on the SET at 4.82 baht, down 12 satang, in trade worth 645 million baht.

http://democracyforburma.wordpress.com/2010/11/09/ital-thai-looking-for-partners-to-co-develop-its-75-year-landlease-development-project-worth-us58-billion-in-dawei-burma/#more-29825

20,000 Myanmar refugees start heading home

AP
YANGON, Myanmar -About 20,000 refugees from Myanmar headed home Tuesday after fleeing to Thailand as fighting followed a general election that is certain to keep Myanmar's military and its allies in power.
The incident underlined Myanmar's vulnerability to unrest following the country's first election in two decades on Sunday, which was billed by the ruling junta as a key stage in its self-proclaimed road to democracy.
Privately, officials of the junta's proxy party, the Union Solidarity and Development Party, have boasted of winning 75 percent to 80 percent of the vote, even though just a handful of official results have been announced. Political opponents say the sweeping victory will be won through cheating, and are joined by Western nations in decrying the vote as manipulated and unfair.
Thai authorities said Tuesday that Myanmar officials assured them the situation had stabilized in Myawaddy, a border town where ethnic Karen guerrillas attacked Sunday. The refugees who fled to nearby Mae Sot, in Thailand's Tak province, were all expected to be sent home by late Tuesday, said provincial governor Samard Loyfar.
However, fighting continued at Three Pagoda Pass, another Myanmar border town 100 miles (160 kilometers) south of Myawaddy, said Thai officials.
Nataphon Wichienprerd, governor of Thailand's Kanchanaburi province, adjacent to the town, said fighting continued late Tuesday between 40 and 50 guerrillas of the Democratic Karen Buddhist Army and 180 Myanmar government troops.
He said casualties included an 9-year-old Myanmar girl shot by government soldiers who died in a Thai hospital, and a 13-year-old Myanmar girl shot by Karen guerrillas who died on the spot.
Nataphon said about 3,500 refugees would shelter on Thai territory Tuesday night, with assistance provided by Thai and international organizations including the United Nations High Commissioner for Refugees.
In the first official mention of the incidents, Myanmar state television Tuesday night said the attackers were with the Karen National Union, an ethnic rebel group fighting against the government for decades.
The report said three people were killed and 20 injured in Myawaddy. Five others — including three soldiers and a policeman — were killed in Three Pagoda Pass. Five people inside Thailand were also wounded Monday by stray gunfire, it said.
Myanmar has been ruled by the military near-continuously since 1962, and rebellions by its ethnic minorities predate its independence from Britain in 1948. Ethnic guerrilla armies chafe at the prospect of further tightening of control by the army.
Anti-government parties claim the polls were blatantly rigged. Khin Maung Swe, chief of the anti-government National Democratic Force, accused the junta's proxy USDP of using every possible method to steal the vote, and said it was "sure to win 90 percent if they continue to cheat in such manner."
The country's second biggest party, the National Unity Party — an outgrowth of the political machine of the late strongman Gen. Ne Win now associated with big business interests — joined the chorus of critics, even though it is generally seen as closer to the junta than to the country's pro-democracy movement.
"The election process is absolutely unfair," said 82-year-old retired Brigadier Aye San, a senior party official who claimed there had been many cases of election fraud and malpractice.
The NUP had run 995 candidates to the USDP's 1,112, giving it hope it could pick up supporters in constituencies where it was the only alternative to the junta-backed party.
Though most election results had not yet been released, there was little doubt that as the only party running practically everywhere, the junta-backed USDP would emerge with an enormous share of the seats, despite widespread popular opposition to 48 years of military rule. At stake are 1,159 seats in the two-house national parliament and 14 regional parliaments. The largest anti-government party, the NDF, contested just 164 spots.
President Barack Obama said Monday it was unacceptable for Myanmar's government to "steal an election," and U.N. Secretary-General Ban Ki-moon said the voting was not inclusive enough and lacked transparency.
The West and the U.N. have long been critical of Myanmar's military regime, especially for its poor human rights record.
But not everyone was so critical of the election.
"This is a critical step for Myanmar in implementing the seven step roadmap to transitioning to an elected government and thus is welcome and affirmed," Chinese Foreign Ministry spokesman Hong Lei said Tuesday. Beijing is the junta's staunchest ally.
The Association of Southeast Asian Nations, of which Myanmar belongs, welcomed the vote as a "significant step forward," Vietnamese Foreign Minister Pham Gia Khiem said in a statement as the group's chair.
Sunday's election was the first in Myanmar, also known as Burma, since a 1990 vote won by pro-democracy leader Aung San Suu Kyi's party, which was barred from taking power and boycotted the new polls.
Suu Kyi's term of house arrest is supposed to expire Saturday, though the junta has kept silent over whether it will grant her freedom.
Several human rights groups warned of possible civil war as ethnic groups are pressured by the government to accept a new constitution that offers them little autonomy. Several groups that field potent guerrilla armies refused to take part in the election.
"If the dictatorship goes ahead with plans to attack all armed groups refusing to surrender, today's fighting will be the equivalent of a first small skirmish," the group Burma Campaign UK said Monday in a statement.
The U.N. and human rights groups have detailed killings, rape, torture, forced labor and burning of villages in Myanmar as the regime campaigns to deny the rebels support from the civilian population. Thailand already shelters a quarter-million ethnic minority refugees from brutal campaigns by the Myanmar army.

Online:
http://www.burmaelectiontracker.org

Inside Burma










Yangon, November 9 In the last Sunday multiparty general
elections, which is being denounced by some political parties as the
elections fraught with malpractices, Myanmar military government’s
proxy party namely Union Solidarity and Development Party ( USDP ) has
won 877 seats out of 1158 seats at stake, according to the
provisionary figures provided to @@ by the USDP.

“That means we have won by nearly 80 per cent,” the USDP spokesman
said adding that the giant party had contested in 1112 constituencies.

As for the National Unity Party ( former Burma Socialist Programme
Party of late General Ne Win ), which contested in 995 seats won 54
seats.

The NUP, which is also mostly made up of military officials of Ne Win
period ( 1962 to 1988 ) is considered by political observers here as
an allied party of the USDP.

The third party that won most seats after the above two giant parties
is the Shan Nationalities Democratic Party ( SNDP ). Though it
contested in only 156 constituencies, it won in 48 constituencies,
most of which are in Shan State.

The National Democratic Force Party formed by a few members of Aung
San Suu Kyi’s National League for Democracy ( NLD ), which broke away
from the main bulk, contested in 161 constituencies and came out
winning 16 constituencies.

The Democratic Party ( Myanmar ), which is considered by most of the
political observers as the only independent party as it was formed by
daughters of former prime ministers U Nu and U Ba Swe and headed by
veteran politician U Thu Wai, won only 3 seats out of 47 seats it
contested.

As for the Union of Myanmar Federation of National Politics ( UMFNP
), it won no seats though it contested in 13 constituencies. Many
believed that UMFNP is in some way or another backed by the junta.

Most importantly, political parties such as National Democratic Force
Party, Shan Nationalities Democratic Party and Democratic Party (
Myanmar ) are now preparing to put up official protest to the Union
Election Commission regarding several malpractices committed by USDP
and authorities.

In an interview with @@, the leaders of these parties said out of the
malpractices committed by USDP and authorities, the worst was the way
so called advance votes were brought to the polling stations by trucks
after midnight during the counting.

It is to be noted that all the above-mentioned figures of the seats
gained by the political parties are provisionary figures given to @@
by respective parties. The confirmed figures will be announced by the
Union Election Commission “at an appropriate time.”

Source: Inside Burma

DKBA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲပြင်းထန်၊ ဒုက္ခသည် သောင်းနဲ့ချီ ထိုင်းဘက်ထွက်ပြေး




DKBA နှင့် စစ်အစိုးရတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြသည့် မြန်မာဒုက္ခသည်များ။ နိုဝင်ဘာ ၈၊ ၂၀၁၀။
ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် မြ၀တီမြို့မှာ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA တပ်သားတွေက ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့ စစ်အစိုးရ ရုံးတွေကို မနေ့က ၀ိုင်းခဲ့ကြပြီး ဒီမနက် စောစောမှာတော့ DKBA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ကြပါတယ်။ အခုထိဆိုရင် အနည်းဆုံး အရပ်သား ၂၀ သေဆုံးပြီး ဒဏ်ရာရသူ ဦးရေဟာလည်း ၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာသူတွေလည်း သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီအခြေအနေတွေကို ထိုင်းနယ်စပ်ကနေ တောက်လျှောက် စောင့်ကြည့် သတင်းယူနေတဲ့ မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် မြ၀တီမြို့မှာတော့ ဒီနေ့မနက် ၈ နာရီကျော် အချိန်လောက်ကစပြီး စစ်အစိုးရတပ်တွေနဲ့ DKBA တပ်တွေ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ရပြီး ပြေးလွှားရင်း သေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိခဲ့ပါတယ်။ ပြေးလွှားနေရတဲ့ မြ၀တီမြို့ခံတဦး ပြောပြတာကတော့…
“မနက်ကတော့ စဖြစ်ပြီး ပစ်ခတ်နေကြတော့ လူတွေက ဆိုင်ကယ်တွေနဲ့ သွားကြလာကြတာပေါ့။ သွားလာနေကြတော့ လက်နက်ကြီးတွေက တောကလာလိုက်၊ တောင်ကလာလိုက်ဆိုတော့ မှန်ကြတာပေါ့။ ကြံ့ခိုင်ရေးရုံးရှေ့မှာတောင် ဆိုက်ကားနင်းနေတဲ့ လူ ၂ ယောက် ပွဲချင်းပြီး သေသွားတယ်၊ အစပါ ပျောက်သွားတယ်။ ရုံးတွေ၊ အဆောက်အဦးတွေ တော်တော်များများလည်း ထိခိုက်ပျက်စီးကုန်ပြီ။ ၁၂ နာရီလောက်တုန်းက ၁၀ မိနစ်၊ ၁၅ မိနစ်လောက် သူတို့တွေ နားလိုက်ပြီး အခု ပြန်ချတယ်။

“အခု ၂ ဂိတ်မှာ တော်တော်လေးကို အခြေအနေ ဆိုးနေတယ်။ လက်နက်ကြီးသံတွေ ကြားနေရတယ်။ တချို့ကလည်း လက်နက်သံတို့၊ တိုက်ပွဲသံတို့ အတွေ့အကြုံ မရှိဘူးလေ။ အခုက လက်နက်ကြီးသံဆိုတော့ ပိုပြီးတော့ စိုးရိမ် ကြောင့်ကြနေကြတာပေါ့။”

မြ၀တီမြို့မှာတော့ ဟေမန်ဦး၊ တောရကျောင်း၊ မွန်ကျောင်း စတဲ့ ဘုန်းကြီးကျောင်းတွေ ရှိရာကို လူထုတွေက ပြေးလွှား ခိုလှုံလာတဲ့ အခါမှာ စစ်တပ်ဘက်က ဘုန်းကြီးကျောင်းတွေရှိရာ နေရာကို တပ်စွဲလာတာကြောင့် လူထုတွေအနေနဲ့ စိုးရိမ်ပြီး ပြန်လည် ထွက်ပြေးနေရကြောင်း၊ မနက်ပိုင်းမှာလည်း လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲတယ် ဆိုတဲ့ သတင်းတွေကြောင့် လူငယ် အများအပြားလည်း ပြေးလွှား ပုန်းခိုခဲ့ရတယ်လို့ ဆိုပါတယ်။

“ဘုန်းကြီးကျောင်းထဲမှာ စစ်ပြေးဒုက္ခသည်တွေ ရှိတဲ့နေရာကို တပ်ကလာတော့ ပိုပြီး စိုးရိမ်ရတာပေါ့။ သူတို့ရှိတော့ မလုံခြုံတော့ဘူးပေါ့။ သူတို့ ပစ်ခတ်တဲ့အခါ လူထုကို ထိနိုင်တာပေါ့။ အဲဒါကြောင့် သူတို့လာတော့ ပိုလန့်တာပေါ့။ သူတို့က အကာအကွယ် လာလုပ်ပေးတာလား၊ ဒါမှမဟုတ် သူတို့ပဲ လာကာကွယ်နေတာလားတော့ မပြောတတ်ဘူး။

“တွေ့ရတာ တချို့ကတော့ ပြေးကုန်ပြီ။ ပထမ ဟေမန်ဦး ဘုန်းကြီးကျောင်းထဲမှာ ဒုက္ခသည် ၂၀၀၊ ၃၀၀ လောက်ရှိတယ်။ အခု တပ်တွေလည်း နေရာယူလာရော ဒုက္ခသည် ၅၀ လောက်ပဲ ရှိတော့တယ်။ မနက် ၁၀ နာရီ၊ ၁၁ နာရီလောက်တုန်းက လူငယ်တွေ ပြေးကြတာ အကြီးအကျယ်ပဲ။ တပ်ကနေ ပေါ်တာဖမ်းတော့ အကြီးအကျယ် ပြေးကြတာ၊ ၂၀ ကျော် ကလေးတွေ။”

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံရာက စလို့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြတဲ့ အနေနဲ့ မနေ့က တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တဲ့ DKBA အဖွဲ့ဟာ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေနဲ့ မတရားမှုတွေ ရှိတာကြောင့် သူတို့ဟာ မြန်မာစစ်အစိုးရကို တိုက်ပွဲတွေ ဆက်ဆင်နွှဲနေရဦးမှာ ဖြစ်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးက အခုလို ပြောပါတယ်။

“ချနေတုန်းပဲ၊ တပ်တွေကတော့။ ဘယ်လိုလုပ်မလဲ၊ အခု တအောင့်နေရင် ထပ်ဖြစ်လို့ အလားအလာတော့ ရှိတယ်။ ပြည်သူလူထုလည်း မထောက်ခံဘူးလေ၊ မတရားတဲ့ အလုပ်တွေ၊ ဒီမဲဆန္ဒနယ်မှာ မရိုးမသားနဲ့။ ပြည်သူ့သဘောမှ မတူဘဲဟာ၊ အဲဒီရွေးကောက်ပွဲက။ မတရား၊ မစစ်မမှန်ဘူးလေ။ အဲဒီမှာ အာဏာအရှိန်နဲ့ မဲကို ထည့်ခိုင်းတယ်။ တချို့က မထည့်ချင်ဘဲ ထည့်ရတယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံးပါ မကဘူး၊ အဲဒီမှာ ကိုယ်ချင်းစာတရား မရှိဘဲနဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတာ၊ အဲဒါလည်း မတရားဘူးလေ။ မတရားတဲ့ဟာတော့ ကျနော်တို့က ပြည်သူ့တပ်မတော်ဆိုတော့ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကျနော်တို့က ခုခံ ပြန်တိုက်ရမှာပေါ့။”

မကြာသေးခင်တုန်းကပဲ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့တွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကရင်နီ စတဲ့အဖွဲ့တွေ စစ်ရေးအရ မဟာမိတ် လုပ်ထားကြပြီး တဖွဲ့ကို စစ်အစိုးရက တိုက်ခိုက်လာမယ်ဆိုရင် တဖွဲ့နဲ့တဖွဲ့ အကူအညီပေးပြီး တိုင်းရင်းသား နယ်မြေတိုင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်မယ်ဆိုပြီး ကတိက၀တ် ပြုခဲ့ကြပါတယ်။

ဒီဆွေးနွေးမှု ကတိက၀တ် ပြုတဲ့အထဲမှာ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA အဖွဲ့လည်း ပါဝင်ပါတယ်။ သူတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဖော်ထုတ်မယ်ဆိုပြီး ပြောခဲ့ကြပါတယ်။
ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာတော့ တခြား တိုင်းရင်းသား နယ်မြေတွေမှာ သေနတ်သံတွေ မကြားရပါဘူး။ မနေ့ကတော့ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး DKBA ဘက်ကတော့ သူတို့ရဲ့ သဘောထားကို ပြသခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့ လက်နက်ကြီးဒဏ်တွေကြောင့် ဒီနေ့မှာတော့ လူ ၂၀ ထက်မနည်း သေဆုံးမှု ရှိခဲ့ပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မြ၀တီ ဆေးရုံဘက်က သတင်းရရှိပါတယ်။ အခုအခါမှာတော့ ထိုင်း၊ မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၁၀,၀၀၀ နီးပါးရှိပြီ ဖြစ်ပါတယ်။

ဒီကနေ့ ထိုင်း၊ မြန်မာနယ်စပ် မြ၀တီမြို့မှာ DKBA ကရင်စစ်တပ်နဲ့ မြန်မာတပ်တွေအကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နောက်ဆုံး အခြေအနေတွေကို ထိုင်းနယ်စပ်ကနေ တောက်လျှောက် စောင့်ကြည့် သတင်းယူခဲ့တဲ့ မအေးအေးမာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို ထိုင်း၊ မြန်မာနယ်စပ် မြ၀တီမြို့မှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကိုလည်း ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် လက်နက်ကြီးအချို့ ထိုင်းဘက်ကို ကျရောက်ခဲ့တာကြောင့် ထိုင်းနိုင်ငံသားအချို့ အပါအ၀င် အထိအခိုက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနယ်ခြား တလျှောက်မှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေ အပြည့် နေရာယူထားပါတယ်။ ထိုင်းအစိုးရ အနေနဲ့ကတော့ အန္တရာယ်ရှိနေတဲ့ နေရာတွေကနေ သူ့နိုင်ငံသားတွေကို လွတ်ကင်းရာ ပြောင်းရွှေ့ပေးနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတီနန်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“ထိုင်းနိုင်ငံသားတွေ လုံခြုံ ဘေးကင်းရေးအတွက် ထိုင်းစစ်တပ်နဲ့ ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေ ပူးတွဲပြီး ဆောင်ရွက်နေပါတယ်။ အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေက ထိုင်းနိုင်ငံသားတွေကို ရွှေ့ပြောင်းပေးနိုင်ဖို့ စီစဉ်နေကြပါတယ်။”

တိုက်ပွဲတွေကြောင့် မြ၀တီမြို့ဘက်ကနေ လူပေါင်း သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။ ထိုင်းနိုင်ငံဘက်ကတော့ ဒီလူတွေကို ၀င်ရောက်ခွင့် ပေးထားပါတယ်။ လူသားချင်း စာနာမှု အခြေခံပေါ်မှာ ကူညီသွားတာ ဖြစ်ပေမဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ရင်တော့ ဒီလူတွေကို ထိုင်းနိုင်ငံက လက်ခံမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက အခုလို ဆက်ပြီး ပြောခဲ့ပါသေးတယ်။

“တချိန်တည်းမှာပဲ မြန်မာပြည်ဘက်က လူတော်တော်များများ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတာမျိုး နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှု သတင်းတွေလည်း ရနေပါတယ်။ သူတို့ကို နေရာတနေရာမှာ ထားဖို့ အာဏာပိုင်တွေဘက်က စီစဉ်နေပါတယ်။ ဒီလူတွေ လုံခြုံဘေးကင်းဖို့လည်း လူသားချင်း စာနာမှု ကူညီရေး အဖွဲ့တွေ စေလွှတ်ထားပါတယ်။ လူသားချင်း စာနာမှု အခြေခံပေါ်မှာ ဒီလူတွေကို ယာယီအားဖြင့် ခိုလှုံနေထိုင်ခွင့် ပေးသွားပါမယ်။ ဒါပေမဲ့လည်း ပုံမှန်အခြေအနေ ပြန်ရောက်သွားရင်တော့ ဒီလူတွေကို နေရပ် ပြန်ပို့မှာပါ။”

ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတီနန် ပြောသွားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတုန်းပဲ ရှိပြီး ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို ကူညီပေးရုံကလွဲလို့ အခြား တုံ့ပြန်မှုတော့ ဘာမှ မရှိသေးပါဘူး။
အခုဆိုရင် ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကြားကို ရောက်နေပါတယ်။ သူ့ကို အခုတွေ့နေရတဲ့ ဒုက္ခသည်တွေရဲ့ မြင်ကွင်းနဲ့ နောက်ဆုံးအခြေအနေတွေကို မေးကြည့်ခဲ့ပါတယ်။

မအေးအေးမာရေ… အဲ့ဒီမှာ အခု ဒုက္ခသည်တွေ ဘယ်လိုပုံစံရှိနေလဲ ပြောပြပါဦးရှင့်။
“အခု ကျမရောက်ရှိနေတဲ့ နေရာက ဒုက္ခသည်တွေကို ထားတဲ့ ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ၀င်းထဲမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဒုက္ခသည်တွေက နေ့ခင်း ၁၂ နာရီကျော်က စပြီး နယ်စပ်မှာ လက်နက်ကြီးတွေနဲ့ အရမ်း ပစ်လွန်းအားကြီးတဲ့အတွက် ထိုင်းနိုင်ငံဘက်ကို ကူးပြောင်းလာတာ အခုဆိုရင် ဒုက္ခသည်ဦးရေဟာ ၃၀,၀၀၀ လောက် ရှိသွားပါပြီ။ အခုလည်း လာနေဆဲပါပဲ။

“ဒုက္ခသည်တွေက အခု ရရာ ဖျာတို့၊ စောင်တို့ ဆွဲပြီးတော့သာ လာနေကြတယ်။ သူတို့မှာလည်း စိုးရိမ်သောကတွေနဲ့၊ နောက်တခါ စားစရာ ဘာညာ ဆိုတာလည်း မရသေးဘူး။ အခုလောလောဆယ် အခြေအနေမှာ ထိုင်းစစ်တပ်ဘက်က သူတို့ကို ထိုင်းစစ်တပ်ဝင်းမှာ နေရာထိုင်ခင်း ပေးနေပါတယ်။ ဒါပေမဲ့ နေရာထိုင်ခင်းကတော့ လုံလောက်မယ်လို့ မယူဆရပါဘူး။ တော်တော်လေး ဒုက္ခသည်တွေ များတဲ့အတွက် ဒီညဆိုရင် အိပ်ဖို့အတွက်တောင် အခက်အခဲရှိမယ်လို့ ယူဆရတယ်။”
မအေးအေးမာ ရှင်းပြသွားတာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/

Fight between DKBA & Junta







09 November 2010


Burma Democratic Concern (BDC) calls for the international community to intervene the conflict in Myawaddy, Burma. The fight broke out on the previous days between junta’s troops and DKBA splinter group led by Colonel Saw Lah Pwe (a) Na Kham Mwe which rejects the junta’s border guard force (BGF) proposal.

The fight started due to the junta’s forceful acts on the public to vote on the sham election and mounting pressure to be the Border Guard Force (BGF) under the command of the junta.

Burma Democratic Concern (BDC) understands that sometimes we fight the war for PEACE but our prayers are with the people affected by the war.



In solidarity,



Burma Democratic Concern (BDC)