Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 13 November 2009

အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံကို စစ်ကြောရေးစခန်းတွင် ရိုက်နှက်ထားသည့်
ဒဏ်ကြောင့် အူကျသည့် ဝေဒနာကို ခံစားနေရသည်။
စစ်ကြောရေးစခန်းမှ ရဲအုပ် ကျော်စိန်နှင့် ဒုရဲအုပ် ပြည်ခိုင်ဇော်တို့က
ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း (၂၇) ရက်နေ့ တိုင်းတရားရုံတွင်
ရုံးထုတ်သည့်နေ့က မိသားစုဝင်များကို အရှင်ဆန္ဒာဓိက က ပြောသည်။
“ဝါးစိမ်းတုတ်နဲ့ ရိုက်တာ အရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်တာလို့ပြောတယ်၊
အဲဒီဒဏ်တွေကြောင့် အူကျတာတွေ ဖြစ်နေတယ်၊ လောလောဆယ် ထောင်ဆေးရုံမှာ
ပြနေရတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။
အာဏာပိုင်များက စစ်ကြောရေးစခန်းတွင် ရိုက်နှက်ကာ ဓါတ်ဆီလောင်း
မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းကြပ် ထွက်ဆိုခိုင်းကြောင်း ၎င်းက
ဆက်ပြောသည်။
အရှင်ဆန္ဒာဓိကကို အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်ခံရသည့်
ယခုလ (၁၁) ရက်နေ့က အင်းစိန်ထောင်ရှေ့ သွားရောက်ကြားနာပြီး အပြန်တွင်
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အရှင်ဆန္ဒာဓိက အဖမ်းခံရခြင်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ကို
အင်းစိန်ရုံးထုတ်မှာ ဘယ်လိုအမိန့်ချမလဲဆိုတာ သွားနားထောင်ခဲ့တယ်၊
နောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘက်ကို လာပြီး သူ့ဒကာ၊
ဒကာမတွေကို နှုတ်ဆက်ပြီးတော့ ပြန်တဲ့အချိန်မှာ ကားအဖြူလေးနဲ့ လူသုံးယောက်က
ဦးဇင်းကို အအေးကပ်ချင်လို့ဆိုတော့ ဦးဇင်းကလည်း ငါဘုန်းပေးတာ
ပြည့်စုံပြီတဲ့၊ မလိုတော့ပါဘူးဆိုပြီး ပြောတာကို ဦးဇင်းကို
ပြောစရာရှိလို့ပါတဲ့၊ မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွားတာ” ဟု
မိသားစုဝင်က ပြောသည်။
ယခုလက်ရှိ အရှင်ဆန္ဒာဓိကကို အင်းစိန်ထောင် အဆောင် (၃) အခန်း (၁) တွင်
လူဝတ်လဲထားကာ သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် ဒုရဲအုပ်
ဇော်ဖုန်းဝင်းက တရားလိုပြုလုပ်ကာ တရားစွဲထားပြီး နောက်လ (၃) ရက်နေ့တွင်
ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။
http://www.yoma3.org/မှကူးယူဖေါ်ပြသည်

သာသနာတော်ကို လေးစားမြတ်နိုးသူတိုင်း အမြန်ဖြန်.ဝေပါ ......
The role of Informal Cross-border Trade in Myanmar
ကျွန်တော်စာဖတ်ပါသည်။ ဖတ်သောစာများထဲမှ ကောင်းနိုးရာရာလေးများကို (သို့မဟုတ်) မိမိကကောင်းသည်ဟုထင်သော စာစုလေး၊ စာပိုဒ်လေးများကို မှတ်စုစာအုပ်လေးများ၌ ရေးမှတ်ထားလေ့ရှိသောအလေ့အထ လည်းရှိပါသည်။ ကျွန်တော့တွင် မှတ်စုစာအုပ်များ များစွာမဟုတ်သည့်တိုင် ဆယ်အုပ်ထက်မနည်း ရှိခဲ့ဘူးပါသည်။ ကျွန်တော်သည် ပြည်တွင်းတွင် အစိုးရရုံးစာရေးဘဝ၊ ကုန်သည်ဘဝ၊ စစ်သားဘဝ၊ ကောလိပ်ကျောင်းသားဘဝ၊ သစ်ခုတ်သမားဘဝ၊ လှေစာရေးဘဝ၊ ဝရမ်းပြေးဘဝ၊ ဘုန်းကြီးဘဝ၊ ပြည်ပတွင်တရားမဝင်ကျဘမ်းအလုပ်သမားဘဝ၊ နိုင်ငံရေးလည်းမကျတကျ၊ စာနယ်ဇင်းသမားလည်းမကျတကျသမားဘဝ အစရှိသည့် ဘဝပေါင်းများစွာကို နေရာပေါင်းများစွာ၌ ကျင်လည်ခဲ့ဘူးပါသည်။ သို့ဖြစ်ရာ တစ်နေရာမှ တစ်နေရာ၊ တစ်နိုင်ငံမှ တစ်နိုင်ငံ ပြေးဟယ် လွှားဟယ်၊ တက်ဟယ် ကျဟယ်၊ စုန်ဟယ် ဆန်ဟယ် ဖြင့်နေလာခဲ့ရသည်ဖြစ်ရကား များစွာသောမှတ်စုစာအုပ်များမှာ ထိုနေရာတွင်တစ်ချို့ကျန်ရစ်ခဲ့၊ သည်နေရာတွင်တစ်အုပ်ကျကျန်ခဲ့၊ ဟိုနားလေးတွင်တစ်အုပ်ပျောက်သွားခဲ့ဖြင့် လုံးပါးပါးလာခဲ့ရာ ယခု အမေရိကန်သို့ရောက်သောအခါ ကျွန်တော့တွင် ၁၉၉၆ ခုနှစ် နှင့် ၁၉၉၇ ခုနှစ်များအတွင်းက ကျွန်တော်ဖတ်ဖြစ်၊ မှတ်ဖြစ်ခဲ့သော မှတ်စုစာအုပ်ကလေးနှစ်အုပ်သာ ကျွန်တော်နှင့်အတူ သစ္စာရှိစွာဖြင့်၊ ဉမကွဲ သိုက်မပျက်ကျန်ရှိနေပါတော့သည်။

မည်သို့ဆိုစေ ထိုမှတ်စုစာအုပ်အဟောင်းများထဲမှလည်းကောင်း၊ လက်ရှိမှတ်စုစာအုပ်များထဲမှလည်းကောင်း ကောင်းနိုးရာရာလေးများကို ကျွန်တော့မိတ်ဆွေများနှင့် မျှဝေလိုစိတ်ကျွန်တော့တွင်ရှိပါသည်။ ကောင်းသောအရာများကို မျှဝေခြင်းသည် မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အများအတွက်သော်လည်းကောင်း ပို၍ကောင်းမွန်စေသည်ဟု ကျွန်တော် ရိုးသားစွာယုံကြည်ဖြစ်ပါသည်။ ထို့အပြင် ကျွန်တော်ကိုယ်တိုင်လည်း ထိုမှတ်စုကောင်းလေးများကိုပို၍ ဖတ်ဖြစ်မှတ်ဖြစ်သွားသည်မဟုတ်ပါလား။

(အောက်ပါ စာစုလေးများမှာ ဒေါက်တာ မတင်ဝင်း ရေးသားသော စုအုပ်တစ်အုပ်ထဲမှ ထုတ်နုတ်ထားခဲ့ခြင်းဖြစ်ပါသည်။ စာအုပ်အမည်ကို ကျွန်တော်မမှတ်မိတော့။ ရေးလည်းမရေးဖြစ်မိခဲ့ပါ။ နားလည်ပေးစေလိုပါသည်။)

၍့ လေန ညသိငလငညန စသတနမျ၏ ၍ာေုနာပ့ သညနျအပာပိငလငညန စသတနမ၏
ငါ့မှာတန်ခိုးဒ•ိပါတ်မရှိဘူး။ ငါ့ရဲ့ရိုးသားမှုဟာ ငါ့ရဲ့ တန်ခိုး ဒ•ိပါတ်ဖြစ်စေခဲ့ပါတယ်။
ရိုးသားဘို့က သတ္တိရှိဘို့လိုပါတယ်လို့ ဆိုရင် မရိုးသားသူများက သတ္တိကြောင်သူများဖြစ်တယ်။ လိမ်ထားတဲ့အလိမ်တစ်လိမ်မပေါ်အောင် နောက်ထပ်လိမ်နေရဉီးမယ့်ကိစ္စတွေရှိနေတတ်ပါတယ်။
ကြီးပွါးလိုသူဟာ
(၁) လုံ့လထုတ်ကြိုးကြိုးစားစားဆောင်ရွက်ရပါမယ်။
(၂) ရရှိလာတဲ့အကျိုးကျေးဇူးများ၊ ပစ္စည်းဉစ္စာများကို ထိန်းသိမ်းနိုင်ရပါမယ်။
(၃) ကလျှာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်းများရှိရပါမယ်။
(၄) ဝင်ငွေနဲ့ထွက်ငွေညီမျှနေရပါမယ်။

ကိုယ့်ကို စိတ်ဆင်းရဲအောင် ပြောတတ်တဲ့၊ လုပ်ဆောင်တတ်တဲ့လူတွေရှေ့မှာ (စိတ်ဓါတ်ကျနေတယ်ဘဲ ထားပါဉီး) ဘယ်တော့မှ ကိုယ့်စိတ်ကို အရင်းအတိုင်းမပြရဘူး။ ထိန်းထားရပါမယ်။

သီဝရီကို မကျွမ်းကျင်တဲ့အပြင် သီဝရီကိုလက်ကိုင်ထားပြီး ကျဉ်းကျဉ်းကျပ်ကျပ်လှုပ်ရှားဆောင်ရွက်ရမယ့် ကိစ္စတွေကို ပင်ပမ်းတယ်လို့ ထင်တတ်တဲ့သူပါ။

ကြီးပွါးခြင်း၏အကြောင်းရင်းများ
(၁) ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာခြင်းဟူသော မွန်မြတ်သောလာဘ်
(၂) စာရိတ္တသီလ
(၃) ပညာရှင်တို့၏အဆုံးအမသြဝါဒ
(၄) အကြားအမြင်ဗဟုသုတ
(၅) ဒုစရိုက်တရားတို့ကိုပါယ်ရှား၍ သုစရိုက်တရားတို့ကိုကျင့်သုံးခြင်း
(၆) စိတ်ကိုမတွန့်တို၊ မနိမ့်ကျစေပဲ မြှင့်တင်ကာကြိုးစားခြင်း

ထက်မြက်ရုံ၊ ဉာဏ်ကောင်းရုံနဲ့ ထူးချွန်တယ်ဆိုတဲ့အဆင့်ကိုရောက်ဘို့ရာ ခဲယဉ်းပါတယ်။ ထူးချွန်တဲ့သူများဟာ မိမိစိတ်ကိုမိမိ အဖက်ဖက်က လိုလေသေးမရှိအောင်ဖြည့်ဆည်းနေရပါမယ်။ ကြိုးစားနေရပါမယ်။ တတ်နိုင်တဲ့အလုပ်ကို စိတ်စေတနာကောင်းနဲ့ကူညီတယ်။ အတုံ့အလှည့်ကို မမျှော်လင့်ဘူး။
သူနဲ့ အယူအဆမတူတဲ့သူများနဲ့ ပါက်သက်ပြီး အချိန်ကုန်မခံဘူးဆိုတာကိုက သူ့မှာကောင်းတဲ့အလုပ်များကိုလုပ်ဘို့ အချိန်ပိုရသွားတယ်လို့ ကျွန်မ ယူဆပါတယ်။

(အခြားမှတ်စုများကိုလည်း ဆက်လက်ဖေါ်ပြပါဉီးမည်။)
http://fair09.blogspot.com/2009/11/blog-post_10.html





Subject: ဘိုးတော်မောင်မောင် (ခ) သန့်ဇော်ရွှေ
To:


နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူလူထုတွေက၊ မြန်မာနိုင်ငံကို
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်း ဆောင်တဲ့၊ စစ်ကောင်စီက
အုပ်ချုပ်နေတာလို့ သိရှိထားကြပါတယ်။ အဲဒီ စစ်ကောင်စီဥက္ကဌဖြစ်တဲ့
ဗိုလ်ချုပ် မှူးကြီးသန်းရွှေကို နောက်ကွယ်က ကြိုးကိုင်အုပ်ချုပ်နေသူတဦး
ရှိနေတာ သိရှိသူ မရှိသလောက်ပါ။

သူ့နာမည်က “မောင်မောင် (ခ) သန့်ဇော်ရွှေ” ပါ။ ဦးသန်းရွှေ
ဒေါ်မကြိုင်တို့ရဲ့ အငယ်ဆုံးသား ဖြစ်ပြီး၊ စိတ်ဝေဒနာ အနည်းငယ်
ခံစားနေရသူပါ။ ဒါပေမဲ့ သူ့ကို တအိမ်သားလုံးက စိတ်ရောဂါရှင်လို့
မသတ်မှတ်ကြဘဲ ဘိုးတော်ဝင်စားသူတဦးအဖြစ် သတ်မှတ်ကိုးကွယ်ကြပါတယ်။

ဘိုးတော်မောင်မောင် (ခ) သန့်ဇော်ရွှေဟာ အသက်(၄၀)ခန့်ရှိပြီး
ဝတ်ဖြူစင်ကြယ်နဲ့ နုတ်ခမ်းမွှေး မုတ်ဆိတ် မွှေးများထားရှိပြီး၊
ဘိုးတော်လိုလို အောက်လမ်းဆရာလိုလို ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောကြားပြီး
ဆောင်ရန်ရှောင်ရန်တွေကို ညွှန်ကြားလေ့ရှိပါတယ်။

မိသားစုကိစ္စတွေသာ မကတော့ဘဲ၊ တဖြေးဖြေးနဲ့ တိုင်းပြည်ရဲ့အရေးကြီးတဲ့
မူဝါဒရေးရာတွေပါမကျန် ဘိုးတော်မောင်မောင်ရဲ့
အခါပေးညွှန်ကြားချက်တွေအတိုင်း အဖေဖြစ်သူ ဦးသန်းရွှေက လိုက်လံဆောင်
ရွက်လေ့ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအိမ် ကို အလုပ်ရှိလို့လာကြရတဲ့
ဗိုလ်ချုပ်ကြီးတွေအပါအဝင် ဧည့်သည်အားလုံးဟာ ကြမ်းပြင်ပေါ်မှာဘဲ ထိုင်ကြရတာ
ဓလေ့တခုလို ဖြစ်နေပါပြီ။ ဧည့်ခန်းအတွင်း အမြင့် တနေရာမှာ
ရှေးဘုရင်များခေတ်က သလွန်လို ပြင်ဆင်ထားတဲ့နေရာမှာ ဦးသန်းရွှေနဲ့
ဒေါ်မကြိုင်တို့က ထိုင်ပြီး ဧည့် သည်တွေကို လက္ခံတွေ့ဆုံပါတယ်။
အဲဒီအခြေအနေကို ဘိုးတော်မောင်မောင်က လျှို့ဝှက်ဗီဒီယိုမှတ်တမ်း တွေ
ရိုက်ကူးပြီး၊ ဧည့်သည်တွေ ပြန်သွားတဲ့အခါ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို
ပြန်ဖွင့်ကြည့်ကြပြီး၊ ဘိုးတော်မောင်မောင်က ဝေဖန်သုံးသပ်ပြခါ
အဖေဖြစ်သူဦးသန်းရွှေကို လိုအပ်သလို ညွှန်ကြားမှုတွေ ပေးနေကြပါ။

အလားတူ ယတြာလုပ်ရမဲ့ကိစ္စတွေကိုတော့ မိခင်ဖြစ်သူ ဒေါ်မကြိုင်ကို ညွှန်ကြား
လုပ်ဆောင်စေပါတယ်။ ဘိုးတော်မောင်မောင်အနေနဲ့ အာရုံမှာ
သဘောမတွေ့သူတွေမှန်သမျှ၊ နေရာပြောင်းရွှေ့ခံရတာ၊ ရာထူးချခံရတာ၊
အလုပ်ထုတ်ခံရတာတွေ ရှိသလို၊ သူသဘောတွေ့သူမှန်သမျှကတော့ ကောင်းစား
လေ့ရှိပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်တွေအများစုကတော့ ဘိုးတော်မောင်မောင်ကို အလွန်ရွံရှာ
ကြောက်လန့်ကြပါတယ်။ အကြောင်းက ဘိုးတော်မောင်မောင်ဟာ လူသတ်ရန်
ဝန်မလေးတဲ့သူတယောက် ဖြစ်လို့ပါ။ လူမသိအောင် ဖုန်းဖိထားတဲ့ ဖြစ်စဉ်တခုကို
တင်ပြရရင် ကမ္ဘာအေးဘုရားလမ်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အိ
မ်
(၎င်းတို့အဆို အိမ်တော်) မှာ တပ်ချုပ်ကြီးဝတ်ရန် နေ့စဉ်
ယူနီဖောင်းပြင်ဆင်ဝတ်ပေးရတဲ့ တာဝန်ကို ယူရသူ “ဗိုလ်ကြီးခင်မောင်လွင်”ကို
လွန်ခဲ့တဲ့တနှစ်ခွဲလောက်က ဘိုးတော်မောင်မောင်က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
သူ့အာရုံမှာ သူ့အဖေကို လုပ်ကြံတယ်လို့ ပေါ်လာတာကြောင့်
ပစ်သတ်လိုက်တာဆိုပြီး တိုးတိုးတိတ်တိတ် သတင်းထွက်ပေါ်ခဲ့ပေမဲ့ တကယ်
သတ်လိုက်ရတဲ့ အကြောင်းရင်းကို ဒီကနေ့အထိ ဘယ်သူမှ မပြောရဲသေးပါဘူး။

အဲဒီအချိန်တုံးက ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဋ္ဌေးဝင်းနဲ့
မင်္ဂလာဒုံစစ်ဆေးရုံမှ တပ်မှူးတို့ ချက်ချင်း ရောက်ရှိလာပြီး
တခြားကိစ္စတခုကြောင့် သေသွားသလို ဖန်တီးပေးခဲ့ရပါတယ်။ အသတ်ခံလိုက်ရတဲ့
ဗိုလ်ကြီးခင်မောင်လွင်ရဲ့ မိသားစုတွေကိုတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး
ပါးစပ်ပိတ်ထားကြဘို့၊ ပေါက်ကြားခဲ့ ရင် မင်းတို့မိသားစုဝင်အားလုံး
ထောင်ထဲ ပို့ထားလိုက်မယ်လို့ အိမ်တော်မိသားစုဝင်များက ခြိမ်းခြောက်
ထားခဲ့ကြပါတယ်။

အလားတူ ရဟတ်ယာဉ်ပျက်ကြပြီး သေဆုံးသွားတဲ့ အတွင်းရေးမှူး (၂)
ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့သား ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာနက
ကိုဇော်ထွန်းဦးကို ဘိုးတော်မောင်မောင်နဲ့အဖွဲ့က ကမ္ဘာအေးဘုရား လမ်းနဲ့
တက္ကသိုလ်ရိပ်သာလမ်းဆုံအနီး ဓါတ်ဆီဆိုင်ရှေ့မှာ ကားနှစ်စီးနဲ့
ပိတ်ရပ်ပြီး၊ ဘိုးတော်မောင်မောင် ကိုယ်တိုင်မောင်းတဲ့ ကားအကြီးကြီးနဲ့
တိုက်သတ်ပါတယ်။ သေပြီလို့ ယူဆပြီးထားခဲ့ကြပေမဲ့ ကံကောင်းလို့ မသေဘဲ၊
ဆေးရုံပေါ်မှာ (၆) လခန့် ဆေးကုသခံခဲ့ရပါတယ်။ အဲဒီ့လို တိုက်သတ်ရတဲ့
အကြောင်ရင်းက ဘိုးတော်မောင်မောင်ရဲ့ အစ်မဖြစ်သူ မပြုံး (ခ)
ပြုံးပြုံးရွှေနဲ့ ဇော်ထွန်းဦးတို့ဟာ အိမ်ထောင်အသီးသီး ရှိရက် နဲ့
ဖောက်ပြန်နေကြတာကြောင့်လို့ ပြောဆိုနေကြပေမဲ့၊ ထုံးစံအတိုင်း
အကြောင်းရင်းအမှန်ကို ဘယ်သူမှ ခုချိန်ထိ မပြောရဲကြသေးပါဘူး။
သေချာတာတခုကတော့ အဲဒီဖြစ်စဉ်နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး
ရဲ့ဇနီး ဒေါ်ခင်သန်းနွဲ့တယောက် စစ်ဗိုလ်ချုပ်တွေရဲ့
ပွဲလမ်းသဘင်အခမ်းအနားတွေကနေ ပျောက်ကွယ် သွားခဲ့တာပါဘဲ။

တပ်ချုပ်ကြီးမိသားစုတွေထဲမှာ ကိုယ်ကျင့်တရားဖောက်ပြန်မှုတွေကြောင့်
နာမည်ဆိုးနဲ့ ထင်ရှားကျော် ကြားလှတဲ့ မပြုံး (ခ) ပြုံးပြုံးရွှေဟာ
ယခုလက်ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်
ရဲ့တရားဝင်ဇနီးပါ။ ကိုဇော်ထွန်းဦးအပြင်
ဟစ်ဟော့အဆိုတော်လူငယ်လေးတဦးကိုလည်း တိတ်တိတ်ပုန်း ချစ်သူအဖြစ်
မွေးစားထားသေးတယ်လို့ သိရှိနေကြပါတယ်။ အခြား သူအလိုရှိတဲ့အခါ
လူငယ်လေးတွေကို ငွေကြေးအာဏာတွေနဲ့ ဖိအားပေး ခေါ်ခိုင်းကာ ညကလပ်တွေမှာ
ရုပ်ဖျက်သွားရောက် ပျော်ပါးလေ့ရှိပါတယ်။ သူဟာ
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယအတွင်းဝန်ရာထူး ရယူထားပြီး၊
ရုံးတက်ခြင်းမရှိဘဲ လစာကိုတော့ နိုင်ငံခြားငွေ (ဒေါ်လာ) နဲ့ လစဉ်
ထုတ်ပေးရပါတယ်။

အဲဒီ့လို အကျင့်ပျက်၊ ဦးနှောက်ပျက်၊ ခြစားသူတွေ စုပေါင်းပြီး
တိုင်းပြည်ဖျက်နေကြတဲ့ စစ်အာဏာရှင်ကြီး ရဲ့ မိသားစုဟာ မြန်မာ့သမိုင်းမှာ
နာမည်ဆိုးတွေနဲ့ ကျော်ကြားခဲ့ကြတဲ့ တရုပ်ပြေးမင်း၊ သိုဟန်ဘွားမင်း၊
သီပေါမင်းတို့ထက်တောင် ပိုမိုဆိုးဝါးပါကြောင်း၊ အနီးကပ်လေ့လာနေသူတဦးက
မှတ်ချက်ချ ပြောဆိုခဲ့ ပါတယ်။

ဂမ္ဘီရအတွေးအခေါ်တွေအပြင် အောက်လမ်းနည်းများ အသုံးပြုပြီး
ထင်ရာစိုင်းနေကြတဲ့ တပ်ချုပ်ကြီးမိ သားစုတွေရဲ့အန္တရာယ်ကို နေ့စဉ်နဲ့အမျှ
ကြောက်ရွံနေကြရတဲ့ ဗိုလ်ချုပ်ကြီးများ အပါအဝင် သူတို့နဲ့ နီးစပ် တွေဟာ
ဗိုလ်ကြီးခင်မောင်လွင်လို အဖြစ်ဆိုးမျိုးနဲ့ ကွေကွင်းရအောင်၊
ဘိုးတော်အမည်ခံ ဦးနှောက်ကြပ်မ ပြည့်တဲ့ ဦးသန်းရွှေ
ဒေါ်မကြိုင်တို့ရဲ့သား၊ မောင်မောင် (ခ) သန့်ဇော်ရွှေကို နေ့စဉ်မပျက်
ရှိခိုးဦးချနေကြ ကြောင်း အိမ်တော်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါတယ်။

(ရေးသားသူ - အတွင်းသိ) ။



--