Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 24 November 2010

Aung San Suu Kyi visits site where political career began

Aung San Suu Kyi, Burma's freed democracy leader, maintained her determination to return to her normal life when she prayed with her youngest son at the country's holiest Buddhist site, the place where her political career began.

Aung San Suu Kyi last saw Kim Aris in December 2000 Photo: EPA

By Ian MacKinnon in Bangkok 2:17PM GMT 24 Nov 2010

Kim Aris, 33, who lives in Britain, and his Nobel laureate mother paid homage Rangoon's gold-domed Shwedagon Pagoda, in the corners linked to the days on which they were born.

Then the pair, wearing traditional Burmese garb, gave flowers as an offering and ritually poured water over the statues. Asked what she prayed for, she laughed and replied: "I cannot reveal it. Otherwise, my wishes might not be fulfilled."

Ms Suu Kyi, 65, was reunited with her son after a decade when he flew into Rangoon on Tuesday after he was finally being granted a visa following a three-week wait in the neighbouring Thai capital.

Related Articles

*Trial of Aung San Suu Kyi begins amid lockdown
24 Nov 2010

*Aung San Suu Kyi: timeline
24 Nov 2010

*Aung San Suu Kyi to make emotional trip to greet son for first time in a decade
24 Nov 2010

*John Simpson on Burma's democracy leader Aung San Suu Kyi
24 Nov 2010

*Aung San Suu Kyi to fight for political prisoners
24 Nov 2010

*Aung San Suu Kyi strikes the right note in Burma
24 Nov 2010

She was freed from seven years' house arrest ten days earlier and met Mr Aris at the airport, where he pulled off his over-shirt to reveal a tattoo of the symbol of Ms Suu Kyi's now dissolved National League for Democracy party.

The return to Shwedagon was symbolic in other ways. It was the site where in 1988 she gave her first big speech calling for democracy in the country ruled by the military for 48 years.

It was also the focal point where monks gathered during the so-called "Saffron Revolution" in 2007, which was also ruthlessly put down by the military.

http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/8157014/Aung-San-Suu-Kyi-visits-site-where-political-career-began.html

ရေနွေးကြမ်းဝိုင်း

မြန်မာပြည်သူအများအပြား မျှော်လင့်နေသော ဒီမိုကရေစီခေါင်းဆောင် (၀ါ)ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စစ်အာဏာရှင်များ ၏ မတရားဖမ်းဆီးခံထားရခြင်း မှ ပြန်လည်လွှတ်ပေးခြင်းခံရပီနောက် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေးဆိုင်ရာလှုပ်ရှားမှု့ များ ပြန်လည် အသက်ဝင်လာခဲ့ သည်။ ထို့ အတူ မြန်မာနိုင်ငံ အရေးဆောင်ရွက်နေသည့်  ပြည်တွင်း ပြည်ပရှိ အဖွဲ့ အစည်းများ၊ သတင်းစာနယ်ဇင်းများ၊လူပုဂ္ဂိုလ်များ နှင့်  အခြေခံပြည်သူများသည် လည်း အင်တိုက်အားတိုက် ပူပေါင်းဆောင်ရွက်ရန် ဆန္ဒသဘောများထုတ်ဖေါ်ပြသလျှက်ရှိပေသည်။

မြန်မာနိုင်ငံ ၏ အတိတ်သမိုင်း နိုင်ငံရေးဖြစ်စဉ်များကို ရှု့ ဒေါင့်ပေါင်းစုံ မှ ပြန်လည်လေ့လာကြည့် လျှင် တိကျသောအဖြေတခု ရရှိရန်အခက်အခဲးများစွာတွေ့ ရှိနိုင်သည်။ လွတ်လပ်ရေး ရယူရန် တိုင်းရင်းသားများ နှင့် စတင်ချုပ်ဆိုခဲသော ပင်လုံစာချုပ် မှစရ၍ ယနေ့ ရင်ဆိုင်နေရသော နိုင်ငံရေးအခင်း အကျင်းအထိ ကျနော် အနေနှင့်  အမှားအမှန်ကို အတိအကျမပြောနိုင်သော အခြေအနေတွင် ရှိသည်ဟု

ရိုးစားစွာဝန်ခံလိုပေသည်။ အကြောင်းအာဖြင့်  စစ်အာဏာရှင် ဦးနေ၀င်ကွယ်လွန် သွားခဲ့ သည်တိုင် ၎င်း လုပ်ဆောင်ချက်များ ကိုယ်တိုင်ုစာပေ အက္ခရာမတင်ခဲ့ ခြင်း နှင့်  ၀န်ကြီးချုပ်ဟောင်း ဦးနုရေးသားခဲသည့်  စနေသား စာအုပ်တအုပ်ထဲ နှင့်  အာဏာသိမ်းခံရခြင်း အကြောင်းအ၇ာတို့  ပြည့် စုံခိုင်လုံသည် ဟုကျနော်မထင်ပါ။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ (ရ) ရက်နေ့  တွင် စစ်အာဏာရှင်များ ၏ လမ်းပြမြေပုံ ပါ နောက်ဆုံးအချက်ဖြစ်သည့်  ရွေးကေါက်ပွဲအားကျင်းပ ပီးစီးခဲ့ပီဖြစ်သည်။ ရွေးကေါက်ပွဲ မကျင်းပမှီ နှင့် ကျင်းပပီးစီခဲ့ သော အခြေမနေများ အပေါ်လေ လာသုံးသတ်လျှင် စစ်အာဏာရှင်များ မှ ၎င်းတို့ အလိုကျတဖက်သတ်လုပ်ဆောင် သွားသည်ကိုထင်ရှားစွာ တွေ့ မြင်နိုင်သည်။

ဤလုပ်ဆောင်ချက် ၏အဖြေမှာ အများသိရှိပီဖြစ်သည့် အတိုင်း စစ်အာဏာရှင်များ အာဏာလက်လွတ်မခံနိုင် ၍လုပ်ဆောင်ခြင်း
သာဖြစ်သည်ဟု ကျနော်အနေနှင့် ယေဘူယသုံးသတ်ချင်ပါတယ်။ ရွေးကေါက်ခံရသော အရပ်သား ကိုယ်စားလှယ်များ နှင့် စပ်လျှင်းပီကျနော်မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။ ရွေးချယ်ခံသော သူတို့ အပေါ် စစ်အာဏာရှင်များ မှ အဘယ်ကြောင့် ကြိုတင်မဲ မသမာမှု့ ပြုလုပ်၍ ရှုံးနိုမ့်အောင် မလုပ်ဆောင်ခဲ့ သနည်းပင်ဖြစ်သည်။ အစိုးရအဖွဲ့ တွင် အရပ်သားများပါဝင်သည်ကိုပြချင်၍လား၊ရွေးကေါက်ခံရသူများအား စစ်အာဏာရှင်တို့ မှလိုသလိုကြိုးကိုင် နိုင်မည့် သူများအား အစိုးရအဖွဲ့ တွင်ပါဝင်ခွင့် ပေးခြင်းလား၊နိုင်ငံရေး နှင့်  တိုင်းရင်းသားရေး ရာအပိုင်းတို့ တွင် နာမည်ရှိသူများ ရွေးကေါက်ပွဲဝင်သော်လဲ တဦးတယောက် မှ အရွေးမခံရခြင်း တို့ သည်ကျနော် ၏ မရှင်းမလင်းရှိသော ပြဿနာပင်ဖြစ်သည်။

ပါလီမာန်ဒီမိုကရေစီစနစ်ကျင့် သုံးသော ၀န်ကြီးချုပ်ဦးနု အဘယ်ကြောင့် စစ်ခေါင်းဆောင် ဦးနေ၀င်းအား အိမ်စောင့်အစိုးရအဖြစ်
ယာယီလွဲပြောင်းပေးခဲ့သနည်း၊ ထို့ နောက် စစ်အာဏာရှင် ဦးနေ၀င်မှ အာဏာထပ်မာန်သိမ်းခဲ့သနည်း၊ ၎င်း၏လက်ထက်တွင်
မြန်မာနိုင်ငံ ၌် ဆိုလ်ရှယ်လစ်စနစ်ကျင့် သုံးပီ တစ်နိုင်ငံလုံးချူံချူံကျ ဆင်းရဲခဲ့ ရသဖြင့် တိုင်းပြည်ချစ်၍ ပြည်သူမျက်နှာကြည့် သော
ကျောင်းသူ ကျောင်းသား လူငယ်များ မှ ဦးဆောင်၍ ၁၉၈၈ ပြည်သူ့ အရေးတော်ပုံ တရပ်ဖြင့်  အာဏာရှင်ဦးနေ၀င်းအား ဖြုတ်ချနိုင်ခဲ့သည်။ သို့ သော် ဦးနေ၀င်းသည် နောက်ကွယ်မှ ပြည်သူ့ အရေးတော်ပုံကြီးအား အကြမ်းဖက်ဖြိုခွင်းခြင်း နှင်ရုပ်ပြ စစ်ခေါင်းဆောင်ဦးစောမောင် အား နောက်ကွယ်မှ ညွန်ကြားကြိုးကိုင်ခဲ့ သည်။ စစ်အာဏာရှင် အုပ်စုအတွင်း လက်ပြောင်းလက်လွဲလုပ်၍ ယနေ့ စစ်အာဏာရှင် ဦးသန်းရွှေ လက်ထဲတွင် တိုင်းပြည်အာဏာရှိနေခဲ့ သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့  စစ်အာဏာရှင်များ မှ အကြမ်းဖက်ဖြိုခွင်းခဲ့ ခြင်း၊လူထူအုံကြွမှု့ အပီ ၌ အဘယ်ကြောင့် စစ်အာဏာရှင်များ မှ ပါတီထောင်စေခြင်း၊ရွေးကေါက်ပွဲကျင်းပပေးခြင်း၊ နယ်စပ်သို့ ထွက်ခွါပီ လက်နက်ကိုင် တော်လှန်ရေး လုပ်ဆောင်ရန် ကျောင်းသူ ကျောင်းသား လူငယ်များအား ပြန်လာရန်လိုက်လံခေါ်ဆိုခြင်း၊ နယ်စပ်ဒေသ
တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ အနေနှင့် အရေးတော်ပုံကြီး နှင့် အတူပါဝင်ဆင်နွဲးမှု
မပြုခြင်း၊ နယ်စပ်ဒေသတတွင် လူမျိုးစုအချင်းချင်းတိုက်ပွဲဆင်နွဲနေခြင်း၊ ၎င်းတို့  နှင့် လက်တွဲတိုက်ပွဲ ၀င်ရန်ရောက်လာသောသူများ
နှင့် အတူ တော်လှန်စစ်ကို အစောတလျှင် မပြုလုပ်ရခြင်း၊၊ ၁၉၉၀ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မှ ၈၂.၇ ဖြင့် အပြတ်အသတ်ရွေးကေါက်ပွဲတွင် အနိုင်ရသော်လဲ စစ်အာဏာရှင်များ မှ အာဏာလွဲပြောင်း မပေးခြင်း၊ အနိုင်ရပါတီ မှ စစ်အာဏာရှင် တို့ အား ဗြောင်ကျကျ အာဏာဖီဆန်၍ အစိုးရအဖွဲ့ မဖွဲ့ ခဲ့ နိုင်ခြင်း၊ ၎င်းတို့ တဖက်သတ် ချမှတ်ထားသောလမ်းပြမြေပုံပါအချက်(ရ)ချက်ကို အကောင်အထည်ဖေါ်ဆောင်လုပ်ဆောင်ခြင်း၊ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု့ ကို ဒေါ်အောင်ဆန်းစုကြည် အပေါ်စစ်အာဏာရှင်တို့ ရ မှ လုပ်ဆောင်ခြင်း၊ တက်ကြွ၍ နိုင်ငံရေးဇ ရှိသောာ ၈၈ နှင့်  မျိုးဆက်သစ်များအားဖမ်းဆီးထောင်ခြင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တိုင်ပြည်အတွင်း အဖက်ဖက်မှ နိုပ့် ကျဆင်းရဲးခဲ့ ရခြင်း နှင့်  စစ်အာဏာရှင်များ မှ၎င်း တို့ အလိုကျ တိုင်းပြည်ပိုင်း ဥစ္စာဓနများ ပြည်သူတို့ ၏ မျက်နှာ မှမထောက် ကိုယ့် ကျိုးအတွက်သာဆက်တိုက်သုံးစွဲနေခြင်း၊၁၉၈၈ ခုနှစ် မှ ၂၀၁၀ နေ့ အထိ ၂၂ နှစ် ကြာ မျိုးဆက် တခုပြောင်းသွားသော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ သောအခါတွင် နိုင်ငံသားများ၌ အံ့သြဖွယ်ရာ နိုင်ငံရေးနိုးကြားမှု့ ရှိနေခြင်း၊ နယ်စပ်ဒေသရှိလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ များအား စစ်အာဏာရှင်တို့ မှ စေ့ စပ်ခြင်း၊ နယ်ခြားစောင့် တပ်အသွင်ပြောင်းခြင်၊ အနုမြူလက်နက်များ ပိုင်ဆိုင်အောင်ဆောင်ရွက်ခြင်း တရုပ်အစိုးရအလိုကျ စစ်အာဏာရှင်များ မှ လုပ်ဆောင်ပေးခြင်း နှင့်  တရုပ်အစိုးရသည် စစ်အာဏာရှင်တို့ အားလိုက်လံအကာအကွယ်ပေးခြင်း စသည့်  အကြောင်းအချင်းအရာတို့ အပေါ်၌ တိကျသေချာသော အဖြေကိုရရှိရန် ကျနော်အနေ နှင့် အထက်ကဆိုခဲ့သည့် အတိုင်း အမှားအမှန်ကို အတိအကျမပြောနိုင်သော အခြေအနေတွင် ရှိသည်ဟု ထပ်မာန်၍ ရိုးစားစွာဝန်ခံလိုက်ပေသည်။

စစ်အာဏာရှင်ကို ဆန့် ကျင်တိုက်ခိုက် တိုက်ပွဲဝင်နေသော ဒီမိုကရေစီ အင်အားစုများဖက် မှ သော်လည်းကောင်း၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်များ အနေနှင့် သော်လည်းကောင်း၊ စစ်အာဏာရှင် တို့ဖက်မှသော် လည်းကောင်း၊
ထင်သာမြင်သာရှိသော ဒေါ်အောင်ဆန်းကြည် ၏ နိုင်ငံရေးလှုပ်ရှားမှု့ များအပေါ် ၌ မြင်တွေ့ ရသူများ မှလွယ်ကူစွာ ပြန်လည်ရေး
သားနိုင်သောလည် အဓိကကျသည့် ဒီပဲယင်း လုပ်ကြံသတ်ဖြတ် မှု့  နှင့် ပါတ်သက်၍ ကာယကံရှင် ကိုယ်တိုင်ရေးသား
ပြုစုပေးခြင်း များအထူလိုအပ်လျှက်ရှိပေသည်။

ကျနော်တို့ ခေတ်သိရှိခဲ့ ရသော မြန်မာနိုင်ငံ ၏ အတိတ်သမိုင်း မှာ ရေနွေးကြမ်းသောက်ယင်း အပျင်းပြေပြောဆို နိုင်သော
မြန်မာသမိုင်း ပုံပြင်များပင် ဖြစ်နေခြင်းသည် နိုင်ငံလူမျိုးတို့  ၏ နိမ့် ကျသော အဆင့် အတန်း ကိုဖေါ်ပြနေသည် ဟု
ခံစားရပါသည်။ အထက်မှ ကျနော်တင်ပြခဲ့ သော အကြောင်းအရာများ နှင့် ပါတ်သက်၍ ကိုယ်တိုင်ပါဝင်ခဲ့ သည့် အဓိကသက်ဆိုင်သူများ မှ အသေးစိတ်အချက်အလက်များ၊ အထောက်အထားများနှင့် တကွတိကျသောသမိုင်း တခုကိုပြုစုခြင်းဖြင့် နောင်လာမည့် မြန်မာနိုင်ငံ ၏ အနာဂါတ်မျိုးဆက်သစ်ကို ကောင်းမွန်သော အမွေကိုပေးသင့် ပီ ရေနွေးကြမ်းဝိုင်း သမိုင်းအဆင့်  ကို ကျော် လွန်သင့် ကြောင်းရေးသား တင်ပြအပ်ပါသည်။

Suu Kyi: Need a new military mentality



http://www.youtube.com/watch?v=LBNGdjKKBSU

ပြည်သူတွေ လုပ်ရဲကိုင်ရဲ ရှိလာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ပြည်သူတွေဟာ အရင်က နဲ့မတူဘဲ နိုင်ငံရေး ကိစ္စတွေမှာ လုပ်ရဲကိုင်ရဲ ရှိလာတယ်လို့ RFA နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပါတီ ရပ်တည်ခွင့် တရားဝင်လာအောင် ဆက်လက် ကြိုးပမ်းသွားမယ့် အကြောင်း၊ ပြည်သူ အများရဲ့ ထောက်ခံမှု ရလာအောင် ဆက်လက် ကြိုးပမ်းရမှာ ဖြစ်သလို တဖက်မှာ အရင် နေအိမ် အကျယ်ချုပ် လွတ်မြောက်စဉ် တွေတုန်းကလို မတူဘဲ လူငယ်တွေ အများကြီး နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။





http://burmese.dvb.no/

အိန္ဒိယရဲ့ မြန်မာနဲ့ဆက်ဆံရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

2010-11-24

အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေ အပေါ် အားပေး ထောက်ခံတာမျိုး မရှိတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာ ထုတ်ဝေတဲ့  India Express သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ အခုလို ဖြေကြားတာဖြစ်တယ်လို့ သတင်းစာက ဒီကနေ့မှာ ရေးသားပါတယ်

Myanmar to evict AIDS victims from Suu Kyi shelter



YANGON, Myanmar -Myanmar’s health ministry has ordered the eviction of 82 HIV/AIDS patients from a shelter run by supporters of democracy leader Aung San Suu Kyi because the center is not hygienic, state media said Wednesday.
An official at the facility said the patients have refused to move, setting the stage for a showdown with authorities who said they must vacate by Thursday.
Local authorities last week ordered the HIV/AIDS victims to leave following a visit by the newly freed Suu Kyi, who promised to help provide badly needed medicine.
Health officials inspected the shelter in July and August and found it unhygienic with patients susceptible to infections because of overcrowding, the state-run Myanma Ahlin newspaper said.
But shelter organizers said authorities simply want to pressure them because of the visit by Suu Kyi, who was freed from more than seven years of house arrest Nov. 13.
Yarzar, one of the center’s staff members who uses only one name, admitted the shelter was crowded but said preventive measures were taken against the spread of diseases such as tuberculosis.
Health authorities offered to relocate patients to a state-run HIV/AIDS center, but they refused to move out as their shelter not only offers medical care, food and accommodation but “warmth and affection that no other center can provide,” Yarzar said.
Since the patients have decided not to leave, Yarzar said he was ready to face any consequences.
The shelter, which includes a small wooden house and a two-story building of wood and thatch walls, accommodates 82 patients, including young children.
Suu Kyi, who won the 1991 Nobel Peace prize for her nonviolent struggle for democracy, was first arrested in 1989. She has been detained for 15 of the past 21 years.
Suu Kyi led her party, the National League for Democracy, to victory in 1990 elections, but the junta refused to recognize the results.

ဆေးလိပ်သောက်သူနှင့် မသောက်သူတို့တွင် ဖြစ်သော အဆုတ်ကင်ဆာ ပုံစံကွဲ

မူလက အဆုတ်ကင်ဆာတွင် မျိုးကွဲမရှိဟု ယူဆထားသော်လည်း တစ်သက်လုံး ဆေးလိပ်မသောက်ဘဲ ရောဂါရလာသူများတွင် ရှိနေသော ကင်ဆာသည် ဆေးလိပ်အလွန်အကျွံ သောက်သူများတွင် ဖြစ်နေသည့် ကင်ဆာနှင့် ကွဲပြားမည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်လာ

ဆေးလိပ်သောက်သူများတွင်ဖြစ်သော အဆုတ်ကင်ဆာနှင့် ဆေးလိပ်မသောက်ဘဲ ဖြစ်တတ်သော အဆုတ်ကင်ဆာတို့ အမျိုးအစား မတူနိုင်ကြောင်း သုတေသီများက သံသယ ရှိနေကြသည်။ မူလက အဆုတ်ကင်ဆာတွင် မျိုးကွဲမရှိဟု ယူဆထားသော်လည်း တစ်သက်လုံး ဆေးလိပ်မသောက်ဘဲ ရောဂါရလာသူများတွင် ရှိနေသော ကင်ဆာသည် ဆေးလိပ်အလွန်အကျွံ သောက်သူများတွင် ဖြစ်နေသည့် ကင်ဆာနှင့် ကွဲပြားမည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားရှိ BCကင်ဆာသုတေသန စင်တာမှ သုတေသီများက ဆေးလိပ်မသောက်ဘဲ ကင်ဆာဖြစ်နေသူများ၏ အဆုတ်ရှိ ကင်ဆာကြိတ်များတွင် DNAပြောင်းလဲမှု ဖြစ်စဉ်များ နှစ်ဆမျှ ရှိနေသည်ကို တွေ့ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုတွေ့ရှိမှုသည် ဆေးလိပ်ကြောင့် ကင်ဆာဖြစ်ရသူများထံမှ တစ်သျှူးနှင့် ဆဲလ်များကိုပါ နှိုင်းယှဉ်လေ့လာပြီးနောက် ဖော်ထုတ်လာနိုင်ခြင်းဖြစ်သည်။ ထိုအချက်သည် အဆုတ်ကင်ဆာ ဖွံ့ဖြိုးကြီးထွားလာမှုသည် မတူညီသော လမ်းကြောင်းများမှ ဖြစ်လာနိုင်ကြောင်း ညွှန်ပြနေသည်ဟု သုတေသီများက ဆိုသည်။ ထို့အပြင် ကင်ဆာအမျိုးအစားအလိုက် DNAပြောင်းလဲမှု မတူညီသော တွေ့ရှိမှုသည် အဆုတ်ကင်ဆာကို ကုသရာတွင် အထောက်အကူ ပြုနိုင်မည်ဟု ပညာရှင်များက မျှော်လင့်နေကြောင်းလည်း သိရှိရသည်။

အသည်းကင်ဆာ ဝေဒနာရှင် ၆၀ ခန့် နောက်ဆုံးပေါ်ဆေးနည်းဖြင့် အခမဲ့ကုသနိုင်

တင်ဇာအောင်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၀)

စင်ကာပူနိုင်ငံအစိုးရကထောက်ပံ့ပေးသည့် ပြည်တွင်းမှအသည်းကင်ဆာ ဝေဒနာရှင် ၆၀ ခန့်အားနောက်ဆုံးပေါ်ဆေးနည်းဖြင့် အခမဲ့ ကုသပေးမည့် သုတေသနစီမံကိန်းတစ်ခုကို ပြုလုပ် သွားမည်ဖြစ်ကြောင်း အာရှ-ပစိဖိတ် အသည်းကင်ဆာ သုတေသနစီမံကိန်း အဖွဲ့ ၏ အကြီးတန်းအဖွဲ့ဝင်ဖြစ်သော အသည်းအထူးကု သမားတော်ကြီး ဒေါက်တာခင်မောင်ဝင်းက ပြောသည်။

၎င်းအစီအစဉ်တွင် မြန်မာနိုင်ငံအပါ အ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံပါဝင်မည် ဖြစ်ကာ ကုသမည့်နည်းလမ်းနှစ်မျိုး သည် အမေရိကန်နိုင်ငံ အစိုးရ အစား အသောက်နှင့် ဆေးဝါးအဖွဲ့မှ ခွင့်ပြု ထားပြီးဖြစ်သည့် ဆေးဝါးများဖြစ်သည် ဟု ၎င်းကပြောသည်။

စီမံကိန်းအရစင်ကာပူနိုင်ငံတွင်အသည်းကင်ဆာရောဂါအတွက် ကုသပေးသော နောက်ဆုံးပေါ်ဆေးနည်းများအား အသည်းကင်ဆာ ဝေဒနာရှင် များကို အခမဲ့ပေးသွားမည်ဖြစ်သည်။

"စင်ကာပူနိုင်ငံမှာ အသည်းအတွက်ပေးတဲ့ဆေးတစ်မျိုးရှိတယ်။ Sorafenibဆိုတာ။ အဲဒီဆေးက ခွဲစိတ်မရအောင် ပြန့်နေတဲ့အသည်း ကင်ဆာတွေအတွက် နောက်ဆုံးပေါ် အကောင်းဆုံးဆေးပဲ။ အမေရိကန်နိုင်ငံအစိုးရ ဆေးဝါးဥပဒေ ကလည်း ခွင့်ပြုထားတယ်။ တစ် ကမ္ဘာ လုံးကလည်း လက်ခံထားတယ်။ နောက် နည်းတစ်နည်းက အသည်းကင်ဆာ ခွဲမရတဲ့ လမ်းဆုံးရောက်နေတဲ့ ကင်ဆာ တွေကို သွေးကြောမကြီးကနေ အသည်း ထဲကို Yttrium 90 Radio isotope အဏုမြူရောင်ခြည် ပေးလိုက်တာ။ အဲဒီဆေးက တစ်ခါပဲသွင်းရ တာ"ဟု ဒေါက်တာခင်မောင်ဝင်းက ပြောသည်။

"ဆရာ့ဆီစာရင်းလာသွင်းရင် ဆရာက စင်ကာပူနိုင်ငံကိုလှမ်းပြီး စာရင်းသွင်းပေးမယ်။အဲဒီနှစ်နည်းထဲက တစ်နည်းနဲ့ ကုသခွင့်ရမယ်။ မဲနှိုက်ရ မယ်"ဟု ၎င်းကပြောသည်။

ဆေးသောက်ရမည်ဆိုပါက ပြည်တွင်း ၌ပင် သောက်ရမည်ဖြစ်ပြီး ရောင်ခြည် ဖြင့် ကုသရမည်ဆိုပါက စင်ကာပူနိုင်ငံ သို့သွား၍ ကုသ ရမည်ဖြစ်သည်။ စင်ကာပူနိုင်ငံသို့ သွားရောက်ရပါက လေယာဉ်စရိတ် နှစ်ယောက်ခနှင့် တည်းခိုစရိတ် များပေးမည်ဖြစ်ကာ ပြည်တွင်း ၌ ဆေးစစ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

လက်ရှိတွင် အသည်းကင်ဆာရောဂါရှင် လေးဦးကုသမှုခံယူနေပြီဖြစ်ပြီး ဝေဒနာရှင် ၂၀ ခန့်ကို ဃွှခညေ ရိုက် ပြီး စင်ကာပူသို့ ပို့ထား သည်ဟုသိရသည်။ ထိုအစီအစဉ်ဖြင့် ဆေးကုသမှု ခံယူလိုပါက ဒေါက်တာခင်မောင်ဝင်းထံ တိုက်ရိုက်ဆက်သွယ်နိုင်ပြီး လိုအပ် သော စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှုများတွင်အသည်းကင်ဆာ ဖြစ်ပွားမှုမှာ အဆင့်(၁)မှ (၁၀)အတွင်းပါဝင်ပြီး အာရှနိုင်ငံများတွင် ဆိုလျှင် (၁) မှ (၅) အတွင်း ရှိသည်။ အသည်း ကင်ဆာဖြစ်ပွားမှုအများဆုံးမှာ ဘီပိုး နှင့် စီပိုးကြောင့် ဖြစ်သည်။

နေပူထဲသွားလာ ဆင်ခြင်စရာ- (ဒေါက်တာ အောင်သန်း)

23Aug 2010

ဆောင်းရာသီရောက်သော်လည်း နေ့ပူ ညချမ်းမို့ နေ့လယ် ပိုင်းတွင် နေပူဒဏ်ကို ခံရမြဲ ဖြစ်သည်။
ဆောင်းရာသီမှ အပူဒဏ်သည် နွေရာသီသို့ ဆက်သွားပြီး အပူဒဏ်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
ပူပြင်းသည့် အချိန်တွင် ပတ်ဝန်းကျင် အပူချိန်သည် ၁၀၂-ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၇-ဒီဂရီ ဖာရင်စိုက်အထိ မြင့်တက်လာနိုင် သည်။

လူ့ခန္ဓာကိုယ်၏ သာမန် အပူချိန်မှာ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ ခန္ဓာကို အပူချိန် ၁၀၆-ဒီဂရီ ဖာရင်ဟိုက်ရှိလျှင် ကြာရှည်ပါက ဦးနှောက်ကို ထိခိုက်နိုင်သည်။

အပူချိန် ၁၀၉.၆ ဒီဂရီ ဖာ၇င်ဟိုက်ရှိလျှင် သေဆုံး နိုင်သည်။ လူ့ခန္ဓာကိုယ်တွင် အပူထိန်းချုပ်မှု စနစ် ရှိရာ ခန္ဓာကိုယ်အတွင်း အပူချိန် မျှတစေရန် ဆောင်ရွက်ပေးသည်။
ပြင်ပ ပတ်ဝန်းကျင် အပူချိန်မြင့်တက်လာသော်လည်း ခန္ဓာကိုယ် အပူချိန် မမြင့်တက်စေရန် ထိန်းချုပ်ပေးသည်။

( အပူဒဏ် ပိုမို ခံစားရသူများ)

ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဖျားနာသူများ၊ အင်အားချည့်နဲ့သူများ၊ ခန္ဓာကို ခုခံအား လျော့နည်း သူများ၊ နာတာရှည် ရောဂါ တမျိုးမျိုးကို ခံစားနေရသူများသည် အပူဒဏ်ကြောင့် အခြေအနေ ပိုမို ဆိုးရွား နိုင်သည်။ ၀လွန်းသူများ၊ အရက်သောက်ထားသူများသည် အပူဒဏ်ကို ပိုမိုခံစားရသည်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ လူနာများသည် အပူဒဏ်ကြောင့် ရောဂါထ၍ လေဖြတ်သည်အထိ ဖြစ်နိုင်သည်။

( နေရောင်ခြည်)

အပူဒဏ်ဟု ဆိုရာတွင် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမှ ခံစားရမှု ဖြစ်သည်။
ခန္ဓာကိုယ်အပေါ် နေရောင်ခြည်၏ အကျိုးသက်ရောက်မှုသည် နေရောင်ခြည်နှင့် ထိတွေ့မှု အချိန်ကာလအပေါ် မူတည်၍ ကွာခြားသည်။

နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည် (ultravioletrays) နှင့် အနီအောက် ရောင်ခြည် (infra red rays) နှစ်ခုအကြားတွင် ရှိသည့် ရောင်ခြည်များ ပါရှိသည်။ ခရမ်းလွန်ရောင်ခြည်သည် လူတို့ကို ပိုမို အန္တရာယ် ဖြစ်စေသည်။

(အပူဒဏ်နှင့် မျက်စိ)

ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည် ကျရာက်ပါက မျက်စိထဲသို့လည်း ခရမ်းလွန်ရောင်ခြည်များ ၀င်ရောက်ပြီး မျက်စိရောဂါများကို ဖြစ်စေ နိုင်သည်။

အများဆုံး တွေ့ကြုံရသည့် မျက်စိရောဂါမှာ မျက်သား တက်ခြင်း ဖြစ်သည်။
မျက်ကြည်လွှာပေါ်သို့ မျက်သားတက်ရာမှ သူငယ်အိမ်ကို ဖုံးအုပ်သွားပြီး မျက်စိကွယ်နိုင်သည်။

ထို့အပြင် မျက်ကြည်လွှာ အပေါ်ယံ နေပူလောင်ခြင်း (photo keratitis) လည်း ဖြစ်နိုင်သည်။
ပင်လယ်ကမ်းခြေ၌ နေပူဆာ လှုံသူများ၊ ပင်လယ်ပြင်တွင် အလုပ် လုပ်သူများ၌ ဖြစ်တတ်သည်။
မျက်စိနာခြင်း၊ ကျိန်းခြင်း၊ မျက်ရည်ကျခြင်းတို့ကို ခံစားရသည်။

ခရမ်းလွန် ရောင်ခြည်နှင့် မျက်စိတိမ် ရောဂါ ဖြစ်ပွားမှု ဆက်စပ်ခြင်း ရှိသည်ကို လေ့လာ တွေ့ရှိထားသည်။
နေကာမျက်မှန်တပ်ခြင်းဖြင့် မျက်စိထိခိုက်မှုမှ ကာကွယ်နိုင်သည်။

http://hittai.net/hittai/hittai/rom5/home6/21/aug23a2.jpg

(အပူဒဏ် ရောဂါများ)


အပူဒဏ်ကြောင့် အပူရှပ်ခြင်း (heat stress)
အပူဒဏ်ကြောင့် နွမ်းနယ်ခြင်း (heat exhaustion)
အပူဒဏ်ကြောင့် မေ့မြောခြင်း (heat stroke) တို့ ဖြစ်ပွားနိုင်သည်။

အပူရှပ်ခြင်းဖြစ်လျှင် ချွေးထွက်တတ်သည်။ ရေငတ်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းတို့ ဖြစ်နိုင်သည်။
အပူဒဏ်ကြောင့် နွမ်းနယ်ခြင်း ဖြစ်လျှင် ချွေးစေးများ ထွက်ပြီး ခန္ဓာကိုယ်မှာ အေးစက်နေသည်။ ကြွက်တက် တတ်သည်။

မောပန်း နွမ်းနယ်၍ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ် အောင့်ခြင်း၊ ပျို့အန်ခြင်း တို့ ဖြစ်နိုင်သည်။ အသက်ရှူ ကျပ်လာပြီး သတိလစ်သွားနိုင်သည်။

အပူလွန်ကဲသည့်အခါ အပူချိန် ၁၀၄-ဒီဂရီ ဖာရင်စဟိုက်အထက်ရှိပြီး ခေါင်းမူးခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ ကယောင်ကတမ်း ပြောခြင်း၊ အကြောဆွဲခြင်း တို့ဖြစ်၍ အပူချိန် မြင့်သထက်မြင့် လာပြီး သတိလစ် မေ့မြော သွားနိုင်သည်။

(နေပူဒဏ်နှင့် အ၀တ်အစား)

နွေရာသီတွင် အနက်ရောင် အနီရောင် စသည့် ရင့်သောအရောင်ရှိသည့် အ၀တ်များကို မ၀တ်သင့်ချေ။ ရင့်သည့်အရောင်များသည် အပူကို ပိုမိုစုတ်ယူနိုင်သဖြင့် အပူဒဏ်ကို ပိုမို ခံစားရနိုင်သည်။

အရောင်ဖျော့သည် အ၀တ် သို့မဟုတ်-အဖြူရောင်အ၀တ်များသည် အလင်းရောင်ပြန်နိုင်၍ ၀တ်ဆင်သင့်သည်။ ပွသော ချည်ထည် အ၀တ်များသည် အသင့်လျော်ဆုံး ဖြစ်သည်။

အ၀တ် ပါးပါးသည် အပူရှိန် ရောင်ပြန် ဟပ်မှုကိုပါ ကာကွယ် ပေးသည်။

(အပူဒဏ်နှင့် အရေပြား)

နေရောင်ခြည်ရှိ ခရန်းလွန်ရောင်ခြည်ကြောင့် အရေပြားကို အရောင်ရင့်စေသည်။
အသားအရေကို ညိုစေသည်။
နေရောင်ခြည်အောက်တွင် ကြာရှည်စွာ နေထိုင်ပါက ခရမ်းလွန် ရောင်ခြည်သည် အရေပြားကို နီရဲစေပြီး နာကျင်စေနိုင်သည်။
အရေပြား ကင်ဆာအထိပင် ဖြစ်စေနိုင်သည်။

http://hittai.net/hittai/hittai/rom5/home6/21/aug23a3.jpg

(အမိုး အကာ သယ်ယူစရာ)

နေပူထဲသို့သွားလျှင် ထီး၊ ဦးထုပ်၊ ခမောက်၊ တခုခုကို ဆောင်း၍ သွားသင့်သည်။
သို့မှသာ နေရောင်ခြည်ရှိ ခရမ်းလွန်ရောင်ခြည်နှင့် အရေပြား တိုက်ရိုက် ထိတွေ့မှုအား ကာကွယ်နိုင်မည် ဖြစ်သည်။

(နေပူထဲ ရှောင်စရာ)

နေပူထဲတွင် ရေချိုးခြင်း၊ ရေကူးခြင်းများကို ပူပြင်းသောအချိန်၌ မပြုသင့်ချေ၊
နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ အရိပ်တွင် နားပြီးမှသာ ရေချိုးသင့်သည်။

ကလေးများသည် နေပူထဲတွင် ကစားတတ်ရာ လူကြီးများကလည်း ဂရုမပြုမိဘဲ ရှိတတ်သည်။
နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ချေ။

(အပူဒဏ် ကုသရေး)

ချွေးထွက်များလျှင် ရေကိုမကြာခဏ သောက်ပေးရမည် ဖြစ်သည်။
ရေနှင့် ဆားဓာတ်တို့ ဆုံးရှုံးမှုကို ပြန်လည်ဖြည့်းတင်းပေးရန် ရေ-သို့မဟုတ် ရေနွေးကြမ်းတွင် ဆား အနည်းငယ်ထည့်၍ သောက်နိုင်သည်။
ဓာတ်ဆားထုပ် ရှိလျှင်လည်း ဖျော်သောက်နိုင်သည်။
ထို့အပြင် သစ်သီး ဖျော်ရည်များကိုလည်း သောက်နိုင်သည်။

မိတ်ဖု ယားနာဖုများ ထွက်လျှင် ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကို ပြုလုပ်ရသည်။ နာရီပိုင်းအတွင်း ကိုယ်အလွန်ပူပြီး အရေပြား နီမြန်းခြင်း၊ ကယောင်ကတမ်း ပြောခြင်း တို့ဖြစ်လျှင် ဆေးရုံဆေးခန်း သို့ပြ၍ ကုသမှုကို ခံယူသင့်ပါသည်။

ကျွန်တော်တို့ နေ့တိုင်းစားနေကြတဲ့ အချိုမှုန့်ခေါ် အန္တရာယ်မှုန့်အကြောင်း



ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ၊ အင်တာနက်
စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းပြီး
အကြော်လုပ်ငန်းတွေ အကြော်မျိုးစုံ ကြော်တဲ့ နေရာမှာ ရေသန့်ဘူးတွေ ဆီထဲ
ထည့်ကြော်မကြော် လိုက်စစ်ပြီး ကြော်တာ စစ်ဆေးတွေ့ရှိရင်
စည်ပင်သာယာဥပဒေနဲ့ရော FDA ဥပဒေနဲ့ပါ နှစ်မျိုး အရေးယူသွားမယ် လို့
ဖတ်လိုက်ရလို့ ၀မ်းသာမိပါတယ်။

ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန်မြင့်မားတဲ့
ဆီပူပူထဲမှာ ထည့်ကြော်မယ်ဆိုရင် ပလတ်စတစ်တွေထဲက Bisphenol-A (BPA) အပါအ၀င်
အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။
ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ် နဲ့
မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ်ကင်ဆာ အပါအ၀င်
ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့ ထည့်ကြော်ကြရတာလဲ ဆိုတော့
အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို
ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ
အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ အဲဒီလို လုပ်ရပ်တွေကို
အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအချို့က လုပ်ကိုင်နေတယ်လို့
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။ ဒါကြောင့် ဒီလို ၀ိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို
လိုက်လံစစ်ဆေးပြီး အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို
ပြည်သူ့ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်တဲ့ အစားအသောက်နဲ့
ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့နိုင်ငံမှာ အခိုင်အမာ ရှိလာပါစေလို့
ဆန္ဒပြုလိုက်ပါတယ်။

ရေသန့်ဘူး ကိစ္စအတွက် ၀မ်းသာရပေမယ့် ကျွန်တော် နောက်ထပ် ဘ၀င်မကျဖြစ်နေလို့ တင်ပြချင်တဲ့ အချက်က
အချိုမှုန့် ပါပဲ။ ကျွန်တော် သိသလောက် ကတော့ ယနေ့ကမ္ဘာပေါ်မှာ အချိုမှုန့်ကို
နိုင်ငံတဲ့အ၀ှမ်း တွင်တွင်ကျယ်ကျယ် စားသုံးနေတဲ့ နိုင်ငံဆိုလို့
ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိမလားပဲ။ သေချာတာကတော့
အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့
နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။ ဒီလို
ဘေးအန္တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့် အချိုမှုန့်အရသာကို
ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့်တော့ပါဘူး။ ဖြတ်သင့်ပါပြီ။

အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ နှစ်ပြန်ကြော်များထဲမှာ
အချိုမှုန့်တွေ အတုံးလိုက်အခဲလိုက် ထည့်နေတဲ့ ကိစ္စပါပဲ။ ပြည်သူတွေဘက်က
တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို
ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ အချိုမှုန့်အန္တရာယ်
များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ (တချို့ဆို အချိုမှုန့်နဲ့
မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ
အသိဥာဏ် မဲ့ရာ ရောက်ပါတယ်)

အချိုမှုန့် ဆိုတာ ဘာလဲ။

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodiumglutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic
Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free
Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို
ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား
ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။
Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု
စနစ်ကောင်း (GMP စနစ်)ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့
လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို
တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို
ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း
ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော်အပေါင်းတွေပါ
ပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို
အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့
အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့
ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့
အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။
ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။
အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ
အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant)
မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင်
ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက
တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata,thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက်
စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို
ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့် ရှိကာ အ၀လွန်ပြီး
ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား
ကျန်းမာရေး/လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden)
ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက်
နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ
လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။(Chinese Restaurant Syndrome)ခေါ် တရုတ်စားတော်ဆက်ရောဂါစု
ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက်
စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ
ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ
တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊
ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့
ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့
ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့
ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့
ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က
ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့
နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင်
သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို
ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ
ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ
မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို
အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။
ဒါဆိုရင်တော့ အန္တရာယ်
နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ
အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့
အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List)
ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ
ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို
ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက်
ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့်
မစားခဲ့ကြတာလည်း ပါပါတယ်။

http://www.mmdailynews.com/news_images/Monosodium_Glutamate_Monosodium_GlutamateMSG_seasoning.jpg

တီဗွီကြည့်ချိန်များခြင်းသည် ကလေးများ အတွက် စိတ်ရောဂါ ရရှိနိုင်

တစ်ရက်လျှင် ၂ နာရီထက်ပို၍ တီဗွီကြည့်ခြင်းနှင့် ကွန်ပျူ တာဂိမ်းကစားခြင်းတို့သည် ကလေးများတွင် စိတ်ပိုင်း ဆိုင်ရာ အခက်အခဲများရရှိစေနိုင်ကြောင်း သတင်း ရရှိသည်။ ကလေးငယ်၏ ကျန်းမာသန်စွမ်းတက်ကြွမှုနှင့် မသက်ဆိုင်ဘဲဖြစ်နိုင်သည်ဟုဆို၏။



အသက် ၁၀နှစ်နှင့် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ထောင်ကို တီဗွီဖန်သားပြင်ရှေ့တွင် ထိုင်သည့် အချိန်နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေတို့ကို လေ့လာမှုအရတွေ့ရှိခြင်းဖြစ်သည်။ ထို့အပြင် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာသည့် စက်ဖြင့်လည်း ကလေးငယ် ထိုင်သည့်အချိန်နှင့် ကိုယ်လက်လှုပ်ရှားခြင်းတို့ကို မှတ်တမ်းပြုသည်။

လေ့လာတွေ့ရှိချက်များအရ တစ်ရက်လျှင် ၂ နာရီထက်ပို၍ တီဗွီကြည့်ခြင်းနှင့် ကွန်ပျူတာဆော့ကစားခြင်းတို့သည် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ ပိုမိုဖြစ်စေကြောင်းဖြစ်သည်။ အခြားသော ကိုယ်လက်လှုပ်ရှားမှုတို့နှင့် မသက်ဆိုင်ဟုလည်း ဆိုသည်။

ကလေးများ တီဗွီကြည့်ချိန်ကို လျော့ချခြင်းသည် ကလေး၏ အနာဂတ် ကျန်းမာရေးနှင့် စိတ်လုံခြုံမှုတို့အတွက် အရေးကြီးကြောင်း ထောက်ပြထားပါသည်။

မောက္ခနိုင်ငံတကာပညာရေးသတင်း

http://www.maukkha.org/index.php?option=com_content&view=article&id=1052:2010-10-24-00-54-17&catid=120:2010-10-11-07-37-22&Itemid=374

ကွန်ပြူတာဂိမ်းများသည် အရိုးနှင့် ပတ်သတ်သော ရောဂါအတော်များများကို ဖြစ်စေ



ဂိမ်းများကို အလွန်အကျွံစွဲလမ်းသော နည်းပညာခေတ်၏ ကလေးငယ်များ၏ အများဆုံးရင်ဆိုင်ကြုံတွေ့ လာရမည် မှာ ဗီတာမင်ဒီချို့ တဲ့မှုကြောင့် အရိုးများသန်မာမှုကျဆင်းလာပြီး ကင်ဆာနှင့် ချဉ်ဆီအားနည်း ခြင်းများကြုံ တွေ့ လာမည်ဖြစ်သည် ဟု ဗြိတိန်နိုင်ငံ ဆောက်သန်တမ် ကျန်းမာရေးလေ့လာသူများက ပြောကြားခဲ့ကြသည်။

ပြင်ပပတ်ဝန်းကျင် နှင့် ဆက်စပ်သောအားကစားများတွင် ပါဝင်မှု မရှိဘဲ အိမ်တွင်းအောင်း ဂိမ်းကစားကြသော ကလေးငယ်များ အထူးသဖြင့် ခန္ဓာကိုယ်ဖွံဖြိုးမှူ လိုအပ်သာ အသက် ၁၀နှစ်ကျော် များတွင် ကျောရိုးဆစ်ပျော့သော ရောဂါများမှတစ်ဆင့်အာရုံကြောအားနည်းခြင်း၊ လုံလောက်သော နေရောင်မရှိမှု ကြောင့် ထင်ရှားသော ရောဂါများသည် အရေပြားကင်ဆာ၊ ရင်ကျပ်ရောဂါ၊ သွေးကင်ဆာ၊ နှင့် ခြေမခိုင်သော ဒူးဆစ်များကိုက်ခဲ သော အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပွားမှုနှန်းများ တိုးမြင့် လာကြကြောင်း လေ့လာမှုများအရ သိရှိနေရသည်။

ကာကွယ်မှုများအဖြစ် ကလေးငယ်များကို ကွန်ပြူတာ အလွန်အကျွံသုံးစွဲမှုများကို တားမြစ်ပြီး အိမ်မှကျောင်းသို့ လမ်းလျှောက်သွားတတ်သော အလေ့အကျင့်များ ပြုလုပ်ပေးခြင်း အားလပ်ချိန်များတွင် နေရောင်ခြည်ကောင်းမွန်စွာရရှိသော ကစားကွင်းများတွင် ကိုယ်လက်လှုပ်ရှားမှုကို ဦးစားပေးသည့် အားကစားများကို ကစားစေခြင်း၊ ကယ်လ်ဆီယံ ဖြည့်စွက် အစားအစာများ ပိုမိုစားသုံးစေခြင်းနှင့် ကယ်လ်ဆီယံကြွယ်ဝသော နွားနို့သောက်သုံးသည့် အလေ့အကျင့်များကို ပြုလုပ်ပေးရမည် ဖြစ်သည်။

ရာသီဥတု အေးမြချိန်များတွင် တစ်နေရာထဲတွင် ရှည်ကြာစွာ ထိုင်၍ လုပ်ကိုင်ရသော နေထိုင်မှု ပုံစံများကို အုပ်ထိန်းသူများက စောင့်ကြည့်၍ သင့်တော်သလို လှုပ်ရှားမှု ရှိစေရန် အလုပ်တာဝန်များ ပေးခြင်း၊ မိသားစုနှင့်အတူ ပျော်ရွှင်စွာ အချိန်ကုန်စေခြင်း၊ မိဘများကိုယ်တိုင်ကလည်း ရုပ်မြင်သံကြား တီဗွီများ ရှေ့တွင်သာ အဟာရမရှိသော အရံသင့်အစားအသောက်များ စားသောက်၍ သားသမီးများနှင့် အချိန်ကုန်ဆုံးသည်ထက် မိသားစုဝင် အားလုံး ပါဝင်ပူးပေါင်းနိုင်သည့် အစားအသောက်များ ကစားနည်းများ ဖန်တီး၍ ကျန်းမာရေး စောင့်ရှောက်မှုကို အထောက်အကူပြုသော နေထိုင်မှု ပုံစံသစ်ကို ဖန်တီးသင့်ပေသည်။

http://mmdailynews.com/news_images/bonesoft.jpg

ပေါင်ပေါ်တွင် Laptop တင်သုံးသည့် အမျိုးသားများ သတိပြုစရာ

ပေါင်ပေါ်တွင် Laptop တင်သုံးသည့် အမျိုးသားတဦး​​ © nydailynews

သုတေသီများက ပေါင်ပေါ်တွင် Laptop​ ကွန်ပျူတာ​ တင်ကာ ကြာမြင့်စွာ သုံးစွဲခြင်းသည် အမျိုးသားများ၏ ကိုယ်ရည်​ ကိုယ်သွေးကို ထိခိုက်​ စေနိုင်ကြောင်း သတိပေး​ လိုက်သည်။

လူပေါင်း ၂၉ ဦးကို လေ့လာမှုများ​ အရ Laptop​ နှင့် ရေရှည်​ ထိတွေ့မှုကြောင့် အမျိုးသားများ၏ သုက်ပိုးများ သေဆုံး​ နိုင်ပြီး မျိုးပွားသည့်​ ကိစ္စတွင် အားနည်းချက် မြင့်မား​ လာနိုင်ကြောင်း အမေရိကန်​ နိုင်ငံ၊ နယူးယောက် အစိုးရ တက္ကသိုလ်မှ ဆီးလမ်းကြောင်း ပညာရှင် ဒေါက်တာ​ ယီဖင် ရှန်ကင်က ပြောကြား​ ခဲ့သည်။ Laptop​ မှ ထွက်လာသည့် အပူဓာတ်သည် ဂျင်း​ ဘောင်းဘီကဲ့သို့ အဝတ်မျိုးကို ဝတ်ထားသူ​ အတွက် ရုတ်တရက် ခံစား​ သိရှိနိုင်မည် မဟုတ်သော်လည်း သုက်ပိုးများကို သက်ရောက်​ နိုင်ကြောင်း ဒေါက်တာရှန်ကင်က ရှင်းပြသွားသည်။

ယခင်က လေ့လာမှုများကမူ Laptop​ မှ ထွက်လာသော အပူဓာတ်သည် အမျိုးသားများ၏ ဝှေးစေ့အတွင်းရှိ သုက်ရည်၏ အရည်အသွေးကို ပြောပလောက်အောင် ထိခိုက်မှု မရှိနိုင်ဟု ယုံကြည်ခဲ့ကြသေးသည်။ ဒေါက်တာရှန်ကင်က ခပ်ကြပ်ကြပ် ဂျင်းဘောင်းဘီနှင့် ကြပ်တည်းသော အတွင်းခံ ဘောင်းဘီတို့သည် အမျိုးသားများ၏ သုက်ပိုးပမာဏကို လျော့နည်းစေသည့် အထောက်အထားမျိုး မတွေ့ရဟု ငြင်းဆိုခဲ့ပြီး မိမိ၏ မျိုးဆက်ကို ချန်ထားလိုသည်ဆိုပါက Laptop​ ကို ပေါင်ပေါ်တင်သုံးခြင်းအား တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ကြောင်းသာ သတိပေး ပြောဆိုသွားသည်။