Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 24 November 2010

ဆေးလိပ်သောက်သူနှင့် မသောက်သူတို့တွင် ဖြစ်သော အဆုတ်ကင်ဆာ ပုံစံကွဲ

မူလက အဆုတ်ကင်ဆာတွင် မျိုးကွဲမရှိဟု ယူဆထားသော်လည်း တစ်သက်လုံး ဆေးလိပ်မသောက်ဘဲ ရောဂါရလာသူများတွင် ရှိနေသော ကင်ဆာသည် ဆေးလိပ်အလွန်အကျွံ သောက်သူများတွင် ဖြစ်နေသည့် ကင်ဆာနှင့် ကွဲပြားမည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်လာ

ဆေးလိပ်သောက်သူများတွင်ဖြစ်သော အဆုတ်ကင်ဆာနှင့် ဆေးလိပ်မသောက်ဘဲ ဖြစ်တတ်သော အဆုတ်ကင်ဆာတို့ အမျိုးအစား မတူနိုင်ကြောင်း သုတေသီများက သံသယ ရှိနေကြသည်။ မူလက အဆုတ်ကင်ဆာတွင် မျိုးကွဲမရှိဟု ယူဆထားသော်လည်း တစ်သက်လုံး ဆေးလိပ်မသောက်ဘဲ ရောဂါရလာသူများတွင် ရှိနေသော ကင်ဆာသည် ဆေးလိပ်အလွန်အကျွံ သောက်သူများတွင် ဖြစ်နေသည့် ကင်ဆာနှင့် ကွဲပြားမည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားရှိ BCကင်ဆာသုတေသန စင်တာမှ သုတေသီများက ဆေးလိပ်မသောက်ဘဲ ကင်ဆာဖြစ်နေသူများ၏ အဆုတ်ရှိ ကင်ဆာကြိတ်များတွင် DNAပြောင်းလဲမှု ဖြစ်စဉ်များ နှစ်ဆမျှ ရှိနေသည်ကို တွေ့ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုတွေ့ရှိမှုသည် ဆေးလိပ်ကြောင့် ကင်ဆာဖြစ်ရသူများထံမှ တစ်သျှူးနှင့် ဆဲလ်များကိုပါ နှိုင်းယှဉ်လေ့လာပြီးနောက် ဖော်ထုတ်လာနိုင်ခြင်းဖြစ်သည်။ ထိုအချက်သည် အဆုတ်ကင်ဆာ ဖွံ့ဖြိုးကြီးထွားလာမှုသည် မတူညီသော လမ်းကြောင်းများမှ ဖြစ်လာနိုင်ကြောင်း ညွှန်ပြနေသည်ဟု သုတေသီများက ဆိုသည်။ ထို့အပြင် ကင်ဆာအမျိုးအစားအလိုက် DNAပြောင်းလဲမှု မတူညီသော တွေ့ရှိမှုသည် အဆုတ်ကင်ဆာကို ကုသရာတွင် အထောက်အကူ ပြုနိုင်မည်ဟု ပညာရှင်များက မျှော်လင့်နေကြောင်းလည်း သိရှိရသည်။

No comments: