Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 5 December 2009

Chrysler brand joins effort to free 1991 Nobel Peace Laureate in new TV film

PRESS RELEASE

December 4, PRNewswire
Chrysler brand joins effort to free 1991 Nobel Peace Laureate in new TV film

Auburn Hills, Michigan – In an innovative new TV film breaking today, the
Chrysler brand has joined with Lancia Automobiles and the international
community in the movement to call for the release of Aung San Suu Kyi,
Burma's pro-democracy leader and 1991 Nobel Peace Prize Laureate, who has
been in and out of house arrest since 1989.

The 30-second film was initially created as part of the Lancia brand's
sponsorship of the 10th World Summit of Nobel Peace Laureates in Berlin
Nov. 10-11, 2009, for which the theme was "Knocking down new walls and
building bridges for a world without violence." The timing of the summit
also coincided with the 20th anniversary of the fall of the Berlin Wall.
The film first aired in Europe on Nov. 12.

The Nobel Peace organization has led the international effort to raise the
awareness of Aung San Suu Kyi's plight and energize the movement for her
release. Through the film, featuring the Chrysler 300, the Chrysler brand
is demonstrating its commitment to supporting social issues and defending
human rights around the world.

"We produced the TV film in honor of all those who put their lives at
stake in the hopes of making the world a better place," said Oliver
Francois, President and CEO - Chrysler Brand, Chrysler Group LLC, who is
also the Managing Director of Lancia Automobiles. "In particular, those
men and women who are still prisoners, like Aung San Suu Kyi. For
Chrysler, this is a chance to use our brand image to join with others in
the fight for peace and to knock down the walls that divide us. We at
Chrysler believe in doing the right thing and making a difference."

The film opens at the Brandenburg Gate, a symbol of the reunification of
the two sides of Berlin, and continues with images of the Berlin Wall,
those sections that still exist, as a Chrysler 300 drives by on its way to
the front of the city's Town Hall, host of the summit.

The voiceover, which continues throughout the film, says:

"It is possible to build walls that separate city from city, nation from
nation, people from people.

But it is impossible to build a wall that separates man from his freedom...

Because freedom always finds a way to create peace.

This film is dedicated to Aung San Suu Kyi.

Still a prisoner behind a wall of silence."

As the 300 arrives at its destination, men and women, who are the symbols
of peace and the struggle against all forms of oppression and violence,
get out of the cars. Those featured include Mikhail Gorbachev, Executive
President, Soviet Union, 1989-1991; Lech Walesa, President, Poland,
1990-1995; and Muhammed Yunus, founder of the Grameen Bank in Bangladesh
in 1983, who believes that credit is a fundamental human right.

As the music reaches its emotional crescendo, viewers see that one of the
Chrysler 300s is different from the others - it is white. The vehicle
comes to the Berlin Wall, a symbol to people around the world of liberty
denied, then smashes through it, transforming the explosion into a flight
of white doves, a universal symbol of peace.

The Chrysler 300 goes up the steps to the Town Hall, but as the car's rear
door opens, the seat is empty. Someone is missing. It is Aung San Suu Kyi,
who is still a prisoner in her own country.

The Chrysler film will initially break on the brand's Web site
(www.chrysler.com) on Dec. 3 and will then air throughout the day on FOX
News's "O'Reilly Report," "Hannity's America," and "On the Record with
Greta," and on Bloomberg's "Market Today."

In addition, visitors to the Chrysler brand site will have the opportunity
to join the movement to send a message of freedom and solidarity by
linking to YourFaceForFreedom.com. Visitors will be able to replace their
Facebook profile photo with that of Aung San Suu Kyi, which will be
available for download from the site. Then on Dec. 10 when the Nobel Peace
prize is awarded to Barack Obama, the Facebook media platform will
showcase the faces of those calling for the immediate release of the
Burmese leader.
ဇော်ဝင်း (နယူးရော့်ခ် )

မြန်မာလူငယ်များအခေါ် ဂမ်ဗလား ကို စစ်ယူနီဖောင်း ဝတ်ပေးထားလိုက်တဲ့ ဓါတ်ပုံကို ကြည့်လိုက်တာနဲ့ လူတိုင်းဘာအဓိပ္ပါယ်လဲ ဆိုတာ တန်းသိကြမှာပါ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ သူပါဝင်ခဲ့ရာက အခုတော့ ဒါ့ဖာ အရေးကို သူပြောင်းလဲ တာဝန်ယူသွားရပြီ။ သူ့ အတွက် ဒီ ဓါတ်ပုံ လေးတခုပဲ အမှတ်တရလက်ဆောင်ပေးလိုက်ချင်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်မြေးလည်းဖြစ်၊ ကုလသမဂ္ဂထဲ အရာရှိကြီးလဲ ဖြစ် တဲ့ ဦးသန့် မြင့်ဦး က စီပွါးရေးပိတ်ဆို့မှု ရုပ်သိမ်ရေး လုပ်ပေးဖို အခမဲ့ လှုံဆော်နေတာတွေကိုတွေ့ တော့ စိတ်ပျက်ရတယ်။ နအဖကို ခမဲ့  ရှေ့ နေလိုက်ပေးနေတာကိုတွေ့ ရ တော့ သူရည်ရွယ်ချက်ကို သံသယဖြစ်မိတယ်။ တကယ်က စီပွါးရေးပိတ်ဆို့မှု ဖြစ်အောင် စစ်အုပ်စုကပဲ လုပ်နေတာပါ။

စီပွါးရေးပိတ်ဆို့မှု ကို ရုတ်သိမ်းလို့မရအောင်က လဲ စစ်အုပ်စု ရဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဖို့ ၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့ အမိန့်အာဏာနဲ့ ဥပဒေရိပ်ခိုပြီး မတ္တရားရေးဆွဲထားတဲ့ ၂၀၀၈ နိုင်ငံတော်ဖျက်ဆီးပုံ ပြင်ဆင်ဖို့ ဆိုတဲ့ တကယ့် အမျိုးသားရေးအကျိုးစီးပွါးအတွက် အဓိကကျတဲ့ အချက်အလက် တွေကို ဦးသန်းရွှေ က ရဲရဲဝင့်ဝင့်မဆုံးဖြတ်နိုင်သေးတာဟာ အဓိက သော့ချက်ပါ။ စစ်အုပ်စု က မြန်မာတပ်မတော် ကို လမ်းမှား တင်ပေး ပြီး ဆက်လက် မောင်းနှင်နေလို့ နိုင်ငံ့ပြသနာဟာ ကြီးထွားလာရတာပါ။ ပြည်တွင်းစစ်မီးမရပ်နိုင်သေးတာပါ။ ငြိမ်းချမ်းရေး မရသေးတာပါ။ တိုင်းပြည်ဆင်းရဲနေရ တဲ့ ပြဿနာ ဟာ အာဏာ ပိုင် စစ်တပ်က စစ်အုပ်ချုပ်ရေး ညံ့ဖျင်းမှု ကြောင့် မဟုတ်လား။

အန်ကယ်ဦးကြည်မောင်စကား ငှါး သုံးရရင် "ညီမလေး အရပ်ပုရင်ဘာလုပ်ရ မလဲ ဒေါင့်မြင့်ဘိနပ်ဝယ်စီးလိုက်ပေါ့တဲ့" ။ ဒီနေ့ တိုင်းပြည်ရဲ့  ပြသနာ ကို ရှင်း ဖို့က တွေ့ဆုံဆွေးနွေးတဲ့ နည်းက လွဲလို့ အခြား နည်းလမ်းဘာမှမရှိပါဘူး။ ဒီနည်းဟာ အကြမ်းမဖက် အနုနည်း လမ်းစဉ်ရဲ့ အဆင့်အမြင့်ဆုံး သူမသာကိုယ်မနာနည်း ပါ အကောင်းဆုံးပါ။ တွေ့ဆုံဆွေးနွေးတဲ့ နည်းဟာ အဆင့်မြင့်မြင့် နိုင်ငံရေးလုပ်လိုသူတွေရဲ့ တခုတည်းသောနည်း လမ်းပါ။ လက်စားမချေ သင်ပုန်းချေနိုင်တဲ့ ငြိမ်းချမ်းရေး ဦးတည်မဲ့ တခုတည်းသော နိုင်ငံ့ထွက်ရပ်လမ်းပါ။ ဒါ့ ကြောင့် စီပွါးရေးပိတ်ဆို့မှု ရုပ်သိမ်ရေး လုပ်ပေးဖို့ နည်း နဲ့ နိုင်ငံ့ပြသနာ ကို ဆေးမီတို နည်းနဲ့ ရှင်းဖို့လုပ်တဲ့နည်းဟာ ငကြောင်နည်း ဒီနည်းကို အားပေးအား မြှောက်ဝင်လုပ်နေ တဲ့ ဦးသန့်မြေးလေး ကိုသန့်မြင့်ဦး ကို လဲ စစ်ယူနီဖောင်း ဝတ်ပေးသင့်ပါတယ်။ "ဝိပ္ပတ္တိ ခေတ်သမယ ညစ်နိုင်မှလူတော် ရိုးပြန်က လူမိုက်ခေါ်သည် လော်လည်လျှင် ထင်ရှား" ဆိုတဲ့ ရှေးရှေး က ကဗျာ မှန်နေပြီလေလား။

ဒီကနေ့ ကျွန်တော် ဒီစာရေးနေချိန် အထိ ကမ္ဘာ့ကုလသမဂ္ဂက မြန်မာ့အရေး ဘာတခုမှ မယ်မယ်ရရ မလုပ်ဆောင်နိုင်သေးပါဘူး။ လေနဲ့ အပြစ်တင်ကြောင်း ရှုံ့ချပါကြောင်း ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာ များလှပါပြီ။ကျွန်တော် နယူးရော်ခ် ရောက် တာ ၁၉၉၅ မှာ ပါ။ ပြည်ပရောက် အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ ရဲ့ ကုလသမဂ္ဂရုံး တောင် မဖွင့်ရသေးပါဘူး။ နယူးရော်ခ် မှာ စစ်အစိုးရ ရဲ့ အခွန်ရုံး မရှိပါဘူး။ စစ်အစိုးရ ရဲ့ ကုလသမဂ္ဂ ကိုယ်စာလှယ်ရုံး အဖြစ်သာ နာမည် တပ် ထားပေမဲ့ အခွန်ကောက်ပါတယ်။ ကျွန်တော် တို့ နယူးရော်ခ် ရောက် ဒီမိုကရေစီ အင်အားစု တွေ ကမ္ဘာ့ကုလသမဂ္ဂ နဲ့ စစ်အစိုးရ ရဲ့ ကုလသမဂ္ဂ ကိုယ်စာလှယ်ရုံး တို့ ကို သပိတ် မှောက်တဲ့ အကြိမ်ပေါင်း မရေမတွက် နိုင်တော့ပါဘူး။ စစ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး တွေ မုသားတွေ ကို သစ္စာလုပ်ကြသူတွေ ဖြစ်ကြတဲ့ ဦးအုန်းဂျော် ဦးဝင်းအောင် ကနေ အခု ဦးညာဏ်ဝင်း အထိအောင် ရိုးရိုး ဆန္ဒပြ ရာကနေ အနီးကတ် ဆဲတဲ့အထိ အခု နောက်ဆုံးပေါ်နည်းက တော့ ဆဲ လဲဆဲ ဘိနပ်နဲ့လဲ ပေါက်တဲဆန္ဒပြတဲ့နည်း အထိသုံးပြီး ဆန္ဒပြ ကြပါတယ်။

ပြီးခဲတဲ့ လက စစ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဦးဝင်းအောင် ဟာ အင်းစိန်ထောင်ထဲမှာ ပဲ ဆုံးသွားတယ် သတင်းကြားလိုက်ရ တော့ စိတ်မကောင်းတောင် ဖြစ်သွားမိသေးပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂကိုလာ စစ်အုပ်စု ကိုယ်စားလာ လိမ်ကြတဲ့ စစ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် ကို ရှုံ့ချပွဲ အဒီဆန္ဒပြပွဲ မှာ ကျွန်တော်က အခမ်းအနားမှုးလုပ်ပါတယ်။ အင်းစိန်ထောင်ထဲ မဝင်ခင် ကျွန်တော်တို့ နဲ့ မိန့်ခွန်းလိမ်ညာ ပြောတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် တို့ အေးရှဆိုဆိုက်ရတီ အဆောက်အဦ ရှေ့မှာ ထိပ်တိုက်တိုးတော့ ဦးဝင်းအောင် က ခါးလေးထောက်ပြီး ကျွန်တော်တို့ ဆန္ဒပြ ပြကြသူတွေ ကို ရိသလိုလုပ်လို့ ပလူပြန်အောင် ဝိုင်း ဆဲလိုက်ကြတာ ဦးဝင်းအောင် ကားထဲ သုက်သုက်ဝင်ပြေးသွားရတာ အမှတ်ရသွားမိပါတယ်။ နိုင်ငံရေး သံဝေဂ ရစရာပါ။ စစ် အုပ်စု ထဲက ဗိုလ်ခင်ညွန့် နဲ့ ဗိုလ်သန်းရွှေ ပြောင်းတို ပြောင်းရှည်တိုက်ပွဲ ထောက်လှမ်းရေး စစ်တပ် အားပြိုင်ပွဲမှာ ဦးဝင်းအောင် တို့ အရေးနိမ့်သွားပြီး အင်းစိန်ထောင်ထဲမှာ သေသည်အထိနေသွားရ မယ်ဆိုတာ သူ့ကိုယ်သူတောင် သိမှာမဟုတ်ပါဘူး။ ဝဋ်ဆိုတာ လည်တယ် ဆိုတာ ဦးဝင်းအောင်ခမျာ သိသွားပါလေစ။



ဘန်ကီမွန်း နဲ့ စီနေရာ ဂျန်နရယ် အီဘရာဟင်ဂမ်ဘာရီ

We walk for peace by Kinzli & the Kilowatts

ရန်ပွဲလေး သဘောကျလို့  ပို့ လိုက်တာ

ဇာတ်လမ်းအစ...
အင်တာနက်ကဖေးဆိုင်တစ်ခုအတွင်း ဆိုင်အ၀င် ကောင်တာတွင်
ဆိုင်ထိုင်နေသောကောင်မလေးနှင့် ကူညီပေးသူကောင်လေးတစ်ယောက်ရှိေ
န၏
ဆိုင်အတွင်း အသည်းအသန်chatting လုပ်နေကြသူ
ကောင်လေးကောင်မလေးများ မျက်စိအစာကျွေးနေသောဦးလေးကြီးများ တစ်ဖက်အခန်းတွင်
ဖရုသ၀ါစာ စကားလုံးများဖောဖောသီသီသုံးပြီး Game ဆော့နေကြသော
အရွယ်မျိုးစုံယောက်ျားလေးများလည်းရှိနေကြသည်

ထိုအချိန်တွင် ဆိုင်အတွင်းသို့
ပိုက်ဆံအိတ်ခပ်ကြီးကြီးလွယ်ထားပြီးမျက်နှာတွင် မိတ်ကပ်များကို
စိတ္တဇပန်းချီဆရာတစ်ယောက်စိတ်ကြိုက်ချယ်ထားသကဲ့သို့ ပြင်ဆင်ထားသော
အမျိုးသမီးကြီးတစ်ဦးဝင်လာလေသည်
“ သမီးရေ အန်တီ့သမီးနဲ့ video chat ပြောချင်လို့ပါကွယ် လုပ်ပေးပါအုန်း ’’
“ဟုတ်ကဲ့ပါ သမီးဘေးက ဒီကွန်ပြူတာမှာထိုင်လိုက်နော်’’

“ လိုင်းတွေကရောကောင်းရဲ့လားကွယ်
ဟိုနေ့ကတော့အန်တီပြောတာအသံကသိပ်မကြားရလို့ကွယ့် အန်တီ့သမီးလေးက
စင်ကာပူမှာလေ သူက အန်တီနဲ့နေ့တိုင်းနီးပါးစကားပြောချင်တာတဲ့
အိမ်ကိုလည်းဖုန်းဆက်ပါတယ်ကွယ်ခဏခဏပဲ အန်တီက
သူ့မျက်နှာလေးပါမြင်ချင်လို့ဒီကိုလာရတာပါ
တကယ်ဆိုအန်တီကလေဒီလိုလူတွေကြားထဲစကားသိပ်ပြောတတ်တာမဟုတ်ဘူး သိတယ်မှတ်လား
ဒီအချိန်ကအရမ်းပူတာလေ အန်တီက Aircon
အခန်းထဲမှာနေရမှနေလို့ကောင်းတာသမီးရဲ့ ”

“ ဟုတ်ကဲ့ ကျွန်မတို့ဆိုင်ကအမြန်နှုန်းက အရမ်းကောင်းပါတယ်အန်တီ
လှစ်လှစ်ကိုပြေးနေတာပဲပြီးတော့ ဒီဆိုင်မှာက မီးစက်ကို ၂၄
နာရီမောင်းထားတာပါ ဒီတော့ Aircon ကလည်းအမြဲအေးပါတယ်ရှင့် သြော်..
ရပြီအန်တီ အန်တီ့သမီးကိုပြောလို့ရပါပြီနော် ဟယ်လို ဟယ်လို
ကြားရလားခဏလေးနော် ရော့အန်တီ ..ပြောလို့ရပါပြီ ”

“အေး သမီးရေ မေမေပါ ကြားရလားသမီးလေးသမီးလေးနေကောင်းရဲ့လား
ဒီနေ့သမီးလေးနားရက်ဆိုလို့
မေမေလာခဲ့တာလေသမီးရဲ့သမီးဖေဖေကတော့မလိုက်လာဘူးလေ
သူကဒီလိုလာပြောရတာကိုရှက်လို့တဲ့ကွယ် တကယ်တော့ဘာရှက်စရာလဲ သမီးရယ်
ကိုယ့်သမီးက နိုင်ငံခြားရောက်နေလို့ ဒီလိုလာပြောခွင့်ရတာလေ
သူများတွေများဒီလိုအခွင့်ရလို့လား လမ်းထဲကမိန်းမတွေကလေ
မေမေ့ကိုမနာလိုတောင်ဖြစ်နေကြတာသမီးရဲ့သိလား
သူတို့မနာလိုပိုဖြစ်အောင်အခုဆို ပိုလို့တောင်လုပ်ပြသေးတယ် မေမေကလေ
ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားနေတဲ့သားသမီးရှိတဲ့
မိဘတွေနဲ့ပဲအပေါင်းအသင်းလုပ်တော့တာ
ဒါမှ သူပြောတာကိုယ်သိကိုယ်ပြောတာသူနားလည်ဖြစ်မှာပေါ့သမီးရဲ့ နော်..”

ထိုအချိန်တွင်ဆိုင်အတွင်းသို့ ခပ်ရိုးရိုးပုံစံ
အမျိုးသားကြီးတစ်ဦးဝင်လာသည်ကောင်တာမှကောင်မလေးကို “သမီး
ဦးလေးသားကိုတစ်ချက်လောက်ခေါ်ပေးစမ်းပါကွယ် ” “ဦးလေးသားကဘယ်သူလဲရှင်”
“ညိုမောင်တဲ့ကွယ့် ” “သြော် ဟုတ် ဒီဆိုင်ထဲမှာရှိနေတာလား ခဏလေးနော်” “
ဟာ.. မဟုတ်ဘူးလေ သမီးရဲ့ ဦးလေးသားက မလေးရှားမှာလေ
သူနဲ့စကားပြောချင်လို့သမီးကိုဖုန်းခေါ်ခိုင်းတာ
အရင်တော့ဦးလေးသားအကြီးကဒီကနေလာပြောတယ်ဆိုပဲကွယ့်ဦးလေးကခုမှလာဖူးတာ
ငါ့တူမပဲခေါ်ပေးပါအုန်း ”

(အမျိုးသမီးကြီး……… )
သမီးအလုပ်ရောအဆင်ပြေရဲ့လားသမီးရေ အမ်..ဘာဖြစ်တယ် ဘာလျှောက်တာမရဘူး ပီအာ
(PR) ဟုတ်လား လျှောက်မနေပါနဲ့သမီးရယ် ၀ယ်လိုက်ပါလား အဲဒါကို
..သြော်မရဘူးလားဝယ်လို့ အေးလေဒါဆိုလည်းဘယ်တတ်နိုင်ပါ့မလဲကွယ်
မေမေကပိုက်ဆံပေးရင်ဝယ်လို့ရမယ်ထင်နေတာသမီးရဲ့
ဒါဆိုသမီးလေးကဘယ်လိုလုပ်မှာလဲ ဒီလကုန်မှာ
သမီးနေရမယ့်ရက်ပြည့်သွားပြီဟုတ်လား အဲလိုဆိုတော့ သမီးကပြန်လာရမှာလား
ပြန်တော့မလာနဲ့သမီးရယ် ရပ်ကွက်ထဲကလူတွေကအတင်းပြောကြမှာ

( ဆိုင်မှ ကောင်မလေးနှင့် အမျိုးသားကြီး……)
ဟယ်လို ဟယ်လို မလေးရှားကလားရှင် ခဏလေးနော် မြန်မာပြည်ကဆက်တာပါ
ဦးလေးရပြီနော် ပြောလို့ရပါပြီ ဟယ်လို ဟယ်လို သားလားကွ ငါပါ မင်းအဖေလေ
အေး ….ခွီးတဲ့မှပဲကွာ မင်းကလည်း ငါတို့ကိုအဆက်အသွယ်တောင်မလုပ်တာကြာပြီ
မင်းအဆင်ပြေရဲ့လားကွ ဘာဖြစ်တယ် အိုဖြစ်သွားလို့ဟုတ်လား မင်းက
မိန်းမဘယ်တုန်းကယူလိုက်လို့ အိုသွားတာတုန်းကွ မင်းကွာ
မိဘကိုတောင်မတိုင်ပင်ပဲ ဘိုမတွေကိုယူလိုက်တာလားကွာ
ဒါတော့ငါသိပ်စိတ်ဆိုးတယ်

သြော် နေဖို့ရက်လွန်သွားတာဟုတ်လား ဒါဆိုလည်းပြန်လာလေကွာ
မင်းကအဘတို့ကိုချမ်းချမ်းသာသာထားချင်တယ်
ပိုက်ဆံများများရှာချင်တယ်ဆိုလို့သာငါတို့ကလွှတ်ပေးရတာ
ရွာမှာလယ်လုပ်စားလည်း ထမင်းမငတ်ပါဘူးကွာ ရွာသာပြန်ပြီးအေးဆေးနေပါလားကွာ
မင်းသွားတုန်းက အဘတို့ရောင်းလိုက်ရတဲ့
လယ်တွေနဲ့နွားမကြီးလည်းအခုပြန်ဝယ်ပြီးပါပြီကွ
ငါတို့ဒီမှာအားလုံးအဆင်ပြေတယ်
မင်းပို့တဲ့ပိုက်ဆံတွေအဘတို့ မဖြုန်းပစ်ပါဘူးကွာ

(အမျိုးသမီးကြီး……….)
ဟိုဟာလေသမီးအရင်နေတဲ့ အက်စ်ပတ် ( S pass ) ဆိုလား ဘာလား
အဲဒါကိုပဲပြန်လုပ်ပါလားသမီးရဲ့လုပ်ထားလား အေး အေးကောင်းတယ်သမီး
ပြန်လာဖို့တော့မစဉ်းစားပါနဲ့သမီးရယ် နော် မရခင် ရက်ပြည့်သွားရင်
အဲဒီမှာနေလို့မရတော့ဘူး ဟုတ်လား ဒါဆိုဘယ်လိုလုပ်ရမှာလဲကွယ့်
Stay ရှောင်ရမယ် အေးလေဘယ်တတ်နိုင်ပါ့မလဲကွယ် ဒါနဲ့
သမီးကဘယ်ကိုသွားမှာလဲ ဘယ်လိုဘယ်လို အော်ဇီ ဟုတ်လား ဘာတုန်းသမီးရဲ့
အော်ဇီဆိုတာဘာတုန်းမေမေမှမသိတာ သြော် Australia ကိုလား
အင်းသမီးကသွားမှဖြစ်မယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲသွားပေါ့ကွယ်

ပြန်လာလို့တော့လုံးဝမဖြစ်ဘူးနော်သမီး မေမေတို့ဂုဏ်ငယ်သွားမယ်သမီးရဲ့
ပိုက်ဆံရတာမရတာကအရေးမကြီးပါဘူးကွယ်သမီးလိုရင် ညည်းဖေဖေမသိအောင်
မေမေပို့ပေးမှာသိလား ပြန်သာမလာနဲ့ နော်

(အမျိုးသားကြီး………….)
မင်းတို့က မိုးမလင်းခင်ကတည်းကအလုပ်သွား
မိုးစုန်းစုန်းချုပ်မှပြန်လာရတာဆိုကွ ရွာမြောက်ပိုင်းက
ဖိုးထောင်ကသူ့အိမ်ကို စာရေးတာအဲလိုမျိုးပါတယ်တဲ့ကွ
ပင်ပန်းတာလည်းလွန်ပါရောဆို ညပြန်ရောက်တာနဲ့ တချိုးတည်းအိပ်တာ
အချင်းချင်းတောင်စကားမပြောနိုင်ဘူးဆို
မင်းတို့ဟာကလည်းကွာ ရွာမှာလယ်လုပ်တာထက်ပိုဆိုးနေပါလားကွာ
ဟိုပွဲစားပြောသွားတုန်းကတော့ အဘတို့တတွေ အေးအေးနေတော့ဆိုကွ

အဘသားကဟိုရောက်ရင်ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး Aircon
ခန်းထဲမှာအေးအေးနေရပြီး ပိုက်ဆံရမှာဆို ဒါဆိုဒီကောင်ကငါတို့ကိုလိမ်တာပေါ့
နေပစေအုန်း တစ်ခါလောက်တော့မှတ်လောက်သားလောက်အောင်
ရွာကကာလသားတွေခေါ်လာပြီးပြသနာ သွားရှာပစ်ရမယ်ကွာ ဘာမလုပ်ပါနဲ့လဲကွ
ဒီလိုကောင်မျိုးတွေကို ဒီလောက်တော့ပြောသင့်တာပေါ့ကွာ မင်းကလည်း
ေ….ာက်ရေးမပါတာ ဘာဂရုစိုက်ရမလဲကွ မင်းအဘငါ့အကြောင်းလဲသိတယ်မလား

(အမျိုးသမီးကြီး နှင့် အမျိုးသားကြီးအခြေအတင်ပြောခန်း.. )
အို … အသံကြီးကလည်းအကျယ်ကြီးနဲ့အလိုက်မသိလိုက်တာဒီလူကြီးနှယ်
ဒီဘက်မှာသူများတွေ စကားပြောနေတယ်ရှင့်
ရိုင်းရိုင်းစိုင်းစိုင်းတွေကလည်းပါသေး
အဆင့် ကိုမရှိဘူးတကယ့် တစ်လုံးချိုင့်ပဲ

အလိုဗျာ ခင်ဗျားဘာသာစကားပြောတာ
ကျုပ်ကလာဝင်လုပြောနေလို့လားအသံကျယ်တာဘာဖြစ်တုန်း တိုးတိုးပြောရအောင်
လူမကြားဝံ့တာပြောနေတာမှမဟုတ်တာ
ကျုပ်လည်း ဒီမှာနိုင်ငံခြားကကျုပ်သားနဲ့ပြောနေတာပါဗျ

အမယ်လေး မလေးရှားသွား အလုပ်ကြမ်းလုပ်နေရတဲ့
သားအကြောင်းများစကားလုပ်ပြောနေသေးတယ်
ကျွန်မသမီးကပင်ပင်ပန်းပန်းလုပ်စရာမလိုတဲ့ ဘွဲ့ရရှင့်
အခုလည်းစလုံးမှာသိရဲ့လား
ရှင့်သားလို O ဖြစ်နေတဲ့ မလေးကလူတွေကိုအခု အုံလိုက်ကျင်းလိုက်
ဒီပြန်ပို့ခံနေရတာအားလုံးအသိပဲ
လူကိုများဘယ်ခေတ်မှာနေနေတယ်ထင်လဲ အခုက Internet ခေတ်ရှင့် သိရဲ့လား
ဘာမှကိုဖုံးကွယ်ထားလို့မရဘူး အားလုံးက Internet ပေါ်တက်လိုက်ရင်
အကုန်ပေါ်တယ်

ခင်ဗျားသမီးက စလုံးမှာဟုတ်လား ဘာတုန်းဗျ စလုံးဆိုတာ ဘွဲ့ရဆိုတော့..သိပြီ
စစ်ကိုင်းချောင်မှာသီလရှင်ဝတ်နေတာလား ဘာဘွဲ့ရတာတုန်းဗျ မသုဓမ္မစာရီဘွဲ့လား
ဘယ်နှစ်ဝါရှိပြီတုန်း အေးဗျာ ကျုပ်သားလို လူတွေကိုပြန်ပို့တယ်ဆိုတော့လည်း
ကောင်းတာပါပဲ ကျုပ်တို့ကလည်း ကျုပ်သားကိုပြန်တွေ့ချင်လှပါပြီ
အင်တာနက်တက်တာတွေဘာတွေတော့မသိဘူးဗျ အိမ်သာတက်ရင်လည်းအားလုံးပေါ်တာပါပဲဗျ
ခင်ဗျားနှယ်ဗျာ မသိဘူးလား

ရှင်နော်ရှင် ခက်ပါတယ်လေ ဘာမှနားမလည်တဲ့သူကိုပြောရတာ
နွားကိုချောကလက်ကျွေးသလိုပဲဖြစ်မှာ ကျွန်မသမီးအခုစင်ကာပူမှာ
အက်စ်ပတ်နဲ့အလုပ်လုပ်နေတာရှင့် သိပြီလား ရှင့်သားလို
အို ဖြစ်နေလို့ပုန်းနေရတဲ့ဘ၀မဟုတ်ဘူး

ခင်ဗျားဗျာ သမီးမိန်းကလေးကိုများ
နိုင်ငံခြားလွှတ်ထားတယ်ပြီးတော့လည်းလုပ်ခိုင်းတာအက်စ်ပတ်နဲ့အလုပ်လုပ်ခိုင်းတာတဲ့
ဒါကြွားစရာလားဗျာ တော်တော် နားရှက်စရာတွေ
ကျုပ်သားကယောက်ျားလေးဗျ ဒေါင်ကျကျပြားကျကျ
ခင်ဗျားသမီးကမြန်မာမိန်းကလေးနော် မလုပ်ခိုင်းသင့်ဘူး ဒီလိုမျိုး

ရှင်ဘာတွေပြောနေတာလဲ ကျွန်မသမီးက စာရင်းကိုင်လုပ်တာရှင့် အကောင့်တန့်
(accountant) လုပ်တာ Spass ဆိုတာလည်း ရှင့်သားလို
ပုန်းရှိုးကွယ်ရှိုးနေစရာမလိုအောင်
အစိုးရကအသိအမှတ်ပြုပေးထားလို့နေခွင့်ရတဲ့ခွင့်ပြုမိန့်ကိုပြောတာ ခက်ပါတယ်
တော်ပြီတော်ပြီ ရှင်နဲ့ပြောရတာ အချိန်ကုန်တယ်

သမီးရေ အေး.. ဆောရီးပါသမီးရယ် ဒီမှာလေ ဘေးမှာ
ဘာမသိညာမသိတောသားတစ်ယောက်ကို သမီးအလုပ်အကြောင်းရှင်းပြနေရလို့ပါ
အေးပါသမီးရယ် မေမေသမီးပြောထားတာမမေ့ပါဘူး Work permit
နဲ့သွားတဲ့လူရဲ့မိဘတွေဆိုအရောမ၀င်ပါဘူး Spass ဆိုတန်းတူပေါ့ PR ဆို
သေသေချာချာဂရုစိုက်ပေါင်းမယ်နော်

(အမျိုးသားကြီး…)
အေး.. ဟေ့ကောင် မင်းကျန်းမာရေးလည်းဂရုစိုက်ပါကွာ မင်းကိုပြောရအုန်းမယ်
ရွာတောင်ပိုင်းက
ကျော်ဒွန်းတို့တတွေကမင်းပို့လိုက်တဲ့ပုံတွေကြည့်ပြီးမင်းကို
မြို့သားကြီးနဲ့တောင်တူနေပြီလို့ပြောနေကြတာကွ
ရွာကလူတွေအားလုံးကမင်းကိုသတိရနေကြတာပါကွာ

(အမျိုးသမီးကြီး…. )
သမီးရေ ချစ်သူတွေဘာတွေရောထားနေပြီလား
ဒီအရွယ်ရောက်မှတော့မထားနဲ့မပြောလိုပါဘူးသမီးရယ် သေချာတော့ရွေးနော်သမီး
သမီးပြောပြထားလို့မေမေတောင်မှတ်မိနေပါတယ် ဘာတဲ့ စလုံးကကောင်မလေးတွေက
ကောင်လေးတွေကို C သုံးလုံးနဲ့ရွေးတယ် Condo,, Car,,, Creditcard,,,
ဆိုတာလေ သမီးလည်းအဲလိုရွေးနော်
PR ဆိုအသားမည်းလည်းရတယ် သွားကျဲလည်းလှတယ် ဟုတ်လား ဟားဟား အေးပါသမီးရယ်
ညည်းသိရင်ပြီးတာပါပဲ

သမီးမေမေ့ဆီပို့လိုက်တဲ့ဓါးကြီးပါတိတ်ရောင်စုံကိုဝတ် သမီးပို့တဲ့
အိတ်လေးကိုင်ပြီးမေမေအပြင်ထွက်တုန်းကလေ အမလေးသမီးရယ်
ရပ်ကွက်ထဲကမိန်းမတွေလေ ၀တ်ထားတဲ့ထမီလေးလှလိုက်တာ
အိတ်လေးကဘယ်လောက်ပေးရလဲဟင်ဆိုပြီးအတင်းလိုက်မေးကြတာ
မေမေကလည်းမကြွားချင်ပါဘူးသမီးရယ် ဒါတွေကသမီးလေး စလုံးက၀ယ်ပေးထားတာ
ဒီမှာတောင်ရှိချင်မှရှိအုန်းမှာလို့အားနာနာနဲ့ပဲပြောပြလိုက်ရတယ်

(အမျိုးသားကြီး…..)
ငါ့သား မင်းအဲဒီက မိန်းမတွေတော့ယူမလာနဲ့ကွာသိလား အဘတို့ကငါ့သားကို
ရွာကလုံမတွေနဲ့ပဲယူစေချင်တယ်ကွာ အကြောင်းသိချင်းဆိုတော့ကောင်းတာပေါ့ကွာ
မင်းရည်းစား ရွှေမိလည်း နောက်လဆို ယောက်ျားယူတော့မယ်ဆိုပဲကွာ
ဟိုဘက်ရွာကဆီစက်ပိုင်ရှင်သားလို့ပြောတာပဲ
သူ့အမေကြီးကငွေမက်တာမင်းလည်းအသိပဲလေကွာ
မင်းသွားတော့ရွှေမိခမျာငိုလိုက်တာတဲ့ အခုတော့လည်း
သူ့မိဘစကားမလွန်ဆန်နိုင်ဘူးထင်ပါရဲ့ကွာ

ပူမနေပါနဲ့ငါ့သားရာ အချိန်တန်တော့လည်း ထမီလှန်ရမှာပါ အာ…မှားလို့ကွာ
ဟိုဘက်ကမိန်းမက ထမီကြွားလုံးထုတ်နေလို့ အဘယောင်သွားတာပါ
အချိန်တန်တော့လည်း မင်းမိန်းမတစ်ယောက်ရအောင်အဘတို့လိုက်တောင်းပေးမှာပါ
အဲဒီကမလုံတဲ့မိန်းမတွေသာယူမလာနဲ့ဟုတ်လား အဲဒီနိုင်ငံခြားမှာ မိန်းမလည်တွေကများတယ်
အမေလူလည်မတွေကလည်းသမီးတွေကိုတစ်ထပ်တည်းဖြစ်အောင်သင်ပေးထားတာသိလား
မင်းကအတီးအတနဲ့ ခံနေရမယ်ကွ

ဒါနဲ့နောက်ဆိုမင်းဘာမှမပို့ပါနဲ့ကွာ ဟိုတစ်ခါမင်းပေးတဲ့
ချောကလက်ဆိုတာတွေကိုလည်း ငါတို့မစားတတ်ပါဘူး မင်းတူမတွေတောင်မကြိုက်ဘူးကွ
သူတို့ကပြောတယ် မင်းတို့နိုင်ငံခြားကလုပ်တဲ့ထန်းလျက်ကတို့လုပ်တဲ့ထန်းလျက်လောက်တောင်
အရသာမရှိဘူးတဲ့ကွ အရောင်ကလည်း မည်းမည်းတူးတူးနဲ့ ထန်းလျက်ကမှဖြူသေးတယ်ဆိုလားပဲကွာ

(အမျိုးသမီးကြီး….)
ဒီမှာရှင်ဘယ်သူ့ကိုစောင်းပြောနေတာလဲ ကျွန်မဘာသာလူလည်မ
မကလို့ပန်ကာမပဲဖြစ်ဖြစ် ရဟတ်မပဲဖြစ်ဖြစ် ရှင်နဲ့ဘာဆိုင်သလဲ
ယောက်ျားကြီးဖြစ်ပြီး အတင်းကလည်းပြောသေး ရှင့်သားလို အိုဖြစ်နေတဲ့
အောက်လမ်းကသွားတဲ့သူမျိုးကိုဘယ်သူကမှ စိတ်လည်းဝင်စားမှာမဟုတ်ဘူးပူမနေနဲ့

(အမျိုးသားကြီး…)
အတင်းမပြောရပေါင်ဗျာ ခင်ဗျားနောက်ကွယ်မှာပြောမှအတင်းဖြစ်တာပေါ့
ခုကဘေးတင်ပြောနေတာ အတင်းလည်းမပြောဘူး လုလည်းမပြောဘူး အမှန်ကိုပြောနေတာ
ကျုပ်သားကိုကျုပ်စိုးရိမ်လို့မှာတာ
အောက်လမ်းကပဲသွားသွားအထက်လမ်းကပဲသွားသွား ဘယ်လိုပဲဖြစ်ဖြစ်
နိုင်ငံခြားတော့ရောက်သွားတာပဲမှတ်လား
ကျုပ်သားလေးကျုပ်တို့ကို လုပ်ကျွေးနေတာဗျ ခင်ဗျားတို့လို ခေတ်မီချင်လို့
ကြွားချင်လို့ ငွေကုန်ခံပြီးသားသမီးကိုအဝေးပို့ထားတာမဟုတ်ဘူး
ဘယ်နှယ့်ဗျာကိုယ့်လည်းတတ်နိုင်သားနဲ့ သားသမီးကိုများ ဂုဏ်ပြိုင်ချင်လို့
မိဘရင်ငွေ့နဲ့ဝေးတဲ့နေရာပို့ထားရက်တာ အံ့သြမဆုံးဘူး

(အမျိုးသမီးကြီး ခါးထောက်မတ်တပ်ရပ်လျက် …..)
ရှင် ရှင် လူပါးဝလှချည်လား ကျုပ်တို့ဘာသာဘာလုပ်လုပ် ဖြစ်နိုင်ရင်
ကျုပ်တို့ကလေ သားသမီးကို အဝေးတင်မကဘူး သိကြားမင်းနေတဲ့ တာဝတ
ိံသာတောင်ပို့ချင်သေးတာ မြင့်ချင်သလောက်မြင့်ပစေ
ဘာဖြစ်လဲဂုဏ်ပြိုင်တော့ ပြိုင်စရာရှိမှပြိုင်လို့ရတာ
ရှင်တို့လိုတောသားတွေကတော့ဒါမျိုးဘယ်နားလည်ပ့ါမလဲ ခုခေတ်ကဒီလိုပဲရှင့်
နိုင်ငံခြားသွားတဲ့ခေတ်
နိုင်ငံခြားမှာနေမှ လူရာဝင်တဲ့ခေတ်လေ
ရှင်တို့ကမိုးလင်းကမိုးချုပ်လယ်ကွင်းထဲမှာ
ရွှံ့တွေဗွက်တွေထဲကမတက်စတမ်းအလုပ်လုပ်နေကြရတာကိုး ဒါတွေမသိတာမဆန်းပါဘူး

(အမျိုးသားကြီး ဒေါသထွက်သွားသောပုံစံဖြင့်….)
ဘာဗျ ကျုပ်တို့တွေ အဲဒီလိုလယ်ထွန်ပြီးစပါးစိုက်ထားလို့ခင်ဗျားတို့
စားနေတဲ့ ဆန်ဆိုတာရတာ
စားပြီးနားမလည်ဆိုတာ
ခင်ဗျားလို့လိုလူကုံထံဟန်ဆောင်ထားတဲ့သူတွေကိုပြောတာဖြစ်မယ်
ကျုပ်ကိုပြောချင်သလောက်ပြောရတယ် လယ်သမားတွေရဲ့ဘ၀တွေကိုမစော်ကားနဲ့ဗျ
ခင်ဗျားဗျာ မိန်းမဖြစ်နေလို့
မဟုတ်ရင်တော့လက်သီးတစ်လုံးလောက်တော့ကျွေးလိုက်ပြီ

(အမျိုးသမီးကြီး ဆွေ့ဆွေ့ခုန်လျက်……….)
အောင်မယ် လုပ်ရဲလုပ်ကြည့်စမ်းပါ ကျုပ်လက်ဝါးကလည်း ပါးမရွေးဘူးရှင့်
ငြိမ်ခံနေမယ်များမှတ်သလား သူများသေးသေးတင်မခံချင်လို့နာမည်ကိုက
မူယာလို့ပေးထားတာ သေးသေးတင်မပါဘူးသိလား

( အမျိုးသားကြီး….)
အေးလေ ဒါကြောင့် အမေရောသမီးရော မူယာမာယာများနေကြတာပေါ့
မူရင်းကောင်းမှမိတ္တူကောင်းမယ်ဆိုတဲ့စကားသိပ်မှန်တာပဲကိုး
ခင်ဗျားမိဘတွေ နာမည်ပေးတာတကယ်တော်တယ်ဗျာ ဒီမှာ ဒေါ်မူယာမာယာကြီးကျုပ်ကလည်း
သံခဲတဲ့ တစ်ခဲတည်းရှိတာ နှစ်ခဲရှိလို့ကတော့ အရည်ကျို
မီးမြှိုက်ပစ်လိုက်မယ် တစ်ပွဲတစ်လမ်းစမ်းချင်လို့လား အဒေါ်ကြီး လာလေ
မိန်းမဆိုပြီး ညှာမယ်မထင်နဲ့

(ဆိုင်ရှင်ကောင်မလေးနှင့် ကောင်လေး …)
ဟာ……. ဦးလေးတို့ အန်တီတို့ တော်ကြပါတော့ ရန်မဖြစ်ကြပါနဲ့ internet
ဆိုင်ကရန်ပွဲဆိုပြီး ဟိုချောကလက်မြို့က ကုန်ကြမ်းရှာနေတဲ့ လွမ်းတို့ mAy
mE တို့ ဘရဏီ တို့က bLog တွေထဲထည့်ရေးအင်တာနက်ပေါ်တင်လိုက်လို့
ကျွန်မတို့ဆိုင်နာမည်ပျက်နေပါ့မယ်


--
ကမ္ဘာလောကကြီးအတွင်း၌နေထိုင်ကြကုန်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတွေအားလုံး
ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းဖြစ်နိုင်ကြ ပါစေလို့ဆုမွန်ချွေ လိုက်ပါရစေ။