Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 1 December 2009

Current State of Affairs, BURMA






Current State of Affairs, BURMA

Invitation to Protest Against Junta Planned Sham 2010 Electi

Updated: Invitation to Protest Against Junta's planned sham 2010 election
ကချင်ပြည်နယ် NLD ပါတီက ရွှေဂုံတိုင် နိုင်ငံရေးရပ်တည်ချက်ကိုပြသ
တနင်္လာနေ့၊ 30 နိုဝင်ဘာလ 2009 သျှမ်းသံတော်ဆင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုမှထုတ်ပြန်ထားသော ရွှေဂုံတိုင်ကြေငြာချက်ကို ထောက်ခံကြောင်း အဖွဲ့ ချုပ်ပါတီ ကချင်ပြည်နယ် မြို့နယ် ၈ ခုမှ ပြည်နယ်နှင့်မြို့နယ် စည်းအဖွဲ့ဝင်များက လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၌ဆုံးဖြတ် လိုက်ကြသည်။

အဆိုပါအစည်းအဝေးကို နိုဝင်ဘာလ ၂၇ ရက်နေ့က မိုးညှင်းမြို့၌ ကျင်းပခဲ့ရာ အဖွဲ့ချုပ်မှ ချမှတ်ထားသော မူဝါဒ လမ်းညွှန်ချက်များ အတိုင်း ဆက်လက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ကြကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သူ အဖွဲ့ချုပ်ပါတီ မိုးညှင်းမြို့နယ်စည်း ဒုဥက္ကဌ ဦးသန်းနိုင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၂၇ ရက်နေ့မှာ ပြည်နယ်အစည်းအဝေးပွဲ မိုးညှင်းမြို့မှာ လုပ်တယ် မြို့နယ် ၈ ခုက မြို့နယ်စည်းတွေ ပြည်နယ် စည်းတွေ တက်တယ်ခင်ဗျ လိုက်နိုင်လို့လိုက်ခဲ့ကြသူတွေလည်း တက်တယ်အင်အားများပါတယ် ဗန်းမော် ရွှေကူ မိုးကောင်း မိုးညှင်း မြစ်ကြီးနား တနိုင်း ဖါးကန့် မြို့နယ်တွေပါတယ် တက်တာကတော့ ၈ မြို့နယ်ပါ ရွေဂုံတိုင် ကြေငြာချက်ကို ထောက်ခံတယ် ဒါပါပဲ အဖွဲ့ချုပ်ရဲ့ မူနဲ့ရပ်တည်ချက်တွေ ဒါတွေကိုပဲ ဆုံးဖြတ်ချက်ချသွားတာပါ ပဲ ” လို့ သူက ပြောသည်။

ကချင်ပြည်နယ်အတွင်း မြို့နယ်အလိုက် အဖွဲ့ချုပ်ပါတီ တိုးချဲ့ဖွဲ့စည်းနိုင်ရန်နှင့် အင်အားကျစ်လစ်ခိုင်မာလာစေရန်ကိစ္စများ ကိုလည်း အလေးထား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“မိုးညှင်းမြို့နယ် အနေအထားကတော့ ရှင်သန်နေပါတယ် ဒီလိုရှင်သန်သလိုပဲ ကချင်ပြည်နယ်မှာ ဖွဲ့စည်းပြီး သားမြို့နယ် ၈ မြို့နယ်ပေါ့ဗျာ ရှင်သန်နေပါတယ် မပေါ်ပေါက်သေးတဲ့ မြို့နယ်တွေလည်း ပေါ်ပေါက်လာ အောင်အင်အားခိုင်မာ ကျစ်လစ်အောင် တောင့်တင်းအောင် ပြည်နယ်က ဆောင်ရွက်နေပါတယ် ဒါအဖွဲ့ချုပ်မူ အရပဲ ညွန်ကြားချက်နဲ့စည်းကမ်း အတိုင်း ကျနော်တို့လုပ်ဆောင်သွားမှာပါ ” သူက ဆိုသည်။

နိုဝင်ဘာ ၂၈ ရက်နေ့တွင် မိုးညှင်းမြို့နယ် ရပ်ကျေးအဖွဲ့ဝင်များ အစည်းအဝေးကို ဆက်တိုက်ပြုလုပ်ခဲ့ရာဒေသအာဏာပိုင် များက နှောက်ယှက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာပေါ့ဗျာ အောင်သပြေရပ်ကွက်ထဲက ရာအိမ်မှူး သက်ညွန့်က ခြောက်တာလှန့်တာတွေ ရှိတယ် ဒါကြောင့်တက်ရောက်သင့်သလောက် မတက်ရောက်တော့ဘူးပေါ့ဗျာ ကျနော်တို့ပါတီကတရားဝင်ပါတီဖြစ် တဲ့အတွက် ကော်မရှင်ကိုအသိပေးပြီး ဆောင်ရွက်တာ တရားဝင်မူလည်း အဖွဲ့ချုပ်မူအရဆောင်ရွက်တာ စောစောက ယာယီရာအိမ်မှူးက မသွားနဲ့ဖမ်းမယ်ဆီးမယ်ဆိုပြီး ခြောက်လှန့်တာတွေရှိပါတယ် ” လို့ ပြောသွားသည်။

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/601--nld---.html
အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန်
ဝါရင့်နိုင်ငံရေးသမားကြီးများ တိုက်တွန်း
မင်းနိုင်သူ / ၃၀ နိုဝင်ဘာ ၂၀၀၉



ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ထားသည့်စာကို အခြေခံကာ ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားတရပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၂၈) ရက်တွင် ပေးပို့ခဲ့သည်။

“အဓိကကတော့ အစိုးရအနေနဲ့ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ် အမြန်ဆုံးတက်လာဖို့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ အနေနဲ့ ဆန္ဒရှိတယ်ဆိုတာကို ဖော်ပြလိုက်တာပါ” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသာဘန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသောပေးစာ နိုဝင်ဘာ (၁၁) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့ပြီး သူ့အနေဖြင့် နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါစာနှင့်စပ်လျဉ်း၍ နအဖစစ်အစိုးရဘက်မှ သီတင်း (၂) ပတ်ကျော်အကြာ တုံ့ပြန်မှုတစုံတရာ မရှိခဲ့သည့်နောက် ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ကြခြင်းဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏စာတွင် ၀ါရင့်အဖွဲ့အနေဖြင့် ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ (၁၄) နှစ်တိုင်တိုင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကြံပေးခြင်း၊ ပန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပေးနိုင်မည့် စာတစောင်ဖြစ်နေကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့်လည်း ဗုဒ္ဓအဆုံးအမများနှင့်အညီ မေတ္တာတရားရှေးရှုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်းတို့ကို ရေးသားထားကြောင်း ဦးသာဘန်းက ပြောသည်။

“၀ါရင့်အဖွဲ့အနေနဲ့ အစဉ်တစိုက် တိုက်တွန်းနေတာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပါပဲ။ လိုအပ်ရင် လိုအပ်သလို စာရေးသား တိုက်တွန်းနေတာပါ။ နအဖအစိုးရဘက်က တုံ့ပြန်မှုရှိတာ မရှိတာက သူ့အပိုင်းလေ။ တို့ လုပ်စရာရှိတာ၊ ပြောစရာရှိတာကို လုပ်တာပြောရမှာက တို့အပိုင်းလေ” ဟုလည်း ၎င်းက ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ကို လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော သခင်ဟောင်းများ၊ ပြည်သူ့ရဲဘော်ဟောင်းများက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်က (၂၃) ဦး ပါဝင်သော်လည်း ယခုအခါ (၁၀) ဦးခန့် သာ ကျန်းမာရေးကောင်းမွန်စွာ ရှိနေကြောင်း သိရသည်။

“ဗိုလ်မှူးအောင်တို့၊ သခင်သိန်းဖေတို့ စဖွဲ့ခဲ့တာပါ။ နောက်တော့ တချို့တွေလည်း ကွယ်လွန်ကုန်ကြ။ တချို့တွေလည်း ကျန်းမာရေး ညံ့ကုန်ကြနဲ့။ အခု သွားလာလှုပ်ရှား ပြောနိုင်ဆိုနိုင်တာက (၇) ဦး၊ (၈) ဦးလောက်ပဲ ရှိပါတော့တယ်” ဟု ဦးသာဘန်းက ပြောသည်။

http://www.khitpyaing.org/news/Nov09/301109a.php

Aid agencies are reporting a massive increase in refugees fleeing Burma. (Independent Catholic News)

Andrew Scadding, director of the Thai Children’s Trust said: “This human tragedy is on a scale greater than cyclone Nargis, and should command at least as generous a response from the public here and throughout the western world.

Out of the media spotlight, the Burmese Army similarly persists in breaking the rules of war by indiscriminately attacking civilians and causing massive displacement.

Jack Dunford, Executive Director of the Thailand Burma Border Consortium (TBBC) said: “After 25 years of responding to the consequences of conflict in eastern Burma, it is tragic to see the causes remain unaddressed and the situation is likely to further deteriorate during the next twelve months. A recent influx of refugees into Thailand and monitoring reports from internally displaced communities indicate that violence and abuse in eastern Burma are increasing”.

TBBC is an alliance of twelve aid agencies from ten countries working to provide food, shelter, non-food items and capacity building support to Burmese refugees and displaced persons. Christian Aid is a UK member charity and CAFOD support TBBC via Caritas.

The humanitarian agency has just released findings from field surveys about conflict and displacement conducted with over 3,100 households during the past five years in rural areas of eastern Burma.

FULL STORY

Aid agencies struggle to cope with refugees fleeing Burma (Independent Catholic News)
http://www.cathnewsasia.com/2009/12/01/aid-agencies-struggle-to-cope-with-refugees-fleeing-burma/
BNC Manifesto