Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 23 January 2010

ပြောချင်လို့ (၅) (ပေးစာ)
မင်္ဂလာပါ ...

ရဲတပ်ဖွဲ့မှာ ရဲတပ်သားသစ်တွေ အရမ်းစုဆောင်းနေပါတယ်။ ဘာလုပ်မလို့လဲတော့ မသိပါဘူး။ ရှိတဲ့တပ်ဖွဲ့ဝင် တွေကိုတောင် ၀အောင် မကျွေးနိုင်သေးပါဘူး။ ရဲတပ်သားသစ်မှာလည်း ရိုးရိုးရဲနဲ့ ဒေသရဲဆိုပြီး စုခိုင်းခဲ့ပါ တယ်။ ဒေသရဲတွေက သင်တန်းမတက်ရဘူးဆိုပြီး အခုကျတော့ သင်တန်းတက်ခိုင်းပါတယ်။ သင်တန်းလည်း တက်ခိုင်းရော စာရင်းပေးထားတဲ့ မောင်မင်းကြီးသားတွေ လစ်ကုန်ကြတယ်။ မလာတော့ပါဘူး။ အဲဒါကိုကြည့် ရင် ၀င်ချင်တဲ့သူတွေကလည်း ဘာခံယူချက်မှမရှိပါဘူး။ အနေချောင်မလားလို့ လာကြည့်တာပါ။ မချောင်တော့ လစ်တာပေါ့။

ရဲတပ်ဖွဲ့မှာ အမိန့်တွေက လှုပ်လို့မရအောင်ကို ထုတ်ထားတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ဘာပြဿနာဖြစ် ဖြစ် ဘယ်တုန်းက ဘာတွေ ညွှန်ကြားထားတယ်လေ ... အောက်က မလိုက်နာလို့ ဘာညာပေါ့။ သူတို့ထုတ် ထားတဲ့ အမိန့်တွေကို သူတို့တောင် မလိုက်နာနိုင်ပါဘူး။ ခုဆို အမိန့်တွေက ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဒါက ပြဿနာဖြစ်မယ်နဲ့ ထုတ်ထားလိုက်တာ ခုဆို ရဲတွေက မဟုတ်တာလုပ်တဲ့သူတွေကိုတောင် ကြောက်နေရပါ တော့တယ်။ လောင်းကစားဝိုင်းဆိုလည်း မဖမ်းနဲ့၊ ချဲထီရောင်းနေလည်း မဖမ်းနဲ့၊ ဘယ်မှာ ပြဿနာဖြစ်နေ တယ်ဆိုလည်း ၀င်မပါနဲ့၊ နောက်မှ အလောင်းသွားကောက်မယ်၊ အဲဒီလိုတွေဖြစ်နေတော့ ကောင်းပါတော့မ လား၊ လူကြီးတွေ စဉ်းစားစေချင်ပါတယ်။ ပြည်သူကို ကာကွယ်ရမှာပါ။ ပြည်သူကို လျစ်လျှုရှုရမှာမဟုတ်ပါဘူး။

ဟိုတလောလေးက ငွေဆောင်မှာ State Show ပွဲဖြစ်တော့ တခြားပြည်သူတွေကို အနှောင့်အယှက်ပေးနေတဲ့ ကောင်တွေကို ရဲက ၀င်ထိန်းရာက ပြဿနာဖြစ်ကြတော့ ၀င်ထိန်းတဲ့ ရဲတွေ အရေးယူခံရပါတယ်။ အဲဒီဖြစ်စဉ် တနိုင်ငံလုံးကို ချပြတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခေါင်းထဲမှာ ဘာပြဿနာတွေပဲဖြစ်နေဖြစ်နေ ၀င်မပါနဲ့၊ နောက်မှ အလောင်းသွားကောက်တော့မယ်ဆိုတဲ့ အတွေးတွေ ၀င်ကုန်ပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ ရဲတပ်ဖွဲ့က ပြည် သူကို ကာကွယ်နေတဲ့အတွက် တားစရာရှိရင် တားရမှာပါပဲ။ ဥပဒေနဲ့ဆန့်ကျင်နေရင် ဖမ်းရမှာပါပဲ။ အင်မတန်မှ ကို စိတ်ပျက်စရာကောင်းနေပါတယ်။

ရဲတပ်သားသစ် ဆိုတာကလည်း လိုက်စုဆောင်းစရာမလိုဘဲ အလိုလို ၀င်ချင်နေတဲ့ တပ်ဖွဲ့ဖြစ်အောင် ဖန်တီး ထားရပါမယ်။ ခုတော့ ၀င်ချင်တဲ့လူတွေက လက်ရှိရဲတွေကို ကြည့်ပြီး စိတ်ပျက်နေကြတော့ ဘယ်ဝင်ချင်တော့ မှာလဲ။

ရဲတပ်ဖွဲ့ဝင်တွေလည်း မနားရဘူး။ မိန်းမတွေလည်း မနားရဘူး။ နောက်ဆုံး သားသမီးတွေတောင် မနားရပါ ဘူး။ ရဲမိန်းမ၊ ရဲသားသမီးဖြစ်ရတာ တော်တော်ကုသိုလ်ကံဆိုးတယ်လို့ပဲ ပြောရမှာပါပဲ။ မိသားစုစည်းရုံးရေးဆို ပြီး အစည်းအဝေးတွေခေါ်၊ စစ်ရေးပြတွေ လုပ်ခိုင်း၊ အောက်ကမိသားစုဝင်တွေ ဘာတွေလုပ်ကိုင်စားသောက် နေရလဲ သူတို့မသိပါဘူး။ တနေ့စာ ၀မ်းရေးကို ဘယ်လိုရှာနေရတယ် မသိပါဘူး။ အစည်းအဝေးမတက်ရင် နိုင် ငံတော်ပုန်ကန်မှုနီးပါးလောက် အပြောအဆိုခံရ အရေးယူခံရပါတယ်။ သူတို့ဘာတွေလုပ်ပေးနိုင်လဲဆိုတော့ ဘာမှမလုပ်ပေးနိုင်ပါဘူး။ တိုင်းရဲတပ်ဖွဲ့မှူး/ပြည်နယ်ရဲတပ်ဖွဲ့မှူးတွေကတော့ နယ်ထိန်း/ဒနတွေက ဈေးဝယ် ပေးနေတော့ စားစရာမပူရတော့ အစည်းအဝေးတွေ တနေကုန်လုပ်နေလည်း ဘာမှမဖြစ်ပေမယ့် အောက်က လူတွေရဲ့ဘ၀က ပြန်မပြောရဲလို့သာ ငြိမ်နေလိုက်ရတဲ့ ဘ၀တွေပါ။ ဒါတွေက တချိန်ချိန်မှာ ပြဿနာဖြစ်လာစ ရာတွေ ရှိပါတယ်။ ဘယ်နိုင်ငံက ရဲမှာမှ (၂၄) နာရီ တာဝန်မရှိပေမယ့် မြန်မာပြည်က ရဲတွေကတော့ (၂၄) နာရီ တာဝန်ရှိတယ်ဆိုပြီး အမောင်းခံရပါတယ်။ (၂၄) နာရီ တာဝန်ထမ်းဆောင်ရတော့ စွမ်းရည်တွေက တက်မလာ ဘဲ ကျကျလာတာ အပြစ်တော့မဆိုသာပါဘူးလို့ပဲ ပြောချင်ပါတော့တယ်။

ရဲအရာရှိတဦး