Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 20 May 2010

Burma:Global day of action against junta's planned sham 2010 election









Photos of Burmahttp://ping.fm/fxRes
Soe Myint’s death a great loss: NLD leadershttp://ping.fm/DGc55
BLC ၏ ဥပဒေရေးရာ သုံးသပ်ချက်
နိုင်ငံရေးအမွန်းကျပ်ဆုံးအချိန်ကာလမှာ ဖြစ်ပေါ်လာတဲ့ အကျင့်သိက္ခာစိန်ခေါ်မှုကြီးတရပ်
ဇော်နိုင်ဝင်း (သြစတြေးလျ)

ယနေ့ကာလမှာ လူအများစုဟာ မြန်မာပြည်လွတ်လပ်ရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် ဗိုလ်ချုပ်အောင် ဆန်း ဘယ်လိုစဉ်းစားချဉ်းကပ်ပြီး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ရသလဲ။ သူဟာ ဘယ်လိုလူစားလဲ။ သူ့ရဲ့တွေးအ ခေါ်တွေဟာ ဘာတွေလဲဆိုတာကို ပြန်လည်ထင်ဟပ်ပေါ်လွင်အောင် စဉ်းစားဆင်ခြင်သူ သိပ်မရှိကြတော့ပါ ဘူး။

ဒါပေမယ့် ဘာဖြစ်လို့ ကျနော်တို့အများစုဟာ သူရဲ့နိုင်ငံရေးအတွေးအခေါ်ခံယူချက်၊ အခြေခံကိုယ်ကျင့်တရား တွေကို မရကြတာလဲ။ ကျနော်တို့ နားထောင်နေပြီး မကြားတာလား (သို့) ကျနော်တို့ ဖတ်ပြီး နားမလည်တာ လား (သို့) ကျနော်တို့ ကြိုက်တာလေးတွေကိုပဲ ခေါင်းထဲမှာ မှတ်ထားကြလို့လားလို့ မေးစရာတွေဖြစ်လာပါ တယ်။

သူဟာ သူ့ဘ၀တခုလုံးကို မြန်မာပြည် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ အင်္ဂလိပ်ထံက နိုင်ငံရေးလွတ်လပ်ခွင့် ရရှိဖို့အတွက် ရုန်းကန်ကြိုးစားမှုမှာ မြှုပ်နှံထားခဲ့တယ်။ တချိန်တည်းမှာပဲ သူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက် ကောင်းမွန်လာအောင်လည်း မြှုပ်နှံသွားခဲ့တယ်။ မကြာခဏဆိုသလိုပဲ သူ့ရဲ့“သစ္စာတရားနှင့် လုံးဝအပြစ်ကင်း စင်မှုရှာပုံတော်ဘ၀ခရီး” အကြောင်းကို ဖွင့်ဟပြောဆိုလေ့ရှိတဲ့အပြင် သူဟာ ဖြူစင်တဲ့အတွေးတွေ၊ အပြောအ ဆိုတွေ၊ လုပ်ဆောင်မှုတွေကို ရိုးဖြောင့်နိုင်ဖို့ သတိပြုကြိုးပမ်းအားထုတ်ခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ ပြည်သူ တွေဟာ သူ့ရဲ့ကိုယ်၊ စိတ်နှစ်လုံး အပြစ်ကင်းစင်ပြီး တိုးတက်အောင်မြင်မှု၊ တိုင်းပြည်ပေါ်မှာထားတဲ့ သူ့ရဲ့သန့် ရှင်းတဲ့ မေတ္တာ၊ စင်ကြယ်တဲ့ ရည်ရွယ်ချက်၊ ပုံသဏ္ဍာန်တွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရတယ်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းမှာပင် ခေတ်လူငယ်များ စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါး နေသည်ကို စိုးရိမ်မိကြောင်း၊ အကယ်၍ လောကဓံလှိုင်းများကို ကျုပ်တို့ရင်ထဲမှာ ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန် နိုင်စွမ်းမရှိပါက မကြာခင်မှာပဲ ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ်လုံးလုံးပျက်ပြားသွားသော အဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်မိကြာင်းကိုလည်း မကြာခဏ သူ ဖော်ပြလေ့ရှိတယ်။

မြန်မာ့နိုင်ငံရေးနဲ့ စည်းလုံးညီညွတ်ရေးအပေါ်မှာ သူ့ရဲ့ စိတ်ဓာတ်တွေ ပိုပြီးကောင်းမွန်လာအောင် ဘ၀ကို မြှုပ် နှံခဲ့တယ်ဆိုတာ ဘာမှသံသယရှိစရာမလိုဘူး။ သူ့ရဲ့သမီးအရင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြောက် မြားစွာသော ပြည်သူတွေဟာ သူ့ကို နှစ်သက်လေးစားကြည်ညိုခဲ့ကြတာပဲ။

စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ လုပ်ဆောင်နေတဲ့ အချိန်တိုင်းမှာ ဖြူစင်တဲ့ ရည်ရွယ်ချက်နဲ့ သတ္တိရှိရှိလုပ်ဆောင်ပြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောခဲ့တယ်။ သူမဟာ မကြာခဏ ဆိုသလိုပဲ မြန်မာပြည်လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ “စိတ်ဓာတ်တော်လှန်ရေး” အကြောင်း ကို ရည်ညွှန်းပြောဆိုရေးသားခဲ့ပါတယ်။ “တကယ်စစ်မှန်တဲ့ တော်လှန်ရေးဟာ စိတ်ဓာတ်တော်လှန်ရေး” ပဲလို့ သူမ တသမတ်တည်း ပြောဆိုခဲ့တယ်။ မတရားအုပ်စိုးသူတွေအောက်က လွတ်မြောက်ဖို့အတွက်ဆိုရင် မိမိ ကိုယ်ကိုယ် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရင်လွတ်မြောက်မှဖြစ်တယ်။ လူအရင်မလွတ်မြောက်ခင် စိတ်က အရင် လွတ်မြောက်မှုရှိနေရမယ်။ “အကြောက်တရားဟာ အလေ့အထတခုပဲ” ဒါပေမယ့် ကျနော်တို့ အကြောက်တ ရားကနေ သတ္တိကို ပြုစုပျိုးထောင်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောက်တရားက သုံးလို့ရလို့ပဲ။

ဒါပေမယ့် ကျနော်တို့ဟာ သူမပေးတဲ့ သဘောတရားရေးဆိုင်ရာ စကားတွေရဲ့ အဓိပ္ပာယ်ကို ကြားကြရဲ့လား၊ နားလည်ကြရဲ့လား၊ ကျနော်တို့ လုပ်ရမယ့် အတိုက်အခံလှုပ်ရှားမှုတွေထဲမှာ သူမပြောတဲ့ စိတ်ဓာတ်တွေ ရှိနေ ရမယ်ဆိုတာကိုရော မြင်တွေ့ကြရဲ့လား။

ဝမ်းနည်းစွာနဲ့ပြောရရင် အဖြေကတော့ သေသေချာချာ နားမလည်ကြဘူးဆိုတာပါပဲ။

ပြီးခဲ့တဲ့ တိုးတက်မှုအခြေအနေနဲ့ စစ်အာဏာရှင်အုပ်စုရဲ့ဖိနှိပ်ချုပ်ချယ်တဲ့ ၂၀၀၈ အခြေခံဥပဒေအပေါ် တုန့်ပြန် မှုတွေကိုကြည့်ရင် ကျနော်တို့တွေဟာ သူမပြောတဲ့ စကားတွေကို မကြားမိပါဘူး။ စကားတွေရဲ့ ဆိုလိုရင်းကို သေသေချာချာ နားမလည်ပါဘူးဆိုတာ မကြာသေးခင်က စက်ဆုပ်ဖွယ်ဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီ မှတ်ပုံတင်ခြင်းတွေက သက်သေပြနေပါတယ်။ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ စိတ်ဓာတ်နဲ့ အကျင့်သိက္ခာတွေကို ရင်မှာထွေးပိုက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတိုင်းမှာ ထည့်သွင်းလုပ်ဆောင်ကြပါစို့။

အတိုက်အခံလို့ဆိုကြတဲ့ နိုင်ငံရေးပါတီတချို့လည်း မှတ်ပုံတင်ထားကြတာ တွေ့ရပါတယ်။ သူတို့တွေဟာ မ တရားတဲ့ ဥပဒေတွေ မမျှတတဲ့ လုပ်ငန်းစဉ်တွေအောက်မှာ အညံ့ခံကြတာပဲ။ အဲဒီမတရားမှုတွေဟာ စဉ်းစား ဆင်ခြင်နိုင်တဲ့ လူ့စိတ်ဝိညာဉ်သဘောအရတော့ စက်ဆုပ်ရွံရှာစရာတွေပဲဖြစ်တယ်။ သူတို့ကို ၀ိညာဉ်စိတ် ဓာတ်တွေပါ ကမ္ဘာ့အကြမ်းကြုတ်ဆုံး စစ်အာဏာရှင်လက်အောက်မှာ အညံ့ခံ ပေးအပ်လိုက်တဲ့သူတွေအဖြစ် ကျနော်တို့ မြင်တွေ့နိုင်ပါတယ်။

နိုင်ငံခြားသားတွေနဲ့ နိုင်ငံခြားအစိုးရတွေ အထူးသဖြင့် အမေရိကန်အစိုးရက နအဖနဲ့ တိုက်ရိုက်ဆက်ဆံရေးမူ ၀ါဒရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က မတရားတဲ့ ဥပဒေတွေနဲ့ မမျှ တတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ နိုင်ငံရေးအံတုမှုကို လုပ်ရဲတဲ့သတ္တိ စာရိတ္တဗလကို ချီးကျူးအားပေးခဲ့ပါတယ်။ ဒါပေမယ့် “စစ်အုပ်စုကတော့ အရေးပါသူတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ တဖက်သတ်လုပ်ဆောင်ဖို့ ရွေး ချယ်သွားခဲ့ပါပြီ”။ အဲဒါကြောင့်ပဲ “ ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုရမှာ မဟုတ် ဘူးလို့” အဆုံးသတ်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် “စစ်အုပ်စုဟာ ရွေးကောက်ပွဲမလုပ်ခင် ကျန်နေသေးတဲ့ အချိန်မှာ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တွေကို ချက်ချင်းလုပ်ပါလို့” လည်း တိုက်တွန်းခဲ့သေးတယ်။

ဒါပေမယ့် ကျနော်တို့ရဲ့ အတိုက်အခံဆိုသူအချို့ကတော့ သူတို့ရဲ့အတွင်းစိတ်သဏ္ဍန်အရ အမှားနဲ့အမှန်ကို စဉ်းစားနိုင်သော်လည်းပဲ နအဖခင်းပေးတဲ့ လမ်းအတိုင်း မှားမှန်းသိလျက်နဲ့ အမှန်တရားကို ကျောခိုင်းပြီးသွား နေပါပြီ။ ယုတ်မာတဲ့ စိတ်ထားရှိပြီး ကြောက်စရာကောင်းတဲ့ စစ်အာဏာရှင်အုပ်စုထံမှာ သူတို့ရဲ့ဝိညာဉ်တွေကို ပေးအပ်အညံ့ခံပြီး စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းတဲ့ လမ်းကို ရွေးလိုက်ကြပါပြီ။ ပြည်တွင်းနဲ့ နိုင်ငံတကာက အ သိအမှတ်မပြုင်တဲ့ ရွေးကောက်ပွဲကိုပါဝင်ဖို့ နောက်ထပ်အတိုက်အခံလို့ဆိုအပ်တဲ့ ပါတီများလည်း မှတ်ပုံတင် နေကြပါသေးတယ်။ မြန်မာပြည်က စိတ်ထားယုတ်ပြီး ကြောက်စရာကောင်းတဲ့ စစ်အာဏာရှင်အုပ်စု သက်ဆိုး ရှည်ဖို့အတွက် အဲဒီမှတ်ပုံတင်တဲ့ ပါတီတွေက အစာကျွေးနေကြခြင်းပဲဖြစ်ပါတယ်။

မဟတ္တမဂန္ဒီ (Mahatma Gandhi) ပြောတာမှန်တယ် “လူတယောက်ရဲ့လွတ်လပ်မှုဟာ အဲဒီလူရဲ့ အားနည်း ချက် (သို့) သူရဲဘောနည်းမှုကြောင့်ပဲ ဆုံးရှုံးရတယ်” ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှု မအောင်မြင်ရတဲ့ အ ကြောင်းရင်းဟာ နအဖရဲ့ သေနတ်တွေကြောင့် မဟုတ်ပါဘူး။ အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ သူရဲဘော ကြောင်မှုနဲ့ စိတ်ဓာတ်ရေးရာမှာ အားနည်းချက်တွေကြောင့်ပဲဖြစ်တယ်။ အဲဒီလိုအတိုက်အခံမျိုးတွေကြောင့်ပဲ တန်ဖိုးကြီးစွာနဲ့ ရခဲတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ဟာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင်အုပ်စုလက် အောက်မှာ ဆုံးရှုံးသွားခဲ့ရတယ်။ အဲဒီအချိန်ကစပြီး အမျိုးသားဂုဏ်သိက္ခာလည်း ကမ္ဘာ့အလည်မှာ ဆုံးရှုံးခဲ့ရ တယ်။

ကျနော်တို့ အဲဒီလိုဆုံးရှံးမှုသမိုင်းမျိုး ထပ်အဖြစ်မခံနိုင်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ထိုအခြေ အနေမျိုးကို စဉ်းစားတွေးခေါ်ပြီး ဖြတ်သန်းလိုက်တာပဲဖြစ်တယ်။ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေတွေ၊ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ တိုးတက်ကောင်းမွန်လာစေဖို့ကတော့ ကျနော်တို့ဘာသာ ကျနော်တို့ ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်လို့ သူမက တသမတ်တည်း သတိပေးနေပါတယ်။ ဒါမှမဟုတ်ရင်တော့ မြန်မာ ပြည်မှာ သူရဲဘောကြောင်ပြီး စိတ်ဓာတ်ရေးရာ အားနည်းတဲ့သူတွေကိုပဲ အာဏာရှင်က ဆက်ပြီးအုပ်ချုပ်သွား မယ့်သဘောရှိနေပါတယ်။

ကျနော်တို့မျိုးဆက်ရဲ့ ကြီးမားတဲ့ အကျင့်သိက္ခာစိန်ခေါ်မှုကြီးတရပ်ကတော့ ဆိုက်ရောက်လာပါပြီ။ ဒီအချိန် ဟာ ကျနော်တို့ အထူးသတိပြုရမယ့်အချိန်ပါပဲ။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်း ဆောင်ကြီးများရဲ့ အမှာစကားတွေကို ကျနော်တို့ရဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေထဲမှာ ထည့်သွင်း ပြီး လုပ်ဆောင်ရမယ့်အချိန်ပဲ။

ရွှင်လန်းဝမ်းမြောက်ခြင်းနဲ့ စိတ်ချမ်းသာမှုကို အောင်ပွဲရမှ ခံစားလို့ရတာမဟုတ်ပါဘူး။ အမှန်တရားအတွက် ရုန်းကန်တိုက်ပွဲဝင်နေဆဲအချိန်၊ တိုက်ပွဲကာလအတွင်းမှာပဲ ခံစားရရှိနိုင်ပါတယ်။ ခင်ဗျားဟာ လွတ်လပ်နေတဲ့ လူတယောက်အဖြစ်နဲ့ လွတ်မြောက်ရေးကို တိုက်နေရမှာဖြစ်ပါတယ်။ ခင်ဗျားနှလုံးသားက ခိုင်ခိုင်မာမာ ယုံ ကြည်ပြီးမှ တိုက်တဲ့တိုက်ပွဲဖြစ်ဖြစ်၊ ကြိုးစာမှုပဲဖြစ်ဖြစ် လုပ်ဆောင်လာတဲ့အခါ မိမိဘ၀ရဲ့အဓိပ္ပာယ်၊ အနှစ်သာ ရဟာ ဘာလဲဆိုတာကို မိမိကိုယ်တိုင် ရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်။ အဲဒီလို ရှာဖွေတွေ့ရှိပြီးတဲ့အခါမှသာ ခင်ဗျား “အမှန်တရား” ကို ရှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။

ဇော်နိုင်ဝင်း (သြစတြေးလျ)
မေလ (၁၁)၊ ၂၀၁၀

မှတ်ချက် ။ ။ ကျနော်ရဲ့ a moral challenge in time of political crisis ဆောင်းပါးကို ကိုစိုးလွင် (ဆစ်ဒနီမြို့) မှ ဘာသာပြန်ဆိုပါတယ်။

A moral challenge in time of political crisis
Zaw Naing Wynn (Australia)

Not many Burmese nowadays can remember and think of Bogyoke Aung San and reflect his philosophy and approach to Burma’s freedom and unity. Especially in time of the current political crisis facing Burma today, many in large number have forgotten who he was and what he stood for.

But why so many of us did not get his political philosophy and his principles? Did we just listen but not heard them? Or we read but not understood them? Or have we just got selective memories of them?

He devoted his lifetime to the struggle for political freedom from the British and also to the unity in Union of Burma. At the same time he also devoted to spiritual improvement and betterment. He often expressed about his journeys in the search of truth and perfection and his conscious striving after sincerity and purity in thoughts, words and actions. The people of Burma had seen and witnessed his spiritual refinement and improvement in the form of his purified intention and pure love of the country.

During the struggle for Burma’s freedom, he often expressed his worries over the spiritual ‘black hole’ among Burmese youth in that time and his fears that ‘unless we brace ourselves to withstand the tide… we will soon be spiritual bankrupts..’

His devotion to spiritual betterment and to the politics and unity in Burma, no doubt, inspired many people including his own daughter Daw Aung Sann Kyi (DASSK).

At all times in the struggle for freedom from the military dictatorship, she has talked about the need to show courage with pure intention. She often referred to freedom and democracy movement in Burma as a ‘revolution of the spirit’. She has consistently spoken that ‘a true revolution has to be that of the spirit’. To liberate ourselves from the tyrants is emotional liberation is the first order. ‘Fear is a habit’, but we can nurture courage out of fear, because fear has its use.

But have we heard her message? Have we understood them? Have we seen them being taken up by our oppositions and put into actions?

Sadly, the answer is “NO”.

Recent developments and responses to the military regime’s repressive 2008 constitution and more recently to their repugnant party registration and election laws have proved that we have not heard and understood these messages, let alone embracing and putting them into actions.

We have seen some opposition politicians registered their political parties. They have submitted to the unfair and unjust election laws and process, which are disgusting to our human conscience and spirit. We have seen them surrendered their souls to the most brutal regime the world ever have.

Even foreigners and their governments, particularly the United States government, looking to engage the regime, have applauded the moral courage of DASSK and the National League for Democracy (NLD) and their political defiance to the unjust laws and unfair process. They have also declared that “the regime has chosen to move ahead unilaterally” and concluded that “these elections will lack international legitimacy”. They also urged “the regime to take immediate steps to open the process in the time remaining before elections”.

But our own oppositions have turned their backs to their inner sense of what is right or wrong in the regime's conducts. And they have chosen to cooperate with the dictators by surrendering their souls to the evils and terrors of the regime. They have registered and many more are registering to take part in the elections that lack both domestic and international legitimacies. They are feeding the evils prolonging their evil terrors in Burma.

Mahatma Gandhi was right. "Man loses his freedom through his own weakness". It is not so much the regime guns that are responsible for the failures of our struggle in Burma, but the weak and coward opposition politicians. Because of people like them we lost our dearly freedom to the military regime in 1962. We also have lost our national dignity in the world since then.

We do not want to repeat that history. DASSK and the NLD have thought through these. Consistently, she has reminded us to reform ourselves because she understands that unless we Burmese can reform ourselves and our spirits, politics in Burma will continue to be the power rule of the mighty over the weak and cowards.

The greatest moral challenge of our generation has arrived. It is time for us to heed and put into actions these messages and those of our founding father Bogyoke Aung san and our and forefathers.

Joy and happiness are not just in victories but also in the fights – the fights and struggles for the ‘Truth’. You are free man when you fight for freedom. When you attempt and fight with conviction and with heart, you will discover your true self of who you really are. When you discover your true self, you will find the ‘Truth’.

Zaw Naing Wynn (Australia)
Posted by Dr Lun swe Blogspot and redistributed by Burma Democratic Concern (BDC)

230 Die Of Heat Stress In Burma

230 Die Of Heat Stress In Burma

At least 230 people have died of heat stress in Myanmar's second largest city of Mandalay during the weekend, as temperature recorded at 45 degree Celsius, the local daily quoted Mandalay municipal authorities as reporting Wednesday.

The red-hot temperature has brought many patients of all ages to the Mandalay General Hospital and private clinics, reports China's Xinhua news agency citing the daily.

Among the dead, most were liquor drinkers, the report said, adding that following this, the Mandalay local authorities have banned selling of liquor in the city.

The excessively high weather temperature too dried up some drinking water ponds in suburban areas in Yangon.

It is reported that thousands of fishes, bred in ponds in the country's southwestern Ayeyawaddy division, died of heat stress daily, local fish breeders said.

There were even some cases that all 100,000 fishes died in a single day in Twantay township, Yangon division.

Excessively hot weather temperature in Myanmar over the past two months broke the highest in the history.

From late April through to the mid-May, the day temperatures in central Myanmar were reaching a record high in over four decades, peaking at between 43 and 47 degree Celsius in such regions as Minbu, Magway, Mandalay, Monywa, Nyaung Oo, Chauk and Mingyan as well as in Yangon and Bago over the past week, which are 5 to 8 degree Celsius above April average temperature.
Posted in http://88gse.blogspot.com/ and Burma Demcratic Concern (BDC) reposted it.