Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 1 April 2009

Clearnce about KyaKhatWai Sayadaw response on Bago NLD

Burma Democratic Concern had interviewed with Bago NLD inside Burma,regarding the comment of KyaKhatWai Sayadaw.Please listen to the Audio.




Subscribe Free for future posts  Add this player to my Page

The 2009 TIME 100 Finalists

ကမ္ဘာ့သြဇာကြီးသူ ၁၀၀ တွင် ဒေါ်စု ထိပ်ပိုင်းမှ ပါဝင်
Tuesday, 31 March 2009 ဧရာဝတီ

ကမ္ဘာကျော် Time မဂ္ဂဇင်းကြီး၏ အင်တာနက် စာမျက်နှာတွင် ယခုနှစ်အတွက် ကမ္ဘာ့သြဇာ အကြီးဆုံး ပုဂ္ဂိုလ် ၁ဝဝ ကို ဆန္ဒမဲပေး ရွေးချယ်မှု ပြုလုပ်လျက်ရှိရာ ဒေါ်အောင်ဆန်း စုကြည် က နံပါတ် ၂၅ နေရာတွင် ရောက်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခု သတင်းရေးနေသည့် အချိန်တွင် ဆန္ဒမဲပေါင်း သုံးသိန်း သုံးထောင်ကျော် ရရှိနေသည်။

ဒေါ်စုသည် မဲပေါင်း သုံးသိန်း သုံးသောင်းကျော် ရရှိသည့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား (နံပါတ် ၁၆) နှင့် များစွာ ဝေးကွာခြင်းမရှိဘဲ မလေးရှားနိုင်ငံ အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဗရာဟင် (နံပါတ် ၂၆) ထက် အနည်းငယ် အသာရနေသည်။

တခြား သြဇာရှိ အမျိုးသမီးများ အဖြစ် အမေရိကန် ပြည်ထောင်စုမှ အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ (နံပါတ် ၂၇)၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (နံပါတ် ၃၆) တို့ကို ကမ္ဘာတလွှားမှ စာဖတ်သူများက ရွေးချယ်ထားကြောင်း တွေ့ရသည်။

“၂ဝဝ၇ ခုနှစ် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကထက် ထောက်ခံမှု ပိုမို ရရှိခဲ့သည်” ဟု Time မဂ္ဂဇင်းက ဖော်ပြထားသည်။

ဒေါ်စုနှင့်ပတ်သက်၍ မဂ္ဂဇင်းက ဖော်ပြရာတွင် “ထင်ရှားသည့် မြန်မာ့ ဒီမိုကရေစီ အရေး ဆောင်ရွက်နေသူဖြစ်သည်၊ သူ၏ ဦးဆောင် လှုပ်ရှားမှုများကြောင့် ပြီးခဲ့သည့် အနှစ် ၂ဝ အတွင်း အများအားဖြင့် အကျယ်ချုပ် ချခံနေရသည်၊ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူပေးရန် ကုလသမဂ္ဂကို တွန်းအား ပေးလျက်ရှိသည်” ဟု ဆိုသည်။

၂ဝဝ၄ ခုနှစ်တွင် Time မဂ္ဂဇင်းက အင်တာနက်မှတဆင့် အာရှသူရဲကောင်း အဖြစ်ရွေးချယ်သည့် သဘောထား ကောက်ယူမှု တခု ပြုလုပ်ရာ စာဖတ်ပရိသတ် ၄ဝ.၄ ရာခိုင်နှုန်းက ဒေါ်စုကို ရွေးချယ်ခဲ့ကြသည်။

လူမှုဆက်သွယ်ရေး အင်တာနက် ဘလော့ဂ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပရိသတ် အများအပြားကို တွေ့နိုင်သည်။ ကမ္ဘာကျော် facebook အင်တာနက် စာမျက်နှာတွင် အသင်းဝင် သုံးသောင်းကျော်မှာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများ ဖြစ်ကြောင်း ဖော်ပြထားကြသည်။

“မိတ်ဆွေသစ်တွေ ရဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည် အခြေအနေတွေကို လူအများကြီး သိသွားအောင် လုပ်ဖို့ဆိုရင် Facebook ကနေ လုပ်ဆောင်သွားရင် အင်မတန် ကောင်းပါတယ်” ဟု မြန်မာပြည် အရေး ဆောင်ရွက်နေသူ ဇိုယာဖန်းက ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် ပြောကြားလိုက်သည်။

“ကမ္ဘာက ဒေါ်စုကို မေ့သွားအောင်လို့ စစ်အစိုးရက ဒေါ်စုကို ဖမ်းထားတာ ဖြစ်ပါတယ်။ သူတို့ လုပ်ရပ်တွေ မအောင်မြင်ဘူး ဆိုတာ အင်တာနက် စာမျက်နှာတွေက တဆင့် လုပ်နိုင်ပါတယ်” ဟု ဇိုယာဖန်းက ဆိုသည်။

မန်မာ့ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဤနေရာ တွင်မဲပေးနိုင်ပါသည်။

သမ္မတအိုဘားမား G-20 ညီလာခံတက်ရန် လန်ဒန်ရောက်ရှိ

01 April 2009
G20 summit

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကိစ္စ ဆွေးနွေးကြမယ့် G-20 စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လန်ဒန်ကို ရောက်ရှိလာပါပြီ။

ကြာသပတေးနေ့ ထိပ်သီးစည်းဝေးပွဲ မတိုင်ခင် သမ္မတအိုဘားမားဟာ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitri Medvedev)၊ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) တို့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပါလိမ့်မယ်။

ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေး အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ငွေအကြီးအကျယ် သုံးစွဲစေလိုကြပြီး ပြင်သစ်နဲ့ တခြား အီးယူနိုင်ငံတွေကတော့ ကမ္ဘာ့ငွေကြေးစနစ် စည်းမျဉ်းတင်းကျပ်ရေးကို ဦးစားပေးသင့်တယ်လို့ ဆိုကြပါတယ်။

G-20 ထိပ်သီးစည်းဝေးပွဲကနေ ဘဏ်အရာရှိကြီးများရဲ့ လစာကို အသစ်တဖန် ကန့်သတ်မယ်၊ ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်ပွားစေတဲ့ သူတို့ရဲ့ မတော်မတရား လုပ်ဆောင်နေမှုများ တားဆီးရေးအတွက် ဖြစ်တယ်လို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က လန်ဒန်မြို့မှာ အင်္ဂါနေ့က ပြောကြားပါတယ်။