Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 1 April 2009

သမ္မတအိုဘားမား G-20 ညီလာခံတက်ရန် လန်ဒန်ရောက်ရှိ

01 April 2009
G20 summit

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကိစ္စ ဆွေးနွေးကြမယ့် G-20 စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လန်ဒန်ကို ရောက်ရှိလာပါပြီ။

ကြာသပတေးနေ့ ထိပ်သီးစည်းဝေးပွဲ မတိုင်ခင် သမ္မတအိုဘားမားဟာ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitri Medvedev)၊ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) တို့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပါလိမ့်မယ်။

ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေး အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ငွေအကြီးအကျယ် သုံးစွဲစေလိုကြပြီး ပြင်သစ်နဲ့ တခြား အီးယူနိုင်ငံတွေကတော့ ကမ္ဘာ့ငွေကြေးစနစ် စည်းမျဉ်းတင်းကျပ်ရေးကို ဦးစားပေးသင့်တယ်လို့ ဆိုကြပါတယ်။

G-20 ထိပ်သီးစည်းဝေးပွဲကနေ ဘဏ်အရာရှိကြီးများရဲ့ လစာကို အသစ်တဖန် ကန့်သတ်မယ်၊ ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်ပွားစေတဲ့ သူတို့ရဲ့ မတော်မတရား လုပ်ဆောင်နေမှုများ တားဆီးရေးအတွက် ဖြစ်တယ်လို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က လန်ဒန်မြို့မှာ အင်္ဂါနေ့က ပြောကြားပါတယ်။

No comments: