Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 18 January 2012

ရွှေည၀ါဆရာတော်နှင့် ၈၈ ကျောင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံ

ရွှေည၀ါဆရာတော်နှင့် ၈၈ ကျောင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကြားဖြတ်ရွေးကောက်ပွဲ)ကိုယ်စားလှယ်လောင်းများစာရင်းအပြည့်အစုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကြားဖြတ်ရွေးကောက်ပွဲ)ကိုယ်စားလှယ်လောင်းများစာရင်းအပြည့်အစုံ

ရန်ကုန်တိုင်း...... ၁။ ဒေါ်အောင်ဆန်းစုကြည် --ကော့မှူးမြို့ နယ် ( ပြည်သူ့လွှတ်တော်) ၂။ ဒေါ်စုစုလွင် --သုံးခွမြို့ နယ် ( ပြည်သူ့လွှတ်တော်) ၃။ ဒေါက်တာမျိုးအောင် --ဒဂုံမြို့ သစ် ၊ ဆိပ်ကမ်းမြို့နယ် ( ပြည်သူ့လွှတ်တော်) ၄။ ဒေါ်ဖြူဖြူသင်း --မင်္ဂလာတောင်ညွန့်မြို့နယ် ( ပြည်သူ့လွှတ်တော်) ၅။ ဦးဖြိုးမင်းသိန်း --လှည်းကူးမြို့နယ်(ပြည်သူ့လွှတ်တော်) ၆။ ဒေါက်တာမေ၀င်းမြင့်-- မရမ်းကုန်းမြို့နယ်( ပြည်သူ့လွှတ်တော်) ပဲခူးတိုင်း..... ၇။ ဦးအောင်စိုးမြင့်-- တောင်ငူမြို့နယ် ( ပြည်သူ့လွှတ်တော်) ၈။ ဦးစိန်ထွန်း --ထန်းတပင်မြို့နယ် (ပြည်သူ့လွှတ်တော်) ၉။ ဦးမြင့်ဦး --သနပ်ပင်မြို့နယ် ( ပြည်သူ့လွှတ်တော်) ၁၀။ ဦးကျော်မင်း-- လက်ပံတန်းမြို့နယ် ( ပြည်သူ့လွှတ်တော်) ၁၁။ ဦးမင်းဦး-- ထန်းတပင်မြို့နယ် (အမျိုးသားလွှတ်တော်မဲဆန္ဒနယ် -၇) ၁၂။ ဦးမျိုးခိုင်--(တိုင်းဒေသကြီး မဲန္ဒနယ် အမှတ် -၂) မန္တလေးတိုင်း..... ၁၃။ ဦးအုန်းကြိုင် --မဟာအောင်မြေမြို့ နယ်( ပြည်သူ့လွှတ်တော်) ၁၄။ ဦးဝင်းထိန် --မိထ္တီလာမြို့နယ် ( ပြည်သူ့လွှတ်တော်) မွန်ပြည်နယ်.... ၁၅။ ဒေါ်ခင်ဌေးကြွယ်--မော်လမြိုင်မြို့နယ် ( ပြည်သူ့လွှတ်တော်) ရှမ်းပြည်နယ်.... ၁၆။ ဒေါက်တာ ဒေါ်သန်းငွေ --ကလောမြို့နယ် ( ပြည်သူ့လွှတ်တော်) ၁၇။ ဦးစိုင်းမြင့်မောင် --(အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်-၃) ဧရာဝတီတိုင်း.... ၁၈။ ဦးဝင်းမြင့်--ပုသိမ်မြို့နယ် ( ပြည်သူ့လွှတ်တော်) ၁၉။ ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း-- မအူပင်မြို့နယ်( ပြည်သူ့လွှတ်တော်) ၂၀။ ဦးမန်းဂျော်နီ --မြောင်းမြမြို့နယ် ( ပြည်သူ့လွှတ်တော်) ၂၁။ ဦးသိမ်းဆွေ --(အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် -၁၀) ၂၂။ ဒေါက်တာလှမြတ်သွေး --ရေကြည်မြို့နယ် ( တိုင်းဒေသကြီး လွှတ်တော်) ကချင်ပြည်နယ်.... ၂၃။ ဒါရှီလဆိုင်း--ဖါးကန့်မြို့နယ် ( ပြည်သူ့လွှတ်တော်) ၂၄။ ဒေါ်ခင်ကြည် --မိုးကောင်းမြို့နယ် ( ပြည်သူ့လွှတ်တော်) ၂၅။ ဦးဘမြင့် --ဗန်းမော်မြို့နယ် ( ပြည်သူ့လွှတ်တော်) စစ်ကိုင်းတိုင်း... ၂၆။ ဦးခင်မောင်သိန်း --စစ်ကိုင်းမြို့နယ် ( ပြည်သူ့လွှတ်တော်) ၂၇။ ဒေါ်ခင်စန်းလှိုင် --ပုလဲမြို့နယ် ( ပြည်သူ့လွှတ်တော်) ၂၈။ ဒေါ်ခင်မွေးလွင် --မင်းကင်းမြို့နယ် ( ပြည်သူ့လွှတ်တော်) ၂၉။ ဒေါက်တာမြင့်နိုင် -- ကန့်ဘလူ ၊ ကျွန်းလှ ၊ ရေးဦး ၊တန့်ဆည် (အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်- ၃) ၃၀။ ဦးစောလှိုင်--ဗန်းမောက် ၊ ကောလင်း ၀န်းသို ၊ ပင်လယ်ဘူး(အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ်-၇) တနင်္သာရီတိုင်း..... ၃၁။ ဒေါ်တင်တင်ရီ --ကျွန်းစုမြို့နယ် ( ပြည်သူ့လွှတ်တော်) ၃၂။ ဦးအောင်စိုး-- လောင်းလုံမြို့နယ် ( ပြည်သူ့လွှတ်တော်) မကွေးတိုင်း.... ၃၃။ ဦးမြင့်သိန်း --မကွေးမြို့နယ် ( ပြည်သူ့လွှတ်တော်) ၃၄။ ဒေါက်တာတင်ဌေး --ရေစကြိုမြို့နယ် ၊ ပြည်သူ့လွှတ်တော် ၃၅။ ဦးမြင့်အောင် --မြိုင်မြို့နယ် ( ပြည်သူ့လွှတ်တော်) ၃၆။ ဦးပိုက်ကို --ပခုက္ကူမြို့နယ် ( ပြည်သူ့လွှတ်တော်) ၃၇။ ဒေါက်တာအောင်မိုးညို-- ပွင့်ဖြူမြို့နယ် ( ပြည်သူ့လွှတ်တော်) ၃၈။ ဦးအောင်ကြည်ညွန့်--တောင်တွင်းကြီး (အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်- ၄) မန္တလေးတိုင်း.... ၃၉။ ဒေါက်တာဇော်မြင့်မောင် --ကျောက်ပန်းတောင်းမြို့နယ် ၊(ပြည်သူ့လွှတ်တော်) ၄၀။ ဦးပေါခင် --နွားထိုးကြီးမြို့နယ် ( ပြည်သူ့လွှတ်တော်) ၄၁။ဒေါ်ခင်သန္တာ --တံတားဦးမြို့နယ် ( ပြည်သူ့လွှတ်တော်) ၄၂။ ဦးကျော်သီဟ-- ပြင်ဦးလွင် ( ပြည်သူ့လွှတ်တော်) ဧရာဝတီတိုင်း..... ၄၃။ ဒေါ်မြင်မြင့်စန်း --၀ါးခယ်မမြို့နယ်( ပြည်သူ့လွှတ်တော်) ၄၄။ ဦးကျော်မြင့်-- မြန်အောင်မြို့နယ် ( ပြည်သူ့လွှတ်တော်) နေပြည်တော် ၄၅။ ဦးဇေယျာသော်--ပုဗ္ဗသီရိမြို့နယ် ( ပြည်သူ့လွှတ်တော်) ၄၆။ ဒေါ်စန္ဒာမင်း --ဇဗ္ဗူသီရိမြို့နယ် ( ပြည်သူ့လွှတ်တော်) ၄၇။ ဦးမင်းသူ --ဥတ္တရသီရိမြို့နယ် ( ပြည်သူ့လွှတ်တော်) ၄၈။ ဦးနိုင်ငံလင်း-- ဒက္ခိဏသီရိမြို့နယ် ( ပြည်သူ့လွှတ်တော်)

ABSDF လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိ

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၈ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြန်မာအစိုးရ
နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိကြောင်း အင်္ဂါနေ့က အကြောင်းပြန်ကြားလိုက်ပြီဟု အဖွဲ့ပြောခွင့်ရသူ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း
စောခင်စိုး လက်မှတ်ထိုး၍ ကိုယ်တိုင် လာရောက်ပေးပို့သည့် ဇန်န၀ါရီ ၁၀ ရက်စွဲပါ ကမ်းလှမ်းစာကို အကြောင်းပြန် လိုက်ခြင်းဖြစ်သည်။

စောခင်စိုး၏ စာတွင် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ‘တန်းတူညီတူ’ ဆွေးနွေးမည်ဟု ဖော်ပြပါရှိပြီး မိမိတို့ဘက်မှ သဘောဆန္ဒကို ပြန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဦးမျိုးဝင်း က မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေးပြဿနာတွေကို တန်းတူညီတူ အဖြေရှာနိုင်ဖို့အတွက် ကျနော်တို့ဘက်ကလည်းပဲ ဆန္ဒရှိတယ်ဆိုတာကို အဓိကပါ။ တရားဝင်စာနဲ့တော့ မနေ့ကပဲ ကျနော်တို့ ဆက်သွယ်ရေး လမ်းကြောင်းကနေတဆင့် အကြောင်းပြန် လိုက်ပါပြီ” ဟု ပြောသည်။

ကျောင်းသားတပ်မတော် (ခေါ်) ABSDF အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း စာအတွင်း၌ ထည့်သွင်းဖော်ပြခဲ့သည်ဟု သိရသည်။

တွေ့ဆုံမည့် နေရာနှင့်ပတ်သက်၍မူ “ကျနော်တို့ရွေးချယ်မှုအတိုင်း သူတို့လက်ခံ ဆောင်ရွက်သွားမယ်လို့ သဘောထားကတော့ သူတို့ အကြမ်းမျဉ်း မိတ်ဆက်ပေးပါတယ်။ ဒီကိစ္စ တွေကို ကျနော်တို့ ဘာမှ မဆွေးနွေးရသေး ပါဘူး” ဟု ဦးမျိုးဝင်း က ပြောသည်။

ဦးသိန်းစိန် အစိုးရအနေနှင့် တိုင်းရင်းသား အဖွဲ့ ၅ ခုနှင့် အပစ်ရပ် သဘောတူညီမှုများ ရထားပြီးဖြစ်သော်လည်း တပြည်လုံးအတိုင်းအတာ အပစ်ရပ်ကာ နိုင်ငံရေးလုပ်ငန်းစဉ်များ ပါဝင်ရမည်ဟု အနှစ် ၂၀ ကျော် အတွေ့အကြုံကို အခြေခံ၍ သုံးသပ်ထားကြောင်း ဦးမျိုးဝင်းက ပြောသည်။

ABSDF ၏ တပ်ရင်း ၉ ရင်းအနက် အများစုမှာ မြန်မာအစိုးရနှင့် အပစ်ရပ် သဘောတူပြီးဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေအတွင်းနှင့် ကရင်နီ၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်စပ်တို့တွင် အခြေခံ လှုပ်ရှားနေကြ
ခြင်း ဖြစ်သည်။

KNU နှင့် စစ်ရေးပူးပေါင်းလှုပ်ရှား ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ဖြစ်လာနိုင်သည့်တိုင် နိုင်ငံရေးလုပ်ငန်းစဉ်များကိုမူ ဆက်လက်ဆောင် ရွက်နိုင်မည်ဟု KNU နှင့် နှစ် ၂၀ ကျော် ဆက်ဆံရေးအပေါ်အခြေခံ၍ ABSDF က ယုံကြည်သည်ဟု ဆိုသည်။

KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကမူ အစိုးရနှင့် အပစ်ရပ်ထားသော်လည်း နိုင်ငံရေး လုပ်ငန်းစဉ်များ
ဆွေးနွေးရန်ကျန်ရှိသေးသည်ဟု ပြောသည်။

“တပြည်လုံး အတိုင်းအတာ အပစ်ရပ်ရေးရမှ ပြေလည်မှာပေါ့လေ။ နိုင်ငံရေး ဆွေးနွေးစရာ အများကြီးရှိသေးတယ်။ (ABSDF နဲ့) လောလောဆယ် ပူးပေါင်းလှုပ်ရှားတာ ရှိသေးတာပေါ့။ မဟာမိတ်ကဏ္ဍမှာ ပြန်ဆွေးနွေးရမှာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က အစိုးရ
နှင့် ABSDF အကြား ငြိမ်းချမ်းရေး ဆွေးနွေးမည်ကို ကြိုဆိုလိုက်သည်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ABSDF ၏ အခန်းကဏ္ဍသည် တိုင်းရင်းသားများနည်းတူ အရေးပါကြောင်း၊ သို့သော် အဖွဲ့အတွင်း အကျေအလည် သဘောတူရန် အရေးကြီးသည်ဟု သုံးသပ်သည်။

ထို့ပြင် မြန်မာ့တပ်မတော်၏ သဘောထားကိုလည်း သတိရှိရန် လိုသည်ဟု ထောက်ပြသည်။

“ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သမ္မတက ထိုးစစ်တွေရပ်ပါလို့ ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားတယ်။ ထိုးစစ်တွေ က ထိုးနေတုန်းပဲ။ သုံးဘက် ရှိတယ်ဗျ။ လက်နက်ကိုင်အဖွဲ့အစည်းများ အကုန် အစုံ၊ တဘက်က အစိုးရ သူတို့ survival အရ၊ သူတို့လုပ်ငန်းတွေ အောင်မြင်ဖို့အရ ငြိမ်းချမ်းရေး လိုအပ်ပြီဆိုတာ သိတယ်။ တဘက်က အစိုးရ စကားတောင်မှ နားမထောင်ဘဲနဲ့ ဒီနေ့အထိ ထိုးစစ် တွေ လုပ်နေတဲ့ စစ်တပ်ရှိတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို
ပြောသည်။

၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးမှ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် မိမိအဖွဲ့တွင်းနှင့် ပြည်တွင်း/ပြည်ပ ကျောင်းသားလူထု၏ သဘောထား အကြံဉာဏ်များ ရယူသွားရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)

All Burma Students’ Democratic Front-ABSDF


မှတ်ချက်။ ။ ကချင်ပြည်နယ်ရှိ ကမဒတ တပ်ဖွဲ့ဝင်များအတွင်း သူလျှိုမှုဖြင့် ဖမ်းဆီးသတ်ဖြတ်မှုများ ၁၉၉၁ ခုတွင်
ဖြစ်ပွားခဲ့သည်။ အမှုမှန်ပေါ်ရေး လက်ရှိ မကဒတက ဗဟိုကော်မတီက အလုပ်အဖွဲ့တခု ဖွဲ့စည်း ဆောင်ရွက်
နေသည်။

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသင့်ကြောင်း ဖိလစ်ပိုင် ပြော

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသင့်ကြောင်း ဖိလစ်ပိုင် ပြော

2012-01-18

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ပေါ်ပေါက်နေပြီ ဖြစ်တဲ့ အတွက် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ အရေးယူထားတာတွေကို ပြန်ရုပ်သိမ်းသင့်ပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့ ညနေပိုင်းက ထုတ်ပြန်လိုက်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားပေါင်း ခြောက်ရာကျော် ပြန်လွှတ်ပေးလိုက်တာကို ကြိုဆိုကြောင်း၊ ဒါဟာ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ ပိုင်းဖြတ်ထားပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေး အတွက် သင့်မြတ်တဲ့ အနေအထား တစ်ရပ် ဖန်တီးဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို ပြသနေကြောင်း၊ ဒါကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း အဲဒီ ပြုပြင် ပြောင်းလဲမှုတွေနဲ့ လျော်ကန်တဲ့ အပြုအမူတွေနဲ့ ပြန်လည် တုံ့ပြန်သင့်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးကာလအတွင်း အာရှနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်ဟာ စစ်အစိုးရကို အပွင့်လင်းဆုံး ဝေဖန်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/sanction-philippine-01182012093737.html

Burma Democratic Concern (BDC): This is NOW Time that International Community MUST remove TOURISM, TRADE and INVESTMENT Sanction on Burma

Burma Democratic Concern (BDC): This is NOW Time that International Community MUST remove TOURISM, TRADE and INVESTMENT Sanction on Burma

18 January 2012

Burma Democratic Concern (BDC) warmly welcomes the release of hundreds of political prisoners. According to the list of Daw Aung San Suu Kyi’s NLD network inside Burma who are supporting prisoners and visiting prisons around the country -- the numbers are approximately nearest well documented by NLD that there are 591 political prisoners in Burma. Burma Democratic Concern (BDC) welcomes the decision of the government to release the political prisoners according to the lists of NLD and we call for U Thein Sein regime to release all the rest of the political prisoners in accord with the NLD’s list of political prisoners.

Burma Democratic Concern (BDC) also welcomes US Government decision to normalise diplomatic relation in response to Burma Government’s positive steps taken. Burma Democratic Concern (BDC) encourages international community to engage more with Burma in order to balance China’s influence over Burma. Burma Democratic Concern (BDC) truly believes that more engagement would effectively promote political, civil, democratic and economic freedom in Burma.

Daw Aung San Suu Kyi has already invited investment and tourism in Burma. Burma Democratic Concern (BDC) would like to echo our leader’s call for investment and tourism in Burma. Please do invest in Burma and please do visit Burma. Burma is facing challenges ahead which we must address sensibly, wisely and realistically for her quest for democracy. Burma must resolve poverty, corruptions, poor technology, and lack of expertise, poor banking, unemployment and inflation and fiscal and monetary policies.

Burma Democratic Concern (BDC) calls for investment in Burma which will significantly boost the welfare of the Burmese people. By removing investment and trade sanction on Burma, Burma Democratic Concern (BDC) truly believes that Burmese citizens will have the benefits of increased investment which can bring technology, knowledge and democratic values since outside investment strengthens private institutions. At the same time, Burma must work hard to end the economics monopoly and cronyism in Burma. Burma Democratic Concern (BDC) welcomes tourists visiting Burma so as to promote ordinary Burmese people engaging with people from around the world.

Burma needs technology and financial assistance from international community to help rebuilding the nation after five decades of isolation and economics mismanagement. Burma Democratic Concern (BDC) is very concerned that due to the sanction imposed on Burma as the subsequence crucial international aid are stopped delivering in Burma. Burma Democratic Concern (BDC) calls for international community to provide more humanitarian assistance and development aid inside Burma and since in the past most of the US government's aid programme went to organisations based in Thailand. If there are obstacles blocking aids going inside Burma then we must remove them immediately since we don’t want to hurt the livelihood of the ordinary people of Burma whom are suffering from reputation risk. Burma Democratic Concern (BDC) opposes anything hurting people.

Burma Democratic Concern (BDC) is very sad to learn that Burma receives less foreign aid money than any country in Southeast Asia because of the sanction imposed on Burma. For example, in 2009-10 Burma receives only $US7.2 per capita of Overseas Development Assistance (ODA) while neighbouring Laos received $US64.4. Particularly international community must remove all sanctions that block technical assistance in health and social welfare. Burma Democratic Concern (BDC) is very shocked to learn that restrictions imposed by western countries prohibit assistance from reaching any member of the government because of which prohibit providing any assistance such as even providing training to teachers and health workers.

In particular, Burma Democratic Concern (BDC) calls for more assistance and international investment in education, social and health care in Burma. Burma Democratic Concern (BDC) truly believes that Burmese people will be very happy if International Monetary Fund (IMF), World Bank (WB) and the Asian Development Bank (ADB) could help tackling poverty in Burma since Burma needs financial and technological assistance from international community so as to address the immediate needs of the people and in the process of rebuilding Burma.

Burma Democratic Concern (BDC) truly believes that Burma is on the right track for democratic change. In order to help reliving the suffering of the people of Burma, we must have common position amongst all parties concerned by putting national interest first. Burma Democratic Concern (BDC) calls for international community to remove TOURISM, TRADE and INVESTMENT sanction on Burma in order to alleviate suffering of Burmese people who are suffering from REPUTATION RISK and to encourage Burmese government’s reform process which had already started.

For more information please contact Burma Democratic Concern (BDC) at

U Myo Thein [United Kingdom]
Director, Burma Democratic Concern (BDC)
Phone: 00-44-208-493-9137, 00-44-787- 788-2386

U Khin Maung Win [United States]
Director, Burma Democratic Concern (BDC)
Phone: 001-941-961-2622

Daw Khin Aye Aye Mar [United States]
Patron, Burma Democratic Concern (BDC)
Phone: 001 509-783-7223

U Tint Swe Thiha [United States]
Patron, Burma Democratic Concern (BDC)
Phone: 001-509-582-3261, 001-509-591-8459
Burma Democratic Concern (BDC): This is NOW Time that International Community MUST remove TOURISM, TRADE and INVESTMENT Sanction on Burma
http://www.bdcburma.org