Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 18 January 2012

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသင့်ကြောင်း ဖိလစ်ပိုင် ပြော

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသင့်ကြောင်း ဖိလစ်ပိုင် ပြော

2012-01-18

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ပေါ်ပေါက်နေပြီ ဖြစ်တဲ့ အတွက် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ အရေးယူထားတာတွေကို ပြန်ရုပ်သိမ်းသင့်ပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့ ညနေပိုင်းက ထုတ်ပြန်လိုက်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားပေါင်း ခြောက်ရာကျော် ပြန်လွှတ်ပေးလိုက်တာကို ကြိုဆိုကြောင်း၊ ဒါဟာ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ ပိုင်းဖြတ်ထားပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေး အတွက် သင့်မြတ်တဲ့ အနေအထား တစ်ရပ် ဖန်တီးဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို ပြသနေကြောင်း၊ ဒါကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း အဲဒီ ပြုပြင် ပြောင်းလဲမှုတွေနဲ့ လျော်ကန်တဲ့ အပြုအမူတွေနဲ့ ပြန်လည် တုံ့ပြန်သင့်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးကာလအတွင်း အာရှနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်ဟာ စစ်အစိုးရကို အပွင့်လင်းဆုံး ဝေဖန်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/sanction-philippine-01182012093737.html

No comments: