Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 8 December 2010

Need to Know Enemy for Unity

Need to Know Enemy for Unity

2004 08 19 – NLD’s Ethnic Policy

2004 08 19 - NLD's Ethnic Policy

1996 02 12 – NLD Attitude for Ethnic Nationalities

1996 02 12 - NLD Attitude for Ethnic Nationalities

ဦးအောင်သောင်း ၏ နိုဝင်ဘာ အာဏာသိမ်းရန်ကြံစည်မှု

Sunday, December 5, 2010



ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မှာ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လည်လွှတ်ပေးဖို့  ဆုံးဖြတ်အပြီး မှာ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာခမည်းခမက်တော်သူ ဒု ဗိုလ်ချုပ် မှုးကြီး မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့ မှာ သွားပြီး ဒေါ်စုလွတ်လာရင် "ကျွန်တော်တို့ လဲ သေဖို့ ပဲ ရှိတော့ တဲ့ အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီးကျွန်တော်ကဗိုလ်ချုပ်မှုးကြီး (မောင်အေး ကို ပြောခြင်း ဖြစ်သည်) အာဏာသိမ်းတာ ကို ငွေအားလူအား နဲ့ ပုံအော ထောက်ခံ မယ် ဆိုတဲ့ အကြောင်း " ....ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ထိုကိစ္စကို သဘောမတူဘဲ " ဗိုလ်မှုးကြီး မိန်းမ နဲ့ ဆွေးနွေး ပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွားတာ ပိုကောင်းတယ် လို့ မထင် ဘူး ဟု ပြောကာ နားချခဲ့ရသည် "

ဒေါ်ခင်ခင်ရီ ကလည်း ယူနိုက်တက် အမရာဘဏ် ဖွင့် ပွဲ အတွက် ဒေါ်ကြိုင်ကြိုင် အား ဖိတ်စာသွားပေးရာ"ဒီသဂျိုင်း ကုန်း မကြီး ဖိတ်လည်း အလကားပဲ သေမှ ကြောက်လို့ လာမှ မဟုတ် ဘူး"ဆိုတာ ကိုနေပြည်တော် တိုင်းမှုး ဟောင်း ဗိုလ်မှုးချုပ် ဝေလွင် ဇနီးမောင်နှံ ရှေ့ မှာ ပင် ပြောခဲ့သည်။


နအဖ စစ်အုပ်စု အတွင်း ပဉ္စမ မြောက် ဓန ဥစ္စာ စုဆောင်းထားရှိမှု အရှိ ဆုံး ဟု ယူဆရ သည့်ကုန်သွယ်ရေး(၁) ညွှန်မှုး ဘ၀ မှ စက်မှု ၁ ၀န်ကြီး နှင့် ကြံ့ဖွတ် အတွင်းရေးမှုး ဖြစ်လာသည့်ဦးအောင်သောင်း ၏ နိုဝင်ဘာ အာဏာသိမ်းရန် ကြံ့စည် မှု ကို မနက်ဖြန် မှ စ၍ အခန်းဆက်နေစွဲ အလိုက်ဖော်ပြပါမည်။

ရွေးကောက်ပွဲ မတိုင်ခင် နေ့ ရက် များ နှင့် ဒေါ်စု မလွတ်မြောက်သေးခင် အတွင်း နေပြည်တော် အသံတိတ်ဆိတ် မှု နှင့် ပတ် သက် ၍ သတင်း ထွက်ပေါ်မှု အချို့  ကို ဧရာဝတီ သတင်းဌာန နှင့်FreedomNews Group သတင်းဌာန ၏ ထိုအချိန်က ဖော်ပြခဲ့သည့် သတင်းများ တွင်ကြည့်ရှု နိုင်သည်။

http://www.myanmarwikileaks.org/

Posted in myanmar news by ရဲရင့်(ကနေဒါ)

http://www.yeyintnge.com/2010/12/blog-post_05.html

သံတွဲမြို့ခံတွေ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မကျေနပ်

2010-12-05


ရွေးကောက်ပွဲ မတိုင်ခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရင် အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့် ပေးမယ်ဆိုပြီး ရခိုင်ပြည်နယ်အတွင်းမှာ မဲဆွယ် စည်းရုံးခဲ့ပေမယ့် အခု ရွေးကောက်ပွဲ ပြီးချိန်မှာတော့ ကတိမတည်လို့ သံတွဲမြို့ခံတွေက မကျေနပ်ကြဘူးလို့ သိရပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေက သံတွဲမြို့နယ်အတွင်းက အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူတို့ပါတီကို မဲထည့်ရင် အရင်ကလို ပုံစံ (၄) လို့ခေါ်တဲ့ နိုင်ငံခြားသားများ ခရီးသွားလာခွင့် ပုံစံ တောင်းခံစရာမလိုဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမယ်ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရသွားပြီးချိန်မှာ ခရီးသွားလာဖို့ လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ထောက်ခံစာ ဆက်လက် တောင်းခံနေရဆဲ ဖြစ်သလို ငွေအကုန်အကျတွေလည်း ဆက်ရှိနေတယ်လို့ အစ္စလာမ် ဘာသာဝင် တဦးက အာအက်ဖ်အေကို ပြောပါတယ်။

သံတွဲမြို့ တမြို့တည်းမှာ မဟုတ်ဘဲ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့တွေမှာလည်း အလားတူ ခရီးသွားလာခွင့် တောင်းခံနေရတုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးသွားထောက်ခံစာ တောင်းခံရာမှာ ရန်ကုန်မှာ ကျောင်းတက်ဖို့ သွားမယ့် ကျောင်းသူကျောင်းသားတွေနဲ့ ကျန်းမာရေးအတွက် ဆေးကုသွားကြမယ့် အစ္စလာမ် ဘာသာဝင်တွေ အခက်ကြုံနေကြရတယ်လို့ ပြောပါတယ်။

အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ ကတိမတည်တဲ့အပေါ် မကျေမနပ် ဖြစ်ရတယ်လို့ သံတွဲမြို့ခံတွေက ပြောဆိုနေကြပါတယ်။

ယနေ့ တောင်ဒဂုံရှိ HIV ဝေဒနာရှင်များ ဂေဟာသို့ ပြည်တွင်း ဂျာနယ်လစ်များ လာရောက် လှူဒါန်း(သတင်း၊ဓာတ်ပုံ).

Posted by ဒီမိုဝေယံ at Sunday, December 05, 2010



ယနေ့ နေ့လည် (၂)နာရီက တောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက်မှာ ရှိတဲ့ HIV ဝေဒနာရှင်များ နေထိုင်ရာ ၃၇၆ ဂေဟာသို့ မြန်မာပြည်တွင်း ဂျာနယ်လစ် (၄၀)ဦး၏ ကိုယ်စား ဂျာနယ်လစ် ၃၀ဦးခန့်မှ လာရောက် လှူဒါန်းခဲ့ကြပါတယ်..။ မြန်မာဂျာနယ်လစ်များ အဖွဲ့ဝင်များဟာ.. ယနေ့ မဖြူဖြူသင်းတို့ ဦးစီးဆောင်ရွက်နေတဲ့ ၃၇၆ ဂေဟာနှင့်၊ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လည်း သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်..။

ယနေ့ HIV ဝေဒနာရှင်များ နေထိုင်ရာ ၃၇၆ဂေဟာသို့ ဂျာနယ်လစ်များအပြင် တခြား ပုဂ္ဂလိကမှ တစ်ဦးချင်း အနေနဲ့ကော မိသားစုအလိုက်ပါ HIV ဝေဒနာရှင်များအား လာရောက်လှူဒါန်းမှု ပြုခဲ့ကြကြောင်း သိရှိရပါတယ်..။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါ HIV/AIDS ဝေဒနာရှင်များ ဂေဟာသို့ သွားရောက်ပြီး လူနာများအားသွားရောက် အားပေး စကားပြောကြားခဲ့ပြီးချိန်မှစ၍ အခုဆိုရင် နေ့စဉ်နီးပါး ဆေး၊ ထမင်း၊ ဆန်၊ ဆီ၊ ဆားအလှူရှင်များ လာရောက် လှူဒါန်းကြကြောင်း အဆိုပါ ဂေဟာ၌ ကူညီနေသူ တစ်ဦးမှ ဆိုပါတယ်..။ ယခုနောက်ပိုင်း လူငယ်များမှ စုဖွဲ့ပြီး လာရောက်လှူဒါန်း ကြတာတွေ တွေ့ရှိရတဲ့ အတွက် ယခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင်က ပြည်တွင်းမှာ လှူဒါန်းသူတွေ အင်မတန် နည်းပါးခဲ့ပြီး ယခုအချိန်မှာတော့ ယခင်ကထက် ပိုမိုပွင့်လင်းလာကြောင်း ပြောဆိုသွားပါတယ်..။

ပြီးခဲ့တဲ့ ရက်များကလည်း ပြည်တွင်းမှ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူအပါအဝင်၊ ဂီတပညာရှင် အဆိုတော်များ၊ စာပေမှ စာရေးဆရာများ၊ သီချင်းရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီပညာရှင်များ စသည့် အနုပညာရှင်များမှလည်း အစုအဖွဲ့လိုက် လာရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပြီး ယနေ့မှာတော့ ပြည်တွင်း မှ သတင်းဂျာနယ်လစ်များမှ လာရောက် လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါတယ်..။ လောလောဆယ်မှာတော့ ထမင်းရှင် ပြည်သူတွေရဲ့ အချစ်တော် ရုပ်ရှင်သရုပ်ဆောင်များ လာရောက်လှူဒါန်းမှ အားပေးမှု အင်မတန် နည်းပါးနေသေးပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း VOAသတင်းဋ္ဌာမှ တစ်ဆင့် ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံပါတယ်...။

သတင်း .....ဒီမိုဝေယံ








http://www.demowaiyan.co.cc/2010/12/hiv_5639.html

အိန္ဒိယ လူမှုအဖွဲ့အစည်းက ဒေါ်စုကို ဒီမိုကရေစီ ဧကရီဆု ချီးမြှင့်

By မသိင်္ဂီထိုက် တနင်္ဂနွေ, 05 ဒီဇင်ဘာ 2010

နေအိမ်အကျယ်ချုပ်ကနေ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ လူမှုအဖွဲ့အစည်း တခုကနေ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဧကရီဆုကို ချီးမြှင့် ပေးအပ်ခဲ့ပြီး ဒီဆုပေးပွဲ အခမ်းအနားကို ဒီနေ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကိုလည်း အိန္ဒိယအစိုးရ အနေနဲ့ ထောက်ခံ အားပေးဖို့ အဲဒီအဖွဲ့က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အိန္ဒိယအစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ကျောထောက်နောက်ခံပေးဖို့ အိန္ဒိယနိုင်ငံတွင်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားတဲ့ လူမှုအဖွဲ့အစည်း တခုက ဒီကနေ့ တောင်းဆိုပါတယ်။ ဒီအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူ အိန္ဒိယ အမျိုးသား တီဂျီ ဆင်းက အခုလို ပြောပါတယ်။

“ကျနော်တို့အဖွဲ့ကနေပြီးတော့ အိန္ဒိယ အစိုးရကို စစ်အစိုးရနဲ့ ဆက်ဆံမှုကို ချက်ချင်း ရပ်ဆိုင်းပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ အကြီးအကဲ တဦးလိုပဲ အသိအမှတ်ပြုပြီး သူ့ဘက်ကနေ ရပ်တည်ပါ၊ သူ့အပေါ်မှာ နောက်ထပ် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ အချုပ်အချယ် ပြုခြင်းကနေ အမြဲတမ်း ဆန့်ကျင်ပါ၊ အဲဒီလို မလုပ်ဘူးဆိုရင် အစိုးရကို ဖြုတ်ချတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကျနော်တို့ ကြေညာလိုက်ပါတယ်။”

အိန္ဒိယနိုင်ငံ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး လူမှုရေး အဖွဲ့က နေပြီးတော့ ဒီကနေ့ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယပြည်သူတွေ ကိုယ်စား Queen of Myanmar Democracy And Human Rights Awards ဆုကို ပေးအပ်ပါတယ်။ ဒီဆုကို လက်ခံရယူခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အိန္ဒိယ အခြေစိုက် ၀န်ကြီးတဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဧကရီဆုအကြောင်း အခုလို ပြောပါတယ်။

“ဆုရွေးချယ်ရေး အဖွဲ့ထဲက အတွင်းရေးမှူး မစ္စတာ တီဂျီဆင်းက ဟိန္ဒူလိုရော၊ ဗမာလိုရော ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ Queen၊ Queen ဆိုတော့ သူက ဗမာစကားလည်း တတ်တယ်ဆိုတော့ ဧကရီဆိုတဲ့ အဓိပ္ပာယ်ကို သုံးပါတယ်ခင်ဗျ။ မြန်မာနိုင်ငံရဲ့ ဧကရီဘွဲ့ ပေးတယ်။ နောက်တခါ ဒီအဖွဲ့အစည်းကပေးတဲ့ ဆုရဲ့ ထုံးစံကတော့ ဗမာလိုပြောရင် သန်လျက်လို့ ခေါ်တယ်၊ သန်လျက်ကို ပေးပါတယ်။

“သို့သော်လည်း အသုံးအနှုန်းကတော့ Queen လို့ပဲ သုံးပြီးတော့ ဆုကတော့ ဆုလက်မှတ်နဲ့ သန်လျက်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ Queen ကို၊ အုပ်ချုပ်တဲ့ လူတယောက်ကို မင်းမြှောက်တန်ဆာထဲမှာ ပါတဲ့ အရာတခုကို ပေးတဲ့သဘော၊ Symbolic ပေါ့၊ ဒီသဘော သက်ရောက်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီအရေး စွန့်လွှတ် အနစ်နာခံ ကြိုးပမ်းမှုတွေကို အိန္ဒိယ ပြည်သူလူထုက ဆက်ပြီး ထောက်ခံအားပေးတဲ့ အနေနဲ့ ဒီဆုကို ရွေးချယ်ပေးအပ်တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က အတွင်းရေးမှူး တီဂျီ ဆင်း ရှင်းပြတာကတော့…

“ဖခင်လိုပဲ သစ္စာရှိရှိ တိုက်ပွဲဝင်ရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အဖွဲ့က ဆုပေးသင့်တယ်လို့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်က ပထမ ဆုံးဖြတ်ချက်ပါ။ ဒုတိယ ဆုံးဖြတ်ချက်ကတော့ ၁၉၉၀ မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီက အနိုင်ရထားတယ်။ စစ်အစိုးရက ကလိန်ကျပြီးတော့ အစိုးရဖွဲ့ခွင့် မပေးခဲ့ဘူး။

“အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ လိုသလို ဆွဲပြီးတော့ တိုင်းပြည်ကိုရော၊ ကမ္ဘာကိုရော လိမ်ညာနေတယ်လို့ ကျနော်တို့က မြင်တဲ့အတွက် အဲဒီတိုက်ပွဲကို ဆက် ဦးဆောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို Queen of Myanmar Democracy and Human Rights လို့ ပေးခြင်းအားဖြင့် မြန်မာပြည်သူတွေ အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော အိန္ဒိယ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ်ပြုတယ်၊ စစ်အစိုးရကို ပြည်သူတွေက အသိအမှတ် မပြုဘူး။”

အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် မားမားမတ်မတ် ရပ်တည်ပြီး မဟတ္တမ ဂန္ဒီနဲ့ အိန္ဒိယရဲ့ ပထမဆုံး ၀န်ကြီးချုပ် နေရူးတို့ရဲ့ အစဉ်အလာကို ထိန်းသိမ်းပါလို့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်ကပဲ တိုက်တွန်းထားပါတယ်။

http://www.voanews.com/burmese/news/india-dassk-111346129.html

Deputy Assistant Secretary for East Asian and Pacific Affairs: Joseph Y. Yun

Bureau of East Asian and Pacific Affairs



BIOGRAPHY

Joseph Y. Yun
Deputy Assistant Secretary, Bureau of East Asian and Pacific Affairs
Term of Appointment: 8/10/2010 to present

Joseph Y. Yun is currently the Deputy Assistant Secretary in the Bureau of East Asian and Pacific Affairs, the U.S. Department of State, responsible for relations with Southeast Asia and ASEAN affairs. He previously held the positions of Director of the Office of Maritime Southeast Asia of the Bureau of East Asian and Pacific Affairs, the U.S. Department of State, and Minister-Counselor for Political Affairs, U.S. Embassy, Seoul. Mr. Yun’s other overseas postings include Thailand, France, Indonesia and Hong Kong.

Mr. Yun joined the Foreign Service in 1985; he is a career member of the Senior Foreign Service, class of Minister-Counselor. Before joining the Foreign Service, Mr. Yun was a senior economist for Data Resources, Inc., Lexington, Massachusetts. Mr. Yun holds degrees from the London School of Economics and University of Wales.

http://www.state.gov/p/eap/rls/ot/2010/146957.htm

Student army to join Karen fighting

By JOSEPH ALLCHIN
Published: 6 December 2010


Troops from the ABSDF during a training exercise in March 2008 (Source: ABSDF website)

A Burmese student army that rose to prominence following the 1988 uprising is preparing to fight alongside Karen troops in the volatile eastern state.

The decision was confirmed today by a senior official in the All Burma Students’ Democratic Front (ABSDF) who asked to remain anonymous. The group, which at its peak had more than 10,000 troops, will join sides with a breakaway faction of the Democratic Karen Buddhist Army (DKBA) as fighting against Burmese forces continues close to the Thai border.

A delegation from the ABSDF met with DKBA commander Na Kham Mwe shortly after 8 November, the official said, when the group took key government positions in Karen state’s Myawaddy. “We are ready to cooperate with Na Kham Mwe’s group which is fighting the [Burmese army],” he added.

Than Khe, chairperson of the ABSDF, said that the group, whose numbers have now significantly diminished since the mid-1990s, approved with Na Kham Mwe’s decision to defect from the pro-junta DKBA faction which has now become a government-backed Border Guard Force (BFG).

“We can support this motive because the timing is very good,” he told DVB. “At the same time the objective is also very meaningful: it shows the people that we do not accept the 2010 elections. We show our solidarity and support to him and those men who were fighting in Myawaddy.”

The ABSDF has been linked with the Karen struggle ever since its formation in the late 1980s, when thousands of students fled to the jungle and were sheltered by the Karen National Union (KNU) and its armed wing, the Karen National Liberation Army (KNLA).

When the DKBA split from the KNLA in the mid-1990s and allied itself with the junta, the ABSDF was “caught in the middle”, according to its former foreign affairs spokesperson, Aung Naing Oo.

As a result of the new dominance of the pro-junta faction, and due to splits within the ABSDF, its fighting capabilities diminished. But the breakaway faction of the DKBA has given added hope that an inter-ethnic and organisational alliance is possible.

“This is part of the national reconciliation process,” said Than Khe. “Without working practically we cannot get the understanding needed for reconciliation.”

The junta’s quest to transform all 17 ceasefire groups into border militias has stumbled: few have accepted the demands, and tensions are now high in the border regions where the Kachin Independence Army and the United Wa State Army are preparing for possible attacks.

“We can co-operate with any groups who have the basic principle of restoring democracy and the federal union to Burma and freeing the people from dictatorship,” added Than Khe.

http://english.dvb.no/

Myanmar cartoon

DKBA နဲ့ တိုက်ပွဲတွေကြား မြန်မာစစ်တပ် ရွာသားတွေကို ပေါ်တာဆွဲ

By မအေးအေးမာ တနင်္လာ, 06 ဒီဇင်ဘာ 2010

ကရင်ပြည်နယ် မြ၀တီခရိုင် မြ၀တီမြို့နဲ့ ၄ မိုင်ခန့်သာဝေးတဲ့ ဖလူးကြီး၊ ဖလူးလေးရွာ အနီးမှာ ဖြစ်နေတဲ့ မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေအတွင်း အတင်းအကျပ် ပေါ်တာဆွဲမှု၊ အတင်းအကျပ် ကားတွေကို ချောဆွဲမှုတွေ လုပ်နေကြောင်း၊ ပေါ်တာဆွဲရာမှာ နှိပ်စက်ညှဉ်းပန်းမှုတွေပါ ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာလည်း ပေါ်တာဆွဲတာကြောင့် ပိုပြီး များလာပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

DKBA နဲ့ မြန်မာစစ်အစိုးရရဲ့ တိုက်ပွဲတွေကြောင့်ရော၊ မြန်မာစစ်တပ်ရဲ့ ပေါ်တာဆွဲမှုတွေကြောင့်ရော ဒုက္ခသည် အများအပြား ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာပြီး မနေ့ကတော့ ပေါ်တာဆွဲခံရတဲ့ ရွာသား ၂၀ လောက်ထဲက ၂ ဦး ပြန်လည် ထွက်ပြေးလာကြောင်း ရွာသားတွေက ပြောပါတယ်။

“ကျနော်တို့ ဖလူးကြီးမှာ စစ်တပ်ကနေပြီးတော့ ပေါ်တာဆွဲသွားတယ်။ ပေါ်တာဆွဲသွားတဲ့ အချိန်မှာ ၁၅ ယောက်လောက် ကျနော်တို့ဆီက ဆွဲသွားတယ်။ အခု ၂ ယောက်ကတော့ ဒီဘက် ထွက်ပြေးလာတယ်။ ဖလူးတောင်ထိပ်ကို ဆန်အိတ်တွေ သယ်ခိုင်းတယ်။ ပြီးတော့ ရေတွေ ဆင်းခပ်ခိုင်းတယ်၊ တနေကုန်ကို မနားရအောင် ခိုင်းတယ်။ ဖိနပ်နဲ့ ကန်တာတွေရော၊ လက်သီးနဲ့ ထိုးတာတွေရော၊ တနေ့ကို ထမင်းက တနပ်လောက်ပဲ စားရတယ်။ တခါတလေ နှစ်လုပ် သုံးလုပ်လောက်ပဲ စားရတယ်။ တချို့တွေကျတော့ အိမ်တွေ၊ တောင်ယာတွေမှာ ရှိနေတာ။ အဲဒီကနေပဲ ခေါ်သွားတယ်။ တောင်ယာတဲတွေမှာ ရှိနေတဲ့ သူတွေပေါ့။”

အခုဆိုရင် တောတောင်တွေထဲ အလုပ်လုပ်နေသူတွေလည်း မနေရဲတော့ဘဲ ထွက်ပြေးလာကြောင်း၊ စပါးတွေ ပြောင်းတွေ သယ်ပိုးရာမှာ အသုံးပြုတဲ့ ထော်လာဂျီတွေလည်း ချောဆွဲခံနေရကြောင်း ဆက်ပြောပြပါတယ်။

“တော်တော်ကို ကြောက်နေကြတယ်။ ထွက်ပြေးတဲ့လူတွေလည်း ပြေးကြတယ်။ ယောက်ျားလေးဆိုရင် ထိုင်းဘက်ကမ်းကို အကုန်လုံး ကူးလာကြတယ်။ မနေ့တုန်းကဆိုရင် ဟိုဘက်ကမ်းမှာ သုံးနေတဲ့ ထော်လာဂျီပေါ့၊ ထိုင်းဘက်ကမ်းကို အကုန်လုံး ကူးပြီးတော့၊ ချောဆွဲမှာ ကြောက်လို့ပေါ့။ သူတို့က ချောဆွဲပြီး ဆန်အိတ်တွေ ဘာတွေ ဖလူးတောင်ခြေအထိ ပို့ခိုင်းတယ်။ မနေ့ကဆိုရင် ကား လေးငါးရှစ်စီးလောက် ချောဆွဲပြီး ရိက္ခာတွေ ပို့ခိုင်းတယ်။”

စစ်ပွဲတွေ ဖြစ်နေတဲ့အတွက် ပြေပြေလည်လည်နဲ့ ဖြေရှင်းကြဖို့ ရွာသားတွေက လိုလားနေကြပါတယ်။ မြန်မာစစ်အစိုးရဘက်က ပြဿနာကို အေးအေးချမ်းချမ်းနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းနည်းကို သုံးစေလိုကြောင်း ရွာသားတွေက ဆိုပါတယ်။

“ကျနော့်အနေနဲ့ ပြောချင်တာ ဒီလို ရွာသားတွေအပေါ် နိုင့်ထက်စီးနင်း အနိုင်ပြုကျင့်တာတော့ မလုပ်စေချင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ စစ်ဖြစ်လို့လဲ ရှောင်ရ ရှားရနဲ့ ဆုံးရှုံးရတာတွေလည်း အများကြီး။ အခုလို အနိုင်ကျင့်ပြီးတော့ ခိုင်းတာတွေကလည်း တော်တော်လေးကို အရုပ်ဆိုးတယ်။ ဒါကြောင့် ဒီဟာတွေကို မလုပ်စေချင်ဘူး။

“ကျနော့်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုပဲ ပြောချင်တယ်၊ ကျနော်တို့ ဖလူးဒေသမှာ ရှိနေတဲ့ ပြည်သူတွေဆိုရင် အတော်လေးကို စစ်ဘေးစစ်ဒဏ် သင့်နေတယ်၊ တော်တော်လေးကို ခံစားနေရတယ်။ အဲဒါကြောင့် ကိုယ့်အာဏာ တည်မြဲရေးအတွက် တော်လှန်တဲ့လူတွေကို အမြစ်ပြုတ် ချေမှုန်းရေး မလုပ်ဘဲနဲ့ အားလုံး တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းလိုက်တာ တပ်မတော်အတွက်လည်း ကောင်းတယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အတွက်လည်း ကောင်းတယ်၊ ကျနော်တို့ ပြည်သူတွေ အတွက်လည်း အဆင်ပြေတယ်ပေါ့။ အခုဆို ကျနော်တို့မှာ ပိုက်ဆံတွေလည်း ဆုံးရှုံးတယ်၊ မိသားစုတွေလည်း ထွက်ပြေးရနဲ့ တော်တော်ကြီးကို ဒုက္ခရောက်နေတယ်။”

ပစ်ခတ်မှုတွေအတွင်း လက်နက်ကြီးစ ထိမှန်သူတွေလည်း ရှိသလို ကိုယ့်ရွာပြန်ပြီး ကျန်ခဲ့တဲ့ ပစ္စည်းလေးတွေ သိမ်းယူသူတွေကိုလည်း ပစ်ခတ်မှုတွေ လုပ်ခဲ့ကြောင်း ရွာသားတဦးက ဆက်ပြောပြပါတယ်။

“ဒီနေ့ ကျနော်တို့ မိသားစုတွေ လယ်ထဲမှာ အလုပ်လုပ်နေကြတယ်။ အလုပ်လုပ်နေကြတဲ့အခါ အသိတယောက်က ပြောတယ်၊ တောထဲကလူတွေ ရွာထဲကို ရောက်နေပြီ၊ ပြောင်းရွှေ့ဆိုတော့ ကျနော်တို့ ပြောင်းရွှေ့တယ်။ အဲဒီပြောင်းရွှေ့တဲ့ အချိန်မှာ ကလေးတွေက နည်းနည်းနောက်ကျသွားတယ်။ နောက်ကျသွားတဲ့အခါ အဲဒီမှာ အပစ်ခံရတယ်။ ကျနော့်သားသမီး အားလုံး ၆ ယောက်စလုံးကို ပစ်ကြတယ်။ တယောက်ကတော့ ပခုံးမှာ ဒဏ်ရာရသွားတယ်။

“နောက် ကျနော်က ကလေးတွေ မရောက်လာလို့ ပြန်လိုက်သွားတဲ့အခါမှာ၊ ကလေးတွေ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ကျနော် ပြန်ကောက်ယူတဲ့ အချိန်မှာ ကျနော့်ကိုပါ ၆ ချက်၊ ၇ ချက်လောက် ပစ်တယ်။ အခု ကျနော်တို့ သိရသလောက် ပစ်ခတ်တဲ့နေရာက ဖလူး ကျောင်းထဲကနေ ပစ်နေတာ။ အဲဒီနေရာက စစ်တပ် ထိုင်နေတဲ့ နေရာပါပဲ။ ဘယ်သူပစ်တယ် ဆိုတာတော့ ကျနော် အတိအကျ မပြောနိုင်ဘူး။”

၂ ဘက် တိုက်ပွဲတွေ ဆက်ဖြစ်နေသေးကြောင်း၊ ကရင်ပြည်နယ် ကော့ကရိတ် ဝေါ်လေ မေတ္တာလင်းမြိုင်ဘက်မှာ တိုက်ပွဲတွေ အများအပြား ဖြစ်နေတယ်လို့ DKBA တပ်မှူးတဦးက ပြောပါတယ်။

“မနက်က မေတ္တာလင်းမြိုင်မှာ၊ မြ၀တီနဲ့ဆို တမိုင်လောက်ပဲ ဝေးတယ်။ တောက်လျှောက်ပစ်တယ်။ အခုလည်း ပစ်နေတုန်းပဲ။ ပြီးတော့ ကော့ကရိတ်နဲ့ မြ၀တီကြားမှာလည်း ၄ နေရာလောက် ပစ်တယ်။”

ရွာသားတဦးကတော့ ထိုင်းဘက်ခြမ်းက ဒုက္ခသည်တွေနေတဲ့ နေရာကပါ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ကြားနေရကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“တိုက်ပွဲအခြေအနေကတော့ ဒီနေ့မနက် ၅ နာရီလောက်ကနေ ၆ နာရီလောက်အထိ လက်နက်ကြီးသံတွေ ကြားရတယ်။”

ထိုင်း၊ မြန်မာနယ်စပ်မှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA တပ်တွေ တိုက်ပွဲတွေ ဖြစ်တာဟာ တလပြည်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၇ ရက်နေ့ကစပြီး ၂ ဘက် တင်းမာမှုတွေ ဖြစ်ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့က စခဲ့တဲ့ တိုက်ပွဲတွေကတော့ ဒီကနေ့ထိ ပြီးဆုံးခြင်း မရှိသေးဘဲ ဆက်လက်ဖြစ်ပွားမယ့် အခြေအနေတွေ တွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

http://www.voanews.com/burmese/news/

အမေရိကန် ထိပ်တန်းသံတမန် မြန်မာနိုင်ငံကို ဒီသီတင်းပတ် သွားရောက်မည်

By ဦးဇော်ဝင်းလှိုင် တနင်္လာ, 06 ဒီဇင်ဘာ 2010


ဓာတ်ပုံ US State Department
အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Y. Yun) ဟာ မနက်ဖြန် မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ရှိကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်တဲ့အကြောင်း အမည်မဖော်လိုသူ မြန်မာစစ်အစိုးရ အရာရှိတဦး ပြောကြားခဲ့တာကို နိုင်ငံတကာ သတင်းမီဒီယာတွေထဲမှာ ကိုးကားထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းဟာ မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက် လည်ပတ်မယ့်အကြောင်း အမည်မဖော်လိုတဲ့ မြန်မာအာဏာပိုင် တဦးက အတည်ပြု ပြောကြားသလိုပဲ လာမယ့် သောကြာနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိတဲ့အကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက အတည်ပြု ပြောကြားပါတယ်။

“ကျနော်တို့ကို ၁၀ ရက်နေ့တွေ့ဖို့ သူတို့ အကြောင်းကြားထားပါတယ်။ ရောက်တာတော့ မနက်ဖြန် ရောက်မယ်လို့ သိရတယ်။ သေချာပါတယ်၊ သူတို့ပဲ အကြောင်းကြားထားတာပါ။”

စစ်အစိုးရဘက်ကိုရော တွေ့မှာလားခင်ဗျ၊ သူတို့က။

“ကျနော်တို့ သတင်းအနေနဲ့ပဲ ပြောနိုင်မယ်၊ တွေ့မယ်လို့ ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အပြင် NLD ဗဟိုကော်မတီဝင်တွေရော ပါမလားအန်ကယ်၊ အခုတွေ့မယ့်အထဲမှာ။

“ပါမယ်၊ CRPP လည်း ပါမယ်။”

တခြားရော ဘယ်သူတွေနဲ့ တွေ့မယ်လို့ အန်ကယ် သိပါလဲခင်ဗျ။ တခြား နိုင်ငံရေး အဖွဲ့အစည်းတွေရော အန်ကယ် သိပါသလား။

“အဲဒါတော့ မသိဘူးခင်ဗျ။ အဲဒါတော့ ကျနော်တို့ မသိပါဘူး။”

သူတို့ဘက်က ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးချင်တယ် ဆိုတာမျိုးရော ကြိုတင် အသိပေးထားတာ ရှိပါသလားခင်ဗျ။

“အဲဒါတော့ ကျနော်တို့ မသိရသေးဘူး။ သူတို့လာတဲ့ မစ်ရှင် (Mission) အပေါ်မှာ မူတည်မှာပေါ့လေ။ သူတို့ရည်ရွယ်ချက်ပေါ်မှာ တည်မှာပေါ့၊ အဲဒါကြောင့်ပါ။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပြုလုပ်ဖို့ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အနေနဲ့ သတိ ၀ီရိယနဲ့ မျက်စိနား ရှင်ရှင်ထားပြီး စောင့်ကြည့်ရုံတင် မကဘဲ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံတာ ဘယ်ကို ဦးတည်နေတယ်၊ ဘယ်လိုမျိုး အပြောင်းအလဲတွေ မြန်မာနိုင်ငံအတွင်းမှာ ပြုလုပ်ဖို့ လိုအပ်သလဲ ဆိုတာကိုပါ သတိထား စောင့်ကြည့်နေဖို့ လိုအပ်တဲ့အကြောင်း ပြီးခဲ့တဲ့လက အမေရိကန် အခြေစိုက် CNN ရုပ်မြင်သံကြား အစီအစဉ်နဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲနဲ့ အခုနှစ် မေလအတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး အဲဒီတုန်းက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် ရခဲ့သလို စစ်အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အခုသွားရောက်မယ့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး ပထမဆုံး သွားရောက်မယ့် အဆင့်မြင့် အမေရိကန် အစိုးရ ကိုယ်စားလှယ် ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Bam Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီကနေ့ လုံခြုံရေးကောင်စီမှာ အစီရင်ခံဖို့ ရှိပါတယ်။ မစ္စတာ နမ်ဘီးယားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်ပိုင်း အပါအ၀င် တခြား အတိုက်အခံပါတီ ခေါင်းဆောင်တွေ၊ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/

ဒေါ်အောင်ဆန်းစုကြည်ကိုဒီမိုကရေစီနှင့်လူ့အခွင့်အရေးဘုရင်မဆုအိန္ဒိယကချီးမြှင့်



http://burmese.dvb.no/

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ထပ်မံအရေးယူတာ ဖြစ်နိုင်

2010-12-05


Photo: MNDAA Calendar
ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးဖုန်ကျားရှင် (ဝဲ) နှင့် မြန်မာ စစ်အစိုးရ၏ ထိုအချိန်က အတွင်းရေးမှူး (၁) ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် (ယာ) တို့၏ ယခင် မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ သူသွားလာခွင့်ရတဲ့ သာရေးနာရေး ကိစ္စတွေမှာ နောက်လိုက်ဟောင်းတွေနဲ့ အဆက်အသွယ် ရှိခဲ့တာနဲ့ ဆက်နွယ်ပြီး လုံခြုံရေးအရ ပိုမိုတင်းကြပ်တဲ့ နေရာတခုကို ပို့ဆောင် လိုက်တာ ဖြစ်နိုင်ကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဝေဖန်လိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ အရာရှိငယ် ဘ၀က လုပ်ရည်ကိုင်ရည်နဲ့ စိတ်ထားကောင်းမွန်သူ ဖြစ်ပြီး ရာထူးအာဏာ ကြီးမားလာချိန်မှာတော့ မာန်မာန ထောင်လွှားလာခဲ့သူ ဖြစ်တယ်လို့လည်း ဦးဝင်းထိန်က ပြောပြပါတယ်။

ဦးဝင်းထိန်ကို ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/

ထိုင်း-မြန်မာနယ်စပ် စစ်ပြေးဒုက္ခသည်တွေ ပိုများလာ

2010-12-06

ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသမှာ ဒီကေဘီအေနဲ့ စစ်အစိုးရတပ်တွေ အကြား ရက်ရှည် တိုက်ပွဲတွေ ဆက်လက် ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေး ခိုလှုံလာကြတဲ့ ဒုက္ခသည် အရေအတွက် နှစ်ထောင်နီးပါးအထိ ရှိပြီလို့ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုက RFA ကို ဒီဇင်ဘာ ၆ ရက် ဒီကနေ့ ပြောပါတယ်။


တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Partners Relief & Development)

တိုက်ပွဲဖြစ်နေတဲ့ ဝေါလေဒေသတဝိုက်က ဖလူး၊ မင်းလဲ့ပင် စတဲ့ ကျေးရွာတွေက ရွာသားတွေဟာ ထိုင်းနိုင်ငံနယ်စပ်က မဲခေါင်ကင်းရွာ ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံနေကြရပြီး အဲဒီ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ တထောင်ကျော် ရှိတယ်လို့ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး အဖွဲ့က တာဝန်ခံ ဆရာ မန်းမန်းက RFA ကို ပြောပါတယ်။

“ဘုန်းကြီးကျောင်း ဘေးနားမှာပဲ နေတာ တထောင်ကျော်၊ အပြင်မှာနေတာက မဲခေါင်ကင်းရွာ ဘုန်းကြီးကျောင်း မဟုတ်ဖူးပေါ့နော်၊ တခြားရွာမှာ ပြန်နေတာကတော့ ခြောက်ရာကျော်၊ ခုနစ်ရာလောက် ပြန်ရှိတယ်။ တထောင်နီးပါး သွားရှိတယ်ပေါ့နော်၊ မဲဆောက်မြို့နယ်မှာပေါ့နော်။ ဖော့ဖရာမြို့နယ်မှာလည်းပဲ တထောင်နီးပါးရှိတယ်။ နောက် အုန်းဖန်မြို့နယ်မှာလည်းပဲ ခြောက်ရာလောက်တော့ ရှိမယ်။ အဲဒါက ထိုင်းဖက်ကို ကူးတာပေါ့။ နယ်စပ်မှာနေတာလည်း တထောင်ကျော်လောက် ရှိတယ်။ ဗမာပြည်ရဲ့ နယ်စပ်မှာပေါ့နော်၊ ထိုင်းဖက်ကမ်းကို မကူးပဲနဲ့ ဗမာပြည် နယ်စပ်လောက်မှာပဲ နေတာပေါ့နော်။”

လက်ရှိ မဲခေါင်ကင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံ အုန်းဖန်နဲ့ ဖုတ်ဖရာ မြို့နယ်တွေက ကျန်တဲ့ ဒုက္ခသည်အားလုံးကို ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ TBBC အဖွဲ့အစည်းက စားနပ်ရိက္ခာ ထောက်ပံ့ထားပြီး ယာယီခိုလှုံခွင့်ပေးဖို့ ထိုင်းအစိုးရ နဲ့UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့က ဆက်လက် ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

လက်ရှိ ဒုက္ခသည်တွေကို သွားရောက် အကူအညီ ပေးနေတဲ့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးအဖွဲ့ တာဝန်ခံ ဆရာမန်းမန်းနဲ့ RFA မှ ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

http://www.rfa.org/burmese/

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ အစီရင်ခံပြီး ဆွေးနွေးမည်

2010-12-06

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar က မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ဒီဇင်ဘာ ၆ ရက် ဒီကနေ့ တင်ပြမှာ ဖြစ်ပါတယ်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) နှင့် အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာ (ဝဲ) တို့ကို အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: UN Photo/Eskinder Debebe)



မြန်မာခရီးစဉ်မှာ အဓိက အချက် ၃ ချက်နဲ့ သွားရောက်တာ ဖြစ်ပြီး ပထမဆုံး အချက်ကတော့ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပါတီ အဖွဲ့အစည်းအားလုံးရဲ့ မျှော်မှန်းချက်နဲ့ စိုးရိမ်ပူပန်မှုတွေကို နားထောင်ဖြစ်တယ်လို့ မစ္စတာနမ်ဘီယားက ဒီဇင်ဘာ ၂ ရက် ပြီးခဲ့တဲ့ ကြာသတေးနေ့က ကုလသမဂ္ဂ အသံလွှင့်ဌာနကနေ တဆင့် ပြောခဲ့ပါတယ်။

ဒုတိယ အဓိကထားတဲ့ အချက်ကတော့ ရွေးကောက်ပွဲမှာ ပါသူတွေရော၊ မပါခဲ့သူနဲ့ ပါဝင်ခွင့် မရသူတွေရော နိုင်ငံအပြောင်းအလဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေး မြန်မာအစိုးရကို တွန်းအားပေးဖို့ ဖြစ်တယ်လို့ မစ္စတာနမ်ဘီယားက ပြောသွားပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကတော့ ရွေးကောက်ပွဲအပြီး မြန်မာ့ နိုင်ငံရေးအခြေနေကို ပိုစိတ်ဝင်စားကြတယ်လို့ သိရပါတယ်။

မစ္စတာနမ်ဘီယားရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ နမ်ဘီယားဟာ အရင် အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီရဲ့ ရာထူးကို လွှဲပြောင်းရယူခဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်ကနေ ၂၈ ရက်နေ့အထိ ၂ ရက်ကြာ လာရောက်ခဲ့သူ ဖြစ်ပါတယ်။

မစ္စတာနမ်ဘီယားဟာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။

http://www.rfa.org/burmese/

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားသံတမန်များ ဆက်လက်တွေ့ဆုံ

2010-12-06

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် နိုင်ငံသံအမတ်ကြီး Maria Helen Barber က ဗဟန်းမြို့နယ် ဆရာစံလမ်းမှာ ရှိတဲ့ သူမရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၆ ရက် ဒီကနေ့ နေ့လည်စာနဲ့ တည့်ခင်းပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ အလေးထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)



ဒီတွေ့ဆုံပွဲမှာ နှစ်ဖက် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါ သွားခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ရာမှာ ခုလို ပြောပြပါတယ်။

“အဓိကကတော့ ဖိလိပိုင် သံအမတ်ကြီးက သူတို့နိုင်ငံရဲ့ အခြေအနေနဲ့ ဒီက အခြေအနေ နှိုင်းယှဉ်ပြောတယ်။ နောက် ဒီဖက်က ကျွန်တော်တို့ ရွေးကောက်ပွဲ မဝင်တဲ့ ပါတီအနေနဲ့ ရှေ့ဆက် ဘယ်လို ဟိုဒင်းပြုမလဲ၊ အဲ ဒါနဲ့ ပတ်သက်ပြီး အမှုအခြေအနေကို ကျွန်တော်တို့ ပြောပြတယ်။ အမှုအခြေအနေဆိုတာ ကျွန်တော်တို့ အထူးအယူခံ ဝင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့ အကြောင်းကို ကျွန်တော် ရှင်းပြပါတယ်။ အင်း... တနာရီကျော်ကျော်လောက် ကြာတယ်ဗျ။ စကားတော့ အများကြီး ပြောဖြစ်ပါတယ်။ ဒီမိုကရေစီ ထူထောင်ရေးအတွက် လိုအပ်တဲ့ ဆွေးနွေးချက်တွေပေါ့ဗျာ။”

ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အစဉ်တစိုက်ထောက်ခံ အားပေးနေတဲ့ နိုင်ငံဖြစ်ပြီး၊ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ပျက်ကွက်မှုတွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်တဲ့ အာဆီယံ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

လက်ရှိ ဖိလစ်ပိုင်သမတသစ် ဘန်နစ်နို အကွီနိုဟာ နိုဝင်ဘာ ၂၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့အတွက် ဝမ်းမြောက်ကြောင်း၊ မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် စစ်မှန်တဲ့ ဆောင်ရွက်ချက်တွေ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun ဟာ မနက်ဖြန် ရန်ကုန်မြို့ကို လာရောက်ဖို့ ရှိပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာလ ၁၀ ရက် သောကြာနေ့မှာ နှစ်ဦးချင်း တွေ့ဆုံဖို့ ရှိတယ်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ ၁၀ ရက်နေ့မှာ တွေ့မယ်။ ဒေါ်စုနဲ့ နှစ်ဦးချင်း ဆွေးနွေးမယ်၊ နောက်တခါ NLD CEC နဲ့ တွေ့မယ်၊ ပြီးရင် နောက်တခါ CRPP နဲ့ တွေ့မယ်။”

မစ္စတာ Joseph Yun ရဲ့ ခရီးစဉ်ဟာ ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေး မူဝါဒအပါအဝင် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ကျင့်သုံးနေတဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်ရေးအတွက် အရေးပါတဲ့ ခရီးစဉ် ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူ NDD သုတေသန အဖွဲ့က ဦးဌေးအောင်က ပြောပါတယ်။

“အဲဒီတော့ နိုင်ငံတကာရဲ့ အနေအထားနဲ့ ပတ်သက်လို့ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အပေါ်မှာပေါ့လေ၊ အဲ သူတို့ ကြိုဆို နှုတ်ဆက်ရုံသာမကပဲနဲ့ ဒီ အဖွဲ့ချုပ်ရဲ့ ရှေ့ လုပ်ငန်းစဉ်သဘောထားတွေကိုလည်း သူတို့ မေးမြန်းတီးခေါက်နေတဲ့ သဘောထားတွေ ရှိတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ သူတို့နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီပေါ့။ အထူးသဖြင့် ဒီ နအဖ စစ်အစိုးရအပေါ်မှာ ဆက်ဆံရမဲ့ သူတို့ရဲ့ ပေါ်လစီကို ပြန်သုံးသပ်လိမ့်မယ်လို့ ကျွန်တော်က ယုံကြည်တယ်။ အဲဒါကြောင့်၊ အခု အမေရိကန်ပေါ့လေ၊ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို သွားတဲ့ ကိစ္စကလည်းပဲ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်ဆိုလို့ရှိရင်ပေါ့နော်။ ဒီ ရှေ့ NLD ရဲ့ လုပ်ငန်းစဉ်တွေ၊ နောက်ပြီးတော့ NLD ကနေပြီးတော့ ဒီ စစ်အစိုးရအပေါ်မှာ ထားရှိတဲ့ သဘောထားတွေ၊ နောက်တခုကလည်း ခုနလိုပေါ့ အဲဒီ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေအပေါ်မှာ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ရဲ့ သဘောထားတွေကို မေးမြန်းဆွေးနွေးလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။”

မစ္စတာ Joseph Yun ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်ပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်မဲ့ အမေရိကန်အစိုးရရဲ့ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ် ဖြစ်ပါတယ်။ သူဟာ အမေရိကန်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ဆက်ဆံရေးတိုးတက်မှုကို ပြန်လှန် သုံးသပ်နေသူ ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell တို့နဲ့အတူ ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မလေးရှား နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

သူဟာ ဗြိတိန်နိုင်ငံက ကမ္ဘာကျော် LSE လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံတက္ကသိုလ် Wales တက္ကသိုလ်တို့မှာ ပညာဆည်းပူးခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉၈၅ ခုနှစ်က စတင် အမှုထမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုတော့ အခုနှစ် သြဂုတ်လ ၁၀ နေ့က စတင် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/suu_kyi_meeting_with_diplomats-12062010110212.html

အိန္ဒိယက မြန်မာကို စစ်သုံး ပစ္စည်းများပေးအပ်

ဇာနည်မာန် Monday, 06 December 2010 17:16

အိန္ဒိယအစိုးရက မြန်မာ စစ်အစိုးရကို စစ်ဘက်သုံး မြေထိုးစက်၊ ကရိန်းကား၊ ဆိုင်ကယ်၊ ကားများနှင့် ဆက်သွယ်ရေးသုံး ပစ္စည်းများကို အခမ်းအနားဖြင့် ယမန်နေ့နေ့လယ်က အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရ်ပြည်နယ်၊မိုးရေးမြို့တွင် ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

“ကားတွေက အစိမ်းပုတ်ရောင်တွေ၊ ၁၀ စီးလောက်ရှိတယ်။ သေချာတော့ မမြင်ရဘူး။ မိုးရေး ဘောလုံးကွင်းမှာပေးတာ။ ကွင်းတခုလုံး ပိတ်တွေနဲ့ ကာထားတာ။ ဘင်ခရာဝိုင်းတွေ၊ ယဉ်ကျေးမှု အကအဖွဲ့တွေနဲ့ အခမ်းအနားလုပ်နေတယ်။ အနားကို မသွားရဘူး။ ကျနော်သွားကြည့်တော့ အိန္ဒိယ စစ်တပ် အစောင့်တွေက မောင်းထုတ်တယ်” ဟု မိုးရေးမြို့ခံတဦးက ပြောသည်။

စက်ပစ္စည်းများ ပေးအပ်သည့် အခမ်းအနား မတိုင်ခင် ၃ ရက်က မြန်မာအင်ဂျင်နီယာများကို အိန္ဒိယ အင်ဂျင်နီယာများက စက်များ အသုံးပြုပုံ ခေါ်ယူရှင်းပြခဲ့သေးသည်ဟု သိရသည်။

စက်ပစ္စည်းများကို အိန္ဒိယ အစိုးရကိုယ်စား မဏိပူရ်ပြည်နယ် အာသံရိုင်ဖယ်တပ်၏ အကြီးအကဲတဦးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး N.K Singh က ပေးအပ်ခဲ့ပြီး မြန်မာဘက်မှ အနောက်မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလွင်က လက်ခံရယူခဲ့သည်။

ပေးအပ်ခဲ့သော ပစ္စည်းများမှာ ထရပ်ကား ၂ စီး၊ ဆိုင်ကယ် ၃ စီး၊ မြေတူး ဘူဒိုဇာစက် ၄ စီး၊ 6KV မီးစက်တလုံး၊ Bolero လူစီး မော်တော်ယာဉ်အသေး ၁ စီး၊ HCL အမှတ်တံဆိပ် ကွန်ပျူတာ ၃ လုံးနှင့် လမ်းလျှောက်စကားပြောစက် ၆ လုံး တို့ဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများကို လမ်းဖောက်လုပ်ရေးများအတွက် အသုံးပြုမည်ဖြစ်ကြောင်း အိန္ဒိယအခြေစိုက် Sangai Express သတင်းစာတွင် ဖော်ပြထားသည်။

လက်ခံရရှိသော ဗိုလ်မှူးချုပ်စိုးလွင်က အိန္ဒိယ အစိုးရ၏ ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ကြောင်း၊ ယခင်က ပေးအပ်ခဲ့ဖူးသော ပစ္စည်းများကိုလည်း မြန်မာစစ်တပ်တွင် အသုံးပြုလျက်ရှိကြောင်း၊ အိန္ဒိယ အစိုးရက မြန်မာစစ်တပ်သို့ အကူညီများ ပေးအပ်ခြင်း သည် မြန်မာပြည်သူလူထုကို ကူညီခြင်းပင် ဖြစ်ကြောင်း ပြောဆိုသည်ဟု အဆိုပါ သတင်းတွင်ပါရှိသည်။

အဆိုပါ စက်ပစ္စည်းများမှာ အိန္ဒိယနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းများ၏ စက်မှုပိုင်းဆိုင်ရာတွင် အသုံးပြုသည့် အ၀ါရောင်များ မဟုတ်ဘဲ စစ်တပ်သုံး အစိမ်းရောင်များ ဖြစ်နေသည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်တွင် အသုံးပြုရန် ဖြစ်နိုင်ကြောင်း လေ့လာသူ များကဆိုကြသည်။

“မြန်မာဘက်ကို ပေးတာက အရင်တခါကလည်း အစိမ်းရောင်ပဲ။ သူတို့က စစ်သုံးလို့လည်း ပြောတာကြားရတယ်။ အမြောက်တွေ ဘာတွေလည်း တပ်လို့ ရတယ်။ စီမံကိန်းအရ ပေးမယ်လို့ ပြောထားတာ အစီး ၅၀ လောက် သဘောတူထားတယ် ကြားတယ်” ဟု မိုးရေးမြို့ခံက ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်သုံးမြေထိုးစက်၊ မြေကော်စက်များကို ယခုကဲ့သို့ပင် အခမ်းအနားဖြင့် ပေးအပ်ခဲ့ဖူးသည်။

နှစ်နိုင်ငံ နယ်စပ်အရေး လေ့လာသူတဦးက “အိန္ဒိယက ထမံသီ ရေကာတာ လုပ်ပေးတာမျိုး၊ လမ်းဖောက်ပေးတာမျိုးတွေ အခမဲ့ လုပ်ပေးနေတာ။ အခုကတော့ ခွဲထွက်ရေး သူပုန်တွေကို မြန်မာက ကူတိုက်ပေးဖို့ သဘောတူညီချက်တွေ အရ ရှေ့တန်းမှာ သုံးဖို့ပေးတာ တွေလည်း ဖြစ်နိုင်တယ်” ဟု သုံးသပ်သည်။

နှစ်နိုင်ငံ စစ်တပ်မှ အကြီးတန်း အရာရှိများသည် တနှစ်လျှင် အနည်းဆုံး ၄ ကြိမ်ခန့် စစ်ရေးအရ ဆွေးနွေးမှုများ ပြုလုပ်လေ့ရှိပြီး မဏိပူရ်ပြည်နယ် မိုးရေး၊ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တို့တွင် တွေ့ဆုံဆွေးနွေးလေ့ရှိရာ ဆွေးနွေးပွဲများ အပြီးတွင် မြန်မာနိုင်ငံအား စစ်ရေးအရ ကူညီမှုများပေးရန်၊ မြန်မာဘက်မှလည်း အိန္ဒိယ-မြန်မာနယ်စပ်ဒေသရှိ အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို ကူညီ တိုက်ထုတ်ပေးရန် ပြောဆိုလေ့ရှိကြောင်း သူကဆိုသည်။

သူကဆက်လက်၍ “နှစ်နိုင်ငံဆက်ဆံရေးအတွက် အဓိကပေါ့။ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေက စစ်ကိုင်းတိုင်း အထက်ပိုင်း ကဘော် ချိုင့်ဝှမ်းဘက်တွေမှာ ရှိနေတယ်ဆိုပြီး သတင်းတွေလည်း ဖြစ်နေတယ်။ မြန်မာအစိုးရကို ကူတိုက်ပေးဖို့ ပြောထားပေမယ့် ဒီသူပုန်တွေကို မြန်မာပြည်ထဲမှာ နေခွင့်ပေးထားတဲ့အတွက် တနှစ်ကို ရူပီး သိန်း ၁၀၀ (ကျပ် သိန်း ၂၀၀၀) လောက် ရတယ်ဆိုတာတွေ၊ တခါတလေ အဖမ်းပြ၊ နောက်မှ ငွေယူပြီး ပြန်လွှတ်ပေးတယ် ဆိုတာတွေကလည်း ရှိနေတော့ မြန်မာစစ်တပ် ဘက်ကတော့ ဒီကိစ္စမှာ ဟန်ပြ လောက် အိန္ဒိယအစိုးရကို လုပ်ပြနေတာပါ” ဟုပြောသည်။

အိန္ဒိယ အစိုးရသည် ၁၉၈၈ လူထုအုံကြွမှု ကာလများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကို အားပေး ကူညီခဲ့ သော်လည်း ၁၉၉၀ နောက်ပိုင်းတွင်မူ နှစ်နိုင်ငံအစိုးရအကြား စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့် လုပ်ဆောင် လာပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် တစုံတရာ ၀င်ရောက်ပြောဆိုခြင်း မရှိခဲ့ပေ။

အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို ပူးပေါင်း တိုက်ခိုက်သည့် ရွှေငှက် စစ်ဆင်ရေး ပြုလုပ်နေသည့် ကာလတွင် အိန္ဒိယ အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား Jawaharlal Nehru ဆုချီးမြှင့်လိုက် ချိန်မှစ၍ မြန်မာအစိုးရဘက်မှ စစ်ဆင်ရေးကို ရပ်နားလိုက်သည်။ သို့သော်လည်း နှစ်နိုင်ငံအစိုးရခြင်း ဒေသအလိုက် အပြန်အလှန် သတင်းဖလှယ်ခြင်းများမှာမူ ရှိနေဆဲဖြစ်သည်။

နှစ်နိုင်ငံ စစ်ဦးစီးချုပ်နှင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ နောက်တွင် အိန္ဒိယ အစိုးရက စစ်လေယာဉ်၊ ကမ်းရိုးတန်းသွား ရေယာဉ်ငယ်များ၊ လေယာဉ်ပစ် လက်နက်များ၊ လက်နက်ခဲယမ်းများ အပါအ၀င် နည်းပညာ အကူအညီများ ပေးအပ်ခြင်း၊ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်ခြင်းများ ရှိခဲ့ပြီး မြန်မာ စစ်အစိုးရထံမှလည်း အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို တိုက်ထုတ်ရေးတွင် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းချက်များကို သဘောတူညီမှုများ ရှိခဲ့သည်။

ဒီမိုကရေစီ အင်အားကြီး နိုင်ငံတခုဖြစ်သည့် အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒအပေါ် နိုင်ငံတကာ အသိုင်းအ၀န်းက ဝေဖန်မှုများ ရှိနေသည်။

http://www.irrawaddy.org/bur/index.php/news/5144-2010-12-06-10-21-13

စစ်အစိုးရနှင့် DKBA တိုက်ပွဲ ဆက်ဖြစ်

သန်းထိုက်ဦး Monday, 06 December 2010 17:24

စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ မြ၀တီမြို့နယ် အတွင်းရှိ မေတ္တာလင်းမြိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။မေတ္တာလင်းမြိုင်ဒေသ၌ ယနေ့ နံနက် ၅ နာရီခန့်တွင် နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် ကြောင်း ယင်းကျေးရွာအနီးရှိ ဒေသခံများက ဆိုသည်။


မြဝတီ မြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် DKBA တပ်များ တိုက်ပွဲ ဆက်တိုက် ဖြစ်နေသောကြောင့် ဒုက္ခသည်များလည်း ထိုင်းနိုင်ငံဘက်သို့ ပြေးဝင် ခိုလှုံနေရဆဲဖြစ်သည် (ဓာတ်ပုံ - ဧရာဝတီ)

ယနေ့တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများ မရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့မှ စတင်၍ ထွက်ပြေးလာသူ လူဦးရေ ၁၀၀၀ ကျော် ရှိနေသေးကြောင်း၊ ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင် များက ထိုင်းနယ်ခြားစောင့် စခန်းဝန်းအတွင်း စောင့်ရှောက်ထားကြောင်း သိရသည်။

ယင်း ဒုက္ခသည်များကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များ ထားရှိရာသို့ လာရောက်ကြည့်ရှုခဲ့ပြီး အလျင်စလို ပြန်ပို့ရန် မလိုအပ်သေးကြောင်းနှင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်သည့် အခြေအနေ ရှိနေသေးကြောင်း ပြောသွားသည်ဟု သိရသည်။

ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ လူ့အခွင့်အရေး လှုပ်ရှားနေသော NGO အဖွဲ့ အစည်း တချို့က အစားအသောက်များ ကူညီထောက်ပံ့ပေးထားသည်ဟု မဲဆောက်မြို့ခံများက ဆိုသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသော ဒုက္ခသည် များကို အချိန်မတန်သေးဘဲ ပြန်မပို့ရန် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး (HRW) အဖွဲ့က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားသည်ဟု သိရသည်။

HRWမှ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဆိုဖီ ရစ်ချတ်ဒ်ဆန်က “မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အရပ်သားတွေကို ထိခိုက်မှု မရှိအောင် နှစ်ဘက်လုံးက အလေးထားတာမျိုး မပြခဲ့ဘူး”ဟု ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်း ဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက သင်္ကန်းညီနောင်၊ ဖလူး၊ မဲသဝေါနှင့် မာနယ်ပလောဒေသ တလျှောက်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ရန်သူ (နအဖ တပ်တွေ) က အဲဒီဘက်တွေမှာ မထိန်းနိုင်တော့ဘူး။ DKBA ကလည်း မညီညွတ်တော့ဘူး ဆိုတော့ ကျနော်တို့
ဘက်က ပြောက်ကျားစနစ်နဲ့ လစ်တာနဲ့ ထတိုက်မှာပဲ” ဟု သူက ဆက်ပြောသည်။

ပြောက်ကျား တပ်များကို အဆိုပါဒေသများသို့ ထပ်မံ တိုးချဲ့ရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် KNU လက်အောက်ခံတပ်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅)၊ တပ်မဟာ (၇) လက် အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း(၂၂) တပ်များပူးပေါင်းကာ လှုပ်ရှားနေကြောင်းလည်း KNLA အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေး၏ တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူ သောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

http://www.irrawaddy.org/bur/index.php/news/5145--dkba-

ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်းချီကား ပို့စ်ကတ်များ ရောင်းပြီး လူမှုရေးတွင် သုံးမည်

ဧရာဝတီ Monday, 06 December 2010 16:09

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေရှာ ဖွေသည့် အနေဖြင့် ၎င်းရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ကမ္ဘာ့ AIDS နေ့က NLD ရုံးချုပ်တွင် ဝေဒနာရှင်ကလေးများကြားတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - Getty Images)

နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုစုစောင့်ရှောက် ထားသော HIV/ AIDS ဝေဒနာရှင်များကို ကူညီရန် အပါအ၀င် လူမှုရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော ရန်ပုံငွေရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကားများကို ပို့စ်ကတ်ထုတ် ရောင်းချမည် ဖြစ်ကြောင်း NLD လူငယ်တာဝန်ခံ တဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။

“အန်တီ (ဒေါ်အောင်ဆန်းစုကြည်) အကျယ်ချုပ် ကျခံနေရတဲ့အချိန်မှာ ကွန်ပျူတာထဲမှာ ရေးထားတဲ့ ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ် ရောင်းမှာပါ။ ပြည်တွင်းမှာကော၊ ပြည်ပမှာပါ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဖို့ရှိတယ်” ဟု မဖြူဖြူသင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲထားသော ပန်းချီကားများထဲတွင် ရာသီဥတုနှင့် သက်ဆိုင်သော ပန်းချီကားတချို့ ပါဝင်ပြီး နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းရာသီ ဟူ၍ အမည်များ ပေးထားကာ အဆိုပါ ပို့စ်ကတ်များတွင် ၎င်းကိုယ်တိုင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဒဂုံမြို့သစ် တောင်ပိုင်း နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ NLD လူမှု အထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များ ထားရှိသည့်ဂေဟာတွင် လူနာရှင် ၁၀၀ ကျော်ပုံမှန်ရှိနေပြီး ဆေးဝါးစရိတ်၊ စားစရိတ်အပါအ၀င် လစဉ် သိန်း ဆယ်ဂဏန်းချီ ကုန်ကျကြောင်း၊ မဖြူဖြူသင်း ဦးဆောင်သော NLD လူငယ်များအနေဖြင့် လူနာများအတွက် လစဉ် အခက်အခဲများ ရှိနေကြောင်း ကြားသိရသည်။

“လူနာ ၁၀၀ ဆိုတာက ဆေးရတဲ့သူက ပြန်၊ နောက်ထပ် အသစ်ထပ်ရောက်လာ၊ သက်သာသွားတဲ့ သူက နေရပ်ပြန်၊ ဝေဒနာရှင် အသစ်တွေက ထပ်ပြီး ရောက်လာဆိုတဲ့ ပုံစံမျိုးနဲ့ ပုံမှန် အမြဲတန်းရှိနေတဲ့ အရေအတွက်ပါ။ အထူးသဖြင့် နယ်တွေက လာကြတယ်” ဟု တောင်ဒဂုံမြို့နယ်ရှိ ဂေဟာမှ NLD လူငယ် တဦးက ပြောသည်။

NLD အနေနှင့် ၂၀၀၂ ခုနှစ်ကတည်းက HIV/AIDS ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ရေး ဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိ လူနာပေါင်း ၃၀၀၀ ကျော်ကို ကူညီစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

NLD သည် နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သည့်အတွက် INGO၊ NGO များထံမှ ငွေကြေးအကူအညီ မရယူနိုင်ဘဲ ကိုယ်ထူကိုယ်ထ စနစ်ဖြင့်သာ ငွေကြေးရှာဖွေပြီး ဝေဒနာရှင်များကို ကူညီစောင့်ရှောက် နေရကြောင်း၊ ဝေဒနာရှင် များအတွက် လိုအပ်သည့် ARV ဆေးကိုမူ INGO နှင့် NGO များက အခမဲ့ပေးကြောင်း NLD လူမှု အထောက်အကူပြု အဖွဲ့ဝင်များက ပြောသည်။

“ကျမတို့ဆီ ရောက်လာတဲ့ လူနာတွေကို AZG နယ်စည်းမခြား ဆရာဝန်များအဖွဲ့လို နိုင်ငံတကာ INGO တွေ၊ နားခိုရာတို့ ရတနာ့မေတ္တာတို့လို ပြည်တွင်း NGO တွေဆီက ARV ဆေးရအောင် သက်ဆိုင်ရာ ဆေးခန်းကို လိုက်ပို့ပေးတာကနေ Counseling ၀င်တဲ့အဆုံး လိုက်ပြီး အကူအညီ ပေးပါတယ်။ ကျမတို့က နိုင်ငံရေး အဖွဲ့ဖြစ်နေ တော့ 3D Fund လို အဖွဲ့အစည်းတွေဆီက ရန်ပုံငွေရဖို့ မဖြစ်နိုင်ဘူး” ဟု မဖြူဖြူသင်းက ပြောသည်။

INGO နှင့် NGO များထံမှ ARV ဆေးဝါးရရှိရန် စောင့်ဆိုင်းနေသည့် ဝေဒနာရှင်များအနေနှင့် အမှန်တကယ် ဆေး သောက်သုံးရန် လိုအပ်နေပါက NLD က အကုန်အကျခံကာ ဆေးတိုက်ကျွေးကြောင်း သိရှိရသည်။

“တချို့လူနာတွေက ဆေးသောက်ဖို့ တအား လိုအပ်နေပြီ၊ တခြားတဘက်မှာလည်း NGO တွေဆီက ဆေးရဖို့ စောင့်နေတယ် ဆိုရင်တော့ ကျမတို့ကပဲ လောလောဆယ် ဆေးသောက်ဖို့ အဆင်ပြေအောင် မရှိ၊ ရှိတဲ့ကြားက ရှာဖွေပြီး ဆေးတိုက်ပါတယ်” ဟု မဖြူဖြူသင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် တောင်ဒဂုံမြို့သစ်ရှိ NLD က စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များ ဂေဟာသို့ သွားရောက်လည်ပတ်ခဲ့ရာ စစ်အစိုးရက လူနာများကို ဧည့်စာရင်း မပေးကြောင်း ပြောဆို၍ ရွှေ့ဆိုင်းခိုင်းခြင်း၊ ဂေဟာသို့ လာရောက် လည်ပတ်သော အနုပညာရှင်များကိုလည်း အနုပညာ ဆိုင်ရာ တားဆီး ပိတ်ပင်မှုများ ပြုလုပ်ခြင်း အပါအ၀င် ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။

http://www.irrawaddy.org/bur/index.php/news/5143-2010-12-06-09-28-41

Google China မှမြန်မာပြည်သူတို့၏ အင်တာနက်အချက်အလက်ရှာဖွေမူကို ထိန်းချုပ်မှုသည် မြန်မာပြည်သူတို့၏ အချုပ်အခြာအာဏာကိုထိပါးမှုဖြစ်သည်

Google China's control over google internet search in Burma poses a serious threat to Burmese people's sovereignty and national interest.




မြန်မာတွေ google လုပ်တာကို တရုပ်ကထိန်းချုပ်လိုက်သတဲ့..ခွင့်ပေးသူက စစ်အာဏာရှင်တွေတဲ့.။ ရက်စက်လိုက်ကြတာ..လုပ်ရက်လိုက်ကြတာ...တပ်ထဲက ပညာတတ် ဘယ်ပုဂိုလ်ကမှမတားဆီးနိုင်ကြတော့ဘူးလား။ ဒီကိစ္ခ္စ ဟာ နိုင်ငံတော်ကိစ္ခ္စ အချုပ်အချာအာဏာဆိုင်ရာကိစ္ခ္စတရပ်ဖြစ်ပြီး ယခုမျိုးဆက်တွေ နောင်လာမည့် မျိုးဆက်တွေရဲ့အကျိုးနဲ့ ဆက်စပ်စဉ်းစားကြည့်ရင် စိတ်နှလုံးကြေကွဲစရာကိစ္ခ္စတခုပါ။


ပြောရရင် ဒါဟာနိုင်ငံသားအားလုံးရဲ့ အချုပ်အခြာအာဏာဆုံးပါးမှုတခု ပြည်သူပြည်သားတွေရဲ့လွတ်လပ်မှုဆုံးရှုံးခြင်းလက္ခ္ခဏာတခုပါ။ တနည်းပြောရရင် တိုင်းပြည် ရဲ့အချုပ်အခြာအာဏာအစိတ်အပိုင်းတခုကို တရုတ်လက်အောက်ကို ပေးလိုက်ပြီဆိုတဲ့ သဘောပါ။ စစ်အုပ်စုအာဏာရူးများဟာ ဖိနှိပ်မှုယန္တ ယားကိုခိုင်ခန့်ဘို့လောက်ကိုပဲ မျက်စေ့တဆုံးစဉ်းစားပြီး.. သူတို့ကိုဆန့်ကျင်မည့်သူများ (ကိုယ်ပြည်သူလူထု) မတိုးတက်ရင်ပြီးရော၊ မတိုးတက်လို့ မပုန်ကန်ရင်ပြီးရော သူတို့အာဏာမြဲဘို့ ဘာမဆို မရှက်မကြောက် ဘာမဆိုလုပ်မယ်လို့ လူထုကို ထပ်မံဗြောင်စိန်ခေါ်ကြေငြာလိုက်ပါပြီကောလား။ အဲဒီပိတ်ဆို့မှုရဲ့အကျိုးဆက်တွေနဲ့ ဆိုးကြိုးသက်ရောက်မူတွေ ဘယ်လောက်ရှိမယ်.. နောက်လာမည့်မျိုးဆက်တွေ ဒီအကျိုးဆက်ရဲ့ဆိုးကျိုးကို နိုင်ငံရေးအရ ပညာရေးအရ စီးပွားရေးအရ လူမှုရေးအရ ဦးနောက်ဖွံ့ဖြိုးမှုတွေအရ ဘယ်လောက်ထိခိုက်လာမယ်ဆိုတာ ခန့်မှန်းရခက်ပေမယ့် ပြည်သူအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတရပ်ဆိုတာကတော့ မငြင်းနိုင်ပါဘူး။ လက်ရှိ မြန်မာတွေအတွက်တော့ ကြီးမားတဲ့ အခွင့်အရေးတခုဆုံးရှုံးသလို လွတ်လပ်ရေးဆုံးရှုံးလိုက်ရသလို ခံစားလိုက်ကြရပါတယ်။


ယခင်စစ်အာဏာရှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်းကလည်း အာဏာရှင်ဦးနေ၀င်းက အလားတူပိတ်ဆို့မှုမျိုးလုပ်ခဲ့ပါတယ်။ ပုံသဏ္ဍန်မတူပေမယ့် အနစ်သာရကတော့အတူတူပါပဲ။ ဦးနေ၀င်းအုပ်ချုပ်စဉ်တုန်းက အနောက်ကိုဆန့်ကျင်ရရင်ပြီးရော အဆင်အခြင်မဲ့ အရမ်းကာရော လုပ်ချင်ရာလုပ်ခဲ့တာကြောင့် ဆိုရှယ်လစ်ဖြစ်ဘို့ဆိုရင် အနောက်ကိုဆန့်ကျင်ရမယ်လို့ ခေတ်မမှီတဲ့ကျဉ်းမြောင်းတဲ့ စဉ်းစားချက်တခုအောက်မှာ အင်္ဂလိပ်ကိုဆန့်ကျင်တာနဲ့ရောပြီး ခေတ်မီတဲ့ အင်္ဂလိပ်ပညာရေးကို ဖျက်သိမ်းခဲ့တာတွေအပြင် ၂၆ နစ်ကြာကျင့်သုံးတဲ့ အဆင်အခြင်မဲ့ တံခါးပိတ်ဝါဒကြောင့် မြန်မာတွေကမ္ဘာ နဲ့အဆက်အသွယ်ပြတ်ပြီး အစစအရာရာနောက်တန်းရောက်ကာ လူလုံးသူလုံးမလှဖြစ်ရတာ ယနေ့အချိန်အထိပါပဲ။ ယခင်လွတ်လပ်ရေးရပြီးကာစအထိ အန္ဒိ ယနိုင်ငံသားတွေနဲ့ ဘေးပတ်ဝန်းကျင်တိုင်းပြည်တွေက အဆင့်မြင့်ပညာတတ်ချင်တဲ့ကျောင်းသားတွေ မြန်မာပြည်ကိုတောင် တကူးတက ပညာလာသင်ဆည်းပူးရတာပါ။ ပညာတတ်မြန်မာတွေ အင်္ဂလိပ်စာ စကားပြောအရေးအဖတ် အလွန်ကောင်းခဲ့ပါတယ်.။ ယနေ့တော့မြန်မာပညာတတ်တွေဟာ အင်္ဂလိပ်စာကို စကားကို ကြောက်စိတ် အထင်ကြီးစိတ်ကလေးတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ဘ၀ ကိုရောက်ခဲ့ရပါပြီ။ စီးပွားရေးမှာလည်း အာရှရဲ့စပါးကျည်လို့ ဆိုရလောက်အောင် ဆန်ရေစပါးပေါများခဲ့တာပါ။ ထိုင်းဆန်ဆိုတာ ဗမာဆန်ကို မယှဉ်နိုင်သေးပါဘူး။ အဲဒီလို အိမ်နီးနားချင်းတိုင်းပြည်တွေက စီးပွားရေးအရ ပညာရေးအရ နိုင်ငံရေးအရ မြန်မာပြည်ကို မော်ကြည့်နေရသည့် ဘ၀ကနေ အခြားနိုင်ငံတွေက သူတို့မြန်မာအစိုးရနဲ့ဆက်ဆံရတာ ဘာကြောင့်ပါ ဘယ်လိုပါလို့ ဆိုပြီး သူတို့မြန်မာနိုင်ငံနဲ့ ဆက်ဆံနေရခြင်းအကြောင်းတရားကို နိုင်ငံတကာမှာ ဆင်ခြေပေး ဖြေရှင်းချက်တွေထုတ်နေရတဲ့ဘ၀ ဘေးဖယ်ထားခံရတဲ့ ဘ၀ကို မြန်မာနိုင်ငံရောက်ရှိခဲ့ရပါတယ်။


ဒါက (၂၆) နစ်ကြာ တံခါးပိတ်ခဲ့တာကြောင့်ရခဲ့တဲ့ ဆိုးကြိုးတွေပါ။ တခုပြောပါရစေ။ ပိတ်ထားရင်တော့ ဘာမှတော့မ၀င်ဘူး။ အဲ...ဘာမှမဖြစ်လာနိုင်တော့သလို.. ဘာမှလည်းမတိုးတက်နိုင်ပါဘူး။ ရလာဒ်အနေနဲ့ တိုင်းပြည်နှိမ့်ကျသွားတာ အမျိုးသားအချုပ်အခြာအာဏာဆုံးပါးသွားနိုင်တာပဲရှိမှာပါ။


တိုင်းပြည်တခုရဲ့အချုပ်အခြာအာဏာ (sovereignty) ဆိုတာ ထိုတိုင်းပြည်ရဲ့ အကြွင်းမဲ့အာဏာ (Supreme power) ပါ။ အဲဒီအကြွင်းမဲ့အာဏာကိုအသေးစိတ်ကြည့်တဲ့အခါ အကြွင်းမဲ့အာဏာဆိုတာ နိုင်ငံရေးအရ ၊ စီးပွားရေးအရ၊ စစ်အင်အားအရ၊ လူမှုရေးအရ၊ နယ်နမိတ်အရ၊ လွတ်လပ်မှုအရ၊ ပြင်ပထိန်းချုပ်မှုကင်းတဲ့၊ ကိုယ့်အချုပ်အခြာအာဏာစီရင်ပိုင်ခွင့် ကိုဆိုတာဖြစ်ပါတယ်။ ဒီလိုအချုပ်အချာအာဏာကိစ္ခ္စ္စတွေကိုပြောတဲ့ အခါ ပြည်သူလူထုတရပ်လုံးရဲ့ အဓိကအကျိုးစီးပွားနဲ့ပဲ ယှဉ်ပြီးပြောရပါတယ်။


ယခင်က တိုင်းပြည်တပြည်ရဲ့အချုပ်အချာအဏာပိုင်ဆိုင်မှုကိုသတ်မှတ်ဘို့ နယ်စပ်မျဉ်းတွေနဲ့ ပိုင်းခြားကြပါတယ်။ အဲဒီနယ်စပ်မျဉ်းတွေဆိုတာ ပထ၀ီအနေအထား သဘာဝမျဉ်းကြောင်းတွေဖြစ်တဲ့ မြစ်တွေ ချောင်းတွေ တောင်တန်းတွေနဲ့ နိုင်ငံတကာကသတ်မှတ်ထားတဲ့ ရေပိုင်နက် လေပိုင်နက် အကွာအဝေးတွေဖြစ်ပါတယ်။ တခါတရံ ပထ၀ီဆိုင်ရာ သဘာဝဆုံးဖြတ်မှုအကြောင်းအမျိုးမျိုးကြောင့် မြစ်ကြောင်းကောက်လို့ သောင်ကမ်းထွန်းရင် နိုင်ငံတွေ သူပိုင်ငါပိုင် အငြင်းပွားကြပြီး တခါတရံစစ်ဖြစ်ကြတာပဲ။ ကမ္ဘာ့ ပထ၀ီမြေပုံကိုချသွားသူကတော့ တချိန်က နေမ၀င်အင်ပါယာလို့ထင်ရှားပြီး ကမ္ဘာ့ ကိုကြီးစိုးခဲ့တဲ့ အင်္ဂလိပ်ပါ။


ယခုလို တိုးတက်တဲ့ခေတ်ကြီးမှာတော့ အချုပ်အချာအာဏာဆိုတာ ယခင်လို နယ်နမိတ်တွေပေါ်မှာသာအဓိကအခြေပြုမနေတော့ပဲ ကိုယ့်တိုင်းပြည်အကျိုးစီးပွားသတ်မှတ်ချက်တွေပေါ်မူတည်ပြီး ခေတ်ကာလအလိုက် သတ်မှတ်ချက်တွေပြောင်းကုန်ပါပြီ။ သတိထပ်ပေးပါရစေ.. ဒီလိုအချုပ်အချာအာဏာကိစ္ခ္စတွေကိုပြောတဲ့ အခါ ပြည်သူလူထုတရပ်လုံးရဲ့ အဓိကအကျိုးစီးပွားနဲ့ပဲ ယှဉ်ပြီးပြောရပါတယ်။


ဥပမာ-တိုင်းပြည်တပြည်က ကိုယ့်တိုင်းပြည်ရဲ့စီးပွားရေးစားကျက်ကို လုယူတဲ့ ကိစ္ခ္စ ဟာ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္ခ္စ ဖြစ်လာတတ်ပါတယ်။ ပညာရေးကိစ္ခ္စ နည်းပညာဆိုင်ရာကိစ္ခ္စတွေ ပြိုင်ဆိုင်မှုမှာ လည်းအလားတူဖြစ်တတ်ပါတယ်.။ တဖန် တိုင်းပြည်တခုက စစ်အင်အားတိုးချဲ့တည်ဆောက်မူဟာ အခြားတိုင်းပြည်တခုရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတတ်ပါတယ်။ ဥပမာ-အမေရိကန်ရဲ့ စတားဝါး (Star War) စီမံကိန်း နဲ့ အတူ အာကာသထဲမှာနဲ့ ကမ္ဘာပတ်လမ်းထည်း လွတ်တင်ထားတဲ့ ဂြိုလ်ထုစခန်းတွေ၊ ထောက်လှမ်းရေးစခန်းတွေနဲ့ တိုးတက်လာနေတဲ့ အာကသတွင်း ဂြိုလ်ထု (satellite system) စနစ်အခြေပြု GPS စနစ်တွေ (The Global Positioning System (GPS)) ဟာ နိုင်ငံတခုကို အပေါ်ကမိုးကြည့်ပြီး သက်ဆိုင်ရာနိုင်ငံကို စစ်ရေး နိုင်ငံရေး လုံခြုံရေးအရ ချိန်းခြောက်နေနိုင်တာမို့ အခြားနိုင်ငံတွေက သူတို့တိုင်းပြည်ရဲ့ အချုပ်အချာအဏာပိုင်ဆိုင်မှုဆိုတာကို မေးခွန်းအကြီးအကျယ်ထုတ်လာကြပြီး ဂြိုလ်ထုစနစ်ကိုတန်ပြန်ဖျက်ဆီးနိုင်တဲ့ နည်းပညာတွေ (anti-satellite technology) ကိုပိုင်ဆိုင်ရယူဘို့  အပြင်းအထန်ကြိုးပမ်းလာကြပါတယ်.။ ဥပမာ- အဲဒါတွေကိုတုန့်ပြန်ဖို့ တရုတ်ဟာ ၂၀၀၇ ခုနစ် ဇန်န၀ါရီလ (၁၉) ရက်နေ့မှာ နိုင်ငံအပေါ်ဘက်က ကမ္ဘာ ပတ်လမ်းထည်းသူလွတ်တင်ထားတဲ့ သူ့ဂြိုလ်ထုကို သူပြန်ပစ်ချပြခဲ့ပါတယ်။ ဒါဟာအားပြိုင်မှုတခုသက်သက်ဆိုတာထက် ငါတို့ မှာ အစွမ်းအစရှိတယ်..အာကာသထည်းကလည်းထောက်လှမ်း ခြိမ်းခြောက်လို့မရဘူး..ငါတို့အချုပ်အချာအာဏာ ငါတို့ပိုင်တယ်လို့ လုပ်ပြလိုက်တာဖြစ်ပါတယ်။ ဒါကို အမေရိကန်က ဒါကိုစစ်ရေးချိမ်းခြောက်မူလို့သတ်မှတ်ပြီး နိုင်ငံရေးအရဒေါသထွက်ပြခဲ့ပေမယ့် လွန်ခဲ့တဲ့ နစ်ပေါင်းနစ်ဆယ်ကျော်လောက် (၁၉၈၅ ခုနစ်က) သမတရေဂင်လက်ထက်လောက်မှာကထည်းက သူတို့စဉ်းစားလုပ်ဆောင်ခဲ့တဲ့ စီမံကိန်း သူတို့ဖြတ်သန်းခဲ့ဘူးတဲ့ဖြစ်စဉ်ဖြစ်တာကြောင့် ဘာမှထပ်မပြောတော့ပါဘူး။ တိတ်တိတ်ကလေး ကြိတ်ရယ်နေနိုင်ပါတယ်။ ရုရှလည်း ၁၉၈၀ နစ် ကာလများတုန်းကအဲလိုလုပ်ဘူးပါတယ်။ အခုလိုဥပမာတွေပေးရတာဟာ အခြားတိုင်းပြည်တွေက သူတို့ရဲ့ အချုပ်အချာအဏာပိုင်ဆိုင်မှုဆိုတဲ့ ကိစ္စကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ သတ်မှတ်ပြီး ဘယ်လောက်အလေးထားကြတယ်ဆိုတာကို သိစေချင်လို့ဖြစ်ပါတယ်။


ကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ .. ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေး နိုင်ငံရေး ပညာရေး လုံခြုံမှုထိန်းသိမ်းရေးဆိုင်ရာကိစ္ခ္စတွေ မတိုးတက်ရင် အလိုလိုနေရင်း စီးပွားရေးအရ နိုင်ငံရေးအရ စစ်အင်အားအရ လူမူရေးအရ ပညာရေးအရ လူ့ဂုဏ်သိက္ခာအရ အခြားနိုင်ငံတွေ က ကိုယ့်အချုပ်အခြာအာဏာကိုလာရောက်ထိပါးတာကိုခံရစမြဲပါပဲ။ ပြဿနာတွေများမြှောင်လှတဲ့ မြန်မာပြည်လို တိုင်းပြည်ဟာ ကိုယ့်ပြဿနာတွေကို ကိုယ်တိုင်မရှင်းပဲ ကိုယ့်ပြည်သူ (ကိုယ့်အမေ) ကံကြမ္မ္မာကို အခြားတိုင်းပြည်တွေကို ပုံအပ် ပထွေးတော်ပြီး အစစအရာရာ မှီခိုတဲ့ အခါမျိုးကျတော့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာဆိုတာ ရှိသေးရဲ့လား အမျိုးသားဂုဏ်သိက္ခာဆိုတာရှိသေးရဲ့လားဆိုတာ မေးစရာဖြစ်လာတယ်။ အဲဒါတွေကိုကျော်လွန်ဘို့ ရှုပ်ထွေးလှတဲ့ ဒီကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ လိမ်မာပါးနပ်စွာနဲ့ ကိုယ့်တိုင်းပြည်ရဲ့ အခန်းကဏ္ဍတခုကို အများကအသိအမှတ်ပြုအောင် ၊ ရရှိအောင် ဆောင်ရွက်ဖို့လိုတယ်။ တရုတ်ကြီး ကုလားကြီး နဲ့ပေါင်းနေလို့လည်း ဒီကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ မတွင်ကျယ်ဘူး မီးမသေဘူး၊ မပြီးဘူးဆိုတာ စစ်အုပ်စုဝင်တွေသိဘို့လိုနေပါပြီ.။ ကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ .ကိုယ်တိုင်းပြည် ထိုက်တန်တဲ့ အဆင့်တနေရာကိုရရှိဘို့ဆိုရင် ကိုယ်ပြည်တွင်းပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အရင်ရှင်းရပါမယ်။ ကိုယ့်တိုင်းပြည်မှာ မြန်မြန်ငြိမ်းချမ်းရေးရအောင်လုပ်နိုင်ပါမှ ဟိုနိုင်ငံကလူပါးဝ ဒီနိုင်ငံကလူပါးဝတာတွေကို မခံရမှာဖြစ်ပါတယ်။ နို့မို့ဆိုရင် သူတို့တိုင်းပြည်ကိုသွား ရယ်ပြပြုံးပြပြီး ကိုယ့်အာဏာတည်မြဲရုံလောက်လေးလုပ်တဲ့ နိုင်ငံရေးမျိုးနဲ့ ဒီကမ္ဘာနိုင်ငံရေးဇတ်ခုံမှာ ဗိုလ်ချုပ်ပြောတဲ့ "ဖါသည်နိုင်ငံကြီး" ဆက်ဖြစ်နေဦးမှာဖြစ်တယ်။ ကိုယ့်ပြဿနာတွေကို ရှင်းပြီးမှ ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေး နိုင်ငံရေး ပညာရေး လုံခြုံမှုထိန်းသိမ်းရေးဆိုင်ရာကိစ္ခ္စတွေကို အမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီးလုပ်ဆောင်ရပါမယ်။


ယခုလို google China ရဲ့ထိန်းချုပ်တာခံရတဲ့ကိစ္ခ္စဟာ နိုင်ငံတကာလျှိုဝှက်ချက်တွေကိုဖွင့်ချပေးလိုက်တဲ့ Wikileaks အရှုပ်တော်ပုံနဲ့အတူ ပေါ်ပေါက်လာတဲ့... "ဗမာအစိုးရဟာ တရုတ်အတွက်စပိုင်လုပ်ပေးနေတယ်" ဆိုတဲ့ Wikileaks ကပြောသွားတဲ့အချက်ကိုပိုမိုခိုင်မာသွားစေပြီး တရုတ်စပိုင်ဖြစ်ရတဲ့ မိမိတိုင်းပြည်ကံကြမ္မာအတွက်၊ လူမျိုးအတွက် ရင်ထုမနာဖြစ်မိပါတယ်။ { Wikileaks က စင်ကာပူဝန်ကြီးချုပ်လီကွမ်ယု (Lee Kuan Yew) နဲ့ US Deputy Secretary of State ဂျိမ်းစ် စတိန်းဘတ်ဂ် (James B. Steinberg) တို့ရဲ့ လျှို့ဝှက်ဆွေးနွေးပွဲကိုကိုးကားပြီး ပြောသွားခဲ့}


နောက်ဆုံးပြောရရင် ဒီလို google China ကမြန်မာပြည်အင်တာနက်အချက်အလက်ရှာဖွေမှုစနစ်ကိုထိန်းချုပ်တဲ့ကိစ္ခ္စဟာ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုထိပါးတဲ့ နိုင်ငံတော်ဆိုင်ရာ အမျိုးသားရေးဆိုင်ရာပြဿနာ ဖြစ်ပြီး တိုင်းသူပြည်သားတို့ရဲ့ ယခုမျိုးဆက် နောက်မျိုးဆက်တွေနဲ့ဆိုင်တဲ့ကိစ္ခ္စဖြစ်တာကြောင့် ပေါ့ပေါ့လေးမစဉ်းစားပဲ ကျနော်တို့မြန်မာပြည်သူပြည်သားတွေအားလုံး ကုလသမဂနဲ့ နိုင်ငံတကာမှာ မှာကန့်ကွက်နိုင်အောင် ဒီလုပ်ရပ်ကိုရပ်တန့်သွားအောင် နည်းလမ်းတွေ ရှာလုပ်သွားကြရမှာဖြစ်တယ်။ google China ရဲ့မြန်မာပြည်က အင်တာနက်ကိုထိန်းချုပ်မူဟာ မြန်မာပြည်သူတွေရဲ့ အချုပ်အခြာအာဏာဆုံးပါးမှုတခု ဖြစ်တယ်... (google China's control over internet in Burma is the loss of sovereignty for Burmese people or threat to sovereignty of Burma) ဆိုတဲ့ ကန်ပိန်းတွေ(campaigns) လုပ်ပြီး....သက်ဆိုင်ရာအဖွဲ့အစည်းများအား အစိုးရများအား ဆန့်ကျင်ကန့်ကွက်တဲ့လုပ်ငန်းတွေကို စစ်အာဏာရှင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေထဲက အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ် ထားရှိပြီး တိုက်ပွဲဝင်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်.။




မေတ္တာဖြင့်


လူထုနေဦး

ဒီဇင်ဘာလ ၅ရက်နေ့ သကရာဇ်၂၀၁၀