Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 17 May 2009

Mother

အမေ(သို့မဟုတ်) အနှိုင်းမဲ့ မေတ္တာရှင်

According to the reliable information


မေလ (၂) ရက်နေ့က မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ တဆင့်ရောက် ရှိလာပြီး ဟိုတယ်မှာတည်းတယ်။ နောက်နေ့ ညနေပိုင်းမှာ အင်းယားကန်အတွင်းမှ ရေးကူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက်ကို ကူးခတ်သွားတာ ဖြစ်တယ်လို့  နအဖအင်တာနက် စာမျက်နှာကနေတစ်ဆင့် သတင်းလွှင်ခဲ့တဲ့ နအဖရဲ့  ဂျွန်ဝီလီယံယက်တောရဲ့  ဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းသာ ဖြစ်ပါတယ်။

ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ် (Asthma) ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်တယ်ဆိုတာ သူရဲ့  ဇနီးဖြစ်သူက ပြောပြထားပါတယ်။ ထို့ အပြင် ဂျွန်ဝီလီယံယက်တောဟာ ကြောက်တတ်သူဖြစ်ကြောင်းကိုလည်း ပြောပြထားပါတယ်။ နအဖဘက်က ပြောသလို ၅ လီတာဆန့် ရေဗူး အကူအညီယူပြီး ရေကူးသွားတယ်ဆိုတာဟာ အကြောင်းပြဖန်တီးမှုသာ ဖြစ်ပါတယ်။ ဒီလို ၅ လီတာဆန့် ရေဗူးနဲ့  ရေကူးသွားတယ်ဆိုတဲ့ နအဖဘက်က သတင်းကြားရတဲ့ သူ့ ရဲ့  ဇနီးကတောင် ပြောတာက - ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ်ရောဂါတင်မကဖူး ဆီးချိုရောဂါပါ ဖြစ်နေတာ၊ ဒါကြောင့် သူဘယ်လိုလုပ်ပြီး ရေကူးသွားနိုင်တယ်ဆိုတာ အံ့သြတယ်လို့  မယုံကြည်တဲ့ စကားပြောပါတယ်။ သူရဲ့ အနီးကပ်ဆုံး ဇနီးဖြစ်သူရဲ့ ပြောပြချက်ပေါ်မှာ မူတည်ရင် ဂျွန်ဝီလီယံယက်တောဟာ ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာအရေရော ဘယ်လိုနည်းနဲ့ မှ ညအမှောင်ထဲမှာ အင်းယားကန်ထဲမှာ ရေကူးပြီးသွားတယ်ဆိုတာ မဖြစ်နိုင်ပါဖူး။

ဒါဆိုရင် ဂျွန်ဝီလီယံယက်တော ရေကူးဝင်တာ မဟုတ်ရင် နအဖတွေ ဖန်တီးလုပ်ကြံတဲ့ဇတ်လမ်းဟာ အစကတည်းက မမှန်ဖူးဆိုတာပါဘဲ။ နအဖဘက်က အစီအစဉ်ကျကျ အကွက်ကျကျ ဖန်တီးပြီး ဒီဇတ်လမ်းကို ထွင်တာဆိုတာ အမှန်အတိုင်း ထွက်ပေါ်လာဖို့  လိုနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုလိမ်ပြီး ထောင်သွင်းအကျဉ်းချဖို့  လုပ်တဲ့ နအဖတို့ ရဲ့  လုပ်ရပ်ကို ပြည်သူတွေ မခံမရပ်နိုင် ဖြစ်နေကြပါပြီ။ ဒီလို မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူတွေထဲက အဖြစ်အပျက်အမှန်ကို ဖေါ်ထုတ်ပေးကြဖို့  လုပ်လာကြမယ်ဆိုတာ မလွှဲမသွေပါဘဲ။

နအဖက ဂျွန်ဝီလီယံယက်တောကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေလ (၁၄) ရက်နေ့ က အင်းစိန်ထောင်အတွင်း ခေါ်ဆောင်သွားကာ မတရား အမှုဆင်ပြီး အမှုစွဲဆိုကာ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းထားမှုသတင်းကို ကြားကြရတဲ့ ရန်ကုန်မြို့ က ပြည်သူလူထုတွေထဲက ထူးထူးခြားခြား ပြည်သူတစ်ဦးက သူကိုယ်တိုင် ကြုံတွေ့ သိခဲ့ရတဲ့ အဖြစ်အပျက်ကို အဆက်သွယ် စတင်လုပ်လာပါတယ်။

ဒီလို ဆက်သွယ်လာခဲ့တဲ့သူကတော့ ရန်ကုန်မြို့ က တက္ကစီကားမောင်းသူတစ်ဦး ဖြစ်ပါတယ်။ စစချင်း ဆက်သွယ်လာတဲ့အချိန်မှာ သူ့ အနေနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ပတ်သက်တာ သူပြောပြချင်ပါတယ်။ ဒီအတွက် သူဘယ်နေရာက စောင့်ဆိုင်းနေမှာ ဖြစ်ကြောင်းနဲ့  စိတ်ချယုံကြည်စွာ လာရောက်ဆက်သွယ်ပါလို့ ပြောပြီး၊ လာတဲ့အခါမှာ သွားရောက်တွေ့ ဆုံဆက်သွယ်ခဲ့ပါတယ်။

မေလ (၂) ရက်နေ့ မှာ သူနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ဘယ်လိုတွေ့ ဆုံပြီး ဘယ်နေရာဒေသကို ပို့ ဆောင်ပေးခဲ့ရတယ်ဆိုတာကို ပြောပြတဲ့အခါမှာ - သူ့ ရဲ့  တက္ကစီကားကို ဂျွန်ဝီလီယမ်ယက်တောက လေဆိပ်ကနေ ငှားရမ်းစီးလာခဲ့ကြောင်း၊ သူ့ အနေနဲ့  အမည်ကို ထိုအချိန်က မသိသော်လည်း ယခုအခါမှ သိသွားရတာ သတင်းတွေထဲမှာ ပုံပါလာတာကြောင့် သူ့ ပို့ ပေးခဲ့ရသူဟာ ဂျွန်ဝီလီယံယက်တောဖြစ်နေတာ သိရကြောင်းနဲ့  အခုလို ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်တာ သိရတဲ့အတွက် မခံမရပ်နိုင်ဖြစ်ကာ အသိပေးလိုတဲ့အတွက် အခုလို အရဲစွန့် ပြီး ပြောရတာဖြစ်ကြောင်း ပြောပြပါတယ်။

အဆိုပါ တက္ကစီကားမောင်းသူဟာ သူရဲ့ ပြောပြချက်တွေကို လုံးဝ အသံသွင်းတာ မလုပ်ဖို့  အစကတည်းက မှာထားခဲ့ပေမယ့် အခုကိစ္စဟာ အရေးကြီးတဲ့ ပြောဆိုချက်ဖြစ်နေတာကြောင့် သူရဲ့ ပြောကြားချက်နောက်ပိုင်းတွေကို အမှီရအောင် သေချာအောင် မေးမြန်းပြီး ဖုန်းကင်မရာကနေ တစ်ဆင့် မှတ်ခဲ့ရပါတယ်။ ခိုင်လုံသောသက်သေတစ်ခုအနေနဲ့  ရရှိနိုင်အောင် လုပ်ခဲ့ရပေမယ့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရတဲ့ကြောင့် အဆိုပါ တက္ကစီသမားရဲ့  ရုပ်ပုံအပြည့်နဲ့  ကားနံပါတ်တွေကိုတော့ ဖေါ်ပြပေးမှာ မဟုတ်ပါဖူး။ ထို့ အတူ တွေ့ ဆုံခဲ့ရတဲ့သူတွေ ဘယ်သူတွေလည်းဆိုတာကို ယခုအချိန်မှာ လျှို့ ဝှက်ထားပေးပါတယ်။

သူ့ ရဲ့ ကားကို လေဆိပ်ကနေ စီနင်းလိုက်ပါလာပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ကို ပို့ ပေးခဲ့ရကြောင်း၊ ဂျွန်ဝီလီယံယက်တောဟာ အန်တီစုအိမ်ရှေ့ ရောက်တဲ့အခါမှာ ခြံဂိတ်ဝမှာ စောင့်နေတဲ့ လုံခြုံရေးအစောင့်တွေကို ကဒ်ပြားအနီရောင်တစ်ခုထုတ်ပြတာ သူမြင်ရကြောင်း၊ အဲ့ဒီအခါမှာ လုံခြုံရေးတွေ ကိုယ်တိုင် အထဲကို ခေါ်သွင်းသွားတာကို သူမြင်ခဲ့ရတာကို ပြောပြပါတယ်။ သူ့ အနေနဲ့  အဲ့ဒီအချိန်က ရိုးရိုးသာမန်ဘဲ အောင်းမေ့ပြီး ဒီအဖြစ်အပျက်ကို အလေးအနက် မထားခဲ့မိကြောင်း ပြောပြပါတယ်။

အဆိုပါ တာဝန်သိပြည်သူတစ်ဦးဖြစ်တဲ့ တက္ကစီကားမောင်းသူရဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင် ထိန်းသိမ်းထားမှုအပေါ် မခံမရပ်နိုင်ဖြစ်ပြီး ပြောကြားလာခဲ့တာတွေကို ရသလောက် မှတ်တမ်းတင်ထားခဲ့ရတဲ့ မှတ်တမ်းတိုလေးကတော့ ဒီမှာပါ။



(ဒီမှာ ဖိုင်အတိုနှစ်ခုကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ပြီးလျှင် VLC Media Player နဲ့  ပြန်ဖွင့်ပါ။

http://www.blogger.com/video-play.mp4?contentId=1be52114eb568674&type=video%2Fmp4


http://www.blogger.com/video-play.mp4?contentId=e8815c87c983604c&type=video%2Fmp4
) ။


ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖို့ အတွက် လုပ်ကြံဖန်တီးတဲ့ ဂျွန်ဝီလီယံယက်တောရဲ့  ရေကူးဇာတ်လမ်းဟာ လုံးဝမမှန်ဘဲ၊ ဂျွန်ဝီလီယံယက်တောဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ခြံဝန်းအတွင်းကို နအဖလုံခြုံရေးအစောင့်တွေရဲ့  ခေါ်ဆောင်မှုနဲ့  ၀င်ရောက်သွားပြီး၊ လုံခြုံရေးအစောင့်တွေရဲ့  အကူအညီနဲ့  ပုန်အောင်းနေထိုင်ကာ၊ အင်းယားကန်ထဲကနေ ရေကူးဝင်လာတဲ့ ပုံစံကို ကြိုတင်ပြင်ဆင်ထားပြီးမှ နောက်နေ့ မနက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်မှာအတူ နေထိုင်သူတွေ တွေ့ မြင်တဲ့အခါမှာ သူရေကူးဝင်လာတာပါ၊ ရောဂါဝေဒနာနဲ့  အလွန်ပင်ပန်းနေပါတယ်၊ ဆာလောင်မွတ်သိပ်နေပါတယ်လို့  ပြောဆိုတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ဂျွန်ဝီလီယံယက်တောကနေ ခြံဂိတ်ဝမှာ ကဒ်ပြားအနီပြတာ၊ လုံခြုံရေးအစောင့်တွေက ခြံဝန်းအတွင်းကို ခေါ်သွင်းသွားတာ၊ ခြံဝန်းအတွင်းမှာ လုံခြုံရေးတွေရဲ့  အကူအညီနဲ့ ပုန်းအောင်းနေတာ၊ နောက်နေ့ မနက်ကျမှ ရေကူးဝင်လာတဲ့ပုံစံပြုလုပ်တာ ပြောဆိုတာတွေဟာ ကြိုတင်စီမံမှုပြုလုပ်ပြီး အကွက်ကျကျ စီစဉ်တယ်ဆိုတာ တွေ့ ရပါတယ်။ ဒီလို ကြံစီမှုကို အချိတ်အဆက်ရှိရှိ ဖန်တီးတာ လုံခြုံရေးအစောင့်တွေကို စီမံချက်နဲ့  အထက်ပိုင်းက ခိုင်းစေအမိန့် ပေးတဲ့ နအဖထိပ်ပိုင်းကဘဲ ဖြစ်တာ သေချာပါတယ်။

နောက်တစ်ခုအနေနဲ့  နအဖတွေရဲ့  မသင်္ကာဖွယ် လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းမှာ စောင့်နေကြတဲ့ လုံခြုံရေးအင်အားစုတွေကို အလျင်အမြန် ချက်ခြင်းဘဲ ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဂျွန်ဝီလီယံယက်တော ရေကူးဝင်လာတာ မဟုတ်ဘဲ အဲ့ဒီနေ့ က တက္ကစီကားနဲ့  ရောက်လာပြီး ခြံဝင်းထဲကို ခေါ်သွင်းခဲ့တဲ့ကိစ္စ ပေါ်မှာစိုးလို့ အစဖြောက်တာပါဘဲ။

နအဖရဲ့  လုပ်ကြံဖန်တီးတဲ့ ဇတ်လမ်းရဲ့ အစဖြစ်တဲ့ ဂျွန်ဝီလီယံယက်တော ရေကူးဝင်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ပေါ်ထွက်လာပါပြီ။ နအဖတို့  အကွက်ကျကျ စီစဉ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုပါ။

ပြည်သူအပေါင်း သိရှိရအောင် ထုတ်ဖေါ်လိုက်ပါတယ်။ အဖြစ်အပျက်ကို ရဲဝန့်စွာ ပြောကြားလာပေးခဲ့တဲ့ တာဝန်သိ ပြည်သူတစ်ဦး ပီသသူ တက္ကစီကားမောင်းသမား မိတ်ဆွေအားလည်း ဒီနေရာက အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအသိပေးလိုက်ပါတယ်။

နစ်နေမန်း မှ ကူးယူဖော်ပြပါသည်။
http://www.niknayman-niknayman.co.cc/


Preparation for the revolution


-နစ်နေမန်း-

အကြမ်းဘက်တဲ့ ရန်သူအပေါ် ခုခံကာကွယ်ရန်နှင့် တုန့် ပြန်ဆောင်ရွက်ရန်အတွက် ဖြစ်ပါတယ်။ အကြမ်းဘက်တာကို ခုခံကာကွယ်တုန့် ပြန်ခြင်းသည် လူသားတစ်ဦးအတွက်ရော လူ့ ဘောင်အဖွဲ့ အစည်းအတွက်ရော ဆောင်ရွက်သင့်တဲ့ တရားသော လုပ်ဆောင်မှု ဖြစ်တယ်။

အောက်ဖေါ်ပြပါ အရေးပေါ် ပြင်ဆင်မှုတွေကို စနစ်တကျ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ မိမိအတွက်လည်း ပြင်ဆင်ထားသင့်သလို့  အခြားသူများအတွက်လည်း ပြင်ဆင်ထားခြင်းဖြင့် ကူညီနိုင်ပါတယ်။

အရေးပေါ်အခြေအနေများနှင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားခြင်း။


အဆင်သင့်ဆောင်ထားသင့်သော ပစ္စည်းများ။


၁။ ရေဗူးများ ဆောင်ထားရပါမယ်။ သောက်သုံးရန်အတွက်သာမက မျက်နာကျင်ခြင်း၊ ဒါဏ်ရာရရှိခြင်း၊ အပူလောင်ခြင်းတို့ တွင် ဆေးကြောသုတ်သင်ရန်လည်း ဖြစ်ပါတယ်။

၂။ ထူထပ်၍ ခိုင်မာသော လက်အိတ်များများ ဆောင်ထားရပါမယ်။ အပူ၊ ထိခိုက်မှု၊ ဆေးဝါးဓါတုပစ္စည်းများအန္တရာယ်မှ ကာကွယ်ရန်သာမက မိမိရဲ့ လက်ဗွေရာများ မကျန်စေရန်အတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၃။ အရေးပေါ်အဆက်အသွယ်ပြုလုပ်နိုင်ရန်အတွက် လက်ကိုင်ဖုန်း (သို့ ) ပြည်သူပိုင်ဖုံးတို့ တွင် အသုံးပြုနိုင်ရန် စီစဉ်ထားရပါမယ်။

၎။ ရှေးဥိးသူနာပြုနှင့်ပတ်သက်သော ဆေးဝါးကိရိယာများကို မိမိယူဆောင်လို့ ရနိုင်သည့် တနိုင်စာအား ပြင်ဆင်ထားရပါမယ်။ အ၀တ်စ၊ ပတ်တီး၊ အရက်ပြံ၊ ဂွမ်း၊ ကတ်ကျေး၊ ချူပ်အပ်၊ ချူုပ်ကြိုး၊ အနာကျက်ဆေး၊ အကိုက်အခဲပျောက်ဆေး စသည်တို့ ကို ဆောင်ထားရမှာ ဖြစ်ပါတယ်။

၅။ အရေးပေါ် စားသောက်နိုင်ရန် အစားအသောက်များ ဆောင်ထားရမှာဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်၊ ထမင်းခြောက်၊ အသားခြောက် အစရှိသည်တို့  ဖြစ်ပါတယ်။

ရှောင်ကြဉ်ရန်နှင့် သင့်တော်သော ၀တ်စားဆင်ယင်မှု။


၁။ ရန်သူဘက်မှ သိသိသာသာ မြင်နိုင်သည့် အရောင်တောက်တောက် အ၀တ်အစားများအား ၀တ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ သာမန် အရောင်မတောက်သည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။

၂။ ဆွဲကြိုး နာရီ အစရှိသည့် ရန်သူမှ အလွယ်တကူ ဆွဲမိနိုင်သည့် ပစ္စည်းများ ၀တ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ ထို့ အတူ မိမိတို့  ဆံပင်အရှည်များကိုလည်း ထုံးဖွဲ့ ထားပါ။

၃။ အလွယ်တကူ ဆုတ်ပြဲနိုင်သည့် ကျွတ်ကျနိုင်သည့် မခံခိုင့်သည့် အ၀တ်အစားများ ၀တ်ဆင်မှုအား ရှောင်ကျဉ်ပါ။ ခိုင်ခံ့သည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။

၎။ ဂွင်းထိုးဖိနပ်များ၊ သားရေဖိနပ်များ၊ ကြိုးချီဖိနပ်များ ၀တ်ခြင်းအား ရှောင်ကြဉ်ပါ။ မိမိခြေထောက်အား အကာအကွယ်ပေးသည့် အလွယ်တကူ မကျွတ်ကျနိုင်သည့် ပြေးလွှားရာတွင် ပေါ့ပါးသည့် ဖိနပ်မျိုးကိုသာ ၀တ်ပါ။

၅။ မိမိလက်တစ်လျောက်၊ လည်ပင်းတစ်ဝိုက်၊ ခြေထောက် အသားအရေများအား လုံခြုံစွာ ဖုံးထားနိုင်သည့် အင်္ကျီလက်ရှည် ဘောင်းဘီရှည်များကို ၀တ်ဆင်ပါ။ ပုဆိုးများ ၀တ်ဆင်ခြင်းကို အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည့် နေရာများတွင် မ၀တ်ဆင်သင့်ပါ။

ဆောင်ထားသင့်သော ပစ္စည်းကိရိယာများ။


၁။ မျက်စိအကာအကွယ်ပစ္စည်း (Goggles) - မျက်မှန်ကဲ့သို့  မျက်စိအား ဖုံအုပ်ထားပေးသော ရေကူးရာတွင်သုံးသည့် မျက်စိကာများ။ မျက်စိအကာသည် မှန်ထက် ပလတ်စတစ်က ပိုသင့်တော်ပါတယ်။ မီးခိုးငွေ့ များ၊ ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။

၂။ နှာခေါင်းနှင့် ပါးစပ် အကာအကွယ်ပစ္စည်း (Mask) - နှာခေါင်းနှင့် ပါးစပ်အား မီးခိုးငွေ့ များ၊ ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။

၃။ မျက်နှာပြင်တစ်ခုလုံးအား (မျက်စိနှင့် နှာခေါင်းမှ အပ) ဖုံးထားနိုင်သည့် ခေါင်းစွပ်များကိုလည်း မျက်စိကာ နှာခေါင်းကာများဖြင့် တွဲဘက် အသုံးပြုနိုင်ပါတယ်။ ပိုမိုသင့်တော်ပါတယ်။ နှာခေါင်းနှင့် ပါးစပ်အား မီးခိုးငွေ့ များ၊ ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။ ထို့ အတူ မိမိအား ရန်သူမှ မည်သူမှန်း မသိစေရန် ကာကွယ်နီုင်ပါတယ်။ သို့ သော် မိမိတစ်ဦးတည်း ထီးထီးမြင်နေရချိန်တွင် ရန်သူမှ အာရုံစိုက်မိစေရန် အလျင်စလို မသုံးသင့်ပါ။ ရုန်းရင်ဆန်ခတ်မှု ဖြစ်ခါနီးနှင့် မျက်ရည်ယိုဗုံး ဓါတုဆေးများအား ရန်သူမှ သုံးလာလျှင် ၀တ်ဆင်သင့်ပါသည်။

၎။ ဦခေါင်းအား အကာအကွယ်ပေးသည့် ပစ္စည်းများ - ဦးထုတ်အမာ၊ ဆိုင်ကယ်စီးဦးထုတ်များအား ၀တ်ဆင်ထားသင့်ပါသည်။ ရန်သူမှ ဒုတ်ဖြင့်ရိုက်မှု၊ မိမိဘာသာ ချော်လဲကျမှုကြောင့် ဖြစ်လာနိုင်သည့် ဦးခေါင်းဒါဏ်ရာရမှုအား ကာကွယ်ရန် ဖြစ်ပါတယ်။

၅။ အ၀တ်အစား အပိုတစ်စုံအားလည်း ဆောင်ထားသင့်ပါသည်။ ရုန်ရင်းဆန်ခတ်ဖြစ်မှုကြောင့် ပျက်စီးပေကျံသွားသော အ၀တ်အစားအား လဲလှယ်ပြီး ရန်သူအား ခြေရာဖြောက်နိုင်ရန်အတွက် ဖြစ်ပါတယ်။ ထို့ အတူ သွေးထွက်ဒါဏ်ရာအားလည်း ပတ်တီးအဖြစ် အသုံးပြုနိုင်ပါတယ်။

အထက်ဖေါ်ပြပါ အကာအကွယ်ပစ္စည်းများကို ဆောင်ထားဝတ်ဆင်ထားမယ်ဆိုရင် မျက်ရည်ယိုဗုံးနဲ့  ဓါတုဆေးအန္တရာယ်များကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မျက်ရည်ယိုဗုံးနဲ့  ဓါတုဆေးအန္တရာယ်များဟာ ရန်သူဘက်မှ ယာယီသုံးစွဲတဲ့ဟာ ဖြစ်လို့  ဒီအကာအကွယ်တွေသာ မိမိဘက်မှ လုပ်ထားလျှင် အရမ်းကြောက်ရွံ့ စရာ မလိုဖူးဆိုတာ သိထားဖို့ လိုပါတယ်။

အရေးပေါ်အခြေအနေပေါ် သုံးသပ်ဆောင်ရွက်ခြင်း။


၁။ ရန်သူ၏ အခြေအနေကို ကြည့်ပါ။ မိမိဘက်မှ လူများအခြေအနေကို ကြည့်ပါ။ စိတ်ကို အေးအေးထားပြီး အခြေအနေကို သုံးသပ်ကာ လုပ်သင့်သည်ကို ဆောင်ရွက်ရန် ဖြစ်ပါတယ်။

၂။ ကြောက်လန့် တကြားဖြင့် ရှေ့ မကြည့် နောက်မကြည့် ရမ်းသမ်းပြေးခြင်းသည် ပိုမို၍ အန္တရာယ်ကြီးပါတယ်။ ရန်သူမှ ဆင်ထားသော ထောင်ချောက်နှင့် ပိတ်ဆို့ ဝိုင်းရံမှုအတွင်းသို့ ကျရောက်နိုင်ရုံမက မိမိဘာသာလည်း လဲပြိုကျကာ ထိခိုက်ဒါဏ်ရာ ရနိုင်ပါတယ်။

၃။ ရှေ့ တိုးခြင်း နောက်ဆုတ်ခြင်းကို မိမိတို့  လူများ အတူတူ ညီညီညာညာ တိုင်ပင်ကိုက် ပြင်ဆင်ဆောင်ရွက်ပါက ရန်သူဘက်က အလွယ်တကူ ဖြိုခွဲနိုင်မည် မဟုတ်ပါ။ ရန်သူသည် မိမိတို့ဘက်မှ ရဲရဲဝန့် ဝန့် နှင့် ညီညီညာညာတုန့် ပြန်မှုအား ကြောက်ရွံ့ တတ်လေ့ ရှိပါတယ်။ တစ်ဦးက ဖောက်၍ ပြေးပါက ပြိုကွဲကာ ထွက်ပြေးသူ နောက်အားလည်း ပိုမဲ၍ လိုက်လံခြေမှုန်းတတ်သည်ကို သတိထားရန် လိုပါတယ်။

၎။ လှုပ်ရှားမှု စတင်ရန်အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အခြေအနေအားလုံးအား ဖြစ်နိုင်ခြေမှန်သမျှအား ထည့်သွင်းစဉ်းစား၍ လိုအပ်သော ပြင်ဆင်မှုအားလုံးကို စနစ်တကျ တစ်ဦးချင်းဖြစ်စေ အဖွဲ့ လိုက်ဖြစ်စေ စီစဉ်မှုပြုလုပ်ရန် လိုပါတယ်။

အဆိုးရွားဆုံး အရေးပေါ်အခြေအနေအား ရင်ဆိုင်ခြင်း။


၁။ မိမိတစ်ဦးတည်း ကိုယ်လွတ်ရုန်းပြေးခြင်း၊ အများ၏ ဆန္ဒနှုင့် မကိုက်ညီသော ပြောဆိုမှု လုပ်ဆောင်မှုမျိုး မပြုလုပ်ရန် အရေးကြီးပါတယ်။

၂။ လှုပ်ရှားမှုတွင် ခေါင်းဆောင်တင်မြောက်ထားသူများ၏ ဆုံးဖြတ်ချက် လမ်းညွှန်မှုအား တညီတညွတ်တည်း လိုက်နာ ဆောင်ရွက်ကြဖို့  လိုပါတယ်။ ခေါင်းဆောင်မှလည်း ဖြစ်ပေါ်လာသည့် ဖြစ်ပေါ်နိုင်သည့် အခြေအနေကို သုံးသပ်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် ကျန်သူများအပေါ် ပြတ်သားရဲရင့်စွာဖြင့် လမ်းညွှန်ဦးဆောင် ရမှာ ဖြစ်ပါတယ်။ မိမိတို့  စီစဉ်ထားသော လူများအတွက်သာမက ထပ်မံပေါင်းစပ်လာသော ပြည်သူများကိုပါ လက်တွဲခေါ်ယူပြီး စနစ်တကျ စီစဉ်လုပ်ဆောင်ရန် အရေးကြီးပါတယ်။

၃။ မိမိအမာခံလူများနှင့် ရန်သူဘက်မှ သပ်လျှိုဝင်ရောက် ဖျက်စီးနိုင်သည့်သူများအား ခွဲခြားသိမြင်စေရန်အတွက် မိမိတို့ အချင်းချင်း သိသာသည့် အမှတ်အသား စကားဝှက်များကိုလည်း စီစဉ်ထားရမည် ဖြစ်သည်။ ထိုနေရာတွင် ရန်သူအား သိသာစေသည့် မြင်သာစေသည့် အမှတ်အသားများကို မပြမိစေရန် အရေးကြီးပါတယ်။

၎။ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် ဖြိုခွင်းမှုကြုံရချိန်တွင် မည်သို့ သော လုပ်ဆောင်မှုများ လုပ်မည်ကို မိမိတို့  အနေဖြင့် အထူးသဖြင့် ဦးဆောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ အဆင့်ဆင့် သတ်မှတ်၍ အရေးပေါ် တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်း အသိပေးအကြောင်းကြားသည့် နည်းပုံစံအားလည်း ပြင်ဆင်ထားရမှ ဖြစ်ပါတယ်။

နောက်ဆုံးလုပ်ဆောင်သင့်သော အချက်မှာ (မြန်မာပြည်တွင် ဖြစ်လာခဲ့သမျှသော ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်မှုများတွင် ရန်သူဘက်မှ တစ်ဘက်သတ် အင်အားသုံး အကြမ်းဘက်ဖြိုခွဲမှုကြောင့် ကစဥ့်ကလျားဖြစ်ကာ ပြိုကွဲခြင်းများဖြင့် ကြုံတွေ့ ရခြင်းကြောင့်၊ မိမိတို့ အင်အားများ တတိတိဆုံးရှုံးရခြင်းတို့ ကြောင့်) နောက်နောင်ဖြစ်ပေါ်လာနိုင်သည့် လူထုလှုပ်ရှားမှုမှန်သမျှတွင် ညီညီညာညာဖြင့် ခုခံကာကွယ်ရန် ဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံအသီးသီးက ဖြစ်ပေါ်ခဲ့သမျှသော လူထုလှုပ်ရှားမှုများနှင့် မြန်မာသမိုင်းတွင် ဖြစ်ပေါ်ခဲ့သမျှသော အောင်မြင်ခဲ့သည့် တော်လှန်ရေးလှုပ်ရှားမှုမှန်သမျှတွင် အင်အားသုံးအကြမ်းဘက်ဖြိုခွဲသော ရန်သူအား ခုခံကာကွယ်တုန့် ပြန်ခဲ့၍သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လူထုအင်အားဟာ အကြီးမားဆုံး အင်အားဖြစ်ပါတယ်။ လူထုအင်အားနဲ့  ရန်သူအင်အား ယှဉ်ကြည့်ရင် အရေအတွက် အများကြီး ကွာခြားပါတယ်။ လူထုမှာ မိမိအင်အားကို စုပေါင်းအသုံးချနိုင်ဖို့ ဘဲ လိုအပ်ပါတယ်။ အင်အားနည်းတဲ့ ရန်သူမှာ လက်နက်ရှိလို့  အင်အားကြီးတဲ့ လူထုက ငုံ့ ခံနေရတယ်ဆိုတာ လုံးဝမဖြစ်သင့်သလို တကယ်ဆိုရင် မမှန်ကန်ပါဖူး။

အင်အားနည်းတဲ့ ရန်သူက လက်နက်နဲ့ အနိုင်ကျင့်တယ်ဆိုရင် ပြည်သူလူထုကလည်း လက်နက်နဲ့  အနိုင်ရအောင် လုပ်ဆောင်ရပါမယ်။ လက်နက်ဆိုတာ သေနတ်မှ လက်နက် မဟုတ်ပါဖူး။ ပြည်သူလူထုမှာ လက်နက်တွေ ခိုင်ခိုင်မာမာနဲ့ အများကြီး ရှိဖို့ ဘဲ ဖြစ်ပါတယ်။ အဲ့ဒါတွေက စိတ်ဓါတ်လက်နက်၊ ညီညွတ်မှုလက်နက်နဲ့  ရဲရင့်တဲ့ လက်နက်တွေဘဲ ဖြစ်ပါတယ်။ ဒီ့အပြင် လက်တွေ့ ကျတဲ့ လက်နက်တွေကတော့ မိမိတို့ နေ့ စဉ်နဲ့  အမျှ သုံးစွဲနေတဲ့ပစ္စည်းတွေဟာ လက်နက်တွေပါဘဲ။ မိမိတို့ အိမ်တိုင်းမှာ ဒါး ရှိပါတယ်။ မိမိတို့ အိမ်တိုင်းမှာ မီး ရှိပါတယ်။ မိမိတို့  အိမ်တိုင်းမှာ သံ ရှိပါတယ်။ မိမိတို့ အိမ်တိုင်းမှာ ဓါတုဆေးဝါးတွေ ရှိကြပါတယ်။ မိမိတို့  သွားရာလာရာ လမ်းတွေမှာလည်း ရှိကြပါတယ်။ ဒါတွေကို သူ့ နေရာနဲ့ သူ ရန်သူကို ရင်ဆိုင်တဲ့နေရာမှာ ထိထိရောကfရောက် အသုံးပြုရင် လက်နက်ပါဘဲ။ နောက်ဆုံး ရန်သူ့ လက်နက်ကို ကိုယ့်လက်နက်ဖြစ်အောင် လုပ်ယူရပါမယ်။

အဓိကကတော့ မတရားအနိုင်ကျင့် အကြမ်းဘက်ဖြိုခွဲတာကို ငြိမ်မခံပါနဲ့ ။ တစ်ခါအရိုက်ခံရရင် ရန်သူက နှစ်ခါ ထပ်ရိုက်ပါလိမ့်မယ်။ ရန်သူက တစ်ယောက်ကို ဖမ်းရရင် နောက်တစ်ယောက်ကို ဆက်ဖမ်းပါလိမ့် မယ်။ ရန်သူက တစ်ယောကို လွယ်လွယ်ကူကူနဲ့  ပစ်လို့ ရရင် နောက်တစ်ယောက်ကို ထပ်ပစ်ပါလိမ့် မယ်။ ဒီတော့ မိမိအနေနဲ့  ရန်သူရဲ့ အကြမ်းဘက်မှုကို ခံရတဲ့ ပထမဦးဆုံးသူ မဖြစ်စေပါနဲ့ ။ နောက်လူလည်း မဖြစ်ပါစေနဲ့ ။ တစ်ဦးချင်းအရရော လက်တွဲပြီးစုပေါင်းလို့ ရော အကြမ်းဘက်လာရင် ပြန်ခုခံပါ။ ကာကွယ်ပါ။ လက်တုန့် ပြန်ပါ။ ဒါဟာ မိမိတို့ က အကြမ်းဘက်တာ မဟုတ်ပါဖူး။ အကြမ်းဘက်တာကို ကာကွယ်ခုခံတာဆိုတာကို လက်ခံယုံကြည်ရပါမယ်။

ဒီလို အလွယ်တကူ အဖမ်းမခံရအောင် အရိုက်မခံရအောင် ပစ်ခတ်တာ မခံရအောင် ရန်သူဘက်က သုံးလာတဲ့ အတိုင်း ပြည်သူတွေဘက်ကလည်း ပက်ဖြန်းဆေးတွေ (Spray) တွေ၊ လောက်လေးဂွတွေ၊ ဒါးအတိုတွေ၊ ဒုတ်အတိုတွေ၊ ကြိုးတွေကို လူတိုင်းအားလုံးက ဆောင်ထားသင့်ပါတယ်။ ကျည်မပေါက်နိုင်တဲ့ သံအထူနဲ့ တစ်ကိုယ်စာ ဒိုင်းအကာတွေ လုပ်ထားကြရမှာ ဖြစ်ပါတယ်။

မတရားအကြမ်းဘက်မှု ဖြိုခွင်းမှုကို ငုံ့ ခံလို့  မရပါဖူး။ လူတိုင်းမှာ မိမိရဲ့  အသက်အန္တရာယ်နဲ့  လုံခြုံမှုကို ထိပါးလာစေမယ် ထိခိုက်နာကျင်စေမယ်ဆိုရင် ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။ ခုခံကာကွယ်ပိုင်ခွင့် ရှိပါတယ်။ ဒါဟာ တရားသော ခုခံကာကွယ်မှု ဖြစ်ပါတယ်။ လူတစ်ဦးရဲ့  ခုခံကာကွယ်ပိုင်ခွင့်ဟာ ဒီလူတစ်ဦးအတွက် ရှိသင်ရှိထိုက်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဆိုတာ ကမ္ဘာ့ပြည်သူတွေက လက်ခံသတ်မှတ်ထားပါတယ်။

မတရားအကြမ်းဘက်တဲ့ ရန်သူကို ခုခံကာကွယ်ပါ။ ငုံ့ မခံဘဲ တုန့် ပြန်ပါ။

မိမိအနေနဲ့  ပြင်ဆင်ဆောင်ရွက်သင့်တာတွေကို ကြိုတင်ပြင်ဆင်ပါ။ ရှောင်သင့်တာတွေ ဆောင်သင့်တာတွေကို ကြိုတင်စီစဉ်ပါ။

အင်အားသုံးပြီး ဖြိုခွဲဖို့ လာတဲ့ အကြမ်းဘက်သမားတွေကို ပြန်လည်ဖြိုခွဲရမှာ ဖြစ်ပါတယ်။

သည်းခံခြင်း၊ ငြိမ်ခံခြင်း၊ ငုံ့ ခံခြင်း၊ ဖြောင်းဖြခြင်း၊ တောင်းပန်ခြင်း၊ အလျှော့ ပေးခြင်းသည် ရက်စက်ယုတ်မာသော ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်နေရချိန်တွင် လုပ်ရမည့် အလုပ်မဟုတ်။

ရိုင်းစိုင်းတဲ့ ရန်သူမှာ အကြင်နာနှလုံးသားနဲ့  ဖြူစင်ရိုးသားမှုဆိုတာ မရှိဘူး။ လုပ်ရမှာ လုပ်သင့်တာ တစ်နည်းဘဲ ရှိတယ်။ ရန်သူက အကြမ်းဘက်လာရင် ပြန်ချ။

(ရေးသားသူ - နစ်နေမန်း)။

UNITY SONG INFRONT INSEIN JAIL

၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက်
အင်းစိန် အကျဉ်းထောင်ရှေ့ တွင်
မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန်

အထူးကဗျာ
အောင်ဝေး

ဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂
မတရားတဲ့ ဥပဒေ (အလိုမရှိ)၂
မတရားတဲ့ အစိုးရ (ကျဆုံးပါစေ)၂

အင်းစိန်ထောင်ကြီး ဘယ့် နှယ်ဝိုင်းမယ် (ဒိနှယ်ဝိုင်းမယ်)၂
အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို (ထပ်ချဲ့ လိုက်)၂
အင်းစိန်ထောင်ကြီး ဘယ်သူ့ အတွက် (သန်းရွှေအတွက်)၂

သန်းရွှေ သန်းရွှေ (အို့  အို့ )၂
သန်းရွှေ သန်းရွှေ (နုတ်ထွက်ပေး)၂
နအဖဖွဲ့ စည်းပုံဥပဒေ (ဖျက်သိမ်းပစ်)၂

နအဖရွေးကောက်ပွဲ (ဘွိုင်းကောက်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အရေးတော်ပုံ (အောင်ရမည်)၂

အောင်ဝေး
မေ ၁၅-၂၀၀၉


poem for May 18, 2009



၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက်
အင်းစိန် အကျဉ်းထောင်ရှေ့ တွင်
မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန်
အထူးကဗျာ
အောင်ဝေး



ဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂

မတရားတဲ့ ဥပဒေ (အလိုမရှိ)၂

မတရားတဲ့ အစိုးရ (ကျဆုံးပါစေ)၂



အင်းစိန်ထောင်ကြီး ဘယ့် နှယ်ဝိုင်းမယ် (ဒိနှယ်ဝိုင်းမယ်)၂

အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို (ထပ်ချဲ့ လိုက်)၂

အင်းစိန်ထောင်ကြီး ဘယ်သူ့ အတွက် (သန်းရွှေအတွက်)၂



သန်းရွှေ သန်းရွှေ (အို့  အို့ )၂

သန်းရွှေ သန်းရွှေ (နုတ်ထွက်ပေး)၂

နအဖဖွဲ့ စည်းပုံဥပဒေ (ဖျက်သိမ်းပစ်)၂



နအဖရွေးကောက်ပွဲ (ဘွိုင်းကောက်)၂


အရေးတော်ပုံ (အောင်ရမည်)၂

အရေးတော်ပုံ (အောင်ရမည်)၂

အရေးတော်ပုံ (အောင်ရမည်)၂




အောင်ဝေး
မေ ၁၅-၂၀၀၉


မိုးမခ
http://moemaka.com/index.php?option=com_content&task=view&id=4078&Itemid=1

Between The Headlines