Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 27 September 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်ပြည့်အခမ်းအနား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်ပြည့်အခမ်းအနား


ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဒီမိုကရေစီကို
ချစ်မြတ်နိုးသူအားလုံးသို့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင်
စတင် တည်ထောင် ဖွဲ့စည်းခဲ့ရာ ၂၇.၉.၂၀၁၁ ရက်နေ့တွင် ၂၃
နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားကို ရွှေဂုံတိုင်ရှိ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဌာနချုပ် ရုံး၌ နံနက် (၁၁)နာရီတွင် စတင်
ကျင်းပမည်ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၃)
နှစ်ပြည့် အခမ်းအနားကို ဂီတဖျော်ဖြေပွဲများနှင့် နိုင်ငံရေးဆိုင်ရာ
ဆွေးနွေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သည် ဒီမိုကရေစီခေါင်းဆောင်၊ နိုဗယ်
ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ တည်ကြည် ဖြောင့်မတ်သော
ဦးဆောင်မှုအောက်တွင် စစ်အစိုးရ၏ ကောက်ကျစ် ယုတ်မာမှုမျိုးစုံဖြင့် ပါတီအား
ဖြိုခွင်းရန် ကြိုးပမ်းခဲ့မှုများကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် သန့်ရှင်း၍ တရားမျှတသည်ဟု တကမ္ဘာလုံးက
သတ်မှတ် ထားသော ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင်
မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြန်မာပြည်သူလူထု၏
ထောက်ခံမှုရရှိခဲ့သော ပြည်သူ့ပါတီကြီးဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သည် မြန်မာနိုင်ငံပြည်သူ တရပ်လုံး၏
ယုံကြည်ကိုးစားမှုကို ခံယူကာ မြန်မာပြည်သူတရပ်လုံး၏ တာဝန်ပေးချက်ဖြင့်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား
ပြန်လည်သင့်မြတ်ရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ၂၃ နှစ်လုံးလုံး
ကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှာ ယခုဆိုလျှင် အောင်မြင်မှု အလင်းရောင်စကို
စတင် တွေမြင်နေရပြီ ဖြစ်ပါသည်။
ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏
တစ်ခုတည်းသော ဒီမိုကရေစီရေး၊ နိုင်ငံရေး ဦးဆောင်မှုပါတီအဖြစ် ၂၃
နှစ်တိုင်အောင် ရပ်တည်နိုင်ခဲ့ပါပြီ။ မြန်မာဒီမိုကရေစီအရေး၊
လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက်
မြန်မာတမျိုးသားလုံးကို ဦးဆောင်မှု ပေးနေသည့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားကို ဒီမိုကရေစီ
ချစ်မြတ်နိုးသူ ပြည်သူတရပ်လုံးက တက်ရောက်ကြပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။


မြန်မာနိုင်ငံဒီမိုကရေစီကွန်ယက်

No comments: