Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 23 November 2010

Printer ၏ ဆက်စပ်ပစ္စည်း ဖြစ်သော Cartridge အတွင်း ဖေါက်ခွဲရေးပစ္စည်းထည့်သွင်းကာ သယ်ဆောင်လာသည်ကို ယူကေ လေဆိပ်တွင် ဖမ်းဆီးရမိ

http://mmdailynews.com/news_images/article-1324948-0BD44B63000005DC-352_468x238.jpg

အယ်လ်ကေဒါ အကြမ်းဖက်သမားတို့ ဖန်တီးလိုက်သော ဗုံးတစ်လုံးကို ဗြတိသျှလေဆိပ်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲစေတတ်သော ကိရိယာတစ်ခုကို ကုန်တင် လေယာဉ် ခရီးစဉ်နှင့်အတူ ယီမင်နိုင်ငံမှ ပါလာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သောညက အန္တလန်တိတ် ဒေသမှ လုံခြုံရေး စောင့်ကြည့်သူများ၏ နှစ်ဖက် အချိတ်အဆက်များမှ တဆင့် ဗြိတိသျှ လေဆိပ်တစ်ခုတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခု သယ်ဆောင်လာသည် ဆိုသည့် သတင်းအရ ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ၏ သတိပေး ခဲ့ရာတွင် မယုံနိုင်လောက်အောင် ရည်ရွယ်ချက် ကြီးကြီးမားမားဖြင့် အခြေအနေဆိုး တစ်ခုဖြစ်ပေါ်လာစေနိုင်သည့် ပစ္စည်းထုပ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကွန်ပျူတာမှ စာရွက် ပုံနှိပ်ထုတ်ပေးနိုင်သော Printer ၏ အပိုပစ္စည်းတစ်ခု ဖြစ်သော မှင်ထည့်သည့် အစိတ်အပိုင်း (Cartridge) အတွင်းတွင် အထူးစီမံ ပြုလုပ်ထားသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းကို ထည့်သွင်း သယ်ဆောင်လာသည်ကို အရှေ့ပိုင်း မစ်ဒ်လန်း လေဆိပ်တွင် ရှာဖွေ တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

ဒူဘိုင်း လေဆိပ်တွင်လည်း အလားသဏ္ဍန်တူသော ဖေါက်ခွဲရေး ပစ္စည်းတစ်ခုကို ကုန်သည် လေယာဉ်တစ်ခုပေါ်မှာ ရှာဖွေတွေ့ရှိခဲ့သဖြင့် ယီမင်မှ ချီကာကိုသို့ သယ်ဆောင်မည့် ခရီးစဉ်ကို ရပ်တန့်ပစ်ခဲ့ရသည်။

သယ်ဆောင်လာသော ဖေါက်ခွဲရေး ပစ္စည်းသည် အယ်လ်ကေဒါ များ၏ လုပ်ဆောင်မှု ဖြစ်သည်ဟု မှတ်ထင်ရပြီး ပစ္စည်းပေါ်တွင် ပို့ဆောင်ရမည့် လိပ်စာမှာ လိပ်စာတုတစ်ခုသာ ဖြစ်ပြီး အမေရိကန်၏ မြို့တော် တစ်ခုကို လိပ်မူထားခြင်း ဖြစ်သည်။ ဗြိတိသျှ လုံခြုံရေး ဌါနများမှ အဆိုပါ ရက်မတိုင်မီ အာရေးဘီးယန်း နိုင်ငံများမှ အခြေခံပြီး M16 မောင်းပြန်ရိုင်ဖယ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များကို အမြင့်ဆုံး အဆင့်အထိ တပ်လှန့် ထားခဲ့သည်။

ပထမဦးဆုံး ပို့ဆောင်လိုက်သော ပစ္စည်းထုပ်ကို မနေ့ အစောပိုင်းက ရှာဖွေ ဖမ်းဆီးခဲ့ပြီး ယူနိုက်တက် ပါဆယ် ဆားဗစ် နှင့် အရှေ့ပိုင်း မစ်ဒ်လန်း လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သော ပစ္စည်းထုပ်ဖြစ်သည်။ အဆိုပါ လေဆိပ်သည် ပြည်နယ် ၂ ခု ဖြစ်သော ဒါဘီရိုင်းယားနှင့် လန်းကတ်ရှိုင်းယား နယ်စပ်တွင် တည်ရှိသည်။ အဆိုပါ လေဆိပ်သို့ UPS ကုန်သည် လေယာဉ်၏ ပစ္စည်း သိုလှောင်ခန်းထဲတွင် စစ်ဆေးပြီး လေဆိပ်အဆောက်အဦးနှင့် ပေ ၃၀၀ အကွာတွင် ရောက်ရှိကာမှ မသင်္ကာသောကြောင့် လိုက်လံစစ်ဆေးခဲ့ရာမှ ဖေါက်ခွဲရေး ပစ္စည်းတစ်ခုဖြစ်နေကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ လေဆိပ်၌ တစ်နှစ်လျှင် သယ်ယူပို့ဆောင်ရေး ခရီးစဉ် ငါးသန်းခန့် ပျံသန်းဆောင်ရွက်နေသော လေဆိပ်ကြီး တစ်ခုလည်း ဖြစ်သည်။

ရှာဖွေ မတွေ့ရှိမီက သင်္ကာမကင်းဖြစ်နေသော စာရွက်စာတမ်းများကို စစ်ဆေးလျက် ရှိနေပြီး ပစ္စည်းထုတ်ကိုလည်း ဖေါက်ကြည့် စစ်ဆေးရာတွင် ပိတ်ထားသော နေရာများမှ ၀ါယာနှင့် အဖြူရောင် အမှုန့်များ ပေါက်ထွက်လာခြင်းမှ အစပြုပြီး ရှာဖွေ တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ အစောပိုင်း စုံစမ်းစစ်ဆေးချက်များကို မည်သို့သော မှတ်ချက်များမှ ကောက်ချက်ဆွဲ မရနိုင်ဘဲ လွန်ခဲ့သော ညကမှသာ စကော့တလန် ယာဒ့် အဖွဲ့သို့ အခြားသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ပေးပို့ရာမှ အဖြေထွက်လာခြင်း ဖြစ်သည်။

ဖေါက်ခွဲရေး ပစ္စည်းသည် မိုဘိုင်းဖုန်းမှတဆင့် ထိန်းချူပ်ဖေါက်ခွဲရန် စီစဉ်ထားကြောင်း တွေ့ရှိရသည်။၂၀၀၁ တစ်ခုနှစ်မှ ရှူးဖိနပ်ကို အသုံးပြုဖောက်ခွဲခဲ့သူ ရစ်ချက်ရီးဒ် အသုံးပြုခဲ့သော ယမ်းပျော့ အမျိုးအစားဖြစ်သည်။ တစ်ရာဂရမ်ခန့် ရှိသော ယမ်းပျော့သည် ကားတစ်စီးကို အလျင်အမြန် ဖျက်စီးပစ်နိုင်သော ပေါက်ကွဲအားပြင်းထန်သည့် ယမ်းအမျိုးအစား ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆက်တွဲသတင်း

စီအန်အန် ယနေ့ သတင်းများအရ အသေခံဗုံးခွဲသူများ၏ ဆောာင်ရွက်မှုကြောင့် အီရတ်နိုင်ငံကော်ဖီဘားတွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီး လူ၂၅ဦး သေဆုံးခဲ့ကြောင်းသိရသည်။

http://i.dailymail.co.uk/i/pix/2010/10/29/article-1324948-008DC5211000044C-844_468x286.jpg

No comments: