Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 16 October 2010

သူတို့တွေ ကို အမြန်ဆုံး ကူညီပေးကြပါ

မိတ်ဆွေအပါင်းတို့ ခင်ဗျာ

ညဏ်အမြော်အမြင် နည်းတဲ့ စစ်အာဏာရှင် အစိုးရက ပညာမတတ်တဲ့ နောက်လိုက်များကို မွေးမြူ ထားခြင်းရဲ့ အဖြစ်အပျက်ကို ခါးသီးရင့်နင်စဖွယ် ပထမဆုံး ခံစားရတာက ပြည်သူလူထုပါ ။ လူတစ်စုက ဆင်ခြင်တုံးတရား ကင်းမဲ့မှု နဲ့ အတွေးအခေါ် အမြာ်အမြင် အားနည်းမှုက လူပေါင်းများစွာ ဆင်းရဲဒုက္ခ ရောက် ကြရတဲ့ အပြင် အချို့တွေမှာ တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရ ပြန်ပါပြီ ။
ဒီစစ်အာ ဏာ ရှင်တွေ အုပ်စိုးသမျှတော့ ကျွန်တော်တို့ တိုင်းပြည်က ပြည်သူလူထု ဟာ ဆင်းရဲဒုက္ခ အဖုံဖုံကို ဆက်လက် ခံစားနေရအုံးမှာ အသေအချာပါဘဲ ။

အခုလည်း မန္တလေးမြို့မှာ ဆည်တော်ကြီးနှင့် ဆည်တော်လေး ရေလှောင်တမံမှ ရေများ ဖောက်လွှတ်လိုက်တဲ့အတွက် ရေဘေးဒုက္ခ ကြုံတွေ့နေရပါတယ်။ ဖြစ်ပုံမှာ ပြီးခဲ့တဲ့ ၁၁ရက်နေ့ညက ဆည်ကျိုးတယ် ဆိုပြီး အာဏာပိုင်တွေက အနီးအနားရွာများအား တမင်သတင်းလွှင့် ကြေငြာပါတယ်... အမှန်တကယ်မှာ ဆည်ကျိုးခြင်းမဟုတ်ပဲ ဆည်တော်ကြီးမှ ရေကိုဖောက်လွှတ်လိုက်တဲ့ အတွက်ကြောင့်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုပါတယ်.. ကြိုတင် အကြောင်းကြားခြင်းမရှိပဲ ဆည်ကျိုးသွားပြီဆိုပြီး အာဏာပိုင်တွေမှ တမင်သတင်းလွှင့်ပါတယ်..အမှန်မှာ ဆည်ရေလျှံတဲ့ အတွက်ကြောင့် ဆည်ရေကို တမင် ဖောက်လွှတ်လိုက်တာလို့ ဆိုပါတယ်..

ယနေ့နောက်ဆုံးရ သတင်းများအရ သေဆုံးသူ အလောင်း ၁၁လောင်းရရှိထားပြီး ရေမှာ ၆၂လမ်းထိ ပြန်လည် ကျဆင်းနေပြီ ဖြစ်ကြောင်း ဆိုပါတယ်.. ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအနီး ဘီလူးကျေးရွာမှ အိမ် ၂၂အိမ် ရေထဲ မျောပါသွားပြီး လူ၎ဦး ပျောက်ဆုံးနေကြောင်း အလောင်း၂လောင်းသာ ပြန်လည် ရရှိတယ်လို့ဆိုပါတယ်..။ ယခုအချိန်ထိ ရေဘေးသင့် ကျေးရွာများသို့ ထမင်းထုတ်နှင့် ဆေးဝါးပစ္စည်းများ ဝေငှမှု မလောက်မငှ ဖြစ်နေပြီး.. ကလေးငယ်များ ဝမ်းရောဂါ စတင်ဖြစ်ပွားနေပြီ ဖြစ်ကြောင်းသိရှိရပါတယ်..။

သူတို့တတွေ ကျွန်တော်တို့ ရဲ့ အကူအညီကို အထူး လိုအပ် နေပါတယ် ။
ရာထူးနဲ့အာဏာ ကလွဲပြီး တာဝန်ဝတ္တရား ဆိုတာကို နားမလည်တဲ့ အစိုးရက ထိုင်ကြည့်နေကြတော့ တာဝန်သိတဲ့ ပြည်သူလူထုကဘဲ တတ်နိုင်သမျှ နိုင်ရာ တာဝန် ထမ်းပြီး မန္တလေးက မှာ ရေဘေးဒုက္ခ ခံစားနေရ သူများကို အမြန်ဆုံး ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံ အပ်ပါတယ်ခင်ဗျာ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

သတင်း..နှင့်ဓါတ်ပုံ ဒီမိုဝေယံ

No comments: