Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 3 November 2010

လူမဆန်မှုသတင်း

/ 11/01/2010 05:20:00 PM /
30-10-2010 နေ့တွင် ကလေဆိုးခီးမှာရှိသော နအဖစစ်သားများသည် ရွာသူ/သား (၁၀)ယောက်ကို ကလေဆိုးခီးမှ မုဒေးရွာအထိ ကားလမ်းမတစ်လျှောက်ကို အတင်း အဓမ္မ ခုတ်ထွင်ရှင်းလင်းစေခဲ့သည်။

၇-၁၀-၂၀၁၀ နေ့တွင် နအဖစစ်တပ် ခလရ(၆၀)မှ တပ်ရင်းမှူးသည် ပါ့တလာ့၊ ၀ါးလတော၊ နို့ဂေါ်၊ အင်းနက်ကျေးရွာရှိ စပါးကြိတ်စက်(ဟာလာ)စက်ပိုင်ရှင်တစ်ဦးလျှင်
(5000)ကျပ်ကောက်ခံပြီး၊ စပါးကြိတ်စက်(၁၀)လုံးစာအတွက် (50000)ကျပ်ကို အတင်းအကြပ် ကောက်ခံခဲ့သည်။

တစ်ဆက်တည်းမှာပင် ရန်သူခလရ(၆၀)သည်၎င်းဒေသရှိ ရွာသူရွာသားများကို ကင်းစောင့်ရန်အတွက် လယ်တဲတစ်လုံးကိုလည်း ဆောက်ခိုင်းပြန်ပါသည်။

ထို့ပြင် နံ့သာကွင်းရှိကျေးရွာအုပ်စု(4)စု၊ ကျောက်ကြီးမှကျေးရွာအုပ်စု(4)စု၊ မူးကဝေါ်ရှိ ကျေးရွာအုပ်စု(4)စု၊ စုစုပေါင်းကျေးရွာအုပ်စု(12)စုကို ၊ အိမ်ထောင်တစ်စုလျှင် (12000) ကျပ်ဖြင့် စုစုပေါင်းငွေ (14400000)ကျပ်ကို 30-10-2010 နေ့အရောက် ပို့ပေးရမည်ဟု ညွန်ကြားကောက်ခံခဲ့ပါသည်။

17-10-2010နေ့တွင် နအဖ၏ စကခ(၆)လက်အောက်ခံ ဖြစ်သော ထဲထူ့ကျေးရွာရှိ ခမ၇(၅၆၇)စစ်ကြောင်းသည် မိမိတို့စစ်စခန်းကို လုံခြုံစိတ်ချသည့်အထိ ပြင်ဆင်နေဆဲမှာပင် စယဖ တပ်ကြပ်ကြီးမျိုးမင်းဦးသည် အပြစ်မရှိအပြစ်ရှာကာ ကိုမော်ခိုနှင့် ကိုတင်အောင်မိုးအား ပဒဲကောရွာတွင်နေစဉ် KNU နှင့် ဆက်သွယ်ခဲ့သည်ဟု စွပ်စွဲအရေးယူပြီး အတင်းအဓမ္မ ဒဏ်ငွေအဖြစ် (1000000)ကျပ် ဆောင်ခိုင်းသော်လည်း ၄င်းတို့က (500000)ကျပ်သာ ပေးဆာင်ခဲ့သည်။

ထို့ပြင် ထို့နေ့မှာပင် ရန်သူ နအဖစစ်တပ်သည် မူသယ်ရွာရှိ အမျိုးသမီး(၂၆)ယောက်နှင့် အမျိုးသား(၅၀)ယောက်ကို ကားလမ်းမကြီး၏ ဘေးဘီဝဲယာ ကိုက်(၅၀)ပတ်လည်ကို ခုတ်ထွင် ရှင်းလင်းစေခဲ့သည်။

http://vansangva.com/vansangva-library/#6

No comments: